← Chapters

အခန်း ၃၆၅

Vol. 25 Ch. 365

အခန်း ၃၆၅

Vol. 25 Ch. 365

အခန်း-(၃၆၅)

ရှောင်ချီရဲ့ လျှို့ဝှက်လွန်းလှတဲ့ အပြုအမူကြောင့် အသက်ရှင်ကျန်ရစ်သူတွေရဲ့ စုစုစပ်စပ် သိချင်စိတ်က အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တယ်။ အမျိုးသမီးငယ်တစ်ယောက်က သူ့ကိုကြည့်ပြီး တိုးတိုးလေးမေးမြန်းလိုက်တယ်။ "ရဲဘော်၊ ဘာလို့ ကျွန်မတို့က ဒီအကြောင်းကို အကျယ်ကြီး မပြောနိုင်ရတာလဲ။ အဲဒီအခြေစိုက်စခန်းက မကောင်းလို့လား"

ရှောင်ချီက ခေါင်းခါလိုက်ပြီး "လုံးဝမဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ လင်အန်းမြို့ရဲ့ အခြေစိုက်စခန်းက ဒီအခြေစိုက်စခန်းထက် အဆပေါင်းများစွာ ပိုကောင်းတယ်။ လင်အန်းအခြေစိုက်စခန်းကတော့ လူတိုင်းအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးထားရုံတင်မကဘဲ စားနပ်ရိက္ခာတွေလည်း အများကြီးရှိပြီး ရောင်းဖို့ ဒါမှမဟုတ် ငှားဖို့ တိုက်ခန်းတွေနဲ့ အိမ်ငယ်လေးတွေလည်း အများကြီး ပြင်ဆင်ထားတယ်" လို့ ပြန်ဖြေလိုက်တယ်။

ဒါကိုကြားတော့ အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က "ရဲဘော် ၊ အခြေစိုက်စခန်းက အလုပ်အကိုင်တွေ ပေးရင်တောင်မှ ကျွန်မတို့က ဘာစူပါပါဝါမှ မရှိတဲ့ သာမန်လူတွေပါ။ အဲဒီမှာ ဘာအလုပ်ရနိုင်မှာလဲ" လို့ စိုးရိမ်တကြီး ဆိုလာတယ်။

"ဟုတ်တယ် ။ ငါတို့တွေ ဒီမှာနေရင်တောင် အနည်းဆုံးတော့ အရည်ကျဲကျဲ ဆန်ပြုတ်ခွက် တစ်ဝက်လောက်တော့ ရနိုင်သေးတယ်။ ထွက်သွားပြီးတော့မှ နေရာအသစ်မှာ ငတ်ပြီးသေသွားနိုင်တယ်လေ" လို့ အသက်ရှင်ကျန်ရစ်သူ နောက်တစ်ယောက်ကလည်း ဝင်ပြောသည်။

ရှောင်ချီက သူတို့ကို ဝေ့ကြည့်လိုက်ပြီး "အားလုံးပဲ ဒီကိစ္စကို ဘယ်သူကမှ စိတ်ပူစရာမလိုဘူး။အဲဒီ အခြေစိုက်စခန်းက စွမ်းရည်အသုံးပြုသူတွေကိုပဲ ငှားရမ်းတာမဟုတ်ဘူးလေ သာမန်လူတွေကိုလည်း ငှားရမ်းပါတယ်" လို့ ပြောလိုက်တယ်။

"လစဉ်တိုင်းရဲ့ လစာအတွက်ကတော့ အလုပ်သမားတွေသာ အမြဲတမ်းနေထိုင်သူတွေဆိုရင် အမှတ်တွေကို အသုံးပြုပြီး အလုပ်သမားတွေရဲ့ လစာကို ပေးချေမှာပါ။ ယာယီနေထိုင်သူတွေဆိုရင်တော့ အမြုတေတွေနဲ့ ပေးချေမှာပါ။ ဒီအမှတ်တွေကို အိမ်ငှားဖို့ ဒါမှမဟုတ် ဝယ်ယူဖို့ ၊ ထောက်ပံ့ရေးပစ္စည်းတွေ ဝယ်ယူဖို့နှင့် အမြုတေတွေအဖြစ် ပြောင်းလဲဖို့ရာမှာ အသုံးပြုနိုင်ပါတယ်"

"အဲဒီမှာက အားလုံးဝယ်ရမှာလား" လို့ အဘွားအိုတစ်ယောက်က မေးလိုက်တယ်။

"စခန်းအတွက် အလုပ်လုပ်ပေးမယ်ဆိုရင် လစာအပြင် လစဉ် သတ်မှတ်ထားတဲ့ ရိက္ခာပမာဏတစ်ခုလည်း ရရှိမှာပါ။ အစောင့်တပ်ဖွဲ့တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေအတွက်ကတော့ သူတို့ရတဲ့ လစာနဲ့ ရိက္ခာက သာမန်အလုပ်သမားတွေထက် ပိုများမှာပါ" ဟု ရှောင်ချီက ပြန်ဖြေလိုက်သည်။

အသက်ရှင်ကျန်ရစ်သူများသည် သူရဲ့စကားများကြောင့် အံ့အားသင့်သွားကြတယ်။ သူ့ရဲ့ ရှင်းပြချက်အရဆိုရင် လင်အန်းမြို့ရဲ့အခြေစိုက်စခန်းသည် ဤငရဲပြည်ထဲက ကောင်းကင်ဘုံကြီးကဲ့သို့ တစ်ခုလိုမျိုး ထင်မှတ်စရာပါပဲ။ ဒါပေမဲ့... အခုလို ဆိုးဝါးလှတဲ့ ကမ္ဘာပျက်ကပ် ခေတ်ကြီးထဲမှာ အဲဒီလောက်အထိ တကယ်ပဲ ကောင်းမွန်နိုင်ပါ့မလားဟု သူတို့တွေ သံသယ ဝင်နေခဲ့ကြဆဲ ဖြစ်ပါတယ်။

သူတို့တွေ မယုံကြည်နိုင် ဖြစ်နေကြတာကို သတိပြုမိတော့ ရှောင်ချီက သူ့ရဲ့ လည်ပင်းက ဆွဲကြိုးကို ဆွဲထုတ်လိုက်ပြီး အဲဒီမှာ ချိတ်ဆွဲထားတဲ့ သံပြားလေးကို ပြလိုက်ပြီး "ကြည့်ပါဦး ၊ ဒါက လင်အန်းမြို့ကနေ အမြဲတမ်းနေထိုင်သူတွေအတွက် ထုတ်ပေးထားတဲ့ အိုင်ဒီကတ်ပါ" လို့ ပြောလိုက်တယ်။

ပြီးတော့ သူ့ပိုက်ဆံအိတ်ကို ထုတ်ကာ ATM ကတ်နဲ့ဆင်တူတဲ့ ကတ်တစ်ခုကို ထုတ်ယူပြီး "ဒါက ပွိုင့်ကတ်ပဲ ပစ္စည်းတွေဝယ်ချင်ရင် စက်မှာ စကင်ဖတ်လိုက်ရုံပဲ။ မစ်ရှင်တစ်ခုပြီးမြောက်တဲ့အခါ ဒါမှမဟုတ် လစာရတဲ့အခါတွေမှာဆို ရမယ့်ပွိုင့်တွေကို ကတ်တွေထဲ တိုက်ရိုက်ထည့်ပေးမှာပါ" လို့ ပြောလိုက်တယ်။

" ဒါပေမယ့် လျှပ်စစ်မီးနဲ့ တခြားအရာ တွေအားလုံးက ပျက်စီးသွားပြီ မဟုတ်လား။ ဒီလင်အန်းမြို့ရဲ့ အခြေစိုက်စခန်းက ဘယ်လိုလုပ်ပြီး ဒီလို နည်းပညာမျိုးတွေကို ဘယ်လိုနည်းနဲ့ သုံးနိုင်နေသေးတာလဲဟင်" ဟု အမျိုးသမီးငယ်တစ်ဦးက သံသယဖြင့် မေးလိုက်သည်။

ဒါကိုကြားတော့ ရှောင်ချီက ရယ်လိုက်ပြီး "ညီမရေ ၊ အဲဒါက တခြားစခန်းတွေရဲ့ ခေါင်းဆောင်တွေက စက်ပစ္စည်းတွေနဲ့ ကုန်ကြမ်းတွေကို မရှာဖွေနိုင်ကြလို့လေ ပြီးတော့ ဆိုလာပြားတွေလည်း မရနိုင်ဘူးလေ။ လင်အန်းမြို့စခန်းမှာက ဆိုလာပြားတွေနဲ့ မီးစက်တွေ အများကြီးရှိတယ်။ နောင်အနာဂတ်မှာဆို အိမ်တိုင်းက လျှပ်စစ်မီး အသုံးပြုနိုင်လာလိမ့်မယ်" လို့ ပြောလိုက်တယ်။

သူ့ရဲ့ စကားတွေကို ကြားလိုက်ရတဲ့အခါ လူတိုင်းရဲ့ရင်ထဲမှာ အတိုင်းမသိ လှုပ်ခတ်သွားခဲ့ကြပြီး လင်အန်းမြို့ အခြေစိုက်စခန်းဆိုတာကြီးကို သွားရောက် မြင်တွေ့ချင်စိတ်တွေ ပြင်းပြလာခဲ့ကြတော့တယ်။ ဒါပေမယ့် ခဏတာ စိတ်လှုပ်ရှားပြီးနောက်မှာတော့ နောက်ထပ်မေးခွန်းတစ်ခုက သူတို့စိတ်ထဲမှာ ပေါ်လာပါတယ်။

"အစ်ကိုရယ် ၊ ကျွန်မတို့က အဲဒီကိုသွားချင်ရင်တောင်မှ လင်အန်းမြို့က မြို့တော်နဲ့ အရမ်းဝေးတယ်။ မြို့ကို မရောက်ခင်မှာပဲ ဇွန်ဘီတွေရဲ့ လက်ချက်နဲ့ သေသွားနိုင်တယ်" ဟု အမျိုးသမီးငယ်တစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။

ဒါကိုကြားတော့ ရှောင်ချီက ပြုံးလိုက်ပြီး "အမှန်အတိုင်း ပြောရရင် တကယ်တော့ ကျွန်တော့်တို့အဖွဲ့ ဒီကိုရောက်လာတာက မြို့တော်က လူတိုင်းကို လင်အန်းမြို့ဆီ ရွှေ့ပြောင်းပေးဖို့ပါ။ ဒီကိစ္စကို ဒုဗိုလ်မှူးနဲ့ ဆွေးနွေးပြီးပါပြီ။ ဒါပေမယ့် သူက ကျွန်တော်တို့ရဲ့အစီအစဉ်ကို ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မိသားစုတွေကိုပဲ ပြန်ခေါ်သွားဖို့ ဖြစ်လာတာပါ" လို့ ရှင်းပြလိုက်သည်။

သူ ဒီစကားကို ပြောလိုက်တာနဲ့ လူတိုင်းရဲ့ မျက်လုံးတွေက ပြူးကျယ်သွားကြပြီး မယုံကြည်နိုင်ဖြစ်နေကြတယ်။

သူတို့ဟာ ဒီအခြေစိုက်စခန်းမှာ ခွေးတွေထက် ပိုဆိုးတဲ့ဘဝနဲ့ ကြာရှည်စွာ ဖြတ်သန်းခဲ့ကြပေမယ့် အထက်လူကြီးတွေကတော့ သူတို့ရဲ့ ဘဝအခြေအနေတွေကို ဘာမှတိုးတက်အောင် မလုပ်ပေးခဲ့ကြပါဘူး။ ဇွန်ဘီအရေအတွက်ကလည်း ကြောက်စရာကောင်းလောက်အောင် များပြားလွန်းတာကြောင့် သူတို့မှာ အပြင်ထွက်လို့တောင် မရခဲ့ကြပါဘူး။

သူတို့တွေက ရိက္ခာတွေကို အလကား စားနေကြတာ မဟုတ်ပါဘူး အခြေစိုက်စခန်းအတွက် အလှည့်ကျအလုပ်လုပ်ပေးနေရပါတယ်။ ဒါပေမယ့် လစာမရရုံတင်မကဘူး တစ်နေ့တာရဲ့ စားသောက်ရတဲ့ ဝေစုတွေကလည်း တစ်ရက်ထက်တစ်ရက် ပိုပြီးတော့ နည်းပါးလာခဲ့ရတာ မဟုတ်ဘူးလား။

အခုတော့ တစ်ယောက်ယောက်က လူတိုင်းကို ကယ်တင်ဖို့ ဖြေရှင်းချက်တစ်ခု ထွက်လာတဲ့အခါမှာ ဒုဗိုလ်မှူးက သူတို့ကို ငြင်းပယ်ခဲ့တယ်။ ဒီအခြေစိုက်စခန်းဟာ သူတို့တွေ ရေရှည်နေဖို့ ကောင်းတဲ့ ရွေးချယ်မှု မဟုတ်ဘူးလို့ ထင်ရတယ်။

ဒီလို သုံးသပ်ချက်ချပြီးတဲ့အခါမှာ‌တော့ အသက်ရှင်ကျန်ရစ်သူတစ်ဦးက ဒေါသတကြီးဖြင့်ပြောလိုက်သည် "ငါတို့ကိစ္စနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို ဒုဗိုလ်မှူးဆီ ဘယ်သူကပေးလိုက်တာ။ ငါတို့သာ ဒီနေရာက ထွက်သွားချင်ရင် ဘယ်သူကမှ ငါ့တို့ကို တားဆီးလို့မရဘူး"

သူမရဲ့ စကားကိုကြားတဲ့အခါမှာ‌တော့ ကျန်ရှိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေကလည်း သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ကြပါတယ်။

ဒါကိုမြင်တော့ ရှောင်ချီရဲ့နှုတ်ခမ်းထောင့်တွေက မြင့်တက်သွားပြီး "အစ်မသာ ကျွန်တော်တို့နဲ့ အတူထွက်သွားချင်ရင် အဲကိစ္စက မဖြစ်နိုင်တာ‌တော့ မဟုတ်ဘူး" လို့ စကားလမ်းကြောင်း ပေးလိုက်တယ်။

ဒါကိုကြားတော့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ မျက်လုံးတွေ တောက်ပသွားပြီး တစ်ယောက်က "မောင်လေး၊ ငါတို့တွေက ဘာလုပ်သင့်လဲ" လို့ အားကိုးတကြီး မေးလိုက်တယ်။

ရှောင်ချိီက သူတို့ကို အနီးဆီတိုးလာဖို့ လက်ဟန်ပြပြီး "အခုအချိန်မှာတော့ ကျွန်တော့်တို့အဖွဲ့က လူတိုင်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ ယာဉ်တွေကို ရှာဖွေနေတယ်။ ယာဉ်တွေရတာနဲ့ လူတွေကို သယ်ယူပို့ဆောင်ရေး ချက်ချင်းစတင်ပါမယ်" လို့ ရှင်းပြလိုက်တယ်။

"ကျွန်တော်တို့မှာက လူအင်အား အကန့်အသတ်နဲ့ရှိလို့ ဒီသတင်းကို ပြန်မဖြန့်နိုင်ဘူး။ ဒီက အစောင့်စစ်သားတွေ မသိအောင် ခင်ဗျားတို့အားလုံးက သတင်းကို တိတ်တဆိတ်ဖြန့်ဝေပေးနိုင်မယ်ဆိုရင်တော့ လင်အန်းမြို့ အခြေစိုက်စခန်းကို အတူတူ သွားနိုင်မှာပေါ့"

အသက်ရှင်ကျန်ရစ်သူများက ဤစကားကိုကြားသောအခါမှာ ခေါင်းညိတ်ကြသည်။ ခဏအကြာတွင်မှ အမျိုးသမီးတစ်ဦးက ဝမ်းနည်းစွာပြောလာသည် "ဒါပေမယ့် စစ်စခန်းက ကျွန်မရဲ့ခင်ပွန်းနဲ့သားကို ခေါ်သွားတယ်လေ ။ သူတို့မပါဘဲ ကျွန်မ ထွက်သွားမှာမဟုတ်ဘူး"

ဒါကိုကြားတော့ ရှောင်ချီက ခေါင်းညိတ်ပြီး "ကျွန်တော့်တို့အဖွဲ့က ဒီကိစ္စကို သိပြီးပါပြီ အခုလည်း အခြေစိုက်စခန်းကို စုံစမ်းစစ်ဆေးနေတယ်။ သူတို့ကို ကယ်တင်ဖို့ ကျွန်တော်တို့က အကောင်းဆုံး ကြိုးစားပါ့မယ်"

"ဒါပေမယ့် သူတို့ရဲ့မိသားစုဝင်တွေက ဒီစခန်းမှာပဲရှိနေသေးတာဆိုရင် ကျွန်တော်တို့က သူတို့ကို ကယ်တင်ပြီးတဲ့နောက်မှာတောင် သူတို့က ထွက်သွားကြမှာမဟုတ်ဘူး။ အစ်မလိုပဲ အစ်မရဲ့ခင်ပွန်းနဲ့သားကလည်း အစ်မ ဒီမှာရှိနေသေးလို့ ထွက်သွားဖို့ ဆန္ဒမရှိလောက်ဘူး။ ဒါကြောင့် ကျွန်တော်တို့တွေက သူတို့ကို မကယ်တင်ခင်မှာ အရင်ဆုံး ဒုဗိူလ်မှူးဆီမှာ ဓားစာခံတွေ မရှိအောင် သေချာလုပ်ရမယ်"

ရှောင်ချီရဲ့ စကားကို ကြားရပြီးတော့မှ အသက်ရှင်ကျန်ရစ်သူတွေက နားလည်သွားပြီး "ရဲဘော်၊ မင်းတို့အဖွဲ့အစား ဒီသတင်းပျံ့သွားအောင် ကျွန်မတို့ကူညီပါ့မယ်။ အရာအားလုံးကအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ရှင်တို့နဲ့အတူ ကျွန်မတို့ထွက်သွားမှာပါ။ မင်းတို့က ကျွန်မတို့မိသားစုတွေကို ကယ်တင် ပေးလိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်" လို့ ပြောလိုက်တယ်။

"စိတ်မပူပါနဲ့၊ ကျွန်တော်တို့က အကောင်းဆုံး ကြိုးစားပါ့မယ်" ရှောင်ချီက ကတိပြုလိုက်လိုက်သည်။

All Chapters