← Chapters

အခန်း ၄၃

Vol. 3 Ch. 43

အခန်း ၄၃

Vol. 3 Ch. 43

အခန်း (၄၃)

ရှန်ယို့ယောင် အပါအဝင် လူတိုင်း၏ မျက်နှာများ ပျက်ယွင်းသွားကြသည်။ အထူးသဖြင့် ကားတိုက်မှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရဖူးသော တုဇယ်ချန်းမှာ စိတ်ဒဏ်ရာကြောင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။

ရှန်ယို့ယောင်သည် တုဇယ်ချန်း၏ ပခုံးကို အသာအယာ ဆုပ်ကိုင်ထားရင်း ကားပေါ်မှ ဆင်းလာသူကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

"ဟော... တိုက်ဆိုင်လိုက်တာ တုသခင်လေး” နျဲ့ချီကျဲသည် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး တုဇယ်ချန်းအား မခန့်လေးစား စိုက်ကြည့်ကာ ဘေးရှိ ရှန်ယို့ယောင်အားလည်း ရမ္မက်ဇောဖြင့် အကဲခတ်နေလေသည်။ သူ၏ မျက်ဝန်းထဲတွင် ဖုံးကွယ်ထားခြင်း မရှိသော စိတ်ဝင်စားမှုများ ပြည့်နှက်နေ၏။

ရှန်ယို့ယောင်သည် တုဇယ်ချန်း၏ ရှေ့မှ ကာကွယ်ပေးရန် ပြင်လိုက်သော်လည်း တုဇယ်ချန်းက တားဆီးလိုက်သည်။ သူသည် နျဲ့ချီကျဲ၏ အကြည့်ကို တည့်တည့်ရင်ဆိုင်ကာ ပြောလိုက်သည်။

"သခင်လေးနျဲ့... နေကောင်းစဲပဲနော်"

ထို့နောက် အနောက်မှ ကားများပေါ်မှ ဆင်းလာသော ဝေယင်းကျွင်း၊ သူ၏ နောက်လိုက်များနှင့် တုနျန်ယန် တို့ကို သူ ဝေ့ကြည့်လိုက်သည်။

ဝေယင်းကျွင်းသည် တုဇယ်ချန်း ရှေ့သို့ ရောက်လာပြီး ပြောလိုက်သည်။ "ဝိုး... တုသခင်လေးပါ လာတာလား။ ဒီနေ့ ပါတီကတော့ တကယ့်ကို တန်သွားပြီ" သူ၏ မျက်ဝန်းထဲမှ လှောင်ပြောင်မှုကို မြင်ရုံနှင့် ဤကိစ္စသည် မိမိကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း တုဇယ်ချန်း သေချာသွားတော့သည်။

"ဒီပွဲက လူခေါ်ပြီး အပျော်ရှာမဲ့ ပွဲမှန်း ကျွန်တော် မသိခဲ့ဘူး။ ကျွန်တော်နဲ့ ယို့ယောင်ကတော့ မပါဝင်တော့ပါဘူး၊ အားလုံးပဲ ပျော်ပျော်ပါးပါး ဆင်နွှဲကြပါ" ပြောဆိုကာ တုဇယ်ချန်းသည် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

"နေပါဦးဗျာ... ရောက်မှတော့ အတူတူ ဆင်နွှဲကြတာပေါ့” နျဲ့ချီကျဲက တားဆီးလိုက်သည်။ "ကျွန်တော်က တုသခင်လေးနဲ့ မိတ်ဖွဲ့ချင်နေတာ ကြာပြီ၊ ဒါပေမဲ့ သခင်လေးက လူချင်းတွေ့ဖို့ ခက်ခဲနေလို့လေ"

ထိုသို့ ပြောဆိုနေစဉ် ဝေယင်းကျွင်းနှင့် သူ၏ နောက်လိုက်အချို့သည် တုဇယ်ချန်း၏ လမ်းကို ပိတ်ဆို့ထားလိုက်ကြသည်။

တုဇယ်ချန်းသည် ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်ချင်သွားရသည်။ အမှန်စင်စစ် အထက်တန်းကျောင်းပြီးကတည်းက ဤကဲ့သို့ အဆင့်အတန်းမရှိသော လမ်းပိတ်ဆို့သည့် နည်းလမ်းမျိုးကို သူ မကြုံခဲ့ရပေ။ ဝေယင်းကျွင်းသည် ဤနည်းကို အမြဲ သဘောကျသော်လည်း အရင်က နောက်ခံမတောင့်သဖြင့် သာမန် ကျောင်းသားများကိုသာ အနိုင်ကျင့်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု နျဲ့ချီကျဲကဲ့သို့ နောက်ခံရှိသူနှင့် ပေါင်းမိသောအခါတွင်မူ သူသည် အတင့်ရဲလာခဲ့ပြီ ဖြစ်သည်။

တုနျန်ယန်သည် အခြေအနေ တင်းမာနေသည်ကို မြင်သောအခါ ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။

"အစ်ကိုတု... ရောက်မှတော့ အတူတူ ဝင်ပါလိုက်ပါဦး" ပြီးနောက် တုဇယ်ချန်း၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။ "ဥက္ကဋ္ဌ တုဟုန်ရိကလည်း နျဲ့မိသားစုနဲ့ ရင်းနှီးချင်နေတာလေ၊ အစ်ကိုကြီးအနေနဲ့ မျက်နှာသာ ပေးလိုက်ပါဦး"

တုဇယ်ချန်းသည် သူ့ကို အထင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးမှ ပြောလိုက်သည်။

"ကောင်းပြီလေ... အဲဒီလောက်တောင် အလိုရှိနေမှတော့ ပါဝင်ပေးရတာပေါ့" ဒါသည် သူတို့ဘာသာ ကျင်းတူးနေခြင်းပင် ဖြစ်သည်။

နျဲ့ချီကျဲသည် ဝမ်းသာအားရ လက်ခုပ်တီးကာ ချီးကျူးလိုက်ပြီး အားလုံးကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။

"တုသခင်လေးက တကယ့်ကို ပြတ်သားတာပဲ" ဝေယင်းကျွင်းသည် တုဇယ်ချန်းဘေးမှ ဖြတ်သွားစဉ် ခပ်ပြုံးပြုံးဖြင့် ပြောသွားလေသည်။

"ဒီနေ့ညဟာ တုသခင်လေးအတွက် မေ့လို့မရနိုင်တဲ့ ညတစ်ည ဖြစ်စေရမယ်"

ဗီလာအတွင်းမှ လျှို့ဝှက်ချက်

ဒီဇင်ဘာလ၏ အအေးဒဏ် ရှိနေသော်လည်း ဗီလာအတွင်း၌မူ အပူပေးစက်များကို အစွမ်းကုန် ဖွင့်ထားသဖြင့် နွေရာသီကဲ့သို့ ပူနွေးနေသည်။ အထဲတွင် လူငယ်အများအပြား စုဝေးနေကြပြီး အားလုံးမှာ အဝတ်အစား ခပ်ပါးပါးများသာ ဝတ်ဆင်ထားကြသည်။ ဤသည်မှာ Pajama Party ဖြစ်နေခြင်းပင်။ ရှန်ယို့ယောင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူအုပ်ကြားတွင် ယင်းဟောင် ကုမ္ပဏီမှ အနုပညာရှင် အသစ်အချို့ကိုလည်း သူမ တွေ့လိုက်ရသည်။

စောစောက အားပြိုင်မှုကို မြင်တွေ့ခဲ့ရသော ဒါရိုက်တာ ကျီမင်ချန်က ထုတ်လုပ်သူအား တိုးတိုးလေး မေးလိုက်သည်။

"အထက်က သခင်လေးတွေ ရန်ဖြစ်နေတာကို မင်းက ဘာလို့ ကြားထဲက ဝင်ပါနေရတာလဲ"

ထုတ်လုပ်သူမှာလည်း တာဝန်ပြီးမြောက်သွားပြီဖြစ်ရာ အမှန်အတိုင်းပင် ညည်းတွားလိုက်တော့သည်။

"ငါလည်း အလိုရှိလို့ မဟုတ်ပါဘူးကွာ။ ဒီလူတွေထဲက ဘယ်သူ့ကိုမှ ငါတို့က ဆန့်ကျင်ရဲတာ မဟုတ်ဘူး။ အထူးသဖြင့် ရှေ့ဆုံးက သခင်လေးနျဲ့က စိတ်ကလည်း မမှန်ဘူးလေ။ သူသာ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းလိုက်ရင် ဒါမှမဟုတ် ငါတို့ကို ပိတ်ဆို့လိုက်ရင် ငါတို့ ကြိုးစားထားသမျှ အရာရာ အချည်းနှီး ဖြစ်သွားမှာပေါ့။ တုသခင်လေးတောင်မှ အလျှော့ပေးနေရတာ မင်း မမြင်ဘူးလား"

ထိုစကားကို သက်သေပြသည့်အလား နျဲ့ချီကျဲသည် ရှန်ပိန်ခွက်ကို ကိုင်ကာ တုဇယ်ချန်း ရှေ့သို့ ရောက်လာသည်။ "တုသခင်လေး ကျွန်တော်တို့ ပါတီကို လာပေးတာ ကြိုဆိုပါတယ်၊ ဒီနေ့တော့ အားလုံး ပျော်ပျော်ပါးပါး ဆင်နွှဲကြမယ်လို့ ကျွန်တော် ယုံကြည်တယ်” ထို့နောက် ရိုက်ကူးရေး အဖွဲ့သားများကို ကြည့်ကာ ပြောလိုက်သည်။

"အားလုံးပဲ အားမနာတမ်း စားကြ သောက်ကြပါ၊ ကျွန်တော် ခွင့်ပြုလိုက်ပြီ... မနက်ဖြန် အားလုံးကို တစ်ရက် ခွင့်ပေးလိုက်မယ်"

ဒါရိုက်တာ ကျီမင်ချန်သည် ဤနေရာမှ အမြန်ဆုံး ထွက်ခွာချင်နေသဖြင့် ပြောလိုက်ည်။

"သခင်လေးနျဲ့က သူတို့ကို အလိုလိုက်လွန်းနေပါပြီ၊ ကျွန်တော်တို့က သခင်လေးတို့လို မဟုတ်ဘူးလေ... အလုပ်လုပ်ရဦးမှာ။ လူအများကြီး တစ်ရက် နားလိုက်ရင် ကုန်ကျစရိတ်က မနည်းဘူးလေ"

"ဘာပူစရာ ရှိလဲ" နျဲ့ချီကျဲသည် တုနျန်ယန်ကို လက်ညှိုးထိုးပြကာ ကြုံးဝါးလိုက်သည်။ "အလုပ်နားလို့ ဆုံးရှုံးသွားတဲ့ စရိတ်တွေကို ယင်းဟောင် ကုမ္ပဏီကနေ ပြန်ပေးခိုင်းလိုက်မယ်"

ဘာမှမသိရှာသော အနုပညာရှင် အသစ်လေးများမှာ ဝမ်းသာအားရ အော်ဟစ်ကြသော်လည်း ဝါရင့်သူအချို့မှာမူ အခြေအနေ မဟန်မှန်း သိသော်လည်း ဘာမှ မတတ်နိုင်ကြပေ။

"ကဲ... အားလုံးကို အဝတ်လဲဖို့ ခေါ်သွားလိုက်ကြ" နျဲ့ချီကျဲက အမိန့်ပေးလိုက်သည်။

ဝန်ထမ်းအချို့ ရောက်လာပြီး လူများကို အုပ်စုလိုက် ခွဲခေါ်သွားကြသည်။ ကျောက်ရှောင်တန်သည် ဝေယင်းကျွင်း၏ လက်မောင်းကို အလိုက်သင့် ချိတ်ထားပြီး ရှန်ယို့ယောင်ဘက်သို့ အထင်သေးသော အကြည့်ဖြင့် ကြည့်သွားလေသည်။

တုဇယ်ချန်းသည် ထိုမြင်ကွင်းကို ကြည့်ကာ လှောင်ပြောင်လိုက်သည် "တကယ့် သခင်နဲ့ တကယ့် ကျွန်ပဲ၊ အောက်တန်းစားတွေ နေရာရရင် ဒီလိုပဲ ဖြစ်တတ်တာပါပဲ”

ဝေယင်းကျွင်းနှင့် ကျောက်ရှောင်တန်တို့၏ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြသည်။ "မင်း ဘာပြောလိုက်တာလဲ" ဝေယင်းကျွင်းက ဒေါသတကြီး မေးလိုက်သည်။

တုဇယ်ချန်းကမူ ခပ်ပြုံးပြုံးဖြင့် ပြန်မေးလိုက်သည်။

"မင်း ဘာထင်လို့လဲ"

ဝေယင်းကျွင်း ရန်တွေ့ရန် ပြင်လိုက်စဉ် နျဲ့ချီကျဲက တားဆီးလိုက်သည်။ "တော်စမ်း... အမြန် သွားပြင်ဆင်ကြတော့။ ငါလည်း တုသခင်လေးကို အဝတ်လဲဖို့ ခေါ်သွားရဦးမယ်"

ထို့နောက် သူသည် တုဇယ်ချန်းအား ပြုံးစိစိဖြင့် ပြောလိုက်သည်။

"တုသခင်လေး... ကျွန်တော် သခင်လေးတို့ ဇနီးမောင်နှံအတွက် သီးသန့် အဝတ်အစားတွေ ပြင်ဆင်ပေးထားပါတယ်။ သေချာပေါက် သဘောကျစေရမယ်” သူ၏ မျက်ဝန်းထဲတွင် ယုတ်မာညစ်ထေးသော အရိပ်အယောင်များ ပြည့်နှက်နေ၏။

အစအဆုံး စောင့်ကြည့်နေသော မော့ယွဲ့သည် ရုတ်တရက် ဝင်ပြောလိုက်သည်။ "သခင်လေးနျဲ့... ကျွန်မနဲ့ ယို့ယောင်က ရင်းနှီးတဲ့သူတွေမို့လို့ ကျွန်မတို့နှစ်ယောက် အတူတူ သွားပါရစေ"

ရှန်ယို့ယောင်သည် မော့ယွဲ့က သူမကို ကူညီရန် ကြိုးစားသည်ကို မြင်သောအခါ အံ့သြသွားရသည်။

သို့သော် နျဲ့ချီကျဲကမူ သူမအား မျက်နှာသာ မပေးပေ။ "လင်မယား နှစ်ယောက် အတူတူ သွားမှာကို မော့သခင်မလေးက ဘာလို့ ကြားဝင်ချင်နေရတာလဲ။ ကျွန်တော် သူတို့အတွက် 'စုံတွဲအိပ်ရာဝင်ဝတ်စုံ' ပြင်ပေးထားတာလေ..." သူသည် စကားပြောရင်း နှုတ်ခမ်းကို သပ်လိုက်ပြန်သည်။

သူ ဘာတွေ ကြံစည်နေသည်ကို အားလုံးက ရိပ်မိလိုက်ကြသည်။ မော့ယွဲ့သည် ထိုလူအား ရွံရှာဖွယ်ကောင်းသော အရူးတစ်ယောက်အဖြစ် သတ်မှတ်လိုက်တော့သည်။

တုဇယ်ချန်းသည် ဒေါသထွက်လွန်းသဖြင့် ရယ်လိုက်မိပြီး စကား ဆိုလိုက်သည်။ "ကြည့်ရတာ သခင်လေးနျဲ့က ကျွန်တော့်အပေါ် အမြင်မကြည်တာ ကြာပြီ ထင်တယ်"

နျဲ့ချီကျဲသည် မိမိ၏ အကြံအစည် ပေါ်သွားသော်လည်း အနေမခက်ပေ။ သူ့အတွက်တော့ ဤသည်မှာ အမဲလိုက်သည့် ကစားပွဲ တစ်ခုသာ ဖြစ်သည်။

"အမြင်မကြည်တာ မဟုတ်ပါဘူး... လေးစားနေတာပါ။ တုသခင်လေးကို လေးစားနေတာ ကြာပါပြီ"

ထိုသို့ပြောကာ တုဇယ်ချန်း၏ ဝှီးချဲကို အတင်း တွန်းလိုက်သည်။ ရှန်ယို့ယောင်က တားဆီးရန် ပြင်လိုက်သော်လည်း သူမ၏ အနောက်မှ ဝန်ထမ်းလူမိုက် နှစ်ဦးက သူမအား တင်းကျပ်စွာ ဖမ်းချုပ်ထားလိုက်ကြသည်။ ထိုသူများ၏ အင်အားမှာ သာမန် ဝန်ထမ်းများ မဟုတ်သည်မှာ သိသာလှသည်။

မော့ယွဲ့မှာ အံ့အားသင့်သွားရသည်။ ဤသခင်လေးနျဲ့သည် ဤမျှအထိ အတင့်ရဲလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ တုဇယ်ချန်းတို့ ဇနီးမောင်နှံကို ဗြောင်ကျကျ အနိုင်ကျင့်နေခြင်းမှာ လွန်လွန်းလှသည်။

နျဲ့ချီကျဲသည် တုဇယ်ချန်းအား အပေါ်ထပ်သို့ ခေါ်ဆောင်သွားပြီး ရှန်ယို့ယောင်ကိုလည်း ထိုလူမိုက်များက အတင်းအကျပ် လိုက်ပါစေသည်။

မော့ယွဲ့သည် ဖုန်းထုတ်၍ အကူအညီတောင်းရန် ပြင်လိုက်စဉ် ကျောက်ရှောင်တန်က ရောက်လာပြီး လှောင်ပြောင်လိုက်သည်။

"မော့ယွဲ့... ဘယ်သူ့ဆီ ဖုန်းဆက်မလို့လဲ။ ရဲတိုင်မလို့လား"

ဝေယင်းကျွင်းကလည်း "မော့သခင်မလေးရယ်... ဒါက စနောက်နေကြတာပဲလေ။ ရဲတွေ ရောက်လာပြီး ဘာမှ မတွေ့ရင် ရှက်စရာကြီး ဖြစ်နေဦးမယ်။ ပြီးတော့... အနုပညာလောကမှာ သတင်းထွက်မှာ မကြောက်ဘူးလား။ မင်းပါ နာမည်ပျက်သွားလိမ့်မယ်" ဟု ဆိုကာ မော့ယွဲ့၏ ဖုန်းကို အတင်းအကျပ် သိမ်းယူကာ ဗီဒိုထဲသို့ ထည့်လိုက်တော့သည်။

အမှောင်ခန်းအတွင်းမှ ခြိမ်းခြောက်မှု

တုဇယ်ချန်းနှင့် ရှန်ယို့ယောင်တို့သည် အပေါ်ထပ်ရှိ ထောင့်စွန်းမှ အခန်းတစ်ခုသို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။ အခန်းအလယ်တွင် ကြီးမားသော ရေမွေ့ရာ တစ်ခု ရှိပြီး အပေါ်တွင် မှန်အကြီးကြီး တစ်ချပ် ရှိနေသည်။ ခုတင်ဘေးပတ်လည်၌မူ တုဇယ်ချန်း တစ်ခါမှ မမြင်ဖူးသော နှိပ်စက်သည့် ကိရိယာများ၊ သံခြေကျင်း လက်ထိတ်များနှင့် သားရေကြိုးပတ်များ ပြည့်နှက်နေသည်။

တုဇယ်ချန်းသည် ရှန်ယို့ယောင်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

နျဲ့ချီကျဲသည် နံရံမှ သားရေကြိုး တစ်ချောင်းကို ယူကာ မြှောက်ပြလိုက်ပြီး ပြောလိုက်သည်။ "ဘယ်လိုလဲ တုသခင်လေး... ဒီလို ကစားပွဲမျိုးကို တစ်ခါမှ မဆော့ဖူးသေးဘူး မလား"

"တုသခင်မလေး... မျက်မှောင်ကြီး မကြုတ်ပါနဲ့။ ဒီကစားပွဲက အရမ်း ပျော်စရာကောင်းတာ။ မင်းနဲ့ တကယ့်ကို လိုက်ဖက်မှာပါ" ထိုသို့ပြောကာ သူမအား ရမ္မက်ဇောဖြင့် စိုက်ကြည့်နေသည်။

တုဇယ်ချန်းသည် အေးစက်သော လေသံဖြင့် သတိပေးလိုက်သည်။ "ပါးစပ်ကို စောင့်စည်းစမ်း"

သို့သော် နျဲ့ချီကျဲမှာမူ အစွမ်းကုန် စိတ်ကြွနေပြီး တုဇယ်ချန်းကဲ့သို့သော ဒုက္ခိတ တစ်ဦးကို အရေးမလုပ်တော့ပေ။

"တုသခင်လေးက ဒီလောက်အထိ အရှက်အကြောက် ကြီးလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး... တစ်ခါမှ မလုပ်ဖူးတဲ့သူတွေကမှ ပိုပြီး အရသာရှိတာလေ။ မင်းလည်း ဒီခံစားချက်ကို သေချာပေါက် စွဲလန်းသွားစေရမယ်"

သူ၏ အမူအရာနှင့် လေသံမှာ တကယ့်ကို စိတ်မမှန်သော လူတစ်ဦးပမာ ဖြစ်နေတော့သည်။

…

All Chapters