← Chapters

အခန်း ၃၇၅

Vol. 25 Ch. 375

အခန်း ၃၇၅

Vol. 25 Ch. 375

အခန်း-(၃၇၅)

ခဏတာ ငြိမ်သက်သွားပြီးနောက်မှ ကျိူးလီဇီက ဆက်ပြောသည် "ဒါပေမယ့် လင်အန်းမြို့အခြေစိုက်စခန်းကို ဝင်ချင်ရင်တော့ ဝင်ကြေး ပေးဆောင်ရပါမယ်။ ဝင်ကြေးပေးဆောင်ဖို့အတွက် အမြုတေနှင့် ရိက္ခာ‌တွေအလုံအလောက် မရှိရင်တော့ အခြေစိုက်စခန်းကနေ ချေးပေးမှာဖြစ်ပြီး ရှင်တို့က အရစ်ကျ ပြန်ဆပ်ပေးလို့ရပါတယ်"

"ဒါပေမယ့် ကြေးစားစစ်သားအဖြစ် အလုပ်လုပ်ပြီး ရိက္ခာပစ္စည်းတွေ ရှာဖို့ ထွက်သွားမယ်ဆိုရင်တော့ အခြေစိုက်စခန်းကို ပြန်ရောက်တဲ့အခါကြရင် အပြင်မှာရှာတွေ့တဲ့ ရိက္ခာပစ္စည်းတွေရဲ့ တစ်စိတ်တစ်ပိုင်းကို ပြန်လွှဲပြောင်းပေးရပါမယ်" ဟု သူမက ဆိုလိုက်တယ်။

သူမရဲ့စကားတွေကိုကြားတော့ အစောင့်စစ်သားကနားလည်သဘောပေါက်စွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။မိမိတို့ ရိက္ခာရဲ့ အချို့အစိတ်အပိုင်းကို စခန်းဆီ အပ်နှံရတယ်ဆိုတာကတော့ သူနားလည်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ၊ အခြေစိုက်စခန်းမှာက သာမန်လူတွေနှင့် အစောင့်တွေကို ထောက်ပံ့ဖို့အတွက် ရိက္ခာပစ္စည်းတွေနှင့် အမြုတေတွေ အများကြီးလိုအပ်ပါတယ်။

ဒီလို အပ်နှံလိုက်တဲ့ ရိက္ခာပစ္စည်းတွေက လူတစ်စုတည်းရဲ့ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ... စခန်းထဲက လူသားအားလုံးရဲ့ အကျိုးစီးပွားအတွက် ပြန်လည် အသုံးပြုတာ ဖြစ်တာကြောင့် ထိုစစ်သားအနေနဲ့ ဒီလို စည်းမျဉ်းစည်းကမ်းတွေကို လိုလိုလားလားပဲ လိုက်နာဖို့ ဆုံးဖြတ်လိုက်တော့တယ်။ သူအနေနဲ့ မည်သည့်ဘက်မှကြည့်ကြည့် လင်အန်းမြို့အခြေစိုက်စခန်းရှိ အခြေအနေမှာ ဤနေရာထက် အများကြီး ပိုကောင်းနေပုံရသည်။

သူ လိုအပ်တဲ့ သတင်းအချက်အလက်အားလုံးကို စုံစုံလင်လင် ရရှိသွားပြီးတဲ့နောက်မှာတော့ သူက "ရဲဘော်၊ ဒီလိုအ ရေးကြီးတဲ့အချက်အလက်တွေကို ကျွန်တော်နဲ့ မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဗိုလ်ကြီးကျင်း ၊ ခင်ဗျားတို့ စခန်းကနေ ပြန်လည် ထွက်ခွာတဲ့ အခါကျရင် ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တွေအားလုံးကို ခင်ဗျားတို့ရဲ့နောက်ဆီ လိုက်ပါခွင့်ပြုဖို့အတွက် တောင်းဆိုပါတယ်" ဟု လေးလေးစားစား ဆိုလိုက်တော့တယ်။

ကျင်းရွှိီယန်းတို့ဘက်ကလည်း... မကြာခင်မှာ ကျရောက်လာတော့မယ့် ဒုတိယအကြိမ် ကမ္ဘာပျက်မိုးရေစက်တွေရဲ့ ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့အတွက် စစ်သားတွေနှင့် စွမ်းအားရှင် အမြောက်အမြားကို အသည်းအသန် လိုအပ်နေတာ ဖြစ်ပါတယ်။ ထိုအစောင့်စစ်သားရဲ့ တောင်းဆိုချက်ကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်လိုက်ပြီး "လင်းအန်းမြို့ရဲ့ အခြေစိုက်စခန်းကို တည်ဆောက်ထားတာက လူတိုင်းကို ကာကွယ်ဖို့ပါ။ ဒါကြောင့်ပဲ စွမ်းရည်အသုံးပြုသူတွေပဲဖြစ်ဖြစ်၊ သာမန်လူတွေပဲဖြစ်ဖြစ် လူတိုင်းကို ကျွန်တော်တို့က လက်ခံပါတယ်။ ငယ်ရွယ်သူဖြစ်စေ၊ အသက်ကြီးသူဖြစ်စေ၊ ခွန်အားကြီးသူဖြစ်စေ၊ အားနည်းသူဖြစ်စေ အားလုံးကို လင်အန်းမြို့ အခြေစခန်းကနေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်" လို့ ကတိ စကားဆိုလိုက်သည်။

ဤ ကတိစကားကို ရရှိပြီးနောက်တွင် အစောင့်စစ်သားသည် သူရဲ့ ရဲဘော်ရဲဘက်များနှင့် ထိုသတင်းကို မျှဝေရန် စိတ်အားထက်သန်လျက် ရှိနေပြီး "ကျွန်တော် ဒါကို မှတ်ထားပါ့မယ်။ ကျေးဇူးတင်ပါတယ် ဗိုလ်ကြီးကျင်း " ဟု ဝမ်းသာအားရ ဆိုလိုက်ရှာတယ်။

ကျင်းရွှီယန်းနှင့် ကျိူးလီဇီတို့ကလည်း သူ့ကို ခေါင်းညိတ်ပြီး အခြေစိုက်စခန်းထဲသို့ ဝင်သွားကြသည်။

နှစ်နာရီမပြည့်ခင်မှာပဲ လင်အန်းမြို့အခြေစိုက်စခန်းက ပေးတဲ့ အကျိုးကျေးဇူးတွေအကြောင်း သတင်းဟာ စစ်သားတွေကြားမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီသတင်းက ကျိူးလီဇီနှင့် ကျင်းရွှီယန်းတို့ဆီက တိုက်ရိုက်လာတာကြောင့် စစ်သားတွေက ယုံကြည်သွားကြပါတယ်။

မိသားစုရှိသူများ နှင့် အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝကို လိုလား တောင့်တကြတဲ့ စစ်သားအားလုံးဟာ နတ်ဆိုးအဖွဲ့နှင့်အတူ လင်အန်းမြို့အခြေစိုက်စခန်းသို့ လိုက်သွားရန် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထားလိုက်ကြသည်။

တစ်ဖက်မှာလည်း အပြင်က အသက်ရှင်ကျန်ရစ်သူများအားလုံးဟာလည်း နောက်ဆုံးတွင် ပြောင်းရွှေ့မှုသတင်းကို ရရှိခဲ့ပြီး နတ်ဆိုးအဖွဲ့မှပေးတဲ့ ရိက္ခာပစ္စည်းများကိုလည်း ရရှိခဲ့ကြသည်။ မြို့တော် စခန်း နှင့် လင်အန်းစခန်းတို့ အကြားက ကွာခြားချက်ကြီးက ကြီးမားလွန်းလှသောကြောင့် မည်သူမျှ ဤနေရာတွင် ဆက်လက်နေထိုင်လိုခြင်း မရှိတော့ပေ။

နတ်ဆိုးအဖွဲ့ရဲ့ ကပ္ပတိန်ဟာ အပြင်ကနေ ခြစ်ရာတစ်ချက်မှတောင်မပါဘဲ ပြန်လာတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အချိန်မှာတော့ သူ့နောက်ကို လိုက်သွားတာ အကောင်းဆုံးဆုံးဖြတ်ချက်ပဲလို့ ပိုပြီး ယုံကြည်လာကြပါတယ်။ ဘာပဲဖြစ်ဖြစ် ၊ အင်အားကြီးတဲ့သူရဲ့နောက်ကို လိုက်ခြင်းကသာ သူတို့ရဲ့ လက်ရှိအခြေအနေမှာ ရှင်သန်နိုင်မှာပါ။

သူတို့နှစ်ယောက် ချန်ချန်းရှောင်ရဲ့ အခန်းရှိရာဆီသို့ လျှောက်သွားနေတုန်းမှာပဲ ကျိူးလီဇီသည် အသက်ရှင်ကျန်ရစ်သူတွေဟာ သူမတို့ ပထမဆုံးရောက်လာတုန်းကလောက် စိတ်ဓာတ်ကျမနေတော့တာကို သတိထားမိလိုက်တယ်။ နှစ်ရက်ပဲ ရှိသေးပေမယ့် သူတို့တွေဟာ ပိုပြီးတက်ကြွနေပြီး မျက်လုံးတွေကလည်း ပိုပြီး တောက်ပနေကြပါတယ်။

တစ်ချိန်တည်းမှာပင် ၊ စစ်သားတစ်ဦးကလည်း သူတို့ပြန်လာကြောင်းကို ဝမ်ဟောင်ထံ သတင်းပို့ခဲ့သည်။ သတင်းကြားပြီးနောက်တော့ သူက "သူတို့ ရိက္ခာတွေ ပြန်ယူလာတာလား" ဟု မေးလိုက်သည်။

စစ်သားက ခေါင်းခါပြီး "ဗိုလ်ကြီးကျင်းနဲ့ သူ့ရဲ့စေ့စပ်ထားသူက ဘာမှပြန်မယူလာခဲ့ပါဘူး" လို့ ပြန်ဖြေလိုက်တယ်။

ဝမ်ဟောင် ခဏလောက် တိတ်ဆိတ်သွားပြီးမှ "သူတို့ကို စောင့်ကြည့်နေပြီး သူတို့လုပ်သမျှကို အစီရင်ခံပါ" ဟု အမိန့်ပေးလိုက်သည်။

စစ်သားက သူ့ကို အလေးပြုပြီး "နားလည်ပါပြီ" လို့ ပြန်ဖေုလိုက်တယ်။

သူတစ်ယောက်တည်းကျန်ခဲချိန်မှာတော့ ဝမ်ဟောင်က စားပွဲကို လက်ချောင်းတွေနဲ့ ပုတ်နေပြီး "သူတို့နောက်ကို လိုက်သွားပြီး ဘာတွေစီစဉ်နေလဲဆိုတာ ကြည့်လိုက်" လို့ အမိန့်ပေးလိုက်သည်။

သူဒီလိုပြောလိုက်ပြီးတဲ့အခါမှာပဲ ရုံးခန်းထဲ၌ အမျိုးသားတစ်ယောက်ရဲ့အသံကို ကြားလိုက်ရသည် "ကောင်းပါပြီ"

မကြာခင်မှာပဲ ဘာလူရိပ်လူယောင်မှ မြင်တွေ့ရခြင်း မရှိဘဲ ရုံးခန်းရဲ့တံခါးက ပွင့်သွားပြီးနောက်တွင် သေသေချာချာ ပြန်ပိတ်ထားသွားသည်။

နာရီဝက်အကြာတွင် အသက်ရှင်ကျန်ရစ်သူများနေထိုင်သည့် အခန်းတစ်ခန်းအတွင်း၌ရှိနေသော ချင်လူဇီက ရုတ်တရက်ကြီး ပြောလိုက်တယ် "အမေ၊ တစ်ယောက်ယောက်လာနေပြီ။ ကျွန်တော် အခုပဲသွားရတော့မယ်"

အမေချင်က သားဖြစ်သူရဲ့ စကားများကြောင့် အံ့အားသင့်သွားပြီး "လူဇီ၊ ဒုဗိုလ်မှူးက မင်းတို့အဖွဲ့ကို စောင့်ကြည့်ဖို့ လူတွေလွှတ်လိုက်တာလား" ဟု မေးလိုက်သည်။

အမေဖြစ်သူရဲ့ အမေးကို ချင်လူဇီက ခေါင်းညိတ်ပြီး ပြန်တုံးပြန်ပြီး "အမေ ၊ နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် အမေဆီ လာလည်နိုင်မှာ မဟုတ်ဘူး။ အမေ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်ရမယ်" လို့ ပြောလိုက်တယ်။

"အမေ့အတွက် စိတ်မပူပါနဲ့။ မင်းတို့အဖွဲ့သာ အလုပ်တွေ လုပ်တဲ့အခါကျရင်... အစစအရာရာ သတိကြီးကြီး ထားကြ" ဟု အမေချင်က သူ့ကို သတိပေးသည်။

"ကျွန်တော်နားလည်ပါတယ်"

သူ့အမေကို ရိက္ခာအချို့အား အခြားသူများ မမြင်အောင်ပေးခဲ့ပြီး ချင်လူဇီသည် ရှန်းကျင်းဇီကို အမြန်ဆွဲခေါ်ကာ အခန်းထဲမှ ထွက်သွားခဲ့သည်။ သူတို့ထွက်သွားပြီး မကြာမီတွင်ပဲ ကိုယ်ပျောက်နေသောလူက အခန်းထဲသို့ ဝင်လာပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သံသယဖြစ်စရာ ဘာကိုမှမတွေ့သောအခါမှ ထွက်သွားပြီး အခြားအခန်းတွေကို သွားစစ်ဆေးလိုက်တယ်။

ရန်သူ့ရဲ့ လှုပ်ရှားမှုကို သတိထားမိနေတဲ့ ချင်လူဇီက လူသူကင်းမဲ့တဲ့နေရာကို အမြန်လျှောက်သွားပြီး သူ့ရဲ့ ဝေါ်ကီတော်ကီကို အသုံးပြုကာ သူ့အဖွဲ့ဝင်တွေကို အသိပေးလိုက်တယ်။

"အားလုံးပဲ ၊ ဝမ်ဟောင်က ငါတို့ကို နောက်ယောင်ခံလိုက်ဖို့ ကိုယ်ပျောက်နေတဲ့လူတစ်ယောက်ကို လွှတ်လိုက်တယ်။ အစ်ကိုချန်ရဲ့အခန်းထဲကို အမြန်ဆုံးပြန်လာခဲ့ကြ"

ဤသတင်းအချက်အလက်ကို ရရှိသည်နှင့်တပြိုင်နက် နေအဖွဲ့ဝင်များသည် အသက်ရှင်ကျန်ရစ်သူများရဲ့ နေထိုင်ရာနေရာများမှ လျင်မြန်စွာထွက်ခွာလာကြပြီး ချန်ချန်းရှောင်ရဲ့ အခန်းသို့ ပြန်သွားကြသည်။

သူတို့တွေပြန်ရောက်တဲ့အခါမှာတော့ သူတို့ရဲ့ ကပ္ပတိန်နှင့် ခယ်မက သူတို့ကို စောင့်ကြိုနေတာကို တွေ့လိုက်ရတယ်။ သူတို့ ရောက်လာတာကိုမြင်တော့ ကျင်းရွှီယန်းက "အခြေစိုက်စခန်းမှာ အခြေအနေဘယ်လိုရှိလဲ" လို့ မေးလိုက်တယ်။

အခန်းတံခါးကို ‌ပိတ်ကာ သေသေချာချာသော့ခတ်ပြီးနောက်မှ သူတို့အဖွဲ့က စက်ဝိုင်းပုံစံဖွဲ့ကာ ဝိုင်းထိုင်လိုက်ကြပြီး ပြီးခဲ့သည့် နှစ်ရက်အတွင်းက တွေ့ရှိချက် အကြောင်းအရာများအားလုံးကို ကပ္ပတိန်ဖြစ်သူထံ အစီရင်ခံကြသည်။

သူတို့ရဲ့ အစီရင်ခံမှု ပြီးသွားတဲ့အခါမှ ကျင်းရွှီယန်းက "အခုအချိန်မှာ မင်းတို့ အဓိကအာရုံစိုက်ရမှာက အသက်ရှင်ကျန်ရစ်သူတွေကို လင်အန်းမြို့အခြေစိုက်စခန်းကို ရွှေ့ပြောင်းပေးဖို့ပဲ။ လူသားစမ်းသပ်မှုနဲ့ ပတ်သက်ပြီးတော့က အာ့ဇီ နှင့် ငါ စုံစမ်းစစ်ဆေးလိုက်မယ်" လို့ ပြတ်သားစွာ ညွှန်ကြားလိုက်တော့တယ်။

ဒါကိုကြားတော့ အဖွဲ့ဝင်တွေက ခေါင်းညိတ်ပြီး "နားလည်ပါပြီ" လို့ တစ်ပြိုင်နက်တည်း ပြန်ဖြေကြသည်။

ကျင်းရွှီယန်းက မိုဂျွန်ဂျီကို လှမ်းကြည့်လိုက်တော့ မိုဂျွန်ဂျီက တစ်စုံတစ်ခုကို စဉ်းစားရင်း ငေးငိုင်နေခဲ့ပြီး ၊ အိပ်ငိုက်နေသလိုမျိုး ဟန်ဆောင်နေတာကို သတိပြုမိလိုက်တယ်။ တကယ်လို့သာ သူ့ရဲ့အင်္ကျီလက်စအောက်မှာ တင်းတင်းကျပ်ကျပ် ဆုပ်ထားတဲ့ လက်သီးများကိုသာ သတိမထားမိပါက ဒီလူသားစမ်းသပ်မှုအကြောင်း ပြောသောအခါတွင် သူရဲ့ရင်ထဲက ခံစားရသော ပြင်းထန်လှတဲ့ စိတ်လှုပ်ရှားမှုတွေနှင့် တဖွားဖွား ပေါ်ပေါက်နေသော နာကျည်းမှုတွေကို ဘယ်သူကမှ သတိထားမိလိုက်ကြမှာမဟုတ်ဘူး။

အဖွဲ့သားတွေက ပြောင်းရွှေ့ရေးအစီအစဉ်များကို ဆွေးနွေးနေကြတုန်းမှာ မိုဂျွန်ဂျီရဲ့စိတ်တွေကတော့ လွန်ခဲ့တဲ့ အတိတ်တုန်းက ထိုကြောက်မက်ဖွယ်ကောင်းလှတဲ့ ဓာတ်ခွဲခန်းမှာ ကုန်ဆုံးခဲ့တဲ့အချိန်တွေနှင့် အသက်လုပြီး မနည်း ထွက်ပြေးလွတ်မြောက်လာခဲ့ရတဲ့ အချိန်ဆီသို့ တရိပ်ရိပ် ပြန်လည် ရောက်ရှိလို့ သွားခဲ့ရပါပြီ။

သူ အဲဒီဓာတ်ခွဲခန်းမှာ ကုန်ဆုံးခဲ့တုန်းက သူရဲ့အချိန်တိုင်းက မကောင်းတာမျိုးမဟုတ်ပေမယ့် အများစုကတော့ သူ့ဆန္ဒနဲ့ ဆန့်ကျင်တဲ့ကြောက်မက်ဖွယ်ကောင်းလှတဲ့ စမ်းသပ်ချက်တွေကို အတင်းအဓမ္မ လုပ်ခိုင်းခံခဲ့ရပါတယ်။ အခုအချိန်မှာတော့ သူ လွတ်လပ်သွားပြီမို့ သူတို့ သူ့ကို လုပ်ခဲ့တဲ့ အရာရာတိုင်းအတွက် ပြန်ပေးဆပ်ခိုင်းပါတော့မယ်။

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း မိုဂျွန်းဂျီဟာ မိမိရဲ့ရင်ထဲက ပြင်းထန်လှတဲ့ စိတ်လှုပ်ရှားမှုတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်နေခဲ့မိတယ်။ မကြာခင်မှာ ရောက်ရှိလာတော့မယ့် အချိန်ကျရင် သူကိုယ်တိုင် ထိုလူများကို နှိပ်စက်ညှဉ်းပန်းရင်း သူ တစ်ချိန်တုန်းက ငိုကြွေး တောင်းပန်ခဲ့ရသလိုမျိုး သူတို့တွေလည်း ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့အတွက် အသည်းအသန် ငိုကြွေးတောင်းပန်လာအောင် လုပ်ပစ်မယ်ဟု သူ့စိတ်ထဲ ခိုင်ခိုင်မာမာကြီး ကြုံးဝါးပစ်လိုက်တယ်။

All Chapters