← Chapters

အခန်း ၅၁၄

Vol. 48 Ch. 514

အခန်း ၅၁၄

Vol. 48 Ch. 514

အခန်း (၅၁၄) အလယ်ပိုင်းဒေသမှ သံတမန်များ

မိုးရွာပြီးနောက် နေရောင်အောက်တွင် လှိုင်းထနေသော ရေပြင်သည် တောက်ပနေပြီး ရဲ့ရေကန်၏ မျက်နှာပြင်သည် ဆိတ်ငြိမ်သော အလှတရားကို ဆောင်နေ၏။

မိန်းမပျိုလေးတစ်ဦးသည် လက်ထဲတွင် မီးဖိုချောင်သုံးဓားတစ်စင်းကို ကိုင်ထားရင်း ရေထဲရှိ ငါးများကို စူးစမ်းလိုသော အကြည့်ဖြင့် ကြည့်နေသည်။

"ဒါ ဝိညာဉ်မှင်စာငါးလား... သာမန်ငါးတွေနဲ့ ဘာမှ ကွာခြားပုံမရဘူး"

"လူဆိုးတွေက သူတို့နဖူးမှာ လူဆိုးလို့ ရေးပြီး လျှောက်သွားဖူးလို့လား"

"ဟုတ်ပါတယ် ..ဓားအိုကြီးရယ်"

သူမလက်ထဲရှိ မီးဖိုချောင်သုံးဓားသည် အနည်းငယ် လှုပ်ရှားသွားပြီး ၎င်း၏ လှုပ်ရှားမှုသည် တိကျခြင်း၊ လျင်မြန်ခြင်းနှင့် ထက်မြက်ခြင်းတို့ကို အပြည့်အဝ ဖော်ပြနေ၏။

ဟင်းသီးဟင်းရွက် လှီးဖြတ်ခြင်းသည် ကျန်းယွန်းရှီ၏ တိုက်ခိုက်ရေး ကျွမ်းကျင်မှုကို သိသိသာသာ တိုးတက်စေခဲ့သည်ဟု ပြောရမည်။

မျိုးရိုးမြင့် မိသားစုတွင် မွေးဖွားပြီး ရွှေဇွန်းကိုက်ကာ ကြီးပြင်းလာခဲ့သော ကျန်းယွန်းရှီတွင် တကယ့် တိုက်ခိုက်ရေး အတွေ့အကြုံဟူ၍ လုံးဝမရှိပေ။

မီးဖိုချောင်သုံးဓားဖြင့် ဟင်းသီးဟင်းရွက် လှီးဖြတ်ခြင်းသည် သူမ၏ အနည်းငယ်သော ကြိုးစားအားထုတ်မှု လေ့ကျင့်ခန်းများထဲမှ တစ်ခု ဖြစ်လာခဲ့၏။

"နင် ဝိညာဉ်မှင်စာငါးတစ်ကောင်ကို သတ်လိုက်ပြီ... အတွေ့အကြုံရမှတ်အနည်းငယ် ရတယ်"

အေးစက်ပြီး စက်ရုပ်ဆန်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ကျန်းယွန်းရှီသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်၏။

"ဘယ်သူပြောတာလဲ... ငါ ငါးသတ်တာကို အတွေ့အကြုံရတာလား... ဘယ်လို အတွေ့အကြုံလဲ"

ကျန်းယွန်းရှီသည် ဗျောက်အိုးဖောက်သကဲ့သို့ စကားများကို မရပ်မနား တတွတ်တွတ် ပြောနေသည်။

"စိတ်မကောင်းပါဘူး... ဒါပေမဲ့ ဝိညာဉ်မှင်စာတွေကို သတ်လို့ရတဲ့ အတွေ့အကြုံက ငါ့အတွက်ပါ"

ကျိယွမ်က အမှန်အတိုင်း ပြန်ပြော၏။

"နင်က အတွေ့အကြုံရတာလား... ဒါဆို ငါက ဘာရမှာလဲ"

"နင်က... ငါးသတ်တဲ့ အတွေ့အကြုံ ရတာပေါ့... နောက်ဆို ချက်ပြုတ်ဖို့ ငါးပြင်ဆင်တဲ့အခါ ပိုမြန်သွားလိမ့်မယ်"

"ဟင်"

"ကြောင်တောင်တောင် ရပ်မနေနဲ့... ဒီရေကန်ထဲမှာ ဝိညာဉ်မှင်စာငါးတွေ အများကြီး ရှိသေးတယ်... မြန်မြန်သတ်စမ်း"

"ကောင်းပြီ"

"သတိထားဦး... ငါ ခုနက အချိန်မီ မလှည့်လိုက်ရင် နင် ဒီလှေကို နှစ်ခြမ်းခွဲမိတော့မှာ"

"တောင်းပန်ပါတယ်"

"နင့်အတတ်ပညာက ခိုင်မာပါတယ်... နင် အဲဒီ ဝိညာဉ်မှင်စာတွေကို ဆာရှိမိ လုပ်ပစ်လိုက်ပြီပဲ"

"ဆာရှိမိလား... ဒါက သေနေတဲ့ ငါးတွေပဲဟာကို"

ဤသ်ု့ဖြင့် ရဲ့ရေကန်ထက်တွင် တိုက်ပွဲသည် ဆက်တိုက် ဖြစ်ပွားနေ၏။

ကျန်းယွန်းရှီသည် သူမ၏ မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ကာ ရေထဲရှိ ငါးများကို တစ်ကောင်ပြီးတစ်ကောင် လှီးဖြတ်နေသည်။

သူမ၏ မျက်နှာအမူအရာသည် အာရုံစူးစိုက်နေပြီး မျက်ဝန်းများတွင် ပျော်ရွှင်မှုများဖြင့် တောက်ပနေ၏။

သူမအတွက်တော့ ဝိညာဉ်မှင်စာတိုင်းက သေသင့်သည်။

သူမ၏ မလျော့သော စိတ်ဓာတ်ကို အခြားသူများ မမြင်နိုင်ကြပေ။

သို့သော် ထိုအရာက မခက်ခဲပါ။ သူမသည် ယခုကဲ့သို့သော စိတ်လှုပ်ရှားဖွယ်ရာနှင့် အန္တရာယ်များသော တိုက်ပွဲကို ဒိုင်ယာရီထဲတွင် ဂရုတစိုက် မှတ်တမ်းတင်ကာ ပြင်းထန်သော အခိုက်အတန့်တိုင်းကို ရေးမှတ်ထားမည် ဖြစ်၏။

အခြားလှေတစ်စင်းပေါ်တွင်မူ ယွန်းလီနှင့် ယွန်းဟူတို့သည် အဝေးမှ လှမ်းကြည့်နေကြပြီး လှိုင်းတံပိုးများ၏ လှုပ်ရှားမှုကြောင့် မူးဝေအော့အန်ချင်သလို ခံစားနေရသည်။

"သခင်မလေးက... စွမ်းရည်အချို့တော့ ရှိတာပဲ"

"သူမက သာမန်ငါးလေးတွေအပေါ် ဒေါသပုံချနေတာတင်ပါ... ဒါတင်ပဲ ရှိတာ"

"အဆင်ပြေပါတယ်... ငါးတွေပဲဟာကို... သူမက အတွင်းထဲအထိ အရမ်းမဝင်ဘဲ ရေသခင်ကို သွားမနှိုးဆွသရွေ့ အားလုံး အဆင်ပြေမှာပါ"

"မှောင်တော့မယ်... ငါတို့ ပြန်ဖို့ ပြင်သင့်ပြီထင်တယ်"

"သခင်မလေးက အမှောင်ကြောက်တတ်တယ်လေ"

...

ရဲ့ရေကန်၏ အောက်ခြေအနက်ပိုင်းတွင် မြွေကဲ့သို့သော လူတစ်ဦးသည် ရေထဲတွင် တွားသွားလျက် ရေအောက်နန်းတော်တစ်ခုထဲသို့ ဝင်ရောက်သွား၏။

အကယ်၍ လက်နက်သခင်တစ်ဦးသာ ဤနေရာတွင် ရှိနေပါက ထိုသူကို သွေးဆူးဂိုဏ်း၏ အကြီးအကဲတစ်ဦးအဖြစ် ချက်ချင်း မှတ်မိလိမ့်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သွေးဆူးဂိုဏ်းသည် လူနှင့် ဝိညာဉ်မှင်စာများကို ပေါင်းစပ်သည့် ကောက်ကျစ်သော နည်းလမ်းများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသောကြောင့် ဖြစ်၏။

မြွေအကြီးအကဲသည် ရေအောက်နန်းတော်ထဲသို့ ဝင်ရောက်ကာ အတွင်းပိုင်းသို့ ပို၍ နက်ရှိုင်းစွာ လျှောက်သွားသည်။

ပတ်ဝန်းကျင်က ပြောင်းလဲသွား၏။ တစ်စုံတစ်ခုသော ဆန်းကြယ်သော အကာအကွယ်ကြောင့် ဘေးပတ်ပတ်လည်ရှိ ရေများ ကွယ်ပျောက်သွားပြီး နန်းတော်သည် ကုန်းပေါ်ရှိ နန်းတော်နှင့် မခြားဘဲ ပေါ်လာသည်။

လေထုထဲတွင် သံချေးညှော်နံ့နှင့် ရောနှောနေသော သွေးညှီနံ့သင်းသင်း ကိန်းအောင်းနေ၏။

"အခြေအနေတွေ ဘယ်လိုရှိလဲ"

မြွေအကြီးအကဲသည် သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်ကာ မြွေကဲ့သို့သော မျက်ဝန်းများဖြင့် အေးစက်စက် ခြိမ်းခြောက်သံဖြင့် မေးလိုက်သည်။

"အကြီးအကဲကို သတင်းပို့ပါတယ်... ဝိညာဉ်မှင်စာသွေးနှောဆေးက ပြီးခါနီးပါပြီ... ဒါပေမဲ့... ကျွန်တော်တို့ လွှတ်လိုက်တဲ့ အိမ်မွေးတိရစ္ဆာန်တွေထဲက တစ်ကောင်ကို မိန်းကလေးတစ်ယောက်က သတ်လိုက်ပါတယ်"

သတင်းပို့နေသော မီးခိုးရောင်ဝတ်လူသည် ပျာပျာသလဲ တုန်ရင်နေ၏။

"သူမနဲ့အတူ မြေကမ္ဘာအဆင့် လက်နက်သခင် နှစ်ယောက် ပါလာလို့ ကျွန်တော်တို့ မလှုပ်ရှားရဲခဲ့ပါဘူး"

"ဟင်"

မြွေအကြီးအကဲ၏ အေးစက်သော မျက်ဝန်းများထဲတွင် စူးရှသော အအေးဓာတ်တစ်ချက် ဖြတ်ပြေးသွားသည်။

"သူတို့ သိသွားတာလား... မဟုတ်နိုင်ဘူး... အဲဒီလိုသာ အမှန်ဆိုရင် ကောင်းကင်ဂိုဏ်းက ဒီလောက် ငြိမ်နေမှာ မဟုတ်ဘူး... ဒါက တိုက်ဆိုင်မှုပဲ ဖြစ်ရမယ်"

"အခြေအနေကို ဆက်ပြီး စောင့်ကြည့်စမ်း... မနက်ဖြန်ကျရင် ငါးတွေ ပိုလွှတ်လိုက်... ငါ ဒီရေပိုင်နက် တစ်ခုလုံးကို ဝိညာဉ်မှင်စာနယ်မြေအဖြစ် ပြောင်းလဲပစ်ချင်တယ်"

မြွေအကြီးအကဲ၏ မျက်နှာသည် ယုတ်မာသော အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ အမူအရာက ကျောချမ်းစရာ ကောင်းလှ၏။

"ဝိညာဉ်မှင်စာနယ်မြေ ပေါ်ပေါက်လာပြီး ရေသခင်ရဲ့ ကူညီမှုသာ ရရင် ကျီနင်စီရင်စုက ငါ့လက်အောက်ကို လုံးဝ ကျရောက်သွားလိမ့်မယ်... ကောင်းကင်အဆင့် လက်နက်သခင်တစ်ယောက် ရောက်လာရင်တောင် ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး"

...

"ဒီနေ့လည်း ကြိုးကြိုးစားစား အလုပ်လုပ်တဲ့ နောက်ထပ် နေ့တစ်နေ့ပဲ... ငါ ဝိညာဉ်မှင်စာငါးတွေ အများကြီး သတ်ခဲ့တယ်...

အာ... ငါက တကယ်ကို အံ့သြဖို့ကောင်းတာပဲ... ကမ္ဘာကြီးအတွက် တိတ်တဆိတ် အကျိုးပြုနေပြီး အသိအမှတ်ပြုမှုရော ဆုလာဘ်ပါ မတောင်းဆိုဘဲ ငါ့နာမည်ကို ဖုံးကွယ်ထားတယ်"

ကျန်းယွန်းရှီသည် ဤမိမိကိုယ်ကို ချီးကျူးသော မှတ်စုကို ဒိုင်ယာရီထဲတွင် ဂရုတစိုက် ရေးသားလိုက်၏။

ထိုအချိန်တွင် ပုံမှန်အားဖြင့် တိတ်ဆိတ်နေသော မီးဖိုချောင်သုံးဓားက စကားပြောလာသည်။

"ဝိညာဉ်မှင်စာငါးတွေရဲ့ အရေအတွက်က မကြာသေးခင်ကစပြီး တိုးလာနေတယ်လို့ မင်း မထင်ဘူးလား"

ကျန်းယွန်းရှီသည် အလေးအနက် အမူအရာဖြင့် ခေါင်းကို စောင်းကာ စဉ်းစားလိုက်၏။

"နင်ပြောတာ မှန်တယ်... ဝိညာဉ်မှင်စာငါးတွေ ပိုပိုများလာပုံရတယ်... အားလုံးကို သတ်ဖို့က မဖြစ်နိုင်သလိုပဲ"

"ငါးတွေက အရမ်းများတယ်... မင်းလက်ကိုပဲ အားကိုးနေရင် သူတို့ တိုးပွားလာတဲ့နှုန်းထက် မြန်မြန် မသတ်နိုင်ဘူး"

"ဒါဆို ငါ ဘာလုပ်ရမလဲ"

ကျန်းယွန်းရှီက စိုးရိမ်တကြီး မေး၏။

" မင်းက မင်းရဲ့ ပစ္စည်းကိရိယာကို အဆင့်မြှင့်တင်ဖို့ လိုအပ်တယ်"

"ဟင်"

"ငါးတွေကို တစ်ကောင်ချင်း သတ်နေတာက အရမ်းနှေးတယ်... နင် သူတို့ကို လျှပ်စစ်နဲ့ တို့ရမယ်... မိုးကြိုးတစ်ချက်က သူတို့ကို တစ်ပြိုင်နက်တည်း သတ်ပစ်လိမ့်မယ်"

ကမ္ဘာမြေတွင် လျှပ်စစ်ရှော့တိုက်နည်းဖြင့် ငါးဖမ်းခြင်းသည် ကိုယ်ကျင့်တရားနှင့် မညီသော်လည်း တောင်ပြာနယ်မြေတွင်မူ ၎င်းသည် ပြသနာမရှိပေ။

ထို့အပြင် သူမ ဖမ်းနေသည်က ဝိညာဉ်မှင်စာငါးများ ဖြစ်၏။

"ငါ သူတို့ကို ဘယ်လို လျှပ်စစ်နဲ့ တို့ရမှာလဲ"

"လွယ်ပါတယ်... အထူးပစ္စည်းအချို့ကို ရှာပြီး ငါ့ကို ဆင့်ကဲပြောင်းလဲအောင် ကူညီပေး... ငါ မိုးကြိုးသဘာဝများ ရသွားတာနဲ့ လျှပ်စစ်နဲ့ ငါးဖမ်းတာက လွယ်ကူသွားလိမ့်မယ်"

"ဒါပေမဲ့ ဒီပစ္စည်းတွေက ရှားပါးပြီး ရဖို့ ခက်တယ်... ပုံမှန်ဆိုရင် တန်ဖိုးဖြတ်လို့ မရဘူး"

ကျိယွမ်က ထပ်ပြောလိုက်၏။

ကျိယွမ်တွင် ငွေရှိသော်လည်း အချို့သော သွန်းလုပ်ရေး ပစ္စည်းများကို အလွယ်တကူ ဝယ်၍မရနိုင်ပေ။

ဤရိုးအသော ချမ်းသာသောသခင်မလေးတွင်မူ သင့်တော်သော အဆက်အသွယ်များ အားလုံး ရှိနေပုံရသည်။

"မင်းမှာ ငွေအလုံအလောက် မရှိရင် အဘိုးအိုကိုပဲ တောင်းလိုက်... သူက အရမ်းချမ်းသာတယ်"

"ကောင်းပြီ... ပစ္စည်းစာရင်းကို ချပေး... ငါ မနက်ဖြန် သွားဝယ်မယ်"

ကျန်းယွန်းရှီက အလေးအနက် ပြန်ပြော၏။

နောက်နေ့တွင် ကျန်းယွန်းရှီသည် မည်သည့် ဟင်းသီးဟင်းရွက်ကိုမျှ မထိခဲ့ပေ။ သူမသည် မီးဖိုချောင်သုံးဓားကို ဂရုတစိုက် ထုပ်ပိုးကာ ခါးပတ်တွင် ချိတ်ဆွဲလျက် မြို့ထဲသို့ ထွက်ခွာခဲ့သည်။

တစ်နာရီခန့် ကြာပြီးနောက် သူမသည် ကျေးလက်ဆန်သော မျှော်စင်တစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်၏။

အမြင့် ၁၅ မီတာခန့်သာ ရှိသော ဤရှေးဟောင်းအဆောက်အအုံသည် ရာသီဥတုဒဏ်ကြောင့် ဟောင်းနွမ်းဆိုးရွားနေပြီး လေတစ်ချက် တိုက်ရုံဖြင့် ပြိုကျလုမတတ် ဖြစ်နေသည်။

"ကံကောင်းတာက ငါက သတင်းအချက်အလက် စုံလင်ပြီး ကောင်းကင်အတတ်ပညာခန်းမရဲ့ လက်ခွဲနေရာအကြောင်းကို သိနေတာပဲ... သူတို့ရဲ့ ရှားပါးပစ္စည်းတွေက လက်နက်သွန်းလုပ်ခြင်းအသင်းထက် အများကြီး ပိုသာတယ်"

ဤသို့ တွေးတောရင်း ကျန်းယွန်းရှီသည် ယုံကြည်မှုရှိရှိဖြင့် ကောင်းကင်အတတ်ပညာခန်းမဆီသို့ လျှောက်ခဲ့၏။

လူငယ်တစ်ဦးက ရှေ့သို့ တိုးလာပြီး သူမ၏ လမ်းကို ပိတ်ဆို့လိုက်သည်။

"ဒါက သီးသန့်နယ်မြေ ဖြစ်တယ်... ဝင်ခွင့်မပြုပါ"

ကောင်းကင်အတတ်ပညာခန်းမ၏ အချို့သော ခွဲတမ်းများသည် အများပြည်သူ ဝင်ရောက်ခွင့် သို့မဟုတ် ပွင့်လင်းသော ကုန်သွယ်မှုကို ခွင့်မပြုပေ။

"ငါက ကောင်းကင်အတတ်ပညာခန်းမရဲ့ အထူးဧည့်သည်ပါ"

ကျန်းယွန်းရှီသည် ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ပြသလိုက်၏။

လူငယ်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး ရိုသေပြီး ဖားသော အပြုံးတစ်ခုဖြင့် အစားထိုးလိုက်သည်။

"ကျေးဇူးပြုပြီး သခင်မလေးကို ရတနာတိုက်ဆီ လိုက်ပို့ခွင့်ပြုပါ... ဘယ်လို ပစ္စည်းမျိုး လိုအပ်ပါသလဲ"

ရှားပါးပစ္စည်းများဖြင့် ပြည့်နှက်နေသော ကောင်းကင်အတတ်ပညာခန်းမ၏ ရတနာတိုက်များသည် မည်သူမဆို ဝင်ရောက်နိုင်သော နေရာ မဟုတ်ပေ။ သို့သော် ကျန်းယွန်းရှီ၏ အထူးဧည့်သည် အဆင့်အတန်းက သူမကို အထူးအခွင့်အရေးများ ပေးအပ်ထားသည်။

"လမ်းပြပါ"

ကျန်းယွန်းရှီသည် စိတ်လှုပ်ရှားစွာဖြင့် ထိုလူငယ်၏ နောက်မှ အဆောက်အအုံထဲသို့ လိုက်ပါသွား၏။

"ကောင်းကင်အတတ်ပညာခန်းမရဲ့ ရတနာတိုက်က တကယ်ကို မျက်စိကျိန်းစရာပဲ... လက်နက်သွန်းလုပ်ခြင်းအသင်းရဲ့ ပစ္စည်းတွေထက် အများကြီး ပိုအထင်ကြီးစရာ ကောင်းတယ်"

ကျန်းယွန်းရှီက ဓားကို တိုးတိုးလေး ပြောလိုက်သည်။

သူမကို လမ်းပြနေသော လူငယ်က ဂုဏ်ယူစွာ ပြုံးလိုက်သော်လည်း စိတ်ထဲတွင် ရှုပ်ထွေးသွားရ၏။

သူမ ဘယ်သူနဲ့ စကားပြောနေတာလဲ။

"ငါ မိုးကြိုးသစ်သား၊ ဖန်ရှင်းကျောက်တုံးနဲ့ ထန်ရှားဟင်္သာပြဒါး လိုချင်တယ်..."

ကျန်းယွန်းရှီသည် ကျိယွမ် တောင်းဆိုထားသော ပစ္စည်းများကို စာရင်းပြုစု၍ ပြောလိုက်၏။

"ခဏလောက် စောင့်ပေးပါ... ကျွန်တော် သခင်မလေးအတွက် ပြင်ဆင်ပေးပါ့မယ်"

လူငယ်က ရိုသေစွာဖြင့် ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင်မူ အလွန် အံ့အားသင့်နေသည်။

သူမ တောင်းဆိုသော ပစ္စည်းများသည် စုစုပေါင်း ဒင်္ဂါး ၃၀၀,၀၀၀ ကျော် တန်ဖိုးရှိ၏။

ဒီလောက် ဖြုန်းတီးနိုင်တဲ့ ဧည့်သည်က ဘယ်သူလဲ။

ကျန်းယွန်းရှီသည် စောင့်ဆိုင်းနေစဉ် ခြေထောက်များကို အပျော်သဘောဖြင့် လွှဲယမ်းနေပြီး မိမိကိုယ်ကို အလွန် ကျေနပ်နေပုံရသည်။

ခဏအကြာတွင် ချဉ်းကပ်လာသော ခြေသံအချို့က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

ခန္ဓာကိုယ်သေးသွယ်သော အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်။ သူမသည် ကျန်းယွန်းရှီကို မြင်သောအခါ အံ့သြသွားပြီး မျက်ဝန်းများ အနည်းငယ် ကျယ်သွား၏။

"ယွန်းရှီ နင်ပါလား"

"အစ်မ ရဲ့ကျိန်း... ဘာကိစ္စရှိလို့ ဒီကို ရောက်နေတာလဲ"

ကျန်းယွန်းရှီ၏ မျက်နှာသည် ဝမ်းသာအားရဖြင့် လင်းပွားသွားသည်။

ကျန်းယွန်းရှီ ခုနက အသုံးပြုခဲ့သော ကျောက်စိမ်းတံဆိပ်ပြားသည် အမှန်တကယ်တော့ ရဲ့ကျိန်းထံမှ ရရှိသော လက်ဆောင် ဖြစ်၏။

ကျိယွမ်သည်လည်း ရောက်ရှိလာသူကို အာရုံခံမိလိုက်သည်။

သူမသည် အသိအကျွမ်းတစ်ဦး ဖြစ်ပြီး တစ်ချိန်က သူ့ကို ကောင်းကင်အတတ်ပညာခန်းမသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့သော အမျိုးသမီး ဖြစ်၏။

စိတ်ဝင်စားမှု မရှိသဖြင့် ကျိယွမ်သည် ထိုအတွေးကို ဖျောက်ဖျက်ကာ ပြန်လည် အနားယူနေလိုက်သည်။

"အလွန် ရှားပါးတဲ့ ပစ္စည်း အမြောက်အမြားကို ဝယ်ယူနေတဲ့ အထူးဧည့်သည်တစ်ယောက် ဒီမှာ ရှိနေတယ်လို့ ငါကြားတယ်... အဲဒါ နင် ဖြစ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး"

ရဲ့ကျိန်းက စူးစမ်းလိုစိတ်ဖြင့် ပြော၏။

ကျန်းယွန်းရှီက ပြုံးပြလိုက်သည်။

"ကမ္ဘာကြီးက တကယ် ကျဉ်းတာပဲ မဟုတ်ဘူးလား"

ကျန်းယွန်းရှီသည် မျိုးရိုးမြင့် အမျိုးသမီးတစ်ဦးနှင့် မင်းသမီးတစ်ပါး ဖြစ်သော်လည်း လက်နက်သွန်းလုပ်ခြင်း အတတ်ပညာတွင် မည်သည့် အရည်အချင်းမျှ မရှိသဖြင့် ရဲ့ကျိန်းကို စိတ်ရှုပ်ထွေးစေသည်။

"နင် ဒီပစ္စည်းတွေ အားလုံးနဲ့ ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ"

ရဲ့ကျိန်းက တိုက်ရိုက် မေးလိုက်၏။

ကျန်းယွန်းရှီသည် အခြေအနေကို အများကြီး မဖော်ပြလိုသဖြင့် အနေခက်စွာဖြင့် ချောင်းဆိုးလိုက်သည်။

"အဟမ်း... အဲဒါက လျှို့ဝှက်ချက်ပါ"

ရဲ့ကျိန်း၏ မျက်ခုံးများ ကုပ်သွား၏။

"နင် တောင်းဆိုထားတဲ့ ပစ္စည်းတွေက စုစုပေါင်း ဒင်္ဂါး ၃၀၀,၀၀၀ ကျော် တန်ဖိုးရှိတယ်... ယွန်းရှီ... နင် ဘယ်သူ့ရဲ့ လှည့်စားမှုကိုမှ မခံရဘူးဆိုတာ သေချာရဲ့လား"

သူမ၏ အသံသည် အေးစက်နေပြီး အနည်းငယ် စိုးရိမ်နေပုံရသည်။

ရဲ့ကျိန်းသည် ကျန်းယွန်းရှီ၏ အယုံလွယ်သော သဘာဝကို သိထား၏။ ဒီလောက် များပြားလှသော ငွေပမာဏ ပါဝင်နေသဖြင့် သူမ၏ ညီမလေးသည် ဆွဲဆောင်မှုရှိသော လက်နက်သခင် လူငယ်တစ်ဦးဦး၏ လှည့်စားခြင်းကို ခံရမည်ကို စိုးရိမ်နေမိသည်။

"စိတ်အေးအေးထားပါ ရဲ့ကျိန်း... ငါ အဲဒီလောက် မအပါဘူး... ဒါ့အပြင် ဒီငွေက ငါ့ငွေ မဟုတ်ဘူး"

ကျန်းယွန်းရှီက ဂရုမစိုက်ဟန်ဖြင့် ပြန်ပြော၏။

ရဲ့ကျိန်းက မျက်မှောင်ကြုတ်လိုက်သည်။ နင် မအဘူး ဟုတ်လား။

သို့သော် ထိုငွေသည် ကျန်းယွန်းရှီ၏ အိတ်ကပ်ထဲမှ ထွက်လာခြင်း မဟုတ်ကြောင်း ကြားရသဖြင့် ရဲ့ကျိန်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

ယွန်းရှီသည် ခရီးသွားနေသော်လည်း သူမကို အမှောင်ထဲမှ ကာကွယ်ပေးနေသော လူများ ရှိနေသည်မှာ အသေအချာပင်။ သူတို့သည် သူမကို တကယ့် အန္တရာယ်ထဲသို့ ကျရောက်ခွင့်ပြုမည် မဟုတ်ပေ။

"ဒါနဲ့ မကြာခင်ကျင်းပမယ့် အတတ်ပညာရှင်များ ညီလာခံကို နင် ဘာလို့ မတက်ရောက်တာလဲ"

ရဲ့ကျိန်းက ပေါ့ပေါ့ပါးပါး အကြံပြုလိုက်၏။

"အဲဒီနေရာမှာ ရှားပါးပစ္စည်းတွေ အများကြီး ရှိလိမ့်မယ်"

မကြာသေးခင်က ရဲ့ရေကန်တွင် ကျင်းပမည့် အတတ်ပညာရှင်များ ညီလာခံသည် မြေကမ္ဘာအဆင့် အတတ်ပညာရှင်များ အပါအဝင် မရေမတွက်နိုင်သော အတတ်ပညာရှင်များကို ဆွဲဆောင်ထားသည်။

မီးလျှံဖီးနစ် အတတ်ပညာရှင်ကဲ့သို့သော ထင်ရှားကျော်ကြားသူများနှင့် အခြား မြေကမ္ဘာအဆင့် အတတ်ပညာရှင်များသည် ဒဏ္ဍာရီလာ လက်နက်ဖြစ်သော ဝေလုံရွှမ်းယွမ်ကို လေ့လာရန် စုရုံးလာကြမည် ဖြစ်၏။

သို့သော်လည်း သူတို့၏ ပေါင်းစပ်အသိပညာများ ရှိသော်လည်း ၎င်းကို မည်သို့ ပြုပြင်ရမည်ကို မည်သူမျှ မသိကြသေးပေ။ မြေကမ္ဘာအဆင့် လက်နက်သခင်များပင် စိတ်ရှုပ်ထွေးနေကြသည်။

နိမ့်ကျသော ပန်းပဲဆရာများ ဆိုလျှင်မူ ပို၍ပင် မတတ်နိုင်ကြပေ။

ယခု လာမည့် ညီလာခံသည် စိတ်ပျက်မှုဖြင့်သာ အဆုံးသတ်ရမည် ဖြစ်၏။ ရေသခင်၏ ခြိမ်းခြောက်မှုသည် ဆက်လက် တည်ရှိနေဦးမည်သာ။

"ငါ့မှာ အချိန်ရှိမယ် မထင်ဘူး"

ကျန်းယွန်းရှီက စဉ်းစားရင်း ပြောလိုက်၏။

သူမ ယနေ့ ဝယ်ယူနေသော ပစ္စည်းများသည် မီးဖိုချောင်သုံးဓားကို အဆင့်မြှင့်တင်ရန် လုံလောက်သဖြင့် သူမအနေဖြင့် တက်ရောက်ရန် မလိုအပ်ဟု ခံစားရသည်။

ရဲ့ကျိန်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

"နင်က လူစုလူဝေးကို ကြိုက်တတ်တာပဲဟာ... ဒီတစ်ခါ နင် ဘာလို့ ငြင်းနေတာလဲ"

ကျန်းယွန်းရှီသည် တုံ့ဆိုင်းသွားပြီးနောက် အနားသို့ တိုးကာ လျှို့ဝှက်သော လေသံဖြင့် ပြောင်းလိုက်သည်။

"ရဲ့ကျိန်း... ငါ နင်တို့ကို အရာတစ်ခု ပြောပြမယ်... ဒါပေမဲ့ ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးရမယ်နော်"

ရဲ့ကျိန်းသည် မျက်ခုံးများ အနည်းငယ် တွန့်သွားသော်လည်း ခေါင်းညိတ်လိုက်၏။

"ကောင်းပြီ"

ဘေးပတ်ပတ်လည်တွင် မည်သူမျှ ချောင်းနားထောင်ခြင်း မရှိစေရန် ဝေ့ဝိုက်ကြည့်ရှုပြီးနောက် ကျန်းယွန်းရှီသည် အသံကို နှိမ့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ငါ မကြာသေးခင်က မသေမျိုးအဘိုးအိုတစ်ယောက်နဲ့ တွေ့ခဲ့တယ်"

လူလိမ်အဘိုးအိုတစ်ယောက် ဖြစ်ရမယ်ဟု ရဲ့ကျိန်းက စိတ်ထဲတွင် ကျိတ်၍ တွေးလိုက်၏။

"သူက ပြောတယ်... ငါ့မှာ အတုမရှိတဲ့ ပါရမီရှိပြီး ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် အလားအလာ ရှိတယ်တဲ့"

ကျန်းယွန်းရှီက ဂုဏ်ယူစွာဖြင့် ကြေညာလိုက်သည်။

ကမ္ဘာကြီးကို ကယ်တင်မယ် ဟုတ်လား။ နင် မှန်ထဲကိုယ်တိုင် ပြန်ကြည့်ဖူးရဲ့လား ယွန်းရှီ။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ ကြိုးကြိုးစားစား လေ့ကျင့်နေခဲ့တာ... ငါ တစ်ရက်တည်းနဲ့ ဂေါ်ဖီထုပ် ပေါင် ၃၀၀ နဲ့ အသား ပေါင် ၇၀ ကို ပြီးပြည့်စုံတဲ့ အသားနုတ်နုတ်စင်းတွေ ဖြစ်အောင် လှီးဖြတ်နိုင်တယ်"

ရဲ့ကျိန်းမှာ မျက်စိလည်သွားလေ၏။

...သူမ ဘာတွေပြောနေတာလဲ။ ဟင်းသီးဟင်းရွက် လှီးပြီး ကမ္ဘာကြီးကို ကယ်တင်တဲ့လူ ရှိလို့လား။

"ပြီးတော့ မကြာသေးခင်က ငါ့ရဲ့ လေ့ကျင့်မှုကို အသုံးချနေတာ... နေ့တိုင်း ငါ ရဲ့ရေကန်ကို တိတ်တဆိတ် သွားပြီး ဝိညာဉ်မှင်စာတွေကို သတ်တယ်... မနေ့ကတင် ငါ ဝိညာဉ်မှင်စာ ရာနဲ့ချီ သတ်ခဲ့တာ"

ငါးအနည်းငယ်ကို ဝိညာဉ်မှင်စာ ရာနဲ့ချီ လို့ သုံးနှုန်းနေတာလား။ ပြီးတော့ အဲဒီ ဂေါ်ဖီထုပ်ကရော။

ရဲ့ကျိန်းက အောင့်သပ်သပ် ပြုံးလိုက်၏။

"အံ့သြဖို့ကောင်းလိုက်တာ ယွန်းရှီ... နင်က သမိုင်းမှာ နာမည်တွင်ကျန်ရစ်မယ့်သူပဲ"

"ဟီးဟီး... မကြာသေးခင်က ဝိညာဉ်မှင်စာတွေ ပိုများလာတယ်... ငါ ပျင်းနေလို့ မဖြစ်ဘူး... ကမ္ဘာကြီး ငြိမ်းချမ်းဖို့အတွက် သူတို့ကို နှိမ်နင်းဖို့ ဆက်ပြီး ကြိုးစားရမယ်"

ကျန်းယွန်းရှီက အလေးအနက် ပြောလိုက်၏။

...

မဟာစံအိမ်ကြီးတစ်ခုအတွင်း ချမ်းသာကြွယ်ဝသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးသည် စူးစမ်းလိုသော မျက်ဝန်းများဖြင့် ထိုင်နေသည်။

"ယွန်းရှီက ရှားပါးပစ္စည်းတွေအတွက် ဒင်္ဂါး ၃၀၀,၀၀၀ သုံးလိုက်တယ် ဟုတ်လား"

ထိုအဘိုးအိုသည် နင်နိုင်ငံ၏ ဧကရာဇ်မင်း၏ ညီတော်ဖြစ်သလို ကျန်းယွန်းရှီ၏ ခမည်းတော် ဖြစ်သော ကျန့်ရှန်းမြို့စားမင်း ဖြစ်၏။

သူ၏ လက်အောက်ငယ်သားများထံမှ သတင်းပို့ချက်ကို ကြားရသောအခါ သူသည် အံ့အားသင့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ဒင်္ဂါး သုံးသိန်းဟူသော ပမာဏသည် သူ့အတွက်ပင် သေးငယ်သော ပမာဏ မဟုတ်ပေ။

သူသည် သမီးဖြစ်သူကို အလွန် အလိုလိုက်သော်လည်း ဤခရီးစဉ်အတွက် သူမကို သုံးစွဲရန် ဒင်္ဂါး ၂,၀၀၀ ခန့်သာ ပေးခဲ့သည်။

"သမီးတော်နဲ့အတူ ပါသွားတဲ့ အဘိုးအိုက ငွေကြေး ထောက်ပံ့ပေးတာ ဖြစ်ရပါမယ်"

လက်အောက်ငယ်သားတစ်ဦးက ခန့်မှန်းလိုက်၏။

"လက်ထဲမှာ ဒင်္ဂါး ၃၀၀,၀၀၀ ရှိနေတာ... အဲဒါ သာမန်လူ မဟုတ်ဘူး"

ကျန့်ရှန်းမြို့စားမင်းက စဉ်းစားဟန်ဖြင့် ရေရွတ်လိုက်သည်။ သူ၏ လက်ချောင်းများသည် ရွှေစန္ဒကူးလက်ကောက်၏ ပုတီးစေ့များကို အလိုအလျောက် လှည့်ပတ်နေ၏။

"အဲဒီ အဘိုးအိုက ဘယ်သူလဲဆိုတာ စုံစမ်းစမ်း... သူ့ကို ရိုရိုသေသေ ဆက်ဆံပါ... ဘယ်တော့မှ မပြစ်မှားစေနဲ့"

ကျန့်ရှန်းမြို့စားမင်းက ညွှန်ကြားလိုက်သည်။

သူသည် သမီးဖြစ်သူနှင့်အတူ ခရီးသွားနေသော ထိုထူးဆန်းသောလူကို ပို၍ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာ၏။

အစပိုင်းတွင် သမီးဖြစ်သူသည် ဤထူးဆန်းသောလူ၏ နောက်သို့လိုက်ကာ ချက်ပြုတ်ခြင်းကို သင်ယူနေသည်ဟု ကြားသောအခါ သူ သိပ် စိုးရိမ်ခြင်း မရှိခဲ့ပေ။

ချက်ပြုတ်ခြင်းကို သင်ယူခြင်းသည် မကောင်းသောအရာ မဟုတ်ပါ ဟု သူ တွေးခဲ့သည်။ သူမ ကိုယ်တိုင်လုပ်ပြီး ပို့ပေးခဲ့သော ပေါက်စီများကိုပင် သူ အရသာရှိရှိ စားသုံးခဲ့သေးသည်။

သို့သော် အခြေအနေများသည် သူ၏ မျှော်လင့်ချက်ထက် ကျော်လွန်ကာ ထင်ရှားလာခဲ့ပြီ ဖြစ်၏။ ဤအဘိုးအိုသည် သူ၏ သမီးဖြစ်သူကို မရေမတွက်နိုင်သော ငွေပမာဏကို အသုံးပြုခွင့် ပေးခဲ့သည်။

ထိုသို့သောလူသည် သာမန်လူ ဖြစ်နိုင်ပါ့မလား။

"နားလည်ပါပြီ"

ထိုအချိန်တွင် ဒေါင်ယိဝတ်စုံ ဝတ်ဆင်ထားသော သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး ရှေ့သို့ လှမ်းလာခဲ့၏။ သူမသည် ကောင်းကင်ဂိုဏ်း၏ စီနီယာအကြီးအကဲ ဝမ်ချင်းယီ ဖြစ်သည်။

"ကျွန်မ ကြားသိရသလောက်တော့ ယွန်းရှီ ဝယ်ယူခဲ့တဲ့ ပစ္စည်းတွေက ရှားပါးတဲ့ သွန်းလုပ်ရေး ပစ္စည်းတွေ ဖြစ်ပါတယ်... ဒီအဘိုးအိုက... အင်အားကြီးတဲ့ အတတ်ပညာရှင်တစ်ယောက် ဖြစ်နေမလား"

ဝမ်ချင်းယီက စဉ်းစားရင်း မေးလိုက်၏။

ကျန့်ရှန်းမြို့စားမင်းက ခေါင်း အနည်းငယ် ညိတ်လိုက်သည်။

"ဒါဆိုရင် အများကြီး အဓိပ္ပာယ်ရှိသွားပြီ"

ယခု လာမည့် အတတ်ပညာရှင်များ ညီလာခံသည် ရဲ့ရေကန်သို့ မရေမတွက်နိုင်သော အတတ်ပညာရှင်များကို ဆွဲဆောင်ထားသည်။

ဤအဘိုးအိုသည် သူတို့ထဲမှ တစ်ဦး ဖြစ်နိုင်သည်မှာ လုံးဝ ဖြစ်နိုင်ချေ ရှိ၏။ ဒင်္ဂါး ၃၀၀,၀၀၀ ကို ပေါ့ပေါ့ပါးပါး ထုတ်ပေးနိုင်သော ထူးခြားသည့် အတတ်ပညာရှင်ကြီး ဖြစ်နိုင်သည်။

"အနည်းဆုံးတော့ သူက မြေကမ္ဘာအဆင့် အတတ်ပညာရှင်တစ်ယောက် ဖြစ်ဖို့ များပါတယ်... သူ့အဆင့်ရဲ့ ထိပ်ဆုံးမှာ ရှိနေနိုင်တယ်... ကျွန်မ သူ့ကို မတွေ့ရသေးပေမယ့် အခွင့်အရေး ရလာတဲ့အခါ ဝေလုံရွှမ်းယွမ်ကို ကြည့်ရှုစစ်ဆေးဖို့ သူ့ကို ဖိတ်ကြားရမယ်"

ဝမ်ချင်းယီက လေးနက်သော အမူအရာဖြင့် ပြော၏။

ဝမ်ချင်းယီအတွက် ဝေလုံရွှမ်းယွမ်ကို ပြုပြင်ရန်မှာ အလွန် အရေးကြီးသည်။

၎င်းမရှိဘဲ ရေသခင်၏ ကျီနင်စီရင်စုအပေါ် ခြိမ်းခြောက်မှုကို တားဆီးနိုင်မည် မဟုတ်ပေ။

"မင်းကြီး ပြောတဲ့လူက... နင်နိုင်ငံ မြို့တော်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေကြောင့် ဒီကို ရောက်နေတာ ဖြစ်နိုင်မလား"

ဝမ်ချင်းယီက မြို့စားမင်း၏ တုံ့ပြန်မှုကို စောင့်ကြည့်ရင်း ဂရုတစိုက် မေးလိုက်၏။

ကျန့်ရှန်းမြို့စားမင်း၏ မျက်နှာသည် မှောင်ကျသွားပြီး လေသံက လေးနက်သွားသည်။

"ဧည့်သည်တွေက တစ်စုတည်း ရောက်လာတာ မဟုတ်ဘူး... အုပ်စုနှစ်စု ရောက်လာတာ... နှစ်စုလုံးက အင်အားကြီးပြီး တစ်ဦးနဲ့တစ်ဦး ရန်လိုကြတယ်... သူတို့က... ရိုရှားအင်ပါယာရဲ့ အလယ်ပိုင်းဒေသက လာကြတာ"

ထိုစကားကို ကြားသောအခါ ဝမ်ချင်းယီသည် အသက်ရှူမှားမတတ် ဖြစ်သွားရ၏။

"အလယ်ပိုင်းဒေသ ဟုတ်လား"

သူမ၏ အသံသည် အံ့သြခြင်းနှင့်အတူ မျှော်လင့်ခြင်းတို့ဖြင့် တုန်ရင်နေသည်။

"အလယ်ပိုင်းဒေသမှာ ကောင်းကင်အဆင့် လက်နက်သခင်တွေက မရှားဘူးလို့ ပြောကြတယ်... နတ်ဘုရားတွေတောင် အဲဒီမှာ ပေါ်လာတတ်တယ်တဲ့... အကယ်၍ ငါတို့သာ အလယ်ပိုင်းဒေသမှာ ရှိနေရင် ရေသခင်က ဒီလောက် မောက်မာရဲမှာ မဟုတ်ဘူး"

အလယ်ပိုင်းဒေသသည် လက်နက်သခင်များအတွက် မြင့်မြတ်နယ်မြေ ဖြစ်ပြီး ကျင့်ကြံခြင်းအတွက် ရတနာမြေတစ်ခု ဖြစ်၏။ ဒဏ္ဍာရီများအရ အခြားကမ္ဘာများသို့ ဦးတည်သော တံခါးပေါက်များပင် ရှိသည်ဟု ဆိုကြသည်။

"သူတို့ ဝင်ပြီးစွက်ဖက်ပေးလိမ့်မယ်လို့ မင်းသား ထင်ပါသလား"

ဝမ်ချင်းယီက မျှော်လင့်ချက်ဖြင့် မေး၏။

"ကျွန်မတို့ ဂိုဏ်းက သူတို့ရဲ့ ကူညီမှုအတွက် အဖိုးတန် ရတနာတွေကို ပေးအပ်ဖို့ အသင့်ပါပဲ"

ကျန့်ရှန်းမြို့စားမင်းက ခါးသီးစွာ ပြုံးလိုက်သည်။

"ငါတို့ ရတနာလို့ သတ်မှတ်တဲ့အရာတွေက သူတို့အတွက်တော့ တန်ဖိုးမရှိလောက်ပါဘူး... သူတို့ နင်နိုင်ငံကို ရောက်လာတာက ပိုကြီးမားတဲ့ အလုပ်တစ်ခုအတွက်ပါ... သူတို့ အမြင်မှာ သေးငယ်တဲ့ ကိစ္စရပ်တွေကို သူတို့ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး"

ဝမ်ချင်းယီသည် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်၏။

နင်နိုင်ငံက ကြီးမားသော အကျပ်အတည်းဟု သတ်မှတ်သောအရာကို ဤအင်အားကြီး သံတမန်များက သေးငယ်သော ကိစ္စတစ်ခုထက် မပိုဟု ရှုမြင်ကြသည်။

"သူတို့ကို ဒီလို ဝေးလံတဲ့ နိုင်ငံငယ်လေးဆီ ဘာကိစ္စက ခေါ်ဆောင်လာတာပါလိမ့်"

ဝမ်ချင်းယီက ဆက်၍ မေးသည်။

ကျန့်ရှန်းမြို့စားမင်းသည် တုံ့ဆိုင်းသွားပြီးနောက် အသံကို နှိမ့်လိုက်၏။

"သူတို့ ရှာဖွေနေတာ... နတ်ဘုရားတစ်ပါးကိုပဲ"

"နတ်ဘုရားတစ်ပါး ဟုတ်လား"

ဝမ်ချင်းယီသည် မှင်တက်သွားရသည်။

မသေမျိုး နတ်ဘုရားတစ်ပါးက ဤနင်နိုင်ငံတွင် ရှိနေသည် ဟုတ်လား။

"ဒီလိုအရာမျိုးကို ဘယ်လိုလုပ် သတိမထားမိဘဲ နေနိုင်မှာလဲ"

သူမက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။

"ဘယ်နတ်ဘုရားလဲ"

"တရားမျှတမှုစီရင်သူ... ရှန်လင်လို့လည်း သိကြတယ်..."

"ဘာ... အဲဒီတစ်ခုလား... ကျွန်မက အဲဒါ လွန်ခဲ့တဲ့ အချိန်ကတည်းက ပျက်စီးသွားပြီလို့ ထင်နေတာ"

ဝမ်ချင်းယီက ရေရွတ်လိုက်မိသည်။

ကောင်းကင်ဂိုဏ်း၏ တည်ထောင်သူသည် ရှန့်နူဟု သိကြသော ဒဏ္ဍာရီလာ နတ်ဘုရားအဆင့် အတတ်ပညာရှင်တစ်ဦးနှင့် ဆန်းကြယ်သော ဆက်နွှယ်မှု ရှိခဲ့သည်ဟု ဆိုကြသည်။

ရှန့်နူသည် တစ်ချိန်က ရှန်လင်ဟု ခေါ်သော ဒဏ္ဍာရီလာ လက်နက်တစ်ခုကို သွန်းလုပ်ခဲ့ဖူး၏ ။ သို့သော် ထိုလက်နက်ကို အခြားမည်သူမျှ မမြင်ဖူးကြပေ။

ထိုလက်နက်သည် မကောင်းဆိုးဝါးများကို တားဆီး၍မရသော စွမ်းအားဖြင့် သုတ်သင်နိုင်ပြီး ရိုရှားအင်ပါယာ၏ အစွမ်းထက်ဆုံး ရတနာ ဖြစ်သည်ဟု ဆိုကြသည်။

မည်မျှစွမ်းသနည်းဟု ဆိုလျှင် "ရှန်လင်" ဟု တစ်ချက် ခေါ်လိုက်ရုံဖြင့် ဝိညာဉ်မှင်စာ အားလုံး ပျက်စီးသွားလိမ့်မည်ဆို၏။

ကျန့်ရှန်းမြို့စားမင်းက ခေါင်းခါလိုက်သည်။

"ငါ အသေးစိတ်ကို မသိဘူး... ဒါပေမဲ့ ငါတို့ ရှန်လင်ရဲ့ တည်နေရာကို အရိပ်အယောင်လေးပဲ ဖြစ်ဖြစ် ရှာတွေ့ရင် သူတို့ကို အကြောင်းကြားပြီး သူတို့ရဲ့ ကူညီမှုကို ရနိုင်လိမ့်မယ်... အဲဒီအခါကျရင် သူတို့ ကျီနင်စီရင်စုကို ကယ်တင်ဖို့ လှုပ်ရှားပေးမလားပဲ"

ဝမ်ချင်းယီက လေးနက်စွာ ခေါင်းညိတ်လိုက်၏။

"ကျွန်မ ဂိုဏ်းချုပ်ဆီ ချက်ချင်း သတင်းပို့ပါ့မယ်... အကယ်၍ ရှန်လင်က ကျန်းကျိုးမှာ တကယ် ပေါ်လာတာဆိုရင် ဒီအခွင့်အရေးကို ကျွန်မတို့ ဖမ်းဆုပ်ရမယ်"

ရေသခင်၏ ခြိမ်းခြောက်မှုက အလွန်ကြီးမားလှသည်။အလယ်ပိုင်းဒေသ သံတမန်များ၏ ဝင်ရောက် စွက်ဖက်မှု မရှိပါက ကျီနင်စီရင်စု၏ ရှင်သန်မှုသည် ကြိုးတစ်မျှင်သာ ရှိပေတော့မည် ။

စံအိမ်၏ အခြားတစ်နေရာတွင်မူ ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောနေသည်။

"နင် ခရီးသွားတဲ့အခါ ရဲ့မျိုးရိုးရှိတဲ့ ဘယ်သူ့ကိုမဆို သတိထားပါ... ဥပမာ နင့်ရဲ့ အစ်မ ရဲ့ကျိန်းပေါ့... သူမမှာ ဝမ်းကွဲတွေ ဒါမှမဟုတ် မောင်နှမတွေ ရှိလား"

"ဟင်... ငါ မသိဘူး... ငါ ဘာလို့ ရဲ့လို့ နာမည်ပေးထားတဲ့ လူတွေကို သတိထားရမှာလဲ"

"ရဲ့မျိုးရိုးရှိတဲ့ လူတွေက ဇာတ်လိုက်ရဲ့ ကံကြမ္မာကို ပိုင်ဆိုင်ထားတတ်ကြတယ်... သူတို့က သဘာဝအတိုင်း ထူးခြားကြတယ်... ငါ အဲဒီနာမည်နဲ့ ကျော်ကြားတဲ့ လူတွေအကြောင်း အများကြီး ကြားဖူးတယ်..."

"ရဲ့ဖန်၊ ရဲ့ချန်၊ ရဲ့ကျိန်း၊ ရဲ့လျူချန်... အာ... ပြီးတော့ ရဲ့ပိုင်တာ့ရှန် ဆိုတဲ့လူလား"

ကျိယွမ်က လေးနက်သော ပညာကို ပေးဝေနေသကဲ့သို့ ပြောလိုက်၏။

"ဟင်"

ကျန်းယွန်းရှီသည် လျှင်မြန်စွာ မှတ်စုရေးလိုက်သည်။

ဓားအိုကြီး၏ အကြံဉာဏ်သည် အလွန် တန်ဖိုးရှိသည်မှာ ထင်ရှား၏။

"နင် အဲဒီလိုလူတွေနဲ့ တွေ့တဲ့အခါ ရွေးချယ်စရာ နှစ်ခု ရှိတယ်... သူတို့ကို ချက်ချင်း ခုတ်ပစ်ပါ... ဒါမှမဟုတ် သူတို့ရဲ့ အသက်ကိုပဲ တင်းတင်းဆုပ်ထားပါ"

ထို့နောက် ကျိယွမ်က အကြောင်းအရာက်ု ပြောင်းလိုက်၏။

"ကောင်းပြီ... အခု ငါနဲ့ အဲဒီ ပစ္စည်းတွေကို အဘိုးအိုဆီ ခေါ်သွားတော့... ငါ ဆင့်ကဲပြောင်းလဲဖို့ အချိန်တန်ပြီ"

"နားလည်ပါပြီ"

ကျန်းယွန်းရှီက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ သို့သော် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူမက စိုးရိမ်တကြီး မေး၏။

"နင် ဆင့်ကဲပြောင်းလဲပြီးလို့ ငါ နင့်ကို ကိုင်ရင် နင် ငါ့ကို လျှပ်စစ်လိုက်မှာလား"

"...နင် အဆင်ပြေမှာပါ"

ကျိယွမ်က အနည်းငယ် စိတ်ပျက်စွာဖြင့် သူမကို အာမခံလိုက်၏။ အနည်းဆုံးတော့ ဤပိုင်ရှင်သည် မိုးရွာထဲတွင် ထီးတစ်စင်း ဆောင်းရမည်ကို သိသေးသည်။

နောက်နေ့တွင် မြူနှင်းများ ဝေမှိုင်းသော မိုးဖွဲများ ကျဆင်းနေပြီး ပတ်ဝန်းကျင်ကို မိုးရေစက်များဖြင့် လွှမ်းခြုံထားသည်။

ကျန်းယွန်းရှီသည် သူမ၏ အဆင့်မြှင့်ထားသော မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ကာ မထိန်းချုပ်နိုင်အောင် စိတ်လှုပ်ရှားနေ၏။

"ဒီဓားနဲ့ဆို ငါက တကယ်ကို ပြိုင်ဘက်ကင်းပဲ"

သူမ၏ ပျော်ရွှင်မှုက အတိုင်းအဆမရှိ ပေါ်လွင်နေသည်။

မနေ့က ပေါက်စီများကို ပေါင်းပြီးနောက် သူမသည် ဓားကို အသုံးပြု၍ လျှပ်စစ်ဓာတ်ဖြင့် ၎င်းတို့အားလုံးကို ပြီးပြည့်စုံအောင် ပြုလုပ်ခဲ့၏။

၎င်းက သူမကို ယုံကြည်မှုအသစ်များဖြင့် ပြည့်နှက်စေခဲ့သည်။

လှေငယ်လေးတစ်စင်းပေါ်တွင် ထိုင်နေရင်း သူမသည် ငါးတစ်ကောင်ကို လက်ထဲတွင် ပွေ့ပိုက်ထားသည်။

"ငါးကလေး... မကောင်းတဲ့ ဝိညာဉ်မှင်စာငါးတွေ ဘယ်မှာ ပုန်းနေလဲဆိုတာ ငါ့ကို ပြစမ်း"

ငါးသည် ခဏတာ တုန်ရင်သွားပြီးနောက် ရေထဲသို့ ငုပ်လျှိုးကာ ကျန်းယွန်းရှီကို ရှေ့သို့ လမ်းပြခဲ့၏။

ကျန်းယွန်းရှီသည် မတ်တပ်ရပ်လိုက်ပြီး အအေးဒဏ်ကို ဂရုမစိုက်ဘဲ မိုးဖွဲများကို ခံယူလိုက်သည်။

ရုတ်တရက် သူမသည် မိမိကိုယ်ကို ပြင်းထန်စွာ ဆွဲဆိတ်လိုက်၏။

"အား"

"နင် ဘာလို့ မိမိကိုယ်ကို ဆွဲဆိတ်နေတာလဲ"

ကျိယွမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ဒီပိုင်ရှင်ကတော့ ထူးဆန်းမှုတွေနဲ့ ပြည့်နေတာပဲ။

"ငါ စိတ်ကူးယဉ်နေတာ မဟုတ်ဘူးဆိုတာ သေချာချင်လို့... ငါလို လူမျိုးက ကမ္ဘာကြီးကို ကယ်တင်မယ့် အမျိုးသမီးဇာတ်လိုက် ဖြစ်နိုင်ပါ့မလား... ဒါတွေအားလုံးက ငါ သေခါနီးမှာ မက်တဲ့ အိပ်မက် ဖြစ်နေရင်ရော"

"နင် အတွေးလွန်နေပြီ... နင် ကမ္ဘာကြီးကို ကယ်တင်ပြီးရင် အဲဒီအကြောင်း ဝတ္ထုတစ်အုပ် ရေးသင့်တယ်"

ကျန်းယွန်းရှီ၏ နှလုံးခုန်သံ မြန်သွားရ၏။

"နင်ကရော ဘာလုပ်မှာလဲ"

"ငါလား... ငါကတော့ ငါ့ဘဝကိုပဲ ဆက်ပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းမှာပေါ့... ငါတို့က တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပုံပြင်တွေထဲက ဖြတ်သန်းသွားတဲ့ လူတွေတင်ပါပဲ"

ကျိယွမ်က ဂရုမစိုက်ဟန်ဖြင့် ပြန်ပြော၏။

"အင်း"

တစ်စုံတစ်ခုသော အကြောင်းပြချက်ကြောင့် ကျန်းယွန်းရှီသည် စိတ်မကောင်းဖြစ်ရ၏။

သူမသည် မိမိ၏ ခရီးစဉ်တစ်လျှောက် ရရှိခဲ့သော အဖော်များကို စတင် သံယောဇဉ်တွဲနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

လမ်းပြငါးကလေးသည် ရေကူးခြင်းကို ရပ်တန့်လိုက်၏။

ကျန်းယွန်းရှီ၏ မျက်ဝန်းများ စူးရှသွားပြီး ရှားရှားပါးပါးသတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။

"ဟွန့်... ဝိညာဉ်မှင်စာတွေ... နင်တို့ ဒီမှာ သောင်းကျန်းရဲတယ်ပေါ့... သေဖို့ ပြင်ထားကြ"

ထိုအချိန်တွင် နောက်မှ လိုက်ပါလာသော ယွန်းဟူနှင့် ယွန်းလီတို့သည် မိမိတို့၏ လှေပေါ်တွင် အနားယူနေကြ၏။

သူတို့၏ တည်ရှိမှုကို ဖုံးကွယ်ထားသော အထူးရတနာကြောင့် ကျန်းယွန်းရှီသည် သူတို့ နောက်မှ လိုက်လာသည်ကို လုံးဝ မသိပေ။

"သူမက နေ့တိုင်း ငါးသတ်ဖို့ ဒီကို လာနေတာပဲ... တစ်နေ့ကျရင် သူမကို 'ဝိညာဉ်မှင်စာသတ်သမား' လို့တောင် သိကြလိမ့်မယ်... တကယ့် ဘွဲ့အမည်ပဲ"

ယွန်းဟူက နောက်ပြောင်လိုက်သည်။

"ခဏစောင့်ဦး... ရှေ့က ငါးတွေမှာ ထူးဆန်းတာတစ်ခုခု သတိထားမိလား"

ယွန်းလီက မျက်မှောင်ကြုတ်ကာ ရှေ့သို့ စိုက်ကြည့်လိုက်၏။

"အနားကို တိုးစမ်း"

ယွန်းဟူ၏ အမူအရာ လေးနက်သွားသည်။

"နင် ပြောမှပဲ... ထူးဆန်းတာတစ်ခု ရှိနေတယ်... ရှေ့က ငါးတွေကို ကြည့်ဦး... သူတို့က အုပ်စုလိုက် ပြွတ်သိပ်စုဝေးနေကြတာ"

ကျန်းယွန်းရှီ၏ ရှေ့မှ ရေပြင်သည် ငါးများကြောင့် မည်းနက်နေပြီး သဘာဝမကျစွာ စုပြုံနေကြ၏။

"တစ်ခုခုတော့ မမှန်ဘူး... ငါးတွေက ပုံမှန်ဆိုရင် ပြိုင်ဆိုင်ကြပြီး တစ်ကောင်ကိုတစ်ကောင် စားတတ်ကြတာပဲ... သူတို့ ဘာလို့ ဒီလို စုဝေးနေကြတာလဲ"

"ငါ ဝိညာဉ်မှင်စာတွေရဲ့ အငွေ့အသက်ကို ခံစားနေရတယ်... ခဏစောင့်ဦး... ဒီငါးတွေက တကယ်တော့ ဝိညာဉ်မှင်စာတွေလား"

ယွန်းဟူ၏ မျက်နှာ ဖြူလျော်သွား၏။

"တောက်... သခင်မလေး အန္တရာယ်ရှိနေပြီ... မြန်မြန်သွားရအောင်"

ယွန်းဟူက အလောတကြီး အော်ဟစ်လိုက်သည်။

သို့သော် သူတို့နှစ်ဦး ချဉ်းကပ်လာသောအခါ သူတို့ကို လုံးဝ မှင်တက်သွားစေသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။

လှေငယ်လေးပေါ်တွင် မတ်တပ်ရပ်နေရင်း ကျန်းယွန်းရှီသည် သူမ၏ မီးဖိုချောင်သုံးဓားကို မြှောက်လိုက်သည်။ သူမ၏ အမူအရာက ပြင်းထန်နေသော်လည်း သူမ၏ အသံက ချိုသာနေဆဲ ဖြစ်၏။

"ဝိညာဉ်မှင်စာတွေ... နင်တို့ ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့... သေကြစမ်း"

သူမ၏ ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

လေထုထဲတွင် မိုးကြိုးလျှပ်စီးများ ဖြာထွက်သွားပြီး ခရမ်းရောင် လျှပ်စစ်တောက်ကြောင်း မရေမတွက်နိုင်အောင် ရေပြင်ထက်တွင် လှိုင်းထသွား၏။

ခဏချင်းတွင် ထိုဧရိယာတစ်ခုလုံးသည် မိုးကြိုးပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲသွားသည်။

မရေမတွက်နိုင်သော ၊ သောင်းနှင့်ချီသောဝိညာဉ်မှင်စာငါးများသည် ချက်ချင်းပင် မူးဝေ သေဆုံးသွားကြ၏။

ကျန်းယွန်းရှီသည် မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ကာ မိုးကြိုးနတ်သမီးတစ်ပါးကဲ့သို့ ရပ်နေသည်။ သူမ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုက သူမတို့လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်၏။

သူမ၏ လှေမှ မီတာတစ်ရာအတွင်းရှိ ရေပြင်သည်ပင် ပြင်းထန်သော မီးတောက်ပေါ်တွင် တည်ထားသကဲ့သို့ ဆူပွက်နေသည်။

စုဝေးနေသော ဝိညာဉ်မှင်စာငါးများသည် ရေပေါ်တွင် ပေါ်နေသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွား၏။

လမ်းပြငါးကလေးမှာမူ အချိန်မီ ကျန်းယွန်းရှီ၏ လှေပေါ်သို့ ပြန်လည် ခုန်တက်နိုင်ခဲ့သည်။

"ကောင်းတယ်... ဒီနေ့ နင် ဟင်းချက်နည်းအသစ်တစ်ခု သင်ယူလိုက်ရပြီ၊ လျှပ်စစ်ရေနွေးပြုတ်ငါးပေါ့"

ကျိယွမ်က နောက်ပြောင်လိုက်၏။

မိုးကြိုးလျှပ်စီးများ ကွယ်ပျောက်သွားပြီး ရေပြင်သည် တဖြည်းဖြည်း ငြိမ်သက်သွားသောအခါ ကျန်းယွန်းရှီသည် စိတ်လှုပ်ရှားစွာဖြင့် တုန်ရင်နေသည်။

"ငါ... တကယ် အင်အားကြီးတာပဲ"

အဝေးမှ ယွန်းဟူနှင့် ယွန်းလီတို့သည် သူတို့ မြင်တွေ့ခဲ့ရသောအရာကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြ၏။

"အဲဒါ... အဲဒါ ဘာကြီးလဲ"

"သူမက... တကယ်ပဲ စစ်မှန်စွမ်းရည်တွေကို သင်ယူခဲ့တာလား"

သူတို့နှစ်ဦးလုံး လုံးဝ တုန်လှုပ်သွားကြသည်။

မီတာရာနှင့်ချီ ကွာဝေးသော နေရာမှပင် သူတို့သည် မိုးကြိုး၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားလိုက်ရ၏။ အကယ်၍ သူတို့သာ ပို၍ နီးကပ်စွာ ရှိနေပါက ခဏချင်းတွင် ပြာကျသွားလိမ့်မည် ဖြစ်သည်။

သို့သော် သူတို့၏ သခင်မလေးမှာမူ... သူမသည် ထိုအရာအားလုံး၏ ဗဟိုတွင် မတ်တပ်ရပ်လျက် မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ကာ ထိုသို့သော ဖျက်ဆီးမှုကြီးကို ပြုလုပ်ခဲ့သည်။

သူတို့နှစ်ဦးသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စိတ်ထဲတွင် ရှုပ်ထွေးနေကြ၏။

သူတို့ ရေကန်ကို ပြန်ကြည့်သောအခါ လှေငယ်လေးနှင့် ကျန်းယွန်းရှီတို့သည် ကွယ်ပျောက်သွားပြီး ရေပြင်ထက်တွင် ပေါ်နေသော ဝိညာဉ်မှင်စာငါးအလောင်းများသာ ကျန်ရစ်ခဲ့သည်။

ရေပြင်သည် ဘာမှမဖြစ်ခဲ့သကဲ့သို့ ထူးဆန်းစွာ ငြိမ်သက်နေ၏။

ပေါ်နေသော ငါးများသာ မရှိပါက ယွန်းဟူနှင့် ယွန်းလီတို့သည် မိမိတို့ မြင်ကွင်းတစ်ခုလုံးကို စိတ်ကူးယဉ်နေသည်ဟု ထင်မှတ်မိကြလိမ့်မည်။

ယွန်းဟူက တံတွေးကို ခက်ခဲစွာ မျိုချရင်း ရေရွတ်လိုက်သည်။

"သခင်မလေး ပျောက်သွားပြီ"

ယွန်းလီက လက်သီးကို တင်းတင်းဆုပ်လိုက်၏။

"အဲဒီဓားက... သာမန်လက်နက် မဟုတ်တာတော့ သေချာတယ်... အဲဒါ ကောင်းကင်အဆင့်လက်နက် ဖြစ်ရမယ်"

ကျန်းယွန်းရှီ တိုးတက်လာလျှင်တောင် သူမ တစ်ယောက်တည်းဖြင့် ထိုကဲ့သို့သော စွမ်းအားကို ထုတ်ဖော်နိုင်ရန် မည်သို့မှ မဖြစ်နိုင်ပေ။

ထိုဓားသည် ထူးခြားသည်မှာ ထင်ရှားနေသည်။

"ငါတို့ သခင်မလေးကို မျက်ခြေပြတ်သွားပြီ... သွားပြီပဲ"

ယွန်းဟူက စိုးရိမ်တကြီး ပြော၏။

"ငါတို့ သူမကို ချက်ချင်း ရှာရမယ်... ပြီးတော့ ဒီအကြောင်းကို မြို့စားမင်းထံ သတင်းပို့ရမယ်"

ယွန်းလီက ပြတ်ပြတ်သားသား ပြောလိုက်သည်။

သူတို့နှစ်ဦးလုံးသည် အခြေအနေ၏ လေးနက်မှုကို သဘောပေါက်လိုက်ကြ၏။

ယခုလေးတင် ဖြစ်ပျက်ခဲ့သောအရာသည် သာမန်ကိစ္စတစ်ခု မဟုတ်ပေ။

၎င်းသည် ကောင်းကင်ကြီးကိုပင် တုန်လှုပ်စေနိုင်သောအရာပင် မဟုတ်ပါလား။

-------

All Chapters