← Chapters

အခန်း ၇၅

Vol. 4 Ch. 75

အခန်း ၇၅

Vol. 4 Ch. 75

အပိုင်း(၇၅) ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်ပါ

"အစ်ကိုချန်းရီ... ညီမ အစ်ကို့ကို သွားခွင့်ပြုမယ်လို့ ပြောခဲ့မိလို့လား"

ချန်းရီက မတ်တတ်ထရပ်ရန် ဟန်ပြင်လိုက်ချိန်တွင် ပန်းရောင်ဆံပင်နှင့် ကောင်မလေးက သူ၏ ဘောင်းဘီစကို ဖမ်းဆွဲထားလိုက်သည်။

ချန်းရီက မျက်မှောင် အနည်းငယ် ကြုတ်သွား၏။

သူသည် မိန်းမမြင်သည်နှင့် ခြေလှမ်းမရွှေ့နိုင်တော့သည့် ယောက်ျားမျိုး မဟုတ်ပေ။

ဤပန်းရောင်ဆံပင်နှင့် ကောင်မလေးက အလွန် ချစ်စရာကောင်းပြီး အသုံးဝင်သည်ဟု ဆိုလျှင်ပင်။

သို့သော် သူ၏ သည်းခံနိုင်စွမ်းတွင်လည်း အတိုင်းအတာ တစ်ခုတော့ ရှိသည်။

ချန်းရီက ခေါင်းငုံ့ကြည့်လိုက်ရာ ပန်းရောင်ဆံပင်နှင့် ကောင်မလေး၏ အရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများထဲတွင် မျက်ရည်များ ပြည့်လျှံနေသည်ကို အံ့သြဖွယ် မြင်တွေ့လိုက်ရသည်။

သွေးရောင်လမင်းကြီး၏ အလင်းရောင်အောက်တွင် သူမ၏ ပုံစံလေးက ထူးဆန်းကျောချမ်းဖွယ် ကောင်းလောက်အောင် သနားကရုဏာ သက်ဖွယ် ဖြစ်နေ၏။

၎င်းမှာ ရှင်းပြရခက်သော ဆွဲဆောင်မှု တစ်မျိုးပင် ဖြစ်သည်။

ကျိုးရှောင်ရှောင်နှင့်လည်း မတူသလို ရှုလီနာနှင့်လည်း မတူညီပေ။

အင်တာနက်ပေါ်မှ ခေတ်စားနေသော စကားဖြင့် ပြောရလျှင် ၎င်းမှာ ဖြူစင်ခြင်းနှင့် ဆွဲဆောင်မှုတို့၏ အမြင့်ဆုံး အဆင့်ပင် ဖြစ်သည်။

ချန်းရီသည် နာနာ၏ ဤကဲ့သို့သော ပုံစံမျိုးကို တစ်ခါမျှ မမြင်ခဲ့ဖူးချေ။

ဘေးနားရှိ ခေါင်းဆောင်ချူသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံး လန်းဆန်းတက်ကြွသွားပြီး အမြဲတမ်း တည်ငြိမ်နေတတ်သော သူ၏ မျက်လုံးများကပင် အရောင်လက်သွားသည်။

ယခုအချိန်တွင်မူ အရိုးကို မြင်လိုက်ရသော ခွေးတစ်ကောင်နှင့်ပင် တူနေတော့၏။

ချန်းရီသည် ထိုကောင်၏ မျက်လုံးများထဲတွင် အတင်းအဖျင်း သိချင်စိတ်များ တောက်လောင်နေသည်ကို သေချာပေါက် မြင်တွေ့နေရသည်။

"အဟမ်း အဟမ်း... အဲဒါလေ... မင်းတို့ဘာသာ ဖြည်းဖြည်း စကားပြောကြ... ငါ အိပ်ချင်နေပြီ... အရင် ပြန်နားတော့မယ်"

တောက်... ဒါ ခုနက ငါ ပြောမလို့ လုပ်ထားတဲ့ စကားတွေ မဟုတ်ဘူးလား။

"ခေါင်းဆောင်ချူ... မဟုတ်ဘူး... ခေါင်းဆောင်ချူ ထင်သလိုမျိုး မဟုတ်ဘူး"

"ခွေးကောင်..."

ချူချယ်က တဟီးဟီး ရယ်မောလိုက်ပြီး အဓိပ္ပာယ်ပါပါ အကြည့်ဖြင့်...

"ငါ နားလည်ပါတယ်ကွာ... စိတ်ချ... ဘယ်သူမှ လာမနှောင့်ယှက်စေရဘူး"

"ချူချယ်... မင်း တော်တော် သေချင်နေတာပဲ"

ချန်းရီသည် သူ၏ ခြေထောက်ကို ရုန်းထွက်ရန် ကြိုးစားလိုက်သည်။

သို့သော် ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချန်းရီ၏ ခြေထောက်ကို အသေအလဲ ဖက်တွယ်ထားသဖြင့် သူ လုံးဝ ထွက်သွား၍ မရနိုင်ခဲ့ပေ။

ချန်းရီက စိတ်ထဲမှ မရှည်မခံနိုင် ဖြစ်မှုများကို ဖိနှိပ်ထားလိုက်ပြီး ယာဉ်တန်းတစ်ခုတည်းတွင် အတူရှိနေသည့် မျက်နှာကို ထောက်သောအားဖြင့်လည်းကောင်း၊ သူမသည် ယာဉ်တန်း၏ နံပါတ်တစ် အစွမ်းအထက်ဆုံးသူ ဖြစ်သည့်အတွက်ကြောင့် လည်းကောင်း၊ နောင်တစ်ချိန်တွင် သူ့အတွက် အကူအညီ ဖြစ်လာနိုင်မည်ကို ထောက်ထား၍ လည်းကောင်း သည်းခံလိုက်သည်။

ယနေ့အတွက်တော့ ယောက်ျားပီပီ နည်းနည်းလောက် ပိုပြီး သည်းခံပေးလိုက်ပါတော့မည်။

"နာနာ... နင် သောက်တာ များနေပြီ"

"ညီမ မူးမနေပါဘူး... ဒါလေး သောက်ရုံနဲ့ ဘယ်လိုလုပ် မူးမှာလဲ"

"အစ်ကိုချန်းရီ... ညီမ ပြောတာကို နားထောင်ပါဦး"

ကောင်မလေးက အားယူ၍ ခန္ဓာကိုယ်ကို မတ်ကာ ချန်းရီ၏ ပခုံးပေါ်သို့ မှီချလိုက်ရာ သူမ၏ ကိုယ်ပေါ်မှ အရက်နံ့များ ထောင်းခနဲ ထွက်လာသည်။

စောစောက ထမင်းစားချိန်တွင်လည်း ကောင်မလေးမှာ သိပ်မစားခဲ့ပေ။

ဤကောင်မလေးသည် ယနေ့တွင် စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခုခု ရှိနေပုံရပြီး အရက်ကိုသာ ဆက်တိုက် သောက်နေခဲ့ခြင်း ဖြစ်သည်။

လူတိုင်း သိကြသည့်အတိုင်း အရက်မူးနေသူ တစ်ယောက်က "ငါ ပြောတာ နားထောင်" ဟု စတင် ပြောဆိုလာပြီ ဆိုလျှင် နားထောင်စရာ ဇာတ်လမ်းတစ်ပုဒ် ရှိနေပြီ ဆိုသည်ကို ကိုယ်စားပြုပေသည်။

"အစ်ကိုချန်းရီ... အစ်ကို သိလား... တကယ်တော့... တကယ်တော့ ညီမ နာမည်က နာနာ မဟုတ်ဘူး... ညီမ နာမည်က ချန်းချန်း... နာနာ ဆိုတာက ညီမ အမရဲ့ နာမည်... စွန်းနာတဲ့"

ခေါင်းဆောင်ချူသည် ယနေ့ညတွင် အတင်းအဖျင်းများ ကြားရနိုင်ကြောင်း ရိပ်မိသွားသောအခါ။

အပြင်ပန်းတွင် တည်ကြည်သယောင် ရှိသော်လည်း အတွင်းစိတ်၌ ကလိန်ကကျစ် ဉာဏ်များသော ဤခေါင်းဆောင်ချူမှာ အတွင်းရော အပြင်ပါ ပုရွက်ဆိတ် အကောင် ရှစ်ရာခန့် တွားသွားနေသကဲ့သို့ ဂနာမငြိမ် ဖြစ်လာတော့သည်။

ခေါင်းဆောင်ချူသည် လျှို့ဝှက်ချက်များကို နားထောင်ရသည်ကို နှစ်သက်၏။

တစ်ခါတစ်ရံတွင် လျှို့ဝှက်ချက် ဆိုသည်မှာ အတင်းအဖျင်းပင် ဖြစ်သည်။

သို့သော် ခေါင်းဆောင်ချူသည် မျက်နှာချင်းဆိုင်တွင် အတင်းအဖျင်း နားထောင်ရသည်ကို မနှစ်သက်သလို သူကိုယ်တိုင် အတင်းအဖျင်းများထဲတွင် ပါဝင်ပတ်သက်နေသူ တစ်ဦး ဖြစ်လာရန်လည်း မမျှော်လင့်ပေ။

သူက ခိုးနားထောင်ရသည်ကိုသာ နှစ်သက်သည်။

အခြားသူများ မသိနိုင်သည့် အခြေအနေမျိုးတွင် သူတစ်ပါး၏ လျှို့ဝှက်ချက်များကို ခိုးနားထောင်ရခြင်းပင်။

ဤသည်မှာ ချူချယ်အတွက်တော့ ဘဝ၏ အကြီးမားဆုံးသော အားဆေးတစ်ခွက်ပင် ဖြစ်သည်။

ချူချယ်က ဦးလေးအာပေါင်ထံသို့ သွားကာ ချန်းရီနှင့် နာနာတို့ကို မည်သူမျှ သွားမနှောင့်ယှက်ကြရန် သတိပေး မှာကြားခဲ့သေးသည်။

ထို့နောက် သူ၏ ကားထဲသို့ ပြန်လာကာ ခိုးနားထောင်သည့် ရေဒီယိုကို ဖွင့်လိုက်လေသည်။

ပူအာလက်ဖက်ရည် တစ်အိုးပင် ဖျော်ရန် အချိန်ရလိုက်သေး၏။

"အစ်ကိုချန်းရီ... အစ်ကို သိလား..."

နေ့လယ်က လူ့မျက်နှာနှင့် ကင်းမြီးကောက်ကို တိုက်ခိုက်ခဲ့ရမှုကြောင့် ကောင်မလေး၏ ရင်ထဲတွင် အနက်ရှိုင်းဆုံးနှင့် အမှောင်မိုက်ဆုံး ဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်များကို ပြန်လည် ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားပုံရသည်။

ချန်းရီက ဘာစကားမျှ မဆိုဘဲ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နားထောင်သူ တစ်ဦးအဖြစ်သာ ဆက်နေခဲ့သည်။

ချန်းရီလို လူပင်လျှင် ဤဇာတ်လမ်းကို ကြားရသောအခါ ရင်ထဲတွင် အလွန်အမင်း တုန်လှုပ်ချောက်ချားသွားခြင်းကို မတားဆီးနိုင်ခဲ့ပေ။

နာနာ၏ မူလမျိုးရိုးမှာ စွန်း ဖြစ်ပြီး စွန်းချန်းချန်း ဟု ခေါ်သည်။

နာနာ ဆိုသည်မှာ သူမ အမ၏ နာမည်ပြောင် ဖြစ်သည်။

အကယ်၍သာ ကမ္ဘာပျက်ကပ်ကြီး မကျရောက်ခဲ့လျှင် နာနာ... မဟုတ်ဘူး... စွန်းချန်းချန်းသည် ယခုဆိုလျှင် နိုင်ငံအတွင်းရှိ ထိပ်တန်း တက္ကသိုလ်ကြီးတစ်ခုမှ ပထမနှစ် ကျောင်းသူလေး တစ်ဦး ဖြစ်နေလောက်ပြီ ဖြစ်ပြီး တက္ကသိုလ်နယ်မြေထဲတွင် ပူပင်သောကကင်းစွာ ဖြတ်သန်းနေရပေလိမ့်မည်။

စွန်းချန်းချန်းသည် အလွန် ပျော်ရွှင်ချမ်းမြေ့သော မိသားစုလေး တစ်ခုတွင် မွေးဖွားလာခဲ့သူ ဖြစ်သည်။

သူမ အပါအဝင် မိသားစုတွင် လူခုနစ်ယောက် ရှိပြီး အဘိုးအဘွား၊ မိဘနှစ်ပါး၊ အမဖြစ်သူ၊ သူမနှင့် မောင်လေး တစ်ယောက်တို့ ဖြစ်ကြသည်။

မိသားစု အခြေအနေမှာ ပြည့်စုံကြွယ်ဝပြီး မိဘများမှာလည်း သိက္ခာရှိသော အလုပ်အကိုင်များ ရှိကြကာ ဝင်ငွေမှာလည်း မနည်းလှပေ။ ထိုဒေသတွင် မျက်နှာပန်းလှသော ပုဂ္ဂိုလ်များလည်း ဖြစ်ကြသည်။

အဘိုးနှင့် အဘွားတို့၏ လစဉ် ပင်စင်လစာကပင် ယွမ်သောင်းဂဏန်းအထိ ရှိသည်။

အမဖြစ်သူမှာလည်း နိုင်ငံအတွင်း နာမည်ကြီး တက္ကသိုလ်တစ်ခုမှ ဘွဲ့လွန်ကျောင်းသူ တစ်ဦးဖြစ်ပြီး ဘွဲ့ရပြီးပါက အလွန် တောက်ပသော အနာဂတ် ရှိနေသူ ဖြစ်သည်။

မောင်လေးဖြစ်သူမှာ အနည်းငယ် ဆော့ကစားတတ်သော်လည်း အလွန် ချစ်စရာကောင်းလှသည်။

ဤကဲ့သို့သော မိသားစုမျိုးသည် သူတစ်ပါး အားကျစရာကောင်းသည့် မိသားစု ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

စွန်းချန်းချန်းသည် မိမိ၏ မိသားစုလေးကြောင့် အကြိမ်ကြိမ်အခါခါ ပျော်ရွှင်မှုများကို ခံစားခဲ့ရဖူးသည်။

သို့သော် တစ်နေ့တွင်တော့ ထိုအရာအားလုံး ပြောင်းလဲသွားခဲ့သည်။

ယမန်နေ့ကမှ တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာကို သူမ ရရှိခဲ့ခြင်း ဖြစ်သည်။

နောက်တစ်နေ့နံနက် အိပ်ရာမှ နိုးလာသောအခါ စွန်းချန်းချန်းသည် အိမ်ရှိ လူအားလုံး တံခါးဝတွင် စုပြုံနေကြသည်ကို မြင်တွေ့လိုက်ရသည်။

တစ်စုံတစ်ခုကို ကြည့်နေကြပုံရ၏။

စွန်းချန်းချန်းက မျက်လုံးများကို ပွတ်သပ်လျက် ဝက်ဝံရုပ်လေးများ ပါသော ညအိပ်ဂါဝန်လေးကို ဝတ်ဆင်ကာ တံခါးဝသို့ ရောက်လာခဲ့သည်။

သူမ၏ မျက်စိရှေ့တွင် မြင်လိုက်ရသည်မှာ အလွန် ကြီးမားလှသော သစ်ပင်ကြီး တစ်ပင်ပင် ဖြစ်သည်။

ထိုသစ်ပင်ကြီး၏ ပင်စည်မှာ အလွန်တုတ်ခိုင်ပြီး တံခါးမကြီးကို အသေအချာ ပိတ်ဆို့ ကွယ်ကာထားသည်။

စွန်းမိသားစု၏ အိမ်သည် သုံးထပ်ပါ ဥရောပစတိုင် ဗီလာအိမ်လုံးချင်းလေး ဖြစ်ပြီး မိသားစု တစ်ခုလုံး အတူတကွ နေထိုင်ကြခြင်း ဖြစ်သည်။

ဤသစ်ပင်ကြီးမှာ ဗီလာ၏ ခြံဝင်းရှေ့တွင် ပေါက်ရောက်နေခြင်း ဖြစ်သည်။

စွန်းချန်းချန်းသည် ထိုသစ်ပင်ကို မှတ်မိနေ၏။ ၎င်းမှာ အဘိုးဖြစ်သူက ရှေ့ခြံဝင်းထဲတွင် စိုက်ပျိုးထားသော အလှစိုက် သစ်ပင်လေး တစ်ပင် ဖြစ်သည်။

သို့သော် ဤမျှလောက် မကြီးမားခဲ့ပေ။

ယခုမူ သစ်ရွက်အုပ်ကြီးက စွန်းမိသားစု အိမ်တစ်ခုလုံးကို လွှမ်းခြုံထားသလောက် နီးပါး ဖြစ်နေပြီ။

တံခါးဝကိုပင် ပိတ်ဆို့ထားလေသည်။

ဖခင်ဖြစ်သူက အကူအညီတောင်းရန် အပြင်ထွက်လိုသဖြင့် ပြတင်းပေါက်မှတစ်ဆင့် ခြံဝင်းထဲသို့ ခုန်ချသွားခဲ့ရသည်။

ထိုမြင်ကွင်းကို စွန်းချန်းချန်းသည် တစ်သက်လုံး မေ့ဖျောက်နိုင်မည် မဟုတ်တော့ပေ။

ထိုသစ်ပင်ကြီးသည် ပါးစပ်ပေါက်ကြီးကို ဟလိုက်ပြီး စွန်းချန်းချန်း၏ စူးစူးဝါးဝါး အော်ဟစ်သံများကြား၊ မိသားစုဝင်များအားလုံး၏ မျက်စိရှေ့မှောက်မှာပင် သူမ၏ ဖခင်ဖြစ်သူကို တစ်လုပ်တည်း မျိုချပစ်လိုက်လေသည်။

"အဲဒီသစ်ပင်ကြီးက အသက်ရှိတယ်"

"သူ... သူက ညီမရဲ့ အဖေကို စား... စားပစ်လိုက်တယ်..."

ပဲစေ့ခန့် ကြီးမားသော မျက်ရည်ပေါက်ကြီးများက ကောင်မလေး၏ ပါးပြင်ပေါ်မှ စီးကျလာပြီး သူမ၏ ခန္ဓာကိုယ်လေးမှာ တဆတ်ဆတ် တုန်ယင်နေသည်။

ချန်းရီက လက်လှမ်းကာ ကောင်မလေး၏ ပန်းရောင်ဆံပင်လေးများကို ပွတ်သပ်၍ နှစ်သိမ့်ပေးလိုက်ရသည်။

သို့သော် သူ၏ စိတ်ထဲတွင်တော့ သံသယများ ဝင်လာမိ၏။

ဘာလို့ သစ်ပင် ဖြစ်နေရပြန်တာလဲ။

အရင်တုန်းက ချန်ရှုရွာက မရဏမိုးမခပင်ကြီး... အခုလည်း ဒီ လူစားတဲ့ သစ်ပင်ကြီး...

ဒါမှမဟုတ် ဒီသစ်ပင်နှစ်ပင်ကြားမှာ တူညီတဲ့ အချက် တစ်ခုခုများ ရှိနေလို့လား။

ပန်းရောင်ဆံပင်နှင့် ကောင်မလေးက တုန်ယင်နေသော လက်ဖြင့် ဘီယာဘူးကို မကာ အငမ်းမရ တစ်ငုံကြီး မော့သောက်လိုက်သည်။ အဝါရောင် အရည်များက ဖြူဖွေးသော လည်တိုင်မှတစ်ဆင့် စီးကျသွားပြီး သူမ၏ အင်္ကျီရင်ဘတ်ကို စိုရွှဲသွားစေသည်။

"အဲဒီ သစ်ပင်ကြီးကလေ..."

ထိုထူးဆန်းကျောချမ်းဖွယ် သစ်ပင်ကြီးသည် မိသားစုဝင်များအားလုံး၏ မျက်စိရှေ့တွင် ဖခင်ဖြစ်သူကို မျိုချလိုက်ပြီးနောက် အသက်ဝင် နိုးကြားလာခဲ့သည်။

သစ်ကိုင်းများသည် စပါးကြီးမြွေများကဲ့သို့ နံရံများကို အကြမ်းပတမ်း ဖောက်ထွင်းကာ အခန်းထဲသို့ တိုးဝင်လာကြသည်။

အဘိုးအဘွား၊ မိခင်၊ မောင်လေး... အားလုံးသည် ထိုစပါးကြီးမြွေနှင့် တူသော သစ်ကိုင်းများ၏ ရစ်ပတ်ခြင်းကို ခံလိုက်ရသည်။

ဘူဖေး စားသောက်နေသည့်အလား စွန်းချန်းချန်း၏ မျက်စိရှေ့မှာပင် သူမ၏ မိသားစုဝင် တစ်ဦးချင်းစီကို တစ်လုပ်ချင်း မျိုချပစ်လိုက်တော့သည်။

အမဖြစ်သူနှင့် သူမ နှစ်ယောက်တည်းသာ ကြောက်လန့်တုန်ယင်ကာ နံရံထောင့်တွင် ပုန်းအောင်း ကျန်ရစ်နေခဲ့သည်။

ထိုအချိန်တွင် စွန်းချန်းချန်း၏ ဦးနှောက်မှာ လုံးဝ ဗလာကျင်းသွားခဲ့သည်။

ကံကောင်းသည်မှာ အမဖြစ်သူ စွန်းနာနာသည် အသက်ပိုကြီးသူပီပီ ထိုသစ်ပင်ကြီး၏ ရက်စက်ကြမ်းကြုတ်သော သဘာဝ တစ်ခုကို သတိထားမိသွားခဲ့သည်။

သစ်ပင်ကြီး လူကို စားသောက်နေချိန်တွင် ပတ်ဝန်းကျင် အခြေအနေမှာ အနည်းငယ် လုံခြုံမှု ရှိနေသည်ဟူသော အချက်ပင်။

ထိုအချက်ကို တွေ့ရှိသွားမှုကြောင့် စွန်းနာနာသည် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်တော့သည်။

စွန်းနာနာသည် သစ်ကိုင်းများ၏ ရစ်ပတ်ခြင်းကို ခံရကာ ထိုပါးစပ်ပေါက်ကြီးဆီသို့ အဆွဲခံရချိန်တွင် ညီမဖြစ်သူကို အပြင်သို့ တွန်းထုတ်ပေးလိုက်သည်။

မိမိကိုယ်ကို စတေး၍ တစ်ခုတည်းသော အသက်ရှင်သန်ခွင့် အခွင့်အရေးကို စွန်းချန်းချန်းအတွက် ချန်ထားရစ်ပေးခဲ့ခြင်း ဖြစ်သည်။

စွန်းချန်းချန်းသည် အမဖြစ်သူ မျိုချခံလိုက်ရသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ ချက်ချင်းပင် သတိလွတ်သွားပြီး ထိုနေရာ၌ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေမိတော့သည်။

စွန်းချန်းချန်း တစ်ယောက် မိမိလည်း သေရတော့မည်ဟု ထင်မှတ်နေချိန်တွင်...

ထိုထူးဆန်းသော သစ်ပင်ကြီးသည် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ပြီး သွေးကဲ့သို့ ရဲရဲနီနေသော အသီးတစ်လုံးက စွန်းချန်းချန်း၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

ဆွဲဆောင်မှုရှိလှသော အသီး၏ မွှေးရနံ့က စွန်းချန်းချန်းကို ဆက်တိုက် ဆွဲဆောင်နေခဲ့သည်။

စွန်းချန်းချန်း၏ ပြောပြချက်အရ ထိုအချိန်က သူမကိုယ်တိုင်လည်း ဘာကြောင့်မှန်း မသိဘဲ ထိုအသီးကို ဆွဲယူကာ ရူးသွပ်နေသူ တစ်ယောက်လို စားသောက်မိခဲ့သည် ဆို၏။

ထို့ထက် ပိုဆိုးသည်မှာ... စွန်းချန်းချန်းသည် ထိုအသီးထဲမှနေ၍ အဘိုးအဘွား၊ မိဘနှစ်ပါး၊ အမနှင့် မောင်လေးတို့၏ အရသာကိုပင် ခံစားသိရှိနေခဲ့သည်။

ဤကဲ့သို့ နှိုင်းယှဉ် ပြောဆိုခြင်းက မသင့်တော်ဟု ထင်ရသော်လည်း စွန်းချန်းချန်း ကိုယ်တိုင်က ထိုသို့ပင် ပြောပြခဲ့ခြင်း ဖြစ်သည်။

"အစ်ကိုချန်းရီ... အစ်ကိုတို့ အားလုံးက လမ်းစဉ် အဆင့် (၁) တွေ ဖြစ်နေပြီး ဘာလို့ ညီမက လမ်းစဉ် အဆင့် (၂) ဖြစ်နေလဲဆိုတာ အစ်ကို သိလား"

ယခုအချိန်တွင် ကောင်မလေးမှာ မျက်ရည်များ ရွှဲနစ်နေပြီး မျက်နှာကိုပင် သေချာ မမြင်ရတော့ပေ။ တစ်ကိုယ်လုံးမှာလည်း ရွှံ့ပျော့ကြီး တစ်ခုလို ခွေယိုင်ကျနေတော့သည်။

ချန်းရီသည် ကောင်မလေး၏ ဤမေးခွန်းနှင့် ပတ်သက်၍ အနည်းငယ် ခန့်မှန်းမိပြီးသား ဖြစ်သည်။

အဲဒီ အသီးကြောင့် များလား။

ဒါကတော့...

ကားထဲတွင် ခိုးနားထောင်နေသော ခေါင်းဆောင်ချူမှာ ယခုအချိန်တွင် မျက်နှာ အလွန် ပျက်ယွင်းနေပြီ ဖြစ်သည်။

နာနာ... မဟုတ်ဘူး... စွန်းချန်းချန်း၏ အဆင့်တက်နှုန်း ဤမျှ မြန်ဆန်နေရခြင်းမှာ သွေးသားဆွေမျိုးများ၏ သွေးများ စွန်းထင်းနေသော ထိုအသီးကြောင့် ဖြစ်ရမည်ဟု သူ သေချာပေါက် အတည်ပြုနိုင်လိုက်သည်။

"ဟက်ဟက်... အဲဒီ အသီးကြောင့်ပဲလေ"

"အစ်ကိုချန်းရီ... ညီမ... ညီမ မိသားစု တစ်ခုလုံးကို... ညီမကိုယ်တိုင် စားပစ်လိုက်တာ..."

မျက်ရည်များက မိုးပေါက်များအလား စီးကျလာသည်။

ကောင်မလေးမှာ တစ်ကိုယ်လုံး အားအင် ကုန်ခမ်းသွားသကဲ့သို့ ဖြစ်သွားပြီး ထိုစကားကို ပြောပြီးသည်နှင့် ချန်းရီ၏ ပခုံးပေါ်သို့ မှီကျသွားတော့သည်။

ချန်းရီက တိတ်ဆိတ်စွာဖြင့် ဘာမှ ပြန်မပြောခဲ့ပေ။

သူ့ကို လူတစ်ယောက်အား နှစ်သိမ့်ပေးခိုင်းရန် ဆိုသည်မှာ တကယ်ကို မတတ်နိုင်သော ကိစ္စဖြစ်သည်။

သို့သော် ယခုလို အခြေအနေမျိုးတွင် သူ ဘာမှမပြောလျှင်လည်း အမှန်တကယ် မသင့်တော်ပေ။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချန်းရီက ခြောက်သွေ့နေသော နှုတ်ခမ်းကို ဟကာ...

"ဒါ နင့်ရဲ့ အမှား မဟုတ်ပါဘူး"

"ကမ္ဘာပျက်ကပ် ရောက်နေပြီပဲ... အားလုံးကလည်း ခပ်ဆင်ဆင်ပါပဲ... ကိုယ့်ဆွေမျိုးသားချင်းတွေ သေဆုံးတာကို ကြုံရစမြဲပဲလေ"

ဤစကားက တကယ်ကို အဆင့်အတန်း မရှိလှပေ။

"တကယ်တော့ ညီမ အရက်သောက်တာကို လုံးဝ မကြိုက်ဘူး... အရင်ကဆို တစ်ငုံတောင် မသောက်ဖူးဘူး"

"ဒါပေမဲ့ ညီမ အရက်မသောက်ရင် တွေးမိနေတယ်... နေ့တိုင်းကို တွေးမိနေတာ... အချိန်တိုင်း စက္ကန့်တိုင်းမှာ အဘိုးအဘွား၊ ဖေဖေမေမေ၊ အမနဲ့ မောင်လေးတို့ရဲ့ မျက်နှာတွေက ညီမရဲ့ မျက်စိရှေ့မှာ ပေါ်လာနေတယ်"

ကောင်မလေး၏ မျက်နှာပေါ်တွင် မျက်ရည်များ ရွှဲနစ်နေပြီး အလွန် သနားဖွယ် ကောင်းနေသည်။

ချန်းရီသည် သူကိုယ်တိုင် အနည်းငယ်တော့ နှစ်သိမ့်ပေးသင့်သည်ဟု တွေးလိုက်မိပြီး ဦးနှောက်ဆဲလ်များကို အကုန်သုံး၍ စကားတစ်ခွန်း ပြောလိုက်သည်။

"ငိုနေတော့ရော ဘာထူးမှာလဲ... အခု နင့်အတွက် အရေးအကြီးဆုံးက လက်စားချေဖို့ပဲ"

"နင် အစွမ်းထက်လာတဲ့ တစ်နေ့ကျရင် အဲဒီကို ပြန်သွားပြီး အဲဒီသစ်ပင်ကို ထင်းခုတ်ပစ်လိုက်ပေါ့"

မလှမ်းမကမ်းတွင် ခိုးနားထောင်နေသော ခေါင်းဆောင်ချူ၏ နဖူးတွင် အမည်းစက်များ ပေါ်လာတော့သည်။ ဒီလို နှစ်သိမ့်တဲ့နည်းက ဘယ်မှာ ရှိလို့လဲ။

သို့သော် စွန်းချန်းချန်းကမူ ခေါင်းကို ရုတ်တရက် မော့လိုက်သည်။

လက်စားချေမည် ဟူသော စကားလုံးကို သူမ တစ်ခါမျှ မတွေးခဲ့ဖူးချေ။

မိသားစု တစ်ခုလုံးက တစ်ညတည်းနှင့် သေဆုံးသွားခဲ့ရပြီး လူသတ်သမားက သစ်ပင်တစ်ပင် ဖြစ်နေသည်ကို ဘယ်လိုလုပ်ပြီး လက်စားချေရမည်နည်း။

သို့သော် ချန်းရီ၏ စကားက သူမအတွက် တံခါးတစ်ချပ်ကို ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ဟုတ်တာပဲ... သစ်ပင်ဖြစ်တော့ရော ဘာဖြစ်လဲ... ဘာလို့ လက်စားချေလို့ မရရမှာလဲ။

သူက ငါ့မိသားစုကို စားနိုင်မှတော့ ငါကလည်း သူ့ကို ခုတ်ထစ်ပြီး လက်စားချေနိုင်ရမှာပေါ့။

စွန်းချန်းချန်း၏ မျက်လုံးများက တဖြည်းဖြည်း အရောင်လက်လာပြီး ကောင်းကင်ယံမှ ကြယ်လေးများအလား တောက်ပလာတော့သည်။

"အစ်ကိုချန်းရီ... ကားထဲကို သွားရအောင်..."

"ဟင်"

"နင်..."

"..."

ကောင်းကင်ထက်မှ သွေးရောင်လမင်းကြီးပင် ရှက်သွေးဖြာသွားကာ တိမ်တိုက်များဖြင့် မျက်နှာကို ဖုံးကွယ်သွားတော့သည်။

လူကောင်သေးသေးနှင့် ကလေးမလေးရှောင်ယွီသည် ကားပေါ်မှ ကျိန်ဆဲရင်း လိမ့်ဆင်းလာကာ သူမ၏ မျက်နှာလေးမှာလည်း နီရဲနေ၏။

ပါးစပ်မှလည်း မျက်စိစွန်တော့မယ် ဘာညာဖြင့် တတွတ်တွတ် ပြောဆိုနေသေးသည်။

မလှမ်းမကမ်းရှိ လမ်းကြမ်းမောင်းကားထဲမှ ခေါင်းဆောင်ချူမှာမူ ခိုးနားထောင်သည့် ရေဒီယိုထဲမှ ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရသောအခါ အပူလောင်သွားသကဲ့သို့ လန့်ဖျပ်သွားပြီး ရေဒီယိုကို အမြန် ပိတ်လိုက်ရကာ မျက်နှာကြီးမှာလည်း အလွန် ပျက်ယွင်းနေတော့သည်။

"ငါ့ နားတွေ... ညစ်ပတ်ကုန်ပြီ... ညစ်ပတ်ကုန်ပြီ"

"သောက်ကောင်တွေ... ချန်းရီ... စွန်းချန်းချန်း... မင်းတို့နှစ်ယောက်... မင်းတို့နှစ်ယောက်... အရှက်မရှိတဲ့ ကောင်တွေ... ခွေးကောင်တွေ"

အခြားသူများမှာမူ အချို့က တခစ်ခစ် ရယ်မောနေကြသည်။

အချို့ကမူ နှာဘူးကျသော အမူအရာများ ဖြစ်နေကြ၏။

ရှုလီနာ တစ်ယောက်တည်းသာ မျက်နှာကြီး မည်းမှောင်နေပြီး မိုးရွာချတော့မည့်အလား ဖြစ်နေသည်။

ချန်းရီအတွက်တော့...

ဤကိစ္စမျိုးသည် တကယ်ကို ပုံမှန်ကိစ္စ တစ်ခုသာ ဖြစ်ပြီး စွန်းချန်းချန်းမှာလည်း အသက် (၁၈) နှစ် ပြည့်ပြီးဖြစ်သော လူကြီးတစ်ယောက် ဖြစ်နေပြီ။

သူကိုယ်တိုင်ကလည်း သူတော်စင် တစ်ယောက် မဟုတ်သလို စိတ်ကို ချုပ်တည်းနိုင်သော သူတော်ကောင်းကြီးလည်း မဟုတ်ပေ။

မိုးလင်းသွားတဲ့အခါ... ဒီကိစ္စ ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားလိုက်ပါတော့မည်။

ဆက်ရန်...

All Chapters