← Chapters

အခန်း ၅၃၃

Vol. 54 Ch. 533

အခန်း ၅၃၃

Vol. 54 Ch. 533

အခန်း ၅၃၃ - အထက်ကမ္ဘာမှ အထွတ်အထိပ်သခင်၊ သခင်လေးယွီ

"ကျုပ်တို့ဆီက အချက်ပြတာကို ရတာနဲ့ တစ်ပြိုင်နက်တည်း ခင်ဗျားလုပ်ရမှာက ဒီအမည်းရောင်အဆောင်ကို အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မန္တန်အဆောင် ဆရာသခင်ရဲ့ ကျင့်ကြံခြင်းဂူနားမှာထားပြီး ဖွင့်လိုက်ဖို့ပဲ။ ပြီးရင်တော့ ကျန်တဲ့ကိစ္စတွေအတွက် ခင်ဗျား ဝင်ပါနေစရာ မလိုဘူး"

ဆရာချိုးသည် သူ၏လက်ထဲတွင် ချိတ်ပိတ်ထားသော အမည်းရောင်အဆောင်ကို ကြည့်ရင်း ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ စကားများကို ပြန်ပြီးတွေးတောနေမိလေ၏။ သို့တိုင်အောင် သူ၏ရင်ထဲတွင် မသေချာမရေရာသော စိုးရိမ်ပူပန်မှုတစ်ခုက ခပ်ရေးရေး ပေါ်ပေါက်လာနေတော့သည်။

ဤအမည်းရောင်အဆောင်ထဲတွင် နိမိတ်မကောင်းသည့် အရာတစ်ခုခုကို ချိတ်ပိတ်ထားကြောင်း သူသေချာပေါက် ခံစားသိရှိနေပါ၏။ ချိတ်ပိတ်ထားသည်ကိုသာ ဖွင့်လိုက်ပါက စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ဆိုးရွားလွန်းလှသည့် အရာတစ်ခု ထွက်ပေါ်လာနိုင်သည်။

သို့သော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်သူ ကတိပေးခဲ့သည့် စည်းကမ်းချက်များနှင့် ထိုစက်ဆုပ်ရွံရှာဖွယ် မိန်းမက မကြာသေးမီက သူ့ကို မည်မျှအထိ ဖိနှိပ်ခဲ့ကြောင်း ပြန်၍သတိရလိုက်လေသည်။ ပြီးနောက်၌ ဆရာချိုးသည် သူ၏ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို အတင်းအဓမ္မ ဖိနှိပ်ပစ်လိုက်တော့၏။

ထိုစက်ဆုပ်ရွံရှာဖွယ် မိန်းမက သူ့ကို ဤမျှအထိ ဆက်ဆံခဲ့မှတော့ သူရက်စက်သည်ဟု ဆိုကာ အပြစ်မတင်သင့်ပေ။ ဆရာချိုး၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားလေတော့သည်။

သူ၏ ဝင်ငွေများ သိသိသာသာ လျော့ကျသွားမှုကြောင့် ဆရာချိုးတစ်ယောက် အငြိုးအတေးများ ကြီးထွားနေချိန်တွင် မြို့ထဲရှိ အခြားသော နေရာများမှ စီးပွားရေးလုပ်ငန်းရှင်အများအပြားသည်ကလည်း ပြီးခဲ့သည့်လက သူတို့၏ ဝင်ငွေများနှင့်ပတ်သက်၍ မကျေမနပ် ဖြစ်နေကြလေ၏။ ယန္တရားတစ်ထောင် အလုပ်ရုံတွင် အလုပ်ရုံသခင်သည် သူ၏လက်ထဲရှိ စာရင်းစာအုပ်ကို ကြည့်ကာ မျက်နှာထား တင်းမာနေတော့သည်။

"ပြီးခဲ့တဲ့လက ငါတို့ရဲ့ ဝင်ငွေက တစ်ဝက်တိတိတောင် လျော့ကျသွားတယ်ပေါ့လေ ဟုတ်လား"

"အလုပ်ရုံသခင်... အရင်ကဆိုရင် ကျွန်မတို့ ယန္တရားတစ်ထောင် အလုပ်ရုံက အဆောင်တွေက ချန်းလန်မြို့တစ်မြို့လုံးမှာ လူကြိုက်အများဆုံးပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့လက ရတနာခန်းမဆောင်က သူတို့ရဲ့ အဆောင်အသစ်တွေကို စမိတ်ဆက်ပြီးတဲ့နောက်ပိုင်းကျ မြို့ထဲက ကျင့်ကြံသူအများစုက အဲဒီကိုပဲ သွားကြတော့တယ်။ အခုဆိုရင် ကျွန်မတို့ရဲ့ အဆောင်တွေ ရောင်းမထွက်ရုံတင်မကဘဲ ဝိညာဉ်လက်နက်တွေနဲ့ ဆေးလုံးတွေရဲ့အရောင်းအဝယ်ကိုပါ အတော်လေးကို ထိခိုက်သွားစေခဲ့ပါတယ်" ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက ရှင်းပြလေသည်။

"ရတနာခန်းမဆောင်"

ယန္တရားတစ်ထောင် အလုပ်ရုံ၏ အလုပ်ရုံသခင်သည် အံကိုကြိတ်လျက် ထိုနာမည်ကို ခက်ထန်စွာ ရေရွတ်လိုက်တော့၏။

"အရင်က မင်းကို ငါကိုင်တွယ်ခိုင်းထားတဲ့ ကိစ္စကရော ဘယ်လိုနေလဲ။ ချိုးရုံက ပူးပေါင်းဖို့ ဆန္ဒရှိရဲ့လား"

"အဲဒီကိစ္စကို စီစဉ်ပြီးပါပြီ။ ပစ္စည်းကိုလည်း သူ့ဆီ ပို့ပြီးသွားပြီ။ ဒါပေမဲ့ ချိုးရုံက တော်တော့်ကိုပဲ လောဘကြီးလွန်းတယ်။ သူက ကျွန်မတို့နဲ့ ပူးပေါင်းဖို့အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းတိတိ တောင်းဆိုထားတယ်လေ။ ပြီးတော့ အဲဒီကျောက်တုံးတွေကို အရင်ရမှ လုပ်ပေးမယ်လို့လည်း တင်းခံနေတယ်"

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်း ဟုတ်လား။ ဒင်းရဲ့အစာအိမ်က တော်တော်လေးကို ကြီးလှပါလား"

ဤစကားကို ကြားသောအခါ အလုပ်ရုံသခင်၏ မျက်နှာထားက ပို၍ပင် အေးစက်သွားပြီး သူ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြတ်ပြေးသွားတော့သည်။ ရွှေအမြုတေ အလယ်အလတ်အဆင့်မျှသာရှိသော အကဲဖြတ်သူတစ်ဦးက ဤမျှ ရဲတင်းစွာနှင့် ဤမျှများပြားသော ဈေးနှုန်းကို တောင်းဆိုရဲလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ သို့သော်ငြားလည်း လက်ရှိအခြေအနေများကို ထည့်သွင်းစဉ်းစားကာ သူ၏သတ်ဖြတ်လိုစိတ်ကို လောလောဆယ်တွင် ဖိနှိပ်ထားလိုက်ပါ၏။

"လောလောဆယ်တော့ သူ့တောင်းဆိုချက်ကို သဘောတူလိုက်ပါ။ ဝိညာဉ်ကျောက်တုံးတွေကို ယူပြီးသွားတာနဲ့ အဲဒီတာဝန်ကို အမှားအယွင်းမရှိ ထမ်းဆောင်ရမယ်လို့ သူ့ကို ပြောလိုက်။ အဲ့ဒီလိုမှမဟုတ်ရင်တော့... အကျိုးဆက်တွေက ဘာဖြစ်လာမလဲဆိုတာ သူ သိသင့်နေပြီ"

"ဟုတ်ကဲ့၊ ကျွန်မ အခုပဲ သွားစီစဉ်လိုက်ပါ့မယ်"

ဆွဲဆောင်မှုရှိသော အမျိုးသမီးက ခေါင်းညိတ်ကာ ထွက်သွားရန် ပြင်လိုက်တော့သည်။ ထိုစဉ် အပြင်ဘက်မှ လူတစ်ယောက်သည် ပြာပြာသလဲဖြင့် အပြေးအလွှား ဝင်လာလေ၏။

"အ... အလုပ်ရုံသခင်... အထက်ကမ္ဘာက အထွတ်အထိပ်သခင် ရောက်လာပါပြီ။ သူ အပြင်ဘက်မှာ ရောက်နေပြီဗျ"

"မင်း ဘာပြောလိုက်တယ်"

ဤသည်မှာ သာမန်ကိစ္စလေး မဟုတ်ပေ။ အလုပ်ရုံသခင်သည် နေရာမှ ချက်ချင်းမတ်တတ်ထရပ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်သွားတော့၏။

"ပုံမှန် အချိန်ဇယားအရဆိုရင် ငါးရက်လောက် လိုသေးတာကိုး။ ဘာလို့ ခုတစ်ခေါက်ကျမှ ဒီလောက်ထိစောပြီး ရောက်လာရတာလဲ"

"ကျွန်တော်လည်း မသိဘူးဗျ။ ဒါပေမဲ့ အထွတ်အထိပ်သခင်က တကယ်ကြီး ရောက်နေတာ။ ပြီးတော့ သူတစ်ယောက်တည်း မဟုတ်ဘူး...အထွတ်အထိပ်သခင်ငယ်လေးတစ်ယောက်နဲ့ အစေခံအိုကြီးတစ်ယောက်ကိုပါ ခေါ်လာသေးတယ်။ သူ့ရဲ့ အပြုအမူတွေကို ကြည့်ရတာ အဲဒီသခင်ငယ်လေးကို အတော်လေးကို လေးလေးစားစား ဆက်ဆံနေပုံပဲ" လက်အောက်ငယ်သားက ထိတ်လန့်တုန်လှုပ်နေသော အသံဖြင့် ပြန်ဖြေလိုက်၏။

"အထွတ်အထိပ်သခင်ငယ်လေးလား"

အလုပ်ရုံသခင်၏ နှလုံးသားသည် ထိတ်လန့်မှုကြောင့် တုန်ယင်သွားပြီး နိမိတ်မကောင်းသော ခံစားချက်တစ်ခု ပေါ်ထွက်လာတော့သည်။ သူသည် ကပျာကယာဖြင့် ပြေးထွက်သွားရာ ဧည့်ခန်းမဆောင်ကြီးထဲသို့ ရောက်သောအခါ၌ ကြယ်စင်ပမာ တောက်ပလှသော မျက်လုံးများနှင့် ဓားသဖွယ် မျက်ခုံးများရှိသည့် အထက်တန်းကျသော လူငယ်တစ်ဦးကို မြင်လိုက်ရတော့၏။

ထိုလူငယ်သည် ခမ်းနားထည်ဝါပြီး လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံကို ဝတ်ဆင်ထားကာ အဓိကထိုင်ခုံတွင် ထိုင်နေသည်။ ထိုလူငယ်၏အနောက်တွင်တော့ ဝိညာဉ်ကျောက်တုံးများ လာရောက်ကောက်ခံရန် သုံးနှစ်တစ်ကြိမ် လာရောက်လေ့ရှိသော အထွတ်အထိပ်သခင်က ရိုသေလေးစားစွာ ရပ်စောင့်နေလေ၏။ ဘေးဘက်တွင်မူ အရေးအကြောင်းများ ပြည့်နှက်နေသော မျက်နှာနှင့် အစေခံအိုကြီးတစ်ဦး ရပ်နေ၏။

"သခင်လေးယွီ"

အလုပ်ရုံသခင်က ထိုအထက်တန်းကျသော လူငယ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ၌ သူ၏ခန္ဓာကိုယ်သည် တုန်ရီသွားပြီး အလျင်အမြန်ပင် ဦးညွှတ်အရိုအသေပေးလိုက်တော့၏။

သူ၏ရင်ထဲတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးနေတော့သည်။ ဤတစ်ကြိမ် ရောက်ရှိလာမည့်သူမှာ ပင်မမိသားစုမှ သခင်လေးယွီ ဖြစ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။ ဝိညာဉ်ကျောက်တုံးများ ကောက်ခံခြင်းကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်လေးတစ်ခုက သူ့လိုလူမျိုး၏ အာရုံစိုက်မှုကို ဘာကြောင့်များ ရရှိသွားရသနည်း။

"ဦးလေးချန်... မတွေ့ရတာ ကြာပြီပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်လောက်တုံးက ရှောင်ချန်းကမ္ဘာက စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲဖို့ ခင်ဗျားကို တာဝန်ပေးခဲ့တယ်လို့ ကြားတယ်။ ဒီကကိစ္စတွေကို ခင်ဗျား တော်တော်လေးကို ကောင်းကောင်းမွန်မွန်နဲ့ ကိုင်တွယ်နိုင်ခဲ့တာပဲ။ မကြာသေးခင်ကမှ ကျွန်တော် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာနဲ့ အိမ်တော်ထိန်းချိုက်ကလည်း အခွန်အခတွေ လာကောက်မယ်ဆိုလို့ စူးစမ်းချင်စိတ်နဲ့ လိုက်လာခဲ့တာ။ အောက်ကမ္ဘာရဲ့ ဓလေ့ထုံးစံတွေနဲ့ ရှုခင်းတွေကို လေ့လာဖို့ အခွင့်အရေးရရင်လည်း ကျွန်တော့်အမြင်ကျယ်သွားတာပေါ့ဗျာ"

အထက်တန်းကျသော လူငယ်က ပြုံးကာ ပြောဆိုလေသည်။ သို့သော်ငြားလည်း ယန္တရားတစ်ထောင် အလုပ်ရုံ၏ အလုပ်ရုံသခင်သည် သူ၏ကျောပြင်တွင် အေးစက်သော ချွေးများ စီးကျနေသည်ကိုသာ ခံစားနေရတော့၏။ အထူးသဖြင့် ချီးကျူးစကားကို ကြားပြီးနောက်၌ သူ၏နှလုံးသားသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားလေသည်။ သူ့ရှေ့မှ လူ၏စရိုက်ကို သူသည် အလွန်ကိုပင် ကောင်းကောင်းကြီးကို သိထားပါ၏။ ဤတည်ငြိမ်ပြီး ဖော်ရွေသော အသွင်အပြင်၏အောက်တွင် ကြောက်မက်ဖွယ်ကောင်းသော ဒေါသအဖြစ်သို့ ပေါက်ကွဲသွားနိုင်သည့် စိတ်သဘောထား ရှိနေပေသည်။ အကယ်၍ သူသာ ဒေါသထွက်သွားပါက မိုင်တစ်ထောင်အထိ သွေးမိုးရွာကျသွားနိုင်ပါ၏။

အထက်ကမ္ဘာတွင်ပင် အင်အားစုများစွာသည် သူ၏နာမည်ကို ကြားရုံနှင့် တုန်လှုပ်သွားတတ်ကြ၏။ ကုန်းရှုမိသားစုသည် ထျန်းယွမ်ကမ္ဘာလောကကြီး၏ အထွတ်အထိပ် မိသားစုကြီး သုံးဆယ့်ခြောက်ခုထဲမှ တစ်ခုဖြစ်နေသောကြောင့် ဘာမှမတတ်နိုင်ကြပေ။

"သခင်လေးယွီက မြှောက်ပြောနေပါပြီ... ဒီအစေခံအိုကြီးက တန်ဖိုးမရှိပါဘူး" အလုပ်ရုံသခင်က အတင်းဖန်တီးထားသော အပြုံးဖြင့် ပြန်ဖြေလိုက်၏။

"ဒါပေမဲ့ ဦးလေးချန်... စောစောက ကျွန်တော် ဝင်လာတုန်းက အပြင်ဘက်မှာ ဈေးဝယ်သူ သိပ်မရှိတာကို သတိထားမိတယ်။ ဒီနေ့ မြို့ထဲမှာ လူတွေကို ရှောင်သွားစေလောက်တဲ့ ကိစ္စတစ်ခုခုများ ဖြစ်နေလို့လား" အထက်တန်းကျသော လူငယ်၏ အသံနေအသံထားက ရုတ်တရက် ပြောင်းလဲသွားသည်။

အလုပ်ရုံသခင်သည် ကြက်သေသေသွားတော့၏။ သူက ဆင်ခြေတစ်ခု ပေးချင်ခဲ့သော်လည်း ဤလူ၏ရှေ့တွင် လိမ်ပြောမိပါက အကျိုးဆက်များ ပို၍ဆိုးရွားသွားမည်ကို သူ ကောင်းကောင်းသိထားပါ၏။ အတန်ကြာ တွေဝေသွားပြီးနောက်တွင်တော့ သူသည် ဒူးထောက်ချလိုက်တော့သည်။

"သခင်လေးယွီ... ကျွန်တော် အပြစ်ရှိပါတယ်"

"ဟင်... ခင်ဗျားရဲ့ အပြစ်က ဘာများလဲ" အထက်တန်းကျသော လူငယ်က တည်ငြိမ်သော လေသံဖြင့် မေးမြန်းလာ၏။

"ကျွန်တော် စီမံခန့်ခွဲမှုပိုင်းမှာ ပျက်ကွက်ခဲ့ပါတယ်။ ယန္တရားတစ်ထောင် အလုပ်ရုံရဲ့ စီးပွားရေးက တော်တော်လေးကို ကျဆင်းသွားပါတယ်။ ကျွန်တော်တို့ဆီက ပစ္စည်းတွေကို လာဝယ်တဲ့ ဈေးဝယ်သူတွေလည်း ပိုပိုပြီး နည်းလာတယ်။ ပင်မမိသားစုရဲ့ မျှော်လင့်ချက်တွေကို စိတ်ပျက်စေခဲ့မိတဲ့အတွက် ကျွန်တော် တော်တော်လေးကိုပဲ ရှက်မိပါတယ်"

အလုပ်ရုံသခင်က ဝမ်းနည်းပူဆွေးနေသော လေသံဖြင့် ပြောဆိုလိုက်စဉ် သူ၏မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာကာ မျက်နှာပေါ်တွင် နောင်တတရားများ ပြည့်နှက်နေတော့သည်။

ထောင့်တစ်နေရာတွင် ဆွဲဆောင်မှုရှိသော အမျိုးသမီးနှင့် အခြားသူများက တုန်လှုပ်ချောက်ချားစွာ စိုက်ကြည့်နေကြ၏။ သူတို့၏ အလုပ်ရုံသခင် ဤမျှလောက်အထိ အခြေအနေဆိုးနေသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။ ယခင်က အထက်ကမ္ဘာမှ အထွတ်အထိပ်သခင်များ အကြွေးလာကောက်ချိန်တွင်ပင် သူ ဤမျှလောက်အထိ ကြောက်ရွံ့နေပုံ မပေါ်ခဲ့ချေ။ သို့သော် အထက်တန်းကျသော လူငယ်မှာမူ သနားစာနာသည့် အရိပ်အယောင် အလျဉ်းမပြခဲ့ပေ။

သူ၏ မျက်နှာအမူအရာက အနည်းငယ်မျှပင် ပြောင်းလဲမသွားဘဲ တည်ငြိမ်သောအသံဖြင့် မေးမြန်းလေတော့သည်။ "ပြောစမ်း... တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ"

"ဟုတ်ကဲ့ပါ သခင်လေးယွီ... ပြီးခဲ့တဲ့လက ရတနာခန်းမဆောင်က အဆောင်အသစ်တွေကို စပြီးရောင်းခဲ့ပါတယ်..."

အလုပ်ရုံသခင်သည် ပြီးခဲ့သည့်လအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်ပြီးပြောပြလိုက်တော့၏။ သူရှင်းပြနေစဉ်အတွင်း ရတနာခန်းမဆောင်က ကုန်သွယ်ရေးစံနှုန်းများကို ဖောက်ဖျက်မှုနှင့် အဆောင်ဈေးနှုန်းများကို ပြင်းပြင်းထန်ထန် လျှော့ချရောင်းချမှုများကိုတောင် ချဲ့ကားပြောဆိုလိုက်သေးပါ၏။

"ဒီလိုကိစ္စမျိုးတွေ ရှိခဲ့တာလား"

ထိုစကားများကို နားထောင်ရင်း လူငယ်၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။ သူ၏အနောက်တွင်ရှိနေသော မှုန်ဝါးဝါး အငွေ့အသက်များရှိသည့် အဘိုးအိုနှစ်ဦးပင်လျှင် အံ့ဩသွားသည့်အမူအရာများ ပေါ်လွင်နေတော့၏။

"ရတနာခန်းမဆောင်က ထုတ်တဲ့ အဆောင်တွေက ဘယ်လိုအဆောင်မျိုးတွေမလို့ ဒီလောက်ထိတောင် နာမည်ကြီးနေရတာလဲ"

"ဒီမှာပါ သခင်လေးယွီ... ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ"

အလုပ်ရုံသခင်သည် သူ၏ သိုလှောင်ရေးလက်စွပ်ထဲမှ အဆောင်အချို့ကို ထုတ်ယူကာ ဆက်သလိုက်သည်။ လူငယ်က ၎င်းတို့ကို စစ်ဆေးနေစဉ် သူက ဆက်ပြောပြတော့၏။

"ဒီအဆောင်တွေက စွမ်းအားပိုင်းမှာ ဘာမှထူးခြားတာ မရှိပါဘူး။ ကျွန်တော်တို့ရဲ့ အဆောင်တွေနဲ့ အတူတူလောက်ပါပဲ။ ဒါပေမဲ့ ရတနာခန်းမဆောင်က အဲဒါတွေကို အဓိပ္ပာယ်မရှိလောက်အောင် ဈေးပေါပေါနဲ့ ရောင်းခဲ့ပါတယ်။ သူတို့တွေ ကြိုတင်ပြင်ဆင်ထားခဲ့တာ သေချာတယ်။ အဲ့ကြောင့်ပဲ သူတို့က ဒီဈေးပေါတဲ့ အဆောင်အများကြီးကို သိုလှောင်ထားပြီးတော့ ချန်းလန်မြို့က အဆောင်ဈေးကွက်ကို သိမ်းပိုက်ပစ်လိုက်တာပါ။ ကျွန်တော်တို့တင်မကဘူး... မြို့ထဲက အခြားကုန်သည်တွေလည်း ထိခိုက်နစ်နာခဲ့ရပါတယ်။ အခုဆိုရင် အဆောင်ဝယ်တဲ့သူ သိပ်မရှိတော့ပါဘူး"

"ဒီအဆောင်တွေက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတာပဲ... အဆင့်နိမ့် ဝိညာဉ်ကျောက်စိမ်းကို ဒီလောက်အဆင့်ရှိတဲ့ အဆောင်တွေဖြစ်အောင် သန့်စင်နိုင်ဖို့ဆိုတာ... ဒါကို ဖန်တီးတဲ့သူက တကယ့်ကို ပါရမီပါတာပဲ" လူငယ်က မှတ်ချက်ချလိုက်၏။

သူ့မိသားစုထံမှ လက်ဆင့်ကမ်းလာခဲ့သော နက်နဲသည့် ကျင့်ကြံမှုနှင့် အသိပညာများရှိသည့်သူတစ်ဦးအနေဖြင့် သူသည် အဆောင်များ၏ ရှုပ်ထွေးနက်နဲမှုများကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်ပြီး မချီးကျူးဘဲ မနေနိုင်တော့ချေ။ သို့သော် ချီးကျူးပြီးနောက်၌ သူ၏မျက်နှာထားက ပို၍ပင်အေးစက်လာတော့၏။

"ဒါပေမဲ့ အဲ့ဒီရတနာခန်းမဆောင်က...ကွက်ကျော်ရိုက်ချင်နေတာပဲ။ ကုန်းရှုမိသားစုပိုင်တဲ့ စီးပွားရေးကို သူတို့က လုယူနိုင်မယ်လို့များ တကယ်ပဲ ထင်နေကြတာလား"

……..

All Chapters