← Chapters

အခန်း ၅၀၈

Vol. 48 Ch. 508

အခန်း ၅၀၈

Vol. 48 Ch. 508

အခန်း (၅၀၈) ယင်ယန်မီးတောက်ဖြူနှင့် ကြောက်မက်ဖွယ် လက်နက်သွန်းလုပ်ခြင်းပါရမီ

ကျီးကန်းများ တအားအား အော်ဟစ်ပြီးနောက် လမင်းကြီး နစ်မြုပ်သွားချိန်တွင် ရှန်လင်ဖုန်းသည် သစ်ပင်ထက်၌ ဇောက်ထိုး ဆွဲချိတ်ခံထားရ၏။

သခင်မကြီးရှန်သည် မိတ်ကပ်ဖျော့ဖျော့ လိမ်းခြယ်ထားဆဲ ဖြစ်သော်လည်း ရိုးရှင်းသော အဝတ်အစားများသို့ လဲလှယ်ထားပြီး ဖြစ်သည်။

သူမ၏ မျက်ဝန်းများက သားဖြစ်သူအား စူးစိုက်ကြည့်နေကာ ဒေါသမီးများ တောက်လောင်နေ၏။

"နင် ရေချိုးရေ သယ်ခဲ့တာလား"

သူမသည် လက်ထဲတွင် ကြာပွတ်ကို ကိုင်ဆောင်ထားရင်း ရိုက်နှက်ရန် အသင့်ဖြစ်နေသည်။

သူမသည် ခင်ပွန်းဖြစ်သူနှင့် သာယာသော ညချမ်းကို ဖြတ်သန်းပြီးနောက် အေးချမ်းစွာ ရေချိုးရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်၏။

သူမက ရေချိုးခဲ့ပါသည်။သို့သော်လည်း ရေချိုးပြီးနောက် ရှန်လင်ဖုန်းထံသို့ ပြဿနာရှာရန် ရောက်ရှိလာလေသည်။

"အမေ... ကျွန်တော် မှားသွားပါတယ်"

ရှန်လင်ဖုန်းသည် သစ်ပင်ထက်တွင် ဆွဲချိတ်ခံထားရရင်းမှ အလန့်တကြားအော်ဟစ်နေသော်လည်း သူဘာမှားခဲ့သည်ကို လုံးဝ မသိရှိပေ။သို့သော် သူ့ယောက်ဖ သင်ပေးထားသော နည်းလမ်းကို သတိရကာ သူက အလျင်အမြန် တောင်းပန်လိုက်၏။

"ဟွန်း... နင် မှားမှန်းသိတယ်ပေါ့"

သခင်မရှန်၏ လေသံသည် စူးရှနေသည်။

"ဒါဆိုရင် နင် ဘာမှားခဲ့လဲဆိုတာ သေသေချာချာ ပြောစမ်း"

ထိုမေးခွန်းက ရှန်လင်ဖုန်းကို လုံးဝ ဆွံ့အသွားစေသည်။

"ဟွန်း... ကျိယွမ်ရဲ့ ရူးကြောင်ကြောင် လုပ်ရပ်တွေကို ငါ သည်းခံနိုင်တယ်... သူက အရူးဂေဟာ ရောက်ဖူးလို့ပဲ ထားပါတော့... ဒါပေမဲ့ နင်ကော အဲဒီကို သွားချင်နေတာလား"

ရေချိုးရေအကြောင်း တွေးမိသည်နှင့် သူမ၏ ဒေါသသည် ပြန်လည် တောက်လောင်လာ၏။

ရှန်လင်ဖုန်းက သူမအား ညီမလေးတစ်ယောက် လိုချင်သည်ဟု ပြောခဲ့ခြင်းမှာ တမင်တကာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သူမက အခိုင်အမာ ယုံကြည်သွားသည်။

"ရေချိုးရေ ခပ်ပေးတာက ထားပါတော့... ဂျင်းတွေ၊ ကြက်သွန်ဖြူတွေနဲ့ ကြက်သွန်မြိတ်တွေ ထည့်ရတဲ့ အဓိပ္ပာယ်က ဘာလဲ"

သခင်မရှန်သည် သူမ၏ ကြာပွတ်ကို ဝှေ့ယမ်းလိုက်ရာ လေထုကို ဖြတ်သန်းသွားသော အသံသည် မိုးခြိမ်းသံကဲ့သို့ ဟည်းသွား၏။

ရှန်လင်ဖုန်းသည် ကြောက်လန့်တကြား အော်ဟစ်ကာ အော်ဟစ်တတ်သောမှင်စာကဲ့သို့ ငိုကြွေးလေသည်။

အိမ်သူအိမ်သားများနှင့် အစေခံမိန်းကလေးများသည် အဝေးတွင် ဝပ်နေကြပြီး ဝင်ရောက် စွက်ဖက်ရန် မဝံ့ရဲကြပေ။

သခင်လေးကတော့ နာပြီ။

--------

"ဒီနေ့ကတော့ ကံကောင်းတဲ့နေ့ပဲ"

"ငါ့ရဲ့ သမက်အဖြစ်သရုပ်ဆောင်တာဝန်တိုးတက်မှုနှုန်းက ခုနစ်ဆယ်ရာခိုင်နှုန်းကို ရောက်သွားပြီ"

"ဒါက ငါထင်ထားတာထက်တောင် ပိုများနေတယ်... ငါ့ယောက္ခမတင်မကဘဲ ယောက္ခထီးပါ ရေချိုးခဲ့လို့လား မသိဘူး"

ကျိယွမ်သည် စိတ်ထဲတွင် ရေရွတ်လိုက်၏။

သူ၏ တွက်ချက်မှုအရ ယောက္ခမဖြစ်သူအတွက် ရေချိုးရေ ပြင်ဆင်ပေးခြင်းသည် သရုပ်ဆောင်တာဝန် တိုးတက်မှုနှုန်းကို ခြောက်ဆယ်ရာခိုင်နှုန်းခန့်သာ ရောက်ရှိစေရမည် ဖြစ်သည်။ ပိုထွက်လာသော တစ်ဆယ်ရာခိုင်နှုန်းမှာ မျှော်လင့်မထားသော ဝမ်းမြောက်စရာပင်။

သူ ပြင်ဆင်ပေးခဲ့သော ရေချိုးရေကို ယောက္ခမတစ်ဦးတည်း သုံးစွဲခဲ့ခြင်း မဟုတ်သည်မှာ ထင်ရှားလှ၏။

"ဒီသရုပ်ဆောင်တာဝန် တိုးတက်မှုနှုန်းကြောင့် ငါ ကံကောင်းထောက်မစွာနဲ့ ယင်ယန်မီးတောက်ဖြူကို ရခဲ့တယ်"

တိုးတက်မှုနှုန်း အစိတ်ရာခိုင်နှုန်းတွင် ကျိယွမ်သည် လက်နက်သွန်းလုပ်နှလုံးသားကို ရရှိခဲ့ကာ လက်နက်သွန်းလုပ်အောင်မြင်မှုနှုန်း ငါးရာခိုင်နှုန်း တိုးတက်ခဲ့၏။

ယခုမူ သူသည် ယင်ယန်မီးတောက်ဖြူကို ရရှိခဲ့ပြီ ဖြစ်သည်။

ယင်ယန်မီးတောက်ဖြူသည် ကြောက်မက်ဖွယ်ကောင်းသော နှလုံးသားမီးတောက် ဖြစ်၏။

အတတ်ပညာရှင်တစ်ဦး၏ အရည်အချင်းသည် သူ၏ လက်မှုပညာအရည်အသွေးအပေါ်တွင်သာမက သူ၏ နှလုံးသားမီးတောက်အပေါ်တွင်လည်း တည်မှီနေသည်။

လောက၌ ရှိသော ပစ္စည်းအများစုသည် အလွန် မာကြောလှသဖြင့် ဖျက်ဆီးရန် သို့မဟုတ် အရည်ဖျော်ရန် ခက်ခဲလှ၏။

နှလုံးသားမီးတောက် အားနည်းသော အတတ်ပညာရှင်အချို့သည် ရှားပါးပြီး အဖိုးတန်သော ပစ္စည်းအချို့ကို အသုံးပြုနိုင်စွမ်း မရှိကြပေ။

သို့သော်လည်း ယင်ယန်မီးတောက်ဖြူသည် ထူးခြားလှ၏။ ၎င်းသည် ပြင်းထန်ပြီး အစွမ်းထက်သော မီးတောက် ဖြစ်ကာ ကောင်းကင်အဆင့်ပစ္စည်းများကိုပင် အရည်ဖျော်နိုင်စွမ်း ရှိသည်။

"ိကျိယွမ်က အ်မ်ပါသမက်တစ်ယောက်အနေနဲ့ ထူးခြားတဲ့ လက်နက်သွန်းလုပ်ခြင်း ပါရမီ ရှိနေတာပဲ... ဒါပေမဲ့ အရင်က နိုးထခြင်း မရှိခဲ့တာ"

ကျိယွမ်သည် သူ၏ စွမ်းရည်အသစ်ကို ဆန်းစစ်လိုက်၏။

"ယင်ယန်မီးတောက်ဖြူ"

သူ၏ စိတ်ကူးနှင့်အတူ ကျိယွမ်၏ ပတ်ပတ်လည်တွင် အေးစက်သော မီးတောက်ဖြူတစ်ခု ပေါ်ထွက်လာသည်။

ထိုမီးတောက်သည် အေးစက်ခြင်းနှင့် အတူ ပြင်းထန်သောအပူရှိန် နှစ်ခုစလုံးကို ထုတ်လွှတ်နေကာ ဆန့်ကျင်ဘက် စွမ်းအားနှစ်ခုသည် သဟဇာတဖြစ်စွာ တည်ရှိနေ၏။

ကျိယွမ်သည် စိတ်ဝင်စားသွားကာ သူဝယ်ယူထားသော အထူးပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။

ဖုန်းဟွမ်ရွှေဟု ခေါ်သော ထိုပစ္စည်းသည် ကောင်းကင်အဆင့်ပစ္စည်း ဖြစ်၏။

သူ၏ အဆင့်နိမ့်လက်နက်များထဲတွင် ဖုန်းဟွမ်ရွှေကို အနည်းငယ် ထည့်သွင်းလိုက်ရုံနှင့် အဝါအဆင့်သို့ မြှင့်တင်နိုင်မည် ဖြစ်သည်။

အဝါအဆင့် ရှိပြီးသား ရတနာပစ္စည်းများ ဆိုပါက အဆင့်ငယ်တစ်ခုအထိ မြှင့်တင်ပေးနိုင်၏။

ယခင်ကမူ ကျိယွမ်သည် ထိုကဲ့သို့သော ပစ္စည်းများကို အရည်မဖျော်နိုင်ခဲ့ပေ။

သို့သော် ယခုတွင် ယင်ယန်မီးတောက်ဖြူ ပေါ်ထွက်လာသည်နှင့်အတူ ဖုန်းဟွမ်ရွှေသည် ပျော့ပြောင်းလာကာ တဖြည်းဖြည်း အရည်ပျော်သွား၏။

"ယင်ယန်မီးတောက်ဖြူရဲ့ စွမ်းရည်က ထင်မှတ်ထားတဲ့အတိုင်းပဲ... ဒါဆိုရင် ငါ ကမ္ဘာမြေအဆင့်လက်နက်တွေကို သွန်းလုပ်ဖို့ ကြိုးစားနိုင်ပြီ"

ယခုအချိန်အထိ ကျိယွမ် သွန်းလုပ်နိုင်ခဲ့သော အကောင်းဆုံး လက်နက်များသည် ရွှမ်အဆင့်သာ ဖြစ်သည်။

ယင်ယန်မီးတောက်ဖြူ ရှိနေပြီ ဖြစ်ရာ သူသည် ကမ္ဘာမြေအဆင့် လက်နက်များကို စမ်းသပ် သွန်းလုပ်နိုင်ပြီ ဖြစ်၏။

ကျီနင်စီရင်စုတွင် ကမ္ဘာမြေအဆင့်အတတ်ပညာရှင်တစ်ဦးသည် အလွန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသည်။

---

နောက်တစ်နေ့တွင် ရှန်လင်ဖုန်း ရောက်မလာဘဲ ချန်ရှန်းဝေ ရောက်ရှိလာ၏။

"နောက်လဝက်နေရင် ငါ ရှန်မိသားစုနဲ့အတူ ရဲ့ရေကန်ကိုသွားပြီး အတတ်ပညာရှင်များညီလာခံကို တက်ရောက်ရမယ်"

ချန်ရှန်းဝေက စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ပြောသည်။

"ဒီတစ်ကြိမ်မှာ ဝေလုံရွှမ်းယွမ်ကို ပြုပြင်နိုင်မယ့် လူငယ်ပါရမီရှင် ပေါ်လာမလားဆိုတာ ငါ စဉ်းစားနေမိတယ်"

အတတ်ပညာရှင်များညီလာခံသည် ကျန်းကျိုး၏ စီရင်စုသုံးခုမှ လူငယ်ပါရမီရှင်များကို စုစည်းရန် ရည်ရွယ်ခြင်း ဖြစ်၏။ အဓိက ရည်ရွယ်ချက်မှာ ဝေလုံရွှမ်းယွမ်ကို ပြုပြင်ရန် ဆွေးနွေးကြခြင်း ဖြစ်သည်။

"အရင်ကဆိုရင် မင်းလို အလုပ်သင်တစ်ယောက်က ဒီလိုအဆင့်အတန်းမျိုးမှာ ပါဝင်ခွင့်ရမှာ မဟုတ်ဘူး"

"ဒါပေမဲ့ အခု ရဲ့ရေကန်သခင်ရဲ့ ခြိမ်းခြောက်မှု ရှိနေတာကြောင့် အတတ်ပညာရှင်တိုင်းရဲ့ အကြံဉာဏ်နဲ့ တီထွင်ဉာဏ်ကို လိုအပ်နေတယ်"

"တီထွင်တာလား.."

ကျိယွမ် မျက်မှောင်ကုပ်သွား၏။

"လက်နက်သွန်းလုပ်တာက ငါ့ရဲ့ အားသာချက်မဟုတ်ပေမဲ့ တီထွင်ဉာဏ်ကတော့ ငါ့မှာ ရှိတယ်"

"တကယ်လို့ ငါက ဝေလုံရွှမ်းယွမ်ကို ပြုပြင်ပေးနိုင်ရင် ဆုလာဘ်က ဘာဖြစ်မလဲ"

"မင်းက အဝေးကြီးကို တွေးနေပြီ"

ချန်ရှန်းဝေက ဟာသတစ်ခုကို ကြားရသည့်အလား ရယ်မောလိုက်သော်လည်း ကျိယွမ်၏မေးခွန်းအား ဖြေပေးလိုက်သည်။

"ဆုလာဘ်ကတော့ ဒင်္ဂါးတစ်သန်း ဖြစ်လိမ့်မယ်"

"ဒင်္ဂါးတစ်သန်းတည်းပေါ့... နည်းလှချည်လား"

ကျိယွမ် စိတ်ပျက်စွာ မှတ်ချက်ချသည်။

မကြာသေးမီကဆိုပါက ဒင်္ဂါးတစ်သန်းသည် သူ့အတွက် မတွေးဝံ့စရာ ပမာဏ ဖြစ်ခဲ့သည်။

သို့သော် ယခုအခါ သူ၏အိတ်ထဲတွင် ဒင်္ဂါးနှစ်သန်း ရှိနေပြီ ဖြစ်ရာ သူက သရော်နိုင်နေလေပြီ။

"အင်း... သေးငယ်တဲ့ ရည်မှန်းချက်ဆိုပေမဲ့ ငါ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့တော့ ထိုက်တန်ပါတယ်"

"မင်းက တကယ်ကို ရယ်စရာကောင်းတာပဲ... ကမ္ဘာမြေအဆင့် လက်နက်အများစုဟာ ဒင်္ဂါးသောင်းဂဏန်း ဒါမှမဟုတ် သိန်းဂဏန်းလောက်ပဲ တန်ကြေးရှိတာ"

"ဝေလုံရွှမ်းယွမ်က ကောင်းကင်အဆင့်လက်နက်နဲ့ နီးစပ်နေပြီး ကျီနင်စီရင်စုက ပြည်သူတွေရဲ့ ဘေးကင်းရေးအတွက် အလွန်အရေးကြီးလို့သာ ဒင်္ဂါးတစ်သန်း တန်ကြေးရှိတာ"

"ဒါကို မင်းက အပြစ်ပြောနေသေးတယ်ပေါ့... မင်းနေနေတဲ့ ရှန်မိသားစုအိမ်ရာကြီးကတောင် ငွေစက္ကူ ဒင်္ဂါးတစ်သန်းကို ချက်ချင်း ထုတ်ပေးနိုင်မှာ မဟုတ်ဘူး"

ချန်ရှန်းဝေက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်၏။

ရှန်မိသားစု၏ ပိုင်ဆိုင်မှုများသည် ဒင်္ဂါးတစ်သန်းထက် ကျော်လွန်သော်လည်း အများစုမှာ ပုံသေပိုင်ဆိုင်မှုများ ဖြစ်ကြသည်။ လက်ငင်းငွေနှင့် ငွေစက္ကူမှာ ရှားပါးလှ၏။

ချန်ရှန်းဝေကိုယ်တိုင်ပင်လျှင် ချမ်းသာသူတစ်ဦး ဖြစ်သော်လည်း သူ၏ထံတွင် ငွေစက္ကူ ဒင်္ဂါးတစ်သောင်းသာ ရှိသည်။

"ဒါတွေ ထားလိုက်ပါတော့... ဒါက ရွှမ်ယွမ်လှံ သွန်းလုပ်ဖို့ ပစ္စည်းတွေပဲ... တကယ်လို့ မင်း ဒါကို ရက်အနည်းငယ်အတွင်း သွန်းလုပ်နိုင်ရင် ငါတို့ ရဲ့ရေကန်ကို အတူတူ သွားကြမယ်"

ချန်ရှန်းဝေက ပြောရင်း ကျိယွမ်ထံသို့ ပစ္စည်းများကို ကမ်းပေးလိုက်၏။

ရွှမ်ယွမ်လှံသည် စစ်ကြောင်းများတွင် ရှိသော အထူးလှံစစ်သည်များ အသုံးပြုသည့် အဆင့်မသတ်မှတ်ရသေးသော စံပြလက်နက် ဖြစ်သည်။

ထိုလက်နက်ကို ကိုင်ဆောင်ထားသော လှံစစ်သည်တစ်ထောင်သည် ကမ္ဘာမြေအဆင့်လက်နက်သခင်တစ်ဦးကိုပင် နှိမ်နင်းနိုင်စွမ်း ရှိ၏။

"ကောင်းပြီ... ငါ အခုပဲ သွန်းလုပ်လိုက်မယ်"

"စောလွန်းသေးတယ် မဟုတ်လား... မင်း အရင်ဆုံး ပြင်ဆင်သင့်—"

ချန်ရှန်းဝေသည် စကားကို ရုတ်တရက် ရပ်တန့်လိုက်ရုံမက မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားသည်။

ကျိယွမ်၏ လက်မောင်းထက်တွင် အေးစက်ခြင်းနှင့် ပူပြင်းခြင်းတို့ အလှည့်ကျ ဖြစ်ပေါ်နေသော မီးတောက်တစ်ခု ပေါ်လာပြီး ပစ္စည်းများကို မီးထဲသို့ ထည့်သွင်းလိုက်၏။

ခဏအတွင်းမှာပင် ထိုပစ္စည်းများသည် အရည်ပျော်သွားကြသည်။

"ဒါတွေက ရွှမ်ကျောက်စိမ်းသံတွေလေ... ငါကိုယ်တိုင် အရည်ဖျော်ရင်တောင် အနည်းဆုံး တစ်ပတ်လောက် ကြာမှာ... ဒါပေမဲ့ မင်းက..."

ချန်ရှန်းဝေသည် အံ့အားသင့်သွား၏။

ကျိယွမ်သည် ရွှမ်ကျောက်စိမ်းသံကို စက္ကန့်ပိုင်းအတွင်း အရည်ဖျော်လိုက်ခြင်း မဟုတ်ပါလား။

ကျိယွမ်၏ မီးတောက်ကို စိုက်ကြည့်ရင်း ချန်ရှန်းဝေသည် တုန်လှုပ်ကာ ဇဝေဇဝါ ဖြစ်သွားသည်။

ကျိယွမ်၏ နှလုံးသားမီးတောက်သည် ယခင်ကထက် ပိုမို အစွမ်းထက်လာခြင်းလော။

သူ၏ နှလုံးသားမီးတောက်က ဆင့်ကဲပြောင်းလဲနိုင်သလော။

ဒါက ဘယ်လို မီးတောက်မျိုးလဲ။

သူ၏ ဦးနှောက်ထဲတွင် မေးခွန်းများစွာ ပေါ်ထွက်လာ၏။

သူ၏ အံ့ဩမှုများ မငြိမ်းခင်မှာပင် ပြီးပြည့်စုံပြီး ဖြောင့်စင်းသော ရွှမ်ယွမ်လှံအသစ်တစ်ခုသည် သူ၏ရှေ့တွင် ပေါ်လာသည်။

၎င်း၏ လှံဖျားသည် မည်သည့်အတားအဆီးကိုမဆို ဖောက်ထွင်းနိုင်စွမ်း ရှိသည့်အလား အေးစက်စူးရှသော အလင်းရောင်များ တောက်ပနေ၏။

"ဆရာချန်... ငါ အခု ရဲ့ရေကန်ကို လိုက်ဖို့ အရည်အချင်း ပြည့်မီပြီလား"

ကျိယွမ်က လှံကို ကိုင်ဆောင်ရင်း ပေါ့ပါးစွာ မေးလိုက်သည်။

"ရတာပေါ့... ရတာပေါ့..."

ချန်ရှန်းဝေက အထစ်ထစ်အငေါ့ငေါ့ဖြင့် ခေါင်းကို အပြင်းအထန် ညိတ်လိုက်၏။

"အဟမ်း... ကျိယွမ်... မင်း တကယ်လို့ အဲဒီဒင်္ဂါးတစ်သန်းကို ရရင် ငါ့ကို နည်းနည်းလောက် ခွဲပေးလို့... အဟမ်း"

ကျိယွမ်သည် အံ့ဩသွားကာ မျက်ခုံးပင့်လိုက်၏။

သူ့ထံမှ ငွေတောင်းဝံ့သူ ရှိနေသေးသည်ပေါ့။

သူသည် အကြွေးတောင်းဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သည်။တောင်းစရာရှိလျှင် သူကသာတောင်းရမည် မဟုတ်ပါလား။

"ကောင်းပါပြီ... မင်း မကြာသေးခင်က ငါ့ကို ပုံပြင်တွေ ပြောပြခဲ့တာကို ထောက်ထားပြီး ငါ နည်းနည်း ပေးပါ့မယ်"

ကျိယွမ်က သဘောထားကြီးစွာ ပြောလိုက်၏။

ချန်ရှန်းဝေ၏ မျက်နှာတွင် ဝမ်းမြောက်မှုများ ထင်ဟပ်သွားသည်။

ယခုအချိန်တွင် သူသည် ကျိယွမ်ကို ကြည့်ကာ အလွန် ကျေနပ်နေ၏။

"ကျိယွမ်... မင်း ရွှမ်ယွမ်လှံကို သွန်းလုပ်ခဲ့တဲ့ အတွေ့အကြုံနဲ့ နည်းစနစ်တွေကို မှတ်တမ်းတင်ထားလိုက်ဦး... ငါ ကြည့်ချင်လို့"

သူက မှတ်စုစာအုပ်နှင့် ကလောင်တံကို ထုတ်ရင်း စိတ်အားထက်သန်စွာ အကြံပြုသည်။

"လိုလို့လား"

ကျိယွမ်က အနည်းငယ် ဇဝေဇဝါဖြင့် မေး၏။ သို့သော်လည်း သူက တုံ့ဆိုင်းမနေဘဲ သူ၏ လေ့လာတွေ့ရှိချက်များနှင့် အတွေ့အကြုံများကို စတင် ရေးသားလိုက်သည်။

မှတ်စုစာအုပ်ကို ရရှိပြီးနောက် ချန်ရှန်းဝေသည် ပေါ့ပေါ့ပါးပါး ဖတ်ရှုလိုက်၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ၏ အံ့ဩမှုသည် ပိုမို ကြီးထွားလာသည်။

"ကျိယွမ်က တကယ်ပဲ ချန်ခန်းပေါင် ပြောသလို နတ်ဘုရားတစ်ပါး လူဝင်စားတာလား... မဟုတ်ရင် သူ၏ လက်နက်သွန်းလုပ်ခြင်း ပါရမီက ဒီလောက်အထိ ထူးခြားနေစရာ အကြောင်းမရှိဘူး"

ကျိယွမ် ရေးသားထားသော မှတ်စုတိုများသည် ရွှမ်အဆင့် အတတ်ပညာရှင်အချို့ပင် နားလည်ရန် ရုန်းကန်ရမည့် အယူအဆများ ဖြစ်ကြ၏။

ချန်ရှန်းဝေသည် စာကြောင်းအဆုံးတွင် စာတစ်ကြောင်းကို ဂရုတစိုက် ထည့်သွင်းလိုက်သည်။

"ကျိယွမ်၏ ရွှမ်ယွမ်လှံသွန်းလုပ်ခြင်းဆိုင်ရာ အကြိုမှတ်စုများ။ သူ၏ဆရာ ချန်ရှန်းဝေ ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့သည်။"

သူသည် ကျေနပ်စွာ ပြုံးလိုက်၏။

နောင်တစ်ချိန်တွင် ကျိယွမ်သည် ကျော်ကြားသော လက်နက်သွန်းလုပ်သူ ဖြစ်လာချိန် သို့မဟုတ် ကောင်းကင်အဆင့်သို့ ရောက်ရှိသွားချိန်တွင် ဤမှတ်စုများသည် အတတ်ပညာရှင်များစွာ လေ့လာရမည့် ရတနာများ ဖြစ်လာမည်မှာ သေချာသည်။

ထိုအခါ သူတို့သည် မှတ်စုတိုများတွင် "ဆရာ ချန်ရှန်းဝေ" ကို မြင်တွေ့ရလျှင် နောင်လာနောက်သားများက "အော်... ကျိယွမ်ရဲ့ ကြီးမြတ်မှုက နောက်ကွယ်ကနေ ကူညီပေးခဲ့တဲ့ ဆရာချန်ရှန်းဝေရဲ့ လမ်းညွှန်မှုကြောင့်ပဲ... သူက တကယ့်ကို နှိမ့်ချတဲ့သူပဲ" ဟု ပြောကြမည် ဖြစ်သည်။

ဤအချက်ကို တွေးမိရင်း ချန်ရှန်းဝေသည် စိတ်လှုပ်ရှားနေ၏။

"ဆက်ပြီး ကြိုးစားပါဦး... မင်းရဲ့ဆရာ အခု ပြန်တော့မယ်"

ချန်ရှန်းဝေသည် ပျော်ရွှင်စွာဖြင့် မိသားစုခေါင်းဆောင်ထံသို့ အစီရင်ခံရန် ထွက်ခွာသွားလေသည်။

---

သူသည် လမ်းကြားလေးများအတိုင်း လျှောက်လှမ်းလာရင်း သူ၏ ပြိုင်ဘက်ဟောင်း ဖြစ်သော ဝူကျန့်နှင့် တိုက်တိုက်ဆိုင်ဆိုင် တိုးမိ၏။

"ဟေး... ချန်... ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ"

ဝူကျန့်က လှောင်ပြုံးဖြင့် မေးသည်။

"ဒါနဲ့... ငါ့ရဲ့တပည့်က မကြာသေးခင်ကမှ ဒီအဆင်တန်ဆာလေးကို သွန်းလုပ်ထားတာ... မင်း ဝေဖန်ပေးပါဦး"

သူသည် တုတ်ချောင်းပုံသဏ္ဌာန်လက်နက်လေးကို ကိုင်မြှောက်ပြရင်း စိတ်ပျက်ဟန် ဆောင်နေ၏။

"အင်း... ဒီကလေးက လက်နက်သွန်းလုပ်တာကို တစ်လလုံးလုံး သင်ယူခဲ့ရတာ... ဒါပေမဲ့ ဒါပဲ လုပ်နိုင်သေးတယ်... ငါ့နှလုံးသားကို နာကျင်စေတာပဲ"

ဝူကျန့်က ဟန်ဆောင်ပန်ဆောင် ညည်းတွားလိုက်သေးသည်။

၄င်းက ဟန်ဆောင်ခြင်းသာ ဖြစ်ပြီး အမှန်စင်စစ် သူက ကြွားဝါနေခြင်း ဖြစ်၏။

"ဒါကို ကြည့်စမ်း... ငါ့တပည့်က တစ်လအတွင်းမှာ အဆင့်နိမ့်လက်နက်တစ်ခုကို သွန်းလုပ်နိုင်ခဲ့တာ... မင်း ယှဉ်နိုင်မလား"

ချန်ရှန်းဝေသည် ဝူကျန့်၏ လက်ထဲတွင် ရှိသော ပစ္စည်းကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်၏။

"ဒါက အမှိုက်ပဲ... လက်မှုပညာအရည်အသွေးက အဆိုးဆုံးပဲ"

သူက နှာခေါင်းရှုံ့ကာ ပြောပြီးနောက် ထွက်ခွာသွားသည်။

ဝူကျန့်သည် ထိုသို့ တိုက်ရိုက် ဝေဖန်ခံလိုက်ရသဖြင့် ဆွံ့အသွား၏။

လူမှုကွန်ရက်ပေါ်တွင် မိမိကိုယ်ကို ပုံမှန်လူတစ်ဦးအဖြစ် ဟန်ဆောင်ကာ ပုံတင်လိုက်သော်လည်း မှတ်ချက်များတွင် အားလုံးက ဟုတ်ပါတယ်ဟု ဝိုင်းဝန်း ထောက်ခံခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။

ဝူကျန့်သည် နားမလည်နိုင် ဖြစ်နေ၏။

"ချန်က ဒါကို ဘာလို့ တန်ဖိုးမထားတာလဲ... မဟုတ်မှလွဲရော..."

သူ၏ အကြည့်သည် ချန်ရှန်းဝေ ထွက်ခွာလာခဲ့သော လမ်းကြောင်းဖြစ်သည့် ကျိယွမ်၏ ခြံဝန်းဆီသို့ ရောက်ရှိသွားသည်။

"ကျိယွမ်ရဲ့ ပါရမီက ငါ့တပည့်ထက် သာလွန်နေလို့လား"

စိတ်မသက်မသာ ဖြစ်စရာ အတွေးက စိမ့်ဝင်လာသည်နှင့်အမျှ ဝူကျန့်က လှမ်းအော်ပြောလိုက်သည်။

"ဟေး... ချန်... မင်းရဲ့ ဆံပင်တွေ ရှုပ်ပွနေတယ်... အရင်ဆုံး သပ်ရပ်အောင် လုပ်ဦး"

ချန်ရှန်းဝေသည် ခြေချော်လုနီးပါး ဖြစ်သွားသော်လည်း အိတ်ထဲမှ မှန်အသေးလေးကို အလျင်အမြန် ထုတ်ယူကာ ဆံပင်ကို ပြုပြင်လိုက်၏။

၄င်းကို ကြည့်ရင်း ဝူကျန့်သည် အနည်းငယ် အောင်နိုင်သူအဖြစ် ခံစားလိုက်ရသည်။

ဒီကောင် ငါ့လက်ကနေ ပြေးမလွတ်ပါဘူး။

---

တစ်ချိန်တည်းမှာပင် ကျိယွမ်သည် သူ၏ အလုပ်ရုံ၌ တိုးတက်မှုများကို ဆန်းစစ်နေ၏။

"ငါ့ရဲ့ စွမ်းအားတွေ အပြည့်အဝ ပြန်မကောင်းသေးပေမဲ့ အနည်းဆုံးတော့ ကောင်းကင်ပိုင်းဖြတ်ဓားချက်နဲ့ သေခြင်းအလင်းရောင်ကို သုံးလို့ရနေပြီ"

သူက မှတ်ချက်ပြုသည်။

သို့သော်လည်း သူက ဇဝေဇဝါ ဖြစ်နေဆဲပင်။

"ငါ ဘာလို့ စွမ်းရည်အသစ်တွေ မရသေးတာလဲ... ကောင်းကင်အဆင့်ကို ရောက်မှ ရမှာလား"

အဆင့် ၉၀ သို့ ရောက်ရှိပြီးနောက် သူ၏ ယခင်စွမ်းရည်များ ပြန်လည် ရရှိခဲ့သည်။ သို့သော် အသွင်တစ်ထောင်ရုပ်ပြောင်းအတတ်ကို ရရှိခဲ့ခြင်းမှအပ အခြား ကြီးမားသော စွမ်းရည်များကို မရရှိသေးပေ။

"အကြံပေးအရာရှိ... ငါနဲ့အတူ စဉ်းစားစမ်း... ရဲ့ရေကန်ကို သွားရမယ့် ခရီးက အန္တရာယ်များနိုင်တယ်... ငါ ဘယ်လိုလုပ်ပြီး ပြဿနာတွေကို ရှောင်ရှားနိုင်မလဲ"

ကျိယွမ်သည် သူ၏ နောက်လိုက်ဖြစ်သော ချန်ခန်းပေါင်ကို ကြည့်ကာ အကြံဉာဏ် တောင်းလိုက်၏။

"အရင်ကဆိုရင် ငါ ဂရုစိုက်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ အခု ငါက အိမ်ပါသမက်တစ်ယောက် ဖြစ်နေတာကြောင့် လူတိုင်းက ငါ့ကို လာပြီး ရန်စချင်နေကြတာ... ငါ့ရဲ့ စွမ်းအားကလည်း အပြည့်အဝ မရှိသေးဘူး... တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို အနိုင်ကျင့်ရင် ငါ ပြန်မတိုက်ခိုက်နိုင်ဘဲ ဖြစ်နေလိမ့်မယ်"

ဤစိုးရိမ်ပူပန်မှုက သူ၏ စိတ်ထဲတွင် ရှိနေဆဲ ဖြစ်သည်။

"သခင်... သခင်က ကျွန်တော့်ကို ကောင်းချီးပေးလိုက်ပါ... ကျွန်တော် သခင်ကို ကာကွယ်ပေးပါ့မယ်"

ချန်ခန်းပေါင်က ယုံကြည်မှုအပြည့်ဖြင့် အကြံပြု၏။

ကျိယွမ်က ခေါင်းခါလိုက်သည်။

ချန်ခန်းပေါင်သည် ကောင်းချီးပေးခြင်း ခံရပါက အဆင့်နိမ့် ရန်သူများကို ရင်ဆိုင်နိုင်သော်လည်း အစွမ်းထက်သော ရန်သူများကိုမူ ရင်ဆိုင်နိုင်စွမ်း မရှိပေ။

"တခြား နည်းလမ်း ရှိသေးလား"

"ဒါဆိုရင်... သခင်က ပေါက်စီကြီးအဖြစ် တန်ခိုးနဲ့ အသွင်ပြောင်းလိုက်ရင်ကော"

ချန်ခန်းပေါင်က တံတွေးမြိုချရင်း စိတ်အားထက်သန်စွာ အကြံပြုသည်။

"တကယ်လို့ ကျွန်တော်က သခင်ကို သယ်သွားရင် ဘယ်သူကမှ ပေါက်စီကို ရန်ပြုမှာ မဟုတ်ဘူး"

သူပြောသည်မှာ မမှားပေ။ မည်သူကမှ ပေါက်စီကို ရန်ပြုမည် မဟုတ်ပါ။

သို့သော် ရန်ပြုမည့်သူက ရှိနေ၏။ ချန်ခန်းပေါင်ကိုယ်တိုင်က စားပစ်နိုင်ခြေ ရှိသည်။

ကျိယွမ်က တံတွေးမျိုချနေသော အဘိုးကြီးကို စိုက်ကြည့်လိုက်၏။

"တကယ်တော့ မင်းက ငါ့ကို အကြံဉာဏ်တစ်ခု ပေးလိုက်တာပဲ... သမက်တစ်ယောက်အနေနဲ့ကတော့ ပြဿနာတွေကို ဆွဲဆောင်နိုင်တယ်... ဒါပေမဲ့ တကယ်လို့ ငါက သမက်အဖြစ် သရုပ်မဆောင်ထားရင် ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူး... ငါတို့ ရဲ့ရေကန်ကို ရောက်တဲ့အခါ... ရှန်မိသားစုစခန်းချရာနေရာကနေ ထွက်သွားကြမယ်"

"ပေါက်စီအဖြစ် အသွင်ပြောင်းမှာလား"

"ဓားအဖြစ် အသွင်ပြောင်းမှာ"

ကျိယွမ်က စိတ်ပျက်လက်ပျက်ဖြင့် ပြင်ပေးလိုက်၏။

"ဓားလား"

ချန်ခန်းပေါင်က စိတ်ပျက်သွားဟန် ရှိသည်။

"အချိန်ကျလာရင် ငါ့အတွက် ထမင်းချက်ဆရာကောင်းကောင်းတစ်ယောက် ရှာပေး"

ချန်ခန်းပေါင်၏ မျက်လုံးများ အရောင်ပြန်တောက်လာ၏။

"ပေါက်စီ လုပ်ဖို့လား"

"ထွက်သွားစမ်း"

ကျိယွမ်သည် စိတ်ပေါက်ပေါက်ဖြင့် သူ့ကို မောင်းထုတ်လိုက်၏။

ထိုအဘိုးကြီးသည် ပေါက်စီကိုသာ စိတ်စွဲလမ်းနေပုံ ရသည်။

သို့သော်လည်း ကျိယွမ်သည် စတင် စီစဉ်လိုက်လေပြီ။

သူ၏ သမက်အဖြစ်သရုပ်ဆောင်တာဝန်တိုးတက်မှုနှုန်းက ရပ်တန့်နေပြီး ဓားသွားအသွင်သဏ္ဌာန်၏ ရင်းနှီးကျွမ်းဝင်မှုနှုန်းကလည်း နည်းပါးနေသေးသည်။ ဤခရီးစဉ်သည် ၎င်းကို မြှင့်တင်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်၏။

"ဒါပေမဲ့ အရင်ဆုံး ငါ့အတွက် အကာအကွယ်တွေ လိုအပ်တယ်... တကယ်လို့ အဲဒီထမင်းချက်ဆရာက ငါ့ကိုသုံးပြီး မြွေတွေ၊ ပင်လယ်ခရုတွေ ဒါမှမဟုတ် သံချောင်းတွေကို ခုတ်ဖို့ ကြိုးစားရင် ဘယ်လိုလုပ်မလဲ... ငါ ဒါကို ခွင့်မပြုနိုင်ဘူး"

ကျိယွမ်သည် မိမိကိုယ်ကို ကာကွယ်ရန် ကာကွယ်ရေးအစွပ် သို့မဟုတ် သံချပ်ကာကဲ့သို့သောဓားအိမ်တစ်ခုကို သွန်းလုပ်ရန် ဆုံးဖြတ်လိုက်သည်။

၎င်းသည် အချက်နှစ်ချက်နှင့် ကိုက်ညီရမည် ဖြစ်၏။

အပြင်ဘက်သည် အလွန် မာကြောရမည်။

အတွင်းဘက်သည် နူးညံ့ပြီး သက်တောင့်သက်သာ ရှိရမည် ဖြစ်ရာ ဓားသွားသည် အေးချမ်းစွာ နားနေနိုင်ရမည် ဖြစ်သည်။

"နေပါဦး... ဓားတွေက အိပ်စက်တတ်လို့လား"

"ပြီးတော့ ဓားတစ်ချောင်းအနေနဲ့ သရုပ်ဆောင်ရတာက ဘာတွေ ပါဝင်မလဲ"

ခဏမျှ ကျိယွမ်သည် ဓားတစ်ချောင်းအနေဖြင့် မည်သို့ ပြုမူရမည်ကို သူ၏ အိမ်မွေးဓားထံမှ အကြံဉာဏ်တောင်းရန် စဉ်းစားလိုက်၏။

၎င်းသည် အရောင်တင်ခံရခြင်း ပါဝင်သလော။

သို့မဟုတ်... အမှိုက်ပုံများကို မွှေနှောက်ရခြင်းလော။

ကျိယွမ်က ခေါင်းခါကာ ထိုအတွေးကို ပယ်ဖျက်လိုက်သည်။ ဒါက လွန်လွန်းလှ၏။

"ဒါပေမဲ့... တကယ်လို့ အမှိုက်ပုံအစား ရတနာသိုက်တွေကို မွှေနှောက်ရတာဆိုရင်တော့ ငါ ကောင်းကောင်း လုပ်နိုင်လိမ့်မယ်"

"သရုပ်ဆောင်ခြင်းရဲ့ အဓိကအချက်ကတော့ အချက်နှစ်ချက်ပဲ... ဇာတ်ကောင်ရဲ့ သဘာဝကို ဖော်ပြရမယ်... ပြီးတော့ ငါ့ရဲ့ ကိုယ်ပိုင် နားလည်မှုကိုလည်း ထည့်သွင်းရမယ်"

"ဘာပဲဖြစ်ဖြစ် ဒါက သရုပ်ဆောင်တာပဲ... ရုပ်သေးရုပ်လုပ်တမ်း ကစားနေတာ မဟုတ်ဘူး"

သူက ဆက်လက် စဉ်းစားနေမိ၏။

တကယ်လို့ နောက်ထပ် ပေါ်လာမယ့် ဇာတ်ကောင်က ပန်းသူခိုး ဖြစ်နေရင် သူက ပန်းတွေကို ခိုးရမည်လော။ သို့မဟုတ် သူခိုးကောဖြစ်နေပါက သူက အခြားသူများ၏ ဇနီးများနှင့် အိပ်စက်ရမည်လော။

အင်း... နောက်ဆုံးတစ်ခုကတော့ မဆိုးလှပေ။

ကျိယွမ်သည် ဖြစ်နိုင်ခြေရှိသော ဟာကွက်တစ်ခုကို တွေးမိသွား၏။

တကယ်လို့ သူက သူခိုးကောအဖြစ် သရုပ်ဆောင်ရပြီး သမက်ဇာတ်ကောင်၏ဇနီးလေးနှင့် အိပ်စက်လိုက်မည်ဆိုလျှင် ၎င်းက အကျုံးဝင်မည် မဟုတ်ပါလား။

ဒါလည်း မယားခိုးတာပဲလေ ။

----------

All Chapters