Mirror Novel MyanmarMIRRORNOVEL← All Novels
စွန့်ပစ်ခံသားရဲ့ ချစ်ဇနီး

စွန့်ပစ်ခံသားရဲ့ ချစ်ဇနီး

Transmigrated into the body of a wealthy family's abandoned son's stepwife

116 chapters· Ongoing· ★ 7.8
FantasyRomance

ကြင်ဖက်တွေ့ရသည်ကို စိတ်ပျက်ငြီးငွေ့နေပြီဖြစ်သော ရှန်ယို့ယောင် တစ်ယောက် "အမျိုးသမီးဇာတ်ပို့ ပြန်လည်မွေးဖွားခြင်း" ဝတ္ထုကမ္ဘာထဲသို့ ကူးပြောင်းရောက်ရှိသွားခဲ့လေသည်။ သူမ ရောက်ရှိသွားသော နေရာသည် အမျိုးသမီးဇာတ်ပို့ချန်ရစ်ခဲ့သော ပြဿနာများကို ခေါင်းခံဖြေရှင်းပေးရမည့် ဓားစာခံနေရာပင်။ ယခင်ဘဝမှ ပြန်လည်မွေးဖွားလာသော အမျိုးသမီးဇာတ်ပို့၏ ပထမဆုံးခြေလှမ်းမှာ ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းမှ စွန့်ပယ်ခြင်းခံရတော့မည့် တုဇယ်ချန်းနှင့် ကွာရှင်းရန်ပင် ဖြစ်သည်။ ကွာရှင်းပြတ်စဲကြေး အမြောက်အမြား ရယူလိုမှုကြောင့် သူမသည် တုဇယ်ချန်း ဖောက်ပြန်မှားယွင်းစေရန် ထောင်ချောက်ဆင်ခဲ့ရာ... ထိုထောင်ချောက်ထဲတွင် သားကောင်ဖြစ်သွားရသူမှာ ရှန်ယို့ယောင် ဖြစ်နေခဲ့သည်။ ထို့နောက်တွင်တော့ ဒေါသအိုးပေါက်ကွဲသွားသော တုဇယ်ချန်းက 'ဖြစ်ချင်ရာဖြစ်' ဟူသော သဘောထားဖြင့် ရှန်ယို့ယောင်အား ဒုတိယဇနီးအဖြစ် အိမ်သူသက်ထား မြှောက်စားလိုက်လေတော့သည်။ ရှန်ယို့ယောင်သည် သူမရှေ့မှောက်တွင် မူးရူးသောက်စားထားသော ထိုအမျိုးသားကို ကြည့်ရင်း ကျိတ်ပျော်နေမိသည်။ "ဟား... ငါ့ ယောကျ်ားရပြီဟေ့။ နောက်ဆုံးတော့ အောင်သွယ်တော်တွေနဲ့ မျက်နှာချင်းဆိုင်စရာ မလိုတော့ဘူး" နှစ်အနည်းငယ် ကြာမြင့်သောအခါ... တုအိမ်တော်၏ ဆက်ခံသူ သခင်လေးသည် အာဏာကို ချောမွေ့စွာ ချုပ်ကိုင်နိုင်ခဲ့ပြီး သူ၏ ကြွယ်ဝချမ်းသာမှုမှာလည်း အဆပေါင်းများစွာ တိုးပွားလာခဲ့သည်။ လူတစ်ယောက်က သူ့ကို မေးမြန်းလာသည်။ "အရင်တုန်းက မင်း ဘဝရဲ့အောက်ဆုံးထိ ထိုးကျသွားပြီး ပြန်မထနိုင်လောက်တော့ဘူးလို့ ကြားခဲ့ဖူးတယ်နော်" တုဇယ်ချန်းက ပြုံးလျက် "ဟုတ်ပါတယ်။ နှလုံးသားတစ်ခုလုံး ပြာကျပြီး စိတ်ဓာတ်တွေလည်း အကြီးအကျယ် ကျဆင်းခဲ့ဖူးတာပေါ့" ထိုလူက တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။ "ဒါဆို မင်းက ဘယ်လိုလုပ်ပြီး..." ထိုအခါ တုဇယ်ချန်းသည် ရှန်ယို့ယောင်အား ကြင်နာနွေးထွေးစွာ ကြည့်လိုက်ရင်း ပြောလိုက်သည်။ "ကျွန်တော့်ဇနီးသည်ကို ဆင်းရဲဒုက္ခတွေ ပေးမတွေ့ရက်တာနဲ့ပဲ... အံကြိတ်ပြီး ပြန်ထလာခဲ့တာပါဗျာ" ထိုအခြေအနေကို ကြည့်ရင်း အမျိုးသမီးဇာတ်ပို့ခမျာ လုံးဝဥဿုံ ပြောင်းလဲတိုးတက်ကာ ကျက်သရေရှိနေသော ခင်ပွန်းဟောင်းကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်ကျန်ရစ်ခဲ့လေသည်။ "ဒါ... ဒါတွေက ဘယ်လိုလုပ်ပြီး ဖြစ်ကုန်ရတာလဲ" ၁။ အမျိုးသားဇာတ်လိုက်သည် ဖြည်းဖြည်းချင်း ရင့်ကျက်လာမည့် ပုံစံ ဖြစ်သည်။ အစပိုင်းတွင် မောက်မာသော သခင်လေး ပုံစံဖြစ်သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာပြီး ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်း၏ ခေါင်းဆောင်ကြီး ဖြစ်လာပါလိမ့်မည်။ ၂။ အမျိုးသမီးဇာတ်လိုက်သည် ဇာတ်ကြောင်းကို သိပ်မသိသလို၊ ဆိုးရွားသော အဖြစ်အပျက်များကို တားဆီးနိုင်မည့် ရွှေလက်ချောင်းလည်း မပိုင်ဆိုင်ထားပါ။ သူမ၏ ကိုယ်ပိုင်ဘဝကို အလေးအနက်ထား ပြုစုပျိုးထောင်သွားမည့် ပုံစံမျိုးသာ ဖြစ်သည်။ … ဘာသာပြန်သူ၏ အမှာစာ ရှန်ယို့ယောင်က တအားကို ချစ်ဖို့ကောင်းပြီး စိတ်ထားဖြူစင် ရိုးသားတဲ့သူပါ။ ဒါပေမဲ့ အနိုင်ကျင့်တာကို သည်းခံတဲ့သူမျိုးတော့ မဟုတ်ဘူး။ အနိုင်ကျင့်လို့လဲ မရဘူး။ သူက လက်ဝှေ့သမားရယ်။ ဒီ၀တ္ထုက အနုပညာလောကကို အခြေခံထားတဲ့ ၀တ္ထုဖြစ်ပြီး ဇာတ်ကောင်တွေရဲ့ character development က တကယ် ကောင်းပါတယ်။ ဇာတ်ကောင် အချင်းချင်းလဲ chemistry မိပြီး ဇာတ်နာတာလဲ နည်းပါတယ်။ အစပိုင်းလေးတော့ နည်းနည်း နာပါတယ်။

Chapters (116)

Vol. 1 Ch. 1အခန်း ၁Vol. 1 Ch. 2အခန်း ၂Vol. 1 Ch. 3အခန်း ၃Vol. 1 Ch. 4အခန်း ၄Vol. 1 Ch. 5အခန်း ၅Vol. 1 Ch. 6အခန်း ၆Vol. 1 Ch. 7အခန်း ၇Vol. 1 Ch. 8အခန်း ၈Vol. 1 Ch. 9အခန်း ၉Vol. 1 Ch. 10အခန်း ၁၀Vol. 1 Ch. 11အခန်း ၁၁Vol. 1 Ch. 12အခန်း ၁၂Vol. 1 Ch. 13အခန်း ၁၃Vol. 1 Ch. 14အခန်း ၁၄Vol. 1 Ch. 15အခန်း ၁၅Vol. 2 Ch. 16အခန်း ၁၆Vol. 2 Ch. 17အခန်း ၁၇Vol. 2 Ch. 18အခန်း ၁၈Vol. 2 Ch. 19အခန်း ၁၉Vol. 2 Ch. 20အခန်း ၂၀Vol. 2 Ch. 21အခန်း ၂၁Vol. 2 Ch. 22အခန်း ၂၂Vol. 2 Ch. 23အခန်း ၂၃Vol. 2 Ch. 24အခန်း ၂၄Vol. 2 Ch. 25အခန်း ၂၅Vol. 2 Ch. 26အခန်း ၂၆Vol. 2 Ch. 27အခန်း ၂၇Vol. 2 Ch. 28အခန်း ၂၈Vol. 2 Ch. 29အခန်း ၂၉Vol. 2 Ch. 30အခန်း ၃၀Vol. 3 Ch. 31အခန်း ၃၁Vol. 3 Ch. 32အခန်း ၃၂Vol. 3 Ch. 33အခန်း ၃၃Vol. 3 Ch. 34အခန်း ၃၄Vol. 3 Ch. 35အခန်း ၃၅Vol. 3 Ch. 36အခန်း ၃၆Vol. 3 Ch. 37အခန်း ၃၇Vol. 3 Ch. 38အခန်း ၃၈Vol. 3 Ch. 39အခန်း ၃၉Vol. 3 Ch. 40အခန်း ၄၀Vol. 3 Ch. 41အခန်း ၄၁Vol. 3 Ch. 42အခန်း ၄၂Vol. 3 Ch. 43အခန်း ၄၃Vol. 3 Ch. 44အခန်း ၄၄Vol. 3 Ch. 45အခန်း ၄၅Vol. 4 Ch. 46အခန်း ၄၆Vol. 4 Ch. 47အခန်း ၄၇Vol. 4 Ch. 48အခန်း ၄၈Vol. 4 Ch. 49အခန်း ၄၉Vol. 4 Ch. 50အခန်း ၅၀Vol. 4 Ch. 51အခန်း ၅၁Vol. 4 Ch. 52အခန်း ၅၂Vol. 4 Ch. 53အခန်း ၅၃Vol. 4 Ch. 54အခန်း ၅၄Vol. 4 Ch. 55အခန်း ၅၅Vol. 4 Ch. 56အခန်း ၅၆Vol. 4 Ch. 57အခန်း ၅၇Vol. 4 Ch. 58အခန်း ၅၈Vol. 4 Ch. 59အခန်း ၅၉Vol. 4 Ch. 60အခန်း ၆၀Vol. 5 Ch. 61အခန်း ၆၁Vol. 5 Ch. 62အခန်း ၆၂Vol. 5 Ch. 63အခန်း ၆၃Vol. 5 Ch. 64အခန်း ၆၄Vol. 5 Ch. 65အခန်း ၆၅Vol. 5 Ch. 66အခန်း ၆၆Vol. 5 Ch. 67အခန်း ၆၇Vol. 5 Ch. 68အခန်း ၆၈Vol. 5 Ch. 69အခန်း ၆၉Vol. 5 Ch. 70အခန်း ၇၀Vol. 5 Ch. 71အခန်း ၇၁Vol. 5 Ch. 72အခန်း ၇၂Vol. 5 Ch. 73အခန်း ၇၃Vol. 5 Ch. 74အခန်း ၇၄Vol. 5 Ch. 75အခန်း ၇၅Vol. 6 Ch. 76အခန်း ၇၆Vol. 6 Ch. 77အခန်း ၇၇Vol. 6 Ch. 78အခန်း ၇၈Vol. 6 Ch. 79အခန်း ၇၉Vol. 6 Ch. 80အခန်း ၈၀Vol. 6 Ch. 81အခန်း ၈၁Vol. 6 Ch. 82အခန်း ၈၂Vol. 6 Ch. 83အခန်း ၈၃Vol. 6 Ch. 84အခန်း ၈၄Vol. 6 Ch. 85အခန်း ၈၅Vol. 6 Ch. 86အခန်း ၈၆Vol. 6 Ch. 87အခန်း ၈၇Vol. 6 Ch. 88အခန်း ၈၈Vol. 6 Ch. 89အခန်း ၈၉Vol. 6 Ch. 90အခန်း ၉၀Vol. 7 Ch. 91အခန်း ၉၁Vol. 7 Ch. 92အခန်း ၉၂Vol. 7 Ch. 93အခန်း ၉၃Vol. 7 Ch. 94အခန်း ၉၄Vol. 7 Ch. 95အခန်း ၉၅Vol. 7 Ch. 96အခန်း ၉၆Vol. 7 Ch. 97အခန်း ၉၇Vol. 7 Ch. 98အခန်း ၉၈Vol. 7 Ch. 99အခန်း ၉၉Vol. 7 Ch. 100အခန်း ၁၀၀Vol. 7 Ch. 101အခန်း ၁၀၁Vol. 7 Ch. 102အခန်း ၁၀၂Vol. 7 Ch. 103အခန်း ၁၀၃Vol. 7 Ch. 104အခန်း ၁၀၄Vol. 7 Ch. 105အခန်း ၁၀၅Vol. 7 Ch. 106အခန်း ၁၀၆Vol. 7 Ch. 107အခန်း ၁၀၇Vol. 7 Ch. 108အခန်း ၁၀၈Vol. 7 Ch. 109အခန်း ၁၀၉Vol. 7 Ch. 110အခန်း ၁၁၀Vol. 7 Ch. 111အခန်း ၁၁၁Vol. 7 Ch. 112အခန်း ၁၁၂Vol. 7 Ch. 113အခန်း ၁၁၃Vol. 7 Ch. 114အခန်း ၁၁၄Vol. 7 Ch. 115အခန်း ၁၁၅Vol. 7 Ch. 116အခန်း ၁၁၆