← Chapters

အခန်း ၃၆၈

Vol. 25 Ch. 368

အခန်း ၃၆၈

Vol. 25 Ch. 368

အခန်း-(၃၆၈)

ရုတ်တရက်ဖြစ်လာ‌သော အခြေအနေကြောင့် အစောင့်စစ်သားများက ထိတ်လန့်သွားကြသည်။ အခြေအနေက ပိုဆိုးလာမည်ကို စိုးရိမ်သောကြောင့် အစောင့်စစ်သားတစ်ဦးက အထက်လူကြီးများကို သတင်းပို့ရန် အလျင်အမြန်သွားခဲ့ပြီး ကျန်တဲ့အစောင့်စစ်သားများကတော့ သေနတ်များကို မြှောက်ကာ အသက်ရှင်ကျန်ရစ်သူများကို ချိန်ရွယ်လိုက်ကြသည်။

"ပါးစပ်ပိတ်ထားပြီး ငြိမ်ငြိမ်‌နေပါ။ မဟုတ်ရင်တော့ ငါတို့က မင်းတို့ကို ပစ်ရလိမ့်မယ်"

အစောင့်စစ်သားများက သူတို့ကို သေနတ်များဖြင့် ချိန်ရွယ်ထားတာကို မြင်သောအခါတွင် ဤအခြေစိုက်စခန်းမှ ထွက်ခွာရန် အသက်ရှင်ကျန်ရစ်သူများရဲ့ ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာခဲ့သည်။ လက်နက်အင်အားရဲ့အရှေ့မှာတော့ သူတို့တွေ ခေါင်းငုံ့လိုက်ကြရုံမှတစ်ပါး အခြား မတတ်နိုင်ခဲ့ပါ။ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း ခံလိုက်ရပြီးတဲ့နောက်မှာတော့ လူအုပ်ကြီးဟာ နောက်ဆုံးတော့ ငြိမ်သက်သွားခဲ့ရရှာပါတယ်။

သိပ်မကြာခင်မှာပဲ ဒုဗ်ိုလ်မှူးရဲ့ လက်ထောက်က စစ်သားတစ်စုကို ဦး‌ဆောင်ပြီး ရောက်လာတယ်။ သူက လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး " ကြည့်ရတာ‌တော့ မင်းတို့အားလုံးက ဗိုက်မဆာကြတာမို့ အခုလို ပြဿနာရှာနိုင်တဲ့ပုံပဲ။ အဲဒီလိုဆိုရင်တော့ ဒီတစ်နပ်စာကို ကျော်သွားလိုက်ရုံပေါ့" လို့ ပြောလိုက်တယ်။

စကားဆုံးတာနဲ့ စစ်သားတွေဘက်ကို လှည့်ပြီးအမိန့်ပေးလိုက်တယ် "ဒီဆန်ပြုတ်အိုးတွေကို အကုန်သယ်သွားပြီး အစောင့်စစ်သားတွေကို ခွဲဝေပေးလိုက်ကြ။တစ်ယောက်ယောက်ကသာ ထပ်ပြီး ပြဿနာရှာရဲရင် ချက်ချင်းပဲ အမှောင်ခန်းထဲကို ပို့လိုက်"

သူရဲ့ဆုံးဖြတ်ချက်ကြောင့် စစ်သားများကအံ့အားသင့်သွားကြသော်လည်း မည်သူကမျှ ပြန်ပြီးမေးခွန်းထုတ်ဝံ့ခြင်း မရှိပေ။ ထို့ကြောင့် သူတို့က ခေါင်းသာညိတ်ပြီး "နားလည်ပါပြီ" ဟု တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြသည်။

အသက်ရှင်သန်ဖို့အတွက် ဒီဆန်ပြုတ်အိုးကိုပဲ အားကိုးနေရတဲ့ အသက်ရှင်ကျန်ရစ်သူများကတော့ ယခုလို ရုန်းရင်းဆန်ခတ်ဖြစ်စေသူများကို ဒေါသတကြီး စိုက်ကြည့်လိုက်ကာ သူတို့ထဲတစ်ယောက်က အပြစ်တင်စကားဆိုလိုက်သည် " အရမ်းကောင်း‌တာပဲ ၊ ခင်ဗျားတို့အားလုံးကို ကျေးဇူးတင်ပါတယ်။ ငါတို့တွေ ထပ်ပြီး ငတ်ကြပြန်ပြီ"

သူတို့အတွက် နောက်ထပ် အစားအစာ မရနိုင်တော့တာကြောင့် အသက်ရှင်ကျန်ရစ်သူတွေသည် စိတ်ပျက်လက်ပျက်နဲ့ မိမိတို့ရဲ့ အခန်းတွေဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ဝင်ရောက်သွားခဲ့ကြတယ်။

တစ်ချိန်တည်းမှာပဲ နတ်ဆိုးအဖွဲ့ဝင်တွေကလည်း ချန်ချန်းရှောင်ရဲ့ အခန်းကို ပြန်သွားကြသည်။

အခုအချိန်မှာတော့ သူတို့တွေဟာ အတူတူ ညစာစားသောက်နေကြတာ ဖြစ်ပါတယ်။ စပ်စုတဲ့သူတွေကို ရှောင်ရှားပြီး ပြဿနာမဖြစ်အောင်ဆိုပြီး ညစာမချက်ခင်ကတည်းပင် တံခါးကို သော့ခတ်ထားလိုက်ကြတယ်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် သယ်ဆောင်ရလွယ်ကူသော ဂတ်စ်မီးဖိုများစွာနှင့် ဂတ်စ်ဘူးများစွာကို စုဆောင်းနိုင်ခဲ့ကြသည်။ သယ်ဆောင်ရလွယ်ကူသော ဂတ်စ်မီးဖိုကို အသုံးပြု၍ ဝက်အူချောင်းများနှင့် အမယ်အစုံပါတဲ့ ခေါက်ဆွဲခြောက်အိုးများစွာကို ချက်ပြုတ်ခဲ့ကြသည်။

အစားအစာကိုကြည့်နေရင်းနဲ့ပဲ ချန်ချန်းရှောင်သည် တံတွေးတွေကို မမျိုချဘဲ မနေနိုင်ဖြစ်ခဲ့ရသည်။

သူက စခန်းမှာ အဆင့်မြင့် ရာထူးတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့လည်း သူနေ့စဉ်ရရှိသော ရိက္ခာများသည် အသက်ရှင်ကျန်ရစ်သူများရရှိသော ရိက္ခာများနှင့် ဘာမှမကွာခြားပါ။ ဒုဗိုလ်မှူးနှင့် အခြေစိုက်စခန်းရှိ အထက်လူကြီးများကသာ အရံဟင်းများနှင့်အတူ ပိုထပ်သော ဆန်ပြုတ်ကို စားနိုင်ကြသည်။

ချန်ချန်းဖုန်းသည် သူ့အစ်ကိုရဲ့တုံ့ပြန်မှုကို သတိပြုမိသောအခါတွင် ရင်နာသွားရသည်။ အစားအစာများ အဆင်သင့်ဖြစ်သောအခါတွင်တော့ သူ့အစ်ကိုနှင့် သူ့အတွက် ပန်းကန်လုံးကြီးနှစ်လုံးနဲ့ ခပ်ယူလိုက်သည်။

ပြီးတာနဲ့ သူ့အစ်ကိုဘေးမှာထိုင်လိုက်ပြီး ပန်းကန်တစ်လုံးကို သူ့အစ်ကိုဆီပေးပြီး "အစ်ကို ၊ မဝသေးရင် ထပ်ယူလို့ရတယ်။ ကျွန်တော်တို့တွေ အများကြီးချက်ထားတယ်" လို့ ပြောလိုက်တယ်။

ချန်ချန်းရှောင်က ညီဖြစ်သူပေးတဲ့ ပန်းကန်လုံးကို လက်ခံပြီး "ညီလေး၊ မင်းတို့အဖွဲ့က တစ်နပ်စာအတွက်ကိုတောင် ဒီလောက်များတဲ့ ရိက္ခာတွေကို သုံးနေတော့ မင်းတို့ရဲ့ရိက္ခာတွေက လုံလောက်ပါ့မလား" လို့ စိုးရိမ်တကြီး မေးမြန်းလိုက်မိတယ်။

အဖွဲ့ဝင်တွေကလည်း သူ့ရဲ့ အမေးစကားကို ကြားလိုက်ပြီး အဖွဲ့ဝင် ဖုန်းယွင်က ပြုံးပြီးပြန်ဖြေလိုက်တယ် "အစ်ကို ချန်းရှောင် ၊ ရိက္ခာတွေအတွက် စိတ်ပူမနေပါနဲ့။ ကျွန်တော်တို့အဖွဲ့မှာက အခြေစိုက်စခန်းတစ်ခုကိုတောင် နှစ်အတော်ကြာ ထောက်ပံ့ပေးနိုင်ဖို့ လုံလောက်တဲ့အထိ ရိက္ခာတွေရှိပါတယ်။ မင်းအနေနဲ့ အေးအေးဆေးဆေး စားနိုင်ပါတယ်"

ဒါကိုကြားလိုက်တော့ ချန်ချန်းရှောင်က ပြုံးသာပြုံးပြီး ဘာမှမပြောလိုက်ပေ။ သူတို့ရဲ့နေရာလွတ်တွေက ဘယ်လောက်ပဲကြီးကြီး ၁၀၀ စတုရန်းမီတာထက် မပိုနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မြို့တော်ရဲ့စခန်းမှာရှိတဲ့ နေရာလွတ်အမျိုးအစား စွမ်းရည်အသုံးပြုသူတွေရဲ့ နေရာလွတ်ကတော့ ၃၀ စတုရန်းမီတာပဲရှိတယ်။

သူဘာတွေတွေးနေမှန်းကို နတ်ဆိုးအဖွဲ့သား‌တွေက မသိကြဘဲ ညစာကိုသာ ကျေနပ်စွာ စားသောက်လိုက်ကြသည်။ညစာ စား ပြီးသွားတဲ့အခါမှာတော့ ချန်ချန်းဖုန်းက ရေဘောလုံးနှစ်လုံး ဖန်တီးလိုက်ပြီး ရှောင်ချီကတော့ ရေဘောလုံးတစ်လုံးထဲကို ဆပ်ပြာရည် အချို့ကို လောင်းထည့်လိုက်သည်။

အဖွဲ့ဝင်တွေက စားသောက်ပြီးသား ပန်းကန်ခွက်ယောက်တွေကို ဆပ်ပြာရည်ပါတဲ့ ရေလုံးကြီးထဲသို့ ထည့်သွင်းလိုက်ပြီးချိန်မှာတော့ ချန်ချန်းဖုန်းက စတင်ပြီး ရေဘောလုံးကို ထိန်းချုပ်လိုက်သည်။ ရေလုံးကြီးက လေထုထဲမှာ ဖြည်းဖြည်းချင်းလည်ပတ်နေပြီး ခဏအကြာမှ လည်ပတ်မှုနှုန်းက ပိုမိုမြန်ဆန်လာခဲ့သည်။

သူတို့ဘေးမှာ ရပ်ပြီးကြည့်နေတဲ့ ချန်ချန်းရှောင် ကတော့ ထိုမြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေသည်။ ရေအမျိုးအစားစွမ်းရည်အသုံးပြုသူတချို့ကသာ ရေကိုထိန်းချုပ်နိုင်ပြီး တချို့ကတော့ ရေကိုသာဖန်တီးနိုင်တယ်ဆိုတာကို သူသိတယ်။ ရေကိုဖန်တီးခြင်းနှင့် ထိန်းချုပ်နိုင်ခြင်းတို့ကို တစ်ပြိုင်နက်တည်းလုပ်နိုင်သူတစ်ယောက်အား သူပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပါတယ်။

ချန်'ပန်းကန်ဆေးသူ' ချန်းဖုန်းက သူ့အလုပ်ပြီးသွားတဲ့အခါတွင်တော့ ချင်လူဇီရဲ့ မီးဖိုချောင်သုံးပစ္စည်းတွေနှင့် ပန်းကန်တွေကို အခြောက်ခံဖို့ အလှည့်ရောက်လာပါတယ်။ ကိစ္စတွေအားလုံး ပြီးသွားတဲ့အခါမှ ရှောင်ချီက အရာအားလုံးကို သူ့နေရာလွတ်ထဲမှာ သိမ်းထားလိုက်သည်။

အရာအားလုံးက ၁၅မိနစ် အတွင်းမှာပဲ ပြီးမြောက်သွားခဲ့သည်။ ချန်ချန်းရှောင် သူရဲ့စိတ်ကို ပြန်လည်ထိန်းချုပ်သွားနိုင်ချိန်တွင်တော့ နတ်ဆိုးအဖွဲ့ဝင်များသည် အခင်းပေါ်တွင် ထိုင်ပြီး သူတို့ရဲ့ လျှို့ဝှက်တာဝန်ရဲ့ရလဒ်များကို အချင်းချင်းမျှဝေနေကြပြီဖြစ်သည်။

သတင်းဖြန့်ဖြူးရေးတာဝန်က ကောင်းမွန်စွာ လည်ပတ်နေသော်လည်း ၊ ဓားစာခံများကို ကယ်တင်ရေးတာဝန်ကတော့ ယခင်ကလောက် တိုးတက်လာခြင်း မရှိသေးပေ။

ချင်လူဇီက စက္ကူတစ်ရွက်ကိုထုတ်ယူလိုက်ပြီး ရိုးရှင်းတဲ့မြေပုံတစ်ခုကို ဆွဲကာ "ငါ စခန်းတစ်ခုလုံးရဲ့ မြေအောက်ကဖွဲ့စည်းပုံကို သေသေချာချာ စစ်ဆေးခဲ့တယ်။ငါ့ရဲ့ စိတ်စွမ်းအား ဝင်လို့မရတဲ့ နေရာဆိုလို့ ဒီနေရာတစ်ခုပဲရှိတယ်။ အဲဒီနေရာက အခြေစိုက်စခန်းရဲ့ အောက်ဆုံးထပ်မှာရှိနေပြီး အဲဒီကိုသွားဖို့ အထူးဓာတ်လှေကားကို သုံးဖို့လိုတယ်" လို့ ပြောလိုက်တယ်။

သူဒီလိုပြောပြီးတဲ့နောက်မှာပဲ ကျန်းယွမ်က မေးမြန်းလိုက်တယ်"အဘိုးကြီးချင်၊ အဲဒီမှာက လူဘယ်နှစ်ယောက်ရှိလဲ"

"အနည်းဆုံး လူ ၃၀၀၀ ကနေ ၄၀၀၀ လောက်ရှိတယ်" ဟု ချင်လူဇီက ပြန်ဖြေသည်။

သူဒီလိုပြောလိုက်တာနဲ့တစ်ပြိုင်နက်တည်းပဲ အခန်းထဲက လူတိုင်းရဲ့ မျက်နှာအမူယာတွေက လေးနက်သွားကြသည်။ လေဝင်လေထွက် မကောင်းမွန်လှတဲ့ ထိုမြေအောက်လိုနေရာမျိုးမှာ ဘယ်လောက်တောင် အသက်ရှူကြပ်နေလဲဆိုတာ ထည့်မပြောနဲ့၊ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတဲ့ လူအရေအတွက်ကိုကြည့်ရုံနဲ့ကို ဒီစခန်းက အသက်ရှင်ကျန်ရစ်သူတွေကို ကာကွယ်ပေးမယ့်အစား သူတို့ရဲ့ကျွန်တွေလို ဆက်ဆံနေတယ်ဆိုတာကို ပြသနေတယ်။

အခန်းက ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှ ကျန်းယွမ်ကပြောလိုက်တယ် "မနက်ဖြန်ကြရင် အဘိုးကြီးချင်က ငါနဲ့အတူ လိုက်ခဲ့ပေး ၊ ပြီးတော့ အပြင်ကနေ အဲဒီမြေအောက်နေရာကို ဥမင်လိုဏ်ခေါင်းတူးလို့ရမလားဆိုတာကို စမ်းကြည့်လိုက်မယ်"

အခြေစိုက်စခန်းတည်ဆောက်ရာတွင် အသုံးပြုသောပစ္စည်းများအကြောင်းကို စဉ်းစားရင်းဖြင့် ချန်ချန်းဖုန်းက "နံရံကို ဖောက်ထွင်းဖို့ကတော့ မဖြစ်နိုင်ဘူး။ မြေပြင်ကနေတော့ စမ်းကြည့်လို့ရနိုင်တယ်" ဟု ဝင်ရောက် ဖြည့်စွက်ပေးလိုက်တယ်။

သူဒီလိုပြောပြီးတာနဲ့ ဝိန့်ခိုင်ကလည်း "ဒုကပ္ပတိန် ၊ မနက်ဖြန်ကြ ကျွန်တော်တို့လည်း ခင်ဗျားနဲ့အတူ လိုက်ခဲ့မယ်။ ကျွန်တော်တို့ ညီအစ်ကိုကသာ ခင်ဗျားကို ကူညီပေးရင် ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်။ ဒီလိုနည်းနဲ့ဆို ကျွန်တော်တွေ အသက်ရှင်ကျန်ရစ်သူတွေကို နေရာပြောင်းရွှေ့ပေးတဲ့အခါမှာ ဒုဗိုလ်မှူးကို သတိပေးမိသွားမှာမျိုးကို စိတ်ပူစရာမလိုတော့ဘူး" လို့ ပြောလိုက်တယ်။

သူ့ရဲ့အကြံပြုချက်ကိုကြားတော့ ကျန်းယွမ်က ခဏလောက်စဉ်းစားပြီး "အဲဒီလိုဆိုရင် အဘိုးကြီးချင်က အသက်ရှင်ကျန်ရစ်သူတွေ စခန်းကနေ ထွက်သွားနိုင်အောင်အတွက် ဥမင်လိုဏ်ခေါင်းတစ်ခု တူးနိုင်ပြီး အပြင်လူတွေမသိနိုင်မယ့် သီးသန့်နေရာတစ်ခုကို ရှာရမယ်" လို့ ပြောလိုက်တယ်။

ချင်လူဇီက နောက်ထပ်မြေပုံတစ်ခုက်ို စမဆွဲခင်မှာ ခဏလောက်စဉ်းစားလိုက်ပြီး "ဒီနေရာက အမှောင်အခန်းနဲ့ အိမ်သာကြားက မီတာ ၆၀၀ အကွာမှာရှိတယ်။ ဒီနေ့မှာပဲ အစောင့်စစ်သားတွေရဲ့ ကင်းလှည့်ရဲ့အစီအစဉ်ကို ကျွန်တော် အသေအချာစစ်ဆေးထားပြီးပြီ။ အစောင့်စစ်သားတွေက ဒီနေရာကိုလာတာ တစ်ကယ်ကို ရှားတာ သတိထားမိခဲ့တယ်။ အဲဒီနေရာကနေ ဥမင်လိုဏ်ခေါင်းတူးလို့ရတယ်" လို့ ပြောလိုက်တယ်။

All Chapters