← Chapters

အခန်း ၇၈

Vol. 4 Ch. 78

အခန်း ၇၈

Vol. 4 Ch. 78

အပိုင်း(၇၈) ပန်းရောင်ဆံပင်နှင့် ရည်မှန်းချက်ကြီးသော ကောင်မလေး

လွန်ခဲ့သော လအနည်းငယ်ခန့်ကတည်းက လက်ကိုင်ဖုန်းများသည် ဆက်သွယ်မှုပြတ်တောက်သွားကာ အုတ်ခဲများသဖွယ် ဖြစ်သွားခဲ့ပြီဖြစ်သည်။

နောက်ပိုင်းတွင်မူ ရှန်ဟိုင်းမြို့ကြီး ကျဆုံးသွားပြီးနောက် ရေဒီယိုမှလည်း မည်သည့် လျှပ်စစ်လှိုင်းကိုမျှ ဖမ်းယူ၍ မရတော့ပေ။

အပြင်လောကတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ယာဉ်တန်းထဲရှိ လူများက လုံးဝ မသိရှိကြတော့ချေ။

ချူချယ်က အခြားယာဉ်တန်းများဆီမှ သတင်းအချက်အလက်များ ရရှိလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။

ဤအရာကလည်း လမ်းပြသူလမ်းစဉ်၏ အစွမ်းများထဲမှ တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သေချာသည်မှာ ၎င်းက ခန့်မှန်းချက် တစ်ခုသာ ဖြစ်၏။

ချန်းရီသည် သဘာဝလွန်လမ်းစဉ် အစွမ်းများနှင့် ပတ်သက်၍ သိရှိထားမှု အလွန် နည်းပါးသေးသည်။

သဘာဝလွန်လမ်းစဉ်များ ရာပေါင်းများစွာရှိပြီး လမ်းစဉ်တိုင်းတွင် သူတို့နှင့်သက်ဆိုင်သော သီးသန့် အစွမ်းကိုယ်စီ ရှိကြသည်။

ချူချယ်အနေဖြင့် အခြားသူများနှင့် မည်သို့ ဆက်သွယ်နိုင်သနည်း ဆိုသည်ကို ချန်းရီက သွားရောက်မေးမြန်းမည် မဟုတ်ပေ။

ချန်းရီသည် မက္ကန်းနစ်လမ်းစဉ် အစွမ်းပိုင်ရှင် မဟုတ်ပါဘဲလျက် သုံးဘီးစက်ဘီးကို ကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကားတစ်စီး ဖြစ်လာအောင် မည်သို့ လုပ်ဆောင်နိုင်သနည်း ဆိုသည်ကို ချူချယ်က မမေးမြန်းသကဲ့သို့ပင် ဖြစ်သည်။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးတွင် လူတိုင်း၌ လျှို့ဝှက်ချက် ကိုယ်စီ ရှိတတ်ကြသည်ဟု ချူချယ်က ပြောခဲ့ဖူး၏။

အခြားယာဉ်တန်းများကို ရှောင်ကွင်းသွားရန် ဆိုသည့် မိုက်မဲသော စကားမျိုးကိုပင် ချန်းရီ မပြောခဲ့ချေ။

ပထမအချက်အနေဖြင့် ယာဉ်တန်းတွင် သောက်သုံးရေ ပြတ်လပ်နေပြီ ဖြစ်သည်။

ရေအရင်းအမြစ် ရှာမတွေ့သေးသည့် အခြေအနေမျိုးတွင် အခြားယာဉ်တန်းများနှင့် ရေအချို့ကို ဖလှယ်ခြင်းက အတော်လေး ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် အခြားယာဉ်တန်းများနှင့် အဆက်အသွယ် ပြုလုပ်ခြင်းမှတစ်ဆင့် အပြင်လောက၏ သတင်းအချက်အလက် အချို့ကို ရရှိနိုင်ပေသည်။

လက်ကိုင်ဖုန်း မရှိ၊ ကွန်ပျူတာ မရှိတော့သဖြင့် အပြင်လောက၏သတင်းများကို ရရှိရန်မှာ အလွန် ခဲယဉ်းလှ၏။

ယခု ရုတ်တရက်ဆိုသလို အခြားယာဉ်တန်းတစ်ခု ပေါ်လာခဲ့ပြီ ဖြစ်ရာ အနည်းငယ် အန္တရာယ်များနိုင်သည် ဆိုလျှင်တောင်မှ ရေနှင့် ပြင်ပသတင်းအချက်အလက်များအတွက် ဤအန္တရာယ်ကို စွန့်စားရကျိုးနပ်ပေသည်။

ယာဉ်တန်းက တည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်တော့ သဲကန္တာရထဲရှိ အထီးကျန် ကျွန်းလေးတစ်ကျွန်းမျှသာ ဖြစ်သည်။

ရှန်ဟိုင်းမြို့ကြီး ကျဆုံးသွားပြီးနောက် နိုင်ငံတော်၏အခြေအနေသည် မည်ကဲ့သို့ ပြောင်းလဲသွားခဲ့ပြီနည်း။

အစိုးရတွင်ရော ကြိုတင်ပြင်ဆင်ထားသော အစီအစဉ်များ ရှိနေသေးသလား။

သို့တည်းမဟုတ် အသက်ရှင်ကျန်ရစ်သူများ စခန်း ရှိနေသေးသလား။

နိုင်ငံသားများအတွက်မူ ဤကဲ့သို့ ရွှေ့ပြောင်းသွားလာနေရသော ဘဝမျိုးက သေချာပေါက် ဆင်းရဲဒုက္ခ ရောက်စေ၏။

အတည်တကျ နေထိုင်နိုင်မှသာလျှင် စိုက်ပျိုးထုတ်လုပ်မှုများကို ပြုလုပ်နိုင်မည် ဖြစ်ပြီး ယဉ်ကျေးမှုမီးတောက်များကို ပြန်လည် မွေးဖွားနိုင်ကာ မိမိတို့၏ မြို့ရွာများကိုပင် ပြန်လည် သိမ်းပိုက်နိုင်မည် ဖြစ်သည်။

ဤအရာများအားလုံးက အလွန် အရေးကြီးလှသည်။

သို့သော် အခြားယာဉ်တန်းများနှင့် ထိတွေ့ဆက်ဆံရာတွင် လုံလောက်သော သတိဝီရိယကို မဖြစ်မနေ ထားရှိရပေမည်။

...

ချန်းရီက ချူချယ်နှင့် စွန်းချန်းချန်းတို့၏ ကားကို တစ်ခေါက် စစ်ဆေးပေးလိုက်သည်။

သူတို့နှစ်ဦး၏ ကားတွင် ကြီးကြီးမားမား ပြဿနာ ဘာမှမရှိဘဲ သဲမုန်တိုင်းကြောင့် ကားထဲသို့ သဲအချို့ ဝင်ရောက်နေခြင်းမျှသာ ဖြစ်သည်။

အချိန်မီ သိလိုက်ရသဖြင့် တော်သေးသည်ဟု ဆိုရမည်။ သို့မဟုတ်ပါက အသေးအမွှား ပြဿနာလေးကနေ ကြီးမားသော ချွတ်ယွင်းမှုအထိ ဖြစ်သွားနိုင်ပေသည်။

ယနေ့ သဲကန္တာရကြီးသည်လည်း အပူရှိန် ပြင်းပြင်းဖြင့် လောင်ကျွမ်းနေဆဲ ဖြစ်၏။

အဝေးဆီရှိ သဲသောင်ပြင်များမှာ လှိုင်းတွန့်များ ထနေပြီး မျက်လှည့်ပြနေသည့်အလား ထင်ယောင်ထင်မှား ဖြစ်စေသည်။

ခေါင်းဆောင်ချူ၏ အဆင့်မြှင့်တင်ထားသော လမ်းကြမ်းမောင်းကားကြီးက ရှေ့ဆုံးမှ ဦးဆောင် မောင်းနှင်နေပြီး အရှိန်မှာ မြန်လွန်းခြင်းမရှိသလို နှေးလွန်းခြင်းလည်း မရှိပေ။

ကားထဲမှ လွင့်ပျံ့လာသော သီချင်းသံများကိုပင် ချန်းရီ ကြားနေရသေး၏။

ဤသည်က လူကို စကားပင် ဆက်မပြောနိုင်လောက်အောင် ဖြစ်စေသည်။

မိမိ၏ ကားလေးမှာ စုတ်ပြတ်နေသည်ကတော့ ထားလိုက်ပါတော့... ယခုဆိုလျှင် ကားအမိုးပင် မရှိတော့ချေ။

ယာဉ်တန်းတစ်ခုလုံးတွင် သူ၏ကားက အစုတ်ပြတ်ဆုံး ဖြစ်နေသည်။

အခြားကားများမှာ အပြင်ပန်း အနည်းငယ် ပျက်စီးနေသော်လည်း အနည်းဆုံးတော့ အကောင်းပကတိနီးပါး ရှိနေသေးသည်။

ခေါင်းဆောင်ချူက တစ်ခါတစ်ရံ ကားကို ရပ်တန့်လိုက်ပြီး လမ်းကြောင်း ရှာဖွေနေပုံရသည်။

တစ်ခါတစ်ရံတွင် မနက်ပိုင်းက ဖြတ်သန်းခဲ့သော လမ်းကိုပင် ပြန်လည် မောင်းနှင်နေတတ်သေး၏။

ရိက္ခာပစ္စည်းများ ပြတ်လပ်နေသဖြင့် ယာဉ်တန်းသည် တစ်နေ့လျှင် ထမင်းနှစ်နပ်သာ စားကြသည်။

ယခင်က ယာဉ်တန်းထဲတွင် ဝဝဖိုင့်ဖိုင့် လူအချို့ ရှိခဲ့သေးသည်။

ယခုမူ အားလုံး ပိန်ချုံးသွားခဲ့ကြပြီ။

တစ်ယောက်ချင်းစီတိုင်းမှာ ဝါးလုံးလေးများအလား ပိန်ကပ်နေကြပြီး အာဟာရချို့တဲ့နေကြောင်း သိသာလွန်းလှသည်။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးတွင် တစ်ခုတည်းသော ကောင်းကျိုးမှာ ကိုယ်အလေးချိန် လျှော့ချရန် အားစိုက်ထုတ်စရာ မလိုခြင်းပင် ဖြစ်သည်။

စားချင်လျှင်ပင် စားစရာ မရှိပေ။

မနက်က စားထားသော ဆန်ပြုတ်မှာလည်း အစာကြေသွားသည်မှာ ကြာပြီ ဖြစ်သည်။

ချန်းရီသည် ကားနောက်ခန်းထဲမှ ပေါင်မုန့်သေးသေးလေး တစ်လုံးကို ရှာဖွေထုတ်ယူကာ ဖြည်းဖြည်းချင်း ဝါးစားလိုက်သည်။

ရေသန့်ဘူးထဲမှ ကျန်နေသော ရေအနည်းငယ်ကိုလည်း သောက်လိုက်ပြီး နှုတ်ခမ်းကို အစိုဓာတ်လေး ပေးလိုက်သည်။ ရေဝဝ မသောက်ရသော်လည်း နောက်ထပ် ရေသန့်ဘူးအသစ် တစ်ဘူးကို ဖောက်သောက်ရန်တော့ မရက်စက်နိုင်ပေ။

ရေသန့်ဘူးခွံကို သေချာ ပြန်သိမ်းလိုက်သည်။ ဤရေသန့်ဘူးခွံသည်လည်း အရေးကြီးသော ပစ္စည်းတစ်ခုပင် ဖြစ်၏။

အင်္ကျီအိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်သည်။

ဤသည်က စိုးရိမ်ပူပန်မှုများကို အနည်းငယ် လျော့ကျသွားစေသည်။

ရာသီဥတု ပူပြင်းလွန်းသဖြင့် လူတွေမှာ အလွယ်တကူ စိုးရိမ်ပူပန်စိတ်များ ဝင်လာတတ်၏။

ချန်းရီ၏ ကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကား နောက်တွင်မူ အံ့ဖွယ်ကောင်းလှသော သက်ကြီးရွယ်အိုသုံး လျှပ်စစ်သုံးဘီးလေး လိုက်ပါလာသည်။

ဤတစ်ကြိမ် သဲမုန်တိုင်းကြောင့် လူအမြောက်အမြား သေဆုံးခဲ့ရသည်။

သို့တိုင်အောင် ဤအဘိုးကြီးက အသက်ရှင်နေဆဲပင်။

ဤအချက်က ချန်းရီကိုပင် အနည်းငယ် အံ့အားသင့်သွားစေ၏။

အခြားသူများ သေဆုံးသွားကြသော်လည်း ဤအဘိုးကြီးက အသက်ရှင်နေသေးသည် မဟုတ်ပါလော။

ထို့အပြင် ထိုမှတ်သားလွယ်လှသော လျှပ်စစ်သုံးဘီးလေးက သူ၏ ကားအနောက်မှ ခပ်မှန်မှန်လေး လိုက်ပါလာသေး၏။

ကားအမိုးပေါ်ရှိ ပစ္စည်းတင်စင်လေးမှာ ယိမ်းထိုးလှုပ်ခါနေပြီး ပြုတ်ကျလုမတတ် ဖြစ်နေသော်လည်း အောက်သို့တော့ ပြုတ်ကျမသွားပေ။

ချန်းရီက ဆေးလိပ်ကို ကိုက်ထားရင်း ကားနောက်ကြည့်မှန်မှတစ်ဆင့် ထိုလျှပ်စစ်သုံးဘီးလေးကို ကြည့်ကာ တစ်ခဏမျှ ဘာပြောရမှန်း မသိအောင် ဖြစ်သွားရသည်။

သိထားရမည့် အချက်မှာ ဤလျှပ်စစ်သုံးဘီးလေးက အားသွင်းပြီး မောင်းနှင်ရခြင်း ဖြစ်သည်။

ပုံမှန်အခြေအနေအရဆိုလျှင် ဤသုံးဘီးလေးမှာ ဘက်ထရီအား ကုန်နေသည်မှာ ကြာလှပြီ ဖြစ်ရမည်။

သို့တိုင်အောင် ဤအဘိုးကြီးက အသက်ရှင်နေသေး၏။

ကားကိုလည်း ဆက်လက် မောင်းနှင်နိုင်နေဆဲပင်။

လူတွေ ဒီလောက် အများကြီး သေဆုံးသွားတာတောင်မှ ဤအဘိုးကြီးက သက်တောင့်သက်သာ ရှိနေဆဲ ဖြစ်သည်။

ဤအဘိုးကြီးထံတွင် သေချာပေါက် တစ်ခုခု ထူးခြားနေလိမ့်မည်။

သို့သော် အဘိုးကြီး၏ လျှို့ဝှက်ချက်များကို စူးစမ်းရှာဖွေလိုသည့် အတွေးမျိုး ချန်းရီ၌ မရှိပေ။

ဤသည်က ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပြီး သရဲကား မဟုတ်ချေ။

ထိုသရဲကားများထဲမှ ဇာတ်ဆောင်များသည် အန္တရာယ်ရှိမှန်း သိသိကြီးနှင့် အန္တရာယ်များသော နေရာများသို့ သွားရောက်ကာ အန္တရာယ်ရှိသူများနှင့် သွားရောက် ထိတွေ့တတ်ကြသည်။

ရလဒ်အနေဖြင့် ဇာတ်ကားနာမည်လေးသာ ကျန်ရစ်ပြီး လူအားလုံး သေဆုံးသွားကြရ၏။

ထို့နောက် နောက်ထပ် ဇာတ်ဆောင်အသစ်များ ထပ်မံ ပေါ်ထွက်လာပြီး ဆက်လက် စွန့်စားကာ ဆက်လက် သေဆုံးကြပြန်သည်။

ဤအဘိုးကြီးထံတွင် ထူးဆန်းမှု တစ်ခုခု ရှိနေနိုင်သည်ကို သိသိကြီးနှင့်...

ချန်းရီ၏ ရွေးချယ်မှုမှာ တတ်နိုင်သမျှ ဝေးဝေးရှောင်ကာ အခြေအနေကိုသာ အကဲခတ်နေရန် ဖြစ်သည်။

အဘိုးကြီး၏ နောက်ခံအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးမီတွင် ချန်းရီသည် လုံးဝ အလျင်စလို လှုပ်ရှားမည် မဟုတ်ပေ။

...

ညနေ ၅ နာရီ။

ခေါင်းဆောင်ချူသည် ယနေ့ နားခိုမည့် နေရာကို ရှာတွေ့သွားခဲ့သည်။

သဲသောင်ပြင်ကြီး တစ်ခု၏ အနောက်ဘက်တွင် ဖြစ်သည်။

အနောက်ဘက်သို့ ယိမ်းကျနေသော နေရောင်ခြည်က အရိပ်အာဝါသ အချို့ကို ဖန်တီးပေးထား၏။

ညစာက ယခင်အတိုင်း အတော်လေး ပြည့်စုံလှသေးသည်။

အနည်းငယ် ခြောက်သွေ့နေသည်က လွဲလျှင်ပေါ့။

ရေပြတ်လပ်မှု ပြဿနာက နေ့စဉ်ဘဝအပေါ် သက်ရောက်မှု ရှိနေပြီဆိုသည်မှာ သိသာလှသည်။

အခြားသော အသက်ရှင်ကျန်ရစ်သူများအတွက်မူ ပို၍ပင် ဆိုးရွားလှပေသည်။

လူတစ်ဦးလျှင် တစ်နေ့ကို ရေတစ်ငုံခန့်သာ ရရှိပြီး ရေဆာလွန်း၍ သေမသွားရုံတမယ်သာ ထိန်းထားနိုင်ကြသည်။

အသက်ရှင်ကျန်ရစ်သူ အများစု၏ နှုတ်ခမ်းများမှာ ခြောက်သွေ့ကွဲအက်နေကြပြီး လူတစ်ကိုယ်လုံးမှာလည်း ညှိုးနွမ်းနေသော ပန်းငုံလေးများအလား ဖြစ်နေကြ၏။

ချန်းရီက ရှုလီနာကို လှမ်းမြင်လိုက်သည်။

ထိုအမျိုးသမီးက ချန်းရီကို မြင်လိုက်ချိန်တွင် အားတင်း၍ အပြုံးတစ်ခုကိုပင် ညှစ်ထုတ်ပြလာသေးသည်။

"မင်း... ရေတစ်ငုံလောက် သောက်မလား"

ချန်းရီက လက်ထဲရှိ ရေသန့်ဘူး တစ်ဝက်ကို ခါယမ်းပြလိုက်သည်။

ထိုအမျိုးသမီး၏ အကြည့်များက ကော်ဖြင့် ကပ်ထားခံရသည့်အလား ချန်းရီ၏ လက်ထဲမှ ရေသန့်ဘူး တစ်ဝက်ဆီသို့ စူးစိုက်ကြည့်နေခဲ့သော်လည်း နောက်ဆုံးတွင်တော့ ခဲယဉ်းစွာဖြင့် ခေါင်းခါပြလာသည်။

"ရှင်... ရှင့်ဆီမှာလည်း ရေသိပ်ကျန်တော့မှာ မဟုတ်ဘူး ဆိုတာ ကျွန်မ သိပါတယ်... ကျွန်မ ရေမဆာသေးပါဘူး"

ရှုလီနာ၏ အက်ကွဲနေသော အသံက သူမ လတ်တလောတွင် အလွန်အမင်း ရေဓာတ်ခမ်းခြောက်နေကြောင်း ပြသနေ၏။

သူမ ဤစကားကို ပြောထွက်ရန်အတွက် မည်မျှအထိ စိတ်ပိုင်းဖြတ်ထားရသလဲ ဆိုသည်ကို ဘုရားသာ သိနိုင်ပေလိမ့်မည်။

သူမ လိုချင်နေသည်မှာ ရေတစ်ငုံ မဟုတ်ပေ။

ထို ကမ္ဘာပျက်ကပ်သုံး ပစ်ကပ်ကားကြီး၏ ယာဉ်မောင်းဘေးခုံ နေရာကိုသာ ဖြစ်သည်။

"အမြတ်အစွန်း အသေးအမွှားကို လျစ်လျူရှုနိုင်သူသည် အကြံအစည်ကြီးမားသူ ဖြစ်သည်" ဟူသော စကားမှာ ရှုလီနာအတွက် ဆိုထားခြင်းပင်။

ယာဉ်တန်းထဲရှိ အခြားအမျိုးသမီးများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်။

ရှုလီနာ၏ အဆင့်အတန်းက သိသိသာသာ ပို၍ မြင့်မားနေသည်။

ချန်းရီက ထိုအမျိုးသမီးကို စူးစူးရှရှ တစ်ချက်ကြည့်လိုက်ပြီး ဘာစကားမျှ ဆက်မပြောတော့ချေ။

ထိုညက ချန်းရီနှင့် စွန်းချန်းချန်းတို့ကြားတွင် ဖြစ်ပျက်ခဲ့သော ကိစ္စနှင့် ပတ်သက်၍မူ...

ယာဉ်တန်းတစ်ခုလုံး သိရှိနေကြပြီ ဖြစ်သည်။

သို့သော် ရှုလီနာသည် ချန်းရီအား မကျေမနပ်ဖြစ်နေသော အကြည့်တစ်ချက်မျှပင် မပေးခဲ့ချေ။

ချန်းရီနှင့် စွန်းချန်းချန်းတို့၏ ဆက်ဆံရေးမှာလည်း ဘာမှ ပြောင်းလဲသွားပုံ မရပေ။ သူတို့နှစ်ဦးကြားရှိ အပြန်အလှန် ပြောဆိုဆက်ဆံမှုများမှာ ထိုညက ဘာမှ မဖြစ်ခဲ့သည့်အလား ပုံမှန်အတိုင်းပင် ဖြစ်နေသည်။

ဤသည်က အတင်းအဖျင်း ပြောလိုစိတ်များ တောက်လောင်နေသော ခေါင်းဆောင်ချူအတွက်တော့ အတော်လေး နေရခက်စေ၏။

တစ်ညတာသည် တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့သည်။

ကား၏ လျှပ်စစ်စနစ် အဆင့်မြှင့်တင်မှု ပြီးဆုံးရန် (၂၄) နာရီ လိုသေးသည်။

မနက်ဖြန် ယခုလို အချိန်မျိုးတွင် အဆင့်မြှင့်တင်မှု ပြီးဆုံးပေတော့မည်။

ကံကောင်းသည်မှာ ယနေ့ ခရီးစဉ်မှာ သိပ်မဝေးလှခြင်းပင်။

ကားကလည်း မနည်း ဆက်လက် လိုက်ပါနိုင်နေဆဲ ဖြစ်သည်။

မနက်ပိုင်းတွင်မူ ပန်းရောင်ဆံပင်နှင့် ကောင်မလေးက ချွေးသံရွှဲရွှဲဖြင့် ယာဉ်တန်းဆီသို့ ပြန်ရောက်လာသည်ကို ချန်းရီ ထပ်မံ မြင်တွေ့လိုက်ရသည်။

အရက်အလွန်အကျွံ သောက်တတ်သော ခြေတံရှည်ရှည်၊ ပန်းရောင်ဆံပင်နှင့် တက္ကသိုလ်ဝင်တန်းကျောင်းသူလေးက ရည်မှန်းချက်ကြီးမားသော ကောင်မလေးအဖြစ် ပြောင်းလဲသွားခဲ့ပြီလား။

အခြေအနေအရ ကြည့်မည်ဆိုလျှင် ဤအမျိုးသမီးက တစ်ညလုံး ဓားသိုင်းလေ့ကျင့်နေခဲ့ပုံ ရသည်။

ထိုနေ့ကစ၍ ဤအမျိုးသမီးက သိသိသာသာ ပြောင်းလဲသွားကာ အလွန် ကြိုးစားလာသည်ကို ချန်းရီ သတိထားမိခဲ့သည်။

ယနေ့တွင်လည်း သူမကို အရက်မူးနေသည့် ပုံစံမျိုး မတွေ့ရတော့ချေ။

ထမင်းစားပြီးသည်နှင့် ဓားသိုင်းလေ့ကျင့်ရန် နေရာရှာတော့သည်။

သူမ၏ ညီမဝမ်းကွဲလေး ရှောင်ယွီ၏ အဆိုအရ ဤအမျိုးသမီးက နေ့ခင်းဘက် ခရီးသွားနေချိန် ကားထဲတွင်ပင် တရားထိုင်နေတတ်သေးသည်တဲ့။

ယနေ့မနက် ခရီးမထွက်ခွာမီတွင်...

ထယ်ရှီး တစ်ယောက် နောက်ဆုံးတွင်တော့ သတိရလာခဲ့ပြီ ဖြစ်သည်။

ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ ကျက်သွားခဲ့ပြီ ဖြစ်သော်လည်း ကိုယ်တွင်းရှိ အဆိပ်များကိုမူ အပြည့်အဝ မဖယ်ရှားနိုင်သေးပေ။

"လူမျက်နှာကင်းမြီးကောက်ရဲ့ အဆိပ်က အရမ်းပြင်းတယ်... ငါ့ကို သေအောင် မလုပ်နိုင်ဘူး ဆိုပေမဲ့ ယာယီတော့ အပြည့်အဝ ပြန်ကောင်းလာဖို့ မလွယ်သေးဘူး"

"အနည်းဆုံး တစ်ပတ်လောက် ထပ်ကြာဦးမှာ"

"တစ်ပတ်"

ထယ်ရှီး၏ နှာသံ ပါသော စကားကို ကြားလိုက်ရချိန်တွင် လူတိုင်း တိတ်ဆိတ်သွားကြသည်။

ခေါင်းဆောင်ချူ၏ ပြောစကားအရ...

သူတို့နှင့် အခြားယာဉ်တန်းတစ်ခု၏ အကွာအဝေးမှာ အလွန် နီးကပ်နေပြီ ဖြစ်သည်။

နှစ်ဖက်စလုံးက ထူးဆန်းသောအရာများ၏ အာရုံစိုက်ခြင်းကို မခံရစေမည့် အခွင့်အရေးတစ်ခုကို ရှာဖွေနေကြခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယာဉ်တန်းနှစ်ခု ပေါင်းစည်းလိုက်မည် ဆိုပါက လူဦးရေ အများအပြား ရှိလာပေလိမ့်မည်။

လူများလေလေ ထူးဆန်းသောအရာများ၏ အာရုံစိုက်မှုကို ပို၍ ဆွဲဆောင်နိုင်လေလေ ပင်တည်း။

ထယ်ရှီးကဲ့သို့သော အရေးပါသည့် တိုက်ခိုက်ရေးအင်အားစု တစ်ခုက ဝင်ရောက်မတိုက်ခိုက်နိုင်တော့ခြင်းသည် အလွန် ပြဿနာကြီးလှ၏။

ယနေ့ ခရီးစဉ်မှာ ရှေ့တိုးနောက်ဆုတ်နှင့် လည်ပတ်နေပြီး ခေါင်းဆောင်ချူသည် အရာတစ်ခုခုကို ရှောင်ရှားနေသည့်ပုံရပြီး တစ်ချိန်တည်းမှာပင် နေရာတစ်ခုခုသို့ သွားရောက်လိုနေပုံ ပေါ်သည်။

ညဘက်သို့ ရောက်သောအခါ ပစ်ကပ်ကား၏ လျှပ်စစ်စနစ် အဆင့်မြှင့်တင်မှုက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။

ဤသည်မှာ စနစ်သည် တာဝန်တစ်ခု လွတ်သွားပြီ ဖြစ်ရာ အစွမ်းများကို လေ့ကျင့်နိုင်မည့် နည်းလမ်းကို တွက်ချက်ဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်း ဆိုလိုခြင်းပင် ဖြစ်တော့သည်။

ဆက်ရန်...

All Chapters