← Chapters

အခန်း (၂၄၆၁-၂၄၆၂)

Vol. 247 Ch. 2461-2462

အခန်း (၂၄၆၁-၂၄၆၂)

Vol. 247 Ch. 2461-2462

အခန်း (၂၄၆၁) - အလွတ်မပေးပါနဲ့

ရွှေဟွေး ကျောင်းတော်ကြီး ၊ လူသားမျိုးနွယ်စု ကျောင်းတော်၊ ကရုဏာ တောင်။

“အစ်ကိုကြီး အစ်ကိုကြီးဆီမှာ ယုလင် မြက်ပင် ရှိလား ”

ဖန့်ချန်မှာ စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။

ကျန်းတောက်ယွဲ့က ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။

“အေး၊ ရှိတယ်။ ဒီ ယုလင်မြက်ပင်က ငါ ငယ်ငယ်တုန်းက အတွင်းနယ်မြေ တားမြစ်နယ်မြေတစ်ခုကနေ ခူးဆွတ်ခဲ့တာ။ ဒီပစ္စည်းကို ဆေးဖော်စပ်တဲ့နေရာမှာ သုံးလို့ရတယ်၊ ပြီးတော့ ယန်စွမ်းအင်ကို အားဖြည့်ပေးပြီး ယင်စွမ်းအင် ကို ဖယ်ရှားပေးတဲ့ ဆေးလုံးတွေ ပြုလုပ်တဲ့နေရာမှာလည်း သုံးတယ်။”

ခဏရပ်ပြီးနောက် -

“တကယ်လို့ အတွင်းနယ်မြေက ယင်စွမ်းအင်တွေကြောင့် ထိခိုက်မိရင်လည်း ဒီ ယုလင်မြက်ပင်က အနည်းငယ် ဖြေရှင်းပေးနိုင်တယ်။ မင်းက ဒါကို ဘာလုပ်ဖို့လဲ မင်းရဲ့ အတွင်းနယ်မြေက အခြေခံအုတ်မြစ် တောင့်တင်းတာမို့လို့ ဒါမျိုး သုံးစရာ မလိုလောက်ဘူး ထင်တယ်လေ။”

ကျန်းတောက်ယွဲ့က သံသယဝင်နေသည့် မျက်လုံးများဖြင့် ဖန့်ချန်ကို အကဲခတ်လိုက်သည်။

“ကျွန်တော် တခြားအသုံးဝင်တဲ့ နေရာမှာ သုံးဖို့ပါ။ အစ်ကိုကြီး၊ ဒီ ယုလင်မြက်ပင်ကို ကျွန်တော့်ကို ပေးနိုင်မလား။ အတွင်းနယ်မြေ ကျောက်တုံးနဲ့ လဲလှယ်ပါမယ်။”

ဖန့်ချန်က ပြုံး၍ ပြောသည်။

ကျန်းတောက်ယွဲ့က ဘာမှစဉ်းစားမနေဘဲ 'ဖပ်' ဆိုသည့်အသံနှင့်အတူ နွေးထွေးသည့် စွမ်းအင်များ ထွက်ပေါ်နေသော မြက်ပင်တစ်ပင်ကို ဖန့်ချန်လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ငါက မင်းဆီကနေ အတွင်းနယ်မြေ ကျောက်တုံးတွေကို ယူရမှာလား ဒီနှစ်တွေအတွင်း မင်းက ငါတို့ ကရုဏာ တောင်ရဲ့ ပုံစံအတိုင်းပဲ။ အောက်က ညီငယ် ညီမငယ်တွေကို ဒီလောက်တောင် ဂရုစိုက်ပေးတာ၊ စင်ကြယ်သော ဗောဓိသီး တောင် ပေးလိုက်သေးတယ်။ အခု ဒီ ယုလင်မြက်ပင် တစ်ပင်တည်းကိုများ ငါမပေးနိုင်ဘဲ နေမလား နောက်တစ်ခါ ဒီလိုစကားမျိုး မပြောနဲ့ ဘာလိုချင်တာရှိရှိ တောင်းဆိုလိုက်ပါ။ ငါ့ဆီမှာ မရှိရင်တောင် လီမော့တို့ ဆီမှာရှိကောင်းရှိနိုင်တယ် ငါတို့အချင်းချင်း အားနာစရာ မလိုပါဘူး။”

“ဒါကတော့ အားနာစရာကြီးပါခင်ဗျာ။”

ဖန့်ချန်က ပြောရင်း ယုလင်မြက်ပင်ကို သိမ်းလိုက်ပြီးနောက် ဆက်မေးလိုက်သည်။

“အကြီးအကဲ၊ ကျွန်တော် 'ဟုန်ရှန်း' ခရုခွံ နဲ့ 'ကျင်းယန်' ရေ လိုအပ်ပါသေးတယ်။”

“ညီငယ်၊ ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ။ မင်းရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခု ဖြစ်နေတာလား ”

ကျန်းတောက်ယွဲ့၏ အမူအရာမှာ အလွန်ပင် လေးနက်သွားသည်။

“ငါတို့ သူတော်စင်တွေက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ကြတော့ အတွင်းနယ်မြေ အခြေခံအုတ်မြစ်ကို မြှင့်တင်ရင်းနဲ့ ခန္ဓာကိုယ်မှာ တစ်ချို့သော အားနည်းချက်တွေ ဖြစ်လာတတ်တာ သဘာဝပဲ။ ဒါက ရှက်စရာ မဟုတ်ဘူး။ မင်း ပြောပြချင်ရင် အားလုံး ဝိုင်းစဉ်းစားပေးလို့ ရတာပဲ။”

“ဘာကို ဆိုလိုတာလဲ”

ဖန့်ချန်မှာ ကြောင်အသွားသည်။

ကျန်းတောက်ယွဲ့က သက်ပြင်းချ၍ -

“ယုလင်မြက်ပင်ပဲဖြစ်ဖြစ်၊ ဟုန်ရှန်းခရုခွံပဲဖြစ်ဖြစ်၊ ကျင်းယန်ရေပဲဖြစ်ဖြစ်၊ ဒီ (၃) ခုလုံးက ယန်စွမ်းအင်ကို အားဖြည့်ပေးတဲ့ အကောင်းဆုံး ရှာဖွေရခက်တဲ့ ပစ္စည်းတွေပဲ။ မင်းရဲ့ ခန္ဓာကိုယ်မှာ ပြဿနာ မရှိရင် ဒီလောက်တောင် ရှာနေစရာ လိုလို့လား ပြီးတော့ ဒီနှစ်မျိုးက ပုံမှန်ဆိုရင် ရှားတယ်။ အလွန်ပြင်းထန်တဲ့ ယန်စွမ်းအင်ရှိတဲ့ အတွင်းနယ်မြေ တားမြစ်နယ်မြေတွေမှာပဲ ရခဲလှတယ်။”

“အစ်ကိုကြီး အထင်မှားနေပါပြီ။ ကျွန်တော်က တခြား အသုံးဝင်တဲ့ နေရာမှာ သုံးဖို့ပါ။”

ဖန့်ချန်မှာ ခါးသီးစွာ ပြုံးလိုက်သည်။

ကျန်းတောက်ယွဲ့က မျက်မှောင်ကြုတ်လိုက်၍ ပြောလိုက်သည်။

“ငါ နဲ့တောင် ဒီလောက်တောင် အားနာနေရဦးမှာလား ”

“ဟုတ်ပါပြီလေ…”

ဖန့်ချန်က သက်ပြင်းချလိုက်ပြီး -

“ကျွန်တော်က ဝမ်ညီငယ်ကို ကူညီပေးဖို့ ရှာနေတာပါ။”

“ဝမ်ချုံစန်း လား အော်... ဒါကြောင့်ကိုး။”

ကျန်းတောက်ယွဲ့၏ မျက်လုံးထဲတွင် နားလည်သွားသည့် အရိပ်အယောင် ပေါ်လာပြီးနောက် ရယ်မောလိုက်သည်။

“ဟုန်ရှန်းခရုခွံ ဆိုတာက ငါ့ဆီမှာ မရှိဘူး၊ ကျင်းယန်ရေဆိုတာကလည်း ငါ့ဆီမှာ မရှိဘူး။ ဒါပေမဲ့ ဘယ်နေရာမှာ ရှိနိုင်လဲဆိုတာတော့ ငါသိတယ်။ ဒါပေမဲ့ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ မင်း ဟုန်ဟိုင် (နီမြန်းသောပင်လယ်) မျိုးနွယ်စုအကြောင်း ကြားဖူးလား ”

“ဟုန်ဟိုင် မျိုးနွယ်စုလား စာကြည့်တိုက်ထဲမှာ ဖတ်ဖူးပါတယ်။”

ဖန့်ချန်က ဆက်ပြောသည်။

“စာအုပ်ထဲမှာတော့ ဟုန်ဟိုင် မျိုးနွယ်စုက ပင်လယ်ထဲမှာ နေထိုင်တယ်လို့ ပါတယ်။ အရင်က ကျွန်တော်တို့ လူသားမျိုးနွယ်စုနဲ့ အငြင်းပွားမှုတွေ ဖြစ်ခဲ့ဖူးပြီး နှစ်ပေါင်းတစ်သိန်းကျော်လောက် တိုက်ခိုက်ခဲ့ကြတယ်၊ နောက်တော့မှ ကျောင်းတော်ရဲ့ ကြားဝင်ဖြန်ဖြေမှုနဲ့ စစ်ပွဲ ရပ်တန့်သွားတာပါ။”

'ပေါင်ရှန်း မျိုးနွယ်စုလိုပဲ ဟုန်ဟိုင်မျိုးနွယ်စုကလည်း လူသားတွေကို အရင်က ကျွန်ပြုခဲ့ဖူးသည်။ ထိုအချိန်တုန်းက လူသားမျိုးနွယ်စုက ကွဲပြားနေပြီး သူတော်စင် မရှိတော့သည့်အတွက် အကြီးဆုံး မျိုးနွယ်စုများမှာ ကျွန်ပြုခံထားရသည်။ နောက်ပိုင်း လူသားမျိုးနွယ်စုမှာ သူတော်စင်တွေ ပေါ်ပေါက်လာမှသာလျှင် ကျွန်ပြုခြင်းမှ လွတ်မြောက်လာခဲ့သည်။

လက်ရှိကာလအထိလည်း ပေါင်ရှန်းမျိုးနွယ်စုနှင့် ဟုန်ဟိုင်မျိုးနွယ်စုတို့၏ ဖိနှိပ်မှုကို ခံနေရဆဲဖြစ်သည်။ နှစ်ဦးနှစ်ဖက်ကြားက ရန်ငြိုးရန်စတွေကတော့ လူသိရှင်ကြား မဟုတ်ပေမဲ့ တကယ်တမ်း တွက်ချက်ကြည့်မယ်ဆိုရင်တော့ အလွန်ပင် ကြီးမားလှပေသည်။

“မှန်တယ်။ မင်းလိုချင်တဲ့ ဟုန်ရှန်းခရုခွံက တခြားကျောင်းတော်တွေမှာ မရှိနိုင်ဘူး။ ဒါပေမဲ့ ဟုန်ဟိုင် ကျောင်းတော်မှာတော့ ရှိမှာပဲ။ ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ ဟုန်ဟိုင်မျိုးနွယ်စုက နည်းနည်း ကျဆင်းလာတယ်။ ရွှဟွေး ကျောင်းတော်မှာ သူတို့ရဲ့ နာမည်က လူသားမျိုးနွယ်စုလောက် မရှိတော့ဘူး။ မင်း ဟုန်ရှန်းခရုခွံကို သွားတောင်းမယ်ဆိုရင် နည်းနည်းတော့ ပြဿနာ ရှိနိုင်တယ်။”

ကျန်းတောက်ယွဲ့က ပြုံး၍ ပြောသည်။

“ကျင်းယန်ရေအတွက်ဆိုရင်တော့ မင်း ဟော်ရှယ် (မီးမြွေ) မျိုးနွယ်စုကို သွားမေးကြည့်ပါ။ သူတို့ဆီမှာ ရှိဖို့များတယ်။ ဟော်ရှယ်မျိုးနွယ်စုနဲ့က ငါတို့နဲ့ ဘာရန်ငြိုးမှ မရှိဘူး၊ အတွင်းနယ်မြေ ကျောက်တုံးနည်းနည်း ပေးလိုက်ရင် ရနိုင်ပါတယ်။”

“အစ်ကိုကြီး လမ်းညွှန်ပေးတာ ကျေးဇူးတင်ပါတယ်၊ ဝမ်ညီငယ်အတွက် သွားတောင်းပေးလိုက်ပါဦးမယ်။”

ဖန့်ချန်က အရိုအသေပေးကာ လှည့်ထွက်သွားသည်။

သူ ထွက်သွားပြီးနောက် ကျန်းတောက်ယွဲ့သည် ခန်းမထဲမှ ထွက်လာခဲ့သည်။ ထိုစဉ် ဝမ်ချုံစန်း နှင့် ဖန့်ချန်တို့ နှုတ်ဆက်နေကြသည်ကို မြင်လိုက်ရသည်။

“ဝမ်ညီငယ်။”

ကျန်းတောက်ယွဲ့က ခေါ်လိုက်သည်။

ဝမ်ချုံစန်းက မြင်သည်နှင့် ချက်ချင်းပင် ရှေ့တိုးလာကာ အရိုအသေပေးသည်။

“အစ်ကိုကြီး။”

“နောက်ပိုင်း ဘာအကူအညီပဲ လိုလို အစ်ကိုကြီးကို တိုက်ရိုက်ပြောပါ။ မင်းနဲ့ ဖန့်ညီငယ်က ခင်မင်ကြပေမဲ့ ငါတို့က အချင်းချင်း ညီအစ်ကိုတွေပဲ၊ အားနာစရာ မလိုပါဘူး။”

ကျန်းတောက်ယွဲ့က ဝမ်ချုံစန်း၏ ပခုံးကို ပုတ်ပေးပြီးနောက် ထွက်ခွာသွားသည်။

ဝမ်ချုံစန်းမှာ ဘာဖြစ်မှန်း မသိဘဲ ငေးမောနေမိသည်။

“ဆန်းလိုက်တာ၊ အစ်ကိုကြီး ပြောတဲ့ စကားက ဘာကို ဆိုလိုတာလဲ ”

……

ဟုန်ဟိုင် မျိုးနွယ်စု ကျောင်းတော်။

ဖန့်ချန်သည် အဆုံးမရှိသော ပင်လယ်ပြင်ကြီးကို ကြည့်ရင်း စိတ်ထဲတွင် ခံစားချက်တို့ ဖြစ်ပေါ်လာသည်။ သူ အရင်က ဒီနေရာကို မရောက်ဖူးခဲ့ပေ၊ ဟုန်ဟိုင် ကျောင်းတော်မှာ ပင်လယ်ကြီး ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

“လူသားလား မင်း ဒီကို ဘာလာလုပ်တာလဲ”

ရုတ်တရက် ပင်လယ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ဖန့်ချန်ကို သံသယဖြင့် ကြည့်နေသည်။

ထိုဟုန်ဟိုင် မျိုးနွယ်စုဝင်၏ အသွင်အပြင်မှာ ဂျူလင် မျိုးနွယ်စုနှင့် အနည်းငယ် ဆင်တူသည်။ ခန္ဓာကိုယ်မှာ အလွန်ပင် ကြီးမားသည်။ လက်ချောင်းများကြားတွင် အမြှေးပါးများ ရှိပြီး အရေပြားမှာ အနီဖျော့ရောင် ဖြစ်ကာ အနက်ရောင် အစက်အပြောက်များ ရှိသည်။

နားရွက်အနောက်တွင် အဆူးများ ရှိပြီး မျက်လုံးအောက်တွင်မူ ပိတ်ထားသည်။ အသွင်အပြင်မှာတော့ ဂျူလင်မျိုးနွယ်စုလောက် မလှပဘဲ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ပါးစပ်မှာ အနည်းငယ် ထွက်နေပြီး ငါးခူပါးစပ်နှင့် ဆင်တူသည်။ ထိုဟုန်ဟိုင် မျိုးနွယ်စု သူတော်စင်မှာ ဖန့်ချန်နှင့် ကျင့်စဉ်အဆင့်တူ ဖြစ်သည်။

“မိတ်ဆွေ ကျွန်တော် ဟုန်ရှန်းခရုခွံ တစ်ခု လာဝယ်တာပါ။ရမလား မသိဘူး…”

ဖန့်ချန်က ယဉ်ကျေးစွာဖြင့် ပြောလိုက်သည်။

စကားမဆုံးခင်မှာပင် ထိုသူက ကြမ်းတမ်းစွာ ဖြတ်ပြောလိုက်သည်။

“မင်း စိတ်ကူးတောင် မယဉ်နဲ့။ လူသားတစ်ယောက်က ငါတို့ ဟုန်ဟိုင် မျိုးနွယ်စုဆီလာပြီး ဟုန်ရှန်းခရုခွံ လာဝယ်ရဲတယ်ပေါ့။ ဒီပစ္စည်းက ငါတို့ မျိုးနွယ်စုမှာ ဘယ်လောက်တန်ဖိုးရှိလဲ သိလို့လား မင်းတို့ လူသားတွေက ဒါကို ပိုင်ဆိုင်ဖို့ ဘာအရည်အချင်း ရှိလို့လဲ ”

စကားပြောနေစဉ်မှာပင် ဟုန်ဟိုင် မျိုးနွယ်စုဝင် တစ်ဆယ်ကျော်လောက် ပင်လယ်ထဲမှ ထွက်ပေါ်လာသည်။

“ဘာဖြစ်တာလဲ”

“ဟင် လူသားလား ထူးဆန်းလိုက်တာ၊ လူသားတွေက ငါတို့နေရာကို ဘာလာလုပ်တာလဲ ”

“ဒီကောင်ကို မျက်မှန်းတန်းမိသလိုပဲ။”

“အားလုံးရေ၊ ဒီလူသားက ဟုန်ရှန်းခရုခွံ လာဝယ်မယ်တဲ့၊ ဟားဟား။”

အစောဆုံး ထွက်ပေါ်လာသည့် ဟုန်ဟိုင်မျိုးနွယ်စုဝင်က ရယ်မောလိုက်သည်။ ကျန်ရှိသည့် သူများကလည်း ဖန့်ချန်ကို ကြည့်ကာ သရော်သော အပြုံးများဖြင့် ရယ်မောလိုက်ကြသည်။

ဖန့်ချန်မှာ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဟုန်ဟိုင်မျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုကြားက ဆက်ဆံရေးမှာ တကယ်ပင် ဆိုးရွားလှသည်။ အငြင်းပွားမှုတွေ ရပ်တန့်သွားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုသော်လည်း ဘိုးဘေးစဉ်ဆက်က ကျန်ရစ်ခဲ့သည့် ရန်ငြိုးရန်စများမှာ နောက်မျိုးဆက်အထိ သက်ရောက်နေဆဲပင်။

ထိုစဉ်မှာပင် ဟုန်ဟိုင်မျိုးနွယ်စုဝင် တစ်ယောက်၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် ဖန့်ချန်ကို လက်ညှိုးထိုးကာ အံ့အားသင့်စွာ အော်လိုက်သည်။

“မင်းက လူသား ဖန့်ချန် မဟုတ်လား ”

“ဘာ”

“သူက ဖန့်ချန် လား”

“သူ ဒီကို ဘာလာလုပ်တာလဲ”

ရယ်မောနေကြသည့် ဟုန်ဟိုင်မျိုးနွယ်စုဝင်များမှာ တိတ်ဆိတ်သွားကြသည်။ သူတို့ ဖန့်ချန်၏ မျက်နှာကို သေချာကြည့်ပြီးနောက်မှ တုန်လှုပ်သွားကြသည်။ တကယ်ပဲ ဖန့်ချန် ဖြစ်နေသည်။ လူသားတွေကို သူတို့အမြင်မှာ တစ်ပုံစံတည်းလို့ ထင်တတ်ကြသည်။ ဖန့်ချန်ကို မှတ်မိရခြင်းမှာလည်း သူတိုက်ခိုက်တိုင်း သူတို့ အမြဲတမ်း ဂရုစိုက်ကြည့်ရှုခဲ့ကြလို့ပင်။

အစောဆုံး ထွက်ပေါ်လာသည့် ဟုန်ဟိုင်မျိုးနွယ်စုဝင်မှာ အလွန်ပင် ရှက်ရွံ့သွားပြီး လက်အုပ်ချီကာ ပြောသည်။

“ဖန့်ညီကို၊ ခုနက မမှတ်မိလို့ပါ။ တောင်းပန်ပါတယ်။”

“ရပါတယ်၊ ရပါတယ်။ အဲဒီ ဟုန်ရှန်းခရုခွံ က…”

ဖန့်ချန်ကလည်း ပြုံး၍ လက်အုပ်ချီလိုက်သည်။

“ဟုန်ရှန်းခရုခွံ လား… ဒီပစ္စည်းက အတော်လေး ရှားပါတယ်။ ဟုန်ဟိုင်မျိုးနွယ်စုဝင် နည်းနည်းပဲ ရှိမှာပါ။ ဒါပေမဲ့ ငါတို့ မေးကြည့်ပေးလို့ ရပါတယ်။”

ထိုသူက တွေးတောရင်း ပြောလိုက်သည်။

အခန်း (၂၄၆၂) - ဟုန်ဟိုင် မျိုးနွယ်စု ကျောင်းတော်

ဖန့်ချန်သည် တစ်ဖက်လူက မိမိကို မှတ်မိသွားသည့်အချိန်တွင် အမူအရာများမှာ ရုတ်တရက် အလွန်ပင် ဖော်ရွေသွားသည်ကို သတိပြုမိလိုက်သည်။

“မိတ်ဆွေ၊ ဘယ်လို ခေါ်ရမလဲခင်ဗျာ”

ဖန့်ချန်က လက်အုပ်ချီကာ ပြုံး၍ မေးလိုက်သည်။

“ကျွန်တော့်နာမည်က ဟိုင်တာရှင်း ပါ။”

ဟိုင်တာရှင်းမှာ ရုတ်တရက် အလွန်ပင် ကြောက်ရွံ့လေးစားသွားပုံရသည်။ တစ်ဖက်လူ၏ နောက်ခံမှာ လူသားမျိုးနွယ်စု ဖြစ်နေပြီး ဟုန်ဟိုင်မျိုးနွယ်စုနှင့် ရန်ငြိုးရန်စများ ရှိနေသည်ဆိုသော်လည်း၊ သူသည် နေမင်းခုနှစ်ပါး ကျောင်းသားတစ်ဦး ဖြစ်သည့်အပြင် နေမင်းခှနှစ်ပါး ကျောင်းတော်ထဲတွင် သူရရှိထားသော ရလဒ်များက ယခုလက်ရှိ ဟုန်ဟိုင်မျိုးနွယ်စု၏ လူငယ်မျိုးဆက်များကိုပင် မှီလိုက်နိုင်စွမ်း မရှိအောင် ဖြစ်နေသောကြောင့် ဖြစ်သည်။

“ဟိုင်မိတ်ဆွေ၊ ဒီတစ်ခေါက် ဟုန်ရှန်းခရုခွံ ရှာရမယ့်ကိစ္စကို ခင်ဗျားကိုပဲ အားကိုးရတော့မယ်ဗျာ။”

ဖန့်ချန်က အရိုအသေပေးကာ ပြောသည်။

“သိပ်ပြီးတော့လည်း အားနာစရာ မလိုပါဘူး။ ဒီလိုလုပ်၊ ခင်ဗျား ကျွန်တော့်နောက် လိုက်ခဲ့ပါ။”

ဟိုင်တာရှင်းက ခဏစဉ်းစားပြီးနောက် ပင်လယ်ထဲသို့ ငုပ်လျှိုးသွားသည်။

ဖန့်ချန်လည်း မြင်သည်နှင့် နောက်မှ လိုက်သွားလိုက်သည်။ အတွင်းနယ်မြေ စွမ်းအားများက သူ့ခန္ဓာကိုယ်ကို ဝန်းရံထားပြီး ပင်လယ်ရေကို ဖယ်ရှားထားသည်။ သို့သော် ဟိုင်တာရှင်းမှာမူ ထိုသို့ လုပ်စရာမလိုဘဲ ပင်လယ်ထဲတွင် ကုန်းမြေပေါ်ထက်ပင် ပိုမိုပေါ့ပါးလွတ်လပ်စွာ လှုပ်ရှားနေနိုင်သည်။

“ဒီကောင် ဟိုင်တာရှင်းကတော့ မျက်နှာ ပြောင်းလဲတာမြန်လိုက်တာကွာ။”

“အဲဒါ ဖန့်ချန်လေ၊ တခြားလူမှ မဟုတ်တာ။ ကံဆိုးလိုက်တာ၊ ငါသာ ခုနက စောစောထွက်ပြီး ပြောလိုက်မိရင် ဖန့်ချန်ကို လမ်းပြပေးမယ့်သူက ငါ ဖြစ်နေမှာ။”

“ဘာကံဆိုးရမှာလဲ၊ သူက ဖန့်ချန် ဖြစ်နေရင်ရော ဘာဖြစ်လဲ လူသားတွေနဲ့ ငါတို့ ဟုန်ဟိုင်မျိုးနွယ်စုက ဘယ်တုန်းကမှ အဆင်မပြေခဲ့တာ၊ မေ့သွားပြီလား”

“ခုနကတော့ မင်း အဲလောက်တောင် ရဲရဲတင်းတင်း မရှိခဲ့ပါလား ကောင်းကင်ငါးပါး စစ်မြေပြင်မှာ သူ့ကို တွေ့မှာ ကြောက်နေတာလား စိတ်မပူပါနဲ့၊ ကောင်းကင် ငါးပါးကြီးကြပ်ရေးမှူးက မင်းကို သူ့နဲ့ တိုက်ခိုက်ခိုင်းမှာ မဟုတ်ပါဘူး။”

“မင်း”

“အားလုံးပဲ စကားမများကြပါနဲ့တော့။”

ဟုန်ဟိုင် မျိုးနွယ်စု သူတော်စင် တစ်ဦးက ဖန့်ချန်နှင့် ဟိုင်တာရှင်းတို့၏ ကျောပြင်ကို စိတ်ဝင်တစား ကြည့်နေရင်း ပြောလိုက်သည်။

“မင်းတို့ ပြောကြပါဦး၊ သူက ဟုန်ရှန်းခရုခွံကို ဘာလို့ လာရှာတာလဲ ”

“ဘာလုပ်ဖို့ ရှိမှာလဲ ကိုယ်တိုင် သုံးဖို့ပဲ ဖြစ်မှာပေါ့။ ငါတို့ ဟုန်ဟိုင်မျိုးနွယ်စုရဲ့ ဟုန်ရှန်းခရုခွံက ကောင်းကင် ငါးပါးမှာ နာမည်ကျော်ကြားတာလေ။ တခြား ကောင်းကင်လေးပါးက ပစ္စည်းကောင်းတွေ အများကြီး ပေးပြီး ဝယ်ဖို့ ကြိုးစားနေတာ ကြားဖူးတယ်။”

“ဒါဆိုရင် ဖန့်ချန်မိတ်ဆွေမှာ ပြောရခက်တဲ့ အခက်အခဲ တစ်ခုခု ရှိနေတာပေါ့ ”

“ဟဲဟဲ၊ ဒါက ပုံမှန်ပဲ မဟုတ်လား။ လူသားတွေက ငါတို့လောက် ဘယ်ကောင်းမလဲ၊ ငါတို့ဆို တစ်ခါတည်း ကလေးတစ်ရာလောက် မွေးနိုင်တယ်၊ သူတို့ကတော့ အများဆုံး သုံးယောက်၊ ငါးယောက်ပဲ ရမှာ။”

“ဒါလည်း ဟုတ်တာပါပဲ…”

……

“ဒီ ဟုန်ဟိုင်မျိုးနွယ်စု ကျောင်းတော်ရဲ့ ရှုခင်းကလည်း တမူထူးခြားသားပဲ။”

ဖန့်ချန်၏ မျက်လုံးထဲတွင် အံ့ဩမှု အရိပ်အယောင် ပေါ်လာသည်။ ပင်လယ်ထဲသို့ ရောက်သွားလျှင် မှောင်နေလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် တကယ်တမ်းမှာတော့ သူတို့၏ အပေါ်ယံကောင်းကင်တွင် အနီရောင် တောက်ပနေသော ပစ္စည်းများစွာမှာ မျောလွင့်နေကြသည်။ သေချာကြည့်မှသာလျှင် ၎င်းတို့မှာ တစ်မျိုးမျိုးသော ခရုခွံများ ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုခရုခွံများမှ ထွက်ပေါ်လာသော အလင်းရောင်များက နက်ရှိုင်းသော ပင်လယ်ပြင်ကိုပင် အတော်လေး လင်းထိန်နေစေသည်။

အဝေးသို့ လှမ်းကြည့်လိုက်လျှင် ဆက်တိုက် တည်ရှိနေသော တောင်တန်းကြီးများနှင့် အလွတ်သဘော တည်ရှိနေသော ဂူများ၊ ခန်းမများ၊ အမျိုးမျိုးသော အဆောက်အအုံများကို မြင်တွေ့နိုင်သည်။ ၎င်းတို့မှာ တောက်ပနေသော ခရုခွံများ၏ အလင်းရောင်အောက်တွင် ရောင်စုံတောက်ပကာ လှပနေသည်။

တစ်ခါတစ်ရံတွင် ဟုန်ဟိုင်မျိုးနွယ်စု သူတော်စင်များ ဖြတ်သွားကြပြီး ဟိုင်တာရှင်းကို မြင်သောအခါ ဖန့်ချန်ကို သိပ်ပြီး အာရုံမစိုက်ကြပေ။ ခဏတာတွင် ဖန့်ချန်မှာ လူသား ဖြစ်ကြောင်းကိုလည်း မမှတ်မိကြ၊ ဖန့်ချန် ဖြစ်နေမှန်းလည်း မသိလိုက်ကြပေ။

“ဖန့်မိတ်ဆွေ၊ ငါတို့ ဟုန်ဟိုင်မျိုးနွယ်စု ကျောင်းတော်ရဲ့ ရှုခင်းက ခင်ဗျားတို့ ဘက်နဲ့ အရမ်း ကွာခြားနေလား”

ဟိုင်တာရှင်းက ဖန့်ချန်၏ မျက်လုံးထဲက ခံစားချက်ကို ဖမ်းမိသွားပြီး ပြုံး၍ မေးလိုက်သည်။

“အရမ်း လှတယ်။”

ဖန့်ချန်က ခေါင်းညိတ်ကာ စိတ်ရင်းအမှန်ဖြင့် ချီးကျူးလိုက်သည်။

ဟိုင်တာရှင်းမှာ အနည်းငယ် ကြောင်သွားပြီး ဖန့်ချန်ကို ကြည့်သည့် အကြည့်မှာ အနည်းငယ် ပြောင်းလဲသွားသည်။ ခုနကဆိုလျှင် တစ်ဖက်လူ၏ နောက်ခံကြောင့်သာ ဖော်ရွေပြနေခြင်း ဖြစ်သော်လည်း၊ ယခုအခါတွင်တော့ မျက်စိရှေ့က လူမှာ သူမှတ်မိထားသည့် လူသားများနှင့် အနည်းငယ် ကွာခြားသည်ဟု ခံစားလိုက်ရသည်။

“ဖန့်မိတ်ဆွေ၊ ကျွန်တော့်အစ်ကိုက ဟုန်ဟိုင်မျိုးနွယ်စု ကျောင်းတော်ရဲ့ ရှင်းရှာ တောင်ထိပ်က ကျောင်းသားပါ။ သူက အသက်စွမ်းအင်သူတော်စင်ပါ၊ ကျွန်တော်တို့ အခု သူ့ဆီသွားပြီး ဟုန်ရှန်းခရုခွံ ရနိုင်မရနိုင် မေးကြည့်ရအောင်။”

ဟိုင်တာရှင်းက ပြောသည်။ ခဏရပ်ပြီးနောက် သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဖန့်မိတ်ဆွေက ဟုန်ရှန်းခရုခွံကို ဘာအတွက်များ…”

“ကျွန်တော့်မှာ ဝမ်ချုံစန်း ဆိုတဲ့ ညီငယ်တစ်ယောက် ရှိတယ်၊ သူကပဲ ဟုန်ရှန်းခရုခွံ ရှာပေးဖို့ အကူအညီ တောင်းထားတာ။ အစ်ကိုတစ်ယောက်အနေနဲ့ ညီငယ် အကူအညီ လိုနေရင် ကူညီပေးရမှာပေါ့။”

ဖန့်ချန်က သာမန်သဘောဖြင့် ပြောလိုက်သည်။

ဟိုင်တာရှင်းမှာ ချက်ချင်းပင် လေးစားသွားပြီး ကြားဖူးနားဝရှိသည့် ကောလာဟလများကို သတိရသွားကာ ချီးကျူးလိုက်သည်။

“ဖန့်မိတ်ဆွေ၊ ခင်ဗျား နေမင်းခုနှစ်ပါး ခန်းမ ထဲမှာ ရှာဖွေရရှိခဲ့တဲ့ စင်ကြယ်သော ဗောဓိသီး တွေကို ညီငယ် ညီမငယ်တွေ အကုန်ပေးလိုက်တယ် ဆိုတဲ့ ကောလာဟလကို အရင်ကတည်းက ကြားဖူးပါတယ်။ တကယ်လို့ ဒါက အမှန်ဆိုရင် လူသားတွေထဲမှာ ဒီလောက်အထိ ညီအစ်ကို မေတ္တာထားနိုင်တဲ့သူ ရှားပါတယ်။ ဘယ်သူမဆို ကိုယ့်ညီငယ်အတွက်နဲ့ ဟုန်ဟိုင် မျိုးနွယ်စု ကျောင်းတော်အထိ ရောက်အောင် လာရဲမှာ မဟုတ်ပါဘူး၊ လူတွေရဲ့ မကြားကောင်းမနာကောင်း စကားတွေကို ကြားရမှာ စိုးရိမ်ရတာကိုး။”

ထိုအချိန်တွင် သူတို့မှာ ရှင်းရှာတောင်ထိပ်သို့ ရောက်ရှိလာကြသည်။ ထိုတောင်ခြေရင်းတွင် သဲများ ဝန်းရံနေပြီး ၎င်းသဲများမှာ ကြယ်တာရာများကဲ့သို့ တောက်ပနေကြသည်။ အပေါ်မှ အောက်သို့ ကြည့်လိုက်လျှင် အလွန်ပင် လှပနေသည်။

“ကျွန်တော့်အစ်ကိုသာ ဖန့်မိတ်ဆွေလိုမျိုး သူ့ညီကို အဲဒီလောက်အထိ ချစ်ခင်ပေးရင် ကောင်းမှာပဲ။”

ဟိုင်တာရှင်းမှာ ဘာကို သတိရသွားမှန်း မသိဘဲ သက်ပြင်းချလိုက်သည်။ ထိုစဉ်မှာပင် အသံတစ်ခု ထွက်ပေါ်လာသည်။

“မင်း ဘာပြောလိုက်တာလဲ ငါ မင်းကို မကောင်းဆက်ဆံလို့လား ”

ဟိုင်တာရှင်းမှာ တုန်လှုပ်သွားပြီး အလိုအလျောက် နောက်သို့ လှည့်ကြည့်လိုက်ရာ အနီးအနားတွင် လူအချို့ ထိုင်နေကြပြီး ပွဲကျနေပုံရသည်ကို မြင်လိုက်ရသည်။ ထိုအထဲမှ ဟုန်ဟိုင်မျိုးနွယ်စု သူတော်စင် တစ်ဦးက သူ့ကို အေးစက်စက် ကြည့်နေသည်။

“အားလုံးက အသက်စွမ်းအင်သူတော်စင်တွေပဲ။”

ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ချက် ပေါ်လာသည်။ ဟိုင်တာရှင်းမှာ မိမိ၏ ရည်ရွယ်ချက်ကို သတိရသွားပြီး အမြန်ပင် လက်ယပ်ခေါ်လိုက်သည်။

“အစ်ကို၊ ကျွန်တော် အကူအညီ လိုလို့။”

“ဘာကိစ္စလဲ”

တစ်ဖက်လူမှာ ကြောင်သွားသည်။ ဘေးနားရှိ ဟုန်ဟိုင်မျိုးနွယ်စု သူတော်စင် အချို့က ဖန့်ချန်ကို သေချာကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားကြသည်။

“ရှီးမျိုးနွယ်စု သူတော်စင် ရောက်လာတာလား”

“တာရှင်း၊ မင်း ရှီးမျိုးနွယ်စု သူတော်စင်ကို ခေါ်ပြီး အလည်လာတာလား ”

ဟိုင်တာရှင်း၏ အစ်ကိုမှာ ချက်ချင်းပင် ထရပ်လိုက်ပြီး အလွန်ပင် ရင်းနှီးဖော်ရွေစွာဖြင့် ရှေ့သို့ တိုးလာသည်။

“မိတ်ဆွေ မင်္ဂလာပါ။ ကျွန်တော့်ရဲ့ အသုံးမကျတဲ့ ညီလေးက ရှီးမျိုးနွယ်စုက မိတ်ဆွေကို သိနေလိမ့်မယ်လို့ မထင်ထားဘူး။ မိတ်ဆွေ ဘယ်လို ခေါ်ရမလဲခင်ဗျာ ”

ဟိုင်တာရှင်း၏ မျက်နှာတွင် ရှက်ရွံ့သည့် အရိပ်အယောင် ပေါ်လာသည်။

“အစ်ကို၊ ဖန့်ချန်မိတ်ဆွေက လူသားပါ။ ရှီးမျိုးနွယ်စုက မဟုတ်ဘူး။”

“လူသား”

ဟိုင်တာရှင်း၏ အစ်ကိုမှာ အမူအရာ လုံးဝ ပြောင်းလဲသွားသည်။ အနီးရှိ ကျန်ရှိသည့် ဟုန်ဟိုင်မျိုးနွယ်စု သူတော်စင်များမှာလည်း အားလုံး ထရပ်လိုက်ပြီး ဖန့်ချန်ကို စိုက်ကြည့်နေကြသည်။ တစ်ခဏချင်းမှာပင် ဖန့်ချန်သည် မိမိကို သတ်ဖြတ်လိုသည့် ရန်လိုသော အကြည့်များစွာကို ခံစားလိုက်ရပြီး သူတို့က မိမိကို အပိုင်းပိုင််း အစိပ်စိပ် ခုတ်ပစ်တော့မည့် အလား ဖြစ်နေသည်။

“အစ်ကို၊ သူက လူသားမျိုးနွယ်စု ကျောင်းတော်ရဲ့ အကြီးအကဲ ဖန့်ချန်ပါ။ ဒုတိယအဆင့် စာမေးပွဲကိုတောင် အောင်မြင်ထားပြီးပြီ။”

ဟိုင်တာရှင်းမှာ အမြန်ပင် မျက်ရိပ်ပြလိုက်သည်။

ဟိုင်တာရှင်း၏ အစ်ကိုမှာ ခဏတာ ငေးမောသွားပြီးနောက် ဖန့်ချန်၏ မျက်နှာကို သေချာ အကဲခတ်လိုက်သောအခါ အမူအရာမှာ အလွန်ပင် လေးနက်သွားသည်။ ကျန်ရှိသည့် ဟုန်ဟိုင် သူတော်စင်များမှာလည်း အနီးသို့ ရောက်လာကြပြီး ဖန့်ချန်မှာ ထိုဖန့်ချန် ဖြစ်ကြောင်း အတည်ပြုလိုက်သည့်အခါ သူတို့၏ မျက်လုံးထဲမှ သတ်ဖြတ်လိုသည့် စိတ်မှာ လျော့ပါးသွားပြီး ကြောက်ရွံ့မှုများ အစားထိုး ဝင်ရောက်လာသည်။

“ဖန့်ချန်မိတ်ဆွေ မင်္ဂလာပါ။ ကျွန်တော်က ဟိုင်တာရှင်းရဲ့ အစ်ကို၊ ဟိုင်ရှင်းရှင်း ပါ။”

ဟိုင်ရှင်းရှင်း၏ မျက်နှာတွင် လေးနက်သည့် အရိပ်အယောင် ပေါ်လာသည်။

“ဟိုင်တာရှင်းက မိတ်ဆွေကို တစ်ခုခု မှားယွင်းပြောမိတာ ရှိလား အဲဒီလိုဆိုရင် အစ်ကိုတစ်ယောက်အနေနဲ့ ကိုယ်စားတောင်းပန်ပါတယ်၊ သူ့ကို ဒုက္ခမပေးပါနဲ့။”

“အစ်ကို၊ အစ်ကို့အမြင်မှာ ကျွန်တော်က ပြဿနာပဲ ရှာတတ်တဲ့သူလား ”

ဟိုင်တာရှင်းမှာ အလွန်ပင် စိတ်ပျက်စွာ ပြောသည်။

“ဖန့်ချန်မိတ်ဆွေက သူ့ညီငယ်အတွက် ဟုန်ရှန်းခရုခွံ ဝယ်ချင်လို့ပါ။ ကျောင်းတော်ထဲမှာ ဘယ်သူ့ဆီမှာ ဟုန်ရှန်းခရုခွံ ရှိလဲ မသိလို့ အစ်ကို့ဆီ ခေါ်လာတာပါ။”

“အမ် ဟုန်ရှန်းခရုခွံ ဝယ်မလို့လား ”

ဟိုင်ရှင်းရှင်းမှာ ချက်ချင်း နားမလည်နိုင်ဘဲ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရယ်မောလိုက်သည်။

“ဒါက လွယ်ပါတယ်၊ ကျွန်တော့်ဆရာ့ဆီမှာ ဟုန်ရှန်းခရုခွံ ရှိတယ်။ မင်းတို့ ဒီနေ့ လာတာ ကွက်တိပဲ၊ ဆရာက ဧည့်သည် လက်ခံနေတာ။ အခု အားလုံး အတူတူ သွားပြီး ဆရာ့ဆီက ဟုန်ရှန်းခရုခွံ ရောင်းမရောင်း မေးကြည့်ကြတာပေါ့။”

All Chapters