← Chapters

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း ၂၃၆

Vol. 24 Ch. 236

အခန်း (၂၃၆)

ဓာတ်ခွဲခန်းအတွင်းမှ ငလျင်လှိုင်း

ပေကျင်းရှိ အမျိုးသားအဆင့် ဇီဝလုံခြုံရေး ဓာတ်ခွဲခန်းတစ်ခုပင် ဖြစ်လေသည်။

ဤသည်မှာ တရုတ်နိုင်ငံရှိ ဗိုင်းရပ်စ်သုတေသနပြုလုပ်ရာ အမြင့်မားဆုံး နေရာတစ်ခုဖြစ်ပြီး 'အော်ရိုဘိုရော့စ်' ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် ရှေ့တန်းစစ်မျက်နှာပြင်တစ်ခုလည်း ဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင် ထိုခံတပ်အတွင်းရှိ လေထုမှာ အေးခဲနေသော သံမဏိကဲ့သို့ လေးလံကျပ်တည်းနေခဲ့ လေ၏။

ထိန်းချုပ်ရေးခန်းအတွင်းတွင် နိုင်ငံ၏ ထိပ်တန်း ဗိုင်းရပ်စ်ပညာရှင်များနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ မှာ ဧရာမ အီလက်ထရွန်နစ် မျက်နှာပြင်ကြီးတစ်ခု၏ ဘေးတွင် စုဝေးနေကြပြီး သူတို့၏ မျက်နှာများထက်တွင် ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ပျက်အားငယ်မှုများက အထင်းသား ပေါ်လွင်နေလျက်ရှိလေသည်။

မျက်နှာပြင်ပေါ်တွင်မူ အီလက်ထရွန် အဏုကြည့်မှန်ပြောင်းဖြင့် အဆပေါင်း သောင်းနှင့်ချီ၍ ချဲ့ကားထားသော 'အော်ရိုဘိုရော့စ်' ဗိုင်းရပ်စ်မှာ ကျောချမ်းဖွယ်ရာ ကောင်းလောက်အောင် အသက်ဝင်လှုပ်ရှားနေသည်ကို မြင် တွေ့နေရပေသည်။ အဏုဇီဝလောကမှ နတ်ဆိုးတစ်ကောင်ကဲ့သို့ ၎င်းသည် ရူးသွပ်စွာဖြင့် စားသုံးဖျက်ဆီးကာ ပွားများနေပြီး ပြိုင်ဘက်ကင်းသော ရှင်သန်နိုင်စွမ်းကို ပြသနေလျက်ရှိလေ၏။

“မရဘူး...၊ လက်ရှိသိထားသမျှ အစွမ်းအထက်ဆုံး ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဖြေဆေး ပေါင်းစပ်မှုတွေအားလုံး ကျရှုံးသွားပြီ... စမ်းသပ်မှုတွေအရ ဗိုင်းရပ်စ် ပွားများတဲ့နှုန်းကို နည်းနည်းလောက်ပဲ နှေးကွေးသွားစေနိုင်ပေမယ့် လုံးဝ ရပ်တန့်သွားအောင်တော့ မလုပ်နိုင်ဘူး...”

ဆံပင်ဖြူဖြူနှင့် ရွှေရောင်ကိုင်း မျက်မှန်တပ်ထားသော သက်ကြီး ပညာရှင်ကြီးတစ်ဦးက အက်ကွဲနေသော အသံ ဖြင့် ဤမျှော်လင့်ချက်မဲ့ဖွယ် ရလဒ်ကို ထုတ်ဖော်ပြောကြားလိုက်လေသည်။ သူသည် မျက်မှန်ကို ပင်ပန်းနွမ်း နယ်စွာ ချွတ်လိုက်ပြီး သွေးကြောများနီရဲကာ နာကျင်နေသော သူ၏မျက်လုံးများကို ပွတ်သပ်လိုက်လေ၏။

မအိပ်မနေဘဲ (၇၂) နာရီဆက်တိုက် အလုပ်လုပ်ခဲ့ရခြင်းက အကြိမ်ကြိမ်အခါခါ ကျရှုံးမှုများကိုသာ ဖြစ်ပေါ်စေခဲ့ လေသည်။

“ဗိုင်းရပ်စ်က အရမ်းမြန်မြန်ပဲ မျိုးဗီဇပြောင်းလဲနေတယ်... ကျွန်တော်တို့ရဲ့ လက်ရှိ ဆေးဝါးထုတ်လုပ်ရေးစနစ်က သူ့ရဲ့ အရှိန်ကို လုံးဝ မီနိုင်မှာ မဟုတ်ဘူး...။”

အခြား ကျွမ်းကျင်သူတစ်ဦးက သက်ပြင်းချကာ ပြောလိုက်ရာ ထိန်းချုပ်ရေးခန်းအတွင်းရှိ လေထုမှာ ပို၍ပင် လေးလံသွားသကဲ့သို့ ထင်မှတ်ရလေသည်။

ဤမျှော်လင့်ချက်ကင်းမဲ့နေသော တိတ်ဆိတ်မှုကြီးအလယ်တွင် ပခုံးထက်၌ ဗိုလ်ချုပ်ကြယ်ပွင့် တပ်ဆင်ထား သည့် လူလတ်ပိုင်းအရွယ် ဓာတ်ခွဲခန်းမှူး၏ ရုံးခန်းအတွင်းမှ အနီရောင် လုံခြုံရေးတယ်လီဖုန်းက ရုတ်တရက် အရေးတကြီး မြည်ဟည်းလာခဲ့လေ၏။ သူသည် ဖုန်းကို ကိုင်လိုက်ပြီး စကားအနည်းငယ် နားထောင်ပြီးနောက် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အလွန်တရာ တည်ကြည်လေးနက်သွားခဲ့လေသည်။

“ဟုတ်ကဲ့...၊ နားလည်ပါပြီ...၊ တာဝန်ကျေပွန်စေရပါမယ်...။”

သူက ထပ်တလဲလဲ ပြန်လည်ဖြေကြားနေခဲ့လေ၏။ ဖုန်းချလိုက်ပြီးနောက် သူသည် လူအားလုံးကို ချက်ချင်းပင် အမိန့်ပေးလိုက်လေသည်။

“အမှတ် (၃) စမ်းသပ်ခုံကို ရှင်းလင်းလိုက်...၊ အမြင့်ဆုံး လုံခြုံရေးအဆင့်နဲ့ ပိုးသတ်ကြ...။ အခုချက်ချင်း...။”

လူအုပ်ကြီးမှာ နားမလည်နိုင်အောင် ဖြစ်သွားကြသော်လည်း ချက်ချင်းပင် လှုပ်ရှားလိုက်ကြလေ၏။

(၁၀) မိနစ်ပင် မပြည့်မီအချိန်အတွင်း၌ပင် အထူးလက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ အစောင့်အရှောက်ဖြင့် ငွေရောင် သတ္တုသေတ္တာတစ်လုံးကို ဓာတ်ခွဲခန်း၏ အဓိကနယ်မြေအတွင်းသို့ သယ်ဆောင်လာခဲ့ကြလေသည်။ သေတ္တာကို ဖွင့်လိုက်သောအခါ အတွင်း၌ ရွှေရောင်ဖျော့ဖျော့ အရည်များ ပါရှိသည့် ဖန်ပုလင်းငယ်တစ်လုံးသာ ရှိနေခဲ့လေ သည်။

“လောင်လီ...၊ ဒါက ဘာကြီးလဲ...။”

ခေါင်းဖြူနေသောပညာရှင်ကြီးက နားမလည်စွာဖြင့် မေးလိုက်လေ၏။

“ဒီအရာရဲ့ အရင်းအမြစ်က လုံးဝ လျှို့ဝှက်ချက်ပဲ...၊ အမြင့်ဆုံးအဆင့်ဆီကနေ တိုက်ရိုက်လာတဲ့ အမိန့်ပဲ...။”

တာဝန်ခံဖြစ်သူက တည်ကြည်စွာ ပြောလိုက်ပြီး သုတေသနမှူးကြီးထံသို့ ဆေးကို ကမ်းပေးလိုက်လေသည်။

“ဒီဟာကို သုံးပြီး 'အော်ရိုဘိုရော့စ်' ဗိုင်းရပ်စ်အပေါ် အာနိသင်ရှိမရှိ စမ်းသပ်ကြည့်ပါ...။”

ထိုစကားများကြောင့် ထိန်းချုပ်ရေးခန်းအတွင်း၌ တိုးဖျော့သော ဆွေးနွေးသံများ ချက်ချင်း ထွက်ပေါ်လာခဲ့လေ ၏။

“ဓာတ်ခွဲခန်းမှူးလီ...၊ ခင်ဗျား နောက်နေတာလား...။”

အနက်ရောင် မျက်မှန်ကိုင်းကို တပ်ဆင်ထားသည့် လူလတ်ပိုင်း ကျွမ်းကျင်သူတစ်ဦးက ချက်ချင်းပင် ဒေါသတ ကြီး ပြောလိုက်လေသည်။

“ဒါက ဘာကြီးလဲ... အရည်အသွေးမမီတဲ့ ပစ္စည်းတစ်ခုလား... ပါဝင်ပစ္စည်းစာရင်းတောင် မပါဘူး... ကျွန်တော် တို့ရဲ့ အချိန်တွေက အရမ်းတန်ဖိုးရှိပါတယ်... ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ အရာတွေပေါ်မှာ အချိန်မဖြုန်းနိုင်ဘူး... အကယ်၍ ဗိုင်းရပ်စ်နမူနာတွေကို ညစ်ညမ်းသွားစေခဲ့ရင် ဘယ်သူက တာဝန်ယူမှာလဲ...”

သူ၏စကားမှာ ထိုနေရာရှိ ကျွမ်းကျင်သူအများစု၏ ခံစားချက်ကို ကိုယ်စားပြုနေခဲ့ပေသည်။ သူတို့သည် အချက် အလက်များနှင့် လုပ်ငန်းစဉ်များကိုသာ ယုံကြည်ကြသည့် သိပ္ပံပညာရှင်များ ဖြစ်ကြပြီး ဤကဲ့သို့ ကလေးဆန် လှသည့် မိုးပေါ်မှကျလာသော နတ်ဆေး မျိုးကို ယုံကြည်သူများ မဟုတ်ကြပေ။

“ဒါက အမိန့်ပဲ...”

တာဝန်ခံဖြစ်သူက မည်သည့် ငြင်းခုံမှုကိုမျှ လက်မခံသည့် လေသံဖြင့် ပြတ်သားစွာ ဖြတ်ပြောလိုက်လေ၏။

“(၀.၁) မီလီလီတာကို သတ်မှတ်ပြီး အမှတ် (၃) ဖန်ခွက်ပြားထဲကို ထည့်လိုက်... ပြီးရင် စောင့်ကြည့်လေ့လာရေး ကိရိယာတွေနဲ့ ချိတ်ဆက်ပြီး အချက်အလက် တုံ့ပြန်မှုအားလုံးကို အချိန်နဲ့တစ်ပြေးညီ မှတ်တမ်းတင်ထား...။”

ထိုအမိန့်ကြောင့် မည်သူမျှ နောက်ထပ် စကားတစ်ခွန်းပင် မဟရဲတော့ချေ။

အချို့က သံသယဝင်လျက်၊ အချို့က စပ်စုချင်စိတ်ဖြင့်နှင့် အချို့က ပွဲကြည့်ပရိသတ်များကဲ့သို့ ရှုပ်ထွေးလှသော အကြည့်များဖြင့် ဝိုင်းဝန်းကြည့်ရှုနေကြစဉ် ကာကွယ်ရေးဝတ်စုံအထူကြီးကို ဝတ်ဆင်ထားသော လူငယ်သုတေ သီတစ်ဦးက စက်ရုပ်လက်တံကို အသုံးပြု၍ ရွှေရောင်ဖျော့ဖျော့ ဆေးရည်ထဲမှ သေးငယ်သော အစက်လေးတစ် စက်ကို ဂရုတစိုက် ထုတ်ယူလိုက်လေသည်။

ထို့နောက်တွင်မူ ထိုရွှေရောင်အရည်စက်လေးကို 'အော်ရိုဘိုရော့စ်' ဗိုင်းရပ်စ် ပြင်းအားမြင့်မားစွာ ပါဝင်နေသည့် ပျိုးထောင်ရေးအရည်ထဲသို့ တိကျစွာ အစက်ချလိုက်လေတော့သည်။ အားလုံး၏ အကြည့်များမှာ ပင်မထိန်းချုပ် ရေးခန်းအတွင်းရှိ စောင့်ကြည့်ရေးမျက်နှာပြင်ပေါ်သို့ စူးစိုက်ကျရောက်သွားကြလေ၏။

နောက်တစ်စက္ကန့်တွင်မူ မျက်နှာပြင်ပေါ်၌ ထွက်ပေါ်လာခဲ့သော မြင်ကွင်းမှာ သိပ္ပံပညာ၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသည့် ဤထိပ်တန်းပညာရှင်များအတွက် မေ့ဖျောက်၍မရနိုင်လောက်အောင် ဖြစ်စေခဲ့ပြီး ဆယ်စု နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ကြသည့် သူတို့၏ သိပ္ပံဆိုင်ရာ ယုံကြည်မှုများကိုပင် ပြောင်းပြန်လှန်ပစ်လိုက် လေတော့သည်။

မျက်နှာပြင်ပေါ်တွင် တစ်ချိန်က အလွန်အန္တရာယ်ကြီးမားလှသော 'အော်ရိုဘိုရော့စ်' ဗိုင်းရပ်စ်မှာ ထိုရွှေရောင် အရည်နှင့် ထိတွေ့လိုက်သည်နှင့် နေမင်းဆီသို့ ပစ်သွင်းခံလိုက်ရသော ရေခဲတုံးတစ်တုံးကဲ့သို့ ဖြစ်သွားခဲ့လေ၏။

မည်သည့် လုပ်ငန်းစဉ်မှ မရှိပေ...။ မည်သည့် ဟန့်တားမှုမှလည်း မရှိပေ...။

အငွေ့ပျံသွားခြင်းပင် ဖြစ်သည်...။ လုံးဝ ပျောက်ကွယ်သွားခြင်းပင် ဖြစ်ပေသည်...။

ရွှေရောင်အလင်းဝန်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဗိုင်းရပ်စ်အားလုံးမှာ အရိပ်အယောင်မျှပင် မကျန် တော့ဘဲ ပျောက်ကွယ်သွားခဲ့လေတော့သည်။

“သေ...၊ သေသွားပြီလား... အားလုံး...၊ အားလုံး သေသွားပြီလား...”

ပထမဆုံး တုံ့ပြန်လာခဲ့သည့် လူငယ်သုတေသီမှာ အလွန်အမင်း တုန်ယင်နေခဲ့ပြီး သူ၏ အသံမှာ ရှိုက်သံများ ဖြင့်ပင် ဆို့နင့်နေခဲ့လေသည်။

“ဒါက... ဒါ မဖြစ်နိုင်ဘူး... သူ့ရဲ့ အလုပ်လုပ်ပုံ သဘောတရားက ဘာလဲ… အချက်အလက်တွေက ဘယ်မှာလဲ... ကျစ်... အချက်အလက်တွေကို မှတ်တမ်းတင်ထားကြစမ်း...။”

ယခင်က အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေခဲ့သော လူလတ်ပိုင်း ကျွမ်းကျင်သူမှာ ယခုအခါတွင် စက္ကူ တစ်ရွက်ကဲ့သို့ ဖြူဖျော့နေခဲ့ပြီး မျက်နှာပြင်ကို လက်ညှိုးထိုးကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်လေ သည်။

တစ်ခန်းလုံးမှာ သေမင်းတမန် တိတ်ဆိတ်မှုကြီးအတွင်းသို့ ကျဆင်းသွားခဲ့ပြီး အပ်တစ်ချောင်း ကျသံကိုပင် ကြားရနိုင်လောက်အောင် တိတ်ဆိတ်နေခဲ့လေ၏။

ချက်ချင်းပင် ကြီးမားလှသော ဆူညံအော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေတော့သည်။

“ဘုရားရေ... ဘာတွေ ဖြစ်သွားတာလဲ...”

“သန့်စင်ပစ်လိုက်တာပဲ... ဒါဟာ သန့်စင်ပစ်လိုက်တာပဲ... ဘုရား... ဘုရား...”

ခေါင်းဖြူပညာရှင်ကြီးမှာ မျက်နှာပြင်ဆီသို့ ရုတ်တရက် ပြေးသွားခဲ့ပြီး ထိန်းချုပ်ရေးခုံကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ယင်နေခဲ့လေသည်။ သူသည် မဖြစ်နိုင်လောက်အောင် သန့်စင်သွားသည့် ဖန်ခွက်ပြားကို စူးစိုက်ကြည့်နေခဲ့ပြီး သူ၏ မှုန်ဝါးနေသော မျက်လုံး အိုကြီးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခုက တောက်ပသွားခဲ့လေ၏။

သူ၏ နှုတ်ခမ်းများမှာ တုန်ယင်နေခဲ့ပြီး အံကိုကြိတ်ကာ စကားအနည်းငယ်ကို အတင်းအကျပ် ညှစ်ထုတ်ကာ ပြောလိုက်လေသည်။

“ဒါဟာ... ဒါဟာ နတ်ဘုရားပစ္စည်းပဲ...”

All Chapters