အခန်း ၃၇၀
Vol. 25 Ch. 370
အခန်း-(၃၇၀)
ပန်ကာဧရိယာကို ဖြတ်လျှောက်ပြီးတဲ့နောက်မှာတော့ နတ်ဆိုး အဖွဲ့ဝင်များသည် ဥမင်လိုဏ်ခေါင်းရဲ့အဆုံးတွင် လင်းလက်နေသော အနီရောင်လမင်းရဲ့ အလင်းရောင်ကို မြင်တွေ့လိုက်ရသည်။ စခန်းအတွင်းထဲကို ဇွန်ဘီတွေ လုံးဝ ဝင်ရောက်မလာနိုင်စေဖို့အတွက် နိုင်စေရန်အတွက်လည်း သံထူထူဖြင့် ပြုလုပ်ထားသော တံခါးကြီးတစ်ခုရှိသည်။
ဝိန့်မိုက လက်ကိုဝှေ့ယမ်းလိုက်တဲ့အခါမှာ လူအတော်များများက အခက်အခဲမရှိဘဲ ဖြတ်သွားနိုင်လောက်အောင်အထိ ကျယ်ဝန်းတဲ့ အပေါက်တစ်ပေါက်ကို ပေါ်လာခဲ့တယ်။ ထွက်ခွာမသွားခင်မှာ အရင်ဆုံး တံခါးကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ပြန်လုပ်ခဲ့ပါသေးတယ်။
အခြေစိုက်စခန်းအပြင်ဘက်ကိုရောက်တော့ ချင်လူဇီက မတ်တပ်ရပ်နေကာ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ပြီး “ဒီအခြေစိုက်စခန်းကနေ မီတာသုံးရာအကွာမှာ ဇွန်ဘီ ၁၀၀၀ ကျော် လှည့်လည်သွားလာနေကြတယ်” ဟု သတိပေးလိုက်သည်။
ဒါကိုကြားတော့ ယင်းယွီရှန်းက မျက်မှောင်ကြီးကြုတ်ပြီး ဝေဖန်လိုက်သည် "ဝမ်ဟောင်က ပတ်ဝန်းကျင်က ဇွန်ဘီတွေကို ရှင်းလင်းဖို့ လူတွေကို မစေလွှတ်ခဲ့ဘူး။ ဒီအခြေအနေ အတိုင်းသာ ပစ်ထားရင် ဇွန်ဘီတွေက ဒီအခြေစိုက်စခန်းကို ဝိုင်းရံလာဖို့က အချိန်အနည်းငယ်ပဲ လိုတော့တယ်"
လီစီခိုင်ကလည်း မြေမျက်နှာသွင်ပြင်ကို ကြည့်ရှုပြီး ဖြည့်စွက်ပြောဆိုလိုက်တယ် “သူတို့ရဲ့ လက်နက်တွေနဲ့လည်း ဇွန်ဘီတွေကို ရှင်းလင်းနိုင်လိမ့်မယ်။ ဒါပေမယ့် တကယ့်ပြဿနာကတော့ ဆောင်းရာသီထဲ ဝင်သွားတဲ့ အခါကြမှ ဖြစ်လာလိမ့်မယ်။ ဒီအခြေစိုက်စခန်းက မြေအောက်မှာ တည်ဆောက်ထားတာဆိုတော့ သူတို့သာ နေရာကို အမြန်မရွှေ့ပြောင်းရင် ရေနစ်ပြီး အကုန်သေကုန်လိမ့်မယ်”
"လောလောဆယ်တော့ အဲဒါတွေကို စိတ်ပူနေဖို့ အချိန်မရှိသေးဘူး။ ငါတို့ရဲ့ ဦးစားပေးက အသက်ရှင်ကျန်ရစ်သူတွေကို ရွှေ့ပြောင်းပေးဖို့ပဲ။ ဝမ်ဟောင်နဲ့ သူ့လူတွေကတော့ သူတို့ကိုယ်သူတို့ပဲ အားကိုးနိုင်တယ်" ဟု ချင်လူဇီက ဆိုလိုက်သည်။
"ကောင်းပြီ။ အချိန်က အကန့်အသတ်နဲ့ရှိတယ်။အခုပဲ သွားကြစို့" ဟု ကျန်းယွမ်က ပြောပြီး သူ့ရဲ့ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။
ရှောင်ချီနှင့် ဖုန်းယွင်တို့က သူတို့ရဲ့နေရာလွတ်ထဲမှ မော်တော်ဆိုင်ကယ်များစွာကို ထုတ်ယူပေးလိုက်ပြီး အဖွဲ့ဝင်အားလုံး ဆိုင်ကယ်တွေကိုယ်စီ စီးနင်းကာ မောင်းထွက်ခဲ့ကြတယ်။ချင်လူဇီရဲ့ လမ်းပြပေးမှုကြောင့် သူတို့တွေဟာ စခန်းကို စတင်ရောက်ရှိခဲ့စဉ်က မြင်တွေ့ခဲ့ရတဲ့ မြေကွက်လပ်အကျယ်ကြီးဆီကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိသွားခဲ့ကြပါပြီ။
လိုရာခရီးရောက်တော့ မော်တော်ဆိုင်ကယ်များကို ရပ်လိုက်ကြပြီး ဖုန်းယွင်က သူ့နေရာလွတ်တွင် မော်တော်ဆိုင်ကယ်များကို သိမ်းဆည်းလိုက်ကာ ချင်လူဇီကတော့ သူ့စိတ်မြေပုံကို စစ်ဆေးလိုက်သည်။
ဆယ့်ငါးမိနစ်အကြာမှာမှ ချင်လူဇီက လမ်းကြောင်းတစ်ခုကို လက်ညှိုးထိုးပြပြီး “ဒီနေရာကနေစပြီး မြေအောက်လှိုဏ်ခေါင်းကို စတူးလို့ ရပြီ။ လိုဏ်ခေါင်းရဲ့ အဆုံးကတော့ အမှောင်ခန်းရဲ့အနားက လူမရှိတဲ့ သီးသန့်ထောင့်မှာ ပေါ်လာလိမ့်မယ်” လို့ တိတိကျကျပြောလိုက်သည်။
ဒီစကားကိုကြားတော့ ကျန်းယွမ်နှင့် ဝိန့်ညီအစ်ကိုနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြတယ်။ သူတို့ရဲ့စွမ်းရည်တွေကို ပေါင်းစပ်ပြီး လုပ်တာက ဒါ ပထမဆုံးအကြိမ်ပါ။ ဒါကြောင့်ပဲ သူတို့က တိုက်ရိုက်ကြီး မစတင်ခဲ့ကြဘူး။
ကျန်းယွမ်ကပဲ စတင်ပြီး သူ့လက်ဖဝါးကို မြေကြီးပေါ် ညင်သာစွာချကာ သူ့ရဲ့လက်ဖဝါးကနေတစ်ဆင့် စွမ်းအင်တွေကို ပို့လွှတ်လိုက်သည်။ နောက်တစ်ခဏမှာပဲ မြေပြင်ကြီးက တုန်ခါသွားပြီး သူ့ရှေ့ ၁ မီတာအကွာက မြေကြီးအမြောက်အမြားဟာ ပြိုကျကုန်သည်။
သူက ပိုနေသောမြေသားတွေကို အသုံးပြုကာ မြေတွင်းပတ်ပတ်လည်ကို မာကျောစေရန်အတွက် နံရံအဖြစ်တည်ဆောက်လိုက်ပြီး နောက်တော့မှ မြေအောက်ရဲ့ ၁၀ မီတာအနက်သို့ ရောက်သည်အထိ ဆက်လက်တူးဖော်ခဲ့သေးသည်။
သူ မြေတူးပြီးသည်နှင့် ဝိန့်ညီအစ်ကိုများက မြေကြီးများ ပြိုကျမလာစေရန်အတွက် ကျန်းယွမ်ရဲ့ မြေနံရံအပြင်ဘက်တွင် ခပ်ပါးပါး သတ္တုနံရံတစ်ခု ထပ်တည်ဆောက်လိုက်ကြသည်။ သူတို့က အတက်အဆင်းလွယ်ကူစေရန်အတွက် လှေကားတစ်ခုပင် ဖန်တီးခဲ့ကြသေးသည်။
ဒါကို မြင်လိုက်ရတော့ ကျန်းယွမ်က သဘောကျစွာနဲ့ခေါင်းညိတ်ပြီး "ငါ မြေကြီးကို အရင်တူးပြီး မင်းတို့နှစ်ယောက် ဥမင်လိုဏ်ခေါင်းဆောက်ပေါ့" လို့ ပြောလိုက်တယ်။
"နားလည်ပါပြီ" ဟု ဝိန့်ညီအစ်ကိုများက တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။
သူတို့သုံးယောက် အလုပ်လုပ်နေချိန်တွင် လမ်းကြောင်းမှားယွင်းပြီး သွားမိတာမျိုး မဖြစ်စေရန်အတွက် ချင်လူဇီက သူ့စိတ်မြေပုံကိုပဲ သေချာစွာ အာရုံစိုက်ထားခဲ့တယ်။
၅ မိနစ်ခန့် ကြာပြီးတဲ့နောက်မှာတော့ ရှောင်ချီက အဝေးဆီက ပုံရိပ်တွေကို စိုက်ကြည့်ပြီး "အစ်ကိုချင် ၊ အစ်ကိုကတေယ့ သူတို့ကို ကာကွယ်ပေးဖို့အတွက် ဒီနေရာမှာပဲ နေခဲ့ပေးလား။ ကျွန်တော်တို့တွေကတော့ ဟိုးအဝေးက ဇွန်ဘီတွေကိုသတ်ဖို့ သွားလိုက်ဦးမယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို သေသေချာချာ လေ့ကျင့်ခန်း မလုပ်ပေးရတာ တော်တော်လေးကို ကြာနေပြီ" လို့ အကြံပြုစကား ဆိုလိုက်သည်။
ချင်လူဇီက ခဏလောက်စဉ်းစားလိုက်ပြီးမှ "ကောင်းပြီလေ။ ဒါပေမဲ့ စခန်းဘက်က လူတွေ သတိမထားမိစေဖို့အတွက် သေသေချာချာ သတိထားကြဦး။ ဆူညံသံတွေလည်း မထွက်စေနဲ့" လို့ သတိပေးစကား ဆိုလိုက်တယ်။
ဒါကိုကြားတာနဲ့ အဖွဲ့ဝင်တွေအားလုံးက အားသာအားရဖြစ်သွားကြပြီး ခေါင်းညိတ်ပြကာ "နားလည်ပါပြီ" လို့ တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြတယ်။
အားလုံး စိတ်လှုပ်ရှားနေချိန်မှာပဲ မိုဂျွန်ဂျီက ကျောက်တုံးကြီးတစ်တုံးဆီ လျှောက်သွားပြီး ထိုင်ချလိုက်တယ်။ သူ့ပါးစပ်ကို လက်ကိုင်ပုဝါနဲ့ အသာအုပ်ပြီး "မင်းတို့ပဲ သွားလိုက်ကြပါ။ ကျွန်တော်ကတော့ ဒီမှာပဲ အစ်ကိုချင်နဲ့အတူ ကျန်နေခဲ့မယ်" လို့ ပြောလိုက်တယ်။
သူက ဘယ်လောက်တောင် ဖြူဖျော့နေတာလဲဆိုတာကိုမြင်တော့ အဖွဲ့ဝင်တွေကလည်း သူ့ကို အတူလိုက်ခဲ့ဖို့အတွက် ဇွတ်အတင်း မတိုက်တွန်းကြတော့ပါဘူး။ ရှောင်ချီကတောင် သူ့နေရာလွတ်ကနေ မုန့်နှင့်ရေတချို့ကို ထုတ်ယူပြီး “ပျင်းနေရင် ဒီမုန့်တွေကိုစားလိုက်” လို့ပြောပြီး သူ့ကိုပေးလိုက်တယ်။
မိုဂျွန်ဂျီက အစားအစာတွေကို လက်ခံလိုက်ကာ "ကောင်းပြီ" လို့ပြောလိုက်တယ်။
ကျန်းယွမ် ၊ ဝိန်ညီအစ်ကိုများနှင့် ချင်လူဇီတို့က ဥမင်လိုဏ်ခေါင်းထဲသို့ ခုန်ဆင်းသွားသောအခါတွင် မိုဂျွန်ဂျီကတော့ အပြင်ဘက်တွင်နေကာ သူတို့ကို စောင့်ကြပ်နေခဲ့သည်။
အဖွဲ့ဝင်တွေဟာ ကွင်းပြင်နေရာကနေ ထွက်လာကြပြီး ပတ်ဝန်းကျင် ဧရိယာမှာရှိတဲ့ ဇွန်ဘီတွေကို စတင်ပြီးတော့ အမဲလိုက် ရှင်းလင်းကြပါတော့တယ်။သူတို့တွေ အခြေစိုက်စခန်းကို လာတုန်းက ဇွန်ဘီအမြောက်အမြားကို ရှင်းလင်းခဲ့ကြတယ်ဆိုပေမဲ့လည်း ဒီနေရာမှာရှိနေတဲ့ ဇွန်ဘီအရေအတွက်က ထပ်မံပြီး ပြန်တိုးပွားလာခဲ့ပါတယ်။
ညဘက်မှာဆိုရင် ဇွန်ဘီတွေရဲ့ စွမ်းအားက နေ့ခင်းဘက်ထက် ပိုအားကောင်းလာကြပြီး ပိုပြီးလည်း သန်မာလာကြပါတယ်။ ဆူညံသံတွေ မထွက်ပေါ်စေရဘူးဆိုတဲ့ ကန့်သတ်ချက် ရှိနေတာကြောင့် သူတို့ရဲ့ အစွမ်းထက်လှတဲ့ တိုက်ခိုက်ရေး စကေးစွမ်းအား အများစုကို ထုတ်ဖော်ပြီး တိုက်ခိုက်ဖို့ အသုံးမပြုနိုင်ခဲ့ပါဘူး။
ဒီအချိန်မှာတော့ အဖွဲ့ဝင်တစ်ဝက်လောက်ဟာ သူတို့ရဲ့ ဓား မြှောင်တွေကိုသာ ဝှေ့ယမ်းပြီး လေသေနတ်တွေကို အသုံးပြုကာဖြင့် ဒီလိုနည်းလမ်းတွေနဲ့ပဲ ဇွန်ဘီတွေကို သတ်နိုင်ကြတယ်။
သူ့အသင်းဖော်တွေ ရုန်းကန်နေရတာကိုမြင်တော့ ရှောင်ချီ က အားပါးတရ ရယ်မောပြီး "ဒီလိုညဘက် အမဲလိုက်ပွဲမျိုးမှာတော့ ကျွန်တော့်တို့ အာကာသစွမ်းရည် အသုံးပြုသူတွေက အကောင်းဆုံးတိုက်ခိုက်ရေးသမားတွေလို့ ထင်ရတယ်။ ကျွန်တော်တို့က ဆူညံသံလုံးဝမထွက်ဘူး" လို့ ဆိုလိုက်တယ်။
သူ့ရဲ့ စကားအဆုံးမှာပဲ ဇွန်ဘီတွေရဲ့ ဦးခေါင်းထက် လေထုထဲမှာ ကျောက်တုံးကြီးတစ်တုံးပေါ်လာပြီး ဇွန်ဘီအုပ်စုကြီးပေါ်သို့ ဖိချသွားတာကြောင့် ဇွန်ဘီတွေအားလုံးဟာ သွေးအိုင်ကြီးထဲမှာပဲ တစစီ ဖြစ်အောင် ကြေမွပျက်စီးသွားခဲ့ရတော့တယ်။
ရှန်းကျင်းဇီက ထိုကြေမွပျက်စီးသွားတဲ့ အလောင်းပုံကြီးကို လှမ်းကြည့်ပြီး "မင်းရဲ့တိုက်ခိုက်မှုက အသံကျယ်ကျယ်မထွက်ရင်တောင်မှ မင်းက မြင်ကွင်းကြီးကိုတော့ တော်တော်လေး ရွံစရာကောင်းပြီး ညစ်ပတ်အောင် လုပ်ပစ်လိုက်တာပဲ" ဟု ရိသဲ့သဲ့ စကား ဆိုလိုက်သည်။
တိုက်ခိုက်နေစဉ်၌ ရှန်းကျင်းဇီသည် သူ့ရဲ့ ကပ္ပတိန်နှင့် ခယ်မတို့က သူတို့ရဲ့ စွမ်းအားတွေကို လက်နက်တွေထဲမှာ ဘယ်လိုနည်းနဲ့ ပေါင်းစပ်ပြီး အသုံးပြုခဲ့ကြလဲဆိုတာကို ရုတ်တရက် စဉ်းစားမိသွားခဲ့တယ်။ ဒါကြောင့် သူကလည်း သူ့ရဲ့ကိုယ်ပိုင် အပြာရောင်မီးစွမ်းရည်ကို ဓားမြှောင်ထဲ စတင်ထည့်သွင်းကြည့်ဖို့ကို ကြိုးစားခဲ့သည်။
နောက်တစ်ခဏမှာတော့ သူ့ရဲ့ဓားမြှောင်ဟာ မီးရှူးတိုင် တစ်ခုလိုမျိုး ရုတ်တရက်ကြီး လောင်ကျွမ်းသွားပြီး အပြာရောင်မီးတောက်တွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်။ ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့ဖြင့် မတူဘဲ သူ့ရဲ့ အပြာရောင်မီးတောက်ကတော့ မတည်မငြိမ်ဖြစ်နေပါတယ်။ မီးတောက်ရဲ့ပုံသဏ္ဍာန်က မညီမညာဖြစ်နေပြီး ဟိုဟိုဒီဒီနဲ့ ဖရိုဖရဲ ဖြစ်နေခဲ့တာကြောင့် မီးရှူးတိုင်ကြီး တစ်ခုကို ကိုင်ဆောင်ထားရသလိုမျိုး ဖြစ်နေခဲ့ရှာသည်။
သူ့ရဲ့ကြိုးပမ်းမှုကို သတိပြုမိပြီး ဖုန်းယွင်က အကြံတစ်ခုပေးလိုက်သည် "ညီလေး ကျင်းဇီ ၊ မင်းရဲ့စွမ်းအင်ကို ဓားမြှောင်ထဲပဲ တိုက်ရိုက်မပို့ဘဲ အပြာရောင်မီးတောက်ကို ဖိသိပ်ပြီး ဓားမြှောင် ပတ်ပတ်လည်မှာ ပတ်ထားလိုက်မယ်ဆိုရင် မကောင်းဘူးလား။ ဒီလိုသာဆက်သွားနေရင် မင်းရဲ့ဓား မြှောင်ကတော့ အရည်ပျော်သွားလိမ့်မယ်"
ဒါကိုကြားတော့ ရှန်းကျင်းဇီက ခေါင်းညိတ်ပြီး သူ့ရဲ့နည်းလမ်းကို ပြောင်းလဲလိုက်တယ်။ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးတဲ့နောက်မှာတော့ သူအောင်မြင်သွားပါတယ်။ အခုအခါမှာတော့ သူ့ရဲ့ ဓားမြှောင်က မီးရှူးတိုင်လို မဟုတ်တော့ဘဲ အပြာရောင် ဓားသွားနဲ့ ဓားမြှောင်တစ်ချောင်းလို ပိုတူသွားပါတယ်။
အပြာရောင်မီးတောက်က အရင်ကလို မတောက်လောင်တော့ပေမယ့် မီးတောက်ရဲ့အပူချိန်က အဆပေါင်းများစွာ မြင့်တက်လာပြီး ပတ်ဝန်းကျင် ၁၀ မီတာအတွင်းက အပူချိန်ကပါ သိသိသာသာ မြင့်တက်လာသည်။
အပူချိန်ပြင်းပြင်းကို ခံစားလိုက်ရတဲ့အခါတွင်တော့ အဖွဲ့ဝင်တွေသည် သူ့ဆီကနေ ဝေးရာကို ရှောင်ထွက်သွားကြတယ်။ ရှန်းကျင်းဇီရဲ့ ပတ်ပတ်လည်က ဇွန်ဘီတွေကို ခုခံပေးမယ့် လူတွေမရှိတော့တာမို့ ဇွန်ဘီအုပ်ကြီးဟာ သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့ကြပါတော့တယ်။
"ဂါးးးး"