← Chapters

အခန်း ၄၄

Vol. 3 Ch. 44

အခန်း ၄၄

Vol. 3 Ch. 44

အခန်း (၄၄)

စကားပြောနေစဉ်မှာပင် ဝေယင်းကျွင်းသည် တံခါးကို ခေါက်၍ ဝင်လာခဲ့သည်။ သူသည် အပေါ်ပိုင်း ဗလာကျင်းထားပြီး အတွင်းခံ ဘောင်းဘီ အပါးတစ်ထည်ကိုသာ ဝတ်ဆင်ထား၏။ ကျောက်ရှောင်တန်မှာမူ တစ်ကိုယ်လုံး ဖောက်ထွင်းမြင်ရသော ဇာပဝါ အပါးတစ်ထည်ကိုသာ လွှမ်းခြုံထားပြီး အတွင်း၌မူ ဗလာနီးပါးပင် ဖြစ်သည်။ သို့သော် သူမသည် ဝေယင်းကျွင်း၏ လက်မောင်းကို အလိုက်သင့် ချိတ်ထားပြီး ဤကဲ့သို့သော မြင်ကွင်းမျိုးကို ကျင့်သားရနေဟန် ပေါ်လွင်နေသည်။

ရှန်ယို့ယောင်သည် ယခင်က ကျောက်ရှောင်တန်အား တွေ့ဆုံခဲ့စဉ်က အဘယ်ကြောင့် နွမ်းလျနေသနည်းဟူသော အဖြေကို ယခုမှ သိလိုက်ရတော့သည်။ သူမ၏ အခွင့်အရေးများနှင့် နေရာများမှာ ဤကဲ့သို့သော အောက်တန်းကျသည့် နည်းလမ်းများဖြင့် ရရှိခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

ဝေယင်းကျွင်းသည် သူတို့နှစ်ဦးကို ကြည့်ကာ ယုတ်မာသော အပြုံးဖြင့် ဆိုသည်။ "ဘာလို့ အဝတ်မလဲရသေးတာလဲ၊ မပူဘူးလား"

သူသည် စကားပြောရင်း ရှန်ယို့ယောင်အနားသို့ တိုးကပ်လာပြီး ရမ္မက်ဇောဖြင့် တစ်ကိုယ်လုံးကို ဝေ့ကြည့်ကာ ပြောလိုက်သည်။

"တုသခင်လေး ဒဏ်ရာရနေတဲ့ ဒီလပေါင်းများစွာအတွင်းမှာ တုသခင်မလေးခမျာ တော်တော်လေး အောင့်အီးခဲ့ရမှာပဲ။ ဒီနေ့တော့ ငါတို့တွေ အားရပါးရ ပျော်ကြရအောင်"

ရှန်ယို့ယောင်၏ မေးဖျားကို ဆွဲမရန် လက်လှမ်းလိုက်သည်။ သို့သော် လမ်းခုလတ်တွင် တစ်စုံတစ်ခုကို သတိရသွားသဖြင့် လက်ကို ပြန်ရုပ်လိုက်ပြီး ဆိုလိုက်သည်။

"နေဦး... တုသခင်မလေးက အားတော်တော် သန်တာပဲ၊ ရန်ဖြစ်ရင်လည်း တော်တော် ကြမ်းတယ်လို့ ကြားတယ်"

"မင်းတို့... သူ့ကို ဖမ်းထားလိုက်ကြ" သူသည် ရှန်ယို့ယောင် နောက်မှ ကပ်ပါလာသော ဝန်ထမ်းအယောင်ဆောင်လူမိုက်များကို အမိန့်ပေးလိုက်သည်။

ရှန်ယို့ယောင်သည် လူမိုက်နှစ်ဦး၏ ဖမ်းချုပ်ခြင်းကို ခံလိုက်ရသည်။ ဝေယင်းကျွင်းသည် နျဲ့ချီကျဲနှင့်အတူ အတန်ကြာ ပေါင်းသင်းခဲ့သူဖြစ်ရာ နျဲ့ချီကျဲ၏ စိတ်မမှန်သော အမူအရာများကို အတုယူလျက် ချက်ချင်း လက်မပါသေးဘဲ စားပွဲပေါ်မှ ဖန်ခွက်နှစ်လုံးထဲသို့ ရေဖြည့်လိုက်သည်။ ထို့နောက် သူတို့ရှေ့တွင်ပင် အိတ်ထဲမှ ဆေးလုံးဖြူနှစ်လုံးကို ထုတ်၍ ရေခွက်ထဲသို့ ထည့်လိုက်လေသည်။

တုဇယ်ချန်းသည် မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ "မင်း ဘာလုပ်မလို့လဲ"

ဝေယင်းကျွင်းသည် ခွက်တစ်ခုကို ကိုင်ကာ ရယ်မောလျက် ပြောလိုက်သည်။

"မင်းကို ပျော်အောင် လုပ်ပေးမလို့လေ။ မင်းက ဒုက္ခိတ ဖြစ်နေပေမဲ့ ယောကျ်ားပဲလေ၊ ရှေ့ကဟာက သုံးလို့ရသေးတာပဲ မဟုတ်လား။ ဒါက တကယ့် ပစ္စည်းကောင်းပဲ၊ မင်းကို သေလောက်အောင် ဇိမ်တွေ့စေရမယ်"

နျဲ့ချီကျဲသည် ဝေယင်းကျွင်းထံမှ ရေခွက်ကို ယူကာ တုဇယ်ချန်းထံသို့ တရွေ့ရွေ့ လျှောက်လှမ်းလာသည်။ ခွက်ထဲမှ ရေများသည် သူ၏ လက်ထဲတွင် လှုပ်ခတ်နေပြီး တုဇယ်ချန်းအတွက်မူ ထိုခွက်သည် အချိန်မရွေး ကျရောက်လာနိုင်သော ဓားတစ်လက်ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု ပေးနေတော့သည်။

"သူပြောတာ မှန်တယ်" နျဲ့ချီကျဲသည် သားကောင်ကို စားရန် ပြင်နေသော သားရဲတစ်ကောင်ပမာ နှုတ်ခမ်းကို သပ်လျက် ပြောလိုက်သည်။

"စိတ်ချပါ... ငါက တုသခင်လေးကို တကယ် လေးစားတာပါ။ မင်းကို နူးနူးညံ့ညံ့ပဲ ဆက်ဆံပါ့မယ်"

သူသည် တုဇယ်ချန်း၏ ဒေါသတကြီး ကြည့်နေသော အကြည့်များကို သဘောကျနေဟန် တူသည်။ လူမိုက်တစ်ဦးအား တုဇယ်ချန်း၏ ပခုံးကို ဖိထားခိုင်းပြီး မိမိကိုယ်တိုင် တုဇယ်ချန်း၏ မေးစေ့ကို ညှစ်ကာ ယုတ်မာစွာ ပြုံး၍ ပြောလိုက်သည်။ "ငါက မင်းနဲ့ အကြာကြီး ပတ်သက်ချင်သေးတာ"

ရှန်ယို့ယောင်သည် ရုန်းကန်ရန် ပြင်လိုက်စဉ် ဝေယင်းကျွင်းက ပြောလိုက်သည်။ "မလောပါနဲ့... မင်းအတွက်လည်း ပါပါတယ်"

သူသည် ကျန်သည့် ရေခွက်ကို ကိုင်ကာ ရှန်ယို့ယောင်ထံ လျှောက်လှမ်းလာရင်း တုဇယ်ချန်းကို လှောင်ပြောင်လိုက်သည်။

"မင်းရဲ့ မိန်းမကိုတော့ ငါ့လက်ထဲပဲ စိတ်ချလက်ချ အပ်ထားလိုက်ပါ။ သူ ဇိမ်တွေ့သွားအောင် ငါ သေချာ ဂရုစိုက်ပေးမယ်၊ မင်းကတော့ ဘေးကနေ မျက်တောင်မခတ်တမ်း ကြည့်နေပေါ့ကွာ"

ဘေးမှ ကျောက်ရှောင်တန်ကလည်း "ကျွန်မပဲ တိုက်ပေးပါ့မယ်" ဟု ဆိုကာ ရေခွက်ကို လှမ်းယူလိုက်သည်။

သူတို့၏ အကြံအစည်မှာ ရွံရှာဖွယ် ကောင်းလိမ့်မည်ဟု ကြိုတင် တွက်ဆထားသော်လည်း ယခုကဲ့သို့ အောက်တန်းကျလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ဤသည်မှာ သူတို့နှစ်ဦးလုံးကို တစ်ပြိုင်နက်တည်း ဖျက်ဆီးပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။

မမျှော်လင့်သော တုံ့ပြန်မှုက ပေါ်လာသည်။

တုဇယ်ချန်းသည် မိမိ၏ နှုတ်ခမ်းနားသို့ ရောက်ရှိလာသော ရေခွက်နှင့် ရှေ့မှ ယုတ်မာသော နျဲ့ချီကျဲကို စိုက်ကြည့်ရင်း ရုတ်တရက် ခြေထောက်ကို အားကုန်သုံး၍ ကန်ထုတ်လိုက်တော့သည်။

နျဲ့ချီကျဲခမျာ တုဇယ်ချန်း၏ ခြေထောက် လှုပ်ရှားနိုင်လိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့မိပေ။ တုဇယ်ချန်းသည် စုပြုံနေသော ဒေါသများအားလုံးကို ထိုခြေကန်ချက်တွင် အသုံးချလိုက်ခြင်း ဖြစ်သည်။ ခြေထောက်မှာ လုံးဝ မသန်သေးသဖြင့် အထိမမှန်ခဲ့သော်လည်း နျဲ့ချီကျဲမှာမူ မိမိ၏ ဆီးခုံကို လက်ဖြင့် အုပ်လျက် အော်ပင် မအော်နိုင်ဘဲ ဒူးထောက် ကျသွားတော့သည်။

ထိုအချိန်မှာပင် ရှန်ယို့ယောင်သည် မိမိအား ဖမ်းချုပ်ထားသော လူမိုက်များကို လွယ်ကူစွာ ရုန်းထွက်လိုက်ပြီး ဝေယင်းကျွင်း၏ လည်ပင်းကို လက်ဝါးစောင်းဖြင့် အားပါပါ ရိုက်ချလိုက်သည်။ သူမသည်လည်း ဒေါသထွက်နေသည်ဖြစ်ရာ ဝေယင်းကျွင်းမှာ တစ်ခါတည်းပင် မေ့လဲသွားတော့သည်။

လူမိုက်နှစ်ဦး သတိမဝင်လာမီမှာပင် သူမသည် နာကျင်လွန်း၍ ကြောင်အမ်းနေသော နျဲ့ချီကျဲကို ဖမ်းချုပ်လိုက်သည်။

လူမိုက်များ ရှေ့သို့ တစ်လှမ်း တိုးလာသည်နှင့် ရှန်ယို့ယောင်သည် ဂျွတ်ခနဲ မြည်အောင် နျဲ့ချီကျဲ၏ လက်မောင်း တစ်ဖက်ကို ဖြုတ်ချလိုက်သည်။ နျဲ့ချီကျဲခမျာ အောက်ပိုင်း နာကျင်မှုမှ မသက်သာသေးမီ အပေါ်ပိုင်းမှ ထပ်မံ နာကျင်ရပြန်သဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်ရတော့သည်။

ရှန်ယို့ယောင်သည် ကျန်သည့် လက်မောင်းတစ်ဖက်ကိုပါ ကိုင်ထားပြီး လူမိုက်များကို ဟောက်လိုက်သည်။

"နောက်တစ်လှမ်း ထပ်တိုးကြည့်စမ်း"

"မလှုပ်နဲ့ ဘယ်သူမှ မလှုပ်နဲ့" နျဲ့ချီကျဲသည် နာကျင်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲကာ လူမိုက်များကို အတင်း တားဆီးနေရသည်။

လူမိုက်နှစ်ဦးမှာလည်း မလှုပ်ရဲတော့ဘဲ ကျောက်ရှောင်တန်မှာလည်း ထိတ်လန့်တုန်လှုပ်လျက် ကြောင်ကြည့်နေမိသည်။

တုဇယ်ချန်းသည် ဝှီးချဲပေါ်သို့ ပြန်ထိုင်ကာ တံခါးကို အတွင်းမှ ဂျက်ထိုး ပိတ်လိုက်သည်။ ထို့နောက် နျဲ့ချီကျဲကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။ "ဒီအခန်းက အသံလုံတယ် မဟုတ်လား"

နျဲ့ချီကျဲသည် ကြောက်လန့်တကြားဖြင့် မေးလိုက်သည်။

"မင်း... မင်း ဘာလုပ်မလို့လဲ"

"ကစားမလို့လေ၊ မင်းက ကစားရတာ ကြိုက်တယ် မလား" တုဇယ်ချန်းသည် အခန်းထောင့်ရှိ သားရေလက်အိတ် အနက်ရောင် တစ်စုံကို ယူကာ ဝတ်ဆင်လိုက်သည်။ လူသတ်ရန် ပြင်ဆင်နေသည့် လူသတ်သမား တစ်ဦးပမာ။

ရှန်ယို့ယောင်သည်လည်း ကြမ်းပြင်ပေါ်တွင် ကွဲအက်နေသော ဖန်စအချို့ထဲမှ အချွန်ဆုံး တစ်ခုကို ကောက်ယူလိုက်သည်။

လူမိုက်နှစ်ဦးမှာ ရှန်ယို့ယောင် အာရုံလွဲနေစဉ် အခွင့်ကောင်းယူရန် ကြံစည်သော်လည်း သူမကဲ့သို့သော ဝါရင့် ကိုယ်ခံပညာရှင် တစ်ဦး၏ အာရုံခံစားမှုကို လျှော့တွက်ခဲ့မိသည်။ သူမသည် လူမိုက်များ လှုပ်ရှားလိုက်သည်နှင့် နျဲ့ချီကျဲ၏ ကျန်ရှိသော လက်မောင်း တစ်ဖက်ကိုပါ ဂျွတ်ခနဲ မြည်အောင် ထပ်မံ ဖြုတ်ချလိုက်ပြန်သည်။

နျဲ့ချီကျဲမှာ နာကျင်လွန်း၍ ခုန်ထရန် ကြံသော်လည်း အောက်ပိုင်း နာကျင်မှုကြောင့် မထနိုင်ဘဲ ကိုယ်ကို ထူးဆန်းသော ပုံစံဖြင့် ကွေးညွတ်လျက် လူမိုက်များကို ဆဲဆိုလေတော့သည်။ "မလှုပ်နဲ့လို့ ပြောထားတယ် မလား ငါ့ကို သေစေချင်နေတာလား"

ထို့နောက် သူသည် တုဇယ်ချန်းနှင့် ရှန်ယို့ယောင်ကို ခြိမ်းခြောက်ပြန်သည်။ "ငါက နျဲ့မိသားစုရဲ့ တစ်ဦးတည်းသော သားနော်။ ငါတစ်ခုခု ဖြစ်ရင် ငါ့အဖေနဲ့ အဘိုးက မင်းတို့ကို မြေလှန်ပြီး ရှာမှာ။ ဟော်မိသားစု ရှိနေသရွေ့ မင်းတို့ လွတ်မှာ မဟုတ်ဘူး။ မင်းက တုမိသားစုရဲ့ အစွန့်ပစ်ခံ ဒုက္ခိတပဲ ရှိတာ၊ တုဟုန်ရိက မင်းသေတာကိုတောင် လိုလားနေတာလေ... ငါ့ကို သတ်ရင် မင်း ဘယ်လို လွတ်မယ် ထင်လဲ"

တုဇယ်ချန်းသည် ဝေယင်းကျွင်း၏ အိတ်ထဲမှ စောစောက ဆေးလုံးများကို ယူကာ နျဲ့ချီကျဲကို ကြည့်ပြီး ရယ်မောလိုက်သည်။

"ငါက အစွန့်ပစ်ခံလား။ တုဟုန်ရိက ငါ့ကို သေစေချင်နေတယ် ဟုတ်လား။ ဘယ်သူ ပြောတာလဲ... ဝေယင်းကျွင်းလား၊ တုနျန်ယန်လား"

ဤလူသည် ဉာဏ်ရည် နိမ့်ပါးလွန်းကြောင်း သူ သိလိုက်ရသည်။ သူတစ်ပါး စကားကိုသာ ယုံကြည်နေတတ်သော အရူး တစ်ယောက်ပင်။

"ဘုရားသခင်က တကယ်ကို မတရားဘူးပဲ" သူသည် ဝေယင်းကျွင်း၏ အိတ်ထဲမှ အခြား ဆေးတစ်မျိုးကိုပါ တွေ့လိုက်ရသဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "မင်းလို လူစားမျိုးက ကံကောင်းလို့ လူဖြစ်လာပြီးတော့ ထင်တိုင်းကြဲနေတာပေါ့"

ရှန်ယို့ယောင်၊ လူမိုက်များနှင့် ကျောက်ရှောင်တန်တို့မှာမူ... မင်းရော ကံကောင်းလို့ လူဖြစ်လာတာ မဟုတ်ဘူးလားဟု စိတ်ထဲမှ ဆိုနေကြသည်။

တုဇယ်ချန်းသည် မိမိ စကားမှားသွားမှန်း ရိပ်မိလိုက်ပြီး နျဲ့ချီကျဲကို ကြည့်ကာ ပြောလိုက်သည်။

"ဒါကြောင့် မင်းထက် ပိုပြီး ကံကောင်းတဲ့ ငါကပဲ မင်းကို ဆုံးမပေးရတော့မှာပေါ့"

"ဒါက ဘာဆေးလဲ" တုဇယ်ချန်းက ကျောက်ရှောင်တန်ကို မေးလိုက်သည်။

ကျောက်ရှောင်တန်က တုန်တုန်ရီရီဖြင့် ဖြေသည်။ "ဝေသခင်လေး ကိုယ့်ဘာသာ သုံးဖို့ ဆောင်ထားတဲ့ စိတ်ကြွဆေးပါ..."

တုဇယ်ချန်းသည် ဝေယင်းကျွင်းအား သနားစရာ သတ္တဝါ တစ်ဦးပမာ ကြည့်လိုက်ပြီးနောက် ရေခွက် သုံးလုံးထဲသို့ ထိုဆေးများကို ခွဲထည့်လိုက်လေသည်။

ထို့နောက် သူသည် လူမိုက်နှစ်ဦးထံ လျှောက်သွားကာ အမိန့်ပေးလိုက်သည်။

"မင်းတို့နှစ်ယောက် လက်ချင်း ချိတ်ထားစမ်း"

ရှန်ယို့ယောင်ကလည်း နျဲ့ချီကျဲ၏ မျက်နှာပေါ်သို့ ဖန်စဖြင့် ထောက်ထားလိုက်သဖြင့် နျဲ့ချီကျဲက ငိုယိုကာ အော်ဟစ်တော့သည်။ "လက်ချင်း ချိတ်လိုက်ကြစမ်းပါ"

သူတို့ လက်ချင်း ချိတ်လိုက်သည်နှင့် တုဇယ်ချန်းသည် ဝှီးချဲ လက်ရန်းမှ လျှပ်စစ်တုတ်ကို ထုတ်၍ လူမိုက်တစ်ဦး၏ ခါးကို တို့လိုက်သည်။ ထိုအခါ လူမိုက်နှစ်ဦးလုံးမှာ လျှပ်စစ်စီးသွားသဖြင့် တုန်ခါသွားကြပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

ယခုအခါ အခန်းအတွင်း၌ နျဲ့ချီကျဲ၊ ကျောက်ရှောင်တန်နှင့် တုဇယ်ချန်းတို့ ဇနီးမောင်နှံသာ ကျန်တော့သည်။ တုဇယ်ချန်းသည် အခန်းထဲရှိ ကြိုးများဖြင့် နျဲ့ချီကျဲနှင့် ကျောက်ရှောင်တန်တို့ကို ဦးစွာ တုတ်နှောင်လိုက်ပြီးမှ မေ့လဲနေသူ သုံးဦးကိုပါ ထပ်မံ ချည်နှောင်လိုက်သည်။

အားလုံး ပြီးစီးသွားသောအခါ တုဇယ်ချန်းသည် နျဲ့ချီကျဲကို ဆွဲမ၍ ဆိုဖာပေါ် ပစ်တင်လိုက်ပြီး မတ်တတ်ရပ်ကာ နျဲ့ချီကျဲအား အားရပါးရ ထိုးနှက်လေတော့သည်။

"မင်းရဲ့ အမှိုက်လို ဦးနှောက်ထဲမှာ ဘာတွေ တွေးနေတာလဲ"

"ငါ့မိန်းမကို ဖျားယောင်းရသလား"

"မင်းက တော်တော် သတ္တိကောင်းနေတာပဲ"

"ကစားချင်တယ် ဟုတ်လား... ဒီနေ့တော့ မင်းကို အားရအောင် ကစားပေးမယ်"

တုဇယ်ချန်းသည် နျဲ့ချီကျဲ၏ ရှန်ယို့ယောင်အပေါ် ထားရှိသော ယုတ်မာသည့် စိတ်ကူးကို တွေးမိတိုင်း ဒေါသမှာ ထိန်းမရ ဖြစ်နေတော့သည်။ နျဲ့ချီကျဲမှာမူ အော်ဟစ် တောင်းပန်နေရရုံမှလွဲ၍ ဘာမှ မတတ်နိုင်ရှာပေ။

တုဇယ်ချန်းမှာ ထိုးရလွန်းသဖြင့် ချွေးများပင် ထွက်လာသည်။ ရှန်ယို့ယောင်သည် သူ၏ ခြေထောက်ဒဏ်ရာကို စိုးရိမ်သဖြင့် တားမြစ်လိုက်ရသည်။

နျဲ့ချီကျဲသည် တုဇယ်ချန်း ရပ်လိုက်သဖြင့် အသက်ရှူချောင်ပြီဟု ထင်လိုက်စဉ်မှာပင် ရှန်ယို့ယောင်၏ ပြင်းထန်သော လက်သီးတစ်ချက်က သူ၏ မျက်နှာပေါ်သို့ ကျရောက်လာပြန်သည်။ သူသည် နာကျင်လွန်းသဖြင့် အသံပင် မထွက်နိုင်ဘဲ ရှိနေစဉ် သူမက သူ၏ နားနားသို့ ကပ်ကာ အေးစက်စွာ ပြောလိုက်သည်။

"ငါ့ယောကျ်ားကို မြှူဆွယ်တဲ့အတွက် ဒါက လက်ဆောင်ပဲ"

…

All Chapters