← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း (၁၈၄) လေးထပ် ဓားတောင်များ

နင်းဖန် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်နှင့် ခေါင်းပေါ်ရှိ ဓားတစ်သောင်း ဘီးကြီး သည်လည်း သူနှင့်အတူ ရွေ့လျားသွားခဲ့၏။

၎င်းမှာ သူ့ကို အစောင့်အရှောက်ပေးရန် စစ်တပ်တစ်သောင်း ချထားသကဲ့သို့ပင် ဖြစ်သည်။

နင်းဖန်၏ ရှေ့မလှမ်းမကမ်းတွင် ဓားတောင် အနည်းငယ်ကို ဝေဝါးဝါး မြင်တွေ့ရပြီး ၊ ဓားသွားများ မှာ အေးစက်သော အလင်းရောင် ရှိနေ၏။

"စီနီယာအစ်ကို က ဗဟို ဧရိယာကို သွားမလို့လား"

ကျန်းထန် သတိပြန်ဝင်လာချိန်တွင် အံ့အားသင့်သွားသည်။ သူမ၏ မှတ်ဉာဏ်ထဲရှိ ဓားသင်္ချိုင်း၏ ဗဟိုသည် အလွန်အန္တရာယ်များသည့် တားမြစ်နယ်မြေ ဖြစ်နေသောကြောင့်ဖြစ်သည်။

ထိုနေရာတွင် အနည်းဆုံး ကောင်းကင်အလယ်အလတ်အဆင့်ရှိ ဓားများကို မြှုပ်နှံထားသည်။

အထူးသဖြင့် ကောင်းကင်အဆင့်မြင့်သို့ ရောက်နေသည့် ‘ဘိုးဘေးဓား’ လေးလက် ရှိသည်။

ထိုဓားလေးလက်သည် ကိုယ်ပိုင်စိတ်ဝိညာဉ် ရှိပြီး မာနကြီးလွန်းသဖြင့် 'ဓားမသေမျိုး' ပါရမီရှင် မဟုတ်လျှင် မည်သူ့ကိုမျှ အညံ့မခံကြချေ။

သမိုင်းတစ်လျှောက် ဂိုဏ်းမှ ပါရမီရှင်များစွာ လာရောက်ယူ‌ေဆာင်ခဲ့သော်လည်း အားလုံး ကျရှုံးခဲ့သည်။

လွန်ခဲ့သော နှစ်ရှစ်သိန်းက ထူးကဲသော ပါရမီရှင်တစ်ဦး ရောက်လာပြီး လမ်းတစ်လျှောက်ရှိ အခြားဓားများကို နှိမ်နှင်းနိုင်ခဲ့သဖြင့် ဘိုးဘေးဓားတစ်လက်ကို သေချာပေါက် ရလိမ့်မည်ဟု အားလုံးက ထင်ခဲ့ကြသည်။

သို့သော် သူသည် ဘိုးဘေးဓားများရှိရာ နယ်မြေသို့ ခြေချလိုက်သည်နှင့် ဓားချီ တစ်မျှင်၏ ရိုက်ခတ်မှုကြောင့် သုံးလတိုင်တိုင် အိပ်ရာထဲ လဲသွားခဲ့ရသည်။ ထိုအချိန်မှစ၍ မည်သူမျှ ထိုဓားများကို သွားရောက်မထိပါးရဲတော့ပေ။

ယခုအခါတွင်မူ နင်းဖန်သည် ထိုနတ်ဘုရားဓားလေးလက်ရှိရာ ဓားသင်္ချိုင်း၏ ဗဟိုဆီသို့ မကြောက်မရွံ့ဘဲ ဦးတည်လျှောက်လှမ်းသွားနေလေပြီ။

" မင်း လမ်းမလျှောက်နိုင်တာကို လမ်းမညီဘူးလို့ အပြစ်မတင်နဲ့ ”

“ ဒါပေမယ့် စီနီယာအစ်ကို သာဆိုရင် သူ တကယ်ပဲ လုပ်နိုင်ကောင်း လုပ်နိုင်လိမ့်မယ် "

ကျန်းထန်သည် နင်းဖန်၏ ခန့်ညားသော ကျောပြင်ကို ကြည့်ရင်း အတိတ်က စွမ်းဆောင်ရည်များကို သတိရကာ မျှော်လင့်ချက်ကြီးစွာဖြင့် နောက်မှ လိုက်သွားခဲ့သည်။

ယခင်ပါရမီရှင်များ မအောင်မြင်ခဲ့သော်လည်း ဓားသင်္ချိုင်းသို့ ပထမဆုံးအကြိမ် ဝင်ရုံဖြင့် ဓားတစ်သောင်းကို အညံ့ခံစေခဲ့သော သူမ၏ စီနီယာအစ်ကိုသည် ထိုဘိုးဘေးဓားလေးလက်ကို သေချာပေါက် ရယူနိုင်မည်ဟု သူမ အပြည့်အဝ ယုံကြည်ထားသည်။

နင်းဖန်ကလည်း နောက်မှလိုက်လာသော ဂျူနီယာညီမလေးကို မတားဆီးခဲ့ပေ။

သူသည် နားငြီးစရာကောင်းနေသော ဓားမြည်သံများကို ရပ်တန့်ရန် လက်ဖျောက်တစ်ချက် တီးလိုက်ရာ ကောင်းကင်ယံရှိ ဓားတစ်သောင်းသည် ချက်ချင်း တိတ်ဆိတ်သွားပြီး မူလမြေကြီးများပေါ်သို့ တိကျစွာ ပြန်လည်စိုက်ဝင်သွားကြသည်။

ဤအံ့မခန်း ဓားထိန်းချုပ်မှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားပြီး ဓားသင်္ချိုင်း၏ ဗဟိုဆီသို့ သူ အေးဆေးစွာ ဆက်လျှောက်လာခဲ့သည်။

ဗဟိုတွင် နတ်ဘုရားဓား ဆယ်လက်သာ ကျန်ရှိတော့သည်ကို နင်းဖန် တွေ့လိုက်ရသည်။

ကောင်းကင်အဆင့်မြင့် ဘိုးဘေးဓား လေးလက်မှလွဲ၍ ကျန်ခြောက်လက်မှာ ကောင်းကင်အလယ်အလတ်အဆင့် ဓားများ ဖြစ်ကြသည်။ ထိုအလယ်အလတ်အဆင့် ဓားများသည် ဘိုးဘေးဓားများကို ကြောက်ရွံ့သဖြင့် အစွန်အဖျားများတွင်သာ လက်အောက်ငယ်သားများသဖွယ် နေရာယူထားကြရသည်။

သို့သော် နင်းဖန် လျှောက်လာသည်ကို မြင်သောအခါ ထိုဓားခြောက်လက်သည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ မြေကြီးထဲမှ အလိုအလျောက် ရုန်းထွက်လာကြသည်။

နင်းဖန်က ဓားထိန်းချုပ်ခြင်းပညာရပ်ကို အသုံးမပြုရသေးခင်မှာပင် ၎င်းတို့ဘာသာ အညံ့ခံကာ သူ၏နောက်မှ လိုက်ပါလာကြတော့သည်။

"သူတို့က ထပ်ပြီး အနိုင်ကျင့် မခံချင်တော့လို့ ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုဖို့ ကြိုးစားနေကြတာလား"

ဤစိတ်ဝင်စားဖွယ် မြင်ကွင်းကြောင့် နင်းဖန် ပြုံးလိုက်မိသည်။

ကောင်းကင်အလယ်အလတ်အဆင့်ရှိ နတ်ဘုရားလက်နက်များသည် ကိုယ်ပိုင်စိတ်ဝိညာဉ် ရှိပြီးဖြစ်ကာ၊ အထူးသဖြင့် နှစ်သန်းပေါင်းများစွာ သက်တမ်းရှိသည့် ဤဓားများသည် ကလေးငယ်တစ်ဦးကဲ့သို့ ဉာဏ်ရည်ရှိနေသောကြောင့် ယခုကဲ့သို့ အလိုအလျောက် တုံ့ပြန်ခြင်းမှာ မဆန်းကျယ်လှပေ။

ထို့ကြောင့် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ထိုရှေးဟောင်းဓားခြောက်လက်သည် ၎င်းတို့၏ အရှိန်အဝါများကို ရုပ်သိမ်းကာ အညံ့ခံသောဟန်ဖြင့် နင်းဖန်၏နောက်မှ တရွေ့ရွေ့ ဝဲပျံလိုက်ပါလာကြတော့သည်။

" ဘုရားရေ "

"စီနီယာအစ်ကို က တော့ စီနီယာအစ်ကိုပါ ပဲ ဒီမှာ ရပ်နေရုံနဲ့ အလယ်အလတ် အဆင့် ဓားခြောက်လက် က အညံ့ခံသွားပြီ"

ကျန်းထန်၏ မျက်လုံးများတွင် အားကျလေးစားမှုများ တောက်ပသွားပြီးနောက် အံ့ဩတကြီး ရေရွတ်လိုက်သည်။

အလားတူ အံ့ဩတုန်လှုပ်နေကြသူများမှာ ထိုက်ရီအကြွင်းအကျန်နယ်မြေထဲရှိ လူများပင် ဖြစ်သည်။

နင်းဖန်သည် ဓားသင်္ချိုင်း၏ ဗဟိုသို့ ရောက်ရှိသွားပြီး ဓားခြောက်လက်က သူ့အား သခင်အဖြစ် အလိုအလျောက် အသိအမှတ်ပြုလိုက်သည့် မြင်ကွင်းကို စောင့်ကြည့်နေခဲ့ကြသော အကြီးအကဲများအားလုံး မှင်တက်သွားကြသည်။

ထိုအထဲတွင် ရွှီယိုဝေက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

"နေပါဦး ဒီဓားတွေက အနည်းဆုံး ကောင်းကင်အလယ်အလတ်အဆင့် နတ်ဘုရား လက်နက် တွေပဲ၊ ဓားတွေက ဘယ်လိုလုပ် သူ့ဆီကို အညံ့ခံနိုင်မှာလဲ"

ဗဟိုဧရိယာရှိ ဓားတိုင်းတွင် ကြီးမားသော နောက်ခံသမိုင်းကြောင်း ရှိကြသည်။ အချို့ကို ရယူသွားကြပြီ ဖြစ်သော်လည်း ကျန်ရှိနေသည့် ဓားများအားလုံးမှာ အလွန်မာနကြီးလှသည်။

ဤကောင်းကင်အလယ်အလတ်အဆင့် ဓားခြောက်လက်သည် ဘိုးဘေးဓားများလောက် ဒေါသမာန်မကြီးသော်လည်း သာမန်ပါရမီရှင်များ ဦးညွတ်‌ စေရန်လုပ် နိုင်သည့်အရာမျိုး မဟုတ်ပေ။

နှစ်သန်းပေါင်းများစွာအတွင်း ဓားဝှက်တောင်ထိပ်၏ မျိုးဆက်ဆက် ပါရမီရှင်များစွာ ကြိုးစားခဲ့သော်လည်း မည်သူမျှ မအောင်မြင်ခဲ့ချေ။

သို့သော် နင်းဖန် ရောက်လာချိန်တွင်မူ ဓားထိန်းချုပ်ခြင်းပညာရပ်ကိုပင် အသုံးမပြုရသေးဘဲ ၎င်းတို့ဘာသာ လာရောက်အညံ့ခံနေကြသည်။

ဒါက တကယ့်ကို မယုံနိုင်စရာပဲ။

"ငါ့အမြင်အရတော့ အဲဒီ ဘိုးဘေး ဓား လေးလက်ထဲက အနည်းဆုံး နှစ်လက် ကို နင်းဖန် က ဆွဲထုတ်လိမ့်မယ်"

လီချန်မင်သည် သူ့မေးစေ့ကို ပွတ်သပ်ရင်း တွေးတောလိုက်သည်။

သူကိုယ်တိုင်သည် ကောင်းကင်အဆင့် မှော်လက်နက်များကို ဖန်တီးနိုင်သည့် ပညာရှင်တစ်ဦး ဖြစ်သည်။

ကောင်းကင်အဆင့်မြင့် ဓားများကို သွန်းလုပ်နိုင်စွမ်း ရှိသော်လည်း... ရိုးရိုးသားသား ဝန်ခံရလျှင် သူဖန်တီးသည့် လက်နက်များ၏ အရည်အသွေးသည် ထို "ဘိုးဘေးဓားလေးလက်" ကို လုံးဝ မယှဉ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်အဆင့်မြင့် လက်နက်ချင်း တူညီလျှင်တောင် အဆင့်အတန်း ကွာခြားချက်က ရှိနေသောကြောင့်ပင် ဖြစ်သည်။ ဤဘိုးဘေးဓားလေးလက်သည် ထိုအဆင့်ထဲ၌ပင် အမြင့်ဆုံးနှင့် အကောင်းဆုံး ထိပ်တန်းအဆင့်တွင် ရှိနေသည်မှာ သံသယဖြစ်စရာ မလိုချေ။

ထိုမျှမကသေးဘဲ ထိုဓားများသည် နှစ်ပရိစ္ဆေဒအတော်ကြာ တည်ရှိလာခဲ့ခြင်း ဖြစ်သလို၊ အတိတ်က အစွမ်းထက်သည့် သခင်ကြီးများ၏ လက်ထဲ၌ ဖြတ်သန်းခဲ့ကြသဖြင့် သူတို့၏ ကိုယ်ပိုင် ဓားဝိညာဉ် သည်လည်း အလွန် စွမ်းအားကြီးမားနေသည်။

ဒါကြောင့် အဆင့်တူ အခြား နတ်ဘုရားလက်နက်များထက် အဆပေါင်းများစွာ ပို၍ သာလွန်ထက်မြက်နေခြင်း ဖြစ်သည်။

လက်နက်သွန်းလုပ်သည့် ပညာရှင်တစ်ယောက် ဖြစ်သဖြင့် လီချန်မင်သည် ဤကွာဟချက်များကို အသေအချာ သိမြင်နားလည်သည်။

ဇူယွင်ကျယ် က

"နှစ်လက်လား မင်းက နင်းဖန်ကို အရမ်း အထင်သေးနေတာပဲ သူ သေချာပေါက် လေးလက်စလုံးကို ယူလိမ့်မယ်"

ဤသည်ကို ကြားသောအခါ လီချန်မင် ပြန်ပြောလိုက်သည်။

"အဲဒီ ဓားလေးလက်ရဲ့ တန်ဖိုးကို မင်း နားမလည်ဘူး၊ အဲဒါတွေက မင်းရဲ့ သာမန် ကောင်းကင်အဆင့်မြင့် တွေ မဟုတ်ဘူး..."

"အဲဒီမှာတင် ရပ်လိုက်"

သူ စကားမဆုံးမီ ဇူယွင်ကျယ် က ပိတ်ကာ ပြောလိုက်သည်။

"စီနီယာအစ်ကိုလီ မင်းက မှော်လက်နက် ဖန်တီးခြင်း အကြောင်း အရမ်း သိလွန်းလို့ မင်း ရှုံးတာပဲ"

"ဒါကြောင့် မင်းက နင်းဖန်အကြောင်း သာမန် အသိဥာဏ်ကို သုံးပြီး အမြဲတမ်း ခန့်မှန်းဖို့ ကြိုးစားနေတာ"

" တကယ်တော့ နင်းဖန် က ငါတို့ မြင်နိုင်တဲ့သူ မဟုတ်ဘူး"

"အကောင်းဆုံးနဲ့ အချဲ့ကားဆုံး ရလဒ်ကိုပဲ စဉ်းစားလိုက်၊ ဒါဆို မင်း မျက်နှာကို ဖြတ်ရိုက်မခံရတော့ဘူး"

သူ စကားပြောပြီးနောက် အားလုံးက တစ်ပြိုင်နက်တည်း "အင်း" ဟူသော အသံရှည်ကြီးကို ထုတ်လွှတ်လိုက်ကြ၏။

သူတို့ အားလုံး သ‌ေဘာတူကြောင်း ရှင်းလင်းပေသည်။

အခြားသူများသည် မှော်လက်နက်သွန်းလုပ်ခြင်းကို နားမလည်သဖြင့် နင်းဖန်သည် နတ်ဘုရားဓားလေးလက်စလုံးကို အညံ့ခံ‌ စေနိုင်မည်ဟု ထင်မှတ်ကြသည်။

သို့သော် လီချန်မင်သည် ထိုအတတ်ပညာကို ကောင်းစွာသိနားလည်သဖြင့် အခြေအနေကို အနည်းငယ်သာ ခန့်မှန်းရဲခဲ့သည်။ သူ၏ ကျွမ်းကျင်မှုဗဟုသုတကြောင့်ပင် ခန့်မှန်းချက်များ အကြိမ်ကြိမ် မှားယွင်းခဲ့ရသည်ကို မှု မသိခဲ့ချေ။

လီချန်မင်သည် ဇဝေဇဝါဖြစ်နေမိသည်။ အရာရာကို ပိုမိုသိရှိနားလည်နေခြင်းက ဘယ်အချိန်ကစ၍ အားနည်းချက်တစ်ခု ဖြစ်သွားရသနည်း။ သူသည် တစ်ခုခုပြောချင်သော်လည်း ဘယ်လိုစပြောရမှန်း မသိဖြစ်နေသည်။

နောက်ဆုံးတွင် ပြောမည့်စကားများကို မျိုသိပ်လိုက်ပြီး အောက်သို့သာ ငုံ့ကြည့်လိုက်တော့သည်။

ထိုအခါ နင်းဖန်သည် ဓားသင်္ချိုင်း၏ အလယ်ဗဟိုသို့ ရောက်ရှိနေပြီး လေးထပ်မြောက် ဓားတောင်များကို ထိပ်တိုက်ရင်ဆိုင်နေပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

All Chapters