← Chapters

အခန်း ၅၁၂

Vol. 48 Ch. 512

အခန်း ၅၁၂

Vol. 48 Ch. 512

အခန်း (၅၁၂) ယန်နတ်ဘုရားတတိယအဆင့်နှင့် ဟင်းလင်းပြင်သခင်

နတ်ဘုရားတိမ်တိုက်ဘုရားကျောင်း အတွင်း၌ ဟန်ရှန်းမဟာဆရာကြီးသည် သူ၏ ရုပ်ရည်ကို ဖုံးကွယ်ရန် ဝက်ရုပ်မျက်နှာဖုံးကို တပ်ဆင်ထားပြီး တိတ်ဆိတ်စွာ ရပ်နေ၏။

သူ့ဘေးတွင် ခေါင်းမြီးခြုံဝတ်ရုံများ ဝတ်ဆင်ထားသော အမျိုးသားအချို့ ရှိနေကြသည်။

"ဒီမိုးက တကယ် စိတ်ပျက်ဖို့ကောင်းတယ်"

ပိန်လှီပြီး မျောက်တစ်ကောင်နှင့် တူသော အမျိုးသားတစ်ဦးက ပြောလိုက်၏။ သူ၏ အင်္ကျီလက်စများထဲတွင် သေစေနိုင်သော မြားတိုများကို ဝှက်ထားသည်။

သူသည် လက်နက်ပုန်းဆရာတစ်ဦး ဖြစ်ပြီး ထိုသို့သောလက်နက်များကို အမြောက်အမြား သယ်ဆောင်ထား၏။

"ရေသခင်ကြောင့် ရဲ့ရေကန်မှာ မိုးခဏခဏ ရွာနေဦးမှာပဲ... ရှန်လင်ရွှမ်းက ကောင်းကင်ဂိုဏ်းရဲ့ မဟာဆရာကြီးတွေအနားမှာ အမြဲရှိနေတော့ ဖမ်းရခက်တယ်"

ဟန်ရှန်းမဟာဆရာကြီးက အက်ရှရှအသံဖြင့် ပြောလိုက်၏။

"ဒါဆို သူမရဲ့ အသုံးမကျတဲ့ လင်ကို အရင်ဖမ်းရအောင်"

ဟု လက်အင်္ကျီထဲမှ မြားတိုကို ကိုင်ထားသူက အကြံပြုသည်။

ရှန်လင်ရွှမ်းကို ဖမ်းရန် ခက်ခဲနိုင်သော်လည်း သူမ၏ အစွမ်းမဲ့သော ခင်ပွန်းကျိယွမ်မှာမူ သူတို့အတွက် အလွယ်တကူ ချေမှုန်းနိုင်သော ကစားစရာတစ်ခုမျှသာ ဖြစ်၏။

"ဒါက သူမကို သတိမူမိစေပြီး အစီအစဉ် ပျက်သွားလိမ့်မယ်... မကောင်းဘူး"

ဟု ဟန်ရှန်းမဟာဆရာကြီးက ပြန်ပြောလိုက်ရင်း သူ၏ အကြည့်တွင် ဇဝေဇဝါဖြစ်မှုများ ပါဝင်နေသည်။ ဖုန်းထဲ့ ဘာကြောင့် အခုထိ ရောက်မလာသေးတာလဲဟု သူ တွေးတောနေမိ၏။

တစ်ခုခုက သူ့ကို တားဆီးထားတာလား။

ဆက်တိုက် ရွာသွန်းနေသော မိုးသံကို နားထောင်ရင်း ဟန်ရှန်း၏ နှလုံးသားထဲတွင် ရှင်းပြမရသော မသက်မသာဖြစ်မှုများ ပေါ်ပေါက်လာသည်။

ရုတ်တရက် သူ၏ အိတ်ကပ်ထဲမှ ကတ်ပြားတစ်ခုသည် စတင်ကာ တောက်ပလာ၏။

ဟန်ရှန်း၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။

"မကောင်းတော့ဘူး"

ထိုလျှို့ဝှက်ကတ်ကို ရှေးဟောင်းအပျက်အစီးတစ်ခုမှ ရရှိခဲ့ခြင်း ဖြစ်၏။

ယင်းတွင် ထူးခြားသော စွမ်းရည်များ ရှိပြီး သူ၏ ပုံရိပ်ယောင်အတတ်ပညာများ၏ မြစ်ဖျားခံရာလည်း ဖြစ်သည်။

ထို့အပြင် ထိုကတ်သည် သတိပေးစနစ်တစ်ခုအနေဖြင့်လည်း အသုံးဝင်၏။

ထိုကတ်ကြောင့် ဟန်ရှန်းသည် ရေတွက်မကုန်နိုင်သော အန္တရာယ်များမှ လွတ်မြောက်ခဲ့ရသည်။ မိုရှန်းနိုင်ငံ၏ မင်းသမီးကို ပြန်ပေးဆွဲပြီး ကောင်းကင်အဆင့် လက်နက်သခင်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံရချိန်တွင်ပင် သူသည် ဒဏ်ရာမရဘဲ လွတ်မြောက်နိုင်ခဲ့၏။

သို့သော် ယခုအခါ ကတ်မှ ထွက်ပေါ်လာသော အလင်းတန်းမှာ ယခင်က ကောင်းကင်အဆင့် လက်နက်သခင် တစ်ဦး လိုက်လံဖမ်းဆီးစဉ်ကထက်ပင် ပိုမိုပြင်းထန်နေသည်။

ဟန်ရှန်း မည်သို့ မထိတ်လန့်ဘဲ နေနိုင်မည်နည်း။

သူသည် တုံ့ဆိုင်းမှုမရှိဘဲ အမြောက်ဆန်တစ်ခုကဲ့သို့ လေထဲသို့ ပျံတက်ကာ နတ်ဘုရားတိမ်တိုက်ဘုရားကျောင်းမှ ထွက်ပြေးလိုက်၏။

သူ့ဘေးက ခေါင်းမြီးခြုံဝတ်ရုံဝတ်ထားသူများမှာ ဘာဖြစ်နေမှန်း မသိသဖြင့် ဇဝေဇဝါ ဖြစ်ကျန်ခဲ့ကြသည်။

ထို့နောက် မည်သည့်သတိပေးချက်မျှမရှိဘဲ စူးရှသော ဓားအသိစိတ်တစ်ခုသည် အေးစက်သော သေခြင်းတရားကဲ့သို့ ကျရောက်လာ၏။

ထိုလူသုံးဦးသည် မိုးစက်များ အေးခဲသွားသည်ကို ထိတ်လန့်တကြား စိုက်ကြည့်နေစဉ် ရေခဲဓားတစ်လက်က မိုးရေထဲမှ ဖောက်ထွက်ကာ သူတို့ထံသို့ တိုက်ရိုက် ဦးတည်လာသည်။

ယင်းက မိုးကြိုးကဲ့သို့ အလွန် လျင်မြန်ပြီး ထက်မြက်လှ၏။ သူတို့ တုံ့ပြန်ရန်အချိန်ပင် မရခဲ့ချေ။

ဓားအရှိန်အဝါက သူတို့၏ လည်ပင်းများကို ဖြတ်သန်းသွားပြီး သပ်ရပ်စွာပိုင်းဖြတ်လိုက်သည်။

သို့သော် ရေခဲဓားမှာ ရပ်တန့်မသွားချေ။ ယင်းက ထွက်ပြေးနေသော ဟန်ရှန်းမဟာဆရာကြီးထံသို့ ဆက်လက် ပျံသန်းသွားသည်။

ကတ်၏ ကြိုတင်သတိပေးချက် ရှိသော်လည်း ဟန်ရှန်းသည် ထိုဓားကို မရှောင်တိမ်းနိုင်ခဲ့ပါ။

ဓားသွားက သူ၏ လည်ပင်းကို ထိုးဖောက်သွားပြီး သွေးများ နေရာအနှံ့ ပန်းထွက်လာ၏။ သူ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ မျက်လုံးများတွင် သံသယနှင့် နောင်တများ ဖုံးလွှမ်းနေ၏။

ကတ်၏ အမွေအနှစ်ကို ရရှိထားသဖြင့် ဟန်ရှန်းသည် မိမိတွင် တောက်ပသော အနာဂတ် ရှိသည်ဟု ယုံကြည်ခဲ့သည်။ သူ၏ ရည်မှန်းချက်များမှာ မိုရှန်းနိုင်ငံအတွင်း၌တင် ကန့်သတ်မထားသင့်ချေ။

သို့သော် သူသည် မည်သူက သတ်လိုက်သည်၊ ဘာကြောင့် သတ်လိုက်သည်ကိုပင် မသိရဘဲ ဆန်းကြယ်စွာ သေဆုံးသွားခဲ့ရလေပြီ။

အခြားတစ်နေရာတွင် ရှန်လင်ရွှမ်း၏ မျက်မှောင်များ အနည်းငယ် ကျဉ်းမြောင်းသွား၏။

"အဲဒီဓားက..."

စွမ်းအားသက်သက်အရ ဆိုလျှင် ဤတိုက်ခိုက်မှုမှာ သူမ၏ ယခင်ဘဝက အထွတ်အထိပ်အချိန်နှင့် မယှဉ်နိုင်ချေ။

အဆုံးစွန်အားဖြင့် သူမသည် ယခင်ဘဝက ဓားတစ်လက်ဖြင့် စစ်တပ်များကို တွန်းလှန်ခဲ့ပြီး ကောင်းကင်ဂိုဏ်းကို တည်ထောင်ကာ ယင်း၏ ပထမဆုံး တာအိုအရှင်သခင် ဖြစ်လာခဲ့သည်။

သို့သော် တိကျမှုအပိုင်းတွင်မူ ဤဓားက သူမထက် များစွာ သာလွန်နေ၏။

သူမသည် ကျိယွမ်ကို ကြည့်လိုက်ရင်း နှလုံးသားထဲတွင် အတွေးများ လှုပ်ခတ်သွားသည်။

"မြေကမ္ဘာအဆင့် လက်နက်သခင် လေးယောက်ကို ဓားတစ်ချက်တည်းနဲ့ သတ်လိုက်တာ... ရှင်က ဘယ်သူလဲ"

သူမ၏ အတွေးထဲများက ယောက်ယက်ခပ်သွားပြီး ထိတ်လန့်မှုအချို့ ပြည့်နှက်လာသည်။

ကျိယွမ်၏ ဓားတိကျမှုမှာ ထူးခြားလှသော်လည်း သူ၏ အရှိန်အဝါအရ သူသည် ကောင်းကင်နှင့် တစ်သားတည်းဖြစ်ခြင်း နယ်မြေသို့ မရောက်သေးသည်မှာ ထင်ရှားသည်။

အကယ်၍ သူကသာ သူမ၏ နက်နဲယင်ခန္ဓာကိုယ်ကို ရည်ရွယ်ချက်တစ်ခုခု ရှိနေပါက သူမတွင် ခုခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။

ကျိယွမ်က ပြုံးလိုက်သည်။

"မင်း ငါ့ရဲ့ စီးတော်ယာဉ်ဖြစ်ဖို့ သဘောတူရင် ငါ..."

သူ့စကား မဆုံးခင်မှာပင် သူ၏ အပြုံးက အေးခဲသွား၏။

ရှန်လင်ရွှမ်း၏ ပုံရိပ် ပျောက်ကွယ်သွားသည်။

သူမ... ထွက်ပြေးသွားတာပဲ။

ဟုတ်ပါသည်... သူမ ချက်ချင်း ထွက်ပြေးသွားခြင်း ဖြစ်၏။

ကျိယွမ် ဆွံ့အသွားပြီး မိုးထဲတွင် ပျောက်ကွယ်သွားသော သူမ၏ သွယ်လျသော ခန္ဓာကိုယ်ကို စိုက်ကြည့်နေမိသည်။

သူက စိတ်ပျက်စွာ တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

"ငါက တကယ်ပဲ လူဆိုးနဲ့ အဲလောက်တူနေလို့လား"

"လူသားတွေက နတ်ဘုရားကို ဖူးမြော်ရတဲ့အခါ ကြောက်ရွံ့တာက သဘာဝပါပဲ"

ချန်ခန်းပေါင်က ဘေးဝင်မြှောက်လိုက်သည်။သူက အခြားနေရာများတွင် လွဲသော်လည်း မြှောက်ပင့်သည့်နေရာမှာတော့ ဆရာတစ်ဆူပင်။

"ငါက သူမရဲ့ယောက်ျားလေ...လင်ယောက်ျားက သူ့မိန်းမကို ခဏလောက် စီးချင်ရုံတင်ဥစ္စာ... ဘာကိစ္စ အကြီးအကျယ် ဖြစ်နေတာလဲ"

"သူမက... ရှန်လင်ရွှမ်းလား"

ချန်ခန်းပေါင် ခေတ္တမျှ ဆွံ့အသွား၏။

သူမကို အစောပိုင်းက သူ မမှတ်မိခဲ့ပါ။

"သွားကြစို့... မြင့်မြတ်တဲ့အလုပ်တစ်ခု လုပ်ရမယ် ။ သူတို့ရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းပေးရအောင်"

ကျိယွမ်က ပြောလိုက်ပြီး ရွှံ့နွံများ ပြည့်နေသော ဘုရားကျောင်းထဲသို့ လှမ်းဝင်လိုက်၏။

ထိုမြေကမ္ဘာအဆင့် လက်နက်သခင် သုံးဦးထံမှ ပစ္စည်းများစွာ ကျန်ရစ်ခြင်း မရှိချေ။ ကျိယွမ်သည် စုစုပေါင်း တစ်သိန်းခန့် ရှိသော ငွေစက္ကူများကိုသာ တွေ့ရှိခဲ့သည်။

သူ စိတ်ပျက်သွားပြီး သူ၏ စိတ်ခံစားချက်မှာ မရမကလိုက်နေသော မုဆိုးမတစ်ဦးသည် အရုပ်ဆိုးပြီး ဆွဲဆောင်မှုမရှိသည်ကို တွေ့လိုက်ရသည့် ဓားပြတစ်ဦးကဲ့သို့ ဖြစ်နေ၏။

ကျိယွမ်သည် ဟန်ရှန်းမဟာဆရာကြီး၏ အလောင်းကို အာရုံစိုက်လိုက်သည်။

"မင်းဆီက စိတ်ဝင်စားစရာတစ်ခုခု ရဖို့ မျှော်လင့်ပါတယ်"

ဟန်ရှန်း၏ သိုလှောင်လက်နက်ကို ဖွင့်လိုက်သောအခါ ပြင်းထန်သော နှုတ်ခမ်းနီနံ့များ လွင့်ပျံလာ၏။ အတွင်းထဲတွင် အရောင်စုံ အမျိုးသမီးအတွင်းခံ ဝတ်စုံများ ပုံနေသည်။

"တကယ့် ဖေက်ပြန်တဲ့ လူပဲ"

ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။

သူ ဆက်ရှာဖွေကြည့်ရာ ငွေခြောက်သိန်းနှစ်သောင်းလျန် ရှိသော ငွေစက္ကူများကို တွေ့ရှိခဲ့သည်။

သူ၏ မျက်လုံးများ ဝမ်းသာအားရ တောက်ပလာ၏။

"ငါ တကယ်ကို သူဌေးဖြစ်ပြီ"

ထို့နောက် သူ၏ အကြည့်က ဟန်ရှန်း၏ လက်အင်္ကျီထဲတွင် ဝှက်ထားသော ကတ်ပြားတစ်ခုပေါ်သို့ ကျရောက်သွားသည်။

"ဒီပစ္စည်းက... ဒီဂိမ်းရဲ့ အလှတရားနဲ့ လုံးဝ မကိုက်ညီဘူး"

ထိုကတ်ပြားမှာ ခရမ်းရောင်ဖြစ်ပြီး ရှုပ်ထွေးသော ပုံစံများ ရှိကာ ပလတ်စတစ်ဖြင့် ပြုလုပ်ထားပုံရ၏။

[မျက်လှည့်ကတ် - ဟင်းလင်းပြင်ကောင်းကင်ဘုံမှ မြစ်ဖျားခံသည်။ မှတ်တမ်းတင်ခြင်း၊ သတိပေးခြင်း၊ အမွေအနှစ်ပေးခြင်းနှင့် အခြားလုပ်ဆောင်ချက်များ ပါဝင်သည်။ အကောင်းဆုံးဖြစ်အောင်ပြင်ဆင်မှုပုံစံ ၃၇၅ ခု ပြုလုပ်နိုင်သေးသည်]

ကျိယွမ်၏ မျက်လုံးများက ဖုံးကွယ်ထားသော အချက်အလက်များကို ချက်ချင်း မြင်လိုက်ရသည်။

"ဟင်းလင်းပြင်ကောင်းကင်ဘုံလား... ဒါက ဘာလဲ"

"ငါလည်း တစ်ခါမှ မကြားဖူးဘူး"

ချန်ခန်းပေါင်က ခေါင်းခါရင်း ပြောလိုက်၏။

"ဒီကတ်က ဒေတာတွေကို မှတ်တမ်းတင်ထားတာ... တကယ်လို့ ငါ စကားဝှက်ကို သုံးလိုက်ရင် အသုံးဝင်တဲ့ အချက်အလက်အချို့ကို ရှာဖွေနိုင်လိမ့်မယ်"

ကျိယွမ်က ခန့်မှန်းလိုက်သည်။

ကတ်၏ စွမ်းရည်များကို အပေါ်ယံမျှသာ သုံးနိုင်ခဲ့သော ဟန်ရှန်းနှင့်မတူဘဲ ကျိယွမ်မှာမူ ယင်း၏ ဗဟိုချက်ကို ဝင်ရောက်နိုင်၏။

ခဏချင်းတွင်ပင် မြောက်မြားသော အချက်အလက်များက သူ၏ စိတ်ထဲသို့ စီးဝင်လာသည်။

"ကျောက်ပေါ်လုံ... ဟင်းလင်းပြင်လျှောက်လှမ်းသူတစ်ဦးလား"

ထိုကတ်၏ မူလပိုင်ရှင်အမည်မှာ ကျောက်ပေါ်လုံ ဖြစ်ပြီး ဟင်းလင်းပြင်ကောင်းကင်ဘုံမှ ဟင်းလင်းပြင်လျှောက်လှမ်းသူအဖြစ် ရွေးချယ်ခံရသော အခြားစကြဝဠာမှ တည်ရှိမှုတစ်ခု ဖြစ်၏။

ထိုဖော်ပြချက်များက ကျိယွမ်ကို အံ့အားသင့်စေသည်မှာ ဟင်းလင်းပြင်ကောင်းကင်ဘုံသည် သူသိထားသော "ပင်မနတ်ဘုရားနေရာများ" နှင့် တူနေခြင်းကြောင့် ဖြစ်သည်။

ကျောက်ပေါ်လုံ၏ မူလစကြဝဠာအမည်မှာ ကျိုးစကြဝဠာ ဖြစ်၏။

ထိုနေရာသည် စွမ်းအားကြီးသော တည်ရှိမှုများဖြင့် ပြည့်နှက်နေသော နယ်မြေတစ်ခု ဖြစ်ပြီး ဟင်းလင်းပြင်ကောင်းကင်ဘုံ၏ ဖန်ဆင်းရှင်ဖြစ်သော ဟင်းလင်းပြင်သခင်မှာ အင်အားအကြီးဆုံး တည်ရှိမှုအဖြစ် စိုးစံနေသည်။

"ဟင်းလင်းပြင်သခင်... ကောင်းကင်ဖွင့်နယ်မြေက ယန်နတ်ဘုရားတတိယအဆင့်လား"

ထိုအချက်အလက်များအရ ယန်နတ်ဘုရားတတိယအဆင့်တွင် စည်းမျဉ်းအဆင့်၊ အရာခပ်သိမ်းသိမြင်ခြင်းအဆင့်နှင့် ဖန်ဆင်းခြင်းအဆင့်တို့ ပါဝင်သည်။

စည်းမျဉ်းအဆင့်ကျင့်ကြံသူများသည် မူလသဘောတရားများကို စကြဝဠာစည်းမျဉ်းများအဖြစ် ပေါင်းစပ်ကာ တတိယအဆင့်သို့ ရောက်ရှိကြ၏။

အရာခပ်သိမ်းသိမြင်ခြင်းအဆင့်မှာ အနည်းဆုံး စကြဝဠာစည်းမျဉ်း ကိုးခုကို ကျွမ်းကျင်ရန် လိုအပ်ပြီး ဖန်ဆင်းခြင်းအဆင့်မှာ အမြင့်ဆုံးဖြစ်ကာ ကောင်းကင်ကို ဖွင့်လှစ်ပြီး ကမ္ဘာများကို ဖန်ဆင်းခြင်း ဖြစ်သည်။

"ကမ္ဘာတွေကို ဖန်ဆင်းနိုင်တဲ့ တည်ရှိမှုဆိုတာကမှ... တကယ့် နတ်ဘုရားအစစ်ပဲ... ဟင်းလင်းပြင်သခင်က အတော်လေး အထင်ကြီးစရာကောင်းတယ်"

ကျိယွမ်က စိတ်လှုပ်ရှားစွာ တွေးလိုက်၏။

ကျိယွမ်၏ စွမ်းအားမှာ မဟာမူလသဘောတရား ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်သော်လည်း ကမ္ဘာများကို ဖန်ဆင်းရန်မှာမူ သူ့အတွက် အလှမ်းဝေးလွန်းလှသည်။

ကြယ်တစ်လုံးကို ဖျက်ဆီးပစ်ဖို့လား။ ဒါကတော့ သူ လုပ်နိုင်စွမ်း ရှိ၏။

ဟင်းလင်းပြင်သခင်သည် လွန်ခဲ့သော နှစ်ပေါင်းဘီလီယံပေါင်းများစွာက ချင်းရှန်းနယ်မြေ ပါဝင်သော "မွေးကင်းစစကြဝဠာ" ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုစကြဝဠာကို သိမ်းပိုက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသည်။ သို့သော် ထိုအရှင်သခင်သည် ကံကြမ္မာနှောင်ကြိုးကို ပိုမိုနက်ရှိုင်းစေရန်နှင့် နောက်ဆုံးတွင် စိုးမိုးရန် လမ်းစဖွင့်ရန်အတွက် ဟင်းလင်းပြင်လျှောက်လှမ်းသူများကို ဆက်လက် စေလွှတ်နေခဲ့၏။

"ဒါဆို ဒီကတ်ကို ကိုင်ထားရုံနဲ့ ငါက ဟင်းလင်းပြင်သခင်နဲ့ ကံကြမ္မာအရ ဆက်စပ်သွားပြီပေါ့"

ကျိယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။

ဖော်ပြချက်က လျှို့ဝှက်ချက်များစွာကို ရှင်းလင်းသွားစေသော်လည်း ကျိယွမ်ကို ထိခိုက်လွယ်မှုနှင့် ဝေခွဲမရမှုကိုလည်း ခံစားရစေ၏။

"ပထမဆုံး ငါက အထွတ်အထိပ်ဓား ဖြစ်လာရမယ်... ဟင်းလင်းပြင်သခင်ကတော့ နောက်မှ စောင့်နိုင်ပါတယ်"

"အဘိုးကြီး... ငါ့ကို စားဖိုမှူးတစ်ယောက် ရှာပေး... ဒီနေ့တော့ ငါက ကြိုးစားတဲ့ ဓားတစ်လက် ဖြစ်ပြီး အဆင့်ကို အမြန်တက်ရမယ်"

"နားလည်ပါပြီ" ချန်ခန်းပေါင်က စိတ်အားထက်သန်စွာ ပြန်ပြောလိုက်၏။

...

စည်ကားလှသော ဈေးကြီးအတွင်း၌ လှုပ်ရှားမှုများဖြင့် ဆူညံနေသည်။

ချန်ခန်းပေါင်သည် မတ်မတ်ရပ်ကာ သူ၏ ကုန်ပစ္စည်းများကို အော်ဟစ်ရောင်းချနေ၏။

"အထွန်အထိပ် ကောင်းကင်စားဖိုမှူးဓားဗျို့... ငွေကိုးရာကိုးဆယ်ကိုးပြားထဲနဲ့ ရမယ်"

"ဟင်းသီးဟင်းရွက်တွေကို လေထဲမှာ လှီးဖြတ်နိုင်တယ်... ထင်းတွေကို အလွယ်တကူ ခုတ်နိုင်တယ်... ကိုယ်တိုင်လာကြည့်ကြပါ... အခုပဲ ဝယ်လိုက်ပါ... နောင်တမရစေရဘူး"

"ဟေ့ အဘိုးကြီး... ဓားတစ်လက်ကို ကိုးရာကိုးဆယ်ကိုးပြား ဟုတ်လား... ဒါက လိမ်စားနေတာ မဟုတ်ဘူးလား"

"ဒီလောက် ဈေးကြီးတဲ့ ဓားဆိုရင် လက်နက်သခင်တွေ သုံးတဲ့ လက်နက်ကိုတောင် ဝယ်လို့ရတယ်"

"မင်းတို့ လူမိုက်တွေ နားမလည်ပါဘူး... ဒါက သာမန်ဓား မဟုတ်ဘူး... လူသားတွေရဲ့ လက်နဲ့ မယှဉ်နိုင်တဲ့ အရသာရှိတဲ့ ဟင်းလျာတွေကို ဖန်တီးနိုင်တယ်"

ချန်ခန်းပေါင်က သူ၏ တံတွေးများ ပန်းထွက်မတတ် အသည်းအသန် ငြင်းခုံလိုက်၏။

"လူလိမ်"

လူအုပ်ကြီးထဲမှ အများစုမှာ လှောင်ပြုံးပြုံးကာ သူ့ကို ပစ်ပယ်လိုက်ကြသည်။

မည်သည့်ပုံမှန်လူက သာမန် မီးဖိုချောင်သုံးဓားတစ်လက်အတွက် ငွေတစ်ထောင် သုံးမည်နည်း။

"အား... သခင်လေးရဲ့ ကံပါတဲ့ ပိုင်ရှင်ကို စောင့်တဲ့နည်းလမ်းက သိပ်ပြီး တုံ့ပြန်မှု နှေးလွန်းတယ်"

ချန်ခန်းပေါင်က တွေးလိုက်သည်။

"သူ့ရဲ့ အကြံပေးတစ်ယောက်အနေနဲ့ ငါ့ရဲ့ ဉာဏ်ပညာကို သုံးပြီး သူနဲ့ ကံပါတဲ့ ပိုင်ရှင်အစစ်ကို ရှာပေးရမယ်"

ချန်ခန်းပေါင် သေသေချာချာ တွေးလိုက်၏။ ဓား၏ ကံပါသော ပိုင်ရှင် ဖြစ်လာရန်အတွက် ထိုသူတွင် အဓိက အရည်အချင်းနှစ်ခု လိုအပ်သည်။ ချမ်းသာခြင်းနှင့် အယုံလွယ်ခြင်း ဖြစ်သည်။

"သူတို့က ကမ္ဘာကြီးကို လေ့လာဖို့ ခိုးထွက်လာတဲ့ အကာအကွယ်အောက်က ရိုးအအ မျိုးရိုးမြင့်အမျိုးသမီးတစ်ယောက် ဖြစ်ရင် အကောင်းဆုံးပဲ"

"ဒါပေမဲ့... မျိုးရိုးမြင့်အမျိုးသမီး ဘယ်နှယောက်က ဟင်းချက်တတ်မှာလဲ"

ချန်ခန်းပေါင် မျက်မှောင်ကြုတ်ကာ မေးစေ့ကို ပွတ်ရင်း အစီအစဉ်တစ်ခု ဆွဲလိုက်၏။

"ငါ ဒီဓားကို မငြင်းဆန်နိုင်အောင် ပုံစံအသစ် ပြန်ပြင်ရမယ်"

ချန်ခန်းပေါင်၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်နေပြီး စီစဉ်ကြံစည်နေကာ သူ သဘောကျသော ပေါက်စီများကိုပင် စွန့်လွှတ်ကာ ဈေးအတွင်း၌ သင့်တော်သော ပစ်မှတ်ကို ရှာဖွေနေခဲ့သည်။

နှစ်နာရီနီးပါး ရှာဖွေပြီးနောက် သူ၏ မျက်လုံးများ တောက်ပလာ၏။

"ဒီကောင်မလေးကတော့ အယုံလွယ်မယ့်ပုံပဲ"

"သူမ ဟင်းမချက်တတ်ရင်တောင် အဆင်ပြေပါတယ်... ငါ သူမကို ပေါက်စီလုပ်နည်း သင်ပေးမယ်... ငါ့ထက် ပေါက်စီအကြောင်း ကောင်းကောင်းသိတဲ့လူ မရှိဘူး"

သူသည် လက်ဖဝါးထဲသို့ တံတွေးထွေးကာ သူ၏ ရှုပ်ပွနေသော ဆံပင်များကို သပ်ရပ်သွားအောင် ပြင်ဆင်လိုက်၏။ ဓားကို ကိုင်ဆောင်ကာ သူ ရွေးချယ်ထားသော ပစ်မှတ်နောက်သို့ ထပ်ကြပ်မကွာ လိုက်သွားတော့သည်။

ထိုအချိန်တွင် ကျန်းယွန်းရှီသည် ဈေးအတွင်း၌ လျှောက်လည်နေပြီး စည်ကားလှသော ဆိုင်ခန်းများကို စူးစမ်းလိုသော မျက်လုံးကြီးများဖြင့် ကြည့်ကာ အားကျနေ၏။

လက်တစ်ဖက်တွင် ဆီးသီးယိုချောင်းတစ်ချောင်းကို ကိုင်ထားပြီး အခြားလက်တစ်ဖက်တွင်မူ ပန်းဗုံအသေးလေးတစ်ခုကို လှုပ်ခါနေကာ ဈေးအတွင်းရှိ မြင်ကွင်းများနှင့် အသံများကို သဘောကျနေသော ကလေးတစ်ဦးနှင့် တူနေသည်။

ထိုစဉ် ကုန်းကုန်းကွကွ ဖြစ်နေသော အဘိုးကြီးတစ်ဦးသည် သူမရှေ့တွင် ပေါ်လာ၏။

"သခင်မလေး... ဒီအဘိုးကြီးက နေရာအနှံ့ ခရီးသွားရင်း ရေတွက်မကုန်နိုင်တဲ့ ဝိညာဉ်မှင်စာတွေကို နှိမ်နင်းခဲ့တာပါ... ဒီနေရာကို ဖြတ်သွားရင်း အရှေ့ဘက်ကောင်းကင်မှာ မင်္ဂလာရှိသောခရမ်းရောင်အလင်းတွေ တောက်ပနေတာကို မြင်လိုက်ရတယ်... ဒါက ကံပါတဲ့လူနဲ့ ဆုံရတာပဲ"

ချန်ခန်းပေါင်က တည်ကြည်စွာ ပြောလိုက်၏။

ကျန်းယွန်းရှီက သူ့ကို မျက်တောင်ခတ်ကာ ကြည့်လိုက်ပြီး သူမ၏ တောက်ပသော မျက်လုံးများက သံသယဖြစ်စွာ ကျဉ်းမြောင်းသွားသည်။

"အဘိုးကြီး... ဘာလိုချင်လို့လဲ"

သူမသည် အကာအကွယ်အောက်တွင် နေခဲ့ရသော်လည်း လုံးဝ ရိုးအလှသည်တော့ မဟုတ်ချေ။

"ဒီမှာ ရှိတာက ကောင်းကင်ဓားတစ်လက်ပါ... ဘယ်ပစ္စည်းနဲ့မှ မယှဉ်နိုင်တဲ့ ရတနာပေါ့"

ချန်ခန်းပေါင်က ဓားကို ရိုရိုသေသေ ကမ်းပေးရင်း ပြောလိုက်၏။

"သူ့မှာ ကံပါတဲ့ ပိုင်ရှင်တစ်ယောက်ပဲ လိုအပ်နေတာ... သခင်မလေးက အဲဒီလူပဲ"

သူက ပညာရှိတစ်ဦး၏ တည်ကြည်မှုမျိုးဖြင့် ထပ်ပြောလိုက်သည်။

"ဓားလား"

ကျန်းယွန်းရှီက ဓားကို သံသယဖြင့် စစ်ဆေးကြည့်လိုက်၏။

"တကယ်လို့ ဒါက ကံပါတာဆိုရင် ကျွန်မကို ဒီအတိုင်းပဲ ပေးလိုက်ပါလား"

ချန်ခန်းပေါင်၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်သွား၏။ သူမ စိတ်ဝင်စားနေပြီ။

"သခင်မလေး... မင်းရဲ့ ရဲရင့်တဲ့ စိတ်ဓာတ်က ထင်ရှားလှပါတယ်... ဒီဓားကို ကိုင်ဆောင်ရင် မင်းက အံ့သြစရာ ဟင်းလျာတွေကို ဖန်တီးနိုင်ပြီး ဆိုးယုတ်မှုများစွာကိုလည်း နှိမ်နင်းနိုင်လိမ့်မယ်"

ကျန်းယွန်းရှီ၏ မျက်နှာအမူအရာမှာ မယုံကြည်နိုင်စရာ ဖြစ်သွား၏။

"ကျွန်မက ဟင်းချက်တာကို စိတ်မဝင်စားဘူး... ဒါပေမဲ့ သတ္တဝါတွေကို တိုက်ခိုက်ရတာကတော့ ပျော်စရာကောင်းပုံပဲ... ကောင်းပြီ... ဓားကို ပေး"

"ဒါက ငွေကိုးရာကိုးဆယ်ကိုးပြား ကျသင့်ပါတယ်"

ချန်ခန်းပေါင်က ဓားကို ကမ်းပေးရင်း သူ၏ လက်ကို မျှော်လင့်ချက်ဖြင့် ဆန့်ထုတ်လိုက်၏။

ကျန်းယွန်းရှီ ခေတ္တမျှ ဆွံ့အသွားပြီးနောက် သူမ၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီမြန်းသွားသည်။

"အဘိုးကြီး... ကျွန်မကို လူအထင်နေတာလား"

"အစောပိုင်းကလည်း အခြားအဘိုးကြီးတစ်ယောက်က ကျွန်မကို ကယ်တင်ရှင်ကျမ်းစာ ဆိုတာကို ဆယ်ပြားနဲ့ ရောင်းဖို့ ကြိုးစားသေးတယ်... အခု အဘိုးကြီးက တစ်ထောင်တောင်းနေတာလား... ကျွန်မကို နောက်နေတာလား"

ကျန်းယွန်းရှီအနေဖြင့် သူမကို ပစ်မှတ်ထားသော လူလိမ်များနှင့် ဆုံရခြင်းမှာ ဤအကြိမ်သည် ပထမဆုံး မဟုတ်ချေ။

သူမသည် စိတ်ပျက်အားလျော့ကာ မကျေမနပ် ဖြစ်နေမိသည်။

ငါ့မျက်နှာပေါ်တွင် "အယုံလွယ်သူ" လ်ု့ ရေးထားလို့လား။ ဘာကြောင့် လူလိမ်တွေအားလုံး ငါ့ဆီ စုပြုံလာကြတာလဲ။

"တကယ်လို့ အဘိုးကြီးသာ ကျွန်မနောက်ကို ထပ်လိုက်လာရင် အာဏာပိုင်တွေကို တိုင်ပစ်မယ်"

သူမက ဒေါသတကြီး စိုက်ကြည့်ရင်း မှုန်ကုပ်ကုပ် ပြောလိုက်၏။

ချန်ခန်းပေါင် သက်ပြင်းချလိုက်ပြီး စိတ်ပျက်မှုကို ခံစားလိုက်ရသည်။

ယခုအချိန်အထိပင် သူသည် ရိုးအသော ကောင်မလေးတစ်ယောက်ကို မလိမ်နိုင်သေးချေ။ သူ၏ စွမ်းရည်များ ကျဆင်းနေလေပြီ ။

သို့သော် သူ လက်လျှော့တော့မည့်အချိန်တွင် ကျိယွမ်၏ တည်ငြိမ်သော အသံက သူ၏ နားထဲတွင် ပဲ့တင်ထပ်လာ၏။

ချန်ခန်းပေါင်၏ မျက်နှာတွင် ယုံကြည်မှုအသစ်များဖြင့် တောက်ပလာသည်။

"သခင်မလေး ကျန်းယွန်းရှီ... မင်းသာ ဒီဓားကို လက်လွတ်ခံလိုက်ရင် ဒါက မင်းရဲ့ ဘဝတစ်ခုလုံးအတွက် အကြီးမားဆုံး နောင်တ ဖြစ်လိမ့်မယ်"

သူက ဆန်းကြယ်ဟန်ဆောင်ကာ တည်ကြည်စွာ ပြောလိုက်၏။

ကျန်းယွန်းရှီ ဆွံ့အသွားပြီး သူမ၏ မျက်နှာအမူအရာ တင်းမာသွားသည်။

"ကျွန်မနာမည်ကို ဘယ်လိုသိတာလဲ"

ချန်ခန်းပေါင်၏ မျက်လုံးများ တောက်ပလာ၏။

"ငါက မင်းနာမည်ကို သိရုံတင်မကဘူး... မင်း အသက်ခြောက်နှစ်အထိ အိပ်ရာထဲ ဆီးထွက်ခဲ့တာကိုလည်း သိတယ်... မင်းရဲ့ လက်ကောက်ဝတ်မှာ ရှိတာ ရွှမ်အဆင့်လက်ကောက် မဟုတ်လား... အဲဒါက မင်းအမေက မင်းရဲ့ ခြောက်နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာလေ... မင်း အိပ်ရာထဲ ဆီးမထွက်အောင်လို့"

ကျန်းယွန်းရှီ၏ မျက်နှာမှာ အလွန် နီမြန်းသွားပြီး သူမ၏ ပါးစပ်မှာ အံ့သြမှုကြောင့် ဟစိစိ ဖြစ်သွားရသည်။

"အဘိုးကြီး... ရှင်..ရှင် ဒါကို ဘယ်လိုသိတာလဲ"

ဤကလေးဘဝက အရှက်ရစရာအကြောင်းကို သူမ၏ အရင်းနှီးဆုံး မိသားစုဝင်များသာ သိကြ၏။ ဤထူးဆန်းသော အဘိုးကြီးက မည်သို့ သိနိုင်မည်နည်း။

"ဘာလို့လဲဆိုတော့... ငါက စစ်မှန်အင်မော်တယ်တစ်ပါး မို့လို့ပဲ"

ချန်ခန်းပေါင်က ယုံကြည်ချက်အပြည့်ဖြင့် ကြေညာလိုက်၏။

------

All Chapters