← Chapters

အခန်း ၃၆၉

Vol. 25 Ch. 369

အခန်း ၃၆၉

Vol. 25 Ch. 369

အခန်း-(၃၆၉)

ကျန်းယွမ်က မြေပုံကို ခဏလောက် အသေအချာကြည့်ပြီးမှ ဆုံးဖြတ်လိုက်တယ် "အသက်ရှင်ကျန်ရစ်သူတွေကို အရင်ကယ်ထုတ်ပြီး ဓားစာခံတွေကိုတော့ နောက်ဆုံးမှကယ်ထုတ်မယ်"

သူ့ရဲ့ဆုံးဖြတ်ချက်ကိုကြားတော့ အဖွဲ့ဝင်တွေကလည်း ခေါင်းညိတ်ပြီး သဘောတူကြသည်။ ဓားစာခံတွေကိုသာ အရင်ကယ်လိုက်ရင် ဒုဗိုလ်မှူးကို သံသယ ဝင်သွားစေမိလိမ့်မယ်။ ဒါပေမယ့် အသက်ရှင်ကျန်ရစ်သူတွေကိုသာ အရင်ပြောင်းရွှေ့ပေးရင်တော့ ဒီအခြေစိုက်စခန်းမှာက အသက်ရှင်ကျန်ရစ်သူဦးရေ ၁၅၀,၀၀၀ ကျော်အထိရှိတာကြောင့် ဘယ်သူကမှ သတိထားမိကြမှာ မဟုတ်ပါဘူး။

သူတို့ရဲ့ အစီအစဉ်တွေကို အပြီးသတ်ပြီးတဲ့နောက်မှ ချန်ချန်းဖုန်းသည် သူ့အစ်ကိုနဲ့ စကားပြောဖို့ အချိန်ရခဲ့တယ်။ သူတို့နှစ်ယောက်က အခန်းထောင့်မှာ ထိုင်နေကြပြီး ချန်ချန်းဖုန်း က တီးတိုးမေးမြန်းလိုက်တယ် “အစ်ကို ၊ ပြောပြပါဦး။ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေက ဘယ်မှာလဲ”

ထိုမေးခွန်းကိုကြားတော့ ချန်ချန်းရှောင်သည် ခေါင်းကိုငုံ့လိုက်ပြီး လက်သီးကို တင်းတင်းဆုပ်ကာ "ငါတို့ရဲ့ အမေနဲ့ ညီမက ကမ္ဘာပျက်ကပ် အစမှာပဲ ဗိုင်းရပ်စ်ပိုး ကူးစက်ခံလိုက်ရပြီး ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားကာ အဖေ့ကို သတ်ပစ်လိုက်ကြတယ်။ အဲဒီအချိန်မှာ ငါက တာဝန်တစ်ခုနဲ့ တခြားနေရာရောက်နေပြီး သူတို့ကို လာခေါ်ဖို့ ပြန်ရောက်လာတဲ့ အချိန်ကျမှပဲ... ဒီအကြောင်းကို သိခဲ့ရတာ" လို့ ဝမ်းနည်းစွာပြောလိုက်တယ်။

ထိုသတင်းဆိုးကို ကြားလိုက်ရတဲ့ အခိုက်အတန့်မှာတော့ ချန်ချန်းဖုန်းတစ်ယောက် ဆွံ့အမှင်သက်သွားခဲ့ရပြီး ဘာစကားမျှ မဆိုနိုင်တော့ဘဲ ဖြစ်သွားခဲ့ရရှာတယ်။ အတော်အတန်ကြာမှပဲ... သူ သတိပြန်ဝင်လာခဲ့တော့သည်။

ဒီသတင်းဆိုးကြောင့် သူ အတိုင်းမသိ ဝမ်းနည်းပူဆွေးသွားခဲ့ရပြီး စိတ်ဓာတ်ကျနေပေမယ့် အဲဒီအတွက် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူးဆိုတာ သူသိပါတယ်။ ဇွန်ဘီဗိုင်းရပ်စ်ဖြစ်ပွားမှုက ရုတ်တရက်ကြီးရောက်လာတာကြောင့် ဘယ်သူကမှ ဘာမှပြင်ဆင်မှုမလုပ်နိုင်ခဲ့ပါဘူး။

သူက သူ့ရဲ့ အစ်ကိုဖြစ်သူကိုကြည့်ပြီး "အစ်ကို ၊ဒီကိစ္စအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင် မနေပါနဲ့။ ကျွန်တော်တို့မိသားစုဝင်တွေ ဖြစ်ပျက်ခဲ့တာတွေက အစ်ကို့ရဲ့အမှားမဟုတ်ဘူး။ ကျွန်တော် အစ်ကိုယ့်ကို အပြစ်မတင်ပါဘူး" လို့ ပြောလိုက်တယ်။

ချန်ချန်းရှောင်ဟာ သူတို့ရဲ့ဖခင်ကိုကယ်တင်ဖို့ စောစောပြန်မလာမိတဲ့အတွက် သူကိုယ်သူ အမြဲတမ်းအပြစ်ရှိတယ်လို့ ခံစားခဲ့ရဖူးတယ်။ ဇွန်ဘီအုပ်စုတစ်စုအတွင်းမှာ နတ်ဆိုးအဖွဲ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုသတင်းကို လင်အန်းမြို့ကနေ ကြားလိုက်ရတဲ့အခါမှာတော့ သူ့ညီဖြစ်သူပါ ဆုံးသွားပြီလို့ သူထင်ခဲ့တယ်။

ဒီကိစ္စတွေကြောင့်ပဲ... သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်နေရတဲ့အပေါ် ပိုပြီးတော့ အပြစ်ရှိသလို ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ... အခုလို သူ့ရဲ့ ညီလေးကို အသက်ရှင်လျက် ပြန်လည်မြင်တွေ့လိုက်ရတဲ့ အခါမှာတော့ ဒီငရဲလို ကမ္ဘာကြီးထဲမှာ ဆက်လက် အသက်ရှင်သန်ဖို့အတွက် သူ့ရဲ့ စိတ်ဓာတ်တွေ ပြန်လည်နိုးထလာခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ သူ့ညီလေးနဲ့ ပြန်လည်ဆုံတွေ့ခွင့် ရပြီဖြစ်တာကြောင့် သူ့ညီလေးကို ဒီငရဲတွင်းထဲကနေ ဘေးကင်းကင်းနဲ့ လွတ်မြောက်အောင် မုချ ကာကွယ်ပေးသွားတော့မှာပါ။

အချိန်အတော်ကြာပြီးနောက်မှ ချန်ချန်းရှောင်က နောက်ဆုံးတော့ ခေါင်းညိတ်ကာ "ငါသိပါတယ်" ဟု တိုးတိုးလေးပြောလိုက်သည်။

ချန်ချန်းဖုန်းက သူ့အစ်ကိုရဲ့ပခုံးကိုခပ်ပွပွပုတ်ပြီး "အစ်ကိုရဲ့ နောက်ထပ်အစီအစဉ်က ဘာလဲ" လို့မေးလိုက်တယ်။

"ငါ့မှာ ဘာအစီအစဉ်မှ မရှိသေးဘူး"

ဒါကိုကြားတော့ ချန်ချန်းရှောင်က ထပ်မေးလိုက်တယ် "အစ်ကိုရဲ့စွမ်းရည်က ဘာလဲ။ နတ်ဆိုးအဖွဲ့ထဲကို ဝင်လိုက်ပါလား"

သူ့ညီရဲ့မေးခွန်းကိုကြားတော့ ချန်ချန်းရှောင်း ပြုံးပြီး လက်ကိုမြှောက်လိုက်တယ်။ နောက်တစ်ခဏမှာပဲ အခန်းထောင့်က ထိုင်ခုံဟာ လေထုထဲသို့ ဝုန်းခနဲ ဆွဲတင်ခြင်းခံလိုက်ရပြီး အလိုအလျောက် ပျံဝဲလို့ သွားခဲ့ပါတယ်။

ဒါကိုမြင်တော့ အခန်းထဲမှာရှိနေတဲ့ အဖွဲ့ဝင်တွေ အားလုံးက အံ့အားသင့်သွားကြတယ်။ ခဏအကြာမှာမှ ထိုင်ခုံက သူ့နေရာသူ ပြန်ရောက်သွားတာ တွေ့လိုက်ရတယ်။ အဖွဲ့ဝင်တွေအားလုံးက ခေါင်းလှည့်ကာ ကြည့်လိုက်ကြတော့ ချန်ညီအစ်ကိုနှစ်ယောက်က စကားပြောနေကြတုန်းဆိုတ ကို တွေ့လိုက်ရတယ်။

"အစ်ကို ချန်းဖုန်း၊ စောစောက ဘာဖြစ်သွားတာလဲ" ဟု ရှောင်ချီ အံ့ဩတကြီးနဲ့ လှမ်းမေးသည်။

"ဒါက ကျွန်တော့်ရဲ့ စွမ်းရည်ပါ" ဟု ချန်ချန်းရှောင်က အပြုံးဖြင့် ပြန်ဖြေသည်။

"စိတ်အာရုံနဲ့ ပစ္စည်းတွေကို ထိန်းချုပ်တဲ့ စွမ်းရည်လား" ဟု မိုဂျွန်ဂျီက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။

ချန်ချန်းရှောင်က ခေါင်းညိတ်လိုက်ပြီး "ကျွန်တော့်ရဲ့စွမ်းရည်က အဝေးက အရာတွေကို ထိန်းချုပ်နိုင်တယ်။ အခုချိန်မှာတော့ မီတာ ၅၀ အကွာကနေပဲ ထိန်းချုပ်နိုင်သေးတယ်" လို့ ရှင်းပြလိုက်တယ်။

ဒါကိုကြားတော့ ချန်ချန်းဖုန်းက မေးလိုက်တယ် "အစ်ကို၊ ဒီစွမ်းရည်ကိုသုံးပြီး ဇွန်ဘီတွေကိုသတ်လို့ရလား"

"ကောင်းပြီ၊ ကျွန်တော့်ရဲ့စွမ်းရည်ကို မကြာခဏ အသုံးမပြုခဲ့တဲ့အတွက် အခုချိန်မှာတော့ ကျွန်တော်နဲ့ ခင်ဗျားတို့လောက်ပဲ ကျွန်တော့်ရဲ့စွမ်းရည်အကြောင်းကို သိကြတာပါ။ တကယ်တော့ ကျွန်တော့်ရဲ့စွမ်းရည်က ထူးထူးခြားခြား ဘာမှမဟုတ်ပါဘူး" ဟု ချန်ချန်းရှောင်းက ခပ်ပေါ့ပေါ့ပဲ ပြန်ဖြေလိုက်သည်။

ဒါကိုကြားတော့ နတ်ဆိုးအဖွဲ့ဝင်တွေက ခေါင်းသာညိတ်ပြပြီး မနက်ဖြန်မစ်ရှင်အတွက် သူတို့ရဲ့ဆွေးနွေးမှုဆီပဲ ပြန်သွားလိုက်ကြသည်။

သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို ဘယ်လိုအသုံးပြုမလဲဆိုတာကတော့ သူ့အပေါ်မှာပဲ မူတည်ပါတယ်။ ဘာပဲဖြစ်ဖြစ် သတ္တုအမျိုးအစားစွမ်းရည်အသုံးပြုသူတွေကတောင် တိုက်ခိုက်ဖို့အတွက် ပတ်ဝန်းကျင်က သတ္တုနဲ့လုပ်ထားတဲ့ပစ္စည်းတွေကို ထိန်းချုပ်ကြတာ မဟုတ်ဘူးလား။

လူတိုင်းက သူ့ရဲ့စွမ်းရည်မှာ တိုက်ခိုက်နိုင်စွမ်းမရှိဘူးလို့ ထင်ကြပေမယ့် ချန်ချန်းဖုန်းကတော့ သံသယတွေနဲ့ ပြည့်နှက်နေပါတယ်။ သူ့အစ်ကိုရဲ့ စရိုက်ကို သူ ကောင်းကောင်း သိထားလို့ပါ။

သူ့အစ်ကိုသည် မိသားစုနှင့် သူငယ်ချင်းများအပေါ်မှာကြင်နာပြီး နူးညံ့သိမ်မွေ့သော်လည်း ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါတွင်တော့ ရက်စက်ကြမ်းကြုတ်ပြီး သွေးအေးလှသည်။ ရန်သူများကို နှိပ်စက်ညှဉ်းပန်းတတ်သည့် သူရဲ့ဝါသနာကြောင့် ရန်သူများကို အလွယ်တကူပဲ သေခွင့် ပေးလိုက်ဖို့ရန်က လုံးဝမဖြစ်နိုင်ပေ။

ခဏတာ တွန့်ဆုတ်နေပြီး နောက်ဆုံးတွင်မှ ချန်ချန်းဖုန်းက မေးလိုက်သည် "အစ်ကို ၊ အစ်ကိုရဲ့စွမ်းရည်က တခြားလုပ်ဆောင်ချက်တွေ မရှိဘူးလား။ အရာဝတ္ထုတွေကို ရွှေ့ရုံပဲလား"

သူ့ညီရဲ့မေးခွန်းကိုကြားတော့ ချန်ချန်ရှောင်က ပြုံးပြီး ညင်သာစွာပြောလိုက်တယ် "အာဖုန်း၊ ဒီစွမ်းရည်က အားနည်းတယ်လို့ မင်းထင်နေတာလား။ မင်းရဲ့နှလုံးသားကို မင်းရဲ့ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားဖို့ကို ငါကူညီပေးရင်ကောင်းမလား"

ဒါကိုကြားတာနဲ့ ချန်ချန်းဖုန်းက သူ့အစ်ကိုကို 'ကျွန်တော်သိပါတယ်' ဆိုတဲ့ အမူအရာနဲ့ ကြည့်လိုက်တယ်။

သူ့အစ်ကိုက လူတစ်ယောက်ရဲ့ နှလုံးသားကိုတောင် ဆွဲထုတ်နိုင်ရင် ဇွန်ဘီတွေရဲ့ ဦးနှောက်ကိုလည်း ဖယ်ထုတ်နိုင်မှာပဲ။ ဒီသတ်ဖြတ်နည်းကမှ သူ့အစ်ကိုရဲ့ ပုံစံအမှန်ပဲ။

သူ့အစ်ကိုက ပေါက်ကွဲနေတဲ့ ခေါင်းတွေနှင့် ဇွန်ဘီတွေရဲ့ အလောင်းတွေအလယ်မှာ ဘယ်လိုရပ်နေလဲဆိုတာကို မြင်ယောင်ကြည့်ရုံနဲ့တင် သူမှာ ကြက်သီးတဖြန်းဖြန်းထသွားတယ်။

သူ့အစ်ကိုက သူ့သွားတွေကို နှုတ်ပစ်မှာ ဒါမှမဟုတ် ခေါင်းတုံးဖြစ်အောင် လုပ်မှာကို စိုးရိမ်တဲ့အတွက် သူက မြန်မြန်ဆန်ဆန်ပဲပြောလိုက်တယ် "အစ်ကိုလည်း တစ်နေကုန် အလုပ်ရှုပ်နေတာဆိုတော့ ပင်ပန်းနေမှာပေါ့။ အရင်ဆုံးအနားယူသင့်တယ်"

ချန်ချန်းရှောင်က လက်လှမ်းကာ သူ့ညီရဲ့ခေါင်းကို ပုတ်ပေးရင်း "ညဉ့်နက်အောင်မနေနဲ့၊ မဟုတ်ရင် ခေါင်းတုံးဖြစ်သွားလိမ့်မယ်" လို့ ပြောလိုက်တယ်။

ဒီလိုပြောပြီးတဲ့နောက်မှာပဲ သူက ထရပ်ပြီး သူ့အိပ်ရာပေါ်မှာ လှဲအိပ်လိုက်တယ်။

ချန်ချန်းဖုန်းသည် သူ့အစ်ကိုရဲ့ အသက်ရှူသံက နှေးကွေးပြီး ညီညာလာတာကို ကြားသည်အထိ ဒီနေရာမှာပဲ မလှုပ်မယှက် ထိုင်နေခဲ့သည်။ ထို့နောက်မှသာ သူ့အဖွဲ့ဝင်များထံကို သွားပြီး တိုးတိုးလေးပြောလိုက်တယ် "ညီအစ်ကိုတို့ ၊ မင်းတို့အားလုံးက ခေါင်းတုံးတွေ မဖြစ်ချင်ဘူးဆိုရင် ကျွန်တော့်အစ်ကိုကို မနှောင့်ယှက်တာ အကောင်းဆုံးပဲ"

သူ့စကားတွေကိုကြားတော့ အားလုံးက ရှုပ်ထွေးသွားကြတယ်။ ဒါပေမယ့် ဒီသတိပေးချက်က သူတို့ရဲ့ ချောမောမှုအဆင့်နဲ့ သက်ဆိုင်တဲ့အတွက် သူတို့က အလေးအနက်ထားပြီး ခေါင်းညိတ်ကြတယ်။

ညသန်းခေါင်ယံ အချိန်သို့ ရောက်ရှိလာတဲ့ အခါမှာတော့ နတ်ဆိုးအဖွဲ့သည် လေဝင်လေထွက်ပိုက်မှတစ်ဆင့် အခြေစိုက်စခန်းမှ ထွက်ခွာသွားခဲ့သည်။ ဒုဗိုလ်မှူးရဲ့ ကြီးကြပ်မှုအောက် လူတွေက သူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်နေကြတာ ဖြစ်တာကြောင့် သူတို့အနေနဲ့ စခန်းထဲကနေ ပေါ်ပေါ်ထင်ထင် ထွက်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ။

လေဝင်လေထွက်ပိုက်ထဲ တစ်နာရီကြာအောင် တွားသွားပြီးတဲ့နောက်တွင်မှ ပန်ကာကြီးများစွာက မြန်ဆန်သောအမြန်နှုန်းဖြင့် လည်ပတ်နေသည့် ပိုမိုကျယ်ပြန့်သော ဧရိယာဆီသို့ ရောက်ရှိသွားကြသည်။

ပန်ကာရွက်တွေဆီက ထက်ရှလှတဲ့ အစွန်းတွေကြောင့် တကယ်လို့သာ သူတို့တွေ ဒီအတိုင်း ကျော်ဖြတ်သွားမယ်ဆိုရင် ခန္ဓာကိုယ်တွေက တစစီ အပိုင်းပိုင်း ပြတ်တောက်သွားမှာ အမှန်ပါပဲ။ ဒါပေမယ့် ဝိန့်ညီအစ်ကိုတွေက ဒီမှာရှိနေတာကြောင့် သူတို့အတွက် ဒါက ပြဿနာတစ်ခုမဟုတ်တော့ပါဘူး။

ဝိန့်မိုက အောက်ဘက်ပန်ကာနဲ့ နှစ်မီတာအကွာမှာ ရပ်ပြီး လက်ကိုမြှောက်လိုက်တယ်။ နောက်တစ်ခဏမှာတော့ ပန်ကာက တဖြေးဖြေးနှေးသွားပြီး နောက်တော့ လုံးဝရပ်သွားသည်။

ဒါကိုမြင်တာနဲ့ အဖွဲ့ဝင်တွေက ပန်ကာကို မြန်မြန်ဖြတ်လျှောက်ပြီး ကျော်သွားကြသည်။ အားလုံးက ဖြတ်ပြီးသွားတဲ့နောက်မှ ဝိန့်မိုက ပန်ကာအပေါ်က သူ့ရဲ့ထိန်းချုပ်မှုကို ဖယ်ရှားလိုက်တော့ ပန်ကာက ပုံမှန်ပြန်ဖြစ်သွားသည်။

All Chapters