အခန်း (၇၃၄-၇၃၅)
Vol. 39 Ch. 734-735
အပိုင်း ( ၇၃၄) ဖန်ကျန်းရီကို ဖိတ်ခေါ်ခြင်း။
ချန်တိုင်းပြည်၊ ပန့်ထိုင်မြို့။
နန်းတော်အတွင်း၌ ဟန်ဝမ် ဝူထူက ရာဇပလ္လင်ပေါ်တွင် ထိုင်နေပြီး ဝန်ကြီးများက နှစ်ဖက်တွင် ရှိနေကြသည်။
ဝူထူ၏ အောက်ဘက်တွင် ဆံပင်မရှိသော ရဟန်းတစ်ပါး ရှိနေပြီး လည်ပင်းတွင် ကြီးမားသော ပုတီးများကို ဆွဲထားကာ အောက်ခြေကို စိုက်ကြည့်နေသည်။ ထိုသူမှာ နိုင်ငံတော်ဆရာတော် ဖါးပါး ဖြစ်သည်။
ထိုအချိန်တွင် အောက်ဘက်တွင် လူငယ်တစ်ဦး ဒူးထောက်နေပြီး လူအများ၏ ဝိုင်းကြည့်ခြင်းကို ခံနေရသော်လည်း ကြောက်ရွံ့ခြင်း မရှိပေ။
ဝူထူ၏ အသံကြီးမှာ ထွက်ပေါ်လာ၏။ "မင်းက နင်ဟုန်ယွမ်လား။"
"ဒီ နိမ့်ကျသူက နင်ဟုန်ယွမ်ပါ။ ဒီနေ့ ဟန်ဝမ်ရဲ့ ဘုန်းတော်ကို မြင်တွေ့ရတာ အလွန်ဂုဏ်ယူပါတယ်။"
နင်ဟုန်ယွမ်က ခေါင်းမော့၍ ဖော်ရွေသော အပြုံးဖြင့် ပြုံးလိုက်၏။ သို့ပေမည့် ထိုအပြုံးမှာ လှပခြင်းမရှိဘဲ သွားများပင် ကျိုးနေသည်။ "ဟန်ဝမ်က ချန်တိုင်းပြည်ရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုကို ကျွမ်းကျင်လိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး၊ တကယ်ကို လေးစားမိပါတယ်။"
"ဟားဟား၊ မင်းက တကယ်ကို စွမ်းဆောင်နိုင်တဲ့သူပဲ။ တာ့ကျင်းကနေ သံရိုင်းတွေကို ကျုပ်ဆီ ရောက်အောင် ပို့ပေးနိုင်ခဲ့တာပဲ၊ ထိုင်ပါ။ ဒီနေ့ ဘာလို့များ ကိုယ်တိုင် လာရောက်တွေ့ဆုံချင်ရတာလဲ၊ အရောင်းအဝယ် အကြီးကြီးတစ်ခုခု ရှိလို့လား။"
နင်ဟုန်ယွမ်မှာ စိတ်ထဲတွင် အံ့အားသင့်သွား၏။
လွန်ခဲ့သော နှစ်များစွာကတည်းက မြောက်ပိုင်းရုန်ကို သံရိုင်းများ မှောင်ခိုကူးပေးနေခဲ့ခြင်း ဖြစ်သည်။ မြောက်ပိုင်းရုန် က တာ့ကျင်းတိုင်းပြည်ကို အတုယူ၍ ဟန်ဝမ်က မိမိကိုယ်ကို 'ကျုပ် ' ဟု သုံးနှုန်းလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"အရောင်းအဝယ် အကြီးကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီနေ့ လာတာက ဧကရာဇ်မင်းမြတ်ကို အရေးကြီးတဲ့ သတင်းစကား တစ်ခု ပြောပြချင်လို့ပါ။"
"ဘာသတင်းလဲ။" ဝူထူက မေးလိုက်၏။
"တာ့ကျင်းမှာ အံ့ဖွယ်လက်နက် တစ်ခု ရသွားပါပြီ။ ကောင်းကင်ကို အုပ်စိုးနိုင်တဲ့လက်နက်ပါ။ မြို့တော်မှာ တပ်ဖွဲ့သစ်တစ်ခု ဖွဲ့စည်းထားပြီး ရှန်းကျီးတပ်ဖွဲ့လို့ ခေါ်ပါတယ်။ ဒီရှန်းကျီးတပ်ဖွဲ့ကို ဒီအံ့ဖွယ်လက်နက်ကို အသုံးပြုဖို့ ဖန်တီးထားတာလို့ ထင်ပါတယ်။ တာ့ကျင်းက နောင်စစ်တိုက်ရာတွင် မြေပြင်တွင်သာမက ကောင်းကင်မှ တိုက်ခိုက်လာပါလိမ့်မယ်။ ကျုပ် ဒီသတင်းကို ကြားတာနဲ့တင် ချက်ချင်းပဲ အမြန်လာပြီး ဧကရာဇ်ကို အကြောင်းကြားတာပါ။ နောင်နှစ်နိုင်ငံ ပဋိပက္ခ ဖြစ်လာရင် ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ပါ။"
နင်ဟုန်ယွမ်၏ စကားအပြီးတွင် တစ်ခန်းလုံးမှာ ရယ်မောသံများဖြင့် ဆူညံသွားသည်။
"ကောင်းကင်မှာ ပျံသန်းတာလား။ ရူးနေတာလား၊ ဒါအမှန်ပဲဆိုတာ ဘယ်လို သက်သေပြမလဲ။"
နင်ဟုန်ယွမ်က ပြောလိုက်၏။ "ကျုပ်ပြောတာ အမှန်တွေပါ။ ကျုပ်က မြို့တော်မှာ အမြဲရှိနေတာမို့ သတင်းတွေက မြန်ပါတယ်။ ဒီကောင်းကင်ပျံသန်းနိုင်တဲ့အရာက မြို့တော်မှာ နှစ်ရက်လောက်ပဲ ပြသခဲ့ပြီး ပျောက်ကွယ် သွားတာပါ။ ဒီကိစ္စက မြို့တော်မှာ အရမ်းကို ရေပန်းစားခဲ့ပါတယ်။"
သူ၏ ခိုင်မာသော ရှင်းပြချက်ကို ကြားသော်လည်း လူတိုင်းက ခေါင်းခါ၍ လက်မခံနိုင်ကြောင်း ပြသနေကြသည်။
ကောင်းကင်မှာ ပျံသန်းနိုင်သည့်အရာများ အများကြီး ရှိသည်။ စွန်လည်း ပျံသန်းနိုင်သည် မဟုတ်ပါလား။ လူတွေ စွန်စီးပြီး စစ်တိုက်၍ ရမည်လား။
သာမန်ပြည်သူများနှင့် တောင်ပေါ်သားများမှာ လေတိုက်လျှင် လေနောက်ပါတတ်သဖြင့် ယုံကြည်စရာ မရှိပေ။
ဝူထူနှင့် ဖါးပါးသာ အမူအရာ ပြောင်းလဲခြင်း မရှိပေ။ ဝူထူက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။ "ကျုပ် နားမလည်တာတစ်ခုရှိတယ်။ မင်းက အကျိုးအမြတ်အတွက် သံရိုင်း မှောင်ခိုကူးတယ်ဆိုရင် ကျုပ် နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းက တိုင်းပြည်ကို သစ္စာဖောက်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။"
နင်ဟုန်ယွမ်က အံကြိတ်၍ ပြောလိုက်၏။ "ကျုပ်က နင်မျိုးရိုးမဟုတ်ပါဘူး၊ ရွှေမျိုးရိုးပါ၊ ရွှေအန်းကောပါ။ ကျွန်တော်က တာ့ကျင်းလူမျိုးလည်း မဟုတ်ပါဘူး။"
"ရွှေမျိုးရိုး..." ဝူထူက ခဏမျှ တွေးတောပြီးနောက် အံ့အားသင့်စွာ ပြောလိုက်၏။ "မင်းက ချန်တိုင်းပြည်ရဲ့ ဧကရာဇ်မျိုးဆက်လား။"
"မှန်ပါတယ် ... ကျုပ်က နင်မင်းသားရဲ့ သားတော်ပါ။"
လူအများမှာ အံ့အားသင့်သွားကြ၏။ ချန်တိုင်းပြည် ပျက်သုဉ်းသွားသည်မှာ ကြာပြီဖြစ်သော်လည်း ဧကရာဇ်မျိုးဆက် ကျန်ရှိနေသေးပြီး ချန်တိုင်းပြည်တွင် မှောင်ခိုလုပ်ငန်း လုပ်ကိုင်နေလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ဝူထူက ကျယ်လောင်စွာ ရယ်မောလိုက်၏။ "စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ ချန်တိုင်းပြည် ပျက်သုဉ်းသွားတာ ကြာပြီဖြစ်ပေမဲ့ မျိုးဆက်ကျန်ရှိနေသေးပြီး ကျုပ်ဆီ လာပြီး သွေးထိုးစကား ပြောနေတာက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပတယ်။"
"ကျုပ် တို့နဲ့တာ့ကျင်းက နယ်စပ်မှာ မကြာခဏ အဆက်အသွယ်ရှိပြီး ညီအစ်ကိုနိုင်ငံလိုပဲ။ မင်းစကားနဲ့ ကျုပ် တို့က သွေးကွဲသွားလိမ့်မယ် ထင်နေတာလား။"
ရွှေအန်းကော၏ နှလုံးခုန်သံမှာ မြန်ဆန်လာသော်လည်း အမူအရာမှာ တည်ငြိမ်နေဆဲပင်။ "ညီအစ်ကိုနိုင်ငံ ဖြစ်တယ်ဆိုရင် ဧကရာဇ်က ဘာလို့ ကျုပ်ဆီမှာ သံရိုင်းတွေကို မှောင်ခိုကူးနေရတာလဲ။"
"ကျုပ်တို့ တိုင်းပြည်မှာ ကိုယ်ပိုင် အခြေအနေရှိပါတယ်၊ မင်း ပြောစရာ မလိုပါဘူး။" ဝူထူက အေးစက်စွာ ပြောလိုက်၏။
"ကျုပ် အမှန်အတိုင်း ပြောတာပါ။ လီချဲ့ဆိုတဲ့သူက စစ်ပွဲတွေကို ဝါသနာပါသူပါ။ တာ့ကျင်းနဲ့ ဆက်ဆံရေး ကောင်းမွန်နေပေမဲ့ မကျေနပ်ချက်တွေ ကြာမြင့်နေပါပြီ။ တာ့ကျင်းက အပြည့်အဝ ပြင်ဆင်ထားတယ်ဆိုရင် ကျုပ်တို့အတွက် မကောင်းပါဘူး။
အခု မြို့တော်မှာ တုန်းကျောက်တက္ကသိုလ် အသစ်ဖွင့်လှစ်ပြီး နိုင်ငံအဝန်းက ပညာရှင်တွေကို စုစည်းထားပါတယ်။ ကောင်းကင်ကို အုပ်စိုးနိုင်တဲ့လက်နက်ကလည်း အဲဒီကနေ ထွက်ပေါ်လာတာပါ။ ကြာရှည်သွားရင် ပိုကောင်းတဲ့ စစ်လက်နက်တွေ ထပ်မံ ထုတ်လုပ်နိုင်ပါလိမ့်မယ်။ ဒီသတိပေးချက်က စေတနာနဲ့ ပြောတာပါ။ အရှင်မင်းကြီး ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကျုပ် ပြောပြီးပါပြီ။" ရွှေအန်းကောက ပြောပြီးနောက် ခေါင်းငုံ့ကာ တိတ်ဆိတ်သွား၏။
ဝူထူက အသံတစ်ချက်ပြုလိုက်၏။ "ဒါဆိုရင် မင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ လူတွေ၊ သူ့ကို ခေါ်သွားပြီး ကောင်းကောင်း ဧည့်ခံလိုက်ပါ။"
ထို့နောက် ရွှေအန်းကောမှာ ခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီး ဝူထူက ဖါးပါးကို ကြည့်၍ ပြောလိုက်သည်။ "ဆရာတော် … ဘယ်လို ထင်လဲ။"
ဖါးပါးက ပြောလိုက်၏။ "ဒီလူက ချန်တိုင်းပြည်ရဲ့ ဧကရာဇ်မျိုးဆက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ အရှင်မင်းကြီး .. ကျွန်တော်မျိုး သူ့အနားမှာ သူလျှိုတွေ ထည့်ထားပါတယ်။ အံ့ဖွယ်လက်နက် ရှိမရှိဆိုတာ ခေါ်မေးလိုက်ရင် သိရပါလိမ့်မယ်။"
ဝူထူက ခေါင်းညိတ်လိုက်ပြီး ခဏအကြာတွင် သူလျှို ရောက်ရှိလာသည်။
ဖါးပါးက တိုက်ရိုက်မေးလိုက်ရာ သူလျှိုက ပြန်ဖြေ၏။ "ဆရာတော်ကို တင်ပြပါတယ်။ မြို့တော်မှာ အံ့ဖွယ်လက်နက် ဖြစ်တဲ့ မီးပုံပျံ ပေါ်လာတာ အမှန်ပါ။ ဒါပေမဲ့ တုန်းကျောက်တက္ကသိုလ်မှာ နှစ်ရက်လောက်ပဲ ပြသခဲ့ပြီး နောက်ပိုင်းမှာ သတင်းအစအန မရှိတော့ပါဘူး။ ကျွန်တော်မျိုးလည်း မြို့တော်မှာ ရှန်းကျီး တပ်ဖွဲ့အကြောင်း ကြားဖူးပါတယ်။ ဒါပေမဲ့ မီးပုံးပျံနဲ့ ဆက်စပ်မှု ရှိမရှိတော့ မသိပါဘူး။"
ဝူထူ၏ မျက်နှာမှာ ပြောင်းလဲသွားပြီး လက်ကို ခါယမ်း၍ သူလျှိုကို မောင်းထုတ်လိုက်သည်။ သူက ဖါးပါးကို ကြည့်လိုက်၏။
ဖါးပါးမှာလည်း အံ့အားသင့်နေ၏။ တာ့ကျင်းမှာ နှစ်အနည်းငယ်အတွင်း ကောင်းကင်အထိ ရောက်ရှိသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ခဏမျှ တွေးတောပြီးနောက် ဖါးပါးက သက်ပြင်းချလိုက်သည်။ "အရှင်မင်းကြီး … ဒီကိစ္စတွေ အားလုံးက ဖန်ကျန်းရီနဲ့ မကင်းကွာဘူးလို့ ထင်ပါတယ်။ သူက တကယ်ကို ဉာဏ်ကောင်းတဲ့သူပါ။"
"သူ့အကြောင်းကို ထပ်မကြားချင်တော့ဘူး။ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ နှင်းမုန်တိုင်းကြောင့် သိုးတွေ အမြောက်အမြား သေဆုံးခဲ့တယ်။ နှစ်စဉ် သံရိုင်းတွေ ဝယ်ယူနေရလို့ ဘဏ္ဍာတိုက်မှာ ပိုက်ဆံမရှိတော့ဘူး။
ဒီစစ်ပွဲအတွက် ကျုပ် တို့ ကြိုတင်ပြင်ဆင်ထားတာ ကြာပါပြီ။ အခု ပြဿနာတွေ ထပ်ပေါ်လာပြန်တယ်။ ကျုပ်တို့ ဘာလုပ်ရမလဲ ပြောပြပါ။" ဝူထူက အားမလိုအားမရ ပြောလိုက်၏။
ဖါးပါးက ခေါင်းခါလိုက်၏။ "အရှင်မင်းကြီး သည်းခံပါအုံး။ လူတွေကို မြို့တော်ကို ထပ်လွှတ်ပြီး စုံစမ်းခိုင်းပါ။ ပျံသန်းနိုင်တဲ့ စစ်တပ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး။ ရန်သူရဲ့ စစ်နည်းဗျူဟာကို မသိသေးတာကြောင့် နောက်ထပ် နှစ်နှစ်လောက် သည်းခံဖို့ လိုပါတယ်။"
ဝူထူ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ပေါ်လာပြီး အောက်ရှိ ဝန်ကြီးများကို ကြည့်လိုက်သည်။ "မင်းတို့က တာ့ကျင်းကို သိမ်းပိုက်ချင်ရင် ယဉ်ကျေးမှုကို အရင် လေ့လာရမယ်လို့ ပြောခဲ့တယ်။ ကျုပ် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အောက်က လူတွေ မကျေနပ်ကြဘူး။"
တာ့ကျင်းနဲ့ ကုန်သွယ်မှု လုပ်နေပြီး ပစ္စည်းတွေက ရနိုင်သလောက် ရနေပါတယ်။ ကုန်သည်တွေကလည်း လိမ်မာလွန်းလို့ ကျုပ်တို့ အမြတ်အများကြီး ရှုံးခဲ့ရတယ်။ အခု ကျုပ်အပေါ်မှာ အလိုမကျမှုတွေ ရှိနေကြတယ်။ ကျုပ် စစ်မတိုက်ချင်ရင်တောင် အောက်ကလူတွေကို မေးကြည့်လိုက်၊ သူတို့ သဘောတူပါ့မလား။"
လူတိုင်းမှာ ချက်ချင်းပင် ဆူညံသွားကြ၏။
“အရှင်မင်းကြီး .. ကျုပ်တို့ အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ပြီးပါပြီ။ အခု သံချပ်ကာ စီးနင်းသူ ခြောက်သောင်း ရှိနေပြီး လောကကို သိမ်းပိုက်နိုင်ပါတယ်။"
"ရန်သူက ပျံနိုင်ရင် ဘာဖြစ်လဲ။ သူတို့ ကောင်းကင်မှာ တည်ငြိမ်အောင် ရပ်မှ မရပ်နိုင်ဘဲ မြေပြင်ပေါ်က လူတွေကို ဘယ်လို ပစ်ခတ်နိုင်မလဲ။ ကျောက်တုံးတွေ လိမ့်ချမှာလား။"
"အရှင်မင်းကြီး ဒီစစ်ပွဲကို စတင်ရပါမယ်။ ဒီ သံချပ်ကာ စီးနင်းသူ ခြောက်သောင်းရဲ့ စားစရိတ်ကိုပဲ ကျုပ်တို့ မခံနိုင်တော့ပါဘူး။"
ဝူထူက ဖါးပါးကို ကြည့်လိုက်၏။ "ကြားလား။ စောင့်ဆိုင်းလို့ မရတော့ဘူး။ အခု သင့်တော်တဲ့ အချိန်ကို ရှာဖို့ပဲ လိုတော့တယ်။ ဆရာတော် … ကျုပ် ခင်ဗျားကို အမြဲ ယုံကြည်တယ်။ အခု စစ်ပွဲကို ရှောင်ဖို့ မဟုတ်ဘဲ လုပ်သင့်တာကို ပြောပါ။"
ဖါးပါးက အောက်ရှိ စူးစိုက်ကြည့်နေသော မျက်ဝန်းများကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ "အရှင်မင်းကြီး ဆုံးဖြတ်ပြီးပြီဆိုရင် ကျွန်တော်မျိုး လိုက်နာရမှာပေါ့။"
"အရှင်မင်းကြီး မကြားချင်တဲ့ စကားတွေ ရှိပေမဲ့ ကျွန်တော်မျိုး ပြောရမှာပဲ။ ကျွန်တော်မျိုး တာ့ကျင်းက ပြန်လာကတည်းက နှစ်ပေါင်းများစွာ မြို့တော်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့တာပါ။ ဒီနှစ်တွေအတွင်းမှာ အပြောင်းအလဲတွေ အများကြီး ရှိခဲ့ပေမဲ့ အားလုံးက လူတစ်ယောက်တည်းနဲ့ပဲ ဆက်စပ်နေတယ်။"
"ဖန်ကျန်းရီလား။"
"မှန်ပါတယ်။ ဒီလူက တကယ်ကို ဉာဏ်ကြီးရှင်ပါ။ ကျွန်တော်မျိုးတို့ တိုင်းပြည်အတွက် အသုံးချနိုင်ရင် အကျိုးကျေးဇူးတွေ အများကြီး ရပါလိမ့်မယ်။ အဲဒီ အံ့ဖွယ်လက်နက်ကိုလည်း သူ သိထားမှာမို့ သူ့ကို အရင်ဆုံး ဖိတ်ခေါ်ပြီးမှ နောက်ကိစ္စတွေကို ဆွေးနွေးရပါလိမ့်မယ်။"
အပိုင်း (၇၃၅) ဖါးပါး၏ ကြံစည်မှု။
ဝူထူက မျက်လုံးကို မှေး၍ သံသယဖြင့် ကြည့်လိုက်၏။ "ဘယ်လို ဖိတ်ခေါ်ရမလဲ။ ခင်ဗျား ပြောတဲ့အတိုင်းဆိုရင် ဖန်ကျန်းရီက အရည်အချင်းရှိပေမဲ့ သံတမန်ရေးရာနဲ့ မဆိုင်တဲ့သူပါ။ တာ့ကျင်း သူ့ကို ဒီ လွှတ်ပါ့မလား။"
ဖါးပါးက အနည်းငယ် ပြုံးလိုက်၏။ "အရှင်မင်းကြီး စိတ်မပူပါနဲ့၊ ကျွန်တော်မျိုး ရှင်းပြပါ့မယ်။"
"ဖန်ကျန်းရီက ဉာဏ်ကြီးရှင် ဖြစ်ပေမဲ့ သူက တစ်မျိုးပါ။ သူက တာ့ကျင်းမှာ အောင်မြင်မှုတွေ အများကြီး ရထားပေမဲ့ တခြား ဝန်ကြီးတွေနဲ့ မတည့်ပါဘူး။
တာ့ကျင်းရဲ့ ယဉ်ကျေးမှုကို တစ်ခွန်းတည်း ပြောရရင် လမ်းစဉ်နည်းပညာ ပါပဲ။ တာ့ကျင်းက လမ်းစဉ်ကို အလေးထားပြီး နည်းပညာကို လျစ်လျူရှုပါတယ်။ သူတို့က လူ့ကျင့်ဝတ်ကို အဓိကထားပြီး စာပေတွေကိုပဲ အလေးထားကြတယ်။
ဒါပေမဲ့ ဖန်ကျန်းရီကတော့ မတူပါဘူး။ သူက လမ်းစဉ်ထက် နည်းပညာကို ပိုအလေးထားတယ်။ အလုပ်လုပ်ရင် လက်တွေ့ကိုပဲ ကြည့်ပြီး မြန်မြန်ဆန်ဆန် ဖြစ်ချင်တယ်။ ဒါကို တခြားသူတွေက လက်မခံနိုင်ကြဘူး။"
ပြီးတော့ ကျွန်တော်မျိုး မြို့တော်က ထုတ်တဲ့ ပန်းရှန်းသတင်းစာကို အမြဲ စုဆောင်းနေပါတယ်။ ဒီသတင်းစာကို သူကိုယ်တိုင် ထုတ်လုပ်တာပါ။ သူ တစ်ခုခု လုပ်တိုင်း ဒီသတင်းစာကနေတစ်ဆင့် ပြင်းပြင်းထန်ထန် ဝါဒဖြန့်တာကို တွေ့ရပါတယ်။ ဒါကို တခြားသူတွေက မနာလို ဖြစ်ကြပြီး မနှစ်မြို့ကြဘူး။ ဒါက ပထမ အချက်ပါ။"
ဝူထူက ခေါင်းညိတ်၍ တွေးတောလိုက်၏။ "ကြားရတာတော့ ဟုတ်သလိုပဲ။ ဒါပေမဲ့ အောင်မြင်မှုတွေက ရှိနေတာပဲ၊ တခြားသူတွေက ဘာလို့ မမြင်တာလဲ။"
"မသိနားမလည်သူတွေက များပါတယ်။"
ဖါးပါးက စိတ်ကို ပြင်ဆင်ပြီး ဆက်ပြောသည်။ "ဒုတိယအချက်ကတော့ သူ ကျင်းယီဝေ တပ်မှူးချုပ် ဖြစ်လာပြီးနောက်မှာ သူ့ရာထူးကို အသုံးပြုပြီး သာမန်ပြည်သူတွေနဲ့ ကုန်သည်တွေကို ဖိနှိပ်ခဲ့ပါတယ်။ ပြီးရင် သတင်းစာထဲမှာ သူ့ရဲ့ အောင်မြင်မှုကို ရေးသားဖော်ပြတတ်ပါတယ်။ အပြစ်ပေးခံရတဲ့ အရာရှိတွေရဲ့ နောက်ကွယ်မှာ အင်အားတွေ ရှိနေတာမို့ ဒီလုပ်ရပ်ကြောင့် သူ လူများစွာကို ရန်ဘက်ပြုမိမှာပါ။"
ဝူထူက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်၏။ "စိတ်ဝင်စားဖို့ ကောင်းတယ်။ ခင်ဗျားပြောပုံအရ သူက ရိုးဖြောင့်တဲ့သူပဲ။"
ဖါးပါးမှာ ရှက်ရွံ့သွားပြီး လက်သီးကို တင်းတင်း ဆုပ်ထားလိုက်၏။
ရိုးဖြောင့်သည်ဟူသည်မှာ မဟုတ်ပေ။ အကုန်လုံးက ဟန်ဆောင်ထားခြင်း ဖြစ်သည်။ သူ တာ့ကျင်းကို သွားတုန်းက ကုန်သွယ်ရေးအတွက် ဆွေးနွေးခဲ့ရာ ဤလူမိုက်၏ လှည့်စားခြင်းကို ခံခဲ့ရသည်။ ချီလျဲ့ပင် နားရွက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။
ဤလူဆိုးက သူပြန်လာပြီးနောက် သတင်းစာထဲမှာ သူ့အကြောင်း ဇာတ်လမ်းတွေ ရေးသားခဲ့သည်။
'သုံးကြိမ်တိုင်တိုင် မြောက်ပိုင်းရုန် ဆရာတော်ကို လှည့်စားခြင်း'၊ 'ပုရွက်ဆိတ်ဖြင့် ပုလဲလုံးကို ကြိုးသွင်းခြင်း'၊ 'စစ်တုရင်ခုံပေါ်တွင် ဂျုံစေ့တင်ခြင်း'၊ 'မြင်းအုပ်စုကို မိခင်နှင့် သားခွဲခြားခြင်း' ... စုံပလုံစိလို့နေ၏။
"အရှင်မင်းကြီး .. သူက ရိုးဖြောင့်တဲ့သူ မဟုတ်ပါဘူး။ ကြည့်ရတာတော့ ရိုးသားသလို ရှိပေမဲ့ ဗိုက်ထဲမှာတော့ လှည့်ကွက်တွေ အပြည့်ရှိတယ်။ အဲဒီလိုမဟုတ်ရင် သူ့ရဲ့ လုပ်ပုံကိုင်ပုံအရ နန်းတော်ကနေ အစောတည်းက မောင်းထုတ်ခံရမှာပါ။ အခု သူက ကျင်းဘုရင်မင်းမြတ်ရဲ့ ချစ်ခင်မှုနဲ့ ကျင်းယီဝေကို လက်ကိုင်ထားတာမို့ လူတွေက ကြောက်ရွံ့နေကြတာပါ။
တာ့ကျင်းရဲ့ အရာရှိတွေက လူ့ကျင့်ဝတ်ကိုသာ ပြောနေကြပေမဲ့ ကိုယ်ပိုင် လုပ်ငန်းတွေ မရှိတာ မဟုတ်ဘူးလေ။ သူတို့ရဲ့ လစာလေးနဲ့ဆိုရင် မြို့တော်မှာ အိမ်တောင် ဝယ်လို့ မရပါဘူး။ အခု ဖန်ကျန်းရီက သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတော့ သူတို့က သူ့ကို မြို့တော်မှာ မရှိစေချင်ကြတော့ဘူး။
ဒါကြောင့် ကျွန်တော်မျိုးတို့က အခွင့်အရေးကို အသုံးချပြီး ကုန်သွယ်ရေးပွဲတော်မှာ ဖန်ကျန်းရီကို ဖိတ်ခေါ်လိုက်ရင် အောင်မြင်မှာပါ။"
ဝူထူက မေးလိုက်၏။ "အောင်မြင်ဖို့ ဘယ်လောက် ရာခိုင်နှုန်း ရှိမလဲ။"
ဖါးပါးက ယုံကြည်မှုရှိစွာ ပြော၏။ "ကိုးဆယ်ရာခိုင်နှုန်းပါ။ တာ့ကျင်း ကျွန်တော်မျိုးတို့ရဲ့ ရည်ရွယ်ချက်ကို မသိပါဘူး။ သူတို့အမြင်မှာတော့ ဖော်ရွေတဲ့ သံတမန်ရေးရာပဲ ဖြစ်တာမို့ ငြင်းပယ်ဖို့ အကြောင်းမရှိပါဘူး။ ဖန်ကျန်းရီ ရောက်လာတာနဲ့ ကျွန်တော်မျိုးတို့က အဲဒီ အံ့ဖွယ်လက်နက်ကို စုံစမ်းပြီး နောက်တစ်ဆင့် လုပ်ကြတာပေါ့။"
ဖန်ကျန်းရီကို ကိုယ့်ဘက် ပါအောင် ဆွဲဆောင်နိုင်ရင် အကောင်းဆုံးပေါ့။ သူက ထူးခြားတဲ့ စိတ်ကူးတွေ ရှိပြီး အံ့ဖွယ်ပစ္စည်းတွေကို ဖန်တီးနိုင်တဲ့သူပါ။ သူက ငွေကို လောဘကြီးပြီး အောက်ခြေမရှိတဲ့သူမို့ ကျွန်တော်မျိုးတို့က ခြိမ်းခြောက်ပြီးမှ ငွေပေးလိုက်ရင် သူ လက်ခံမှာပါ။"
ဝူထူက ထပ်မေး၏။ "ကောင်းတယ်။ ဒါဆိုရင် ဘယ်သူ့ကို လွှတ်ရင် ကောင်းမလဲ။"
ဖါးပါးက ခဏမျှ တွေးတောပြီးနောက် ပြောသည်။ "ကျွန်တော်မျိုး အမြင်အရ ဒုတိယမင်းသား အာလီပိုင်ကို လွှတ်တာ အသင့်တော်ဆုံးပါ။"
ဝူထူက ထိုစကားကို ကြားသောအခါ အားမလိုအားမရ ပြုံး၍ ခေါင်းခါလိုက်၏။ "သူက ကျုပ် နဲ့ တူတာ မဟုတ်ဘူး၊ အလုပ်လုပ်တာ နှေးကွေးပြီး ရဲရင့်မှုလည်း မရှိဘူး။ ဘာလို့ သူ့ကို ရွေးရတာလဲ။
ဒုတိယမင်းသားက ရဲရင့်မှုအပိုင်းမှာ တခြားမင်းသားတွေနဲ့ မယှဉ်နိုင်ပေမဲ့ သဘောထားက နူးညံ့သိမ်မွေ့ပါတယ်။ ဒါကြောင့် တခြားသူတွေထက် ပိုသင့်တော်ပါတယ်။ အရှင်မင်းကြီး စိတ်ကူးကြည့်ပါ၊ ဖန်ကျန်းရီက လှည့်စားတတ်တဲ့သူ ဖြစ်ပေမဲ့ အဲဒီလို လူမျိုးက ရိုးသားတဲ့သူတွေကို ပိုသဘောကျတတ်ပါတယ်။
နောက်ပြီး သူက ဂုဏ်ရှိတဲ့သူ ဖြစ်တာမို့ ကျွန်တော်မျိုးတို့ရဲ့ လေးစားမှုကို ပြသရာ ရောက်ပါတယ်။ ဒီအချက်နှစ်ခုနဲ့တင် လုံလောက်ပါတယ်။
ကျွန်တော်မျိုး သူနဲ့ အနည်းငယ် ရင်းနှီးမှု ရှိတာမို့ ကျွန်တော်မျိုးရဲ့ စာကို ဒုတိယမင်းသားနဲ့အတူ ပေးလိုက်ပါမယ်၊ ဒါဆိုရင် ပိုပြီး သင့်တော်ပါတယ်။"
"အင်း ... ဒါနဲ့ ရွှေအန်းကောကရော ဘယ်လို သဘောရလဲ။" ဝူထူက စကားကို ပြောင်း၍ မေးလိုက်၏။
ဖါးပါးက ပြောသည်။ "အရှင်မင်းကြီး သူက စိတ်ကူးဉာဏ် နက်ရှိုင်းတဲ့သူပါ။ ကျွန်တော်မျိုးရဲ့ သူလျှိုတွေက အကြာကြီး စောင့်ကြည့်နေပေမဲ့ သူရဲ့ နောက်ခံကို မသိရသေးပါဘူး။ ပြီးတော့ သူက တာ့ကျင်းမှာ သံရိုင်းတွေကို ရအောင် ဝယ်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။ အခု သံရိုင်းတွေ လုံလောက်နေပြီမို့ သူ့ကို အရင်ဆုံး ထိန်းသိမ်းထားလိုက်ပါ၊ နောက်ပိုင်း အသုံးဝင်နိုင်ပါတယ်။"
"ကောင်းပြီ၊ ဒါဆိုရင် ခင်ဗျား စီစဉ်လိုက်ပါ။"
...
တုန်းကျောက် (အရှေ့ဆင်ခြေဖုံး) တက္ကသိုလ်၊ ကျောင်းအုပ်ကြီးရုံးခန်း။
ဖန်ကျန်းရီက အောက်မှ တင်ပြလာသော စာရင်းဇယားများကို ပျော်ရွှင်စွာ ကြည့်နေ၏။
သူသည် ကျင်းယီဝေနှင့် တုန်းကျောက်တက္ကသိုလ် နှစ်ခုလုံးတွင် အလုပ်များနေသော်မလည်း အစီရင်ခံစာများကိုလည်း လူတွေက တင်ပြပေးနေသဖြင့် ပြဿနာ မရှိပေ။
ကျောင်း၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ထင်ထားသည်ထက် ပိုမြန်ဆန်နေပြီး အရည်အချင်းရှိသူများလည်း အများအပြား ထွက်ပေါ်လာနေသည်။
အခြေခံကျသော အရာများကိုသာ သင်ကြားနေရသော်လည်း ဤခေတ်ကာလ၏ အယူအဆ အကျဉ်းအကျပ်များ အောက်တွင် ဤမျှ တိုးတက်လာခြင်းမှာ ဝမ်းမြောက်စရာ ကောင်းလှ၏။
ဒုတိယအကြိမ် ကျောင်းသားခေါ်ယူမှုမှာလည်း အလွန်ပင် ရေပန်းစားနေသည်။ အနုပညာဌာနကို အထူး တည်ထောင်၍ ကျောင်းသားများ ပိုမိုလက်ခံရန် ကြိုးပမ်းနေသည်။
ပြီးခဲ့တဲ့ နှစ်ရက်က နိုင်ငံခြားသား နှစ်ယောက်ကိုပါ ခေါ်ယူ၍ လက်ထောက်ဆရာအဖြစ် ခန့်အပ်ခဲ့သည်။ သူတို့မှာ အရည်အချင်း မရှိသော်လည်း အနောက်တိုင်း အနုပညာကို မြင်ဖူးသဖြင့် ကျောင်းသားများ၏ အမြင်ကို ကျယ်ပြန့်စေရန် အထောက်အကူ ဖြစ်စေ၏။
ထို့အပြင် ဤနေရာမှ မွေးထုတ်ပေးသော ပညာရှင်များမှာ နောင်တွင် အလွန် အသုံးဝင်လာမည်။ ကျင်းယီဝေတွင် အလုပ်လုပ်ရန် ပန်းချီဆရာများ လိုအပ်သည်မို့ ကြိုတင် မွေးထုတ်ထားခြင်း ဖြစ်သည်။
သူ့ဦးနှောက်ထဲတွင် ကမ္ဘာကျော် ပန်းချီကားများ အများကြီး ရှိနေသေးရာ နောင်တွင် အသုံးချရန် အခွင့်အရေး ရှိလာပေလိမ့်မည်။
တက္ကသိုလ်မှာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော်လည်း ကြီးမားသော အားနည်းချက်တစ်ခု ရှိနေသည်။ ယောက်ျားလေးများသာ များပြားနေခြင်း ဖြစ်သည်။
အနုပညာဌာနတွင် လှပသော မိန်းကလေးများသာ ရှိသင့်သည် မဟုတ်ပါလား။
မိန်းကလေး ကျောင်းသားများကို ဘယ်လို ခေါ်ယူရမလဲဟု တွေးတောနေစဉ် ကျောင်းအုပ်ကြီးရုံးခန်းထဲသို့ ကျောင်းသားသုံးဦးက နိုင်ငံခြားသား နှစ်ယောက်ကို ဖမ်းဆီး၍ ဒေါသတကြီး ဝင်ရောက်လာ၏။
"ကျောင်းအုပ်ကြီး၊ ကျုပ်တို့ တိုင်ကြားချင်ပါတယ်။ "
ဖန်ကျန်းရီမှာ အံ့အားသင့်သွားပြီး မေးလိုက်၏။ "ဘာဖြစ်တာလဲ။"
"ဒီနိုင်ငံခြားသား နှစ်ယောက်က စည်းကမ်းမလိုက်နာပါဘူး။ ကျုပ်တို့ကို (ညစ်ညမ်းပန်းချီ) တွေ ဆွဲခိုင်းတယ်၊ အဲဒါကလည်း ယောက်ျားတွေရဲ့ ပုံတွေပါ၊ တကယ်ကို ရှက်စရာကောင်းပြီး ကျောင်းရဲ့ ဂုဏ်သိက္ခာကို ပျက်ပြားစေပါတယ်။"
"အာ ... မင်းတို့ ဆွဲလိုက်ကြလား။"
"ဆွဲလိုက်ပါတယ်၊ နည်းနည်းတော့ ဆွဲမိလိုက်တယ်၊ ဒါပေမဲ့ တစ်ဝက်လောက် ရောက်တော့မှ သူတို့က အဝတ်မပါဘဲ ဆွဲခိုင်းတာပါ။"
ဖိုပေါ်လဲ့နှင့် တာ့ကျွမ်းတို့မှာ တိုင်တန်းကြ၏။ "သခင်လေး … ကျုပ်တို့က အဲဒီအတိုင်း ဆွဲတာပါ။ ခန္ဓာကိုယ်ဆိုတာ စင်ကြယ်ပါတယ်။"
"တိတ်လိုက်။ အဲဒါဆို မင်းတို့ ဘာလို့ အဝတ်ဝတ်ထားတာလဲ။"
ဖန်ကျန်းရီက စိတ်ပျက်စွာ လက်ကို ခါယမ်းလိုက်၏။ "တော်ပြီ၊ သူတို့ကို လွှတ်ပေးလိုက်ပါ။ ဒါက နိုင်ငံခြားသားတွေရဲ့ ဓလေ့ထုံးစံပါ။ အဝတ်မပါတဲ့သူကို ဆွဲတာ ဘာဖြစ်လဲ။ နောင်မှာ မင်းတို့ အရာအားလုံးကို ဆွဲရမယ်။ တခြားဌာနတွေက သုတေသန လုပ်ဖို့ မင်းတို့ရဲ့ ပန်းချီတွေ လိုအပ်တယ်။ အတန်းပြန်တက်တော့။"
ကျောင်းသား သုံးဦးမှာ မကျေနပ်ကြဘဲ ပြောသည်။ "ကျောင်းအုပ်ကြီး .. နောင်မှာ ညစ်ညမ်းပန်းချီတွေပဲ ဆွဲရတော့မယ်ဆိုရင် ဘယ်သူက ပုံမှန်ပန်းချီကို ဆွဲတော့မှာလဲ ... ဒါက ယဉ်ကျေးမှုကို ဖျက်ဆီးတာပါ။"
နိုင်ငံခြားသားတွေက ထပ်ပြီး တိုင်တန်းပြန်၏။ "အဲဒါ တကယ် ညစ်ညမ်းပန်းချီ မဟုတ်ပါဘူး သခင်လေး။"
ဟူး ...
ဖန်ကျန်းရီက မျက်ခုံးကို ပွတ်သပ်၍ ပြောလိုက်၏။ "တော်ပြီ၊ ဘာ ယဉ်ကျေးမှုကို ဖျက်ဆီးတာလဲ။ ကျုပ်တို့ ယဉ်ကျေးမှုက အဲဒီလောက်ထိ အမှိုက် ဖြစ်နေတာလား။ နိုင်ငံခြားသား နှစ်ယောက် ရောက်လာတာနဲ့တင် ပျက်စီးသွားရမှာလား။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိကြဘူး။ အားလုံး အတန်းပြန်တက်ပြီး ဆက်ဆွဲကြ။ ဆွဲပြီးရင် ကျုပ်ဆီ ယူလာပြ၊ ကျုပ် ကြည့်မယ်။"
ဖန်ကျန်းရီ၏ အမူအရာကို မြင်သောအခါ ကျောင်းသား သုံးဦးမှာ နိုင်ငံခြားသားများကို ခေါ်ဆောင်၍ ရှက်ရွံ့စွာ ထွက်ခွာသွားကြသည်။
လူတွေ ထွက်သွားပြီးနောက် ကျောင်းအုပ်ကြီးရုံးခန်း တံခါးကို ထပ်မံ ခေါက်လိုက်၏။
ဖန်ကျန်းရီက ဝင်ခဲ့ဟု ပြောလိုက်ရာ တံခါးပွင့်သွားပြီး ခေါင်းသေးသေးလေး တစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် တုံ့ဆိုင်းစွာဖြင့် ဖန်ကျန်းရီ၏ ရှေ့သို့ ရောက်လာရာ ဖန်ကျန်းရီမှာ အံ့အားသင့်သွား၏။ "ယိုယီ … ခင်ဗျား ဘာလို့ ရောက်လာတာလဲ။"