← Chapters

အခန်း ၅၂၆

Vol. 53 Ch. 526

အခန်း ၅၂၆

Vol. 53 Ch. 526

အခန်း ၅၂၆ - ကြောက်မက်ဖွယ်ကောင်းသော မန္တန်အဆောင်ရေးဆွဲခြင်း အမြန်နှုန်းနှင့် ဒေါသပေါက်ကွဲနေသော ဆရာချိုး

‘ခွမ်း' ဆိုသော အသံနှင့်အတူ ဝိညာဉ်ကျောက်စိမ်း ကိုးတုံးသည် မန္တန်အဆောင်စာရွက်များအဖြစ် အောင်မြင်စွာ ပုံပေါ်လာပြီးနောက် လုချင်း၏ လက်ထဲသို့ ကျဆင်းလာခဲ့တော့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် မိုးကြိုးမန္တန်အဆောင်များကို ရေးဆွဲနေခြင်းမဟုတ်ဘဲ အခြေတည်အဆင့်ရှိ သစ်သားဓာတ်မန္တန်အဆောင်တစ်ခုကို ဖန်တီးနေခြင်း ဖြစ်ပေ၏။

၎င်းကို သက်စောင့်မန္တန်အဆောင်ဟု ခေါ်ဆိုပြီး ကျင့်ကြံသူတစ်ဦး၏ သက်စောင့်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းရှိသဖြင့် အတော်လေးကောင်းမွန်သော ကုသရေးမန္တန်အဆောင်တစ်ခုပင် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ မန္တန်အဆောင်ဈေးကွက်အတွင်း၌ ချီသန့်စင်ခြင်းအဆင့်နှင့် အခြေတည်အဆင့် မန္တန်အဆောင်များကသာ ဝယ်လိုအား အကောင်းဆုံးဖြစ်ကြောင်း ကျိယွမ်က ပြောပြထားခဲ့သည် မဟုတ်ပါလော။

လုချင်းအတွက်မူ ချီသန့်စင်ခြင်းအဆင့် မန္တန်အဆောင်များကို ရေးဆွဲနေခြင်းက သူ၏ စွမ်းဆောင်ရည်များကို အလကားဖြုန်းတီးနေသကဲ့သို့သာ ဖြစ်နေမည်ပင်။

ထို့ကြောင့် ရွှေအမြုတေအဆင့် မန္တန်အဆောင်များအပြင် သူသည် အခြေတည်အဆင့် မန္တန်အဆောင်တစ်သုတ်ကိုလည်း ထည့်သွင်းရေးဆွဲခဲ့လေ၏။

သေချာစွာ စစ်ဆေးကြည့်လိုက်သောအခါ အသစ်ရေးဆွဲထားသော မန္တန်အဆောင်များတွင် မည်သည့် အပြစ်အနာအဆာမျှ မရှိကြောင်း တွေ့လိုက်ရသဖြင့် ဘေးဘက်သို့ ခပ်ပေါ့ပေါ့ပင် ပစ်ချထားလိုက်တော့သည်။

မန္တန်အဆောင်များသည် တချွင်ချွင်မြည်သံများနှင့်အတူ သူ့ဘေးရှိ မန္တန်အဆောင်အပုံငယ်လေးပေါ်သို့ ပြုတ်ကျသွားလေတော့၏။

အကြမ်းဖျင်း တွက်ကြည့်မည်ဆိုလျှင် ထိုအပုံထဲတွင် အနည်းဆုံး မန္တန်အဆောင်ရာချီကာ ရှိနေမည်မှာ သေချာလှပေ၏။

အကယ်၍ ရတနာခန်းမဆောင် သခင်မသာ ဤမြင်ကွင်းကို မြင်တွေ့သွားခဲ့လျှင် နောက်ထပ်တစ်ကြိမ် အံ့ဩမှင်သက်သွားဦးမည်မှာ ကျိန်းသေပေါက်ပဲပင်။

ဘာပဲပြောပြော လုချင်း၏ မန္တန်အဆောင်ရေးဆွဲနိုင်စွမ်း အမြန်နှုန်းက လွန်စွာမှ ကြောက်မက်ဖွယ်ကောင်းလွန်းလှပါသည်။ အချိန်သိပ်မကြာလိုက်သော်လည်း သူသည် ဤမျှများပြားသော မန္တန်အဆောင်များကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့ပြီ ဖြစ်ပေ၏။

ကံကောင်းထောက်မစွာဖြင့် သူ၏ ကျင့်ကြံရေးဂူအတွင်းရှိ ဝိညာဉ်စွမ်းအင်များက အလွန်ကြွယ်ဝပေါများနေ၍သာ တော်သေးသည်။ သို့မဟုတ်ပါက ဤမျှပြင်းထန်သော မန္တန်အဆောင်ရေးဆွဲမှုဒဏ်ကို သူ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူ့ဘေးရှိ မန္တန်အဆောင်ပုံကြီးကို ကြည့်ရင်း လုချင်းတစ်ယောက် အတွေးများသွားတော့သည်။

ခန်းမဆောင်သခင်က သူ့ကို ပထမဦးဆုံး မန္တန်အဆောင်တစ်သုတ် ကြိုတင်ပြင်ဆင်ထားရန် မှာကြားထားခဲ့ရာ ယခုလောက်ဆိုလျှင် လုံလောက်ပြီဟု ဆိုရပေမည်။

မည်သို့ပင်ဖြစ်စေ ဤပထမအသုတ် မည်မျှအထိရောင်းရမည်ကို စောင့်ကြည့်ရဦးမည် မဟုတ်ပါလော။

အကယ်၍ မရောင်းရပါက ကုန်ကြမ်းပစ္စည်းများ အလဟဿ ပြုန်းတီးသွားမည်သာ။

ခေတ္တမျှ စဉ်းစားပြီးနောက်တွင်တော့ လုချင်းသည် လောလောဆယ်တွင် မန္တန်အဆောင်ရေးဆွဲခြင်းကို ရပ်နားထားရန် ဆုံးဖြတ်လိုက်လေတော့သည်။

အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့်၏ အစောပိုင်းအဆင့် မန္တန်အဆောင်များကို ရေးဆွဲရသည်မှာ သူ့အတွက်တော့ လွန်စွာလွယ်ကူရိုးရှင်းလှပေသည်။

နောက်ပိုင်း လိုအပ်လာမှသာ ဆက်လက်ရေးဆွဲလျှင်လည်း အချိန်မီသေးသည် မဟုတ်ပါလော။

ထိုသို့ဆုံးဖြတ်ပြီးသည်နှင့် လုချင်းသည် မန္တန်အဆောင်အားလုံးကို သိမ်းဆည်းလိုက်တော့သည်။ ထို့နောက်၌ မျက်လုံးများကို မှိတ်ကာ အသက်ရှူနှုန်းကို ထိန်းညှိ၍ ကျင့်ကြံရန် ပြင်ဆင်လိုက်လေ၏။

မန္တန်အဆောင်ရေးဆွဲခြင်းဆိုသည်မှာ သူ့အတွက်တော့ ဝိညာဉ်ကျောက်တုံးများ စုဆောင်းရန် နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။ သူ၏ အဓိကပန်းတိုင်မှာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်သာ ဖြစ်၏။

ထို့ကြောင့် လုချင်းသည် တစ်နေ့လျှင် နှစ်နာရီ၊ သုံးနာရီခန့်သာ မန္တန်အဆောင်ရေးဆွဲရန် အချိန်ပေးထားပြီး ကျန်အချိန်များတွင် တံခါးပိတ်ကျင့်ကြံရန်သာ စီစဉ်ထားခဲ့သည်။ မည်သို့ပင်ဆိုစေ ယခုအခါတွင် သူသည် အဆင့်တက်ရန် အလွန်နီးကပ်နေပြီ ဖြစ်လေတော့သည်။

သူ ကျင့်ကြံနေစဉ်အတွင်း ဂူထဲရှိ ဝိညာဉ်စွမ်းအင်များသည် အလျင်အမြန် စုပ်ယူခံလိုက်ရပြီး ဓာတ်ကြီးငါးပါး ဘူးသီးမှတစ်ဆင့် သူ၏ ကိုယ်ပိုင် သန့်စင်သော မှော်စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။

ကံကောင်းသည်မှာ ရတနာခန်းမဆောင်မှ ပြင်ဆင်ပေးထားသော ကျင့်ကြံရေးဂူသည် အမှန်တကယ်ပင် အစွမ်းထက်လှပေသည်။ အဆင့်မြင့် မိစ္ဆာသားရဲ အမြုတေနှစ်ခုနှင့် လုချင်း၏ ထူးခြားလှသော ပြီးပြည့်စုံသော ရွှေအမြုတေတို့က ဝိညာဉ်စွမ်းအင်များကို အစွမ်းကုန် စုပ်ယူနေသော်လည်း ဂူအတွင်းရှိ စွမ်းအင်ထောက်ပံ့မှုမှာတော့ တည်ငြိမ်နေဆဲပင်။

သို့သော် လုချင်းကမူ ဤအတွက် အံ့ဩနေခြင်း မရှိပေ။

ခန်းမဆောင်၏ ပြောကြားချက်အရ မန္တန်အဆောင်ဆရာကြီး၏ ကျင့်ကြံရေးဂူသည် နဂိုကတည်းက သန္ဓေသားဝိညာဉ်အဆင့် သခင်တစ်ဦးအတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်သည်။ အကယ်၍ သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ထောက်ပံ့နိုင်စွမ်းရှိပါလျှင် သူတို့သုံးဦး မည်မျှပင် စုပ်ယူစေကာမူ လောလောဆယ်တွင် ပြဿနာရှိမည် မဟုတ်ပေ။

ကျင့်ကြံနေစဉ်အတွင်း အချိန်များက အမြဲတမ်း လျင်မြန်စွာ ကုန်ဆုံးသွားတတ်မြဲ ဖြစ်သည်။ မည်မျှကြာအောင် ကျင့်ကြံနေမိမှန်း မသိခင်မှာပင် အစီအရင်စွမ်းအား၏ တုန်ခါမှုတစ်ခုက လုချင်းအား တရားထိုင်နေခြင်းမှ ရုတ်တရက် နိုးထလာစေခဲ့တော့သည်။

သူသည် စွမ်းအင်များကို ဖြည်းညှင်းစွာ ရုတ်သိမ်းလိုက်ပြီး ဂူအပြင်ဘက်မှ တစ်စုံတစ်ဦး ခေါ်ဆိုနေကြောင်းကို သိလိုက်ရလေ၏။

သူ ချက်ချင်း ပြန်မထူးသေးဘဲ သူ၏ ကိုယ်တွင်းအခြေအနေကို ဦးစွာ စစ်ဆေးကြည့်လိုက်သည်။ ကိုယ်တွင်းသို့ အာရုံခံကြည့်လိုက်သောအခါ ဝမ်းမြောက်ဝမ်းသာဖြစ်မှုက သူ၏ နှလုံးသားထဲတွင် ပေါက်ဖွားလာခဲ့တော့သည်။

ဤတံခါးပိတ် ကျင့်ကြံခြင်းက သူ၏ ကျင့်ကြံခြင်းအဆင့်ကို များစွာ တိုးတက်လာစေခဲ့ပေသည်။ ယခုဆိုလျှင် အဆင့်တက်ရန် အလွန်နီးကပ်နေပြီ ဖြစ်၏။

ဤနှုန်းအတိုင်းဆိုလျှင် ရွှေအမြုတေအဆင့် စတုတ္ထအသွင်ပြောင်းခြင်းသို့ တရားဝင် ခြေချနိုင်ရန် ဆယ်ရက်ထက် ပိုကြာမည် မဟုတ်တော့ပေ။

ထိုအချိန်ရောက်လျှင် သူ၏ စွမ်းအားများသည် နောက်ထပ်တစ်ကြိမ် အဟုန်ပြင်းစွာ တိုးတက်လာဦးမည်ပင်။ တတိယအသွင်ပြောင်းခြင်းမှ စတုတ္ထအသွင်ပြောင်းခြင်းသို့ ကူးပြောင်းခြင်းသည် ရွှေအမြုတေအဆင့်၏ အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့ ကူးပြောင်းသည့် အရေးပါသော အချိုးအကွေ့တစ်ခု ဖြစ်ကြောင်း လူတိုင်းသိထားကြပါ၏။

မည်သည့် ရွှေအမြုတေအဆင့် ကျင့်ကြံသူအတွက်မဆို ဤအတားအဆီးကို ကျော်ဖြတ်ခြင်းက ကြီးမားသော အသွင်ကူးပြောင်းမှုတစ်ခုပင် ဖြစ်သည်။ လုချင်း၏ ပြီးပြည့်စုံသော ရွှေအမြုတေနှင့်ဆိုလျှင် သူသာ ဤအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါက ရရှိလာမည့် တိုးတက်မှုသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားပေလိမ့်မည်။ သူသည် ထိုနေ့ ရောက်လာမည့်အချိန်ကို ကြိုတင်၍မျှော်လင့်နေမိလေတော့သည်။

ထိုစဉ် ဂူအပြင်ဘက်မှ အစီအရင်တုန်ခါမှုက ထပ်မံထွက်ပေါ်လာပြန်သည်။ လုချင်းသည် သူ၏ စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီးနောက်၌ ကာကွယ်ရေးအစီအရင်ကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လိုက်တော့၏။

"လုချန်ပေ့... ရှင့်ရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်သလိုများ ဖြစ်သွားလားဟင်"

အပြင်ဘက်မှ ခေါ်နေသူမှာ အခြားသူမဟုတ်ဘဲ ကျိယွမ်ပင် ဖြစ်နေ၏။

"ကိစ္စမရှိပါဘူး၊ ခန်းမဆောင်သခင်က ကျွန်တော့်ကို ခေါ်ခိုင်းလိုက်တာလား"

လုချင်းက မေးလိုက်၏။

"ဟုတ်ပါတယ်၊ ခန်းမဆောင်သခင်က အရေးကြီးကိစ္စလေးတွေ တိုင်ပင်စရာရှိလို့ လုချန်ပေ့ကို ကျိကျင့်ခန်းမဆီ ဖိတ်ခိုင်းလိုက်တာပါ"

"ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်"

လုချင်းသည် ခေါင်းညိတ်ပြလိုက်ပြီး ကျင့်ကြံရေးဂူကို ပြန်ပိတ်ကာ ရတနာခန်းမဆောင်သခင် စောင့်ဆိုင်းနေသော ကျိကျင့်ခန်းမဆီသို့ ကျိယွမ်နှင့်အတူ လိုက်ပါသွားခဲ့လေတော့သည်။ လမ်းတစ်လျှောက်တွင် သူ၏ မန္တန်အဆောင်ရေးဆွဲခြင်းနှင့် ကျင့်ကြံခြင်း လုပ်ငန်းစဉ်တစ်ခုလုံးမှာ တစ်ရက်သာ ကြာမြင့်ခဲ့ကြောင်းကို လုချင်း သတိပြုမိလိုက်၏။

"မိတ်ဆွေလု... ထိုင်ပါဦးရှင့်"

ကျိကျင့်ခန်းမအတွင်း၌ ခန်းမဆောင်သခင်က ပြုံးရွှင်စွာဖြင့် သူ့ကို ဆီးကြိုနှုတ်ဆက်လာလေသည်။

"ခန်းမဆောင်သခင်က ကျွန်တော့်ကို ဘာကိစ္စများ ရှိလို့ ခေါ်လိုက်တာပါလဲဗျ"

လုချင်းက မေးလိုက်၏။

"ဒီလိုပါ၊ မနေ့က ကျွန်မ သေချာစဉ်းစားကြည့်ပြီးတော့ အကြမ်းဖျင်း အစီအစဉ်တစ်ခု ရထားလို့ ရှင့်ကို တိုင်ပင်ချင်လို့ပါ"

"တော်တော်မြန်တာပဲ"

"တကယ်တော့ တော်တော်လေး ရိုးရှင်းပါတယ်၊ တခြား ကုန်သည်အသင်းကြီးတွေနဲ့ မန္တန်အဆောင်ဈေးကွက်မှာ ဈေးနှုန်းစစ်ပွဲ ဆင်နွှဲဖို့ စီစဉ်ထားပါတယ်"

"မန္တန်အဆောင်ဈေးနှုန်းစစ်ပွဲ ဟုတ်လား"

လုချင်းက မျက်ခုံးတစ်ဖက် ပင့်လိုက်လေသည်။

"ဟုတ်ပါတယ်၊ လောလောဆယ် ကျွန်မတို့ရဲ့ အကြီးမားဆုံး အားသာချက်က မိတ်ဆွေလု ရေးဆွဲထားတဲ့ မန္တန်အဆောင်တွေပါပဲ။ ကုန်ကျစရိတ် သက်သာပေမဲ့ စွမ်းအားကတော့ အတူတူပဲလေ။ ဒါကြောင့် ကျွန်မတို့ ဈေးချရောင်းရင်တောင် အမြတ်အစွန်း ကောင်းကောင်းကျန်နိုင်ပါသေးတယ်။ ဒါကို အခွင့်ကောင်းယူပြီး ဈေးသက်သာတဲ့ မန္တန်အဆောင်တွေကို ဈေးကွက်ထဲ အလုံးအရင်းနဲ့ ဖြန့်ချိပြီး ဈေးကွက်ဝေစုကို သိမ်းပိုက်ရပါမယ်"

"တကယ့်ကို ကောင်းမွန်တဲ့အစီအစဉ်ပါပဲ"

ဤသည်မှာ လုချင်း မျှော်လင့်ထားသည့်အရာများနှင့် ကွဲလွဲနေခြင်း မရှိပေ။ တကယ်တမ်းဆိုရလျှင် သူ ရတနာခန်းမဆောင်သို့ ချဉ်းကပ်ခဲ့ရသည့် အဓိကအကြောင်းရင်းမှာ မန္တန်အဆောင်များကို အမြောက်အမြား ရောင်းချနိုင်ရန်ပင် ဖြစ်သည်။ သူ၏ ကုန်ကျစရိတ်သက်သာမှုကို အသုံးချကာ ဝိညာဉ်ကျောက်တုံးများကို လျင်မြန်စွာ စုဆောင်းနိုင်ရန် ဖြစ်ပေ၏။ အရာအားလုံး ဤမျှ ချောမွေ့စွာ အဆင်ပြေသွားလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။

"ဒါပေမဲ့ ဒီနည်းလမ်းအတွက်က မန္တန်အဆောင်အများကြီး လိုအပ်ပါလိမ့်မယ်။ အဲဒါက မိတ်ဆွေလု အပေါ်မှာ ဖိအားတွေ အများကြီး သက်ရောက်သွားစေနိုင်တယ်။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ဘယ်လောက်များ လိုမလဲဆိုတာ သိချင်ပါတယ်"

"အများကြီး လိုမယ်ပေါ့လေ..."

လုချင်းသည် ခေတ္တမျှ ငြိမ်သက်သွားပြီးနောက်၌ သူ၏ ဝတ်ရုံထဲမှ သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူလိုက်တော့သည်။

"ခန်းမဆောင်သခင်... မနေ့က ကျွန်တော် ပြန်ရောက်ရောက်ချင်းပဲ မန္တန်အဆောင်တစ်သုတ် ရေးဆွဲထားပါတယ်။ လောလောဆယ် ဒီလောက်ဆိုရင် လုံလောက်မလားဆိုတာ တစ်ချက်လောက် ကြည့်ပေးပါဦး"

"ဪ... ရှင်က ရေးဆွဲလို့တောင်ပြီးသွားပြီလား။ မိတ်ဆွေလုက တကယ့်ကို ကြိုးစားတာပဲ။ မန္တန်အဆောင်ဘယ်လောက်တောင်များ ရေးဆွဲနိုင်ခဲ့လို့လဲ"

ခန်းမဆောင်သခင်သည် အံ့အားသင့်မှုနှင့်အတူ ဝမ်းသာစွာဖြင့် သိုလှောင်အိတ်ကို လှမ်းယူလိုက်ပြီး သူမ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေ၏။ ခဏအကြာတွင်တော့ သူမတစ်ကိုယ်လုံး တောင့်တင်းသွားခဲ့တော့သည်။

ထိုစဉ် လုချင်းက ထပ်မံဖြည့်စွက်ပြောလိုက်သည်။

"သိပ်တော့ မများပါဘူး၊ ရွှေအမြုတေအဆင့် မန္တန်အဆောင်က အခုတစ်ရာလောက်နဲ့ အခြေတည်အဆင့် မန္တန်အဆောင်က သုံးရာကျော်လောက်ပါပဲ။ တစ်ခုချင်းစီကို အနည်းဆုံး ဆယ်ကြိမ်လောက်တော့ အသုံးပြုနိုင်ပါတယ်။ စွမ်းအားနဲ့ ပတ်သက်လို့ကတော့ စိတ်ပူစရာ မလိုပါဘူးဗျ"

"ရွှေ... ရွှေအမြုတေအဆင့် မန္တန်အဆောင် တစ်ရာနဲ့ အခြေတည်အဆင့် မန္တန်အဆောင် သုံးရာကျော် ဟုတ်လား"

ခန်းမဆောင်သခင်၏ စိတ်ထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားလေတော့သည်။ ယုတ္တိဗေဒအရ စဉ်းစားကြည့်လျှင် ဤသည်မှာ လုံးဝမဖြစ်နိုင်သောအရာပင် ဖြစ်ပေ၏။ သို့သော် သူမ၏ ဝိညာဉ်အာရုံက ထိုမန္တန်အဆောင်ရာပေါင်းများစွာ သူမ၏ လက်ထဲတွင် အမှန်တကယ် ရှိနေကြောင်းကို သံသယကင်းရှင်းစွာ အတည်ပြုပေးနေလေသည်။

"မိတ်ဆွေလု... ဒီမန္တန်အဆောင်တွေ အားလုံးကို မနေ့ကမှ ရှင် ရေးဆွဲထားတာ ဟုတ်လား"

သူမသည် လုချင်းအား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိတော့သည်။

"ဟုတ်ပါတယ်၊ ခန်းမဆောင်သခင်က ကျွန်တော့်ကို ကြိုတင်ပြင်ဆင်ထားဖို့ မှာထားလို့ ပထမဆုံးအနေနဲ့ တစ်သုတ်ကို အရင်ရေးဆွဲလိုက်တာပါ"

"တစ်ရက်တည်းနဲ့လေ... ရှင်က ရွှေအမြုတေအဆင့် မန္တန်အဆောင်တစ်ရာအပါအဝင် မန္တန်အဆောင်ပေါင်း ရာချီပြီး ရေးဆွဲနိုင်ခဲ့တယ်ပေါ့..."

ခန်းမဆောင်သခင်မှာ လုံးဝကို ဆွံ့အမှင်သက်သွားလေတော့၏။ ယခု သူမ လုချင်းအား ကြည့်နေသည့် အကြည့်များမှာ သတ္တဝါဆန်းကြီးတစ်ကောင်ကို ကြည့်နေသည့်အလားပင်။

ဘေးတွင် ရပ်နေသော ကျိယွမ်မှာလည်း အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေရှာလေ၏။

သူမ ကြားလိုက်ရတာက ဟုတ်ကောဟုတ်ရဲ့လား။ လုချန်ပေ့က တစ်ရက်တည်းနဲ့တင် မန္တန်အဆောင်ရာပေါင်းများစွာကို ရေးဆွဲနိုင်ခဲ့တယ်တဲ့လား။

ဆရာချိုးနှင့် အခြားသူများအတွက်မူ အမြန်ဆုံး မန္တန်အဆောင်ရေးဆွဲခြင်းဆိုလျှင်ပင် တစ်ခုကို ရက်အတော်ကြာ အချိန်ယူရကြောင်း သူမ ကောင်းကောင်းကြီး သိထားပါ၏။ ၎င်းတို့နှင့် နှိုင်းယှဉ်လိုက်ပါက ကွာခြားချက်မှာ စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင် ဖြစ်ပေတော့သည်။

မနေ့က သူမကို မိုးကြိုးမန္တန်အဆောင် ပေးစဉ်က လုချန်ပေ့က အပျင်းပြေ ရေးဆွဲထားသည့် အသေးအဖွဲကိစ္စလေးတစ်ခုမျှသာ ဖြစ်ကြောင်း ခပ်ပေါ့ပေါ့ပင် ပြောခဲ့သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ထိုစဉ်က ကျိယွမ်သည် သူမ စိတ်သက်သာရာရစေရန်အတွက်သာ ထိုသို့ပြောလိုက်ခြင်းဖြစ်မည်ဟုပဲ ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုမှသာ လုချန်ပေ့ ပြောခဲ့သည်မှာ တကယ်ပဲ စကားအတိုင်းဖြစ်ကြောင်းကို သူမ သဘောပေါက်သွားလေတော့၏။ ရွှေအမြုတေအဆင့် မန္တန်အဆောင်တစ်ခုဆိုသည်မှာ သူ့အတွက်တော့ တကယ့်ကို အလွယ်တကူ ရေးဆွဲနိုင်သည့်အရာပင် ဖြစ်ပေသည်။

ရတနာခန်းမဆောင်သခင်သည် လုချင်းအား အချိန်အတော်ကြာအောင် ငေးမောကြည့်နေမိတော့သည်။ နောက်ဆုံးတွင် သူမ သတိပြန်ဝင်လာသောအခါ၌ သူမ၏ နှလုံးသားထဲတွင် လှိုက်လှဲသော ဝမ်းမြောက်မှုလှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။

"ကောင်းလိုက်တာ... တကယ့်ကို ကောင်းလိုက်တာ။ မိတ်ဆွေလုရဲ့ မန္တန်အဆောင်ရေးဆွဲနိုင်စွမ်းက ဒီလောက်အထိ မြင့်လိမ့်မယ်လို့ ကျွန်မဖြင့် ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ စစ်မှန်တဲ့ မန္တန်အဆောင်ဆရာသခင်တွေတောင် ရှင့်ကို ယှဉ်နိုင်မယ် မထင်တော့ဘူး"

ဤသည်မှာ မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ပေ။ ရတနာခန်းမဆောင်တွင် စစ်မှန်သော မန္တန်အဆောင်ဆရာသခင်များ မရှိသော်လည်း သူမ တစ်ခါမှ မမြင်ဖူးခြင်းတော့ မဟုတ်ပေ။ ယခင်က ထျန်းယွမ်ကမ္ဘာလောကကြီးတွင် သူမ နေထိုင်ခဲ့စဉ်က သူမ၏ မိသားစုအိမ်တော်တွင် မန္တန်အဆောင်ဆရာသခင်တစ်ဦးကို ငှားရမ်းထားခဲ့ဖူးလေသည်။ ထို့ကြောင့် စစ်မှန်သော မန္တန်အဆောင်ဆရာသခင်များပင် လုချင်း၏ အမြန်နှုန်းကို မယှဉ်နိုင်ကြောင်း သူမ အသိဆုံးပင်။

"သခင်မကတော့ မြှောက်ပင့်ပြောနေပြန်ပါပြီဗျာ။ ကျွန်တော် ကျင့်ကြံတဲ့ နည်းစနစ်က နည်းနည်းလေး ထူးခြားတယ်လေ။ ပြီးတော့ ကျွန်တော့်မှာ ပါရမီလေး နည်းနည်းပါလာလို့သာ တခြားသူတွေထက် ပိုမြန်မြန်လေး ရေးဆွဲနိုင်ရုံတင်ပါ"

လုချင်းက နှိမ့်ချစွာဖြင့် ပြန်ဖြေလိုက်သည်။

သူ၏ အံ့မခန်း အမြန်နှုန်းမှာ ပြီးပြည့်စုံသော ရွှေအမြုတေ၏ ကျေးဇူးကြောင့်သာ ဖြစ်၏။ သူ၏ ဝိညာဉ်စွမ်းအားမှာ သာမန် ရွှေအမြုတေအဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်ပေသည်။ အထက်တန်းအဆင့် ရွှေအမြုတေနှင့် မွေးရာပါ တာအိုခန္ဓာများ ပိုင်ဆိုင်ထားသော ပြိုင်ဘက်ကင်း ပါရမီရှင်များပင်လျှင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေဖြင့် လုချင်းသည် သူ၏ စွမ်းအားများကို အပြစ်အနာအဆာကင်းစွာ ထိန်းချုပ်နိုင်ပြီး မန္တန်အဆောင်များကို ချို့ယွင်းချက် လုံးဝမရှိသလောက် ရေးဆွဲနိုင်ပေသည်။ ထို့အပြင် အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံထားသော ရုပ်သေးဂိုဏ်း၏ ဝိညာဉ်ခွဲထွက်ခြင်း ကျင့်စဉ်ကိုပါ ကျွမ်းကျင်စွာ အသုံးပြုနိုင်သဖြင့် တစ်ချိန်တည်းတွင် မတူညီသော အရာကိုးခုကို အာရုံစိုက်နိုင်စွမ်း ရှိလေ၏။ ဤအချက်များအားလုံး ပေါင်းစပ်သွားသောအခါ၌ သူ၏ မန္တန်အဆောင်ရေးဆွဲနိုင်စွမ်းသည် မယုံနိုင်လောက်အောင်ပင် မြင့်မားနေရတော့သည်။

"ခန်းမဆောင်သခင်... ဒီမန္တန်အဆောင်တွေဆိုရင် လုံလောက်ပြီလားဗျ။ မလုံလောက်သေးဘူးဆိုရင်လည်း ကျွန်တော် ပြန်သွားပြီး ထပ်ရေးဆွဲပေးပါ့မယ်"

လုချင်းက မေးလိုက်၏။

"လုံလောက်တာထက်ကို ပိုနေပါပြီရှင်။ ဒီအသုတ်က ကျွန်မတို့ အစီအစဉ်ရဲ့ ပထမအဆင့်အတွက် လုံးဝကို လုံလောက်ပါတယ်"

ခန်းမဆောင်သခင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

မူလက သူမသည် လုချင်းအား မန္တန်အဆောင်အနည်းငယ်ကိုသာ ကြိုတင်ပြင်ဆင်ထားရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြင်ဆင်ရန်အတွက်ပင် သူမက အချိန်လဝက်ခန့် ပေးရန်ပင် စီစဉ်ထားခဲ့သေးပါ၏။

မည်သို့ပင်ဆိုစေ မန္တန်အဆောင်ရေးဆွဲခြင်းသည် စိတ်ပိုင်းဆိုင်ရာကို များစွာ ပင်ပန်းနွမ်းနယ်စေသည် မဟုတ်ပါလော။

လုချင်းအနေနှင့် မည်မျှပင် မြန်ဆန်စေကာမူ သာမန်အားဖြင့်ဆိုလျှင် တစ်ရက်တည်းဖြင့်တော့ ဤမျှများပြားသော မန္တန်အဆောင်များကို ရေးဆွဲနိုင်မည် မဟုတ်ပေ။

ခန်းမဆောင်၏ အသစ်ခန့်အပ်လိုက်သော မန္တန်အဆောင်ဆရာသခင်က ဤမျှအထိ ကောင်းကင်ဘုံကို အာခံနိုင်စွမ်းရှိမည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

တစ်ရက်တည်းဖြင့် သူသည် ထိပ်တန်းအရည်အသွေးရှိ မန္တန်အဆောင်ရာပေါင်းများစွာကို ရေးဆွဲနိုင်ခဲ့ပေသည်။ သူ၏ ဝိညာဉ်က ထိုမျှလောက် ပြင်းထန်သော ဒဏ်ကို မည်သို့ ခံနိုင်ရည်ရှိသနည်းဆိုတာကိုပင် သူမ စိတ်ကူးကြည့်၍ မရနိုင်အောင် ဖြစ်နေတော့၏။

အကယ်၍သာ လုချင်းထံတွင် သန္ဓေသားဝိညာဉ်အဆင့် သခင်တစ်ဦး၏ ထူးခြားသော အငွေ့အသက်မျိုး မရှိခြင်းနှင့် သူမ၏ လျှို့ဝှက်ကျင့်စဉ်များမှ မည်သည့် သတိပေးချက်မျှ မပြသခြင်းတို့သာ မရှိခဲ့လျှင်...

ခန်းမဆောင်သခင်သည် လုချင်းကို ရှေးဟောင်း သန္ဓေသားဝိညာဉ်အဆင့် မိစ္ဆာအိုကြီးတစ်ကောင် ရုပ်ဖျက်ထားသည်ဟုပင် သံသယဝင်မိတော့မည်ပင်။

မည်သို့ပင်ဖြစ်စေကာမူ... သူမသည် သိုလှောင်အိတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်လေသည်။

ဤတစ်ကြိမ်၌တော့ လုချင်းက သူမအား တကယ့်ကို ကြီးမားလှသည့် အံ့အားသင့်မှုကြီးကို ပေးစွမ်းလိုက်ခြင်းပင်။ ဤမန္တန်အဆောင်များနှင့်ဆိုလျှင် သူမ၏ အစီအစဉ်ကို ပြီးပြည့်စုံစွာ အကောင်အထည်ဖော်နိုင်ရုံသာမက သတ်မှတ်ထားသော အချိန်ထက်ပင် ပို၍စောစီးစွာ စတင်နိုင်ပြီ ဖြစ်၏။

အမှန်တကယ်ပင် သူမ၏ ကံကြမ္မာဟောကိန်းထုတ်နိုင်စွမ်းက အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် တုံ့ပြန်ခဲ့ခြင်း ဖြစ်ပေသည်။ သူမရှေ့ရှိ ဤရွှေအမြုတေအဆင့် ကျင့်ကြံသူလေးသည် သူမ၏ ကံကြမ္မာကို အမှန်တကယ်ပင် ပြောင်းလဲပေးနိုင်စွမ်း ရှိလေတော့၏။

"အဲဒါဆိုလည်း ကောင်းတာပေါ့၊ နောက်ထပ် မန္တန်အဆောင်တွေ လိုအပ်လာရင် အချိန်မရွေးသာ ပြောလိုက်ပါ။ ကျွန်တော် ဘယ်အချိန်ဖြစ်ဖြစ် ရေးဆွဲပေးနိုင်ပါတယ်"

လုချင်းက ပြောလိုက်သည်။

"စီးပွားရေးကိစ္စတွေကိုတော့ ကျွန်တော် သိပ်နားမလည်ပါဘူးဗျ။ ကျွန်တော့်မှာက ကူညီပေးနိုင်ဖို့ဆို ဒီမပြောပလောက်တဲ့ မန္တန်အဆောင်ရေးဆွဲတဲ့ ပညာလေးပဲ ရှိတာပါ"

"အဲဒီလို မပြောပါနဲ့၊ ဒီတစ်ကြိမ်တော့ ကျွန်မတို့ ရတနာခန်းမဆောင်က မိတ်ဆွေလုကိုပဲ အပြည့်အဝ အားကိုးနေရတာပါ"

ခန်းမဆောင်သခင်ထံသို့ မန္တန်အဆောင်များ လွှဲပြောင်းပေးပြီးနောက်၌ လုချင်းသည် ပြန်၍ထွက်ခွာလာခဲ့တော့သည်။ သူသည် ဝိညာဉ်ကျောက်တုံးများကို အလွန်တန်ဖိုးထားသော်လည်း ကျွမ်းကျင်သူများကိုသာ ၎င်းတို့၏ ကျွမ်းကျင်ရာကိစ္စများကို ကိုင်တွယ်ခွင့်ပြုသင့်သည်ဟု ယုံကြည်ထားသူ ဖြစ်ပါ၏။

မန္တန်အဆောင်ရောင်းချရေးနှင့် ပတ်သက်လာလျှင် ရတနာခန်းမဆောင်သည် သူ့ထက် များစွာ ပို၍ စွမ်းဆောင်နိုင်ပေသည်။ သူလုပ်ဖို့ လိုအပ်သည်မှာ မန္တန်အဆောင်များကို ပုံမှန်ထောက်ပံ့ပေးနိုင်ရန်သာ ဖြစ်ပြီး ကျန်သည့်ကိစ္စများကိုတော့ ဝင်ရောက်စွက်ဖက်ရန် စိတ်ဝင်စားခြင်း မရှိပေ။

အထူးသဖြင့် မနေ့ညက သူ၏ ကျင့်ကြံခြင်း တိုးတက်လာမှုကို ခံစားလိုက်ရသောကြောင့် ယခုအချိန် သူအလိုချင်ဆုံးအရာမှာ တံခါးပိတ်ကျင့်ကြံရေးဆီသို့ ပြန်သွားကာ ဆက်လက်ကျင့်ကြံရန်သာ ဖြစ်လေတော့၏။ သူသည် ရွှေအမြုတေအဆင့် စတုတ္ထအသွင်ပြောင်းခြင်းသို့ အမြန်ဆုံး အဆင့်တက်ရန် ဆန္ဒပြင်းပြနေခဲ့ပေသည်။

သူ၏ ကျင့်ကြံရေးဂူသို့ ပြန်ရောက်သောအခါ၌ လုချင်းသည် ဧည့်သည်လက်မခံပါ ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်တော့သည်။ ထို့နောက်၌ ဂူ၏ ကာကွယ်ရေးအစီအရင်ကို ဖွင့်ကာ တံခါးပိတ်ကျင့်ကြံခြင်းထဲသို့ ဝင်ရောက်သွား၏။ ဤတစ်ကြိမ်တွင်မူ အရေးကြီးကိစ္စ တစ်စုံတစ်ရာ မပေါ်ပေါက်လာပါက သူ၏ အဆင့်တက်ခြင်း မပြီးမချင်း တံခါးပိတ်ကျင့်ကြံနေရန် ရည်ရွယ်ထားလေတော့သည်။

တစ်ဖက်တွင်မူ ရတနာခန်းမဆောင်သည် စတင်လှုပ်ရှားလာခဲ့ပေပြီပင်။

ပထမဦးစွာ ခန်းမဆောင်အတွင်း ယခင်က ရောင်းချနေသော မန္တန်အဆောင်များအားလုံးကို ဖယ်ရှားလိုက်ပြီး လုချင်း ရေးဆွဲထားသော မန္တန်အဆောင်များဖြင့် အစားထိုးလိုက်သည်။ အချို့သော မန္တန်အဆောင်များကို အခြားနယ်မြေများရှိ ခန်းမဆောင်ခွဲများဆီသို့ စမ်းသပ်ရောင်းချရန် ပို့ဆောင်ပေးခဲ့သည်။ ယခု သူတို့လုပ်ရမည့် တစ်ခုတည်းသောအရာမှာ ဖောက်သည်များ ရောက်ရှိလာရန် စောင့်ဆိုင်းနေရေးသာ ဖြစ်တော့၏။

သို့သော် ယခင်မန္တန်အဆောင်ဟောင်းများကို ဖယ်ရှားလိုက်သောအခါတွင် အနည်းငယ် ဆူပူအုံကြွမှုလေး ဖြစ်ပေါ်လာခဲ့ပေသည်။ သူတို့၏ မန္တန်အဆောင်များ စင်ပေါ်မှ ဖယ်ရှားခံလိုက်ရသောကြောင့် မန္တန်အဆောင်ဆရာများသည် အခြေအနေကို မေးမြန်းရန် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ ၎င်းတို့အထဲတွင် ဆရာချိုးက ဒေါသအထွက်ဆုံးပင် ဖြစ်နေတော့၏။

"ကျိယွမ်... ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ရှေ့ခန်းမဆောင်က ငါ့မန္တန်အဆောင်တွေ အားလုံးကို ဖယ်ရှားပစ်လိုက်ရတာလဲ"

ဆရာချိုးသည် ခန်းမဆောင်သခင်၏ ရာထူးတိုးပေးမှုအရ ရှေ့ခန်းမဆောင်ကို ကြီးကြပ်နေရသော ကျိယွမ်ထံသို့ တိုက်ရိုက် ပြေးဝင်လာပြီး ရန်လိုစွာဖြင့် မေးခွန်းထုတ်လေတော့သည်။

"စိတ်အေးအေးထားပါ ဆရာချိုး။ ဒါက ခန်းမဆောင်သခင်ရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်မတို့ ခန်းမဆောင်ကနေ မန္တန်အဆောင်အသစ်တွေကို မိတ်ဆက်ဖို့ ရှိနေလို့ပါ"

ကျိယွမ်က နူးညံ့စွာ ပြုံး၍ ပြန်ဖြေလိုက်၏။

"ဒါကြောင့်မလို့ မန္တန်အဆောင်ဟောင်းတွေကို ခဏတဖြုတ် ဖယ်ရှားထားတာပါ။ မန္တန်အဆောင်အသစ်တွေ လူကြိုက်များလာပြီး အရောင်းအဝယ် တည်ငြိမ်သွားတာနဲ့ မန္တန်အဆောင်ဟောင်းတွေကို တဖြည်းဖြည်း ပြန်တင်ပေးသွားမှာပါရှင့်"

"မန္တန်အဆောင်အသစ်တွေ ဟုတ်လား။ ဟိုမန္တန်အဆောင်ဆရာသခင် ရေးဆွဲထားတဲ့ မန္တန်အဆောင်တွေကို ပြောချင်တာလား"

ဆရာချိုး၏ မျက်နှာမှာ မှောင်မိုက်သွားလေတော့၏။

"ဟုတ်ပါတယ်၊ လုချန်ပေ့ ရေးဆွဲထားတဲ့ မန္တန်အဆောင်တွေပါ"

ကျိယွမ်က ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါ၌ ဆရာချိုးသည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့၏။ သို့သော် မကြာမီမှာပင် သူ၏ ဒေါသက တစ်ဖန် ပြန်၍ပေါက်ကွဲလာပြန်တော့သည်။

"မိတ်ဆွေလုရဲ့ မန္တန်အဆောင်တွေကို မိတ်ဆက်ချင်တယ်ဆိုရင်တောင်မှ ငါတို့မန္တန်အဆောင်တွေကို ဖယ်ရှားပစ်စရာ အကြောင်းမှ မရှိတာ။ မင်း သိရဲ့လား၊ ငါ့မန္တန်အဆောင်တွေက ခန်းမဆောင်တစ်ခုလုံးမှာ အရည်အသွေးအကောင်းဆုံးနဲ့ အရောင်းရဆုံး မန္တန်အဆောင်တွေထဲမှာ ပါတယ်ဆိုတာကို"

"ဒါက ခန်းမဆောင်သခင်ရဲ့ တိုက်ရိုက်အမိန့်ပါ။ ကျွန်မက ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရုံပါပဲ"

ဆရာချိုး၏ မောက်မာသော အမူအရာကို ကျိယွမ်က အပြည့်အဝ သည်းခံကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။ သို့သော် သူမ၏ စိတ်ထဲတွင်တော့ လှောင်ပြောင်နေမိပါ၏။

ဒီမြေခွေးအိုကြီးက အခုထိ ကြီးကြီးကျယ်ကျယ်တွေ ပြောရဲသေးနေပါလားနော်။

သူက မန္တန်အဆောင်ရေးဆွဲဖို့အတွက်ဆိုလျှင် အမြဲတမ်း ရှားပါးပြီး ဈေးအကြီးဆုံး ကုန်ကြမ်းပစ္စည်းတွေကိုချည်းပဲ တောင်းဆိုတတ်သူ ဖြစ်သည်။ ထို့ကြောင့် မန္တန်အဆောင်အရည်အသွေး ကောင်းမွန်လာသည်မှာ သဘာဝပင် ဖြစ်ပေ၏။ သို့သော် ကုန်ကျစရိတ်မှာတော့ မိုးထိအောင် မြင့်မားလှပေသည်။ ခန်းမဆောင်က သူ၏မန္တန်အဆောင်များကို ရောင်းချနိုင်လျှင်ပင် အမြတ်အစွန်းမှာ မရှိသလောက်ပင်။

တစ်ဖက်တွင်မူ ရောင်းရငွေမှ ဝေစုရယူထားသော ဆရာချိုးမှာတော့ အမြတ်အစွန်း အခိုင်အမာ ရရှိနေခဲ့လေသည်။ ပိုဆိုးသည်မှာ သူတစ်ယောက်တည်း ထိုသို့လုပ်နေခြင်း မဟုတ်ပေ။ သူ၏ တပည့်များနှင့် သင်တန်းသားများကလည်း သူ့အတိုင်း လိုက်လုပ်ကြပါ၏။ သူတို့သည် အဆင့်မြင့် ကုန်ကြမ်းများကိုသာ အသုံးပြုရသည်ကို နှစ်သက်ကြပြီး လွတ်လပ်စွာ ဖြုန်းတီးကြကာ သူတို့အတွက်ပင် အရင်းအမြစ်များကို ခိုးယူတတ်ကြသေးပါ၏။

ယခင်ကတော့ ကျွမ်းကျင်သော မန္တန်အဆောင်ဆရာများ ရှားပါးမှုကြောင့် ခန်းမဆောင်သခင်သည် ဤအရာများကို သည်းခံခဲ့ရသည်။

သို့သော် ယခု သူတို့ထံတွင် လုချန်ပေ့ ရှိနေပြီမဟုတ်ပါလော။

ထို့ကြောင့် ဆရာချိုး၏ သက်သောင့်သက်သာနေ့ရက်များသည် ပြီးဆုံးသွားခဲ့ပြီပင်။

ကျိယွမ်သည် အတွင်းရေးတို့ကို ကောင်းစွာ နားလည်သော်လည်း ဆရာချိုးအား သတိပေးဖို့တော့ ရည်ရွယ်ချက် မရှိခဲ့ပေ။ ယင်းအစား သူမက ယဉ်ကျေးသော ဆင်ခြေများဖြင့်သာ ရှောင်ဖယ်ကာ အရာအားလုံးကို ခန်းမဆောင်သခင်၏ အမိန့်များအဖြစ်သာ လွှဲချထားလိုက်လေတော့၏။

အဓိကအချက်မှာ ဆရာချိုး၏ မန္တန်အဆောင်များက စင်ပေါ်မှ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။ မည်သည့်အချိန်တွင် ပြန်လည်ရောင်းချမည်ကိုတော့ ဆုံးဖြတ်ရဦးမည်ပင်။

နောက်ဆုံးတွင်တော့ ကျိယွမ်၏ ရှောင်လွှဲဖြေကြားမှုများနှင့် မည်သည့်အဖြေမှ မရရှိမှုတို့ကြောင့် ဆရာချိုး၏ သည်းခံနိုင်စွမ်းများမှာလည်း လုံးလုံးကို ကုန်ခမ်းသွားခဲ့တော့သည်။ သူသည် အင်္ကျီလက်များကို ခါရမ်းကာ အော်ဟစ်လိုက်လေ၏။

"မင်းနဲ့တော့ ပြောမရတော့ဘူး။ ငါ့ဟာငါ ခန်းမဆောင်သခင်ဆီပဲ တိုက်ရိုက် သွားပြောတော့မယ်"

…

All Chapters