← Chapters

အခန်း ၁၆၀၇

Vol. 108 Ch. 1607

အခန်း ၁၆၀၇

Vol. 108 Ch. 1607

အခန်း (၁၆၀၇) လူတစ်ယောက်၏ လောကအမြင်ကို ပြန်လည်ဆန်းသစ်စေခြင်း (၂)

၀ရဇိန် လေးဦးသည် ပျံသန်းသော ရထားလုံးအတွင်းသို့ ဝင်ရောက်သွားကြပြီးနောက် ရထားလုံးသည် တကျွိကျွိ မြည်ဟည်းသံများနှင့်အတူ အနောက်သို့ လှည့်ကာ တောင်ပိုင်း မိုးကုပ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားတော့၏။

လုကျိုး၏ သတင်းစကားကို ပါးပြီးနောက် ၀ရဇိန်တစ်ဦးက ပြောလိုက်သည်။

“ဒီရွှမ်းယီခန်းမက ငါတို့ရဲ့ ဂုဏ်သိက္ခာကို စော်ကားရဲတယ်ပေါ့။ နောက်တစ်ခေါက် တွေ့တဲ့အခါ ငါတို့ရဲ့ ဂုဏ်သိက္ခာကို သေချာပေါက် ပြန်ဆယ်ရမယ်”

“မလုပ်ဘူး... မလုပ်ဘူး... ငါတော့ အဲဒီလို မလုပ်ဘူး” မင်ရှစ်ရင်က ခေါင်းခါယမ်းလျက် ပြောလိုက်၏။

၀ရဇိန်တစ်ဦးက ကန့်ကွက်လိုက်သည်။

“သခင်လေးရီ... သူက အဲဒီလို စကားတွေတောင် ပြောလိုက်တာလေ။ ခင်ဗျားကို စော်ကားတာက အနီရောင်ဧကရာဇ်ကို စော်ကားလိုက်တာနဲ့ အတူတူပဲ”

“စော်ကားတာလား” မင်ရှစ်ရင်သည် သူ၏ လည်ချောင်းကို ရှင်းလိုက်ပြီး ပြောလိုက်၏။

“သူ ငါ့ကို စော်ကားတာ ပြဿနာ မရှိပါဘူး။ သူပြောတာ မှန်တာပဲလေ။ ဒါပေမဲ့... အဲဒါက ဘယ်လိုလုပ် အနီရောင်ဧကရာဇ်ကို စော်ကားရာ ရောက်သွားရတာလဲ။ ဘာပဲဖြစ်ဖြစ် ဒါက ကိစ္စသေးလေးပါ။ နောက်တစ်ခေါက်ကျရင် ငါ သွားတောင်းပန်လိုက်မယ်”

“???”

၀ရဇိန်တစ်ဦးက ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။ “သခင်လေးရီ... ဒါက ခင်ဗျားပုံစံနဲ့ မတူဘူးနော်။ ခင်ဗျားက ကလဲ့စားချေရမှာ မဟုတ်ဘူးလား”

“ဒါကို နောက်မှ ဆက်ပြောကြတာပေါ့။ ငါ အခု တစ်ရေးလောက် အိပ်လိုက်ဦးမယ်”

“…”

…

တောင်ပိုင်းအက်ကွဲတောင်၏ မြောက်ဘက် တာအိုခန်းမဆောင်အတွင်း၌ ဖြစ်၏။

ရွှမ်းယီက ပြုံးလျက် ဆိုလိုက်သည်။ “မျှော်နန်းသခင်လုက တကယ်ကို စွမ်းဆောင်နိုင်တာပဲ။ လှုပ်ရှားမှု သေးသေးလေး တစ်ခုနဲ့တင် တစ်ဖက်လူတွေကို ထိတ်လန့်တကြား ထွက်ပြေးသွားအောင် လုပ်နိုင်တယ်”

ထိုအချိန်၌ ရွှမ်းယီခန်းမမှ ဒဏ်ရာရရှိထားသော ကျင့်ကြံသူများသည် အနေခက်သော မျက်နှာအမူအရာများဖြင့် ပြန်လည် ရောက်ရှိလာကြတော့၏။

တစ်ချိန်တည်းမှာပင် နန်လီမှာ မှင်တက်နေဆဲဖြစ်ပြီး အံ့ဩထိတ်လန့်မှုမှ ပြန်လည် မသက်သာသေးပေ။ သူသည် သူ၏ မျက်စိရှေ့မှောက်ရှိ အမှန်တရားကို လက်ခံရန် ခက်ခဲနေခဲ့သည်။ ‘သူ ဘယ်အချိန်တုန်းက တိုက်ကွက် ထုတ်လိုက်တာလဲ။ ငါ ဘာမှကို မမြင်လိုက်ရဘူး’

“ဒီကောင်လေး နှစ်ယောက်က နို့နံ့တောင် မစင်သေးပါဘူး” လုကျိုးက ပြောလိုက်၏။

“ခင်ဗျားပြောတာ မှန်ပါတယ်” ရွှမ်းယီသည် ပါးနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူသည် လှည့်ကာ ကျန်းဟယ်ကို အနည်းငယ် ကြိမ်းမောင်းလိုက်သည်။

သို့သော်လည်း ကျန်းဟယ်သည် မည်သည့် ဆင်ခြေကိုမျှ မပေးခဲ့ပေ။ ထိုအစား သူက ပြောလိုက်၏။

“အဲဒီ လှံကိုင်တဲ့သူက ကြမ်းတမ်းပြီး လွှမ်းမိုးနိုင်စွမ်းရှိတယ်။ သူက ကျွန်တော် မျှော်လင့်ထားတာထက် တကယ်ကို သာလွန်ပါတယ်။ သစ်သားပြာ သုံးတဲ့သူကျတော့ ကျွန်တော့်ကို တကယ် အငိုက်မိသွားစေတယ်။ ဒီနေ့တော့ ကျွန်တော် အရှုံးကို လှိုက်လှိုက်လှဲလှဲ လက်ခံပါတယ်”

“မင်း တပ်မှူးနေရာကို စွန့်လွှတ်ဖို့ ဆန္ဒရှိလား” ရွှမ်းယီက မေးလိုက်၏။

ကျန်းဟယ် မှင်တက်သွားရရှာသည်။ သူသည် ဆန္ဒမရှိသော်လည်း နောင်ကျင်းပမည့် တရားဝင် ပြိုင်ပွဲတွင် သူ ထပ်မံ ရှုံးနိမ့်မည်သာဖြစ်ကြောင်း သူ တွေးတောမိလိုက်၏။ ထိုအချိန်၌ သူ ယခုထက်ပင် ပိုမို ဆိုးရွားစွာ ရှုံးနိမ့်နိုင်ပေသည်။ ထို့ကြောင့် သူသည် မြေပြင်ပေါ်၌ ဒူးထောက်ကာ ပြောလိုက်သည်။

“ကျွန်တော်မျိုး နေရာကနေ နုတ်ထွက်ဖို့ ဆန္ဒရှိပါတယ်”

“အိုး...” ရွှမ်းယီသည် ကျန်းဟယ်က ဤမျှအထိ သဘောထားကြီးပြီး ပွင့်လင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ကျန်းဟယ်က ဆက်ပြောလိုက်သည်။

“ကျွန်တော်က သူတို့ရဲ့ ခွန်အားကို အသိအမှတ်ပြုပေမဲ့ သူတို့ရဲ့ သံသယဖြစ်ဖွယ် စရိုက်လက္ခဏာတွေကိုတော့ မထောက်ခံနိုင်ပါဘူး”

“သံသယဖြစ်ဖွယ် စရိုက်လက္ခဏာတွေ ဟုတ်လား”

“ကျွန်တော်က ခင်မင်ရင်းနှီးမှုအရ သက်သက်ပဲ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တာ။ ဒါပေမဲ့ သူတို့က ကျွန်တော့်ကိုရော ရွှမ်းယီခန်းမကိုပါ ထပ်ခါတလဲလဲ စော်ကားခဲ့ကြတယ်။ ဒါက တကယ့်ကို ရိုသေလေးစားမှု ကင်းမဲ့တာပဲ။ မဟာလေဟာနယ် မျိုးစေ့တွေက သူတို့လက်ထဲ ရောက်သွားတာ တကယ်ကို ကံဆိုးတာပါပဲ” ကျန်းဟယ်က ပြောလိုက်၏။

လုကျိုး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဤစကားများက နားထောင်ရ အနည်းငယ် ခက်လှပေ၏။ ၎င်းမှာ မိဘများသာ မိမိတို့၏ ကလေးများကို ဝေဖန်နိုင်ပြီး ပြင်ပလူများက ဝေဖန်လာလျှင် မသက်မသာ ခံစားရသကဲ့သို့ ဖြစ်ပေသည်။

“သူတို့ရဲ့ စရိုက်လက္ခဏာတွေက သံသယဖြစ်စရာ ကောင်း၊ မကောင်း ငါ မသိဘူး။ ဒါပေမဲ့ အခု မင်းက သူတို့ ကွယ်ရာမှာ အတင်းအဖျင်း ပြောနေတာလေ။ မင်းမှာ သူတို့ရဲ့ စရိုက်လက္ခဏာအကြောင်း ပြောခွင့်ရှိတယ်လို့ ထင်နေတာလား” လုကျိုးက မေးမြန်းလိုက်၏။

“ဒါက...” ကျန်းဟယ်သည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားတော့၏။ ထို့နောက် သူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“အရှင်မင်းကြီး... ကျွန်တော်မျိုး တပ်မှူးနေရာကနေ နုတ်ထွက်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အဲဒီနေရာကို မျှော်နန်းသခင်လုကိုပဲ ပေးချင်ပါတယ်”

နန်လီက အံ့ဩတကြီးဖြင့် ပြောလိုက်၏။ “မင်းက ရွှမ်းယီခန်းမရဲ့ တပ်မှူးနေရာအကြောင်း ပြောနေတာနော်။ မင်း အရမ်း လောလွန်းမနေဘူးလား”

ရွှမ်းယီ မျက်မှောင်ကြုတ်သွား၏။

“အဓိပ္ပာယ်မရှိတာ။ တပ်မှူးနေရာက အရမ်းကို အရေးကြီးတယ်။ ဘယ်လိုလုပ် အလွယ်တကူ ပေးပစ်လို့ရမှာလဲ။ မျှော်နန်းသခင်လုက ရွှမ်းယီခန်းမထဲကို အခုမှ ဝင်လာတာဆိုတော့ သူ တပ်မှူးလုပ်ဖို့ မသင့်တော်ပါဘူး။ မဟုတ်ရင် ရွှမ်းယီခန်းမက လူတွေက မျက်နှာလိုက်တယ်လို့ အတင်းအဖျင်း ပြောကြလိမ့်မယ်။ အဲဒီလိုဆိုရင် လူအများရဲ့ ယုံကြည်မှုကို ဘယ်လိုရနိုင်ပါ့မလဲ”

ကျန်းဟယ်၏ ရင်ထဲတွင် လှုပ်ခတ်သွား၏။ ‘အရှင်မင်းကြီးက ငါ့ကို ခုထိ အထင်ကြီးနေတုန်းပဲ’

ရွှမ်းယီသည် လုကျိုးကို မျက်လုံးထောင့်မှ တစ်ချက်လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ တွေးတောလိုက်၏။

‘ဆရာသခင် ဒေါသမထွက်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။ ဒီလို နိမ့်ကျတဲ့ နေရာမျိုးက သူ့ကို စော်ကားရာ မရောက်ဘူးလား’

နန်လီက ပြောလိုက်၏။ “မျှော်နန်းသခင်လုက ရွှမ်းယီခန်းမရဲ့ တပ်မှူးဖြစ်လာဖို့ အရမ်းကို သင့်တော်တယ်လို့ ငါ ထင်တယ်”

ရွှမ်းယီသည် အကြောင်းအရာကို ချက်ချင်း ပြောင်းလဲလိုက်ပြီး ပြောလိုက်၏။

“နန်လီ... ငါ မှတ်မိသလောက် မင်းနဲ့ မျှော်နန်းသခင်လုတို့ လောင်းကြေးထပ်ထားတယ် မဟုတ်လား”

“လောင်းကြေး”

“မင်း ကတိဖျက်တော့မလို့လား” ရွှမ်းယီက ပြုံးလျက် မေးလိုက်၏။

နန်လီ၏ မျက်နှာပေါ်တွင် အနေခက်သော အမူအရာတစ်ခု ပေါ်ထွက်လာတော့သည်။ လူတိုင်းက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူသည် သက်ပြင်းချရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ဘဲ ပြောလိုက်၏။

“ငါက ကတိဖျက်ချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ တောင်ပိုင်း မီးတောက်စစ်က လူသားတွေနဲ့ ထိုက်တန်တဲ့အရာ မဟုတ်ဘူး။ အဲဒါကို ပေးလိုက်ရင် ခင်ဗျားကို ဒုက္ခပေးသလိုပဲ ဖြစ်သွားလိမ့်မယ်။ မျှော်နန်းသခင်လု... ခင်ဗျား လက်လျှော့လိုက်ပါလား”

တစ်ခါတစ်ရံတွင် လူသားများသည် ဤကဲ့သို့ပင် ဖြစ်ကြ၏။ သူတို့သည် အရာဝတ္ထုအချို့ကို တန်ဖိုးမထားကြသော်ငြား အခြားသူများကို ပေးရန်မူ ငြင်းဆန်တတ်ကြပေသည်။

လုကျိုးက ပြောလိုက်၏။ “မင်း ကတိတည်ဖို့ ငါ မျှော်လင့်တယ်”

“ဒါက...”

“ကတိဖျက်တဲ့လူတွေကို ငါ အမုန်းဆုံးပဲ” လုကျိုးက ပြောလိုက်၏။

“…”

‘ဒီစကားတွေကြောင့် ညှိနှိုင်းစရာ အကြောင်း မရှိတော့ဘူးပေါ့’

ရွှမ်းယီက သက်ပြင်းချကာ ပြောလိုက်၏။ “နတ်ဘုရင်နန်လီ... ငါတို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပေမဲ့ မင်းကိုယ်တိုင် လောင်းကြေးထပ်ခဲ့တာလေ။ အဲဒါကြောင့် မင်းအတွက် ငါ ဝင်ပြောပေးလို့ မရဘူး”

နန်လီ၏ မျက်ခွံများ လှုပ်ခတ်သွား၏။ ‘သူက ဟန်ဆောင်နေသလို ဘာလို့ ခံစားနေရတာလဲ’

အမှန်စင်စစ် နန်လီနှင့် ရွှမ်းယီတို့ သိကျွမ်းလာခဲ့ကြသည်မှာ တစ်ရက်နှစ်ရက်မျှသာ မဟုတ်ပေ။ သူတို့နှစ်ဦးမှာ မဟာလေဟာနယ်အတွင်း၌ မိတ်ဆွေကောင်းများဟုပင် သတ်မှတ်နိုင်ပေသည်။ သို့တိုင်အောင် ယနေ့အချိန်အထိ ရွှမ်းယီသည် ဤကဲ့သို့သော စကားမျိုး တစ်ခါမျှ မပြောခဲ့ဖူးချေ။

နန်လီ သက်ပြင်းချလိုက်၏။ “ကောင်းပြီလေ။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်း ပြောထားပါရစေ။ တစ်ခုခု ဖြစ်လာခဲ့ရင် တောင်ပိုင်းအက်ကွဲတောင်ကိုတော့ အပြစ်လာမတင်နဲ့နော်”

ရွှမ်းယီသည် လုကျိုးကို ကြည့်လိုက်၏။

လုကျိုးက ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ငါ့လုပ်ရပ်တွေအတွက် တခြားသူတွေကို ဘယ်တော့မှ အပြစ်မတင်တတ်ဘူး”

“ကောင်းပြီ”

နန်လီသည် နေရာမှ ထရပ်လိုက်ပြီး ဘယ်ဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ကြွပါ”

လုကျိုးနှင့် ရွှမ်းယီတို့ တစ်ပြိုင်နက်တည်း ထရပ်လိုက်ကြသည်။

ထို့နောက် သူတို့သုံးဦးသည် နန်လီက ရှေ့မှ ဦးဆောင်လျက် မြောက်ဘက်ရှိ တောင်တစ်တောင်ဆီသို့ ပျံသန်းထွက်ခွာသွားကြတော့၏။

…

All Chapters