အခန်း ၁၀၇
Vol. 11 Ch. 107
အခန်း (၁၀၇)
တစ်ပတ်အကြာတွင်
*စစ်ပွဲ...*
ခေါင်းဆောင်အသစ်သည် ထိတ်လန့်တုန်လှုပ်နေခဲ့ပေ၏။ သူမသည် အာဏာ၏ အရသာကို ခံစားရန် ဤ နေရာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး သေခြင်းတရားကို ရှာဖွေရန် မဟုတ်ပေ။
စာရင်းဇယားများအရ အမေရိကန်သည် အသာစီးရနေသော်လည်း ရှနိုင်ငံနှင့် စစ်ဖြစ်ပွားပါက တစ်လော ကလုံး စစ်မီးလျှံ၏ အနက်ရှိုင်းဆုံး ချောက်ကမ္ဘာထဲသို့ ဆွဲချခံရမည်ဖြစ်ပြီး အမေရိကန်သည်လည်း ရှည်လျားလှသော စစ်ပွဲကြီးအတွင်းသို့ နစ်မွန်းကာ စစ်သည်တော် အမြောက်အမြား သေဆုံးကြရမည် ကို လူတိုင်း သိရှိထားကြပေသည်။
ထိုအခါ အမျက်ဒေါသထွက်နေသော လူအုပ်ကြီး၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခေါင်းဆောင်သစ် ခံရပေ လိမ့်မည်။
"မဟုတ်ဘူး... မဟုတ်ဘူး... ရှနိုင်ငံနဲ့တော့ စစ်မဖြစ်နိုင်ဘူး..."
"ငါတို့အနေနဲ့ ရှနိုင်ငံထဲကို ကြေးစားစစ်သားတွေ လွှတ်ပြီး ကောင်းယွမ်ကို လုပ်ကြံခိုင်းလို့ ရတာပဲ... တစ်ချိန်တည်းမှာပဲ ရှနိုင်ငံရဲ့ ရေပိုင်နက်ထဲကို လေယာဉ်တင်သင်္ဘောတွေ လွှတ်ပြီး အမြင့်ဆုံး ဖိအားပေး ရမယ်... အိမ်နီးချင်း နိုင်ငံတွေကိုလည်း ရှနိုင်ငံနဲ့ ပဋိပက္ခဖြစ်အောင် သွေးထိုးပေးလို့ ရသေးတယ်..."
အရာရှိတစ်ဦးက အကြံပြုလိုက်လေသည်။
ထိုစဉ် အစည်းအဝေးခန်းမအတွင်းရှိ အဘိုးအိုတစ်ဦးမှာမူ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်လျက် ရှိနေခဲ့လေ၏။
*ရှနိုင်ငံက လူငယ်လေးတစ်ဦးကို အမေရိကန်နိုင်ငံ တစ်ခုလုံးက လုပ်ကြံသတ်ဖြတ်တဲ့ နည်းလမ်းကို သုံးရလောက်တဲ့အထိ ဘယ်အချိန်တုန်းက အမေရိကန်က ဒီလောက်အထိ နိမ့်ကျသွားခဲ့ရတာလဲ…*
သို့သော်လည်း လွှတ်တော်အမတ် အများအပြားမှာမူ စိတ်လှုပ်ရှားနေကြပေသည်။
"ကောင်းယွမ် သေသွားတာနဲ့ သူ့ရဲ့ နည်းပညာတွေကို ငါတို့တွေ ရရှိနိုင်ပြီး အမေရိကန်ဟာလည်း ပြန်လည် အင်အားကြီးမားလာလိမ့်မယ်..."
"ရှနိုင်ငံ အစိုးရကို ဖိအားပေးပြီး ကောင်းယွမ်ကို ငါတို့လက်ထဲ အပ်ခိုင်းလို့လည်း ရတာပဲလေ..."
ထိုအဘိုးအိုသည် နောက်ဆုံးတွင် ဆက်၍ သည်းမခံနိုင်တော့ပါချေ။
သူသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်သည့်အခါ လွှတ်တော်အမတ် အားလုံးမှာ တိတ်ဆိတ်သွား ကြပြီး သူ့ကိုသာ စိုက်ကြည့်နေကြတော့သည်။
ဤအဘိုးအိုသည် ရှနိုင်ငံဆိုင်ရာ ပထမဆုံးသော အမေရိကန် သံအမတ်ကြီး ဖြစ်ပေသည်။ သူသည် ဆယ်စုနှစ်များစွာအတွင်း အမေရိကန်၏ အထွတ်အထိပ်သို့ တက်လှမ်းခြင်းကို မျက်ဝါးထင်ထင် မြင် တွေ့ခဲ့ရသလို ယခုအခါ အမေရိကန်နိုင်ငံ ချောက်ထဲသို့ ကျဆင်းနေသည်ကိုလည်း ကြည့်ရှုနေရသူ ဖြစ် ပေ၏။
"လူကြီးမင်း ဟန်းတား... တစ်ခုခု ပြောချင်လို့လား..."
"လုပ်ကြံတာတွေ... ခေါင်းဖြတ်တိုက်ခိုက်တာတွေက... လက်ခံနိုင်စရာ မရှိပါဘူး... ကောင်းယွမ်ကို အမေရိကန်ဆီ ဖိတ်ခေါ်ပြီး ဆွေးနွေးကြည့်ရင်ကော ဘယ်လိုလဲ..."
ခေါင်းဆောင်သစ်၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့လေသည်။
မှန်ပေသည်... အကယ်၍ ကောင်းယွမ်သာ အမေရိကန်သို့ ရောက်လာပါက သူမ အလိုရှိရာကို လွတ် လပ်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ပါလား။
"ဒါပေမဲ့ ကောင်းယွမ်က ဘာလို့ အမေရိကန်ကို လာမှာလဲ..."
"သူသာ ငါးရံ့နက် နည်းပညာကို ကမ္ဘာ့စင်မြင့်ထက် တင်ချင်တယ်ဆိုရင် သေချာပေါက် လာပါလိမ့်မယ်... အခုဆိုရင် အမေရိကန်ဟာ ဘေးအန္တရာယ်ရဲ့ အနားသတ်ကို ရောက်နေပြီ... ငါတို့အနေနဲ့ ကောင်းယွမ်နဲ့ ပူးပေါင်းဆောင်ရွက်လို့ ရတာပဲ... ထိပ်တိုက်တွေ့တာက ငါတို့ရဲ့ ကျဆုံးခြင်းကို ပိုပြီး မြန်ဆန်စေလိမ့် မယ်... လကမ္ဘာပေါ်က ကြော်ငြာနေရာကို မမေ့ကြပါနဲ့ဦး..."
ဟန်းတား၏ စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားကြရပြန်သည်။
မှန်ပေသည်... ငါးရံ့နက် နည်းပညာတွင် လကမ္ဘာသို့ သွားနိုင်သော စွမ်းဆောင်ရည် ရှိနေခဲ့သည်ပင်...။
ပစ္စည်းများကို လကမ္ဘာသို့ ပေးပို့ရုံမျှဆိုလျှင် ကမ္ဘာပေါ်ရှိ နိုင်ငံအချို့ လုပ်ဆောင်နိုင်ပေသည်။
သို့သော်လည်း ဤအစည်းအဝေးသို့ တက်ရောက်လာသူများသည် အဆင့်မြင့် အရာရှိကြီးများ ဖြစ်ကြ ၏။
လကမ္ဘာ ကြော်ငြာကိစ္စနှင့် ပတ်သက်၍ သာမန်လူများ မသိရှိသော အချက်အလက်များစွာ ရှိနေပေ သည်။
အမေရိကန် အာကာသအေဂျင်စီသည် ဟတ်ဘယ် တယ်လီစကုပ်မှတစ်ဆင့် လကမ္ဘာ မျက်နှာပြင်ပေါ်၌ တိကျစွာ နေရာချထားသော လေဆာ အမြောက်အမြားကို တွေ့ရှိခဲ့ရလေသည်။ ဤသို့ လုပ်ဆောင်နိုင် ရန်အတွက် ပထမဦးစွာ ထိုလေဆာများကို လကမ္ဘာသို့ သယ်ဆောင်ရန် ဒုံးပျံ အမြောက်အမြား လိုအပ် ပြီး ဒုတိယအနေဖြင့် ထိုလေဆာများကို စွမ်းအင်ပေးရန် ကြီးမားလှသော စွမ်းအင် လိုအပ်ပေသည်။
သို့သော် ဤနေရာ၌ ပြဿနာ ရှိနေ၏။
အကယ်၍ ဒုံးပျံဖြင့်သာ ပစ္စည်းများကို လကမ္ဘာသို့ တကယ် ပေးပို့ခဲ့မည်ဆိုပါက အမေရိကန် အာကာသ အေဂျင်စီ၏ မျက်စိမှ လွတ်ကင်းရန် မည်သို့မျှ မဖြစ်နိုင်ပါချေ။
ငါးရံ့နက် နည်းပညာသည် ထိုလေဆာများကို လကမ္ဘာသို့ မည်သို့ ပေးပို့ခဲ့သနည်း။
၎င်းတို့တွင် ပိုမို အဆင့်မြင့်ပြီး ကိုယ်ပျောက်နိုင်သော အာကာသယာဉ်များ ရှိနေခြင်းကြောင့်သာ ဖြစ် ပေလိမ့်မည်။
ဤအချက် တစ်ခုတည်းနှင့်ပင် ရှနိုင်ငံသည် အာကာသ နည်းပညာပိုင်း၌ အမေရိကန်၏ အထွတ်အထိပ် ကာလကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
ထို့ကြောင့်ပင် ဟန်းတားသည် ကောင်းယွမ်နှင့် ပူးပေါင်းရန် စိတ်ရင်းမှန်ဖြင့် အကြံပြုခဲ့ခြင်း ဖြစ်ပေ သည်။
"ရှနိုင်ငံ အစိုးရတောင်မှ ကောင်းယွမ်ကို ထိန်းချုပ်နိုင်စွမ်း မရှိဘူး... ငါ သံသယဖြစ်မိတာကတော့... သူဟာ ဂြိုဟ်သား နည်းပညာတွေကို ရရှိထားတာ ဖြစ်ရမယ်... မဟုတ်ရင်တော့ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလို အဆင့်မြင့် နည်းပညာတွေ ပေါ်ထွက်လာဖို့ မဖြစ်နိုင်ဘူး... "
"အဲဒီလိုဆိုရင်တော့ သမ္မတကြီးအနေနဲ့ ကောင်းယွမ်ကို သိမ်းသွင်းဖို့ ဒါမှမဟုတ် အနည်းဆုံးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားသင့်တယ်... အကယ်၍ ပူးပေါင်းလို့ မရဘူးဆိုရင်လည်း... ကံကြမ္မာ အတိုင်းပဲ ထားလိုက်ကြရအောင်ပါ..."
ဟန်းတားသည် အိုမင်းမစွမ်း ဖြစ်နေပြီဖြစ်ရာ ဤစကားကို ပြောပြီးနောက် အစည်းအဝေးခန်းမထဲမှ ထွက်ခွာသွားခဲ့လေတော့သည်။
ဤသည်မှာ သူ၏ နောက်ဆုံး အကြံပေးချက် ဖြစ်ပေသည်...။ ရလဒ်မှာ မည်သို့ ဖြစ်လာမည်ကိုမူ သူ ဆက်၍ မထိန်းချုပ်နိုင်တော့ပါချေ။
ဟန်းတား ထွက်သွားပြီးနောက်...။
တစ်ခန်းလုံး တိတ်ဆိတ်သွားခဲ့ရလေသည်။
သို့သော် မကြာမီမှာပင် တစ်စုံတစ်ယောက်က စကားစလိုက်၏။
"ဟန်းတားကတော့ အိုသွားပြီပဲ... ကောင်းယွမ်နဲ့ ပူးပေါင်းရမယ် ဟုတ်လား... ရှနိုင်ငံက လူတွေကို ယုံကြည်လို့ မရဘူး..."
"ငါတို့ လုပ်ရမှာက သူ့ရဲ့ နည်းပညာတွေကို ရယူဖို့ပဲ..."
"သူ အမေရိကန်ကို ရောက်လာတာနဲ့ အဲဒီ နည်းပညာတွေက ငါတို့ အပိုင် ဖြစ်လာလိမ့်မယ်..."
"အမေရိကန်မှာရှိတဲ့ ငါးရံ့နက် နည်းပညာရဲ့ တာဝန်ခံ နာမည်က ရှလင် တဲ့... အရင်ဆုံး ရှလင်ကို ဖမ်းဆီး ထားရမလား..."
လူအုပ်စုကြီးသည် ကောင်းယွမ်ကို မည်သို့ လှည့်စားခေါ်ယူရမည်ကို ဆွေးနွေးနေကြစဉ်...။
လူတစ်ဦး၏ စကားသံမှာ ကြားဖြတ် ထွက်ပေါ်လာခဲ့လေသည်။
"ကျွန်တော် ထင်တာကတော့ လူကြီးမင်း ဟန်းတား ပြောတာ မှန်ပါတယ်... ပူးပေါင်းဆောင်ရွက်တာက အခွင့်အလမ်း တစ်ခု ဖြစ်နိုင်ပေမဲ့ ထိပ်တိုက်တွေ့တာကတော့ ငါတို့ရဲ့ ကျဆုံးခြင်းကိုပဲ မြန်ဆန်စေလိမ့် မယ်..."
ဥပဒေပြု အမတ်အချို့မှာမူ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားကြလေ၏။
"အန်းဂီ... ခင်ဗျား ရူးသွားပြီလား... ကောင်းယွမ်နဲ့ ဘယ်လို ပူးပေါင်းမှာလဲ... ငါးရံ့နက် နည်းပညာက တခြား ရင်းနှီးမြှုပ်နှံသူတွေကို လက်ခံမှာ မဟုတ်ဘူးလေ..."
"အမေဇုန်က သူတို့နဲ့ လက်တွဲခဲ့ဖူးတာပဲလေ... အတူတူ အလုပ်လုပ်တယ်ဆိုတာ ရှယ်ယာ ယူရမယ်လို့ မဆိုလိုပါဘူး..."
"အမေဇုန်ဆိုတာ အမှိုက်ပါပဲ... အပူချိန်ထိန်း အဝတ်အစားနဲ့ လက်ပတ်ဖုန်း ရောင်းရတဲ့ အမြတ်က လုံ လောက်လို့လား... တကယ်လို့ ငါတို့သာ လွှဲပြောင်းယူလိုက်ရင် ဒီထက်မက ပိုပြီး ရနိုင်တာပေါ့..."
အန်းဂီသည် တက္ကဆက်ပြည်နယ်မှ ဖြစ်၏။ သူသည် မူလက ရက်ဒ်လိုက် ကာပီတယ်တွင် စီမံကိန်း စစ်ဆေးသူအဖြစ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် ရက်ဒ်လိုက်၏ ထောက်ပံ့မှုဖြင့် တက္ကဆက် နိုင်ငံရေး လောကသို့ ဝင်ရောက်လာသူ ဖြစ်ပေသည်။
ရက်ဒ်လိုက် ကာပီတယ်သည် ရှနိုင်ငံရှိ ကုမ္ပဏီများစွာတွင် ရင်းနှီးမြှုပ်နှံထားသူ ဖြစ်၏။
၎င်းတို့တွင် နုတ်စ် ကုမ္ပဏီလည်း ပါဝင်ရာ ဤသည်မှာ တောက်ရင် နိုင်ငံတကာဗားရှင်း အမေရိကန်တွင် လျင်မြန်စွာ ပြန့်နှက်သွားရခြင်း၏ အကြောင်းရင်း တစ်ခုလည်း ဖြစ်ပေသည်။
အရင်းရှင်သက်သက် ဖြစ်သော ရက်ဒ်လိုက် ကာပီတယ်သည် တောက်ရင်မှာ ရှနိုင်ငံ ကုမ္ပဏီ ဟုတ်မ ဟုတ်ကို ဂရုမစိုက်ပါချေ... ၎င်းတို့အတွက် အကျိုးအမြတ် ရှိနေသရွေ့ သူတို့က ထောက်ခံနေမည်သာ ဖြစ်ပေ၏။
ထိုနည်းတူစွာပင် သူတို့သည် အမေဇုန်တွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားကြပြီး အမေဇုန်သည် ငါးရံ့ နက် နည်းပညာနှင့် ပူးပေါင်းကာ အပူချိန်ထိန်း အဝတ်အစားနှင့် လက်ပက်ဖုန်းများကို ရောင်းချသည့် အခါ ၎င်းတို့၏ ရှယ်ယာဈေးနှုန်းများမှာ ထိုးတက်သွားခဲ့လေသည်...။
အန်းဂီသည် ငါးရံ့နက် နှင့် တောက်ရင်တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ထောက်ခံသော်လည်း ရောက် ရှိနေသူ အများစုမှာမူ သူ့အား သဘောမတူကြသည်မှာ ထင်ရှားလှပေသည်။
အန်းဂီသည် လှောင်ပြောင်သံများကြားမှ ဒေါသတကြီး ထွက်ခွာသွားခဲ့လေ၏။
မျက်စိစပါးမွှေးစူးစရာများ မရှိတော့သည့်နောက်...။
အစည်းအဝေးမှာ လျင်မြန်စွာပင် သဘောတူညီချက် တစ်ခု ရရှိသွားခဲ့လေတော့သည်။
...
ခေါင်းဆောင်သစ်သည် အစည်းအဝေးခန်းမမှ ထွက်လာပြီးနောက် ယခုအခါ နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာသော သူမ၏ အတွင်းရေးမှူးကို ဖုန်းခေါ်လိုက်လေသည်။
"တိုက်ဂါး... ကောင်းယွမ်ရဲ့ ကိစ္စကို အမြန်ဆုံး လုပ်ရမယ်... အသေးစိတ် စီမံချက်တစ်ခုကို ရေးဆွဲလိုက် တော့..."
"နားလည်ပါပြီ... သမ္မတကြီး..."
ထိုအချိန်တွင် ကောင်းယွမ်မှာမူ အခြေအနေကို လုံးဝ မသိရှိသေးဘဲ ရှုလင်နှင့် လက်ပက်ဖုန်းမှတစ်ဆင့် ဆက်သွယ်နေခဲ့လေ၏။
ရှုလင်သည် အခုတလော အတော်ပင် ပင်ပန်းနွမ်းနယ်နေဟန် ရှိပေသည်။ နေရာအနှံ့ရှိ လက်ပက်ဖုန်းနှင့် အပူချိန်ထိန်း အဝတ်အစား ဆိုင်များမှာ လူမည်း အမြောက်အမြား၏ တိုက်ခိုက်ခြင်းကို ခံနေရသော ကြောင့် ဖြစ်လေ၏။
အွန်လိုင်းမှ ရောင်းချသည့် လမ်းကြောင်းများကိုလည်း ရပ်ဆိုင်းထားရလေသည်။
"ဥက္ကဋ္ဌကောင်း... ရုပ်ရှင်ပြသပြီးကတည်းက အပူချိန်ထိန်း အဝတ်အစားနဲ့ လက်ပက်ဖုန်းတွေက အရမ်း ကို လူကြိုက်များနေတာပါ... တောက်ရင် ပေါ်မှာလည်း အဲဒီ ပစ္စည်းတွေကို ဘယ်လို သုံးရမလဲဆိုတဲ့ ဗီဒီယိုတွေ အများကြီး ရှိနေပါတယ်..."
"လူအများကြီးက ဝယ်ချင်နေကြပေမဲ့ ရောင်းချမယ့် လမ်းကြောင်းတွေကတော့ ပြဿနာ အကြီးကြီး ဖြစ်နေတယ်... လူမည်းတွေက ဆိုင်ကို လာပြီး နေ့တိုင်း ပြဿနာ ရှာနေကြသလို အမေရိကန် ရဲတွေက လည်း ခဏခဏ လာပြီး စစ်ဆေးနေကြတာ... ဆိုင်ပေါင်း (၂၆) ဆိုင်ထဲက (၁၅) ဆိုင်ဟာ အကြောင်း အမျိုးမျိုးကြောင့် ပိတ်လိုက်ရပြီရှင်... အရင်က အမေဇုန်နဲ့ ပူးပေါင်းထားတဲ့ အွန်လိုင်း လမ်းကြောင်း ကလည်း ရပ်ဆိုင်းခံလိုက်ရပြီ..."
"အခြေအနေကို ငါ နားလည်ပါပြီ... လောလောဆယ်တော့ ဆိုင်တွေကို ပိတ်ထားလိုက်ပါဦး..."
ကောင်းယွမ်က ပြောလိုက်လေ၏။
"ရှင်... ဆိုင်တွေ ပိတ်လိုက်ရင် ကျွန်မတို့ရဲ့ ကြိုးစားမှုတွေ အလကား ဖြစ်ကုန်မှာပေါ့..."
"အမေရိကန် အာဏာပိုင်တွေ ကိုယ်တိုင် ငါတို့ ပစ္စည်းတွေကို ပြန်ရောင်းပေးအောင် ငါ လုပ်မလို့လေ..."
"ဖူး..."
ရှုလင်သည် သူမ နားကြားမှားသလားဟုပင် ထင်မှတ်သွားခဲ့ရလေသည်။
အမေရိကန် အာဏာပိုင်များသည် ငါးရံ့နက် နည်းပညာကို လုံးဝ ပိတ်ပင်ချင်နေကြသူများ ဖြစ်ရာ ၎င်းတို့ ၏ ထုတ်ကုန်များကို မည်သို့လျှင် ကိုယ်တိုင် ပြန်၍ ရောင်းချပေးကြမည်နည်း။
"ရှုလင်... အမေရိကန်မှာ အစိုးရက ဖွင့်ထားတဲ့ မူးယစ်ဆေးဝါး ဂေဟာတွေတောင် ရှိနေမှတော့... အစိုးရက ဖွင့်ထားတဲ့ ငါးရံ့နက် နည်းပညာဆိုင်တွေလည်း ရှိလာနိုင်တာပေါ့... မဟုတ်ဘူးလား..."
"ဒါပေမဲ့... အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
"ရပါတယ်... ရက်ပိုင်းလောက် နားနားနေနေ နေလိုက်ပါဦး... တစ်ပတ်အတွင်းမှာ ရလဒ်ကို တွေ့ရပါလိမ့်