← Chapters

အခန်း ၃၄၉

Vol. 31 Ch. 349

အခန်း ၃၄၉

Vol. 31 Ch. 349

အခန်း (၃၄၉)

ဘာသာပြန် - အားသစ်

လင်းဖုန်း၏ မျက်လုံးများအတွင်း၌ အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူ စောစောကပင် ဘော့တီ၏ ခန္ဓာကိုယ်ပေါ်၌ လှည့်ကွက်အသေးလေးတစ်ခုကို တိတ်တဆိတ် ချန်ထားခဲ့သည်။ ထိုအရာလေး ပေါက်ကွဲထွက်သွားသည်နှင့်တစ်ပြိုင်နက် ဘော့တီ သေချာပေါက် ဖော်ထုတ်ခံရပေလိမ့်မည်။

ဤသို့လုပ်ဆောင်ခြင်းက အနည်းငယ် ရက်စက်ရာကျသော်လည်း လောကကြီးက ဤကဲ့သို့ပင်။ တစ်ပါးသူကို မရက်စက်လျှင် ကိုယ့်ကိုယ်ကို ရက်စက်ရပေလိမ့်မည်။

ဘော့တီ ထွက်ခွာသွားသည်မှာ အချိန်အနည်းငယ်မျှ ကြာမြင့်သွားလေပြီ။ လင်းဖုန်း အချိန်သင့်ပြီဟု ခန့်မှန်းမိလိုက်သည်နှင့် ဘော့တီ၏ ခန္ဓာကိုယ်ပေါ်တွင် ချန်ထားခဲ့သော လှည့်ကွက်သေးသေးလေးကို ‌ေ အသက်သွင်းလိုက်တော့၏။

ဝုန်း

ချက်ချင်းပင် လှိုင်းတံပိုးများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ပင်လယ်ရေအောက်ခြေတစ်ခုလုံး တုန်ခါသွားသည့်အလားပင်။

ဤမျှကြီးမားလှသော လှုပ်ခတ်မှုကို ပင်လယ်ဧကရာဇ်နန်းတော်အတွင်းရှိ ပင်လယ်သားရဲများအနေဖြင့် မည်သို့နှယ် သတိမပြုမိဘဲ နေမည်နည်း။

ထို့ကြောင့် ပင်လယ်ဧကရာဇ်နန်းတော်အတွင်းမှ ပင်လယ်သားရဲခုနစ်ကောင် ချက်ချင်း ပြေးထွက်လာကြ၏။ သူတို့အားလုံးက ပင်လယ်သားရဲဧကရာဇ်များ ဖြစ်ကြသည်။ အကယ်၍ လင်းဖုန်း ယခင်က သတ်ဖြတ်ခဲ့သော ပင်လယ်သားရဲဧကရာဇ် သုံးကောင်ကိုပါ ထည့်သွင်းရေတွက်မည်ဆိုလျှင် ပင်လယ်ဧကရာဇ်နန်းတော်တစ်ခုတည်း၌ပင် အနည်းဆုံး ပင်လယ်သားရဲဧကရာဇ် ဆယ်ကောင်ရှိနေသည်ဟူသည့် အဓိပ္ပာယ်ပင် မဟုတ်ပါလော။

ထိုသို့ အတွေးဝင်မိသည်နှင့်တစ်ပြိုင်နက် လင်းဖုန်း စိတ်ထဲမှ အလွန်ထိတ်လန့်အံ့သြသွားရသည်။ ဒီပင်လယ်ဧကရာဇ်က ဘယ်လောက်တောင် သန်မာနေရတာလဲ။ ဒီလောက်များတဲ့ ပင်လယ်သားရဲဧကရာဇ်တွေကိုတောင် ပျိုးထောင်ပေးနိုင်ခဲ့သေးတယ်။

ပင်လယ်သားရဲ ခုနစ်ကောင်လုံး အချင်းချင်း ခေတ္တမျှ ဆွေးနွေးပြီးနောက် ဘော့တီကို လိုက်လံဖမ်းဆီးရန်အတွက် ပင်လယ်သားရဲ ငါးကောင်ကိုသာ စေလွှတ်လိုက်ကြ၏။ သို့သော်ငြားလည်း ဘော့တီက ဤမျှများပြားလှသော ပင်လယ်သားရဲဧကရာဇ်များကို ဆွဲဆောင်သွားပေးခဲ့သဖြင့် လင်းဖုန်း၏ လှုပ်ရှားမှုက သေချာပေါက် များစွာ ပိုမိုဘေးကင်းသွားပြီ ဖြစ်သည်။

လင်းဖုန်း ပင်လယ်ဧကရာဇ်နန်းတော်အနားသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။ သူ အဝေးမှာ ရှိစဉ်က မမြင်တွေ့ခဲ့ရသော်လည်း အနားသို့ ချဉ်းကပ်မိသောအခါ ပင်လယ်ဧကရာဇ်နန်းတော်၏ အပြင်ဘက်တွင် မှိန်ပျပျ အပြာရောင်အလင်းတန်း အလွှာတစ်ခု ရှိနေကြောင်း သတိပြုမိလိုက်သည်။ ထိုအလင်းလွှာက ပင်လယ်ရေထုနှင့် တစ်သားတည်းဖြစ်နေပြီး ပရုတစိုက် ကြည့်မှသာလျှင် မြင်တွေ့နိုင်သည်။

ဤအပြာရောင်အလင်းလွှာက စွမ်းအားလှိုင်းဂယက်များကို ထုတ်လွှတ်နေ၏။ ယင်းက ပင်လယ်ဧကရာဇ်နန်းတော်ကို ကာကွယ်ပေးထားသည့် စွမ်းအင်အတားအဆီးတစ်ခုခု ဖြစ်ပုံရသည်။

လင်းဖုန်း သူ့စွမ်းအားအားလုံးကို အသုံးပြုလျက် ကူးခတ်ဝင်ရောက်လိုက်သည်။ ယင်းက အမြှေးပါးတစ်ခုပမာ ဖြစ်နေပြီး အဟန့်အတားကြီးကြီးမားမား မရှိလှချေ။ သူ အတွင်းသို့ အလွယ်တကူပင် ဝင်ရောက်နိုင်ခဲ့သည်။

“ဒီမှာ ပင်လယ်ရေတွေ မရှိတော့ဘူးလား”

လင်းဖုန်း အံ့အားသင့်သွားသည်။ သူ အတွင်းသို့ ကူးခတ်ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် ပင်လယ်ရေများ လုံးဝရှိမနေတော့ပေ။ သူ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။

ထို့ကြောင့် လင်းဖုန်းတစ်ယောက် ရိုးရှင်းစွာပင် လူသားအသွင်သို့ ပြန်ပြောင်းလိုက်ကာ ပင်လယ်ဧကရာဇ်နန်းတော်ကို စတင် လေ့လာကြည့်ရှုလိုက်တော့သည်။

ပင်လယ်ဧကရာဇ်နန်းတော်မှာ ရှေးဟောင်းဆန်လှသော ခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။ အဆောက်အအုံများအားလုံးက အလွန်တရာ ကြီးမားလှ၏။ ယင်းတို့က လူသားများ နေထိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ထားခြင်း မဟုတ်ကြောင်း ထင်ရှားလှပေသည်။ ဤပင်လယ်သားရဲအများစုမှာ အလွန်တရာ ကြီးမားလှ၏။ နေအိမ်အကြီးကြီး ရှိမနေခဲ့ပါက သူတို့ကို နေရာချထားပေးရန် အမှန်တကယ်ပင် ခက်ခဲပေလိမ့်မည်။

“ပင်လယ်ဧကရာဇ်က ပင်လယ်ဧကရာဇ်နန်းဆောင်ထဲမှာ နေတာပဲ”

လင်းဖုန်း မော့ကြည့်လိုက်သည်။ ပင်လယ်ဧကရာဇ်နန်းဆောင်က အလွန်တရာ ထင်ရှားလွန်းလှ၏။

လင်းဖုန်းသည်လည်း ဤပင်လယ်ဧကရာဇ်အပေါ် အလွန်တရာ စူးစမ်းလိုစိတ် ဖြစ်နေသည်။ သို့သော်လည်း ဘဏ္ဍာတိုက်က ပင်လယ်ဧကရာဇ်နန်းဆောင်အတွင်း၌ ရှိမနေခဲ့ပါက လင်းဖုန်းအနေဖြင့် ပင်လယ်ဧကရာဇ်နန်းဆောင်အနားသို့ အရင်ဦးဆုံး ချဉ်းကပ်လိမ့်မည် မဟုတ်ချေ။

သို့သော် လင်းဖုန်း ပင်လယ်ဧကရာဇ်နန်းဆောင်အနားသို့ ချဉ်းကပ်မိသောအခါ နန်းဆောင်အတွင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်အဝါတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုသက်ရှိအရှိန်အဝါမှာ အလွန်တရာ ကြီးမားလွန်းလှသဖြင့် လင်းဖုန်းကိုယ်တိုင်ပင်လျှင် ဖိအားအနည်းငယ်ကို ခံစားလိုက်ရသညါ။

“ဘယ်လောက်တောင် ကြီးကျယ်ပြီး သက်ဝင်လှုပ်ရှားလှတဲ့ သက်ရှိစွမ်းအားလဲ။ ဒါ ပင်လယ်ဧကရာဇ်လား”

လင်းဖုန်း ထိတ်လန့်သွားသလို တစ်ပြိုင်နက်တည်းမှာပင် မရေမရာ ဖြစ်သွားရသည်။ သူသည် ဤမျှအထိ ကြီးမားပြီး လှုပ်ရှားတက်ကြွလှသော သက်ရှိစွမ်းအားမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ နတ်ဆိုးဧကရာဇ်တစ်ကောင်ပင်လျှင် ယင်း၏ ဆယ်ပုံတစ်ပုံခန့်ကိုပင် ယှဉ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

ဝုန်း

ရုတ်တရက် ပင်လယ်ဧကရာဇ်နန်းတော်အတွင်းမှ ပင်လယ်သားရဲနှစ်ကောင် ပြေးထွက်လာကြ၏။ သူတို့မှာ စောစောက ထွက်ခွာမသွားခဲ့ကြသော ပင်လယ်သားရဲဧကရာဇ်နှစ်ကောင် ဖြစ်ကြသည်။ သို့သော်လည်း သူတို့က လင်းဖုန်းကိုသာ စိုက်ကြည့်နေကြပြီး ချက်ချင်း တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိမနေခဲ့ချေ။ သူတို့၏ မျက်လုံးများအတွင်း၌မူ သတိပေးတားမြစ်လိုသည့် အမူအရာများဖြင့်သာ ပြည့်နှက်နေသည်။

“လူသား... ကြီးမြတ်လှတဲ့ အရှင်ပင်လယ်ဧကရာဇ်က မင်းကို အလိုရှိနေတယ်”

ပင်လယ်သားရဲ နှစ်ကောင်လုံးက သူတို့၏ စိတ်စွမ်းအားကို အသုံးပြုလျက် လင်းဖုန်းထံသို့ သတင်းစကား ပေးပို့လိုက်ကြ၏။

“ပင်လယ်ဧကရာဇ်က ငါ့ကို တွေ့ချင်တယ်ဟုတ်လား”

လင်းဖုန်း ထိုပင်လယ်သားရဲနှစ်ကောင်ကို လှမ်းကြည့်လိုက်သည်။ သူလည်း ပင်လယ်ဧကရာဇ်အနေဖြင့် သူ ဤနန်းတော်အတွင်းသို့ ပထမဆုံး စတင်ဝင်ရောက်လာခဲ့စဥ် အချိန်အတော်ကြာကတည်းက ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း နားလည်လိုက်သည်။ အဆုံးသတ်တွင်မူ ဤပင်လယ်ဧကရာဇ်နန်းတော်မှာ ပင်လယ်ဧကရာဇ်၏ ပိုင်နက်ဖြစ်သဖြင့် စောင့်ကြည့်စစ်ဆေးမည့် နည်းလမ်းတချို့ သေချာပေါက် ရှိနေရမည်သာ ဖြစ်သည်။ သူ အတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဖော်ထုတ်ခံရမည်မှာ မလွဲဧကန်ပင်။

သူ့အား ဖော်ထုတ်ပြီးဖြစ်ကြောင်း သိသွားသဖြင့် လင်းဖုန်း ပို၍ပင် တည်ကြည်လေးနက်သွားရတော့သည်။

“လမ်းပြ”

လင်းဖုန်း တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ သူသည်လည်း ဤသေမင်းပင်လယ်ကြီးတစ်ခုလုံးကို အုပ်စိုးထားပြီး ရိုးရှင်းသည့်ပုံစံ တိုက်ပွဲဝင်ခန္ဓာကိုယ်ကိုပင် ပိုင်ဆိုင်ထားသည့် ပင်လယ်ဧကရာဇ်အကြောင်းကို လေ့လာလိုသည်။

နက်ရှိုင်းပြီး မှောင်မိုက်လှသော ပင်လယ်ဧကရာဇ်နန်းတော်အတွင်း၌…

လင်းဖုန်းသည် အပြင်ပန်းအားဖြင့် တည်ငြိမ်နေပုံရသော်လည်း လက်တွေ့တွင်မူ စိတ်ထဲမှ တိတ်တဆိတ် သတိကြီးကြီး ထားနေခဲ့သည်။

သူ့အနေဖြင့် ထိုပင်လယ်သားရဲဧကရာဇ် နှစ်ကောင်မှာ သူ့အပေါ် အထင်ကောင်းအမြင်ကောင်း မရှိကြကြောင်း ခံစားသိမြင်နိုင်သည်။ အကယ်၍ ပင်လယ်ဧကရာဇ်ကိုယ်တိုင်က လင်းဖုန်းကို ဖိတ်ခေါ်ခဲ့ခြင်းမျိုး မဟုတ်ပါက ထိုပင်လယ်သားရဲနှစ်ကောင်မှာ အစောကတည်းက တိုက်ခိုက်ကြပေလိမ့်မည်။

ထိုပင်လယ်သားရဲနှစ်ကောင်က လင်းဖုန်းကို ပင်လယ်ဧကရာဇ်နန်းတော်၏ ခန်းမဆောင်ကြီးအတွင်းသို့ ခေါ်ဆောင်လာပြီးနောက် လှည့်ပြန်ထွက်ခွာသွားကြတော့၏။

သို့သော်လည်း လင်းဖုန်းကမူ နေရာမှ မရွှေ့ရဲချေ။ အဘယ်ကြောင့်ဆိုသော် သူ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းလှသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသောကြောင့်ပင်။

သူ မော့ကြည့်လိုက်ရာ မှိန်ပျပျအလင်းရောင်အောက်တွင် သူ့ရှေ့မှောက်၌ ဧရာမအရာဝတ္ထုကြီးတစ်ခု ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ တိတိကျကျ ပြောရလျှင် ယင်းကား ဦးခေါင်းကြီးတစ်လုံးပင်တည်း။

ဤဦးခေါင်းကြီးမှာ အလွန်တရာ ကြီးမားလွန်းလှသည်။ ယင်းက မည်မျှအထိ ကြီးမားသလဲဆိုလျှင် လင်းဖုန်း ဒီရေလှိုင်းတိုက်ပွဲဝင်ခန္ဓာကိုယ်ကို အသုံးပြုထားသည့်တိုင် သူ့ခေါင်းက ဤဦးခေါင်းကြီးနှင့် ယှဉ်လျှင် ပြောပလောက်စရာ မရှိတော့ချေ။ ထို့ပြင် လင်းဖုန်း သူ့မျက်လုံးထောင့်မှတစ်ဆင့် ထိုဦးခေါင်းကြီး၏ နောက်တွင် ဧရာမမြွေကြီးတစ်ကောင်၏ ခန္ဓာကိုယ်နှင့် ဆင်တူသော အရာတစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုမြွေခန္ဓာကြီးက မီးခိုးရောင် အကြေးခွံများဖြင့် သိပ်သည်းစွာ ဖုံးလွှမ်းနေ၏။

ထိုခန္ဓာကိုယ်ကြီးက အတိုင်းအဆမရှိလောက်အောင် ကြီးမားလှပြီး ပင်လယ်ဧကရာဇ်နန်းဆောင်အတွင်း၌ အရစ်ရစ်အထပ်ထပ် ခွေလျက် တည်ရှိနေသည်။

ကြီးမြတ်လှသော ပင်လယ်ဧကရာဇ်အရှင်၏ ခန္ဓာကိုယ်ကြီးက ဧရာမတွင်းကြီးတစ်ခုအတွင်း၌ အခြေချနေ၏။

သူ၏ ခန္ဓာကိုယ်က မည်မျှအထိတိုင် ရှည်လျားလှသနည်း။

လင်းဖုန်းအနေဖြင့် သူ့ကို လုံးဝ မခန့်မှန်းနိုင်ချေ။ သို့သော်လည်း သူ သေချာပေါက် ပြောနိုင်သည်မှာ ယင်းက သူ၏ မီတာသုံးထောင်အရွယ်အစားရှိ တိုက်ပွဲဝင်ခန္ဓာကိုယ်ထက် လုံးဝနိမ့်ပါးမနေဘဲ သာ၍ပင် ကြီးမားနေနိုင်ချေ ရှိသည်။

အထူးသဖြင့် လင်းဖုန်း တစ်ဖက်သူထံမှ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်သည့် အရိပ်အယောင်တစ်ခုကို ခံစားလိုက်ရ၏။ ဤသည်ကား လင်းဖုန်း တတိယအကြိမ် အသက်ဝိညာဉ်အသွင်ပြောင်းလဲခြင်းကို ပြီးမြောက်ခဲ့ပြီးကတည်းက ကြုံတွေ့ခဲ့ရသမျှအထဲတွင် အန္တရာယ်အရှိဆုံး သက်ရှိဖြစ်ပေသည်။ တုန်းဖန့်ရှန်ပင်လျှင် ဤပုဂ္ဂိုလ်နှင့်ယှဉ်လျှင် များစွာနိမ့်ကျလှသည်။

အသက်တစ်ရှိုက်စာမျှအတွင်း လင်းဖုန်း ဖျက်ဆီးခြင်းလှံတံကို ချက်ချင်း ထုတ်ယူအသုံးပြုရန်အထိပင် ပြင်ဆင်လိုက်မိသည်။ ဖျက်ဆီးခြင်းလှံတံမရှိဘဲနှင့်ဆိုလျှင် လင်းဖုန်း ဤနေရာတွင် ရပ်နေရခြင်းက စိတ်ထဲမှ ဘေးကင်းသည်ဟု လုံးဝခံစားရမည် မဟုတ်ချေ။

“မင်းက ပင်လယ်ဧကရာဇ်လား” လင်းဖုန်း ထိုဧရာမ ခန္ဓာကိုယ်ကြီးကို ကြည့်လျက် စိတ်စွမ်းအားဖြင့် မေးမြန်းလိုက်သည်။

“လူသား... မင်း ငါ့ကို ပင်လယ်ဧကရာဇ်လို့ ခေါ်နိုင်ပါတယ်။ အခုက ဘယ်နှစ်ခုမြောက် ယဉ်ကျေးမှုကို ရောက်နေပြီလဲ”

ထာဝရသိုင်းတာအိုအရှင်

All Chapters