← Chapters

အခန်း ၃၆၆

Vol. 25 Ch. 366

အခန်း ၃၆၆

Vol. 25 Ch. 366

အခန်း-(၃၆၆)

ရှောင်ချီက သူ့စကားဆုံးပြီးသည်နဲ့ သူ့ရဲ့နေရာလွတ်ကနေ ရေဗူးအတော်များများ၊ ဘီစကွတ်ဗူးအတော်များများနှင့် သကြားလုံးဗူးအတော်များများကို ထုတ်ယူလိုက်သည်။

ရိက္ခာပစ္စည်းများကို မြင်သည်နှင့်တစ်ပြိုင်နက်တည်း အသက်ရှင်ကျန်ရစ်သူများစွာက တံခါးဆီသို့ အလျင်အမြန် ပြေးသွားပြီး အစောင့်စစ်သားများရဲ့ မြင်ကွင်းကို ပိတ်ဆို့ရန် သူတို့ရဲ့ခန္ဓာကိုယ်များကို အသုံးပြုခဲ့ကြသည်။

"အစ်ကိုရေ ၊ ဘာလို့ ဒီလောက်များတဲ့ ပစ္စည်းတွေအများကြီးကို ယူထုတ်လိုက်တာလဲ။ အစောင့်စစ်သားတွေ သိသွားရင် အားလုံးကို ယူသွားလိမ့်မယ်" ဟု အမျိုးသမီးငယ်တစ်ဦးက စိုးရိမ်တကြီး ဆိုရှာသည်။

"သူတို့ သတ္တိမရှိဘူး" ဟု ရှောင်ချီက ယုံကြည်မှုရှိစွာ ပြန်လည် တုံ့ပြန်လိုက်တယ်။

ခဏလောက် ငြိမ်သက်သွားပြီးနောက် သူက ဆက်ပြောသည် "သတင်းတွေ ဖြန့်ဝေနေချိန်မှာပဲ ဒီပစ္စည်းတွေကို လူတိုင်းဆီ မျှဝေပေးလိုက်ပါ။ မနက်ဖြန်ကြရင် ကျွန်တော် ပြန်လာမှာအဲအခါကြမှ ပစ္စည်းတွေ ထပ်ယူလာခဲ့မယ်။ ဒီငရဲခန်းကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက်... အရင်ဆုံး ခန္ဓာကိုယ်မှာ အင်အားရှိနေဖို့ လိုအပ်တယ်။

ဒါကိုကြားတော့ လူတိုင်းရဲ့ မျက်လုံးတွေကနီရဲသွားပြီး ခေါင်းညိတ်ကြတယ်။ နှလုံးသားနူးညံ့သူတချို့က‌တော့ ငိုတောင်ငိုကြပါတယ်။

ဒါကိုမြင်တော့ ရှောင်ချီတစ်ယောက် ကြောင်အသွားရပြီး "အားလုံးပဲ၊ မငိုကြနဲ့။ အခုချိန်မှာက အချိန်က အရမ်းတန်ဖိုးရှိတယ်။ လူတိုင်းကို နေရာရွှေ့ပြောင်းပေးဖို့က ကျွန်တော့်တို့မှာ အချိန်တစ်ပတ်ပဲရတယ်။ ဒါကြောင့် အချိန်မဖြုန်းကြပါနဲ့၊ ပြီးတော့ သတင်းဖြန့်တဲ့အခါမှာလည်း သတိထားကြပါ" လို့ သတိပေးလိုက်တယ်။

အသက်ရှင်ကျန်ရစ်သူများသည် ရိက္ခာများကို လျင်မြန်စွာ ခွဲဝေပြီး ကျန်တာတွေကိုတော့ ဝှက်ထားလိုက်ကြတယ်။ သူတို့အားလုံး အဆင်သင့်ဖြစ်သွားတဲ့ အခါမှာတော့... ရှောင်ချီကို ခေါင်းညိတ်ပြကာ သတင်းကို ဖြန့်ဝေရန် အခန်းထဲမှ ထွက်ခွာသွားကြသည်။

ဒီအချိန်မှာပဲ အခြေစိုက်စခန်းရဲ့ ထောင့်တိုင်းမှာ အလားတူအခြေအနေမျိုးတွေ ဖြစ်ပျက်သွားခဲ့ပါတယ်။ ဖုန်းယွင်နှင့် ရှောင်ချီတို့မှာပဲ အာကာသစွမ်းရည်ရှိတယ်ဆိုပေမယ့် တခြားအဖွဲ့ဝင်တွေကတော့ သူတို့ရဲ့ ကျောပိုးအိတ်တွေကို သယ်ဆောင်သွားခဲ့ကြပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ကျောပိုးအိတ်ထဲက ရိက္ခာတွေကို အသက်ရှင်ကျန်ရစ်သူတွေဆီသို့ စိတ်ကြိုက် ခွဲဝေပေးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း... ဒါဟာ မြို့တော်အခြေစိုက်စခန်းနဲ့ ယှဉ်ရင် လင်အန်းမြို့အခြေစိုက်စခန်းက ပိုကောင်းသောရွေးချယ်မှုဖြစ်ကြောင်းကို သက်သေပြနိုင်မည်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အသက်ရှင်ကျန်ရစ်သူများက အလွန်အားနည်းနေသောကြောင့် ၎င်းတို့သည် တစ်ခုခုစားပြီး ခွန်အားပြန်လည်ရရှိရန် လိုအပ်ပါသည်။

ရှောင်ချီတစ်ယောက် မိမိရဲ့ တာဝန်တွေကို ပြီးဆုံးအောင် ဆောင်ရွက်ပြီးတဲ့နောက်မှာတော့... သူ့ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ မိသားစုဝင်တွေဆီသို့ လျှောက်လှမ်းသွားခဲ့ပြီး "လူတိုင်းပဲ၊ ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်တို့က မြို့တော်ကနေ ထွက်ခွာသွားမှာပါ။ အခုချိန်မှာတော့ လင်အန်းမြို့အခြေစိုက်စခန်းအကြောင်းကို သတင်းဖြန့်ဝေဖို့ ခင်ဗျားတို့ရဲ့ အကူအညီ လိုအပ်ပါတယ်" လို့ ဆိုလိုက်တယ်။

"ငါတို့က မင်းတို့ကပ္ပတိန်ရဲ့ အစီအစဉ်ကို ကျင်းဇီဆီကနေ ကြားသိပြီးပါပြီ။ မင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ပါ့မယ်" လို့ အမေချင်က ခေါင်းညိတ်ပြီး ပြောလိုက်တယ်။

"အန်တီချင်... ကျွန်တော်က ကျွန်တော့်တို့အဖွဲ့ကို အန်တီတို့ရဲ့ အခြေအနေအားလုံးကို အကြောင်းကြားပေးပါ့မယ်။ အစ်ကိုချင်နဲ့က လောလောဆယ်မှာ တွေ့ဆုံနိုင်ဦးမှာ မဟုတ်ပေမယ့် ရက်အနည်းငယ်ကြာရင် သူနဲ့ ပြန်ဆုံနိုင်မှာပါ" ဟု ရှန်းကျင်းဇီက နှစ်သိမ့်စကား ဆိုလိုက်သည်။

အမေချင်က ခေါင်းညိတ်ပြီး အက်ကွဲကွဲအသံနဲ့ ပြန်ဖြေတယ် "အန်တီသား အသက်ရှင်နေသရွေ့ အရာအားလုံးက အဆင်ပြေပါတယ်။ အန်တီက ဒီလောက်အကြာကြီး စောင့်ခဲ့ရတာပဲ မလား ။ နောက်ထပ် ရက်နည်းနည်းလောက် စောင့်ရတာက ဘာမှ ထူးသွားမှာ မဟုတ်ပါဘူး"

ရှန်းကျင်းဇီက သူ့အမေနှင့် အဖွားဖြစ်သူရဲ့လက်ကို ဆုပ်ကိုင်ပြီး "အမေ ၊ အဖွား၊ ကျွန်တော်မှာက အခုတော့ သွားစရာရှိ သေးတယ်။ မနက်ဖြန်မနက်ကျမှ အဖွားဆီ ထပ်လာခဲ့မယ်" လို့ ပြောလိုက်တယ်။

အမေရှန်းက သားဖြစ်သူရဲ့လက်ကို ခဏလောက်ကြာအောင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီးနောက် လွှတ်ပေးလိုက်ပြီး "သတိထား" လို့ပြောလိုက်တယ်။

"အမေ ၊ ကျွန်တော် ကောင်းကောင်းဂရုစိုက်ပါ့မယ်။ စိတ်မပူပါနဲ့" ဟု ရှန်းကျင်းဇီက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

သူတို့နှစ်ယောက်ဟာ မိသားစုဝင်တွေအတွက် ရိက္ခာပစ္စည်းအချို့ ချန်ထားခဲ့ပေးပြီးနောက်မှ နှစ်ယောက်သားက အခန်းထဲက ထွက်ကာ သတင်းဖြန့်ဖို့အတွက် တခြားနေရာများကို ဆက်သွားကြတယ်။

လင်အန်းမြို့အခြေစိုက်စခန်းရဲ့ သတင်းအကြောင်းက အသက်ရှင်ကျန်ရစ်သူများကြားတွင် အပြင်းအထန်ပျံ့နှံ့နေပေမယ့် အစောင့်စစ်သားများနှင့် ခေါင်းဆောင်များကတော့ ဤအကြောင်းကို ဘာမှမသိကြပေ။ အသက်ရှင်ကျန်ရစ်သူများက ယခင်ကထက် ပိုမိုတည်ငြိမ်လာတာကို သတိပြုမိကြသော်လည်း သူတို့က ဒီအကြောင်းကို သိပ်မစဉ်းစားခဲ့ကြဘူး။

တစ်ချိန်တည်းမှာပင်၊ ချင်လူဇီ သည် အသက်ရှင်ကျန်ရစ်သူများရဲ့ မိသားစုဝင်များကို ဖမ်းဆီးခံထားသည့် နေရာအား ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ သူက ချန်ချန်းရှောင်ရဲ့ အခန်းသို့ ပြန်သွားပြီး သူ့ရဲ့အဖွဲ့ဝင်များ ပြန်ရောက်လာသည်အထိ စောင့်ဆိုင်းခဲ့သည်။

ကျိူးလီဇီနှင့် ကျင်းရွှီယန်းတို့ နှစ်ယောက်ကတော့ လေဆိပ်ကို မော်တော်ဆိုင်ကယ်စီးကာ လာကြတယ်။ ဇွန်ဘီတွေ အရမ်းများတာကြောင့် ခရီးဆက်နိုင်ဖို့အတွက် လမ်းမှာပိတ်ဆို့နေတဲ့ ဇွန်ဘီတွေကို ဖယ်ရှားဖို့ရန် အနည်းဆုံး နာရီဝက်လောက်ကြာအောင် အကြိမ်ကြိမ် ရပ်နားခဲ့ရတယ်။

သူတို့နှစ်ယောက် လေဆိပ်ကိုရောက်တဲ့အခါမှာတော့ နေလုံးကြီးက အနောက်ဘက်မိုးကုပ်စက်ဝိုင်းထဲ ငုံ့ဝင်သွားခဲ့ပါပြီ။ ဒါကိုမြင်တော့ ကျင်းရွှီယန်းက မော်တော်ဆိုင်ကယ်ကို အဲဒီနေရာက စွန့်ပစ် အဆောက်အအုံတစ်ခုဆီ ဦးတည်မောင်းနှာင်သွားခဲ့သည်။

လေဆိပ်အနီးတွင် ကုန်ပစ္စည်းများ သို့မဟုတ် ပါဆယ်များ သိမ်းဆည်းရန် ဂိုဒေါင်များအဖြစ် အသုံးပြုသည့် နေရာများစွာ ရှိသည်။ ထိုနေရာကို မောင်းနှင်လာစဉ်တွင်ပဲ ကျိူးလီဇီက ပြောလိုက်သည် "အစ်ကိုယန်း ၊ ကျွန်မတို့တွေ ရောက်နေပြီဆိုတော့ အဲဒီကဂိုဒေါင်တွေကို စစ်ဆေးကြည့်လိုက်ရအောင်လား"

"မနက်ဖြန်ကြမှ အဲဒီကို သွားကြမယ်။ ညဉ့်နက်နေပြီဆိုတော့ အပြင်မှာနေတာက မလုံခြုံဘူး"

ဒါကိုကြားတော့ ကျိူးလီဇီက သူမရဲ့လက်ပတ်နာရီကိုကြည့်လိုက်ပြီး "ကောင်းပြီ" လို့ ပြန်ဖြေလိုက်တယ်။

သူတို့နှစ်ယောက်ဟာ ဘေးကင်းတဲ့ အဆောက်အဦးတစ်ခုကို ရှာတွေ့ပြီးနောက်မှ မော်တော်ဆိုင်ကယ်ကို ရပ်လိုက်တယ်။ ကျိူးလီဇီက လက်ကို ဝှေ့ယမ်းပြီး မော်တော်ဆိုင်ကယ်ကို သူမရဲ့နေရာလွတ်မှာ သိမ်းဆည်းလိုက်တယ်။ ချင်လူဇီမပါတာကြောင့် သူတို့နှစ်ယောက်ဟာ အဆောက်အဦးထဲမှာ ဇွန်ဘီတွေ ရှိမရှိကို မသိကြဘူး။

သူတို့နှစ်ယောက်ဟာ သူတို့ရဲ့လက်နက်တွေကို ဆွဲထုတ်ပြီး အဆောက်အဦးဆီကို လျှောက်သွားကြတယ်။ ဂိတ်နားကို လျှောက်သွားလိုက်တာနဲ့ အတွင်းဘက်က ဇွန်ဘီတွေရဲ့ စိတ်လှုပ်ရှားစွာ ဟိန်းဟောက်သံနှင့် ထုရိုက်သံတွေကို ကြားလိုက်ရသည်။

"ဒုန်း ဒုန်း"

"ဂါးးး"

ခြံဝန်းအထဲဘက်ထဲမှ ဇွန်ဘီငါးကောင်က တံခါးပေါက်ကနေတဆင့် သူတို့ရဲ့ပုပ်နေတဲ့ လက်တွေကို ဆန့်ထုတ်နေကြတယ်။ ဒါကိုမြင်တော့ ကျင်းရွှီယန်းက သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ကာ မီးတောက်ငါးခုကကို ဇွန်ဘီတွေဆီ ပျံသန်းသွားစေလိုက်တယ်။

"ဝှက်ရှ်...

အနက်ရောင်မီးတောက်သည် ဇွန်ဘီများကိုထိတွေ့လိုက်တာနှင့် ချက်ချင်းလောင်ကျွမ်းသွားပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ပြာပုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကျိူးလီဇီက အမြုတေများကို သိမ်းလိုက်ပြီးတဲ့နောက်မှ သူတို့နှစ် ယောက်က တံခါးကိုကျော်၍ ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့ကြသည်။

ဒီအဆောက်အဦးက ခေါက်ဆွဲဆိုင်တစ်ဆိုင်ပါ။ ဇွန်ဘီတွေရဲ့ အဝတ်အစားတွေအရဆိုရင် သူတို့က ပိုင်ရှင်နှင့် သူ့မိသားစုဝင်‌တွေ ဖြစ်နိုင်တယ်။ ကျင်းရွှီယန်းက ဆိုင်တံခါးကိုတွန်းဖွင့်လိုက်တဲ့အခါမှာပဲ သူ့ရဲ့အခြားလက်ရဲ့ လက်ဖဝါးကို ဖြန့်လိုက်တော့ မီးတောက်လေးတစ်ခုက အပေါ်ကို လွင့်ပျံလာပြီး အခန်းလေးကို လင်းသွားစေသည်။

သူတို့နှစ်ယောက်က အခန်းထဲကို အလျင်စလိုမဝင်ဘဲ အခြေအနေကို အရင်ဆုံးစစ်ဆေးလိုက်သည်။ ကျင်းရွှီယနရဲ့ မီးတောက်က လုံလောက်အောင် မလင်းတာကြောင့် ကျိူးလီဇီက သူမနေရာလွတ်ကနေ လက်နှိပ်ဓာတ်မီးတစ်လက်ကို ထုတ်ယူလိုက်တယ်။

သူမက ဓာတ်မီးကို ဖွင့်လိုက်တဲ့ အခိုက်အတန့်မှာပဲ အခန်းတွင်းက အခြေအနေအားလုံးကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့လိုက်ရပါပြီ။ ဖုန်ထူထူအလွှာတစ်ခုကလွဲလို့ အခန်းထဲမှာ တိုက်ပွဲရဲ့ လက္ခဏာတစ်စုံတစ်ရာကိုမှ မတွေ့ရပါဘူး။

"အစ်ကိုယန်း ၊ အထဲမှာ ဇွန်ဘီတွေ ထပ်မရှိလောက်တော့ဘူး" ဟု ကျိူးလီဇီက ဆိုလိုက်သည်။

ကျင်းရွှီယန်းက ခေါင်းညိတ်ကာ တုံ့ပြန်ပြီး "အပေါ်ထပ်တွေကိုပါ သွားကြည့်ကြရအောင်" လို့ ပြောလိုက်တယ်။

"ကောင်းပြီ"

သူတို့နှစ်ယောက်က ဒုတိယထပ်ကို မသွားခင်မှာ မီးဖိုချောင်နှင့် ထမင်းစားခန်းကို အရင် သွားစစ်ဆေးလိုက်ကြသည်။

All Chapters