← Chapters

အခန်း ၂၉၆၇

Vol. 237 Ch. 2967

အခန်း ၂၉၆၇

Vol. 237 Ch. 2967

အခန်း (၂၉၆၇)

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

သူတော်စင်သားတော်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ တလော့အင်မော်တယ် ဆယ်ယောက်ကျော်၏ ခန္ဓာကိုယ်ကနေ တလော့အင်မော်တယ်စွမ်းအားများသည် တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာခဲ့ကြသည်။

သူတော်စင်သားတော်သည် ယခုအချိန်တွင် ဒေါသရား၏ လွှမ်းမိုးခြင်းကို ခံလိုက်ရပြီမှန်း မြင်လိုက်ရသည့်အတွက် ပိုင်မင်ချွမ်တစ်ယောက် သူ၏ စိတ်နှလုံးထဲတွင် သက်ပြင်းချမိရုံကလွဲ၍ ဘာမှမတတ်နိုင်တော့ပေ။

အခြေအနေက ဤအထိပင် ရောက်ရှိလာပြီဖြစ်ရာ သူတို့အားလုံးစုပေါင်းလှုပ်ရှာပြီး ကျန်းချန်ကို အရင်ဆုံး ဖမ်းဆီးဖို့သာ ရှိတော့သည်။

“ပုရွက်ဆိတ်လေးတစ်အုပ်ကများ.. မင်းတို့တွေ အင်အားချင်း ပူးပေါင်းလိုက်ရင်တောင် ငါ့ကို ဘာတတ်နိုင်မှာမို့လဲ...ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်.. စုစည်းစမ်း”

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏ တစ်ကိုယ်လုံးသည် ရုတ်တရက် ရွှေရောင်မွန်းစတားတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူက လက်ငါး‌ချောင်းတောင်တန်း ကဲ့သို့ သူ၏ရွှေ‌ရောင်လက်ဝါးကြီးကို အသုံးပြု၍ အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်သည်။

ထိုခဏဝယ် နေ၊လနှင့်ကြယ်တာရာများပင် ပြိုကွဲမတတ် ဖြစ်သွားခဲ့သည်။

“မကောင်းတော့ဘူး အားလုံးပဲ မြန်မြန်လှုပ်ရှားကြတော့”

ကျန်းချန်၏ လက်ဝါးရိုက်ချက် ဆီကနေ ထွက်ပေါ်လာသော စွမ်းအားများကို ခံစားမိလျှင် ပိုင်မင်ချွမ်သည် မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။

ကျန်းချန်၏ လက်ဝါးရိုက်ချက်သည် တလော့အင်မော်တယ်အဆင့်ကို လုံးဝ ကျော်လွန်နေပြီ ဖြစ်ပြီး ထိုက်ယီအင်မော်တယ်အဆင့်နှင့်ပင် ယှဥ်နိုင်သောအဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်၏။

အကယ်၍ သူတို့သာ အနည်းငယ် ပေါ့ဆမိမည်ဆိုလျှင် ယနေ့တွင် အဖိုးအခ အကြီးအကျယ် ပေးဆပ်ရပေလိမ့်မည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ တလော့အင်မော်တယ်များသည် ကျန်းချန်၏ လက်ဝါးရိုက်ချက်ဆီမှ ကြောက်မက်ဖွယ်ရာစွမ်းအားကို ခံစားမိလိုက်ကြပြီ ဖြစ်ရာ တုံ့ဆိုင်းမနေဝံ့တော့ဘဲ ချက်ချင်းဆိုသလိုပင် လက်ဟန်များကို တစ်ပြိုင်နက် ပြုလုပ်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရေခဲအကာအကွယ်အတားအဆီးတစ်ခုသည် သူတို့၏ ဦးခေါင်းအထက်တွင် အလွန် လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။

ထိုရေခဲအကာအကွယ် အတားအဆီး ပေါ်ပေါက်လာသည့်အချိန်မှာပင် ကျန်းချန်၏ လက်ဝါးကြီးသည် အတားအဆီးပေါ်သို့ ကျရောက်လာခဲ့၏။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်လှုပ်သွားစေသည့် ကျယ်လောင်သောအသံကြီးများသည် ဟင်းလင်းပြင်ထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့သည်။

ရွှေရောင်လက်ဝါးကြီးနှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက်တွင် ရေခဲအကာအကွယ် အတားအဆီးသည် အဆုံးသတ်တွင် ဆက်လက်ခံနိုင်ရည် မရှိတော့ဘဲ ပေါက်ကွဲထွက်သွားခဲ့၏။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ တလော့အင်မော်တယ် ဆယ်ပါးကျော်သည် ခန္ဓာကိုယ် တုန်ယင်သွားခဲ့ပြီး မျက်နှာက ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့သည်။

၎င်းတို့ထဲမှ အားနည်းသော တလော့အင်မော်တယ် တချို့ဆိုလျှင် ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ကြရသည်။

သူတို့ရှေ့မှ ဝင့်ကြွားစွာ မတ်မတ်ရပ်နေသော ဧရာမရွှေရောင်မွန်းစတားကိုကြည့်ရင်း သူတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

သူတို့ တလော့အင်မော်တယ် ဆယ်ယောက်ကျော် ပူးပေါင်းလိုက်သည့်တိုင် တစ်ဖက်လူကို ယှဥ်ပြိုင်ရန် အမှန်တကယ် ခက်ခဲလွန်းနေခဲ့၏။

“ထိုက်ယီအင်မော်တယ်အဆင့်”

သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် သေချာပေါက် ထိုက်ယီအင်မော်တယ်အဆင့်နှင့် ယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်။

“ဒါမဖြစ်နိုင်ဘူး”

သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ သူတော်စင်သားတော်သည် မှင်တက်နေခဲ့ပြီး နှုတ်ကနေလည်း မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ သူတော်စင်သားတော် ဖြစ်သည့်အပြင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် နှစ်ပေါင်းရာချီ ပြိုင်ဘက်ကင်းပါရမီရှင် အဖြစ် ရပ်တည်နိုင်ခဲ့၍ သူတော်စင်သားတော်သည် အမြဲတစေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့် ရှိခဲ့သည်။

သူ၏ မျက်လုံးထဲတွင် ရွယ်တူ ပါရမီရှင်များထဲ၌ သူ့ထက် သာလွန်သည့်သူမှာ အလွန်တရာ နည်းပါး၏။

သို့သော်လည်း သူနှင့်ရွယ်တူ ဖြစ်သည့် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ တလော့အင်မော်တယ် အားလုံးကို အပြတ်အသတ် ဖိနှိပ်လိုက်ရာ ယင်းသည် သူ၏ စိတ်ဓာတ်ကို ရိုက်ချိုးသကဲ့သို့ ဖြစ်နေခဲ့သည်။

ယင်းကဲ့သို့ အခြေအနေကို သူတော်စင်သားတော်သည် မည်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။

“ပိုင်မင်ချွမ်.. ခင်ဗျားနဲ့ ကျုပ် သိကျွမ်းခဲ့ဖူးတဲ့ သံယောဇဥ်ကို ထောက်ထားပြီး ခင်ဗျားအတွက် နောက်ဆုံးအခွင့်အရေး တစ်ခုပေးမယ်.. မုန့်ချင်းရွှယ်ကို ငါ့ဆီ လာတွေ့ခိုင်းလိုက်ပါ”

ကျန်းချန်က ပိုင်မင်ချွမ်ကို အေးစက်စက် ငုံ့ကြည့်ကာ ပြောလိုက်သည်။

ကျန်းချန်၏ စကားကိုကြားလျှင် ပိုင်မင်ချွမ်၏ မျက်နှာထက်တွင် ခါးသီးသောအပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုစဥ်က အင်မော်တယ်လောကထဲကို ဝင်ရောက်ခါစ ကောင်လေးသည် ယခုအချိန်တွင် တစ်ကိုယ်တော်စွမ်းရည်ဖြင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကို ဤမျှလောက်အထိ ဖိအားပေးနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့ပေ။

ကျန်းချန် ယခု ပြသထားသည့် အင်အားမျိုးဖြင့် ဆိုလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ ထိုက်ယီအဆင့် အင်မော်တယ် ကိုယ်တိုင်လာလျှင်ပင် ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ကိုယ်တိုင်လှုပ်ရှားမှသာ ကျန်းချန်ကို နှိမ်နင်းနိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ထိုကောင်လေးသည် အနှိုင်းမဲ့ပါရမီကို ပိုင်ဆိုင်ထားပြီး အင်မော်တယ်ဘုရင်အဆင့် နည်းစနစ် အများအပြားကို တတ်မြောက်ထား၍ ကောင်လေး၏ နောက်ကွယ်တွင် အင်မော်တယ်ဘုရင်အဆင့်၏ အထောက်အပံ့ ရှိသည်မှာ ဆယ်ပုံကိုးပုံခန့် သေချာနေခဲ့သည်။

အကယ်၍ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ကိုယ်တိုင် လှုပ်ရှားပြီး ကျန်းချန်ကို နှိမ်နင်းလိုက်လျှင်ပင် ယင်းသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်အတွက် အဆုံးမဲ့ကပ်‌ဘေးကို ဆွဲခေါ်လိုက်သည်နှင့် အတူတူပင် ဖြစ်၏။

သို့ရာတွင် ပိုင်မင်ချွမ် အလျှော့ပေးဖို့ ပြင်ဆင်နေသောအချိန်မှာပင် သူတော်စင်သားတော်၏ ဒေါသတကြီး ကြုံးဝါးသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ဟမ့် သူတော်စင်မိန်းကလေးက မင်းတွေ့ချင်တိုင်း တွေ့လို့ရတဲ့သူမျိုး မဟုတ်ဘူး.. သေဖို့သာပြင်ထားလိုက်တော့”

စကားဆုံးသည်နှင့် သူတော်စင်သားတော်၏ မျက်ခုံးနှစ်ခုကြားမှ နှင်းပွင့်ပုံသဏ္ဌာန် အမှတ်အသားကနေ မျက်စိတစ်မှိတ်အတွင်း တောက်ပသော သွေးနီရောင် ဓားအလင်းတန်း ထွက်ပေါ်လာခဲ့သည်။

ထိုသွေးနီရောင် ဓားအလင်းတန်းတွင် ကြောက်မက်ဖွယ်ရာကောင်းသော သွေးမျိုးဆက်စွမ်းအားများ ပါဝင်နေသဖြင့် ဤနေရာတွင် ရှိနေကြသည့် တလော့အင်မော်တယ် အားလုံး ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

“သူတော်စင်သားတော်.. မလုပ်နဲ့”

ထိုအချင်းအရာကိုမြင်လျှင် ပိုင်မင်ချွမ်သည် ရုတ်တရက် မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။

သူတော်စင်သားတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ တိုက်ရိုက် သွေးမျိုးဆက် ဖြစ်၍ သူတော်စင်သားတော်၏ ခန္ဓာကိုယ်ထဲတွင် အင်မော်တယ်ဘုရင်၏ သွေးမျိုးဆက်စွမ်းအား ရှိနေခဲ့သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် သူ၏ ကိုယ်ပိုင်စွမ်းအားတစ်ခုကို သူတော်စင်သားတော်၏ သွေးမျိုးဆက်စွမ်းအား ထဲတွင် ချိတ်ပိတ်သိမ်းဆည်းပေးထားခဲ့သည်ကို ပိုင်မင်ချွမ် ကောင်းစွာ သိထားခဲ့သည်။

အကယ်၍ သူတော်စင်သားတော်သာ အင်မော်တယ်ဘုရင်၏ သွေးမျိုးဆက်စွမ်းအားကို အသက်သွင်းလိုက်မည် ဆိုလျှင် ထိုစွမ်းအားသည် တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာပေလိမ့်မည်။

ဤစွမ်းအားဖြင့်ဆိုလျှင် ထိုက်ယီအင်မော်တယ်တစ်ပါး ဖြစ်နေလျှင်ပင် အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိ၏။

ကျန်းချန်၏ အင်အားက မည်မျှပင် ပြိုင်ဘက်ကင်းနေပါစေ၊ ထိုစွမ်းအားကို ရင်ဆိုင်နိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။

အကယ်၍ သူတော်စင်သားတော်သာ ကျန်းချန်ကို အမှန်တကယ် သတ်ပစ်လိုက်မည် ဆိုလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်နှင့် ကျန်းချန်၏ နောက်ကွယ်တွင် ရှိနေသည့် အင်အားစုသည် သူသေကိုယ်သေ ထိပ်တိုက်ဆုံတွေ့ကြတော့မည် မဟုတ်ပါလော။

သူတော်စင်သားတော် ထုတ်ဖော်လိုက်သည့် ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

ထိုစွမ်းအားက သူတော်စင်သားတော်၏ ကိုယ်ပိုင်စွမ်းအား မဟုတ်မှန်း သူ ခံစားမိလိုက်၏။

သူ၏ ကျင့်ကြံခြင်းအဆင့်က ထိုက်ယီအင်မော်တယ် အဆင့်ကို ရောက်ရှိနေသည့်တိုင် ထိုစွမ်းအားဆီကနေ အန္တရာယ်ရှိသော အငွေ့အသက်ကို ပင်ကိုသိစိတ်အရ ခံစားမိလိုက်သည်။

ဤမြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်တစ်ခုလုံးတွင် သူ့ကို အန္တရာယ်ရှိသည်ဟု ခံစားစေနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သာလျှင် ရှိ၏။

ထို့ကြောင့် သံသယဖြစ်စရာ မလိုလောက်အောင်ပင် သူတော်စင်သားတော် ထုတ်ဖော်လိုက်သည့် စွမ်းအားသည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကိုယ်တိုင် ချန်ထားပေးခဲ့ခြင်း ဖြစ်ပုံရသည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူရှိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ထိုက်ယီအဆင့် အရှိန်အဝါများကို ထိန်ချန်ထားခြင်း မရှိဘဲ အကုန်အစင်ထုတ်ဖော်လိုက်သည်။

“ထိုက်ယီအင်မော်တယ်ပါလား”

“ဒီကောင်က တကယ်ပဲ ထိုက်ယီအင်မော်တယ်တစ်ပါး ဖြစ်နေပြီပဲ”

ကျန်းချန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိလျှင် ပိုင်မင်ချွမ်တို့ လူစုသည် စိတ်နှလုံးထဲကနေ အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူရှိုက်မိလိုက်ကြသည်။

ထိုက်ယီအင်မော်တယ်အဆင့် ပြိုင်ဘက်ကင်းပါရမီရှင်သည် အင်မော်တယ်လောက၏ ဗဟိုချက် ဖြစ်သည့် ကောင်းကင်နှင့်မြေကြီးများမှာပင် အလွန်တရာ ပေါ်ထွက်ခဲသည့် တည်ရှိမှုမျိုး ဖြစ်သည်။

သူတို့ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သည် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော ပါရမီရှင်ကို သွားရောက် ဆွမိခဲ့ချေပြီ။

ဤအချိန်မှာပင် သူတော်စင်သားတော်သည် မနာလိုဝန်တိုမှုများကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေခဲ့ပြီး ကျန်းချန်ကို ကောက်ကျစ်သော အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းက ထိုက်ယီအင်မော်တယ် ဖြစ်နေတော့ရော ဘာဖြစ်လဲ.. မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ.. ဒီနေ့တော့ မင်းသေချာပေါက် သေရလိမ့်မယ်”

သို့သော်လည်း ကျန်းချန်က သူတော်စင်သားတော် ထုတ်ဖော်လိုက်သည့် ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခုခံရန်အတွက် သူ၏ အင်အားများကို အကုန်အစင် ထုတ်ဖော်နေသည့်အချိန်မှာပင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်၏ အထက်ကောင်းကင်ယံသည် မမြင်နိုင်သောစွမ်းအား တစ်ခု၏ သက်ရောက်မှုကို ခံလိုက်ရပြီး တိုက်ရိုက်ပင် အေးခဲသွားခဲ့ကာ အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ငြိမ်သက်တိတ်ဆိတ်သွားခဲ့သည်။

ကျန်းချန်ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာသည့် သွေးနီရောင်ဓားအလင်း အပါအဝင် အရာအားလုံးသည် ကျန်းချန်နှင့် ပေတစ်ရာ အကွာအဝေးမှာပင် တိုက်ရိုက်ဆိုသလို အေးခဲကာ ငြိမ်သက်သွားခဲ့သည်။

လူတိုင်း သတိပြန်မဝင်လာခင်မှာပင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အလွန်တရာခန့်ညားသော ဆံဖြူအမျိုးသား တစ်ဦးသည် မြောက်ပိုင်းအေးစက်သောအင်မော်တယ်နန်းတော်၏ အထက်ကောင်းကင်ယံရှိ ဟင်းလင်းပြင်ကနေ ထွက်ပေါ်လာခဲ့သည်။

ထိုသူမှာ အခြားသူ မဟုတ်ပေ။

မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေ၏ တစ်ဦးတည်းသော အင်မော်တယ်ဘုရင် ဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ကိုယ်တိုင်ပင် ဖြစ်သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က အေးခဲနေသော ဟင်းလင်းပြင်ကို တည်ငြိမ်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို သူ၏ လက်ညှိုးဖြင့် အသာအယာ တောက်ထုတ်လိုက်ရာ ကျန်းချန်၏ရှေ့မှ သွေးနီရောင် ဓားအလင်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၉၆၇)ပြီး၏။

All Chapters