အခန်း ၃၆၂
Vol. 25 Ch. 362
အခန်း-(၃၆၂)
ကောင်လေးက သူ့ဝမ်းဗိုက်အောက်မှာ လက်နှစ်ဖက်ကိုထားပြီး ခါးအနည်းငယ်ကိုင်းကာ လမ်းလျှောက်သည်။ တခြားလူတွေက သူဒီလိုလမ်းလျှောက်နေတာကိုမြင်တဲ့အခါ ဒဏ်ရာရနေတယ်လို့ပဲထင်လိုက်ပြီး သူ့ကို လိုက်မကြည့်တော့ဘူး။
သူတို့တွေ ခန်းမထဲက ထွက်လာပြီးနောက်တွင် စစ်သားနှစ်ယောက် စောင့်ကြပ်နေတဲ့ တံခါးဆီကို ရောက်လာတယ်။ တံခါးထဲသို့ မဝင်ခင်တွင် အစောင့်စစ်သားတစ်ယောက်က "စခန်းရဲ့ ဗဟိုနယ်မြေကို မဝင်ခင် လက်နက်တွေကို ထားခဲ့ရပါမယ်" ဟု တားဆီးလိုက်တယ်။
သူ့စကားတွေကို ကြားတဲ့အခါမှာ နတ်ဆိုးအဖွဲ့ဝင်တွေက ထို အစောင့်စစ်သားကို ကြည့်လိုက်ပေမယ့် ဘာမှ မပြောလိုက်ကြပေ။ သူတို့ရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။
သူတို့ရဲ့ လက်နက်တွေကို အပ်နှံဖို့ ဆန္ဒမရှိကြောင်းမြင်တော့ အစောင့်စစ်သားက မျက်မှောင်ကြုတ်ပြီး "ခင်ဗျားတို့ရဲ့ လက်နက်တွေကို ဒီမှာ မထားခဲ့ဘူးဆိုရင် ဝင်ခွင့်မရှိဘူး" ဟု ပြတ်သားစွာ ဆိုလိုက်တယ်။
ထိုစစ်သားရဲ့ စကားဆုံးသည်နှင့် ကျိူးလီဇီက မြေပြင်တစ်နေရာကို သူမရဲ့ လက်ညှိုးနဲ့ညွှန်လိုက်သည်။
"ဖောက်"
တစ်စက္ကန့်စာအတွင်းမှာပဲ ရေကျည်ဆန်တစ်တောင့်က မြန်ဆန်လွန်းလှတဲ့အမြန်နှုန်းဖြင့် ပျံထွက်လာပြီး သူမလက်ညှိုးညွှန်ရာတည့်တည့် မြေပြင်ရဲ့ နေရာအတိအကျကို ထိမှန်ပြီး လက်မအနည်းငယ်ခန့်နက်တဲ့ အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ ထိုမြေကွဲကြောင်းရဲ့ အတွင်းထဲမှာတော့ သေးငယ်လှတဲ့ ရေအိုင်လေးတစ်ခု မြင်တွေ့နိုင်သည်။
ကျိူးလီဇီက ထိုစစ်သားဆီကို လက်ညှိုးထိုးပြီး "ငါတို့ရဲ့လက်နက်တွေကို ဒီမှာထားခဲ့ရင်တောင် ငါတို့သာသတ်ချင်ရင် ဒီစခန်းထဲက ဘယ်သူ့ကိုဖြစ်ဖြစ် ပုရွက်ဆိတ်ကိုနင်းသလိုမျိုး လွယ်လွယ်လေးပဲ သတ်လိုက်နိုင်တယ်" လို့ အေးစက်စွာ သတိပေးလိုက်တယ်။
သူမရဲ့ လက်ညှိုးဖြင့် မိမိရဲ့ နဖူးတည့်တည့်ဆီသို့ ချိန်ရွယ်ခြင်း ခံလိုက်ရတဲ့အခါမှာတော့ ထိုအစောင့်စစ်သားရဲ့ မျက်နှာဟာ သွေးဆုတ်ဖြူလျော်သွားခဲ့ရသည်။ ဒါကို မြင်တော့ ချန်ချန်းဖုန်းက ခပ်တိုးတိုးရယ်လိုက်ပြီး "အစ်ကိုကျင်း ၊ မင်းရဲ့ ရည်းစားက အတော်လေး စိတ်ဝင်စားစရာပဲ" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက သူ့ကို တစ်ချက်သာလှမ်းကြည့်လိုက်ပြီး ဘာမှမပြောပေ။
လျစ်လျူရှု ခံလိုက်ရပေမယ့် ချန်ချန်းရှောင် က ဒေါသမထွက်ဘဲ "တံခါးဖွင့်လိုက်။ သူတို့ရဲ့ လက်နက်တွေကို သိမ်းဆည်းဖို့ မလိုဘူး" လို့ အမိန့်ပေးလိုက်တယ်။
သူက အခုလို ပြောလိုက်ပြီ ဖြစ်တာကြောင့် အစောင့်စစ်သားတွေကလည်း ဆက်ပြီး မပိတ်ဆို့ရဲကြတော့ပါဘူး။ အစောင့်စစ်သားတွေအရှေ့ကနေ ဖြတ်လျှောက်သွားတဲ့အချိန်မှာ ရှောင်ချီက သူ့ရဲ့နေရာလွတ်ကနေ စီးကရက်တစ်ဗူးနှင့် ပရိုတင်းဘားတစ်ဗူးးကို ထုတ်ယူလိုက်သည်။
ထွက်ခွာမသွားခင်မှာ ရှောင်ချီက ပစ္စည်းတွေကို ထို အစောင့်စစ်သားတစ်ယောက်ရဲ့ လက်မောင်းထဲ ထိုးထည့်ပေးလိုက်ပြီး " အစ်ကို ၊ ဒါတွေကိုယူပြီး တခြားရဲဘော်တွေနဲ့ ဝေမျှလိုက်ပါ" လို့ ပြောလိုက်တယ်။
ရုတ်တရက်ရတဲ့လက်ဆောင်တွေကြောင့် အစောင့်စစ်သားတွေဟာ အံ့အားသင့်သွားကြတယ်။ သူတို့တွေ စိတ်ငြိမ်သွားတဲ့အခါမှာတော့ ရှောင်ချီက ဓာတ်လှေကားဆီ ရောက်နေပါပြီ။ အခြားနေရာတွေနဲ့ မတူတာကတော့ ဒီဓာတ်လှေကားက အပေါ်ကို တက်တာမဟုတ်ဘဲ... မြေအောက်စခန်းရဲ့ အောက်ထပ်ဆီသို့ ဦးတည်ပြီး ဆင်းသက်သွားတာ ဖြစ်ပါတယ်။
အခြေစိုက်စခန်းမှူးနေထိုင်သည့် မြေအောက်ခန်းရဲ့စတုတ္ထထပ်သို့ ရောက်ရှိရန် သူတို့အတွက် ဆယ်မိနစ်ကြာသည်။
သူတို့တွေ ဒုဗိုလ်မှူးရုံးခန်းကို လျှောက်သွားနေတုန်းမှာ ချန်ချန်းရှောင်က ရုတ်တရက် သတိပေးလိုက်တယ် "အစ်ကိုကျင်း ၊ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေကို ဒုဗိုလ်မှူးက ဓားစာခံ တွေအဖြစ် ဖမ်းဆီးထားတယ်။ ဖြစ်နိုင်ရင် သူ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်တာမျိုး မလုပ်ပါနဲ့"
ဒါကိုကြားတော့ ကျိူးလီဇီက သူ့ကို တစ်ချက်လှမ်းကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။ အကြွင်းမဲ့ စွမ်းအားတွေရဲ့ ရှေ့မောက်မှာတော့ အပေးအယူလုပ်ဖို့အတွက်နဲ့ ဒီလို ဓားစာခံတွေ ဖမ်းဆီးထားတယ်ဆိုတာက အဓိပ္ပာယ်မရှိတဲ့ ကိစ္စရပ် သက်သက်သာ ဖြစ်ပါတယ်။
သူတို့တွေ ရုံးခန်းဆီကိုရောက်တော့ ချန်ချန်းရှောင် က တံခါးကိုခေါက်ပြီး "ဒုဗိုလ်မှူး ၊ နတ်ဆိုးအဖွဲ့ရောက်ပါပြီ" လို့ သတင်းပို့လိုက်တယ်။
မကြာခင်မှာပဲ... ရုံးခန်းထဲကနေ အက်ကွဲနေပေမယ့် ဩဇာညောင်းလှတဲ့ အသံကြီး ထွက်ပေါ်လာခဲ့တယ်။ "အထဲဝင်ခဲ့ကြ"
ရုံးခန်းထဲသို့ လျှောက်ဝင်လာသောအချိန်မှာပဲ ကျိူးလီဇီက အခန်းအခြေနေကို အကဲခတ်ကြည့်လိုက်ပြီး ဒုဗိုလ်မှူးဆိုသူမှလွဲ၍ အခြားမည်သူမျှ မရှိတာကို သတိပြုမိလိုက်သည်။
အားလုံးက ဒီလိုပဲတွေးနေချိန်မှာ ချင်လူဇီကတော့ ဆိုဖာထောင့်ကို စိုက်ကြည့်နေလိုက်တယ်။ သူ့ရဲ့ စိတ်မြေပုံထဲမှာ အစိမ်းရောင်အစက်တစ်စက်ရှိနေတယ်။ ဒီဒုဗိုလ်မှူးက သူအပြင်ပန်းပုံကပြသနေသလိုမျိုး လုံးဝ အေးအေးလူလူရှိနေတာတော့ မဟုတ်လောက်ဘူး။
ချင်လူဇီနှင့် ခဏတာအကြည့်ချင်းဖလှယ်လိုက်ပြီးနောက်မှာပဲ ကျင်းရွှီယန်းကလည်း အခန်းထဲမှာ တခြားတစ်ယောက်ရှိနေတာ သိလိုက်တယ်။ သို့သော် ချင်လူဇီရဲ့စွမ်းရည်ဖြင့်ဆိုရင် ချုံခိုတိုက်ခိုက်ခံရမည်ကို သူတို့စိုးရိမ်စရာမလိုပေ။
စာရွက်စာတမ်းတစ်ခုကို လက်မှတ်ရေးထိုးပြီး နောက်ဆုံးတွင်မှ ဒုဗိုလ်မှူးက ခေါင်းမော့လာပြီး "ဗိုလ်ကြီးကျင်း၊ အခြေစိုက်စခန်းက ကြိုဆိုပါတယ်" ဟု နှုတ်ဆက်လိုက်တယ်။
အလုပ်စားပွဲအနီးတွင် ရပ်နေသော ကျင်းရွှီယန်းကတော့ လိုရင်းကိုပဲ တိုက်ရိုက်ပြောလိုက်တယ် "ဒုဗိုလ်မှူးဝမ် ၊ ကျွန်တော့်တို့အဖွဲ့ ဒီနေ့ ဒီကိုရောက်လာတာက မိသားစုဝင်တွေကို လာခေါ်တာပါ"
ဒါကိုကြားတော့ ဝမ်ဟောင်က ထိုင်ခုံနောက်မှီကိုမှီပြီး "ဗိုလ်ကြီးကျင်း ၊ ဒီလူတွေက ငါ့လူတွေပဲ။ သူတို့က ငါ့ရဲ့စီမံမှုအောက်မှာရှိတယ်" လို့ ပြောလိုက်တယ်။
"ခင်ဗျားက ဘာကို ဆိုလိုချင်တာလဲ" ဟု ကျင်းရွှီယန်းက မေးလိုက်သည်။
ဒါကိုကြားတော့ ဝမ်ဟောင်က ပြုံးပြီး "မင်းတို့အဖွဲ့ရဲ့အကြောင်းကို မကြာသေးခင်က သတင်းတွေ အများကြီးကြားခဲ့ရတယ်။ ငါ့ရဲ့ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်သရွေ့ အဲဒီလူတွေကို မင်းခေါ်ထုတ်သွားနိုင်တယ်" လို့ ပြောလိုက်တယ်။
"အဲဒါကဘာလဲ"
သူ့တောင်းဆိုချက်ကို ကျင်းရွှီယန်းက မည်မျှလွယ်ကူစွာ သဘောတူလိုက်တာမြင်တော့ ဝမ်ဟောင်ရဲ့နှုတ်ခမ်းထောင့်များက မြင့်တက်သွားသည်။ သူက ခေတ္တမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် "လက်ရှိမှာတော့ ငါ့စခန်းမှာက ရိက္ခာတွေပြတ်လပ်နေပြီး အစားအစာနဲ့ ရေပြတ်လပ်မှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်။ ဗိုလ်ကြီးကျင်းက ဒီပြဿနာကို ဖြေရှင်းပေးနိုင်လောက်မလားလို့ တွေးမိတယ်" ဟု ပြောလိုက်သည်။
သူဒီလိုပြောလိုက်တာကို ကြားတာနဲ့ ချန်ချန်းရှောင်က "ဒုဗိုလ်မှူးဝမ်၊ မြို့တော်ရဲ့ ဧရိယာ ၉၀% ကို ဇွန်ဘီအုပ်စုက တိုက်ခိုက်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ အသက်ရှင်ကျန်ရစ်သူ စုစုပေါင်းရဲ့ ၇၀% ကျော် သေဆုံးခဲ့တယ်ဆိုတာ ခင်ဗျားသိပါတယ်" လို့ ပြောလိုက်တယ်။
"နယ်မြေတစ်ခုကနေ ရိက္ခာတွေကို သွားရောက်သယ်ဆောင်ဖို့အတွက် အဖွဲ့တွေ အများကြီးစေလွှတ်ရပြီး ထောက်ပံ့ရေးပစ္စည်းတွေ ပြန်ရဖို့ ရက်အတော်ကြာပါတယ်။ ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာကို ဖြေရှင်းဖို့ဆိုရင် လပေါင်းများစွာ ဒါမှမဟုတ် နှစ်ပေါင်းများစွာတောင် ကြာသွားနိုင်ပါတယ်"
ဝမ်ဟောင်က လှောင်ရယ်လိုက်ပြီး "ကောင်းပြီ၊ အဲဒါက ငါ့ပြဿနာမဟုတ်ဘူး။ နတ်ဆိုးအဖွဲ့က ငါ့အခြေစိုက်စခန်းရဲ့ အစားအစာပြတ်လပ်မှုကို ဖြေရှင်းနိုင်သရွေ့ အဲဒီလူတွေကို ခေါ်သွားလို့ရတယ်" လို့ ခေါင်းမာစွာ ဆိုလိုက်တယ်။
သူ အခုလို ပြောလိုက်တဲ့ အခါမှာတော့ နတ်ဆိုးအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ဒေါသကို ထိန်းချုပ်ဖို့ လက်သီးတွေကို ဆုပ်ထားလိုက်ကြတယ်။ ဝမ်ဟောင်ရဲ့ မာနထောင်လွှားနေတဲ့ အမူအရာကိုကြည့်ပြီး ပြေးကာ သူ့ခေါင်းကို ချက်ချင်းသွားရိုက်ပစ်ချင်စိတ်တွေ ဖြစ်လာကြတယ်။
အဖွဲ့ဝင်များနှင့်မတူဘဲ၊ ကျင်းရွှီယန်းနှင့် ကျိူးလီဇီတို့ နှစ်ဦးစလုံးကတော့ ရဟန္တာများကဲ့သို့ တည်ငြိမ်နေကြသည်။ သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်ကြတယ်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "တစ်ပတ်လောက်စောင့်ပါ။ ခင်ဗျားရဲ့ စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာကို ဖြေရှင်းပေးပါမယ်" လို့ ပြောလိုက်တယ်။
ကျင်းရွှီယန်းက ဒီလိုပြောလိုက်တာနဲ့ ဝမ်ဟောင်က လက်ခုပ်တီးပြီး "အရမ်းကောင်းတယ်။ ဒါဆိုရင် နတ်ဆိုး အဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်နေပါ့မယ်" လို့ ပြောလိုက်တယ်။
"သဘောတူညီချက်က ပြီးပြီ။ မင်းရဲ့စကားတွေ ပြန်ပြင်ရဲရင်တော့ မင်းကို ငရဲဘုရင်နဲ့တွေ့ပေးဖို့အတွက် ငါကူညီနိုင်တယ်" ဟု ကျင်းရွှီယန်းက ပြောပြီး လှည့်ထွက်သွားသည်။
အဖွဲ့ဝင်တွေက သံသယတွေရှိနေပေမယ့် ကပ္ပတိန်ဖြစ်သူက ထွက်သွားတာကိုမြင်တော့ သူ့နောက်ကို လိုက်သွားကြတယ်။ အနောက်ဆုံးကနေ လျှောက်လာတဲ့ မိုဂျွန်ဂျီကတော့ သူ့လက်ချောင်းတွေကို လှုပ်ရှားကာ ဝမ်ဟောင်ရဲ့ ခြေကျင်းဝတ်ထဲကို အနက်ရောင်မြူတွေ စိမ့်ဝင်စေလိုက်တယ်။
မြူတွေက အစိုင်အခဲပုံသဏ္ဍာန်မရှိတာကြောင့် သွေးကြောတွေထဲ စီးဆင်းသွားတဲ့အထိကို ဝမ်ဟောင်က ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှသတိမထားမိခဲ့ဘူး။
နတ်ဆိုးအဖွဲ့က ဒုဗိုလ်မှူးရုံးခန်းထဲမှ ထွက်ခွာလာပြီးနောက်မှာတော့ ချန်ချန်းရှောင်က သူတို့အား သူရဲ့ နေထိုင်ရာ အခန်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။