← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈) - ကျိုရှူး

ချင်းယန်ဇီသည် ဟွမ်ယွမ်ခွန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

ဟွမ်ယွမ်ခွန်းကလည်း တုံ့ဆိုင်းနေခြင်းမရှိဘဲ လင်းဖန်ကို လက်ညှိုးထိုးပြလိုက်လေသည်။

သူသည် အဆုံးအဖြတ်ပွဲစဉ်အတွက် အကောင်းဆုံး ကိုယ်စားလှယ်ပင်။

ကျန်းရှီနှင့် ဟိုမင်တို့မှာ ရှေ့ဆက်ဖြစ်လာမည့် ကိစ္စများအတွက် သူတို့၏ ချီစွမ်းအင်များကို ချွေတာထားရန် လိုအပ်နေပေသည်။

“အရှင်မင်းကြီး... နောက်ဆုံးဗိုလ်လုပွဲအတွက် ကျုပ်တို့ရဲ့ ကိုယ်စားလှယ်အဖြစ် လင်းဖန်ကို အဆိုပြုပါတယ်...”

ချင်းယန်ဇီက ဧကရာဇ်မင်းဘက်သို့ လှည့်ကာ ပြန်ပြောလိုက်သည်။

လော့ချန်ကလည်း အလျင်အမြန်ပင် ဆက်ပြောလာလေသည်။

“အရှင်မင်းကြီး... ကျုပ်တို့ဘက်ကတော့ ကျိုရှူးကို အဆိုပြုပါတယ်...”

“ကောင်းပြီ... ဒါဆိုရင် စလိုက်ကြတာပေါ့... ရလဒ်ကို သိချင်နေလှပြီ...”

ဧကရာဇ်မင်းက နောက်ဆုံးပွဲစဉ်ကိုစီစဉ်ရန် မိန်းမစိုးခေါင်းဆောင်အား အချက်ပြလိုက်လေသည်။

လင်းဖန်ကို ကိုယ်စားလှယ်အဖြစ် အဆိုပြုလိုက်သည်ကို ကြားလိုက်ရသောအခါ ပွဲကြည့်ပရိသတ်များအားလုံး အံ့ဩသွားကြသည်။

စဉ်းစားကြည့်ပါက မနေ့ကမှပင် သူ့အား ဘာမှမဟုတ်သည့် ကောင်လေးတစ်ယောက်ဟု ထင်မှတ်ထားခဲ့ကြသည် မဟုတ်ပါလော။

ယခုမူကား သူတို့မျက်စိရှေ့မှာပင် ချင်ဖုန်းဂိုဏ်းက လင်းဖန်အပေါ် လောင်းကြေးထပ်နေကြချေပြီ။

အခြားဂိုဏ်းချုပ်များကလည်း လင်းဖန်၏နာမည်ကို မှတ်သားထားလိုက်ကြသည်။ အကယ်၍ သူသာ အနိုင်ရသွားခဲ့ပါက အနာဂတ်တွင် အထူးဂရုစိုက်ရန် လိုအပ်လာပေလိမ့်မည်။

လင်းဖန်မှာမူ အခြားသောအကြောင်းပြချက်များကြောင့် စိတ်လှုပ်ရှားနေခဲ့လေသည်။

သူသည် ကလဲ့စားချေအမှတ်များ ပိုမိုရရှိချင်နေသလို မိုးကြိုးမုန်တိုင်းဂိုဏ်းအပေါ်ပေါက်ကွဲရန် ဒေါသတွေလည်း အများကြီးရှိနေခဲ့သည်။

သူ၏ ဂိုဏ်းတူအစ်မ ကျန်းရှီအား နာကျင်စေခဲ့သူတိုင်း တန်ဖိုးတစ်ခု ပြန်မပေးဆပ်ရဘဲ ဒီတိုင်းထွက်သွားခွင့် မရှိပေ။

ဟိုမင်နှင့် ကျန်းရှီတို့က လင်းဖန်အနားသို့ ရောက်လာပြီး တစ်ခုခု လိုအပ်ခြင်း ရှိ၊မရှိ မေးမြန်းလိုက်ကြသည်။

သူက ခေါင်းခါပြလိုက်ပြီး ကျန်းရှီ၏လည်ပင်းကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

ယခုအချိန်တွင် လုံးဝ သက်သာသွားပြီဖြစ်သော်လည်း သူမ၏ ဝတ်ရုံပေါ်မှ သွေးကွက်များကိုမူ မြင်တွေ့နေရဆဲပင်။

” ဝံပုလွေကြီးရဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့ ယုန်မလေးရဲ့ မိတ်ဆွေကို အနိုင်ကျင့်တဲ့အတွက် သူတို့ကို သေချာပေါက် ပေးဆပ်ခိုင်းရမှာပေါ့...”

လင်းဖန်က သိုင်းပြိုင်ကွင်းဘက်သို့ ဦးတည်သွားရင်း ပြောလိုက်လေသည်။

ကျန်းရှီက သူ၏ ကျောပြင်ကိုကြည့်ရင်း ခန္ဓာကိုယ်ကြံ့ခိုင်ရေးတောင်ထွတ်သို့ ရောက်ရှိလာပြီးနောက် လင်းဖန်တစ်ယောက် မည်မျှအထိ တိုးတက်လာခဲ့ကြောင်း နားလည်သွားတော့သည်။

“နောက်ဆုံး ဗိုလ်လုပွဲ... အနိုင်ရတဲ့သူက ပြိုင်ပွဲကြီးကို ဗိုလ်စွဲမယ်...”

ဒိုင်လူကြီးက အော်ဟစ်ကြေညာလိုက်သည်။

ပွဲကြည့်ပရိသတ်များမှာ စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့်နေကြသည်။

ပြိုင်ပွဲတွင် အနိုင်ရရှိခြင်းက မည်သို့သောအဓိပ္ပာယ်သက်ရောက်သည်ကို သူတို့ ကောင်းကောင်းကြီး သိထားကြပေသည်။

အနိုင်ရသူ ရရှိမည့် အရင်းအမြစ်များအားလုံးက ဂိုဏ်းတစ်ဂိုဏ်း မည်မျှအထိ အင်အားကြီးမားလာမည်ကို အဆုံးအဖြတ်ပေးမည် ဖြစ်သည်။

အချို့မှာ ကြည့်နေရင်းဖြင့် သည်းမခံနိုင်လွန်းသဖြင့် နှုတ်ခမ်းများကို ကိုက်ထားမိကြသည်။

တိတ်ဆိတ်မှုကြီးက လွှမ်းခြုံသွားလေသည်။

ရွှီး...

သိမ်းငှက်တစ်ကောင်က သားကောင်ရှာဖွေရန် ကောင်းကင်ယံတွင် ပျံသန်းသွားသည်။

လင်းဖန် သိုင်းပြိုင်ကွင်းထဲသို့ ခြေချလိုက်ချိန်တွင် ပြိုင်ဘက်ဖြစ်သူက ရောက်နှင့်နေပြီ ဖြစ်သည်။

ကျိုရှူးသည် အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိပေသည်။

သူသည် တောက်ပသော အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လက်ထဲတွင် မက်မွန်သစ်သားဓားတစ်လက်ကို ကိုင်ဆောင်ထားလေသည်။

သူ၏ မျက်ခုံးများမှာ ထူးဆန်းစွာ ပေါက်ရောက်နေပြီး မျက်လုံးများအထက်တွင် အလျားလိုက်မျဉ်းတစ်ကြောင်းကဲ့သို့ ပေါင်းစပ်နေသည်။

မိုးကြိုးမုန်တိုင်းဂိုဏ်းမှ လူတစ်ယောက်နှင့် မတူသောကြောင့် လင်းဖန်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

ကိစ္စမရှိပေ။

သူ့ကို ပေးဆပ်စေရမည်သာ ဖြစ်သည်။

ကျိုရှူးက လင်းဖန်ကို စူးစိုက်ကြည့်လိုက်ချိန်တွင် ရင်းနှီးနေသော အသံတစ်သံက စိတ်ထဲ၌ ပေါ်ထွက်လာလေသည်။

[ဒင်...]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့်ဝိညာဉ် ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၂၃၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ။]

“ငါရေတွက်တာနဲ့ ပွဲစမယ်... တစ်... နှစ်... သုံး... စတင်...”

ဒိုင်လူကြီးက အော်ဟစ်လိုက်သည်။

လင်းဖန်က အချိန်မဆွဲတော့ဘဲ ဖားပြုတ်ရုပ်တုငယ်ထဲမှ သူ၏ သံတူများကို ထုတ်ယူလိုက်သည်။

ဒေါင်...

သူက သံတူနှစ်လက်ကို အချင်းချင်း ရိုက်ခတ်လိုက်လေသည်။

ကျိုရှူးက ဦးခေါင်းထဲမှနာကျင်မှုကို ဖယ်ရှားပစ်ရန်ကြိုးစားရင်း သူ၏ခေါင်းကို အပြင်းအထန် ခါရမ်းလိုက်သည်။

နောက်တစ်စက္ကန့်မှာပင် လင်းဖန်က သူ၏အရှေ့သို့ ရောက်ရှိနေခဲ့ပြီး လင်းဖန်၏သံတူက သူ၏လည်ပင်းဆီသို့ ဝင်ရောက်လာချိန်တွင် ကျိုရှူး ကြားလိုက်ရသည်မှာ တုံးတိတိ မြည်ဟည်းသံကြီး တစ်ခုသာလျှင် ဖြစ်တော့သည်။

“အား...”

ထိုရိုက်ချက်ကြောင့် ကျိုရှူးမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားပြီး မြေကြီးများကို လွင့်စင်သွားစေတော့သည်။

လင်းဖန်သည် သူ့ကို ပြန်ထခွင့်မပေးတော့ဘဲ ကျိုရှူးဆီသို့ ပြေးဝင်သွားကာ သံတူနှစ်လက်ဖြင့် ရိုက်ချလိုက်လေသည်။

ကျိုရှူးက လင်းဖန်၏ခြေထောက်များကို အမြန်ကန်ထုတ်လိုက်ပြီး ထိုအရှိန်ကိုအသုံးပြုကာ နောက်သို့ လျောတိုက်ဆုတ်ခွာသွားသည်။

ဘုန်း…

လင်းဖန်၏ သံတူများအောက်တွင် တွင်းငယ်တစ်ခု ထွက်ပေါ်လာလေသည်။

သူ၏ ရိုက်ချက်အရှိန်မှာ ထိုသို့ဖြစ်စေရန် လုံလောက်သည်အထိ ပြင်းထန်လှပေသည်။

ပွဲကြည့်ပရိသတ်များမှာ ၎င်းတို့မြင်တွေ့နေရသည့် အရာကို မယုံကြည်နိုင်ဖြစ်နေကြသည်။

၎င်းမှာ တစ်ဖက်သတ်အသာစီးရနေသော ပွဲတစ်ပွဲဖြစ်ပြီး ကျိုရှူးမှာမူ တန်ပြန်တိုက်ခိုက်ရန် မည်သည့်နည်းလမ်းမျှ မရှိတော့ပုံပေါ်ချေသည်။

ကျိုရှူးက အမြန်မတ်တတ်ရပ်လိုက်ကာ သူ၏လက်ချောင်းကို ကိုက်ဖောက်ပြီး မက်မွန်သစ်သားဓားပေါ်သို့ သွေးများသုတ်လိမ်းလိုက်သည်။

မက်မွန်သစ်သားဓားမှာ တောက်ပသော အနီရောင်အလင်းများထွက်ပေါ်လာပြီး ကျိုရှူး၏ မျက်နှာအား မကောင်းဆိုးဝါးနီကြီး တစ်ကောင်အလား ထင်မှတ်ရစေသည်။

‘ဒါက တန်ဖိုးကြီးတဲ့ မှော်ပစ္စည်းတစ်ခု ဖြစ်ရမယ်...’

လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

လင်းဖန်က ကျိုရှူးထံသို့ ထပ်မံ ပြေးဝင်သွားကာ သံတူများကို ကျိုရှူး၏ လည်ပင်းဆီသို့ ထပ်မံရိုက်ချလိုက်လေသည်။

ဒေါင်…

လင်းဖန်ကို အံ့အားသင့်သွားစေသည်မှာ ကျိုရှူးက သူ၏ မက်မွန်သစ်သားဓားဖြင့် ကာကွယ်လိုက်ခြင်းပင်။

သူသည် ဓားရိုးကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး အခြားလက်တစ်ဖက်က ဓားသွားထိပ်ကို ဖိကိုင်ထားလေသည်။

ဓားမှာ ကွေးညွတ်သွားသော်လည်း ကျိုးပဲ့သွားခြင်း မရှိချေ။

ကျိုရှူးက ဓားအား လက်ဝါးဖြင့် တွန်းထုတ်လိုက်ရာ ဓားမှာ ဖြောင့်တန်းသော အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။

ထိုအရှိန်က လင်းဖန်ကို နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားစေရန် လုံလောက်လှပေသည်။

ရှဲ…

ထို့နောက် ကျိုရှူးက လင်းဖန်၏ လက်ကောက်ဝတ်ကို ခုတ်ပိုင်းလိုက်ပြီး သံတူများ လွတ်ကျသွားစေရန် ကြိုးစားလိုက်လေသည်။

ဖြန်း…

လင်းဖန်မှာမူ ရှောင်တိမ်းရန်ပင် မကြိုးစားဘဲ သူ၏ သံတူတစ်လက်ကို အသုံးပြုကာ ကျိုရှူး၏ ဦးခေါင်းကို ရိုက်ချလိုက်တော့သည်။

ဒေါင်…

ထိုရိုက်ချက်၏အရှိန်ကြောင့် လင်းဖန်၏ချီစွမ်းအင်များ ကျိုရှူး၏ဦးခေါင်းထဲသို့ စီးဝင်သွားပြီး သူ့ကို ချက်ချင်းဆိုသလို မူးဝေသွားစေသည်။

ကျိုရှူးက ရှောင်ထွက်ရန် လိုအပ်နေပြီမှန်းသိလိုက်သဖြင့် နောက်သို့ ခုန်ဆုတ်လိုက်လေသည်။

လင်းဖန်က သူ၏လက်ကို မြှောက်ပြလိုက်ရာ လက်ကောက်ဝတ်ရှိဒဏ်ရာမှာ အလိုအလျောက် ပိတ်သွားသည်ကို မြင်လိုက်ရသဖြင့် ပွဲကြည့်ပရိသတ်များမှာ အံ့အားသင့်ကာ အသက်ရှူမှားသွားကြတော့သည်။

ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်ကြံသူတစ်ဦးပင်။

လင်းဖန်သည်လည်း ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်းကို သူတို့ မည်သို့များ မေ့လျော့နေခဲ့ကြသနည်း။

ကျိုရှူးအနေဖြင့် အနိုင်ရနိုင်မည့် မည်သည့်လမ်းစကိုမျှ မမြင်ရသဖြင့် သူ့အတွက် တိတ်တဆိတ် ဆုတောင်းပေးလိုက်ကြသည်။

သို့သော်ငြား ကျိုရှူးကို လှမ်းကြည့်လိုက်သောအခါ သူသည် အရှုံးမပေးဘဲ တိုက်ခိုက်ရန်ပြင်ဆင်နေသည်ကို တွေ့လိုက်ရလေသည်။

ကျိုရှူးက သူ၏ဓားကို မြှောက်ကိုင်လိုက်ရာ အနီရောင်အလင်းတန်းမှာ ပိုမိုကြီးမားလာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။

ထို့နောက် သူက လင်းဖန်ထံသို့ ဓားဖြင့် ထိုးသွင်းလိုက်သည်။

ဝေါင်း…

အနီရောင်အလင်းတန်းမှာ သရဲတစ္ဆေပုံသဏ္ဌာန်နှစ်ခုအဖြစ် ကွဲထွက်သွားလေသည်။

သရဲတစ္ဆေပုံသဏ္ဌာန်များ အနားသို့ကပ်လာချိန်တွင် ယင်ချီစွမ်းအင်များ ခြိမ်းခြောက်ဝင်ရောက်လာသည်ကို လင်းဖန် ခံစားလိုက်ရသည်။

သူက ညာဘက်သံတူထဲသို့ ချီစွမ်းအင်များကို အမြန်ထည့်သွင်းလိုက်ပြီး တောက်ပနေသော မီးတောက်ဝံပုလွေကို လွှတ်ထုတ်လိုက်လေသည်။

မီးတောက်များဖြင့် တောက်ပနေသော မီးတောက်ဝံပုလွေသည် သရဲတစ္ဆေပုံသဏ္ဌာန်များဆီသို့ ခုန်အုပ်သွားတော့သည်။

သရဲတစ္ဆေပုံသဏ္ဌာန်များထဲမှ တစ်ခုမှာ မီးတောက်ဝံပုလွေ၏ ကိုက်ခဲမှုကို ခံလိုက်ရပြီး လေထဲတွင် ပေါက်ကွဲထွက်သွားချေသည်။

ထို့နောက် ယင်ချီစွမ်းအင်များကို ပတ်ဝန်းကျင်သို့ လွင့်စင်သွားစေသည်။

ကျန်ရှိနေသော အခြား သရဲတစ္ဆေပုံသဏ္ဌာန်က လင်းဖန်ထံသို့ တိုးဝင်လာသော်လည်း သူက အခြားသံတူတစ်လက်ဖြင့် ရိုက်ချလိုက်လေသည်။

တောက်ပနေသော ရေခဲအစွယ်ကျားဖြူသည် ကျန်ရစ်သော သရဲတစ္ဆေပုံသဏ္ဌာန်ဆီသို့ ပြေးဝင်သွားတော့သည်။

ယင်ချီစွမ်းအင် နှစ်ခုလုံး ရိုက်ခတ်သွားပြီး ရေခဲရုပ်တုတစ်ခုအဖြစ် အေးခဲသွားချေပြီ။

လင်းဖန်က ရေခဲရုပ်တုကို ခွဲထွက်ကာ ကျိုရှူး၏အရှေ့သို့ ရောက်ရှိသွားသည်။

သူက သံတူများဖြင့် ကျိုရှူး၏ လည်ပင်းကို ထပ်မံရိုက်နှက်လိုက်ပြန်သည်။

ဒုတ်...

”အား...”

ရိုက်ချက်ထိသွားပြီး ကျိုရှူးထံမှ ကျယ်လောင်သော အော်ဟစ်သံကြီးထွက်ပေါ်လာကာ သူ၏ မက်မွန်သစ်သားဓားလည်း မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။

သို့သော်လည်း ကျိုရှူးကနာကျင်မှုကို ကြိတ်မှိတ်သည်းခံကာ လင်းဖန်၏ လက်မောင်းများကို ဖမ်းဆွဲလိုက်သည်။

သူက ချွန်ထက်သော လက်သည်းများဖြင့် လင်းဖန်၏အရေပြားကို ကုတ်ခြစ်ရန်ကြိုးစားနေစဉ် ကျိုရှူး၏လက်ချောင်းများ တဖြည်းဖြည်း မည်းနက်လာသည်ကို လင်းဖန် မြင်တွေ့နေရသည်။

လင်းဖန်က ကျိုရှူး၏မျက်နှာကို လှမ်းကြည့်လိုက်လေသည်။

ယခုအခါ ကျိုရှူး၏ မျက်နှာမှာလည်း မည်းနက်လာနေပြီး သူ၏ သွားများမှာလည်း ချွန်ထက်သော အစွယ်များအဖြစ် ရှည်ထွက်လာတော့သည်။

All Chapters