← Chapters

အခန်း ၃၆၄

Vol. 25 Ch. 364

အခန်း ၃၆၄

Vol. 25 Ch. 364

အခန်း-(၃၆၄)

နတ်ဆိုးအဖွဲ့ နေ့လယ်စာစားပြီးနောက် လူနှစ်ယောက်စီပါတဲ့ အဖွဲ့တွေခွဲပြီး အသက်ရှင်ကျန်ရစ်သူတွေနဲ့ ရောနှောနေခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ သပ်ရပ်သန့်ရှင်းတဲ့ အသွင်အပြင်ကြောင့် ကျီးကန်းအုပ်ကြားက ဗျိုင်းဖြူလိုမျိုး လူအုပ်ကြီးထဲမှာထင်ရှားလွန်းလို့ နေခဲ့ပါတယ်။

ဤအချိန်တွင် ကျိူးလီဇီနှင့် ကျင်းရွှီယန်းတို့က အနီးဆုံးလေဆိပ်ရဲ့ တည်နေရာကို စစ်ဆေးနေကြသည်။ အသက်ရှင်ကျန်ရစ်သူများကို ပိုမိုမြန်ဆန်စွာ ရွှေ့ပြောင်းနိုင်ရန်အတွက် ခရီးသည် ၈၀၀ ကျော် တစ်ပြိုင်နက်တည်း တင်ဆောင်နိုင်သော စီးပွားဖြစ်လေယာဉ်များစွာကို ရှာဖွေရန် စီစဉ်ခဲ့ကြသည်။

တစ်ဖက်မှာလဲ ချင်လူဇီသည် ဒုဗိူလ်မှူးဆီမှ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူများကို စုံစမ်းစစ်ဆေးရန် တာဝန်ပေးအပ်ခံခဲ့ရသည်။ သူရဲ့ စိတ်မြေပုံနဲ့ဆို သူတို့ကိုရှာဖွေဖို့ရန်က သူ့အတွက်တော့ သိပ်ပြဿနာမရှိပါဘူး။

ချင်လူဇီက စစ်စခန်းတစ်ဝိုက်ကို ဖြည်းဖြည်းချင်း လျှောက်သွားနေခဲ့တယ်။ သူ့စိတ်မြေပုံရဲ့ နယ်ပယ်ကျယ်ပြန့်လာတာနဲ့အမျှ သူစစ်ဆေးခဲ့တဲ့ အရပ်မျက်နှာတိုင်းကို 3D ပုံစံအဖြစ် စိတ်ထဲမှာကွက်ကွက်ကွင်းကွင်း ပုံဖော်နိုင်ခဲ့ပါပြီ။မြေအောက်ထပ်တွေရဲ့ အခြေအနေအားလုံးဟာလည်း သူ့ရဲ့ အာရုံခံ စူးစမ်းမှုနယ်ပယ်ထဲမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

အခြေစိုက်စခန်းရဲ့ လူသူကင်းမဲ့တဲ့ ထောင့်တစ်နေရာကို ရောက်တဲ့အခါမှာ သူရဲ့လှုပ်ရှားမှုကို ရုတ်တရက် ရပ်တန့်လိုက်တယ်။ ဘာမှမဖြစ်သလို အခြေစိုက်စခန်းတစ်လျှောက် လျှောက်မသွားခင်မှာ ခေါင်းကိုငုံ့ပြီး အချိန်အတော်ကြာ စဉ်းစားနေခဲ့တယ်။

နတ်ဆိုးအဖွဲ့ဝင်တွေကို စောင့်ကြည့်ဖို့ စေလွှတ်ခံထားရတဲ့ စစ်သားတွေကတော့ သူတို့တွေဘာလုပ်နေလဲဆိုတာကို လုံးဝ နားမလည်နိုင်ဘဲ ဇဝေဇဝါဖြစ်နေကြတယ်။ ချင်လူဇီနောက်ကို လိုက်သွားတဲ့ စစ်သားအပြင်အခြားအဖွဲ့ဝင်တွေရဲ့နောက်ကိုလိုက်နေကြတဲ့ စစ်သားနှစ်ယောက်ဟာလည်း ဒီအချိန်မှာတော့ ဝေခွဲမရမှုတွေ၊ သံသယတွေနှင့် ပြည့်နှက်နေကြပါတယ်။

အသက်ရှင်ကျန်ရစ်သူများ နေထိုင်ရာနေရာသို့ လျှောက်သွား နေစဉ်မှာပဲ ရှောင်ချီက ရှန်းကျင်းဇီရဲ့ လက်မောင်းကို ပုတ်ကာ တိုးတိုးလေးပြောလိုက်သည် "အစ်ကိုကျင်းဇီ ၊ တစ်ယောက်ယောက်က ကျွန်တော်တို့နောက်ကို လိုက်လာနေတယ်"

ရှန်းကျင်းဇီကတော့ သူ့ကိုလှည့်တောင်မကြည့်ဘဲ "အင်း" ဟုသာတိုးတိုးလေး တုံ့ပြန်လိုက်သည်။ သူ့ရှေ့က စုတ်ပြတ်သတ်နေတဲ့ မြင်ကွင်းတွေကို ငေးမောကြည့်ရှုရင်း မျက်ဝန်းတွေထဲမှာ ပူပန်သောက အရိပ်အယောင်တွေ ဖြတ်ပြေးသွားခဲ့ရတယ်။

သူ့ အဖွားနှင့် မိဘနှစ်ပါးစလုံးက အသက်ကြီးရင့်နေပြီဖြစ်ပါတယ်။ ဒီလို ဆိုးဝါးလှတဲ့ နေထိုင်မှုပုံစံနှင့် အကန့်အသတ်ရှိတဲ့ ရိက္ခာပြတ်လပ်မှုတွေကြားထဲ သူတို့တွေ အသက်ရှင်နိုင်ပါ့မလားဆိုတာကို သူတို့ကို မတွေ့မချင်း သူမသိနိုင်ဘူး။ သူ့မောင်နှမတွေရော အခုချိန်မှာ ဘယ်လိုနေကြမလဲဆိုတာကို သူမသိနိုင်တာကြောင့် သူ့ရင်ထဲမှာ အရမ်းခံစားနေရတယ်။

ရှန်းကျင်းဇီ စိတ်လွင့်နေတာကို သတိပြုမိတော့ ရှောင်ချီလည်း စကားပြောခြင်းကို ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူတို့တွေ အမျိုးသမီးအုပ်စုတစ်စု ပြွတ်သိပ်နေထိုင်တဲ့ အခန်းကျဉ်းလေးတစ်ခုရဲ့ အနားကနေ ကျော်ဖြတ်သွားတဲ့ အခိုက်အတန့်မှာတော့... ရှောင်ချီဟာ ရုတ်တရက်ပဲ အလွန်ရင်းနှီးလှတဲ့ မျက်နှာတစ်ခုကို လှမ်းမြင်လိုက်ရတယ်။

သူမရဲ့မျက်နှာမှာ ဖုန်မှုန့်နှင့် အညစ်ကြေးတွေ ဖုံးလွှမ်းနေပြီး ဆံပင်တွေကလည်း ရွှံ့နွံတွေ ပေကျံနေတဲ့ ငှက်သိုက်ကြီးတစ်ခုလို ဖြစ်နေခဲ့ပေမဲ့လည်း သူမကို သူ မှတ်မိနေတုန်းပဲ။

သူ ခေတ္တမျှ မှင်သက်သွားပြီးနောက်မှ ရှန်းကျင်းဇီရဲ့ အဝတ်အစားတွေကို ဆွဲပြီး "အစ်ကိုကျင်းဇီ ၊ အဲဒီမိန်းကလေးက... မင်းရဲ့ညီမ မဟုတ်ဘူးလား" လို့ မေးလိုက်တယ်။

ဒီစကားကိုကြားလိုက်တဲ့အချိန်မှာ ရှန်းကျင်းဇီက ခေါင်းလှည့်ပြီး ရှောင်ချီ ညွှန်ပြနေတဲ့ဘက်ကို ကြည့်လိုက်တယ်။

ထိုမိန်းကလေးငယ်ကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာပဲ... သူ့ရဲ့ မျက်လုံးတွေက အံ့ဩတုန်လှုပ်မှုကြောင့် ပြူးကျယ်သွားခဲ့ရတယ်။ ရှောင်ချီတစ်ယောက် ဘာမှပြန်မပြောနိုင်သေးခင်မှာတင်... သူဟာ ထိုအခန်းကျဉ်းလေးဆီသို့ ခြေလှမ်းကျဲကြီးတွေနဲ့ အလောတကြီး ပြေးဝင်သွားခဲ့ပါတော့တယ်။

သူ အခန်းထဲကို ဝင်လိုက်တဲ့အခါမှာပဲ သူ့ညီမအပြင် သူ့အမေနှင့် အဖွားလည်း ရှိနေတာကို တွေ့လိုက်ရတယ်။ ဒါပေမယ့် သူ့အဖေနှင့် ညီလေးဖြစ်သူကတော့ ပျောက်နေတယ်။

"အဖွား၊ အမေ" သူက တုန်ရီသောအသံဖြင့် ခေါ်လိုက်သည်။

ရင်းနှီးသော အသံကို ကြားလိုက်ရသောအခါတွင် ရှန်းမိသားစုဝင်များက ခေါင်းလှည့်ကာ ကြည့်လာပြီး ရှန်ကျင်းဇီရဲ့ ရဲတွတ်နေသော မျက်လုံးများနှင့် ဆုံမိသွားကြသည်။

သားဖြစ်သူက သူမတို့နဲ့ ခြေလှမ်းအနည်းငယ်သာ ဝေးတဲ့နေရာမှာ ရပ်နေတာကို မြင်တော့ အမေရှန်း အံ့အားသင့်သွားတယ်။ ဒါက တကယ်ပဲဆိုတာကို သူမ မယုံရဲဘူး။သူမဟာ သားဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့ရဖို့အတွက် အကြိမ်ကြိမ် အိမ်မက်မက်ခဲ့ဖူးပေမဲ့... လန့်နိုးလာတဲ့ အခါတိုင်းမှာတော့ စိတ်ပျက်စရာ အိမ်မက် သက်သက်သာ ဖြစ်နေခဲ့တယ်ယ

ဒီတစ်ခါမှာတော့ သူမ အိပ်မက်မက်နေတာ မဟုတ်မှန်းကို သေချာအောင် မျက်တောင်ခတ်လိုက်တယ်။ ခဏကြာပြီး နောက်ဆုံးတော့မှ သူမက လက်ကို တုန်ရင်စွာနဲ့ လှမ်းကမ်းပေးလိုက်ရင်း "အာဇီ ၊ တစ်ကယ်ကို မင်းပဲလား" လို့ မေးလိုက်တယ်။

ရှန်းကျင်းဇီဟာ သာမန်အားဖြင့် စကားနည်းလှတဲ့ ယောက်ျားတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် မိသားစုဝင်တွေနဲ့ အခုလို ပြန်လည်ဆုံတွေ့ရတဲ့ အချိန်မှာတောင်မှ သူဆီက ဘာစကားတစ်ခွန်းမှ ထွက်မလာနိုင်ခဲ့ပါဘူး။ရှန်းကျင်းဇီ အမေဖြစ်သူတို့ဆီကို ခြေလှမ်းအနည်းငယ်လှမ်းသွားပြီးနောက်တွင် မြေပြင်ပေါ်မှာ ဒူးထောက်ချလိုက်ပါတယ်။

"အမေ....အမေရဲ့ သားသမီးမပီသတဲ့သားက နောက်ကျသွားလို့ အမေ ဒုက္ခခံခဲ့ရတယ်" ဟု သူက အက်ကွဲကွဲအသံကြီးဖြင့် ပြောလိုက်သည်။

ဒါကိုကြားတော့ပြီး နောက်ဆုံးတော့မှ အဘွားရှန်းက သတိပြန်ဝင်လာပြီး "အာဇီ... တကယ်ပဲ မင်းပဲ။ မင်း အသက်ရှင်နေသေးတယ်" လို့ ပြောလိုက်တယ်။

ရှန်းကျင်းဇီက အဖွားဖြစ်သူကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ဖက်ထားလိုက်ပြီး "အဖွား ၊ သား အခုမှ ရောက်လာတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်"

အဘွားရှန်းက မြေးဖြစ်သူရဲ့ကျောကို ညင်သာစွာပုတ်ပေးပြီး "နောက်မကျသေးပါဘူး။ မင်းဘေးကင်းတာကို တွေ့ရတော့ အဘွား အရမ်းဝမ်းသာတယ်" လို့ နူးညံ့စွာဆိုလိုက်သည်။

ဘေးနားမှာ မတ်တတ်ရပ်နေတဲ့ ရှောင်ချီကတော့ ရှန်းမိသားစုအပြင် ကျို့မိသားစု၊ ချင်မိသားစုနှင့် ဝိန်မိသားစုဝင်များလည်း ရှိသည်ကို သတိပြုမိလိုက်သည်။

သူ့ရဲ့ မိသားစုဝင်တွေကိုတော့ ဒီအခန်းထဲမှာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့... သူ့ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ မိသားစုဝင်တွေက အခုလို ဘေးကင်းကင်းနဲ့ အသက်ရှင်ကျန်ရစ်နေကြမှတော့ သူ့မိသားစုရဲ့ အသက်ရှင်နိုင်ခြေကလည်း သုညမဟုတ်တော့ပါဘူး။ သူသာ စခန်းရဲ့ပတ်ပတ်လည်ကို သေချာရှာကြည့်မယ်ဆိုရင် သူတို့ကို သေချာပေါက်ရှာတွေ့န်ိုင်မှာပါ။

ရှန်းမိသားစု‌က ပြန်လည်တွေ့ဆုံမှုကြောင့် ဝမ်းသာအားရဖြင့် စကားပြောဆိုလို့ ပြီးသွားတဲ့အခါမှာတော့ ရှောင်ချီသည် သူတို့အနီးတွင်ထိုင်လိုက်ပြီး သူ့ရဲ့နေရာလွတ်မှ ရေဘူးအချို့နှင့် ဘီစကွတ်များကို ထုတ်ယူလိုက်သည်။

သူက ရဲဘော်ရဲဘက်တွေရဲ့ မိသားစုတွေဆီ ပေးပြီး "အားလုံးပဲ ရေသောက်ပြီး တစ်ခုခုကို အရင်စားကြပါ။ ကျွန်‌တော် ကျန်တဲ့ ညီအစ်ကိုတွေအားလုံးကို အခုပဲ အကြောင်းကြားပေးပါ့မယ်။ ဒီတစ်ခါမှာ ကျွန်တော်တို့ ဒီစခန်းကိုလာရတာက မင်းတို့အားလုံးကို ဒီကနေခေါ်သွားပြီး လင်အန်းမြို့ အခြေစိုက်စခန်းဆီ သွားဖို့ပါ" လို့ ပြောလိုက်တယ်။

သူဒီလိုပြောလိုက်တာနဲ့ အခန်းထဲက တခြားအသက်ရှင်ကျန်ရစ်သူတွေက စိတ်လှုပ်ရှားသွားကြတယ်။ သူတို့ရဲ့ အဝတ်အစားတွေက ဘယ်လောက်တောင် သန့်ရှင်းနေလဲဆိုတာကိုကြည့်ပြီး ဒီလူနှစ်ယောက်က သန်မာပြီး စွမ်းဆောင်နိုင်တဲ့သူတွေ ဖြစ်ရမယ်ဆိုတာကို သူတို့သိကြတယ်။ အသက်ရှင်ကျန်ရစ်သူတွေသည် နတ်ဆိုးအဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေက စားသောက်နေကြတာကို မနာလိုစိတ်နဲ့ကြည့်နေကြပေမယ့် ပစ္စည်းတွေကိုတော့ လုယူလို့မရဲပါဘူး။

ခဏအကြာတွင်မှ အသက်ရှင်ကျန်ရစ်သူ အမျိုးသမီးတစ်ဦးက သူမရဲ့သတ္တိကိုစုစည်းပြီး "ရဲဘော်၊ လင်အန်းမြို့အခြေစိုက်စခန်းရဲ့အခြေအနေက ဒီနေရာထက် ပိုကောင်းတာလား" ဟု မေးလိုက်သည်။

သူမရဲ့မေးခွန်းကိုကြားသောအခါမှ ရှောင်ချီ သည် သူတို့ရဲ့ ကပ္ပတိန်ပေးလိုက်သောတာဝန်ကို သတိရသွားသည်။ ယခုတစ်ကြိမ်တွင် သူတို့သည် သူတို့ရဲ့မိသားစုဝင်များကိုရှာဖွေရုံသာမကဘဲ လင်အန်းမြို့ရဲ့ အခြေစိုက်စခန်းအကြောင်းသတင်းကိုပါ ဖြန့်ဝေ‌ရမှာဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ သူတို့ဟာ လူတွေအားလုံးကို လင်အန်းမြို့အခြေစိုက်စခန်းဆီကို တိုက်ရိုက်မရွှေ့ပြောင်းပေးနိုင်ရင်တောင် အနည်းဆုံးတော့ မြို့တော်ရဲ့ ဒီငရဲခန်းကနေ ထွက်ခွာသွားနိုင်အောင် ကူညီပေးနိုင်သည်။သူတို့တွေ မြို့တော်ကနေသာ ထွက်ခွာသွားနိုင်မယ်ဆိုရင် ကိုယ်တိုင် ကားမောင်းပြီး ခရီးသွားနိုင်ကြမှာပါ။တကယ်လို့သာ ကားကို မရပ်မနား မောင်းနှင်သွားကြမယ်ဆိုရင် ဒုတိယအကြိမ် မိုးမရွာခင်မှာပဲ လင်အန်းမြို့အခြေစိုက်စခန်းကို ရောက်သွားနိုင်မှာပါ။

ရှောင်ချီက သူ့လည်ချောင်းကို တစ်ချက်ရှင်းပြီး အသက်ရှင်ကျန်ရစ်သူတွေဆီ လျှောက်သွားပြီး သူတို့အနားမှာထိုင်ချလိုက်သည်။ပြီးတာနဲ့ သူ့ရဲ့နေရာလွှတ်မှ ရေဗူးအချို့ကို ထုတ်ယူကာ လူတိုင်းကို ဝေပေးလိုက်သည်။

သူက အပြင်ဘက်ကို သတိကြီးစွာနဲ့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်မှ လူအုပ်ကြီးရဲ့ အနားသို့ ပိုမိုတိုးကပ်သွားလိုက်ရင်း အသံကို တိုးနိုင်သမျှ တိုးကာ လျှို့ဝှက်စွာဖြင့် သတိပေးလိုက်သည် " ကျေးဇူးပြုပြီး... ကျွန်တော်တို့တွေ ပြောမယ့်အခုကိစ္စကို အပြင်လူတွေ မသိသွားအောင် အသံအကျယ်ကြီး မပြောကြပါနဲ့"

All Chapters