← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း (၁၃၂) - တိထော်

“ကြည့်စမ်း... သူ သံတူတွေကို သိမ်းလိုက်ပြီ...”

“သူ အရှုံးပေးလိုက်ပြီလား...”

“အသက်ရှင်ချင်သေးလို့ နေမှာပေါ့...”

လင်းဖန်က ၎င်း၏ သံတူများကို သိမ်းဆည်းလိုက်သည်ကို မြင်သောအခါ အခြားဂိုဏ်းများမှ ပွဲကြည့်ပရိသတ်များမှာ မယုံနိုင်အောင် ဖြစ်သွားကြသည်။

သို့သော်ငြား ထိုသူတို့၏ထင်မြင်ချက်မှာ လုံးဝကို မှားယွင်းနေပေသည်။

သူ၏ သံတူများဖြင့် တိထော်အား ထိခိုက်မှုကြီးကြီးမားမား မပေးနိုင်ကြောင်း လင်းဖန် ကောင်းကောင်း သိထားလေသည်။

တိထော်၌ သူ၏ တိုက်ခိုက်မှုများကို စုပ်ယူနိုင်သော ကျင့်ကြံခြင်းနည်းစနစ်တစ်မျိုးမျိုး ရှိနေပုံရလေသည်။

သူ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသူနှင့်မဲကျပြီး တွေ့ဆုံခဲ့ရခြင်းမှာ အလွန်ပင် တိုက်ဆိုင်လွန်းနေချေသည်။

အခြားသူများ မသိသည့်အချက်မှာ လင်းဖန်၌ နောက်ထပ်ဝှက်ဖဲများ ရှိနေသေးခြင်းပင်။

တိထော်က သူ့ဆီသို့ ပခုံးဖြင့်တိုက်ရရန် ထပ်မံ ပြေးဝင်လာပြန်သည်။

လူတိုင်းကို အံ့ဩသွားစေသည်မှာ လင်းဖန်က အရှုံးပေးကြောင်းမကြေညာဘဲ လက်များကိုအသုံးပြုကာ တိထော်၏ပခုံးများဆီသို့ စိုက်ဝင်အောင် ထိုးနှက်လိုက်ခြင်းပင်။

“အား...”

မူလချီလက်သည်းများက နူးညံ့လှသော တို့ဟူးတုံးတစ်တုံးကို ထိုးသွင်းလိုက်သည့်အလား အလွယ်တကူပင် စိုက်ဝင်သွားချေပြီ။

တိထော်က လင်းဖန်၏ခါးကို ဘေးတိုက် ကန်ချလိုက်သည်။

ဖုန်း...

လင်းဖန်၏ခါးမှာမူ သံမဏိနံရံတစ်ခုကဲ့သို့ မာကျောနေလေသည်။

သူသည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။

လင်းဖန်နှင့် အနီးကပ်တိုက်ပွဲ ဆင်နွှဲလိုက်ခြင်းမှာ တိထော်အတွက် အလွန် နောက်ကျသွားချေပြီ။

သူ ရရှိထားသော အချက်အလက်များအရ လင်းဖန်သည် သံတူများကို အဓိကလက်နက်အဖြစ် အသုံးပြုသည်ဟူ၍သာ သိထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် လင်းဖန်နှင့် ယှဉ်ပြိုင်ရန်အတွက် သူ့ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ယခုမူ ၎င်းမှာ ကောင်းမွန်သော အစီအစဉ်တစ်ခုအဖြစ် မမြင်ရတော့ချေ။

လင်းဖန်က သူ၏ လက်သည်းများကိုသုံးကာ တိထော်၏ပခုံးမှနေ၍ လက်မောင်းအထိ အောက်သို့ ဆွဲခြစ်ချလိုက်လေသည်။

ထိုလုပ်ရပ်ကြောင့် အလွန်အမင်း နာကျင်သွားကာ တိထော်က လင်းဖန်ကို ခေါင်းဖြင့် ဆောင့်တိုက်လိုက်သည်။

လင်းဖန်က နောက်သို့ဆုတ်လိုက်ပြီး ပျက်စီးသွားသော တိထော်၏ ဘယ်ဘက်လက်မောင်းဆီမှ သူ၏ လက်သည်းများကို ဆွဲထုတ်လိုက်လေသည်။

လင်းဖန်က တိထော်ထံသို့ ထပ်မံ ခုန်အုပ်လိုက်ချိန်တွင် တိုက်ပွဲ၏ အခြေအနေမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားချေပြီ။

ဤတစ်ကြိမ်တွင်မူ လင်းဖန်က တိထော်၏ ဗိုက်ကို လက်သည်းဖြင့် ကုတ်ဖဲ့လိုက်သည်။

သို့သော် မျှော်လင့်ထားသကဲ့သို့ ဖောက်ဝင်မသွားခဲ့ချေ။

ထို့ကြောင့် လင်းဖန်သည် သူ၏ မူလချီလက်သည်းများထဲသို့ ချီစွမ်းအင်များကို ပိုမို စီးဆင်းစေလိုက်သည်။

သူ၏ လက်များမှာ လိမ္မော်ရောင် တောက်ပလာပြီးနောက် တိထော်၏ဗိုက်ထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

“ခွေးကောင်...”

တိထော်က ကျိန်ဆဲလိုက်ရင်း သူ၏ ညာဘက်လက်မောင်းကိုလွှဲကာ လင်းဖန်၏ လည်ပင်းဆီသို့ ရိုက်ချလိုက်လေသည်။

လင်းဖန်က နောက်တစ်ကြိမ် ခုန်ရှောင်လိုက်သဖြင့် ထိုရိုက်ချက်မှာ လွဲချော်သွားလေသည်။

လင်းဖန်သည် မတ်တတ်ရပ်ကာ တိထော်ကို စိုက်ကြည့်နေလိုက်သည်။

သူ၏ ခန္ဓာကိုယ်အား ပတ်ဝန်းကျင်မှချီစွမ်းအင်များကို အလိုအလျောက်စုပ်ယူစေကာ တန်းထျန်အတွင်းသို့ ပြန်လည်ဖြည့်တင်းစေသည်။

သူသာ ချီစွမ်းအင်ကို အလွန်အကျွံ မကုန်ဆုံးစေပါက ဤနည်းဗျူဟာဖြင့် အချိန်အတော်ကြာ ဆက်လက် တိုက်ခိုက်နိုင်ပေလိမ့်မည်။

” အား...”

တိထော်မှာ မောဟိုက်နေပြီး အသက်ကို ဝဝရှူရန် ကြိုးစားနေလေသည်။

သူသည် အနောက်ဘက် ဘုန်းတော်ကြီးကျောင်း၏ ဂိုဏ်းချုပ်ဖြစ်သူ လုံခုန်းထံသို့ လှမ်းကြည့်လိုက်သည်။

တရားထိုင်နေသကဲ့သို့ မျက်လုံးတစ်ဝက်မှိတ်ထားသော လုံခုန်းက ခေါင်းညိတ်ပြလိုက်လေသည်။

ထိုအခါ တိထော်က အကျယ်ကြီး အော်ဟစ်လိုက်တော့သည်။

မကြာမီမှာပင် အဖြူရောင်ချီစွမ်းအင်များက တိထော်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားလေသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်ရှိ အဆီများအားလုံး ပျောက်ကွယ်သွားကာ ပိန်လှီလာတော့သည်။

အနောက်ဘက် ဘုန်းတော်ကြီးကျောင်းမှ ဘုန်းကြီးများသည် စွမ်းအားရရှိရန်အတွက် သူတို့၏အာရုံခံစားမှုများကို စတေးနိုင်ကြောင်း လင်းဖန် ပြန်လည်သတိရသွားလေသည်။

တိထော်သည် စွမ်းအားအတွက် သူ၏ အာရုံတစ်ခုခုကို စတေးလိုက်ခြင်းပင်။

စက္ကန့်ပိုင်းအတွင်းမှာပင် အရာအားလုံး ပြီးဆုံးသွားချေပြီ။

မျက်လုံးများ မှိတ်ထားသော တိထော်မှာ ပုံစံတစ်မျိုး ပြောင်းလဲသွားသည်။

ယခုအခါ သူ၏ခန္ဓာကိုယ်မှာ ကြွက်သားများ အပြည့်ဖြင့် ကျစ်လျစ်နေလေသည်။

သူ့ထံမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ ရွှေရောင်ရုပ်တုတစ်ခုအလား ထင်မှတ်ရပေသည်။

လင်းဖန်က ခြေတစ်လှမ်းတိုးလိုက်သည်နှင့် တိထော်က လက်သီးဖြင့် ချက်ချင်း ပြေးဝင်ထိုးနှက်လာသည်။

ဖုန်း...

ထိုလက်သီးချက်က လင်းဖန်၏ ရင်ဘတ်ကို ထိမှန်သွားသဖြင့် သူသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားရလေသည်။

ဘုန်း...

လင်းဖန်က ဘေးဘက်သို့ ခုန်ရှောင်လိုက်ပြီး တိထော်၏ ခါးကို ခြေဖြင့် ကန်ထုတ်လိုက်သည်။

သို့သော် လင်းဖန်က ခြေထောက်ကို အပြည့်အဝ မမြှောက်နိုင်ခင်မှာပင် တိထော်က တုံ့ပြန်လိုက်ပြီး လင်းဖန်ကို အရင်ဦးအောင် ကန်ချလိုက်လေသည်။

ဖုန်း...

ကန်ချက် ထိမှန်သွားသော်လည်း လင်းဖန်၏ခန္ဓာကိုယ်နှင့် အသားစိုင်များမှာ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်စဉ်ကြောင့် မာကျောနေပေသည်။

တန်ပြန်သက်ရောက်လာသောအားကြောင့် တိထော်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။

တိထော်က မျက်လုံးများ မှိတ်ထားသည်ကို သတိပြုမိသွားသောအခါ လင်းဖန်က သူသည် အကြားအာရုံမှတစ်ဆင့် ပိုမိုမြန်ဆန်သော တုံ့ပြန်မှုများ ရရှိစေရန် သူ၏ အမြင်အာရုံကို စတေးလိုက်ခြင်းဖြစ်မည်ဟု တွေးတောလိုက်လေတော့သည်။

‘အကြားအာရုံသာဆိုရင်တော့ ဒါကိုသုံးဖို့ပဲ ရှိတာပေါ့...’

လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

သူသည် သံတူများကို ပြန်ထုတ်ယူလိုက်သည်။

ယခုတစ်ကြိမ်တွင်မူ သူက သံတူများကို မြှောက်ကာ အချင်းချင်း ရိုက်ခတ်လိုက်လေသည်။

ဒေါင်...

ကျယ်လောင်လှသော အသံကြီးတစ်သံ ထွက်ပေါ်လာကာ တိထော်၏ နားထဲသို့ စူးဝင်သွားချေသည်။

ထိုအရာက သူ့ကို ဒူးထောက်ကျသွားစေလေသည်။

သူ၏ ပိုမိုကောင်းမွန်နေသော အကြားအာရုံက ရှစ်ကွက်အင်းအသံလှိုင်း၏ စွမ်းရည်ကို ပိုမိုပြင်းထန်သွားစေခြင်းပင်။

” ဘာတွေ ဖြစ်နေတာလဲ...”

“တိထော်က ဘာလို့ မြေကြီးပေါ် လဲကျနေရတာလဲ...”

“သူ ရုတ်တရက် ခေါင်းကိုက်သွားတာများလား...”

အသံလှိုင်းမှာ အကာအကွယ်အစီအရင်ကြောင့် ပိတ်ဆို့သွားသဖြင့် ပွဲကြည့်ပရိသတ်များမှာ မည်သို့ဖြစ်ပျက်သွားမှန်း မသိကြချေ။

သာမန်ဆိုလျှင် ဧကရာဇ်မင်းကြီးပင်လျှင် ထိုအသံကြောင့် ခေါင်းကွဲမတတ် နာကျင်သွားရပေလိမ့်မည်။

လင်းဖန်သည် တိထော်အား ပြန်ကောင်းလာရန် အချိန်မပေးခဲ့ပေ။

သူက သံတူများကို ထပ်မံရိုက်ခတ်လိုက်ပြန်သည်။

ဒေါင်...

တိထော်သည် သူ၏လက်များဖြင့် နားကိုအုပ်ထားရန် ကြိုးစားသော်လည်း နာကျင်မှုက ခံမနိုင်လောက်အောင် ပြင်းထန်လှပေသည်။

သို့သော် အလုပ်မဖြစ်ခဲ့ချေ။

ထို့ကြောင့် တိထော်သည် အခြားဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်တော့သည်။

သူ၏ အကြားအာရုံကို စွန့်လွှတ်လိုက်ခြင်းပင်။

ဝှစ်...

လင်းဖန်က တိထော်၏ခေါင်းဆီသို့ သံတူဖြင့်ရိုက်ချလိုက်သော်လည်း အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သံတူကို ကာကွယ်သွားလေသည်။

နောက်တစ်စက္ကန့်တွင် တိထော်၏လက်များက လင်းဖန်၏သံတူကို ဖမ်းဆုပ်လိုက်ချေပြီ။

ယခုအခါ တိထော်မှာ ကြွက်သားများ ကြီးထွားလာကာ ယခင်ကထက် နှစ်ဆခန့် ပိုမို ကြီးမားနေလေသည်။

ဒေါင်...

လင်းဖန်က အခြားသံတူတစ်လက်ဖြင့် တိထော်၏ ခေါင်းကို လျင်မြန်စွာ ရိုက်ချလိုက်သည်။

ရိုက်ချက်ထိသွားပြီးနောက် တိထော်၏ စိတ်အာရုံသည် တစ်စက္ကန့်ခန့် ဗလာကျင်းသွားတော့သည်။

ဝိညာဉ်ဖျက်သံမဏိ၏ အာနိသင်ပင်။

လင်းဖန်က အခွင့်အရေးကိုအရယူကာ သံတူပေါ်မှ တိထော်၏လက်ကို ခွာချလိုက်လေသည်။

ထို့နောက် သူသည် သံတူနှစ်လက်လုံးထဲသို့ ချီစွမ်းအင်များ ထည့်သွင်းလိုက်သည်။

သံတူတစ်ခုစီတွင် အနီရောင်အလင်းနှင့် အပြာရောင်အလင်းများ အသီးသီး ထွက်ပေါ်လာသည်။

ထိုခဏ၌ပင် လင်းဖန်သည် တိထော်ထံသို့ သံတူများဖြင့် ရိုက်ချလိုက်လေသည်။

သံတူထဲမှ အလင်းရောင်တောက်ပနေသော မီးတောက်ဝံပုလွေတစ်ကောင် ထွက်ပေါ်လာကာ တိထော်၏လည်ပင်းဆီသို့ ခုန်အုပ်သွားတော့သည်။

အခြားသံတူတစ်လက်မှလည်း အလင်းရောင်တောက်ပနေသည့် ရေခဲအစွယ်ကျားဖြူတစ်ကောင် ထွက်ပေါ်လာကာ တိထော်၏ခြေထောက်များဆီသို့ ခုန်အုပ်သွားလေသည်။

ဖြန်း...

မီးတောက်ဝံပုလွေ၏ ကိုက်ခဲမှုကြောင့် တိထော်၏လည်ပင်းမှ သွေးများ ပန်းထွက်လာချေသည်။

ရေခဲအစွယ်ကျားဖြူကလည်း တိထော်၏ ခြေထောက်များကို အေးခဲသွားစေတော့သည်။

ရင်းနှီးနေသော အသံတစ်သံက လင်းဖန်၏ စိတ်ထဲ၌ ထွက်ပေါ်လာလေသည်။

[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်]

[ကလဲ့စားချေအမှတ် + 200]

[လက်ရှိ ကလဲ့စားချေအမှတ် - 930]

ဖြစ်ပျက်သွားသည်များကို မြင်လိုက်ရချိန်တွင် ပွဲကြည့်ပရိသတ်များအားလုံး တိတ်ဆိတ်သွားကြလေသည်။

“လိုင်ညီအစ်ကိုတွေပြောတာ မှန်သားပဲ...”

“သူက တကယ် သတိထားရမယ့်လူပဲ...”

“သူက အရေအတွက်ဖြည့်ဖို့သက်သက်ဆိုပြီး ဘယ်သူ ပြောလိုက်တာလဲ...”

သူတို့သည် လိုင်ညီအစ်ကိုများ၏ ပြောစကားများကို ယုံကြည်လာကြတော့သည်။

လင်းဖန်သည် အစေခံတပည့်တစ်ယောက်ဖြစ်သော်လည်း သူတို့ကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့ခြင်းပင်။

လင်းဖန်၏ စွမ်းဆောင်ရည်များကို ကိုယ်တိုင်မြင်တွေ့ပြီးနောက် ကျောက်ကျားရွေ့သည် သူ့အပေါ် ပို၍ စိတ်ဝင်စားလာလေသည်။

သူမ၏ ဂိုဏ်းတူအစ်မများမှာလည်း လင်းဖန်၏စွမ်းဆောင်ရည်ကြောင့် ညို့ယူဖမ်းစားခံလိုက်ရချေပြီ။

ထိုအရာက ကျောက်ကျားရွေ့အား ပိုးပန်းနေသူများအတွက် အလွန်တရာ စိတ်ပျက်စရာကောင်းလှသည်။

သူတို့အနေဖြင့် ယခုအခါ လင်းဖန်၏အစွမ်းအစကို သိရှိသွားပြီဖြစ်သော်လည်း သူတို့အတွက်မှာမူ ဘာမှလုပ်နိုင်မည်မဟုတ်ချေ။

” ပွဲစဉ်ပြီးဆုံးပါပြီ... ချင်ဖုန်းဂိုဏ်းကလင်းဖန်ကို အနိုင်ရသူအဖြစ် သတ်မှတ်လိုက်တယ်...”

ဒိုင်လူကြီးက ကြေညာလိုက်လေသည်။

“ချင်းယန်ဇီ... မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ... ဒီလောက်ပါရမီပါတဲ့ တပည့်မျိုးကို ပြုစုပျိုးထောင်ထားနိုင်တယ်...”

ဧကရာဇ်မင်းကြီးသည် သူ၏ အရက်ခွက်ကိုမြှောက်ကာ ဂုဏ်ပြုစကားဆိုလိုက်သည်။

ချင်းယန်ဇီကလည်း အလျင်အမြန်ပင် အရိုအသေပြုကာ အရက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။

ယခုအချိန်တွင် သူ မည်သည့်အမှားမျှ လုပ်၍မဖြစ်ချေ။

” အရှင်မင်းကြီး... ကျွန်တော်မျိုးမလည်း ချင်ဖုန်းဂိုဏ်းနဲ့ ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲစဉ်မျိုးတွေကို မျှော်လင့်မိပါတယ်...”

ကိုယ်လုပ်တော်လီဖေးက ပြုံး၍ဝင်ပြောလိုက်ကာ အမဲလိုက်ကွင်းအတွင်းသို့ ဝင်ရောက်လာကြသော အနက်ရောင်ဝတ်ရုံဝတ် လူအချို့ကို အဝေးမှ လှမ်းကြည့်နေလေသည်။

All Chapters