← Chapters

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း ၁၀၂

Vol. 11 Ch. 102

အခန်း (၁၀၂)

နိုင်ငံတစ်ခု၊ အသံတစ်သံ

ဆူးတိုက်သည် ကောင်းယွမ်ထံသို့ စစ်သင်္ဘောတစ်စင်း ပေးပို့လိုက်ခြင်းမှာ ပြင်ပကမ္ဘာသို့ အချက်ပြ လိုက်ခြင်းပင် ဖြစ်ပေသည်။ ဤသည်မှာ ကောင်းမိသားစုနှင့် ဆူးမိသားစုတို့အကြား အလွန်နက်ရှိုင်း သော ဆက်ဆံရေး ရှိနေကြောင်း ပြသနေခြင်း ဖြစ်ပေ၏။

ထို့အပြင် ဆူးမိသားစုသည်သာလျှင် ကောင်းယွမ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း သွယ်ဝိုက်၍ ပြောကြားလိုက်ခြင်းလည်း ဖြစ်ပေသည်။

ဆူးတိုက်၏ စကားကို ကြားရသောအခါ ကောင်းယွမ်သည် အတွေးနက်သွားခဲ့လေသည်။ ဆူးမိသားစုက သူ့ကို စစ်သင်္ဘောတစ်စင်း ပေးအပ်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ဤစစ်သင်္ဘော၌ တစ်စုံတစ်ရာ နောက်ကွယ်မှ ကြံစည်မှုများ ရှိနေနိုင်သော်လည်း ကောင်းယွမ်သည် ဂရုစိုက်ခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဤစစ်သင်္ဘောကို အနာဂတ်ကမ္ဘာ၌ အသုံးပြု ရန် အစီအစဉ် မရှိသောကြောင့် ဖြစ်လေ၏။

ဆူးမိသားစု၏ ရည်ရွယ်ချက်မှာ မည်သို့ပင် ဖြစ်စေကာမူ အနည်းဆုံးတော့ သူသည် စစ်သင်္ဘောတစ်စင်း ကို ရရှိခဲ့ပြီ ဖြစ်လေသည်။

"ညီအစ်ကို... ခင်ဗျားကတော့ တကယ့်လူပဲ..."

ကောင်းယွမ်သည် စိတ်လှုပ်ရှားစွာဖြင့် ဆူးတိုက်၏ လက်ကို ဆွဲကိုင်လိုက်လေသည်။

ဆူးတိုက်သည် ချက်ချင်းပင် လက်ကို ပြန်ရုပ်လိုက်လေ၏။

"ဒီလောက်ကြီး ရင်းနှီးမပြပါနဲ့လား... ကျွန်တော် အနေခက်လို့ပါ... ဒါနဲ့ ခင်ဗျားက စစ်သင်္ဘောကို ဘာလုပ်မလို့လဲ... ဂြိုဟ်သားတွေ ရှိနေလို့လား... ဘယ်သူနဲ့ တိုက်မလို့လဲ..."

"ခင်ဗျားတို့ ဆူးမိသားစုကို သွားတိုက်ရင်ကော ဘယ်လိုလဲ..."

"ဖူး..."

ဆူးတိုက်သည် ပါးစပ်ထဲမှ တံတွေးများပင် ထွက်မတတ် ဖြစ်သွားခဲ့ရသည်။

"လျှောက်မပြောပါနဲ့ဗျာ..."

"ကဲပါ... ကျွန်တော်က ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုကို သွားချင်လို့ပါ... စစ်သင်္ဘောတွေက ပိုကောင်း တယ် မဟုတ်လား..."

"ဒါကတော့ အမှန်ပဲလေ... တကယ်ကို မြန်တာ... စစ်သင်္ဘောတွေက ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုကို နာရီပိုင်းအတွင်းမှာပဲ ရောက်နိုင်တာ... ဒါပေမဲ့ အဲဒီမှာ ဘာပျော်စရာ ရှိလို့လဲ... ကြာသပတေးဂြိုဟ်ကို သွားရအောင်လေ... ကျွန်တော်လည်း လိုက်ခဲ့မယ်... ကြာသပတေးဂြိုဟ်ရဲ့ မုန်တိုင်းမျက်စိထဲကို စစ်သင်္ဘောနဲ့ ဖြတ်မောင်းရတဲ့ ခံစားချက်က ဘယ်လောက်တောင် ရင်ခုန်ဖို့ ကောင်းသလဲဆိုတာ ခင်ဗျား ကို ပြောပြချင်သေးတယ်..."

ကောင်းယွမ်သည် ဆူးတိုက်ကို အကဲခတ်သလို ကြည့်လိုက်လေ၏။

"ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးတဲ့အထိ ရှင်သန်လာနိုင်တာလဲ... အန္တရာယ်ရှိတဲ့ နေရာဆိုရင် လိုက်ချင်နေတာပဲလား... ကြာသပတေးဂြိုဟ်ရဲ့ မုန်တိုင်းမျက်စိက ဘယ်လောက်တောင် ကြီးလို့လဲ..."

"သိပ်မကြီးပါဘူး... ကမ္ဘာမြေထက် နည်းနည်းလေး ပိုကြီးတာပါ..."

"နည်းနည်းလေးပဲလား..."

ကောင်းယွမ်သည် ပြောစရာ စကားပင် ပျောက်ရှသွားခဲ့ရလေသည်။

ကမ္ဘာမြေထက် ပိုကြီးသော မုန်တိုင်းတစ်ခုကို သူ စိတ်ပင် မကူးကြည့်နိုင်ပေ။

ယခုမူ သူ၏ရှေ့မှ သခင်လေးမှာ စစ်သင်္ဘောတစ်စင်းဖြင့် ထိုမုန်တိုင်းမျက်စိထဲသို့ ဖြတ်သန်းမောင်းနှင် ရန် ကြံစည်နေသည်မဟုတ်ပါလား။

"ကောင်းယွမ်... ခင်ဗျား မသိပါဘူး... မုန်တိုင်းထဲမှာ ရှိနေတဲ့အချိန် သင်္ဘောကြီးက အချိန်မရွေး ပျက်စီး သွားတော့မလို ခံစားရတာက စိတ်လှုပ်ရှားစရာ အကောင်းဆုံးပဲ... စစ်သင်္ဘောကြီးက ဟိုဘက်ဒီဘက် ယိမ်းထိုးနေပြီး မုန်တိုင်းက သင်္ဘောကိုယ်ထည်ကို ပွတ်တိုက်သွားတဲ့ အသံက ကမ္ဘာပေါ်မှာ အလှပဆုံး ဂီတသံပဲ..."

*အရူးပဲ...*

ကောင်းယွမ်သည် ဆူးတိုက်ကို ထိုသို့သာ အဓိပ္ပာယ် ဖွင့်ဆိုလိုက်မိလေသည်။

"ကျွန်တော်ကတော့ အသက်အန္တရာယ်နဲ့ မရင်းချင်ဘူး... ကျွန်တော် ဒီနှစ်တွေမှာ ကမ္ဘာပေါ်မှာပဲ နေခဲ့ရ တာဆိုတော့ အပြင်ထွက်ပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုရဲ့ မြင်ကွင်းတွေနဲ့ အင်္ဂါဂြိုဟ်ပေါ်က နေထွက်တာကိုပဲ မြင်ဖူးချင်တာ..."

"ပျင်းစရာကြီး..."

ဆူးတိုက်သည် ကောင်းယွမ်၏ ရုံးခန်းရှိ ရှေးဟောင်း လည်ပတ်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်လေ သည်။

ထိုအချိန်တွင် သူသည် ကလေးတစ်ယောက်ကဲ့သို့ ခြေထောက်ကို မြေပြင်နှင့် ကန်ကာ ကုလားထိုင်ကို လှည့်ပတ်ဆော့ကစားရင်း ပြိုင်ကားဂိမ်း တစ်ခုကို စိတ်ပါလက်ပါ ကစားနေခဲ့လေ၏။

"သခင်လေးဆူးက ဒီလို သာမန်ဂိမ်းလေးတွေကို ကစားတာလား..."

"ကောင်းယွမ်... ခင်ဗျားကတော့ တကယ့်ကို ပျင်းဖို့ကောင်းတဲ့ လူပဲ... ဘဝရဲ့ စစ်မှန်တဲ့ အနှစ်သာရက စွန့်စားမှုထဲမှာ ရှိတာလေ... ခင်ဗျား နားလည်လား... သေခြင်းတရားနဲ့ ထိတွေ့ဖူးမှသာ အသက်ရှင်နေ ရခြင်းရဲ့ ပျော်ရွှင်မှုကို တကယ် သိနိုင်တာ..."

ကောင်းယွမ်သည် ပြုံးလိုက်လေသည်။

*အန္တရာယ်ကို သွားရှာနေတာလား...*

*ဒါက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲ…*

အမှန်စင်စစ် သူကိုယ်တိုင်လည်း ပျက်စီးခြင်း၏ အနားသတ်တွင် အမြဲပင် တုံ့ဆိုင်းနေခဲ့ခြင်း ဖြစ်သော် လည်း သူ၏ ပုံစံမှာမူ ဆူးတိုက်နှင့် ကွဲပြားနေပေသည်။

သူ၏ ကမ္ဘာနှစ်ခုလုံးရှိ လုပ်ဆောင်ချက်များကို ပြန်လည် စဉ်းစားကြည့်သည့်အခါ ကံကောင်းမှုများသာ မရှိခဲ့ပါက သူသည် လွန်ခဲ့သော ကာလကတည်းက သေဆုံးနေလောက်ပြီ ဖြစ်၏။

"သခင်လေးဆူး ပြောတာ မှန်ပါတယ်... ဒါပေမဲ့ ခင်ဗျားရဲ့ အဖေနဲ့ အစ်ကိုဖြစ်သူကတော့ အမြင်ချင်း တူချင်မှ တူမှာပေါ့..."

သူ၏ အစ်ကိုဖြစ်သူအကြောင်း ပြောလိုက်သည့်အခါ ဆူးတိုက်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်း သွားခဲ့လေသည်။

"သူတို့လား... သူတို့က ခင်ဗျားထက်တောင် ပိုပြီး ပျင်းဖို့ကောင်းသေးတယ်..."

"သခင်လေးဆူး... ကျွန်တော် ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုနဲ့ ပတ်သက်တဲ့ ကောလဟာလ အချို့ကို ကြားဖူးတယ်... တကယ်လို့ ခင်ဗျား တကယ်ပဲ စိတ်လှုပ်ရှားစရာတွေကို ရှာချင်တယ်ဆိုရင် အဲဒီမှာ သတ္တုတွင်း အလုပ်သမားအဖြစ် နှစ်အနည်းငယ်လောက် လုပ်ကြည့်သင့်တယ်..."

ထိုစကားကို ကြားသောအခါ ဆူးတိုက်သည် အော်ဟစ်ကာ ရယ်မောလိုက်လေသည်။

*သတ္တုတွင်း အလုပ်သမား လုပ်ရမယ်တဲ့လား...*

အကယ်၍ ထိုအလုပ်သမားများသည် သူသည် ဆူးမိသားစုမှ ဖြစ်ကြောင်း သိသွားပါက သူသည် ထို ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုထဲမှာပင် အသတ်ခံရလောက်ပေသည်။

နေအဖွဲ့အစည်း တစ်ခုလုံးတွင် ဆူးမိသားစုအတွက် အန္တရာယ် အရှိဆုံးနေရာကို ပြပါဆိုလျှင် ဂြိုဟ်သိမ် ဂြိုဟ်မွှား ပတ်လမ်းစုမှာ နံပါတ်တစ် ဖြစ်ပေလိမ့်မည်။

ကံမကောင်းစွာပင် ထိုနေရာသည် လက်ရှိအချိန်တွင် လူသားတို့အတွက် အရေးအပါဆုံးသော သတ္တု တူးဖော်ရေး နယ်မြေ ဖြစ်နေခဲ့ပေသည်။

ဂြိုဟ်သိမ်ဂြိုဟ်မွှားများပေါ်ရှိ သယံဇာတများသည် လူသားတို့ သုံးစွဲနေသော သတ္တုများ၏ (၉၀) ရာခိုင်နှုန်းခန့် ရှိပေသည်။

လူသားတို့ အသုံးပြုနေသော သတ္တုအားလုံးနီးပါးမှာ ထိုနေရာမှ လာခြင်း ဖြစ်ပေ၏။

"ကောင်းယွမ်... ခင်ဗျားကတော့... လူချစ်လူခင် မပေါတဲ့ လူပဲနော်... အဲဒါကို သိလား..."

"ကျွန်တော်က ဘာလို့ လူချစ်လူခင် ပေါအောင် ကြိုးစားရမှာလဲ... သခင်လေးဆူး... ခင်ဗျားရဲ့ နာမည်ဆိုး က ကျွန်တော့်ထက်တောင် ပိုပြီး ကြီးမားနေသေးတာပဲ မဟုတ်ဘူးလား..."

ဆူးတိုက်သည် ကောင်းယွမ်၏ မျက်လုံးများကို စိုက်ကြည့်ကာ အားရပါးရ ရယ်မောလိုက်လေသည်။

"ဟားဟား… ခင်ဗျား ပြောတာ မှန်တယ်... ဘာလို့ လူချစ်လူခင် ပေါအောင် ကြိုးစားနေရမှာလဲ..."

ဆူးတိုက်သည် သူ၏ ဘဝကို ပြန်လည် စဉ်းစားကြည့်လိုက်လေသည်။ သူသည် ဖခင်ဖြစ်သူ၏ အလိုကို လိုက်ရန် မည်မျှ ကြိုးစားခဲ့ရသည်ကို သတိရသွားခဲ့လေ၏။ ဖခင်ဖြစ်သူ၏ ချီးကျူးစကား တစ်ခွန်း ကြောင့် သူ မည်မျှ ပျော်ရွှင်ခဲ့ရသနည်း။

သူ၏ အစ်ကိုဖြစ်သူနှင့် ရင်ဆိုင်ရသည့်အခါတွင်လည်း သူသည် ကာလအတော်ကြာအောင် ကလေက ချေ တစ်ဦးကဲ့သို့ ဟန်ဆောင်ခဲ့ရပေသည်။ အဘယ်ကြောင့်ဆိုသော် ဆူးမိသားစု၏ ဒုတိယမျိုးဆက်တွင် ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦးသာ ရှိရန် လိုအပ်သောကြောင့် ဖြစ်ပေ၏။

ထို့ကြောင့်ပင် သူသည် သူ၏ အစ်ကိုဖြစ်သူ စိတ်အေးစေရန်အတွက် နေရာအနှံ့တွင် ပြဿနာများ ရှာခဲ့ သော်လည်း သူ၏ အစ်ကိုမှာမူ တွေ့တိုင်း ဆူပူကြိမ်းမောင်းနေခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ သူ့ကို အလွန်ပင် စိတ်မသက်မသာ ဖြစ်စေခဲ့လေ၏။

ဆူးတိုက်သည် သူ၏ ဘဝမှာ အမှန်တကယ်ပင် သနားစရာ ကောင်းနေခဲ့ကြောင်း ရုတ်တရက် သတိပြု မိလိုက်လေသည်။

သူ၏ စိတ်အခြေအနေမှာလည်း ချက်ချင်းပင် ကျဆင်းသွားခဲ့ရ၏။

"ဆေးလိပ် ရှိလား..."

ကောင်းယွမ်သည် ဆူးတိုက်ထံသို့ ဆေးလိပ်တစ်လိပ် ကမ်းပေးလိုက်လေသည်။

သူတို့ နှစ်ဦးသည် ပြတင်းပေါက်၏ ရှေ့တွင် ထိုင်နေခဲ့ကြလေ၏။

"ဒီ လုံကျင်းမြို့ကြီးကို ကြည့်စမ်း... လူတွေရဲ့ ကိုးဆယ် ရာခိုင်နှုန်းလောက်က ဘာမှန်းမသိဘဲ ရှင်သန်နေ ကြတာ... ဒီနေ့ဟာ မနေ့ကအတိုင်းပဲ ပြန်ဖြစ်နေတယ်... ဘာမျှော်လင့်ချက်မှ မရှိဘူး... ဘဝရဲ့ အဓိပ္ပာယ် ကိုလည်း သူတို့ မသိကြဘူး..."

ဆူးတိုက်သည် မတ်တတ်ရပ်ကာ ဆေးလိပ်တိုကို ခြေဖြင့် နင်းလိုက်ပြီးနောက် သူ၏ စိတ်အခြေအနေကို ပြန်လည် ထိန်းချုပ်လိုက်လေသည်။

"စစ်သင်္ဘောကို လုံကျင်း အာကာသဆိပ်ကမ်းမှာ ထားခဲ့တယ်... ခင်ဗျား အချိန်မရွေး သွားယူနိုင်တယ်... ခင်ဗျားရဲ့ အထောက်အထား အချက်အလက်တွေကိုလည်း ထည့်သွင်းပေးထားပြီးပြီ... ခင်ဗျားရဲ့ အထောက်အထား ချစ်ပ်ပြားကို အသုံးပြုပြီးတော့ စတင်နိုင်တယ်..."

"သခင်လေးဆူးက ပြန်တော့မလို့လား..."

"အင်း... ကျွန်တော် မြို့တော်မှာ စောင့်နေမယ်... ကျွန်တော်လည်း တစ်ခုခု လုပ်ဖို့ ရှာရဦးမယ် ထင်တယ် ... ခင်ဗျား ဒီမှာ အလုပ်စဝင်တဲ့အခါ ကျွန်တော်တို့တွေ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာနိုင်တာပဲလေ..."

ဆူးတိုက်သည် ထိုစကားကို ပြောပြီးနောက် ထွက်ခွာသွားခဲ့လေသည်။

...

မွန်းတည့်အချိန်တွင် ကောင်းယွမ်သည် လုံကျင်း အာကာသဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့လေသည်။

ဤနေရာတွင် အမျိုးမျိုးသော အာကာသယာဉ်များ ဆိုက်ကပ်ထားကြ၏။ အာကာသဆိပ်ကမ်း ဆို သည်မှာ အာကာသဓာတ်လှေကားဖြင့် ချိတ်ဆက်ထားသော ကြီးမားလှသည့် အာကာသစခန်းကြီး တစ်ခု ဖြစ်ပေသည်။

ကောင်းယွမ်သည် အန်းဆန် နှင့် အန်းစစ် အပါအဝင် စုစုပေါင်း လုံခြုံရေး စက်ရုပ် (၁၂) ရုပ်ကို ခေါ်ဆောင်လာခဲ့လေ၏။

ဆူးတိုက် ပေးအပ်ခဲ့သော ကြယ်တာရာ စစ်သင်္ဘောကို သူ မြင်တွေ့လိုက်ရသည်။ အချက်အလက်များ အရ ၎င်းမှာ လအဆင့် စစ်သင်္ဘော အမျိုးအစား ဖြစ်ပေ၏။ ၎င်းမှာ ကောင်းကင်တပ်မတော်တွင် အများ ဆုံး အသုံးပြုသော သင်္ဘောအမျိုးအစား ဖြစ်သလို အသေးငယ်ဆုံးသော ကြယ်တာရာ စစ်သင်္ဘော လည်း ဖြစ်ပေသည်။

သို့သော်လည်း ထိုစစ်သင်္ဘောမှာ အရှည် မီတာ (၂၀၀) ကျော်၊ အနံ (၄၅) မီတာ ရှိပြီး အလေးချိန်မှာ တန်ပေါင်း နှစ်သိန်းကျော်ခန့် ရှိပေသည်။

အမြင့်ဆုံး အရှိန်မှာ တစ်နာရီလျှင် ကီလိုမီတာ (၈) သန်းအထိ မောင်းနှင်နိုင်လေသည်။ အာကာသဆိပ် ကမ်းမှ လကမ္ဘာသို့ သွားရောက်ရန် (၁၅) မိနစ်သာ အချိန်ကြာမြင့်မည် ဖြစ်ပေ၏။

ထိုစစ်သင်္ဘောတွင် ဆန့်ကျင်ဘက်ဒြပ်ထု အင်ဂျင်ကို တပ်ဆင်ထားပြီး ၎င်း၏ ပင်မအမြောက်မှာ(၂၀၀၀) မီလီမီတာ နျူကလီးယား ကျည်ဆန်များကို အသုံးပြုထားခြင်း ဖြစ်ရာ ကမ္ဘာမြေပေါ်ရှိ မည်သည့် ပစ်မှတ်ကိုမဆို (၁၀) မိနစ်အတွင်း ဖျက်ဆီးပစ်နိုင်ပေသည်။

အရေးပေါ် အခြေအနေတွင် ပင်မအမြောက်ကို ဆန့်ကျင်ဘက်ဒြပ်ထု အမြောက်အဖြစ် ပြောင်းလဲ အသုံးပြုနိုင်သော်လည်း ပစ်ခတ်ခွင့် တစ်ကြိမ်သာ ရရှိမည် ဖြစ်လေ၏။ ထို့အပြင် စွမ်းအင်မြင့် လေဆာ အမြောက် ပေါင်း ရာနှင့်ချီ၍လည်း တပ်ဆင်ထားပေသေးသည်။

ဤကဲ့သို့သော လက်နက်တပ်ဆင်မှုမှာ ကောင်းယွမ်ကို အလွန်ပင် မှင်သက်သွားစေခဲ့လေသည်။

ကောင်းကန့်သည် ယခင်က ကောင်းယွမ်၏ လုံခြုံရေးအတွက် ကြယ်တာရာ စစ်သင်္ဘော တစ်စင်း သို့မဟုတ် ကမ္ဘာပတ်လမ်းကြောင်း လျှပ်စစ်သံလိုက်အမြောက် တစ်ခု ပေးအပ်ရန် ကမ်းလှမ်းခဲ့ဖူး ပေသည်။

ကောင်းယွမ်သည် ထိုစဉ်က ငြင်းပယ်ခဲ့သော်လည်း ရက်အနည်းငယ် ကြာပြီးနောက်တွင် ဤအရာမှာ သူ့အတွက် အမှန်တကယ် လိုအပ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဤစစ်သင်္ဘောကို ပိုင်ဆိုင်ထားခြင်းဖြင့် အမေရိကန် အစိုးရသည် တရားမျှတပြီး အမှန်တရားဘက် တော်သားများ ဖြစ်လာလိမ့်မည်ဟု ကောင်းယွမ် ယုံကြည်နေခဲ့ပေ၏။

အချိန်တန်သည့်အခါ ကောင်းယွမ်သည် ဤစစ်သင်္ဘောကို ကမ္ဘာကူးတံခါးမှတစ်ဆင့် မောင်းနှင်သွားကာ အမေရိကန် အစိုးရကို အံ့အားသင့်သွားစေရန် လုပ်ဆောင်မည် ဖြစ်လေသည်။

လက်ဝယ်တွင် စစ်သင်္ဘော ရှိနေပြီဖြစ်ရာ အရာရာမှာ အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။

ကောင်းယွမ်သည် ကလပ်မှတစ်ဆင့် မုကျားရွာသို့ ပြန်လာခဲ့လေသည်။

နေ့လယ်ခင်း အချိန်ဖြစ်သဖြင့် ငါးရံ့နက် နည်းပညာ စက်မှုဇုန် တစ်ခုလုံးမှ လှုပ်ရှားမှုများဖြင့် စည်ကား နေခဲ့ပေသည်။

ချစ်ပ်ပြား ထုတ်လုပ်ရေး အလုပ်ရုံ၊ အပူချိန်ထိန်း အဝတ်အစား အလုပ်ရုံနှင့် လက်ပက်ဖုန်း အလုပ်ရုံ တို့မှာ အစွမ်းကုန် လည်ပတ်နေကြလေ၏။

ကျားရီ နှင့် ဝမ်အာ့ တို့၏ အဖွဲ့များက ကြီးကြပ်နေသဖြင့် ကောင်းယွမ်အနေဖြင့် ထုတ်လုပ်မှု အဆင့်ဆင့် အတွက် စိုးရိမ်ရန် မလိုခဲ့ပေ။ သူသည် နည်းပညာကို နားမလည်သဖြင့် ဝင်ရောက် စွက်ဖက်ခြင်းလည်း မပြုခဲ့ပေ။

ကောင်းယွမ်သည် ဂိမ်းကစားသည့် နားကြပ်များကိုလည်း ထုတ်လုပ်ပြီး အမေရိကန် ဈေးကွက်သို့ တင်ပို့ရန် စဉ်းစားနေမိခဲ့လေသည်။ ထိုမှသာ သမုဒ္ဒရာ တစ်ဖက်ကမ်းရှိ လူများသည်လည်း အနာဂတ် ကမ္ဘာ၏ ပျော်ရွှင်စရာ ဘဝကို မြည်းစမ်းနိုင်ကြမည် မဟုတ်ပါလား။

အကယ်၍ အနာဂတ်ကမ္ဘာသည် ပိုမိုကောင်းမွန်သော နေရာတစ်ခု ဖြစ်လာစေရန်အတွက် ကမ္ဘာမြေပေါ် တွင် နိုင်ငံတစ်ခုတည်းနှင့် အသံတစ်သံတည်းသာ ရှိသင့်သည်ဟု ကောင်းယွမ် ယုံကြည်နေခဲ့လေတော့ သည်။

All Chapters