အခန်း ၁၁၄၄
Vol. 109 Ch. 1144
အခန်း ၁၁၄၄ တိုးတက်မှု အဟန့်အတား
"မင်း အဲဒီအတွက်မဟုတ်ရင် ဘာလို့ ဒီကို ရောက်လာတာလဲ" ယုထျန်းဟောင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။ "မင်း ဦးလေးကို လာတွေ့ရုံသက်သက်နဲ့ ရောက်လာတာလား"
"ဟုတ်ပါတယ်။ ကျွန်တော် ဒီနေရာကနေ ထွက်သွားတော့မှာ။ နောင်တစ်ချိန်မှာ ပြန်လာနိုင်ဖို့ မသေချာတော့ဘူး။ ဒါကြောင့် အဘိုးနဲ့ အဖေတို့ကို ဦးလေးနဲ့ တစ်ခါလောက် ပြန်တွေ့စေချင်တာ အကောင်းဆုံးပဲလို့ တွေးမိလိုက်တာ" လုံချန်းက အကြောင်းစုံကို ရှင်းပြလိုက်သည်။
"မ... မင်း ဘာပြောလိုက်တယ်၊ တစ်ခေါက်လောက် ပြန်ပြောပြလို့ ရမလား" ယုထျန်းဟောင် ရုတ်တရက် ထရပ်လိုက်ရင်း အံ့သြစွာ မေးလိုက်သည်။
"အဘိုးနဲ့ အဖေတို့ကို ဦးလေးနဲ့ တစ်ခါလောက် ပြန်တွေ့စေချင်တာ အကောင်းဆုံးပဲလို့ တွေးမိလိုက်တာ" လုံချန်းက ထပ်ပြောလိုက်သည်။
"မင်းအဖေ... သူ... သူ သေသွားပြီ မဟုတ်ဘူးလား" ယုထျန်းဟောင် တုန်လှုပ်စွာ မေးလိုက်သည်။ သူ လုံချန်း၏ စကားကို မယုံကြည်နိုင်သေးပေ။
"ကျွန်တော် ထင်တာကတော့ ဦးလေး ကိုယ်တိုင် တွေ့တာ ပိုကောင်းမယ် ထင်တယ်" လုံချန်း ပြုံးလိုက်ရင်း လက်ကို ဝေ့ယမ်းလိုက်သည်။
ထိုလက်လှုပ်ရှားမှုနှင့်အတူ သူ၏ ဖခင်နှင့် အဘိုးတို့ အခန်းထဲတွင် ပေါ်လာကြသည်။
လုံချန်းက သူ၏ အဖိုးနှင့် ဖခင်ကို ဤနေရာသို့ ခေါ်ဆောင်လာရန် စီစဉ်ခဲ့ခြင်းမှာ သူ့ဆန္ဒသက်သက် မဟုတ်ဘဲ ဖခင်ဖြစ်သူ၏ ဆန္ဒလည်း ဖြစ်နေခဲ့သည်။ သူတို့အိမ်မှ မထွက်ခွာမီ လုံချန်းသည် ဤနေရာသို့ တစ်ခါလောက် လာရောက်လည်ပတ်ရန် မိသားစုကို တိုက်တွန်းခဲ့ဖူး၏။
လုံကျွင်းနှင့် လုံရန်တို့နှစ်ဦး ယုထျန်းဟောင်၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်လာကြသောအခါ ယုထျန်းဟောင်မှာ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ နောက်သို့ တစ်လှမ်း ဆုတ်သွားမိသည်။
"ထျန်းဟောင်... မင်း ဒီမှာပဲ" လုံကျွင်းက ယုထျန်းဟောင်ကို မြင်သည်နှင့် တိုးတိုးလေး အော်လိုက်မိသည်။ စက္ကန့်မျှပင် မတွန့်ဆုတ်ဘဲ သူ ရှေ့တိုးလာကာ ယုထျန်းဟောင်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်၏။
"ကျွင်း... ဒါ တကယ်ပဲ မင်းလား။ မင်း တစ္ဆေ မဟုတ်ဘူးမလား" ယုထျန်းဟောင် မယုံနိုင်သေးစွာ မေးလိုက်သည်။
"ဟုတ်တာပေါ့... ငါ အစစ်ပါပဲ။ မင်းက ငါ့ကို တစ္ဆေပဲ ဖြစ်စေချင်တာလား" လုံကျွင်း ရယ်မောလိုက်ရင်း ပွေ့ဖက်ထားခြင်းကို လွှတ်ပေးလိုက်သည်။
"မင်း တကယ်ပဲ အသက်ရှင်နေတာပဲ" ယုထျန်းဟောင် လုံကျွန်းကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။ "မင်း အသက်ရှင်နေတာကို မြင်ရတာ ငါ ဝမ်းသာလိုက်တာ။ အခုမှပဲ ငါ ကိုယ်တိုင် တောင်းပန်ခွင့် ရတော့မှာ"
"ဘာအတွက် တောင်းပန်မှာလဲ" လုံကျွင်းက နားမလည်စွာ မေးလိုက်သည်။
"ငါ့သမီးရဲ့ လုပ်ရပ်တွေနဲ့ ကလေးတွေကို လက်ထပ်ပေးဖို့ ကတိကို ဖျက်ဆီးခဲ့တဲ့အတွက်ပါ။ ပြီးတော့ အဲဒီတုန်းက မင်းရဲ့ အဖေကိုလည်း ငါ မကူညီခဲ့မိဘူး" ယုထျန်းဟောင်က အရှက်ရစွာ ခေါင်းငုံ့ရင်း ရှင်းပြလိုက်သည်။
"နေဦး..."
လုံကျွင်းက သူ့ကို ဆက်ပြောခွင့် မပေးဘဲ တားလိုက်သည်။
"ငါ့သားက ငါ့ကို အကုန် ပြောပြပြီးပြီ။ ဒါ မင်းအမှား မဟုတ်ပါဘူး။ အဲဒီအတွက် ဝမ်းမနည်းပါနဲ့။ တကယ်တော့ ကလေးတွေ မကြီးခင် လက်ထပ်ပေးဖို့ စီစဉ်ခဲ့တဲ့ ငါတို့ကမှ မှားတာပါ။ ဒါကြောင့် ငါကလည်း မင်းနည်းတူ အပြစ်ရှိပါတယ်" လုံကျွင်းက ယုထျန်းဟောင်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ယုထျန်းဟောင်၏ မျက်လုံးများ ရီဝေသွားခဲ့သည်။ သူသည် လုံကျွင်းကို မြင်သည့် အချိန်ကတည်းက မျက်ရည်ကို ထိန်းချုပ်နေခဲ့သော်လည်း ယခုအခါတွင်မူ မထိန်းနိုင်တော့ချေ။ သူသည် လုံကျွင်းကို ပြန်လည် ပွေ့ဖက်လိုက်ပြီး ငိုရှိုက်လိုက်တော့သည်။
"အဘိုး... သူတို့ စကားပြောနေကြတာ ကြာဦးမယ်။ အဘိုးတို့ ဒီမှာပဲ ခဏထိုင်နေပါဦးလား" လုံချန်းက အဘိုးဖြစ်သူကို မေးလိုက်သည်။
"ဟားဟား... ဟုတ်တာပေါ့" လုံရန်က ဆိုလိုက်သည်။
ယုထျန်းဟောင်သည် လုံကျွင်းကို လွှတ်ပေးလိုက်ပြီး လုံရန်ကို ကြည့်ကာ "ဦးလေးရန်... ကျွန်တော် အရင်က နှုတ်မဆက်ခဲ့မိလို့ တောင်းပန်ပါတယ်။ ကျွင်းကို မြင်လိုက်ရတော့ ကျွန်တော် စိတ်လှုပ်ရှားသွားလို့ပါ"
"ရပါတယ်... စိတ်မပူပါနဲ့" လုံရန်က ပြန်ဖြေလိုက်သည်။
လုံကျွင်းနှင့် ယုထျန်းဟောင်တို့လည်း ထိုင်ခုံတွင် ထိုင်လိုက်ကြသည်။
"ကျွင်း... မင်း ဒီလောက်ကြာအောင် ဘယ်မှာနေခဲ့တာလဲ။ မင်း ဘာဖြစ်ခဲ့တာလဲ" ယုထျန်းဟောင်က မေးလိုက်၏။
ယုထျန်းဟောင်၏ မေးခွန်းကို ကြားရသောအခါ ဤနေရာတွင် အချိန်အတော်ကြာ ဦးမည်ဟု လုံချန်း သိလိုက်သည်။
"အဖေ၊ အဘိုး... ဦးလေးကို အကြောင်းစုံ ပြောပြပေးကြပါ။ ကျွန်တော် အပြင်ဘက်ကို ခဏလောက် ထွက်ကြည့်လိုက်ဦးမယ်။ ခဏနေရင် ပြန်လာခဲ့မယ်" လုံချန်းက ထရပ်လိုက်သည်။
လုံကျွင်းက ခေါင်းညိတ်လိုက်သဖြင့် လုံချန်းသည် အခန်းထဲမှ ထွက်လာခဲ့ပြီး ခန်းမဆောင်ဆီသို့ ပြန်သွားလိုက်သည်။ သူသည် တိမ်များ ဖုံးလွှမ်းနေသော်လည်း လှပနေဆဲဖြစ်သော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
လုံချန်း ဒဏ်ရာပေးခဲ့သော အဘိုးအိုမှာလည်း ထွက်သွားခဲ့ပြီဖြစ်ရာ ထိုနေရာတွင် လူအနည်းငယ်သာ ကျန်ရှိတော့သည်။ သူ အပေါ်ကို မော့ကြည့်နေစဉ် လူအချို့က သူ့ကို စိုက်ကြည့်နေကြသည်။ သူတို့ထဲမှ အများစုမှာ ယခင် လုံမျိုးနွယ်စုဝင်များ ဖြစ်ကြပြီး စိုးရိမ်တကြီးနှင့် တောင်းပန်လိုဟန် ရှိနေကြသည်။
လုံချန်းက သူတို့ကို ငုံ့ကြည့်လိုက်သည်။
"မင်းတို့အားလုံး စိုးရိမ်မနေကြပါနဲ့။ လုံမျိုးနွယ်စုကို ပြန်တည်ထောင်ဖို့ ဒါမှမဟုတ် မင်းတို့ကို ပြန်ခေါ်ဖို့ ငါ ဒီကို ရောက်လာတာ မဟုတ်ပါဘူး။ လုံမျိုးနွယ်စုကတော့ ဒီတိုက်ကြီးမှာ ပြန်ပေါ်လာတော့မှာ မဟုတ်ဘူး။ ငါ မင်းတို့ကို မုန်းတီးစိတ် မရှိပါဘူး။ ဒါပေမဲ့ အခု မင်းတို့က ယုမျိုးနွယ်စုဝင်တွေ ဖြစ်နေပြီ။ သူတို့ကို သစ္စာရှိရှိ ဆက်ဆံပါ။ သူတို့ကို မင်းတို့အပေါ် ပိုကောင်းအောင် ဆက်ဆံပေးဖို့ ငါ မှာထားလိုက်ပါ့မယ်" လုံချန်းက ပြုံး၍ ပြောလိုက်သည်။
သူတို့ အဘယ်ကြောင့် ဤမျှ စိုးရိမ်နေကြသည်ကို သူ မသိခဲ့သော်လည်း သူတို့၏ စိတ်တွေးအား ဖတ်ကြည့်လိုက်သောအခါ ရယ်ချင်မိသွားသည်။ လုံချန်းက လုံမျိုးနွယ်စုအား ပြန်ဖွဲ့စည်းချင်နေပြီး ယုထျန်းဟောင်ကို အတင်းအကျပ် အမိန့်ပေးခိုင်းမည်ဟု သူတို့ ထင်မှတ်နေကြခြင်း ဖြစ်သည်။
လူအများစုမှာ ပျက်စီးသွားသော မျိုးနွယ်စုသို့ ပြန်သွားပြီး အလုပ်ပြန်လုပ်ချင်စိတ် မရှိကြပေ။ သူတို့သည် အမြင့်မြတ်ဆုံးဂိုဏ်းများက လိုက်လံရှာဖွေနေသည့်သူနှင့်အတူ နေထိုင်ရမည်ကို ကြောက်ရွံ့နေကြသည်။
လုံချန်းက သူတို့ကို ဂရုမစိုက်သော်လည်း သူတို့၏ အတွေးများက သူ့အား ပို၍ သေချာသွားစေသည်။ သူတို့သည် သူ၏ အတွင်းကမ္ဘာထဲသို့ ဝင်ရောက်ခွင့် မရထိုက်သူများပင် ဖြစ်သည်။
လုံမျိုးနွယ်စုဝင်များသည် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ကြသည်။
"မင်းကော... မိန်းကလေး လင်း။ မင်း တိုးတက်မှု အဟန့်အတားနဲ့ ရင်ဆိုင်နေရတာလား။ ငါ နောက်ဆုံးမြင်တုန်းက ကျင့်ကြံဆင့်အတိုင်းပဲ ရှိနေသေးပါလား။ ဘာဖြစ်တာလဲ... မင်းကို ပါရမီရှင်လို့ ထင်ခဲ့တာ။ ဒီလို အဟန့်အတားမျိုး မဖြစ်သင့်ဘူးလေ" လုံချန်းက အနောက်မှ ခြေသံကြားသဖြင့် လှည့်ကြည့်လိုက်သည်။ သူသည် လှည့်မကြည့်ဘဲနှင့်ပင် ယုလင်းဖြစ်ကြောင်း သိရှိနေခဲ့၏။
"နင် ရောက်လာတာပဲ။ ငါ ဒါနဲ့ ကြုံနေရတာ ကြာပြီ။ နောက်ထပ် တိုးတက်အောင် မလုပ်နိုင်တော့ဘူး" လင်းက သက်ပြင်းချကာ ဖြေလိုက်သည်။
"မင်းရဲ့ ဆရာနဲ့ တိုင်ပင်ကြည့်သေးလား။ သူက မိုးကြိုးဂိုဏ်းကြီးရဲ့ အကြီးအကဲ မဟုတ်ဘူးလား။ သူ မင်းကို လမ်းညွှန်ပေးနိုင်မှာပါ" လုံချန်းက လှည့်ကြည့်လိုက်၏။
"သူ မလုပ်ပေးပါဘူး။ သူ တစ်လလောက် ကြိုးစားပေးခဲ့ပေမဲ့ ဘာမှ မထူးခြားခဲ့ဘူး။ ငါက အသုံးမကျတဲ့သူပါ။ တိုးတက်အောင် မလုပ်နိုင်မှန်း သိသွားတဲ့အခါ သူက ငါ့ကို ဂိုဏ်းကနေ ထုတ်ပစ်လိုက်တယ်" လင်းက ဆိုသည်။
"သိထားပါ... တိုးတက်မှု အဟန့်အတား အများစုက ကိုယ့်ရဲ့ စိတ်ထဲကနေ ဖြစ်လာတာ။ မင်းရဲ့ စိတ်ကို အရင် ပြန်စစ်ဆေးကြည့်ပါ။ ဘာတွေက မင်းကို စိတ်ရှုပ်ထွေးစေတာလဲ ဆိုတာကို ရှာဖွေကြည့်ပါ"