← Chapters

အခန်း ၃၇၁

Vol. 25 Ch. 371

အခန်း ၃၇၁

Vol. 25 Ch. 371

အခန်း-(၃၇၁)

ဇွန်ဘီတွေ တဟုန်ထိုး ပြေးဝင်လာတာကို မြင်လိုက်ရတော့ ရှန်းကျင်းဇီသည် သူ့ရဲ့မီးဓားကို အလျားလိုက်ဝှေ့ယမ်းလိုက်တယ်။ သူ့ရဲ့ စွမ်းရည်ဖြစ်တဲ့ မီးတောက်ပြာရဲ့ အစွမ်းကြောင့် ဓားသွားဟာ ဇွန်ဘီတွေရဲ့ လည်ပတ်တွေကို ရွှံ့နွံတွေအား ဖြတ်သန်းသွားသလိုမျိုး ဘာအတားအဆီးမှ မရှိဘဲ ပေါ့ပါးစွာ ဖြတ်တောက်သွားခဲ့ပါတော့တယ်။

စွမ်းအား မပေါင်းစပ်ထားတဲ့ သာမန်ဓားကိုအသုံးပြုခြင်းနှင့် စွမ်းအား ထည့်သွင်းထားသော ဓားကိုအသုံးပြုခြင်းက ဘယ်လောက်အထိ ကွာခြားလဲဆိုတာကို ကိုယ်တိုင် ခံစားမိလိုက်ရတဲ့ အခါမှာတော့ သူ့မျက်လုံးများက တောက်ပလို့သွားသည်။

သူ့ရဲ့စွမ်းအင်ကို ချွေတာနိုင်ရုံသာမကဘဲ ဇွန်ဘီတွေရဲ့ ခေါင်းတွေကို ခုတ်ထစ်တဲ့အခါမှာလည်း ခွန်အားနှင့် ခံနိုင်ရည်ကို အများကြီး မသုံးရတော့တာကြောင့် လက်မောင်းတွေရဲ့နာကျင်နေမှုကိုလည်း သက်သာစေခဲ့ပါတယ်။

ဒီလိုအဆုံးသတ်လိုက်တဲ့အခါ သူက သူ့အသင်းဖော်တွေဘက် လှည့်ပြီး "အားလုံးပဲ၊ မင်းတို့ရဲ့စွမ်းအားကို မင်းတို့ရဲ့လက်နက်ထဲ ထည့်သွင်းလိုက်ကြစမ်း။ ဒါက ဇွန်ဘီတွေကို သတ်ရတာ ပိုလွယ်ကူစေလိမ့်မယ်" လို့ ပြောလိုက်တယ်။

သူ့စကားတွေကိုကြားတော့ အဖွဲ့ဝင်တွေအားလုံးက ခေါင်းလှည့်ပြီး သူ့ရဲ့ အခြေအနေကို လှမ်းကြည့်လိုက်ကြရာ ရှန်းကျင်းဇီက ဇွန်ဘီအုပ်ကြီးထဲမှာ သောင်းကျန်းနေပြီး ရူးသွပ်စွာ သတ်ဖြတ်နေတာကို မြင်တွေ့လိုက်ကြရတယ်။ ရှန်းကျင်းဇီက ဇွန်ဘီတွေရဲ့ခေါင်းကို ဘယ်လောက်တောင် လွယ်လွယ်နဲ့ ခုတ်ဖြတ်ပစ်လိုက်တယ်ဆိုတာကို သတိထားမိလိုက်တဲ့အခါမှာတော့ ညအချိန်တိုက်ပွဲအတွက် ဒီနည်းလမ်းကပိုကောင်းတယ်ဆိုတာကို နောက်ဆုံးတော့ အားလုံးကသဘောပေါက်သွားကြတယ်။

ဒီလို အတွေးတွေနဲ့အတူ လူတိုင်းက မိမိတို့ရဲ့ စွမ်းအင်ကို လက်နက်များထဲသို့ မည်သို့ထည့်သွင်းရမည်ကို စမ်းသပ်ကြ တော့သည်။ ကျင်းရွှီယန်းနှင့် ကျိူးလီဇီတို့လို အလားတူစွမ်းရည်ရှိသူများက‌တော့ သူတို့နှစ်ယောက်ကို စံနမူနာအဖြစ် အသုံးပြုခဲ့ကြပြီး မတူညီသောစွမ်းရည်ရှိသူများကတော့ သူတို့ရဲ့ကိုယ်ပိုင် စိတ်ကူးစိတ်သန်းတွေကိုသာ အသုံးပြုပြီး ဆန်းသစ် ကြံဆခဲ့ကြရတာ ဖြစ်ပါတယ်။

သူတို့ထဲကတချို့ကတော့ ဒီနည်းလမ်းကို အောင်မြင်စွာအသုံးပြုနိုင်ဖို့ကို အချိန်ပိုကြာခဲ့ပေမယ့် ညမကုန်ခင်မှာ အဖွဲ့ဝင်တိုင်းက ဒီသဘောတရားတွေကို အောင်မြင်စွာ နားလည်သွားပြီး မိုးမလင်းခင်မှာပဲ ဇွန်ဘီတွေအားလုံးကို ရှင်းလင်းပစ်လိုက်နိုင်သည်။

သူတို့တွေ ပြန်ရောက်သွားသောအခါတွင်တော့ ချင်လူဇီ ၊ ကျန်းယွမ်နှင့် ဝိန်ညီအစ်ကိုတို့က ဥမင်လိုဏ်ခေါင်း တူးလို့ ပြီးသွားကြပြီဖြစ်သည်။ သူတို့ပြန်လာသည်ကိုမြင်သောအခါတွင်မှ ကျန်းယွမ်က "အားလုံးပဲ ၊ ဒီဥမင်လိုဏ်ခေါင်းကို စမ်းသုံးကြည့်ကြရအောင်" ဟု ဆိုလိုက်သည်။

ဒါကိုကြားတော့ အဖွဲ့ဝင်တွေက ခေါင်းညိတ်လိုက်ပြီး ဥမင်လိုဏ်ခေါင်းထဲကို ခုန်ဆင်းသွားကြသည်။ ဥမင်လိုဏ်ခေါင်းထဲကို အားလုံး ဝင်သွားပြီးတဲ့နောက်တော့မှ သတ္တုတံခါးအဖုံးကို သေသေချာချာ ပိတ်လိုက်ကြပြီး။ပြီးတော့မှ ကျန်းယွမ်က သူ့ရဲ့စွမ်းအားကို အသုံးပြုကာ ထိုသတ္တုတံခါးပေါ်မှာ မြေသားလွှာတွေ ထပ်ဖုံးအုပ်ပစ်လိုက်တာကြောင့် မြေအောက်လှိုဏ်ခေါင်း ရှိနေခဲ့တဲ့ လက္ခဏာရပ်က ဘာတစ်ခုမှ ရှိမနေတော့ဘဲ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။

သူတို့တွေ မြေအောက်လှိုဏ်ခေါင်းအတွင်းထဲမှာ လျှောက်လှမ်းနေကြစဉ်တွင်ပဲ ချင်လူဇီက သူ့စိတ်မြေပုံကို စစ်ဆေးလိုက်ပြီး "ဒုကပ္ပတိန် ၊ ဒီကနေ ဘယ်ဘက်ကို ကွေ့ပြီးတော့ နောက်ထပ် လှိုဏ်ခေါင်းတစ်ခုကို မြေအောက်ဘက်ဆီ စောင်းပြီးတော့ ထပ်တူးလို့ ရသေးတယ်။ မီတာ ၂၀၀ လောက် တူးလိုက်ပြီးရင် ဓားစာခံတွေ ဖမ်းထားတဲ့နေရာကို ရောက်နိုင်တယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ကျန်းယွမ်က ခေါင်းညိတ်ပြီး " ကောင်းပြီ‌လေ ၊ ဒါကို မနက်ဖြန်ကြမှ ဆက်လုပ်မယ်" လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

"ငါတို့တွေ အခြေစိုက်စခန်းကို ပြန်ရောက်ပြီးရင် သတင်းတွေကို ဆက်လက်ဖြန့်ဝေပေးပြီး အသက်ရှင်ကျန်ရစ်သူတွေကိုလည်း ရိက္ခာပစ္စည်းတွေ ထပ်ဝေပေးရမယ်။ လင်အန်းမြို့အခြေစိုက်စခန်းနဲ့ မြို့တော်ကအခြေစိုက်စခန်းကြားက ကွာခြားချက်က ပိုပြီးတော့ ကြီးမားထင်ရှားလာလေလေငါ့တို့နဲ့အတူ လိုက်ဖို့ ဆန္ဒရှိတဲ့သူတွေက ပိုများလာလေလေပဲ" ဟု သူက ထပ်ဖြည့်ကာပြောလိုက်သည်။

"နားလည်ပါပြီ" ဟု အဖွဲ့ဝင်များကလည်း တညီတညွတ်တည်း ပြန်ဖြေကြသည်။

ဥမင်လိုဏ်ခေါင်းရဲ့ အဆုံးကိုရောက်ဖို့အတွက် ဝင်ပေါက်ကနေပြီး နာရီဝက်လောက်အထိလမ်းလျှောက်ရတယ်။ ဥမင်လိုဏ်ခေါင်းရဲ့အဆုံးမှာတော့ လေဝင်လေထွက်ကောင်းအောင်သုံးတဲ့ ပန်ကာတွေ အများကြီးရှိတယ်။ ဒီပန်ကာကြီးတွေကို အကာအကွယ်အဖြစ် အသုံးပြုထားတာ ဖြစ်တာကြောင့် အစောင့်စစ်သားတွေက ဒီဥမင်လိုဏ်ခေါင်းကို တွေ့သွားရင်တောင် လေဝင်လေထွက်ကောင်းအောင်လုပ်ထားတဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုလို့ပဲ ထင်ကြပါလိမ့်မယ်။

ဝိန့်မိုက ပန်ကာကြီးတွေကို ခဏဖြုတ်ပြီး သူတို့အားလုံးက လှိုဏ်ခေါင်းထဲကနေ တိတ်တဆိတ် အပြင်သို့ ထွက်ခွာလာခဲ့ကြပြီးမှ ပြန်တပ်လိုက်တယ်။အခုအချိန်မှာက လျှပ်စစ်မီးတွေ မရှိတော့ဘူးဆိုပေမယ့် သဘာဝ လေစီးကြောင်းရဲ့ အရှိန်ကြောင့် ပန်ကာကြီးတွေကတော့ ဖြည်းဖြည်းချင်း လည်ပတ်နေခဲ့ကြတုန်း ဖြစ်ပါတယ်။

ချင်လူဇီက သူ့စိတ်မြေပုံကို အသေချာ စစ်ဆေးပြီးမှ "လူ ရှင်းတယ်" ဟု အချက်ပြလိုက်သည်။

"ကောင်းပြီ။ အားလုံးပဲ လူခွဲပြီးတော့ ပြန်ကြစို့" ဟု ကျန်းယွမ်က ညွှန်ကြားလိုက်သည်။

သူ့ရဲ့ညွှန်ကြားချက်အတိုင်းပဲ အဖွဲ့ဝင်တွေဟာ နှစ်ယောက် တစ်ဖွဲ့စီခွဲပြီး နေရာအနှံ့ ထွက်ခွာသွားကြတယ်။ သူတို့တွေဟာ စောစောကတင် ဇွန်ဘီအမြောက်အမြားကို သုတ်သင်ရှင်းလင်းခဲ့ကြတာ ဖြစ်တာကြောင့် စခန်းအတွင်းထဲမှာ ခေတ္တမျှ ဟန်ဆောင်ကာ လမ်းလျှောက်လှည့်လည်ကြည့်ရှုပြီးမှ ချန်ချန်းရှောင်ရဲ့ အခန်းထဲသို့ တိတ်တဆိတ် ပြန်လည်ဝင်ရောက်ခဲ့ကြပါတယ်။

သူတို့တွေ အခန်းထဲမှာ တစ်ယောက်ပြီးတစ်ယောက် အလျင်အမြန်ပဲ ရေမိုးချိုး သန့်စင်လိုက်ကြပြီး အိပ်စက်ဖို့လုပ်နေချိန်မှာပဲ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှာ နေလုံးကြီးထွက်ပေါ်လာပါတယ်။

လေဆိပ်အနီးတွင်‌တော့ ကျင်းရွှီယန်း နှင့် ကျိူးလီဇီတို့သည် စွန့်ပစ်ထားသော ခေါက်ဆွဲဆိုင်အတွင်းတွင် ပြန်ပေါ်လာကြသည်။ အဆောက်အအုံမှ ထွက်ခွာလာပြီးနောက်တော့ မော်တော်ဆိုင်ကယ်ကိုစီးကာ ဂိုဒေါင်ဧရိယာသို့ ဦးစွာသွားကြသည်။

ပထမဆုံးဂိုဒေါင်ကိုရောက်ဖို့ သူတို့မှာ နာရီဝက်လောက်ကြာသွားတယ်။ ဂိုဒေါင်ထဲမှာတော့ မြို့တော်ရဲ့ နေရာအနှံ့ကနေ တခြားမြို့တွေဆီပို့ဖို့ ပါဆယ်တွေကို သိုလှောင်ထားတာကြောင့် အထဲမှာရှိတဲ့ ကုန်ပစ္စည်းအရေအတွက်က မရေမတွက်နိုင်အောင် များပြားသည်။

ပါဆယ်သေတ္တာတွေကိုကြည့်ရင်း ကျိူးလီဇီရဲ့မျက်လုံးတွေက တောက်ပလာတယ်။ ဘယ်သူကမှ မမြင်ရတဲ့သေတ္တာ တွေဖွင့်ရတဲ့ စိတ်လှုပ်ရှားမှုကို မုန်းမှာမဟုတ်ပါဘူး။ပါဆယ်သေတ္တာတွေက‌ ဒီလောက်အထိ‌တောင် များလွန်းတာကြောင့် သူမဖွင့်ဖို့အတွက် ဖွင့်စရာ လျှို့ဝှက်သေတ္တာလေးတွေ သိန်းနဲ့ချီပြီး ပိုင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။‌နောက်ကျ သူမပျင်းနေတဲ့အချိန်ကျရင် အချိန်ဖြုန်းဖို့အတွက် ဒီလောက်များတဲ့ အထုပ်တွေနှင့် ပါဆယ်‌သေတ္တာတွေကို ထိုင်ဖွင့်ရင်းနဲ့တင် အချိန်တွေကို ပျော်ပျော်ကြီး ကုန်ဆုံးစေနိုင်တော့မှာပါ။

သူမက ဒီလိုတွေးတောရင်းနဲ့ပဲ လက်ကိုဝှေ့ယမ်းကာ ပါဆယ်သေတ္တာအကုန်လုံးကို သူမရဲ့နေရာလွတ်ထဲမှာသိမ်းဆည်းလိုက်သည်။ထိုအချိန်တွင် သူ့ရဲ့စေ့စပ်ထားသူကတော့ ဒီနေရာရဲ့ဘေးကင်းမှုအတွက် ရှိရှိသမျှ ဇွန်ဘီတွေအားလုံးကို တစ်ကောင်မကျန် လိုက်လံသုတ်သင် ရှင်းလင်းပေးနေခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ စကားပြောနေစရာမလိုဘဲ အပေးအယူမျှမျှနှင့် နားလည်မှုအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြတာကြောင့် လေးနာရီအတွင်းတင် ဂိုဒေါင်အားလုံးမှာရှိတဲ့ ပစ္စည်းတွေအကုန်လုံးကို သိမ်းဆည်းနိုင်ခဲ့ကြပါတယ်။

အခုအချိန်မှာတော့ ရေတွက်လို့မရနိုင်လောက်အောင် များပြားလှတဲ့ ပါဆယ်သေတ္တာကြီးတွေဟာ ကျိူးလီဇီရဲ့ နေရာလွတ်အထဲ၌ လီဂိုတုံးလေးတွေကို ဆင့်စီထားသလိုမျိုး အလွန်အမင်း စနစ်တကျ အထပ်ထပ် တည်ရှိနေပြီး အဆောက်အအုံငယ်တစ်ခုနှင့်ပင် ဆင်တူနေသည်။

ဂိုဒေါင်တွေကို ရှင်းလင်းတာပြီးသွားတော့ သူတို့နှစ်ယောက်သည် လေဆိပ်ဧရိယာကို ဦးတည်ကာ ဆက်သွားကြတယ်။ လမ်းတစ်လျှောက်လုံးမှာလည်း သူတို့ဟာ အနားယူတဲ့နေရာတွေမှာ ရပ်နားကာ အနားယူကြပြီး ဇွန်ဘီတွေကိုလည်း ရှင်းလင်းကာ ရိက္ခာများကိုလည်း စုဆောင်းခဲ့ကြသည်။

ချန်ချန်းရှောင်ရဲ့ အဆိုအရဆို မြို့တော်ရဲ့ အသက်ရှင်ကျန်ရစ်သူ ၇၀% ဟာ အစောပိုင်းတုန်းက ဇွန်ဘီလှိုင်းလုံးကြီးရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပြီး သေဆုံးသွားခဲ့ကြရတာ ဖြစ်ပါတယ်။ ပထမဆုံးမိုးရွာပြီးအချိန်တွင် အသက်ရှင်ကျန်ရစ်သူ ဘယ်နှစ်ယောက်ကများ လွတ်မြောက်ပြီး အသက်ရှင်ကျန်ရစ်ခဲ့လဲဆိုတာကတော့ အတိအကျ မပြောနိုင်ကြတော့ပါဘူး။ မနေ့ကလည်း မြို့တစ်ခုလုံးကို ပတ်ပြီး သွားခဲ့ပေမယ့် မြေအောက်စစ်စခန်းမှာ ပုန်းအောင်းနေတဲ့သူတွေမှလွဲပြီး အခြား မည်သည့် အသက်ရှင်ကျန်ရစ်သူတွေကိုမှ မတွေ့ခဲ့ရပါဘူး။

ထို့ကြောင့်ပဲ ဤထောက်ပံ့ရေးပစ္စည်းများကို ပျက်စီးသွားအောင်ထားခဲ့မည့်အစား ၎င်းတို့အား ပြန်ယူသွားခြင်းက ပိုကောင်းပါသည်။ အသက်ရှင်ကျန်ရစ်သူအားလုံးကို ရွှေ့ပြောင်းနိုင်ခဲ့ပါက နောက်ထပ်လူ ၁၅၀,၀၀၀ ကျော်ကို ထောက်ပံ့ရန်အတွက် ထောက်ပံ့ရေးပစ္စည်းများစွာ လိုအပ်မည်ဖြစ်ပါသည်။

ဒီလို သုံးသပ်ချက်ချပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ ဘာကိုမှမချန်ခဲ့တော့ပါဘူး။ ကျိူးလီဇီရဲ့နေရာလွတ်ထဲကို ထမင်းစားဖို့အတွက် ခဏတာ ဝင်နားတာကလွဲလို့ နှစ်ယောက်သားက အဆက်မပြတ် အလုပ်လုပ်ခဲ့ကြပါတယ်။ နောက်ဆုံး သူတို့နှစ်ယောက် လေဆိပ်ကိုရောက်ချိန်မှာတော့ နေ့လယ်ခင်းရောက်နေပါပြီ။

လေဆိပ်က ကီလိုမီတာအနည်းငယ်အကွာမှပင် ဇွန်ဘီများရဲ့ ဟိန်းဟောက်သံကို သူတို့ ကြားနေရတယ်။ မီတာ ၅၀ အကွာတွင် စုပြုံနေသော ဇွန်ဘီအုပ်ကြီးကိုမြင်တော့ ကျိူးလီဇီက မော်တော်ဆိုင်ကယ်ကို သူမရဲ့နေရာလွတ်တွင်သိမ်းလိုက်ပြီး သူမရဲ့ဓားမြှောင်ကို ဆွဲထုတ်လိုက်သည်။

ကျင်းရွှီယန်းကလည်း သူ့ရဲ့ဓားရှည်ကို ဓားအိမ်ထဲမှ ဆွဲထုတ်ပြီး "အာဇီ ၊ ညမရောက်ခင် ဒီနေရာကို ရှင်းလင်းကြရအောင်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ကျိူးလီဇီက သဘောကျစွာနဲ့ ခပ်ဖွဖွ ရယ်မောလိုက်ပြီး "ကောင်းပြီ" လို့ ပြန်တုံ့ပြန်လိုက်သည်။

သူတို့တွေဟာ အချိန်နဲ့ လုပြီး အလုပ်လုပ်နေရတာမို့ ကျိူးလီဇီက အစွမ်းတွေကို တားဆီးချန်ထားခြင်း လုံးဝမရှိဘဲ နှစ်ဦးစလုံးက မိမိတို့ရဲ့ အစွမ်းထက်ဆုံး တိုက်ခိုက်မှုတွေကို ထုတ်ဖော်ကာ တိုက်ခိုက်ကြပါတော့တယ်။ကျိူးလီဇီက လက်ကိုမြှောက်ပြီး ရေဘောလုံးကြီးတစ်ခုကိုဖန်တီးကာ ဇွန်ဘီအုပ်ကြီးဆီကို ပစ်ချလိုက်တယ်။ ရေဘောလုံးက ဇွန်ဘီအုပ်ကြီးကို မထိသွားခင်မှာပဲ ပေါက်ကွဲသွားပြီး မရေမတွက်နိုင်အောင်များတဲ့ ရေခဲအပ်တွေအဖြစ်ပြောင်းကာ အနီးနားက ဇွန်ဘီတွေဆီ ပျံသန်းကာ စိုက်ဝင်သွားခဲ့သည်။

"ဇွပ် ဇွပ် ဇွပ်"

All Chapters