အခန်း ၇၂
Vol. 4 Ch. 72
အပိုင်း(၇၂) ကျေးဇူးနှင့် ရန်ငြိုး
နောက်ဆုံး ခုတ်ချသော ဤဓားချက်တွင် ချန်းရီ၏ တစ်ကိုယ်လုံးရှိ ခွန်အားများအားလုံးနီးပါး စုဆောင်းပါဝင်သွား၏။
လူ့မျက်နှာ ကင်းမြီးကောက်က အငြိုးတကြီး ကြည့်သော အကြည့်တစ်ချက်ကို ချန်ရစ်ခဲ့ပြီးနောက် ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးက တဖြည်းဖြည်း အသက်ကင်းမဲ့သွားပြီ ဖြစ်သည်။
ထို ဧရာမ လူ့မျက်နှာကြီးက နေရောင်ခြည် ကျရောက်မှုအောက်တွင် တဖြည်းဖြည်း လွင့်စင်ပျောက်ကွယ်သွား၏။
၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးသည်ပင်လျှင် ဖြည်းညင်းစွာ ပျောက်ကွယ်သွားရင်း အလင်းမှုန်လေးများအဖြစ် ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားလေသည်။
"ဟူး... ဟူး"
ထယ်ရှီးက သဲခုံပေါ်သို့ ဖင်ထိုင်ချလိုက်ပြီး သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း သေးငယ်သွား၏။
ဤအချိန်တွင် ထယ်ရှီးက သွေးလူသားတစ်ယောက်အလား ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဖောက်ထွင်းခံထားရသော အပေါက်များစွာ ရှိနေသည်။
ဤကောင် တိုက်ခိုက်သည့်အခါတွင် တခြားလူတစ်ယောက်အလား ပြောင်းလဲသွားတတ်၏။
လူ့မျက်နှာ ကင်းမြီးကောက်၏ အမြီးမှ အဆိပ်ဆူးဖြင့် ထိုးမိပါက ခန္ဓာကိုယ်ပေါ်တွင် သွေးပေါက်ကြီးတစ်ခု ဖြစ်သွားမည်ကိုပင် သူက လုံးဝ ရှောင်တိမ်းခြင်း မရှိခဲ့ချေ။
အကြမ်းတမ်းဆုံး အခြေအနေတွင် ထယ်ရှီးက လက်တစ်ဖက်ဖြင့် ကင်းမြီးကောက်၏ အမြီးကို ဆုပ်ကိုင်ထားပြီး သံမဏိလက်သီးများဖြင့် အရူးအမူး ထိုးကြိတ်နေခဲ့ခြင်း ဖြစ်သည်။
ချန်းရီကလည်း သဲခုံပေါ်သို့ ဖင်ထိုင်ချကာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ငြိနေသော သဲများ၊ မြေကြီးများကိုပင် ဂရုမစိုက်နိုင်တော့ပေ။
မီးခိုးငွေ့များက တဖြည်းဖြည်း လွင့်စင်သွား၏။
စစ်တလင်း၏ အခြေအနေကို အသက်ရှင်ကျန်ရစ်သူများက နောက်ဆုံးတွင် ရှင်းလင်းစွာ မြင်တွေ့ခွင့် ရသွားကြပြီ ဖြစ်သည်။
ချန်းရီက အိတ်ကပ်ကို စမ်းကြည့်ရာ အခွံလွတ်နေသော ဆေးလိပ်ဘူး တစ်ဘူးကိုသာ စမ်းမိတော့သည်။
သူက ဆေးလိပ်ဘူးကို လုံးချေကာ အဝေးသို့ လွှင့်ပစ်လေသည်။
ကံဆိုးလိုက်တာဟု စိတ်ထဲမှ ကြိတ်၍ ကျိန်ဆဲမိသည်။
စောစောက အပြင်းထန်ဆုံး တိုက်ခိုက်နေချိန်တွင် မီးခိုးငွေ့ မြူခိုးများကို ဖန်တီးနိုင်ရန်အတွက် ချန်းရီက ဆေးလိပ်တစ်လိပ်ကို တစ်ခါဖွာရုံဖြင့် တစ်ဝက်ကျိုးသွားသည်အထိ သောက်ခဲ့ရခြင်း ဖြစ်သည်။
မီးခိုးငွေ့ မြူခိုးများသာ မရှိခဲ့ပါက ချန်းရီ ကိုယ်တိုင်လည်း လူ့မျက်နှာ ကင်းမြီးကောက်၏ အဆိပ်ဆူးအောက်တွင် သေဆုံးသွားလောက်ပြီ ဖြစ်သည်။
နာနာလည်း သေချာပေါက် သေဆုံးသွားလောက်ပြီ ဖြစ်၏။
အကြိမ်ပေါင်းများစွာ အန္တရာယ်ကြုံရချိန်တိုင်း ဤမိန်းမက မီးခိုးငွေ့များထဲသို့ တိုးဝင်ပုန်းအောင်းသွားသဖြင့် လူ့မျက်နှာ ကင်းမြီးကောက်က သူမကို လုံးဝ ရှာမတွေ့နိုင်ခဲ့ပေ။
မီးခိုးတမန်တော် လမ်းစဉ်၏ အစွမ်းက တကယ်ကို အသုံးဝင်လှသည်။
သို့သော် မီးခိုးပုံဖော်ခြင်း အစွမ်းကမူ အနည်းငယ် အားနည်းနေသေးသည်။
အတိအကျ တွက်ကြည့်မည်ဆိုလျှင် ချန်းရီတစ်ယောက် မီးခိုးတမန်တော် လမ်းစဉ်ကို နိုးကြားလာခဲ့သည်မှာ သိပ်မကြာသေးပေ။
နာနာနှင့် ထယ်ရှီးတို့ကဲ့သို့ စောစီးစွာ နိုးကြားခဲ့သူများနှင့် ယှဉ်ကြည့်ရန်ပင် လုံးဝ မဖြစ်နိုင်ချေ။
ဤတစ်ကြိမ်တွင် သတ်ဖြတ်မှတ် မည်မျှရရှိမည်ကို ကြည့်ရပေမည်။
ချန်းရီက မျှော်လင့်ချက် အပြည့်ဖြင့် ဤတစ်ကြိမ် ရရှိမည့် သတ်ဖြတ်မှတ်များကို စစ်ဆေးကြည့်ရန် ပြင်၏။
နောက်ဆုံးဓားချက်ကို သူကိုယ်တိုင် ခုတ်ချခဲ့ခြင်း ဖြစ်ကြောင်း သိထားရမည်။
ဂိမ်းအသုံးအနှုန်းဖြင့် ပြောရလျှင် ပွဲသိမ်းတိုက်ကွက် ရလိုက်ခြင်းပင် ဖြစ်သည်။
"ဖြန်း"
ချန်းရီ၏ မျက်နှာပေါ်သို့ ပြင်းထန်သော ပါးရိုက်ချက်တစ်ခု တိုက်ရိုက် ကျရောက်လာ၏။
ချန်းရီက အရိုက်ခံရသဖြင့် ယိုင်ထွက်သွားသည်။
မျက်စိရှေ့တွင် အရာအားလုံး ဝေဝါးသွားပြီး စနစ်၏ မျက်နှာပြင်ပင်လျှင် အဆက်ဖြတ်ခံသွားရ၏။
မော့ကြည့်လိုက်သောအခါ ရှည်လျားဖြောင့်တန်းသော ခြေတံရှည်ကြီး တစ်စုံကို အရင်ဆုံး မြင်တွေ့ရပြီး ထို့နောက်တွင် သေးသွယ်ကျော့ရှင်းသော ခါးလေးကို မြင်တွေ့ရသည်။
နောက်ဆုံးတွင်တော့ ပန်းရောင် ဆံပင်ရှည်များကို တွေ့ရ၏။
ထို့အပြင် ပေါက်စီတစ်လုံးအလား ဖောင်းအစ်နေသော မျက်နှာကြီးကြောင့် ဘယ်ဘက်မျက်လုံးမှာ မျဉ်းတစ်ကြောင်းလိုပင် ကျဉ်းမြောင်းနေပြီ ဖြစ်သည်။
"ချန်းရီ... ဒါက ရှင့်ကို အကြွေးပြန်ဆပ်တာ... ပါးတစ်ချပ်ကို ပါးတစ်ချပ် အစားပြန်ပေးတာ"
"အား... နာလိုက်တာ သေတော့မယ်"
"ရှင် တကယ် လူဆိုးပဲ... ဒီပါးရိုက်ချက်က ရှိသမျှခွန်အားတွေ အကုန်ထုတ်သုံးလိုက်တာ မဟုတ်လား"
ချန်းရီကို ပါးရိုက်ပြီးနောက်တွင်။
နာနာက ဖောင်းအစ်နေသော ပါးတစ်ခြမ်းကို အုပ်ကိုင်ရင်း ညည်းတွားနေလေသည်။
ကောင်မလေးတစ်ယောက် ဤမျှအထိ အရိုက်ခံရခြင်းက ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည်ဟုပင် ဆိုနိုင်၏။
သဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင်များ၏ ပြန်လည်သက်သာလာမှုနှုန်းက အံ့မခန်း မြန်ဆန်လျှင်တောင်မှ လတ်တလောတွင်တော့ ရုပ်ပျက်နေသေးသည်ပင်။
ချန်းရီက နာနာ၏ ပုံစံကို မြင်သောအခါ သူမကို လက်ညှိုးထိုးကာ အားရပါးရ ရယ်မောမိရာ ပန်းရောင်ဆံပင်နှင့် ကောင်မလေးထံမှ မျက်စောင်းတစ်ချက်ကို ရရှိသွားသည်။
"ရော့... ရှင့်အတွက်... ကျွန်မက ကျေးဇူးနဲ့ ရန်ငြိုးကို ရှင်းရှင်းလင်းလင်း ခွဲခြားတတ်ပါတယ်"
"ရှင်က ကျွန်မကို ရိုက်ခဲ့လို့ ကျွန်မက ရှင့်ကို ပါးတစ်ချပ် ပြန်ရိုက်တာ... ဒါပေမဲ့ ရှင်က ကျွန်မကိုလည်း ကယ်ခဲ့တာဆိုတော့ ဒီဆေးလိပ်ဘူးကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပေးတာ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဘယ်ကမှန်းမသိ ဟွာဇီး ဆေးလိပ်ဘူး တစ်ဘူးကို ထုတ်ယူကာ ချန်းရီထံသို့ တိုက်ရိုက် ပစ်ပေး၏။
"တကယ် နားမလည်ဘူး... ဒီဆေးလိပ်က ဘာတွေများ သောက်ကောင်းနေလို့လဲ"
ကောင်မလေးက ချန်းရီကို အတုခိုး၍ ဆေးလိပ်သောက်ကြည့်ရန် ကြိုးစားခဲ့ဖူးသော်လည်း တစ်ဖွာမျှ သောက်ပြီးသည်နှင့် မခံနိုင်တော့ပေ။
ယခုတော့ ဤ ဟွာဇီး ဆေးလိပ်ဘူးက ချန်းရီအတွက် အချောင်ရသွားခဲ့ပြီ ဖြစ်သည်။
ချန်းရီက ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ မီးညှိရင်း "ငါတို့တွေ ထူးဆန်းတဲ့အရာ တစ်ကောင်ကို သတ်နိုင်ခဲ့မယ်လို့ တကယ် မထင်ထားခဲ့ဘူး"
"ကမ္ဘာပျက်ကပ် စတင်ကတည်းက ထူးဆန်းတဲ့အရာတွေ အသတ်ခံရတယ်ဆိုတာကို ကြားပဲ ကြားဖူးခဲ့တာ... တစ်ခါမှတော့ မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ဖူးဘူး... ဒီနေ့ ကျွန်မတို့ကိုယ်တိုင် လုပ်နိုင်ခဲ့လိမ့်မယ်လို့ မထင်ထားဘူး"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အသံတွင်လည်း သက်ပြင်းချသံများ ပါဝင်နေသည်။
"ထူးဆန်းတဲ့အရာတွေကို သတ်ပစ်လို့ မရနိုင်ဘူး ဆိုတာက... သာမန်လူတွေက သတ်လို့မရတာကိုပဲ ဆိုလိုတာပါ"
ကြည်လင်ပြတ်သားသော အသံတစ်သံက သူတို့၏ နားထဲသို့ ဝင်ရောက်လာ၏။
ချူချယ်က ခြေဗလာဖြင့် လူအုပ်ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာသော်လည်း သူ၏ မျက်လုံးများကမူ ပျောက်ကွယ်နေသော လူ့မျက်နှာ ကင်းမြီးကောက်ထံသို့သာ စူးစိုက်ကြည့်နေသည်။
"လမ်းစဉ် အဆင့် (၂) အစွမ်းပိုင်ရှင် တစ်ယောက်က ထူးဆန်းတဲ့အရာ တစ်ကောင်ကို တစ်ယောက်တည်း သတ်ဖြတ်ခဲ့တဲ့ အကြောင်း ငါ ကြားဖူးတယ်"
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လမ်းစဉ် အဆင့် (၂) အကြောင်းကို ပြောသည်နှင့် နာနာက အမြီးတက်နင်းခံရသော ကြောင်မလေးတစ်ကောင်အလား လုံးဝ ကျေနပ်လက်ခံခြင်း မရှိပေ။
အကယ်၍ ချူချယ် ပြောသည့်စကားသာ အမှန်ဖြစ်နေပါက ဒါက မျက်နှာကို ဖြတ်ရိုက်ခံရသလိုပင်။
လူသုံးယောက် ပူးပေါင်းပြီး နေ့ခင်းဘက်တွင် လူ့မျက်နှာ ကင်းမြီးကောက် တစ်ကောင်ကို တိုက်ခိုက်သည်ကိုပင် ဤမျှအထိ ဒဏ်ရာရခဲ့ကြရာ ချူချယ် ပြောသော ထို လမ်းစဉ် အဆင့် (၂) အစွမ်းပိုင်ရှင်နှင့် ယှဉ်လျှင် အလွန် ကွာခြားလွန်းနေသည်။
သူတို့အားလုံးက အသုံးမကျသည့် အမှိုက်တွေ ဖြစ်နေသည်ဟု ဆိုလိုရာ မရောက်ပေဘူးလော။
တရားမျှတမှု ယာဉ်တန်း၏ နံပါတ်တစ် အတော်ဆုံးလူ ဖြစ်သော ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ဤအမှန်တရားကို လက်မခံနိုင်ချေ။
ချူချယ်က ခေါင်းလှည့်ကာ ချန်းရီနှင့် ပန်းရောင်ဆံပင် ကောင်မလေးကို ပြုံးရွှင်စွာ ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် "မင်းတို့က ဒီကမ္ဘာကြီးအကြောင်း သိထားတာ အရမ်းနည်းလွန်းနေသေးတယ်" ဟူသော အမူအရာက အထင်းသား ပေါ်လွင်နေ၏။
ထယ်ရှီး ကမူ သဲခုံပေါ်တွင် လှဲလျောင်းအိပ်ပျော်နေပြီ ဖြစ်ပြီး ဟောက်သံများက မိုးကြိုးပစ်သကဲ့သို့ ဆူညံနေသည်။
"မင်းတို့ ဒီကမ္ဘာကြီးအကြောင်း ဘာမှမသိထားသေးဘူးပဲ"
"သဘာဝလွန် လမ်းစဉ်ရဲ့ စွမ်းအားတွေကို မင်းတို့က နည်းနည်းလေးပဲ ထုတ်သုံးနိုင်သေးတာပါ"
"နာနာ ဆိုရင်လည်း တရုတ်ပြည်ရဲ့ တစ်ခုတည်းသော ဓားနတ်ဘုရား လမ်းစဉ်ကို ပိုင်ဆိုင်ထားတာမို့ အလားအလာ အရမ်းကောင်းတယ်... ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့"
"ပြီးတော့ ချန်းရီ... မင်းရဲ့ သဘာဝလွန်လမ်းစဉ်ကလည်း အရမ်း အားကောင်းတယ်... ဒီတစ်ခေါက်သာ မင်း မပါရင် ငါတို့အားလုံး သေနေလောက်ပြီ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ မျက်ခွံများ တဆတ်ဆတ် တုန်သွားပြီး ချန်းရီကလည်း လူရိုက်ချင်စိတ်များ ပေါ်လာ၏။
"ရှင်က ဘာလို့ ကျူးကောလျန်လို ဟန်ဆောင်နေရတာလဲ... ပြောစရာရှိတာ အမြန်ပြောစမ်းပါ"
ပန်းရောင်ဆံပင်နှင့် ကောင်မလေး ဒေါသပေါက်ကွဲသွားလေသည်။
"အဟမ်း... အဟမ်း... မင်းတို့ မှော်ဆေးတောင့် ဆိုတာကို ကြားဖူးလား"
"အဲ့ဒါ ဘာကြီးလဲ"
"မှော်ဆေးတောင့် ဆိုတာ သဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင်တွေရဲ့ အလားအလာကို အတိုင်းအတာ တစ်ခုအထိ နိုးဆွပေးနိုင်တဲ့ မှော်ဆေးတစ်မျိုးပဲ"
"ဒီလို မှော်ဆေးမျိုးက လမ်းစဉ်ဆေးထိုးအပ်ထက်တောင် ပိုပြီး ရှားပါးတယ်"
"ငါလည်း ကြားဖူးရုံပါပဲ"
"တကယ်လို့ မင်းတို့သာ မှော်ဆေးတောင့်ကို ရနိုင်ခဲ့ရင်... ထားလိုက်ပါတော့လေ... ဒီကိစ္စမျိုးကို မတွေးတာပဲ ကောင်းပါတယ်"
"သဘာဝလွန် လမ်းစဉ်... ထူးဆန်းတဲ့အရာ ပြီးတော့ တခြားအရာတွေ အများကြီး ရှိသေးတယ်... ငါတို့ သိထားတာက အရမ်းကို နည်းလွန်းနေတယ်"
ချန်းရီ၏ ရင်ထဲတွင်တော့ တဒိတ်ဒိတ် ခုန်သွား၏။
မှော်ဆေးတောင့် ဟုတ်လား။
တခြားလူတွေ မရနိုင်တာက သူကိုယ်တိုင် မရနိုင်ဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။
သူ့တွင် စနစ် ရှိနေသည်လေ။ လမ်းစဉ်ဆေးထိုးအပ်ကိုတောင်မှ လဲလှယ်ယူနိုင်မှတော့ မှော်ဆေးတောင့်ကို မလဲလှယ်နိုင်စရာ အကြောင်းမရှိပေ။
သူက ရင်ထဲရှိ အတွေးများကို ဖိနှိပ်ထားလိုက်ပြီး ချူချယ်ထံသို့ အကြည့်ပို့လိုက်သည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ခေါင်းဆောင်ချူ ၏ အမူအရာက အလွန် ထူးဆန်းနေသောကြောင့် ဖြစ်၏။
ခေါင်းဆောင်ချူ၏ မျက်လုံးများက အရောင်လက်နေပြီး လူ့မျက်နှာ ကင်းမြီးကောက် ပျောက်ကွယ်သွားသော နေရာသို့ စူးစိုက်ကြည့်ကာ ထိုနေရာဆီသို့ ခြေလှမ်းများ ရွေ့လျားသွားသည်ကို မြင်လိုက်ရသည်။
ချန်းရီက ထိုလားရာအတိုင်း လိုက်ကြည့်လိုက်၏။
သဲပြင်ပေါ်တွင် မည်းနက်နေသော အရာဝတ္ထုတစ်ခု ကျနေသည်ကိုသာ တွေ့လိုက်ရသည်။
ချန်းရီ၏ ရင်ထဲ ထိတ်လန့်သွားသည်။ ဤပစ္စည်းက...
ထို့နောက် သူလည်း မတ်တတ်ရပ်ကာ ထို မည်းနက်နေသော အရာဝတ္ထုဆီသို့ လျှောက်သွားလိုက်သည်။
ပန်းရောင်ဆံပင်နှင့် ကောင်မလေးကလည်း စပ်စုချင်စိတ်ဖြင့် နောက်မှ လိုက်ပါလာ၏။
ခေါင်းဆောင်ချူ က လူ့မျက်နှာ ကင်းမြီးကောက် ပျောက်ကွယ်သွားသော နေရာသို့ လျှောက်သွားပြီး မြေပြင်ပေါ်မှ ပစ္စည်းတစ်ခုကို လှမ်းကောက်ယူသည်။
၎င်းမှာ အနက်ရောင် အခွံတစ်ခု ဖြစ်ပြီး ပြုလုပ်ထားသော ပစ္စည်းမှာ သံနှင့်လည်း မတူသလို ပလတ်စတစ်နှင့်လည်း မတူပေ။
ချန်းရီက ၎င်းကို မှတ်မိသွား၏။ ၎င်းမှာ လူ့မျက်နှာ ကင်းမြီးကောက်၏ ခန္ဓာကိုယ်ပေါ်မှ အကြေးခွံပင် ဖြစ်သည်။
ယခင်က ထယ်ရှီးသည် အရပ် (၁၀) ပေ အမြင့်ရှိသော လူ့ဘီလူးကြီး အဖြစ် ပြောင်းလဲကာ လက်သီးများဖြင့် အရူးအမူး ထုရိုက်ခဲ့သော်လည်း လူ့မျက်နှာ ကင်းမြီးကောက်အား မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့ပေ။
ဒါက... သဘာဝလွန်ပစ္စည်း ကုန်ကြမ်းပဲ။
"ဒါ သဘာဝလွန်ပစ္စည်း ကုန်ကြမ်းလားဟင်"
ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူမ၏ စပ်စုလိုစိတ်ကို မေးခွန်းထုတ်လိုက်သည်။
ချူချယ်က မည်းနက်သော အခွံမာကြီးကို လက်ဖြင့် ပွတ်သပ်နေပြီး သူ၏ မျက်ဝန်းများထဲတွင် အံ့ဩဝမ်းသာမှု အရောင်အဝါများ တောက်ပနေ၏။
"ပစ္စည်းကောင်းပဲ... ဒီပစ္စည်းကို လေလံတင်ရောင်းချမယ်ဆိုရင် ငွေသန်းရာချီတောင် တန်နိုင်တယ်"
"နှမြောစရာပဲ... နှမြောစရာပဲ"
ချန်းရီက တိုက်ရိုက်ပင် အကဲဖြတ်စစ်ဆေးခြင်း ပြုလုပ်လိုက်သည်။
အကဲဖြတ်စစ်ဆေးခ အဖြစ် သတ်ဖြတ်မှတ် (၆၀) ကုန်ကျသွား၏။
ယခင်က အရေခွံဆုတ် တစ္ဆေ ဦးရေပြားကို အကဲဖြတ်တုန်းက အမှတ် (၁၀၀) ကုန်ကျခဲ့ပြီး ဤအရာက (၆၀) သာ ကုန်ကျသည်။
စဉ်းစားကြည့်ရုံဖြင့် ၎င်းက အရေခွံဆုတ် တစ္ဆေ ဦးရေပြားကို မမီကြောင်း သေချာနေသည်။
စနစ်က အချက်အလက် တုံ့ပြန်ချက်ကို လျင်မြန်စွာ ပေးပို့လာ၏။
[ပစ္စည်းအမည် - လူမျက်နှာ ကင်းမြီးကောက်၏ အကြေးခွံ]
[အမျိုးအစား - သဘာဝလွန်ပစ္စည်း ကုန်ကြမ်း]
[မူလဇစ်မြစ် - သဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင် သုံးဦး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသော လူ့မျက်နှာ ကင်းမြီးကောက်ထံမှ ကျကျန်ရစ်သော ပစ္စည်း]
[အကဲဖြတ်ချက် - ဤပစ္စည်းသည် အလွန်အားကောင်းသော ကာကွယ်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ကာကွယ်ရေး သဘာဝလွန်ပစ္စည်း အဖြစ် ဖန်တီးနိုင်ပါက အတော်လေးကောင်းမွန်သော သဘာဝလွန်ပစ္စည်း တစ်ခုကို ရရှိနိုင်မည်ဖြစ်ရာ သိမ်းဆည်းထားသင့်ပါသည်။]
ဤ အကဲဖြတ်ရလဒ်ကို မြင်သောအခါ ဤပစ္စည်းက ယခင် အရေခွံဆုတ် တစ္ဆေ ဦးရေပြားကို မမီကြောင်း ချန်းရီ သေချာ သိလိုက်သည်။
သို့သော် ချူချယ်၏ အမူအရာကို ကြည့်ရသည်မှာ။
သူအရင်က အလွန်ကြီးမားသော အမြတ်တစ်ခု ရလိုက်ကြောင်း ချန်းရီ ရုတ်တရက် နားလည်သွားသည်။
"ချန်းရီ... ချူချယ်... ဒီမှာ နောက်တစ်ခု ရှိသေးတယ်ရှင့်"
ဆက်ရန်...