← Chapters

အခန်း ၂၉၇၀

Vol. 237 Ch. 2970

အခန်း ၂၉၇၀

Vol. 237 Ch. 2970

အခန်း (၂၉၇၀)

တားမြစ်မိစ္ဆာတွင်းနက်သည် ပေဟန်ပြည်နယ်၏ ဗဟိုချက်တွင် တည်ရှိပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် အလွန်တရာကျော်ကြားသော တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။

ရှေးဟောင်းဒဏ္ဍာရီများအရ ဤနေရာသည် ရှေးခေတ်ကာလမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများက မိစ္ဆာများကို ချိတ်ပိတ်ခဲ့သည့်နေရာ ဖြစ်ပြီး အထဲတွင် အလွန်အမင်းအစွမ်းထက်သောမိစ္ဆာတစ်ကောင်ကို ချိတ်ပိတ်ထားခဲ့သည်။

သို့သော်လည်း ထိုဒဏ္ဍာရီက အမှန်အမှား ဆိုသည်ကိုမူ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် သိရှိသည့်သူ မရှိသလောက်ပင်။

အဘယ်ကြောင့်ဆိုသော် ဤနေရာကို အလွယ်တကူ ခြေချဝံ့သူ မရှိသလောက် ရှားပါး၍ ဖြစ်သည်။

တားမြစ်မိစ္ဆာတွင်းနက်ထဲတွင် တစ်နှစ်ပတ်လုံး ကြောက်မက်ဖွယ်ရာကောင်းသည့် မိစ္ဆာစွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့၏။

တလော့အင်မော်တယ်များ ဝင်သွားခဲ့လျှင်ပင် တားမြစ်မိစ္ဆာတွင်းနက်ထဲမှ မိစ္ဆာစွမ်းအင်များ၏ တိုက်စားမှုကို ခုခံနိုင်ရန်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။

တစ်ချိန်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထဲမှ အစွမ်းထက်ပုဂ္ဂိုလ် အများအပြားသည် အမှန်တရားကို စုံစမ်းရန် အတွက် တားမြစ်မိစ္ဆာတွင်းနက်ထဲကို ဝင်ရောက်ရန် ကြိုးစားဖူးသည်။

ရလဒ်အနေဖြင့် ထိုအစွမ်းထက်ပုဂ္ဂိုလ်များထဲမှ တချို့သည် တားမြစ်မိစ္ဆာတွင်းနက်ထဲမှာပင် ထာဝရ ကျန်ရစ်ခဲ့ကြပြီး တချို့ကမူ တားမြစ်မိစ္ဆာတွင်းနက်၏ မိစ္ဆာစွမ်းအင်သက်ရောက်မှုကို ခံလိုက်ရပြီး မိစ္ဆာလမ်းစဥ်ထဲကို ကျရောက်သွားခဲ့ကြသည်။

ယင်းကြောင့်ပင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထဲတွင် ထူးဆန်းသည့် သတ်ဖြတ်မှုအများအပြား ဖြစ်ပွားခဲ့၏။

ထိုအကြောင်းကြောင့်ပင် မြောက်ပိုင်အေးစက်သော အင်မော်တယ်ဘုရင် ကိုယ်တိုင်က တားမြစ်မိစ္ဆာတွင်းနက်ကို ချိတ်ပိတ်လိုက်ရပြီး ဘယ်သူ့ကိုမှ အထဲကို ပေးမဝင်တော့ခြင်း ဖြစ်သည်။

ဤနှစ်များအတွင်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် တားမြစ်မိစ္ဆာတွင်းနက်ထဲကို ဝင်ရောက်ခဲ့ရုံတင်မကဘဲ တားမြစ်မိစ္ဆာတွင်းနက်၏ လျှို့ဝှက်ချက်ကိုပါ စူးစမ်းချင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေကာမူ သူက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ အုပ်ချုပ်သူ ဖြစ်၍ သူ၏ နယ်မြေထဲတွင် တားမြစ်မိစ္ဆာတွင်းနက် ကဲ့သို့ ထိန်းချုပ်၍ မရသည့် အရာတစ်ခု ရှိနေသည်ကို ခွင့်မပြုနိုင်ခဲ့ပေ။

သို့သော်လည်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် တားမြစ်မိစ္ဆာတွင်းနက်ထဲကို အကြိမ်ကြိမ် နက်ရှိုင်းစွာ သွားခဲ့ဖူးသော်လည်း လျှို့ဝှက်ဆန်းကြယ်သည့် ချိတ်ပိတ်စွမ်းအားတစ်ခု၏ တားဆီးခြင်းကို ခံခဲ့ရသည်။

သူက တားမြစ်မိစ္ဆာတွင်းနက်ထဲမှ ချိတ်ပိတ်မှုကို ဇွတ်မှိတ်ဖျက်ဆီးရန် မဝံ့ရဲသောကြောင့် အဆုံးသတ်တွင် လက်လျှော့လိုက်ရပြီး တားမြစ်မိစ္ဆာတွင်းနက် ထဲတွင် စွမ်းအားတစ်ခုသာ ချန်ထားနိုင်ခဲ့သည်။

သို့သော်လည်း သိပ်မကြာမီက မြောက်ပိုင်းအေးစက်သောအင်မော်တယ်ဘုရင်သည် တားမြစ်မိစ္ဆာတွင်းနက်ထဲရှိ ချိတ်ပိတ်မှု အပြောင်းအလဲ ဖြစ်သွားသည်ကို ခံစားသိရှိလိုက်သောကြောင့် စုံစမ်းစစ်ဆေးရန် အတွက် တားမြစ်မိစ္ဆာတွင်းနက်ကို နောက်တစ်ကြိမ် ထပ်မံ၍ သွားရောက်ခဲ့သည်။

ဤတစ်ကြိမ်တွင်မူ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် တားမြစ်မိစ္ဆာတွင်းနက်ထဲ၌ ချိတ်ပိတ်ခံထားရသော အရာမှာ တစ်ချိန်က အင်မော်တယ်လောကတွင် ပေါ်ထွက်ခဲ့ဖူးသည့် ရှေးဟောင်းမိစ္ဆာနန်းတော် ဖြစ်နေသည်ကို အဆုံးသတ်တွင် ရှာဖွေ တွေ့ရှိသွားခဲ့သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က ရှေးဟောင်းမိစ္ဆာနန်းတော်မှ လူများကို သွားမနှောင့်ယှက်ချင်ခဲ့ပေ။

သူက အရင်ဆုံး အပြင်ကို ပြန်ထွက်ပြီး တခြားသော အင်‌မော်တယ်ဘုရင်များနှင့် ဆက်သွယ်ကာ တားမြစ်မိစ္ဆာတွင်းနက်ထဲမှ ရှေးဟောင်းမိစ္ဆာနန်းတော်ကို ပူးပေါင်းနှိမ်နင်းရန် အစီအစဥ်ဆွဲဖို့ ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း ရှေးဟောင်းမိစ္ဆာတွင်းနက်ထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များက သူ့ကို သတိပြုမိသွားခဲ့ပြီး ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံခဲ့ရ၏။

သို့သော်လည်း သူ၏ အစွမ်းထက်သော အင်အားကြောင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် အဆုံးသတ်တွင် တားမြစ်မိစ္ဆာတွင်းနက်ထဲကနေ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ထွက်ပြေးလွတ်မြောက်သွားပြီးသည့် နောက်တွင်မူ ရှေးဟောင်းမိစ္ဆာနန်းတော်သည် သူတို့၏ တည်ရှိမှု ပေါ်ပေါက်သွားပြီ ဖြစ်မှန်း သိလိုက်ရသောကြောင့် လက်ဦးမှု ရယူကာ တားမြစ်မိစ္ဆာတွင်းနက်ထဲကနေ ထွက်လာခဲ့ကြပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ပြည်နယ်တစ်ဆယ့်ရှစ်ခု စလုံးကို လျှပ်စီးကဲ့သို့ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကျန်းချန်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေဆီသို့ ပြန်လည်‌ ရောက်ရှိလာခဲ့ပြီး နေ့တစ်ဝက် အတွင်းမှာပင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ပြည်နယ်ကိုးခုရှိ ရှေးဟောင်းမိစ္ဆာနန်းတော်မှ ကျူးကျော်သူများကို အကုန်အစင် မောင်းထုတ်ပစ်နိုင်ခဲ့ပြီး တခြားပြည်နယ်များမှ ရှေးဟောင်းမိစ္ဆာနန်းတော်၏ ကျူးကျော်သူများကိုပါ ဆုတ်ခွာသွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။

သို့မဟုတ်လျှင် လက်ရှိအချိန်တွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေသည် သေချာပေါက် ကပ်ဘေးဆိုးကြီးနှင့် ကြုံတွေ့နေရလောက်ချေပြီ။

ရှေးဟောင်းမိစ္ဆာနန်းတော်သည် ကျန်းချန်၏ လက်ချက်ဖြင့် ဆုတ်ခွာခဲ့ရပြီးနောက်တွင် သူတို့၏ အသိုက်ဟောင်း ဖြစ်သည့် တားမြစ်မိစ္ဆာတွင်းနက် ဆီသို့ ပြန်လည် ဆုတ်ခွာသွားခဲ့ကြသည်။

ထိုအကြောင်းကြောင့်ပင် ဤတစ်ကြိမ်တွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်သည် တုံ့ဆိုင်းမနေတော့ဘဲ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ အင်အားစု အားလုံးရှိ တလော့အင်မော်တယ်များကို စုစည်းလိုက်ပြီး တားမြစ်မိစ္ဆာတွင်းနက် ဆီသို့ တိုက်ရိုက်ပင် လာရောက်ခဲ့ခြင်း ဖြစ်သည်။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင် ဦးဆောင်သည့် အစွမ်းထက် ပုဂ္ဂိုလ် တစ်ရာကျော်သည် ဟင်းလင်းပြင် အထက်တွင် မတ်မတ် ရပ်နေခဲ့ကြပြီး ပေပေါင်းထောင်ချီ နက်ရှိင်းသည့် တားမြစ်မိစ္ဆာတွင်းနက်ကို ငုံ့ကြည့်နေခဲ့ကြသည်။

“အင်မော်တယ်ဘုရင်.. အခုရှေးဟောင်းမိစ္ဆာနန်းတော်က တားမြစ်တွင်းနက်ထဲကို ပြန်လည်ဆုတ်ခွာသွားခဲ့ပြီ.. ဒီနေရာမှာ ရှိတဲ့ မိစ္ဆာစွမ်းအင်တွေက တလော့အင်မော်တယ်တွေတောင်မှ အလွယ်တကူ ခုခံနိုင်စွမ်းမရှိကြဘူး.. တကယ်လို့ ကျွန်တော်တို့တွေသာ တားမြစ်မိစ္ဆာတွင်းနက်ထဲကို ဇွတ်အတင်း ဝင်သွားမယ်ဆိုရင် ဒါက ဥာဏ်ရှိတဲ့ ရွေးချယ်မှု ဖြစ်မှာ မဟုတ်ဘူး”

ရိုးသားအေးဆေးပုံရသည့် လူလတ်ပိုင်းအရွယ် ထိုက်ယီအင်မော်တယ် တစ်ပါးက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

ထိုလူလတ်ပိုင်းအရွယ် ထိုက်ယီအင်မော်တယ်သည် အမည်မဲ့အင်မော်တယ်နန်းတော်၏ နန်းတော်သခင် ဖြစ်သည့် အရှင်ဝူရှန်း ဖြစ်သည်။

“မစိုးရိမ်ပါနဲ့.. ဒီဘုရင်က တားမြစ်မိစ္ဆာတွင်းနက်ထဲကို ဇွတ်ဝင်မှာ မဟုတ်ဘူး”

‌မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒီဘုရင်က သူတို့ကို တားမြစ်မိစ္ဆာတွင်းနက် ထဲကနေ အတင်းအကျပ် ထွက်လာအောင် လုပ်နိုင်မဲ့ ရှေးဟောင်းချိတ်ပိတ် အစီအရင်တစ်ခုကို ပြင်ဆင်ထားတယ်.. တကယ်လို့ သူတို့ ထွက်မလာဘူးဆိုရင်လည်း သူတို့ကို တားမြစ်မိစ္ဆာတွင်းနက်ထဲမှာပဲ နောက်တစ်ကြိမ် ထပ်ပြီး ချိတ်ပိတ်လိုက်ရုံပဲပေါ့”

ထိုစကားကို ပြောပြီးနောက်တွင် မြောက်ပိုင်းအေးစက်သောအင်မော်တယ်ဘုရင်သည် ချက်ချင်းဆိုသလိုပင် အစီအရင်ကို စတင် ခင်းကျင်းလိုက်သည်။

----------------------

တစ်ချိန်တည်းမှာပင် တားမြစ်မိစ္ဆာတွင်းနက်၏ အတွင်းထဲတွင် မိစ္ဆာစွမ်းအင်များ ပြည့်နှက်နေသည့် ကတ္တရာစေးလို မည်းနက်နေသည့် ဧရာမနန်းဆောင်ကြီး တစ်ခု ရှိနေခဲ့သည်။

မိစ္ဆာစွမ်းအင်များ၏ ရစ်ပတ်ခြင်းကို ခံထားရပြီး ခေါင်းပေါ်တွင် ချိုတစ်ချောင်းရှိသည့် သာမန်ထွားကျိုင်းသော မိစ္ဆာတစ်ကောင်သည် နန်း‌ဆောင်၏ အလယ်တွင် တင်ပျဥ်ခွေ၍ ကျင့်ကြံနေခဲ့သည်။

အချိန်မည်မျှ ကုန်လွန်သွားသည်ကိုပင် မသိရပေ။

ထိုသန်မာထွားကျိုင်းသော မိစ္ဆာသည် အဆုံးသတ်တွင် သူ၏ သွေးဆာနေသော မျက်ဝန်းအစုံကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

“တောက်.. ငါ့ရဲ့ခန္ဓာကိုယ်ထဲက အဲဒီစွမ်းအားကို အခုထိ ထုတ်ပယ်လို့မရသေးဘူးပဲ”

သန်မာထွားကျိုင်းသောမိစ္ဆာက စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်သည်။

စန်းကျဲ့ဟု အမည်ရသော ထိုသန်မာထွားကျိုင်းသည့် မိစ္ဆာကြီးသည် ရှေးခေတ်ကာလက ရှေးဟောင်းမိစ္ဆာနန်းတော်မှ ထိပ်တန်းမိစ္ဆာဘုရင်တစ်ပါး ဖြစ်ပြီး သူ၏အင်အားသည် အင်မော်တယ်လောကရှိ ထိပ်တန်း အင်မော်တယ်ဘုရင်များနှင့်ပင် ယှဥ်နိုင်၏။

အင်မော်တယ်လောကနှင့် တိုက်ပွဲတွင် သူက အင်မော်တယ်လောကမှ အစွမ်းထက်ပုဂ္ဂိုလ် တစ်ပါး၏ ချိတ်ပိတ်ခြင်းကို ဤနေရာတွင် ခံခဲ့ရရုံတင်မကဘဲ သူ၏ ခန္ဓာကိုယ်သည်လည်း စွမ်းအားတစ်ခုကြောင့် အကြီးအကျယ် ထိခိုက် ပျက်စီးသွားခဲ့သည်။

ဤမျှလောက်အထိ ရှည်လျားသော နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သည့်တိုင် မိစ္ဆာဘုရင် စန်းကျဲ့ အနေဖြင့် ထိုစွမ်းအားကို သူ၏ ခန္ဓာကိုယ်ထဲကနေ လုံးဝ ထုတ်ပယ်နိုင်ခြင်းမရှိသေးပေ။

ဤအကြောင်းကြောင့်ပင် မိစ္ဆာဘုရင်စန်းကျဲ့၏ အင်အားသည် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိရန် ခက်ခဲနေခြင်း ဖြစ်ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကို မရှင်းလင်းနိုင်ခဲ့ခြင်းပင်။

ယခုအခါတွင်မူ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေသည် အသာစီးရရှိသွားပြီ ဖြစ်ရာ သူတို့ကို အလွယ်တကူ အလွှတ်ပေးမည် မဟုတ်ပေ။

ထို့ကြောင့် သူ့အနေဖြင့် နောက်ထပ် ကြုံတွေ့ရမည့် အခြေအနေကို ရင်ဆိုင်ကျော်ဖြတ်ရန် အတွက် သူ၏ အင်အားကို သေချာပေါက် တိုးတက်အောင် လုပ်ဆောင်ရလိမ့်မည် မဟုတ်ပါလော။

“မိစ္ဆာဘုရင်ကြီး.. အခြေအနေမကောင်းတော့ဘူး.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က သူ့လူတွေနဲ့အတူ တားမြစ်မိစ္ဆာတွင်းနက် ဆီကို ရောက်လာကြပြီ”

ထိုအချိန်မှာပင် အနက်ရောင်ပုံရိပ် တစ်ခုသည် နန်း‌ဆောင်၏ အပြင်ဘက်ကနေ ကမန်းကတမ်း ပြေးဝင်လာခဲ့သည်။

“ဘာလို့ ဒီလောင်တောက် ပြာယာခတ်နေတာလဲ”

မိစ္ဆာဘုရင်စန်းကျဲ့က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“တားမြစ်မိစ္ဆာတွင်းနက်ထဲက မိစ္ဆာစွမ်းအင်တွေက ထိုက်ယီအင်မော်တယ် အဆင့်တောင်မှ အလွယ်တကူ ခုခံနိုင်တာမဟုတ်ဘူး.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က သူ့လူတွေကို အထဲထိ ခေါ်လာနိုင်မယ်လို့ မင်းထင်နေလား”

အနက်ရောင်လူရိပ်က အလျင်အမြန်ပင် ပြောလိုက်သည်။

“မိစ္ဆာဘုရင်ကြီး.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က တားမြစ်မိစ္ဆာတွင်းနက်ထဲကို ဝင်လာမဲ့အရိပ်အယောင် မရှိပါဘူး.. အခု သူက တားမြစ်မိစ္ဆာတွင်းနက်ရဲ့ ကောင်းကင်ယံထက်မှာ အစီအရင် တစ်ခုကို ခင်းကျင်းနေတယ်.. ကြည့်ရတာ တားမြစ်မိစ္ဆာတွင်းနက်ကို ထပ်ပြီး ချိတ်ပိတ်ပစ်နေချင်ပုံ ရတယ်”

ထိုစကားကိုကြားလိုက်ရလျှင် မိစ္ဆာဘုရင်စန်းကျဲ့၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက အင်မော်တယ်လောက၏ ချိတ်ပိတ်နည်းစနစ်များ အကြောင်းကို အစောကြီးကတည်းကပင် နက်ရှိုင်းစွာ သိရှိထားခဲ့သည်။

ထိုစဥ်က အင်မော်တယ်လောကမှ အစွမ်းထက် ပုဂ္ဂိုလ်သည် ချိတ်ပိတ်ခြင်း နည်းစနစ်ဖြင့်ပင် သူနှင့် သူ့ လက်အောက်ငယ်သား များစွာကို ဤနေရာတွင် ချိတ်ပိတ်ခဲ့ခြင်း ဖြစ်ပြီး ယခုမှသာ သူ့အနေဖြင့် နေရောင်ခြည်ကို နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်၏ နောက်တစ်ကြိမ် ထပ်မံ ချိတ်ပိတ်ခြင်းကို မခံချင်တော့ပေ။

မိစ္ဆာဘုရင်စန်းကျဲ့၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့ပြီး ပြတ်သားစွာပင် အမိန့်ပေးလိုက်သည်။

“ငါ အမိန့်ကို ချက်ချင်းထုတ်ပြန်လိုက်.. မိစ္ဆာတွေအားလုံး ငါနဲ့အတူ အပြင်ကို ထွက်တိုက်ကြမယ်”

မိစ္ဆာဘုရင်စန်းကျဲ့သည် စကားဆုံးသည်နှင့် အနက်ရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ယံထက်ကို ပျံတက်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာဘုရင်စန်းကျဲ့၏ ပုံရိပ်သည် တားမြစ်မိစ္ဆာတွင်းနက်၏ အထက်ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့သည်။

သူက သူ့ရှေ့မှ မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကို စေ့စေ့ကြည့်လိုက်သည်။

“မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်.. မင်းက ငါ့ရဲ့နယ်မြေထဲမှာ လာရမ်းကားရဲတယ်လား.. မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ”

မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“မိစ္ဆာဘုရင်စန်းကျဲ့.. အင်မော်တယ်လောကဆိုတာ မင်းတို့ရှေးဟောင်းမိစ္ဆာနန်းတော် လာရမဲ့နေရာ မဟုတ်ဘူး.. ဒီနေ့ ငါက မင်းတို့ကို အင်မော်တယ်လောကကနေ အပြီးအတိုင် ဖယ်ရှားပစ်မယ်”

သူ၏ မျက်ဝန်းထဲတွင် မိစ္ဆာစွမ်းအင်များ လှိုင်းတံပိုး ကဲ့သို့ ထန်လာခဲ့၏။

“မင်းလေကြီးလေကျယ် မပြောစမ်းပါနဲ့”

မိစ္ဆာဘုရင်စန်းကျဲ့က ပြုံးကာ ပြောလိုက်သည်။

ထိုအချိန်မှာပင် တားမြစ်မိစ္ဆာတွင်းနက် ထဲကနေ ထွက်လာခဲ့ကြသည့် မိစ္ဆာစွမ်းအင်များ ပြည့်နှက်နေသည့် အနက်ရောင်ပုံရိပ် ရာကျော်သည် သူ၏ ကျောဘက်တွင် ပေါ်လာခဲ့သည်။

“မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်.. မင်းက မင်းလူတွေကို သေတွင်းဆီ ခေါ်လာခဲ့မှတော့ ဒီနေ့ ဒီဘုရင်ကြီးက မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပြီး အကုန်လုံးကို ချေမှုန်းပစ်မယ်.. အားလုံးပဲ တစ်ယောက်မကျန် သတ်ပစ်ကြ”

မိစ္ဆာဘုရင်စန်းကျဲ့က အပိုစကားများ ဆက်ပြောမနေတော့ဘဲ တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။

သူ၏ အနောက်တွင် ရှိသည့် မိစ္ဆာသခင် ရာကျော်သည် မိစ္ဆာစွမ်းအင်များကို အပြည့်အဝ ထုတ်ဖော်ခဲ့ကြပြီး ကျန်းချန်တို့ဆီသို့ ပြေးဝင်လာခဲ့ကြသည်။

“သတ်ကြ”

မြောက်ပိုင်းအေးစက်သော အင်မော်တယ်ဘုရင်ကလည်း အေးစက်စက် ကြုံးဝါးကာ အမိန့်ပေးလိုက်သည်။

ထို့နောက်တွင် သူက မိစ္ဆာဘုရင်စန်းကျဲ့နှင့် အတူ တားမြစ်မိစ္ဆာတွင်းနက်၏ အထက်ကောင်းကင်ယံကနေ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၉၇၀)ပြီး၏။

All Chapters