← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း (၁၈၈) အကိုကြီး ဖြစ်ချင်နေတဲ့ နတ်ဆိုး ဓား

"နဂါး ဓား ကိုလည်း သိမ်းယူပြီးသွားပြီ"

ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ အကြီးအကဲ များစွာသည် စိတ်လှုပ်ရှားစွာ ကြည့်နေကြ၏။

နင်းဖန်၏ ဓားတာအို ပါရမီ သည် အလွန် အားကောင်းလွန်းလှသည်။ ဓားသင်္ချိုင်း ရှိ နတ်ဘုရား ဓား လေးလက်အနက် သုံးလက်ကို တစ်ခါတည်း ယူနိုင်ခဲ့သည်။

ယခုဆိုလျှင် ရေခဲ ဓား၊ နတ်ဆိုး ဓား နှင့် နဂါး ဓား တို့ အားလုံး သူ၏ လက်ထဲတွင် ရှိနေပြီ ဖြစ်၏။

ဤ ပြိုင်ဘက်ကင်း နတ်ဘုရား ဓား သုံးလက်အနက် မည်သည့် ဓားမဆို အပြင်လောကတွင် ထွက်‌ ပေါ်လာပါက မရေမတွက်နိုင်သော စွမ်းအားရှင် များကို မနာလိုဖြစ်စေကာ ဒေသတစ်ခုလုံးရှိ သက်ရှိများကို သွေး‌ ‌ေချာင်စီးစေလိမ့်မည်။

ဤအကြောင်းကို အခြားသူများကို ပြောပြပါက မည်သူမျှ ယုံကြည်မည် မဟုတ်ပေ။

"သုံးလက်က သူ့ ကန့်သတ်ချက် မဟုတ်ဘူးလို့ ငါ ထင်တယ် အဲဒီ စတုတ္ထမြောက် ဓား ကလည်း နင်းဖန်ရဲ့ ပိုင်ဆိုင်မှု ဖြစ်လာတော့မှာပဲ"

ရှောင်ချာ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်၏။

သူသည် ဆေးဖော်စပ်သူ တစ်ဦး ဖြစ်သော်လည်း ဤနှစ်များတစ်လျှောက်လုံး အလကား အသက်ရှင်ခဲ့ခြင်း မဟုတ်ချေ။ နင်းဖန် ဓားသုံးလက်ကို တစ်ပြိုင်နက်တည်း ကိုင်ဆောင်နိုင်ခြင်း၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို သူ အလွန် ရှင်းလင်းစွာ သိပေသည်။

ဤသည်မှာ သမိုင်းတစ်လျှောက် စွမ်းအားရှင် များစွာ မလုပ်နိုင်ခဲ့သည့် အရာတစ်ခု ဖြစ်၏။

ရန်သူများနှင့် ရင်ဆိုင်ရချိန်တွင် ဤ နတ်ဘုရား ဓား များသည် ထိုရန်သူများကို အမှိုက်ကဲ့သို့လုပ်ပစ်ရန် လုံလောက်ပေလိမ့်မည်။

"စီနီယာအစ်ကိုလီ ငါ ဘာပြောခဲ့လဲ ငါ မှန်တယ် မဟုတ်လား"

ဇူယွင်ကျယ် က ယပ်ခတ်ရင်း ပြုံးကာ လီချန်မင် ကို မျက်ခုံးပင့်ပြလိုက်၏။

ယခင်က သူတို့နှစ်ဦးသည် နင်းဖန် ဓားများကို နှိမ်နှင်းခြင်း နှင့် ပတ်သက်၍ အငြင်းပွားခဲ့ကြသည်။

ထိုအချိန်က နင်းဖန်သည် ဓားလေးလက်စလုံးကို သူ၏ ပိုင်ဆိုင်မှုအဖြစ် သေချာပေါက် ယူလိမ့်မည်ဟု ဇူယွင်ကျယ် က ပြောခဲ့၏။

"နင်းဖန်ကို ငါ တကယ်ပဲ အထင်သေးခဲ့တယ် ဒါပေမယ့် ဒီ စတုတ္ထမြောက် ဓားက နှိမ်နှင်းဖို့ လွယ်မှာ မဟုတ်ဘူး"

လီချန်မင် တိုးတိုးလေး သက်ပြင်းချလိုက်ပြီး သူ၏ အမြော်အမြင် ကင်းမဲ့မှုကို ဦးစွာ ဝန်ခံလိုက်၏။

ထို့နောက် သူ စကားလွှဲကာ နင်းဖန်သည် နတ်ဘုရား ဓား လေးလက်စလုံးကို ယူနိုင်လိမ့်မည် မဟုတ်ကြောင်း သူ၏ အမြင်ကို ဖော်ပြခဲ့သည်။

ဇူယွင်ကျယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"စီနီယာအစ်ကိုလီ မင်းက နည်းနည်း ဆန့်ကျင်ဘက် လုပ်နေတာ မဟုတ်ဘူးလား"

"အခြေအနေက ဒီလိုဖြစ်နေတာတောင် နင်းဖန် က ဓားလေးလက်ကို မယူနိုင်ဘူးလို့ မင်း ထင်နေတုန်းပဲလား"

လီချန်မင် ခေါင်းခါကာ ပြောလိုက်သည်။

"မင်း နားလည်မှု လွဲနေပြီ ငါ ဒီလိုပြောရတဲ့ အကြောင်းရင်းက အဲဒီ စတုတ္ထမြောက် ဓား က တကယ်ကို ထူးခြားလို့ပဲ မင်း ငါ့ကို မယုံရင် စီနီယာအစ်မတော်ယွီ ကို မေးကြည့်"

ဤစကားများကို ကြားသောအခါ ဇူယွင်ကျယ် သည် ယွီရူရွှမ်း ကိုကြည့်လိုက်သည်။

သူမသည် အောက်ဘက်ရှိ မြင်ကွင်းကို စူးစိုက်ကြည့်နေပြီး အတွေးထဲတွင် နစ်မြောနေပုံရသည်ကို သူ မြင်လိုက်ရသည်။

သူတို့၏ စကားဝိုင်းကို ကြားပြီးနောက် သူမ မော့ကြည့်ကာ ပြောလိုက်သည်။

"အဲဒီ ဓား က တကယ်ကို ထူးခြားတယ် အဲဒါက ဓားသင်္ချိုင်း မှာ အလျှို့ဝှက်ဆုံး ဓားဖြစ်ပြီး ထူးခြားတဲ့ ဇာစ်မြစ် ရှိတယ်"

"နင်းဖန် အဲဒါကို ယူနိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီး ပြောဖို့ ခက်တယ်"

ယွီရူရွှမ်း ပင်လျှင် နင်းဖန် စတုတ္ထမြောက် ဓားကို ယူမည်ဟု ရာခိုင်နှုန်း ပြည့် သေချာစွာ မပြောရဲသည်ကို မြင်သောအခါ ဇူယွင်ကျယ် မှင်တက်သွားခဲ့၏။

‘ ဒါက ဘယ်လို ဓားမျိုးမို့လို့ ဒီလောက်တောင် အားကောင်းနေရတာလဲ ’

‘ နတ်ဆိုး ဓား နဲ့ နဂါး ဓား ထက်တောင် ကိုင်တွယ်ရ ပိုခက်သေးတာလား ‘

‘ လက်နက် ဖန်တီးခြင်းတွင် မဟာဆရာကြီး ဖြစ်သော လီချန်မင် နှင့် လက်ရှိ နံပါတ်တစ် အမျိုးသမီး ဓားမသေမျိုး ဖြစ်သော ယွီရူရွှမ်း တို့တောင်မှ ထိုဓားကို ဤမျှ သတိထားပြီး ဆက်ဆံရသည်အထိ ဖြစ်နေသလော ‘

ဤသည်ကို တွေးမိသောအခါ ဇူယွင်ကျယ် အလွန် သိချင်သွားပြီး အောက်သို့ အလျင်အမြန် ကြည့်လိုက်၏။

အခြား အကြီးအကဲများနှင့် တပည့် များသည်လည်း တူညီသော တုံ့ပြန်မှု ရှိခဲ့ကြသည်။

ဓားသင်္ချိုင်း အတွင်း၌။

နင်းဖန်သည် သူ၏ လက်များကို နောက်ပစ်ကာ ရှေ့သို့ လျှောက်သွားနေပြီး နတ်ဘုရား ဓား သုံးလက်က နောက်မှ လိုက်ပါလာခဲ့သည်။

ဓားသုံးလက်သည် နင်းဖန်ကို လှည့်ပတ်နေပြီး သူ့ကို ပြိုင်ဘက်ကင်း ဓားမသေမျိုး တစ်ဦးကဲ့သို့ အထူး ကျက်သရေရှိစေခဲ့သည်။

သို့သော် ဤ စွဲမက်ဖွယ်ကောင်းသော မြင်ကွင်း အောက်တွင် နင်းဖန်သည် အတော်လေး ထူးဆန်းနေသလို ခံစားနေရ၏။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရား ဓား သုံးလက်၏ ဝိညာဉ် များသည် တစ်ခုနှင့်တစ်ခု အရူးအမူး ဆက်သွယ်နေကြသောကြောင့်ပင်။

ဓား သခင် အနေဖြင့် သူသည် ထိုဓားများ ခံစားချက်ကို သိနိုင်ပေသည်။

စူးရှသော အသံတစ်ခု ရယ်မောလိုက်သည်ကို သူ ကြားလိုက်ရသည်။

" ရေခဲ ဓား နဂါး ဓား ငါတို့က အဆင့်တူ ဓား လက်နက်တွေ ဖြစ်ပေမယ့် အခု ငါတို့က သခင် ရဲ့ အောက်မှာ အတူတူ အလုပ်လုပ်နေကြပြီဆိုတော့ ငါတို့ အဆင့်အတန်း တစ်ခု သတ်မှတ်ရမယ်"

"ငါ့ ဉာဏ်ရည် က မင်းတို့ထက် ပိုမြင့်တယ် ငါက အကိုကြီး ဖြစ်ဖို့ အခု ကိုယ့်ကိုယ်ကိုယ် အဆိုပြုတယ် မင်းတို့ နှစ်လက်ထဲက ဘယ်သူ သဘောတူပြီး ဘယ်သူ ကန့်ကွက်လဲ"

လူကြမ်း အငွေ့အသက်များနှင့် အရှက်ကင်းမဲ့မှု ပြည့်နှက်နေသော ဤစကားများသည် နတ်ဆိုး ဓား ထံမှ လာခြင်း ဖြစ်၏။

နဂါး ဓား လည်း နင်းဖန်၏ အဖွဲ့ထဲသို့ ဝင်ရောက်လာသည်ကို မြင်ပြီးနောက် ထိုဓားသည် ၎င်း၏ အဆင့်အတန်းကို တည်ဆောက်ရန် ချက်ချင်း မစောင့်နိုင်တော့ချေ။

သို့သော် အခြား ဓားနှစ်လက်သည် သူ့ကို အသိအမှတ်ပြုရန်ပင် စိတ်မဝင်စားခဲ့ပေ။

အသိစိတ် ပင်လယ် တွင် ခဏတာ တိတ်ဆိတ်သွားခဲ့၏။

"ဟေ့ မင်းတို့ နှစ်လက်က ဆွံ့အနေတာလား"

နတ်ဆိုး ဓား က တိုက်တွန်းလိုက်သည်။

"ရပ်တည်ချက် တစ်ခု ယူလေ သဘောတူလား ဒါမှမဟုတ် ကန့်ကွက်လား"

တိတ်ဆိတ်နေဆဲပင်။

နတ်ဆိုး ဓား သည် ဤ အခြေအနေကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်ဖွယ်ရှိ၏။

ဓားက တိုးတိုးလေး ကျိန်ဆဲရင်း သူ့ဘာသာသူ ရေရွတ်နေခဲ့သည်။

‘ ကြည့်စမ်းပါဦး ဓားတွေတောင် အေးစက်စက် ဆက်ဆံခံရတာကို ကြောက်ကြတာပဲ ‘’

နင်းဖန် အနည်းငယ် ခေါင်းခါလိုက်ပြီး ဇာတ်လမ်းကို ခိုးနားထောင်ချင်သဖြင့် သူ၏ ခြေလှမ်းများကို နှေးလိုက်၏။

သူ ဤဓားသုံးလက်၏ ဆက်ဆံရေးကိုလည်း သိချင်နေခဲ့သည်။ သူတို့သည် ဓားသင်္ချိုင်း တွင် နှစ်သန်းကိုးဆယ်တိုင်တိုင် အတူတကွ နေထိုင်ခဲ့ကြ၏။

ခဏအကြာတွင်

နတ်ဆိုး ဓား ၏ နှောင့်ယှက်မှုကြောင့် အေးစက်သော အတွေးတစ်ခု နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့သည်။

"ထွက်သွား"

စကားလုံး တစ်လုံးတည်း အတော်လေး တိုတောင်းလှပေသည်။

ရေခဲ ဓား ၏ ဝိညာဉ် က စကားပြောနေခြင်း ဖြစ်ကြောင်း သိလိုက်၏။

နောက်ဆုံးတွင် သူ့ကို တုံ့ပြန်သည့် အသံတစ်ခု ရှိလာသည်ကို မြင်သောအခါ နတ်ဆိုး ဓား သည် ချက်ချင်းပင် ပျော်ရွှင်စွာ လှည့်ပတ်သွားပြီး ပြုံးကာ ပြောလိုက်သည်။

"ညီမလေး ဆွေ့ဟန် မင်း နောက်ဆုံးတော့ ငါ့ကို အသိအမှတ်ပြုလိုက်ပြီပဲ"

"ဒါပေမယ့် မင်း ထွက်သွား ဆိုတာ ဘာအဓိပ္ပာယ်လဲ ငါက အကိုကြီး ဖြစ်မယ့် ဓားလေ မင်း ငါ့အပေါ် လေးစားမှု နည်းနည်းလောက် ပြလို့မရဘူးလား"

ရေခဲ ဓား တိတ်ဆိတ်နေဆဲဖြစ်ပြီး ဓား၏ ကိုယ်ထည်ကို နတ်ဆိုး ဓား နှင့် ဝေးရာသို့အနည်းငယ် ရွှေ့လိုက်၏။

ထိုဓားက ဤကောင်နှင့် အလုပ်မလုပ်ချင်ကြောင်း ရှင်းလင်းပေသည်။

ရေခဲ ဓား နောက်တစ်ကြိမ် တိတ်ဆိတ်သွားသည်ကို မြင်သောအခါ နတ်ဆိုး ဓား ဒေါသတကြီး ပြောလိုက်သည်။

"ဘာလို့ အသံမထွက်တော့တာလဲ မင်းတို့ အားလုံးက ကျွမ်းကျင်သူတွေလို ဟန်ဆောင်ဖို့ တိတ်တိတ်နေကြတာလား"

ထိုသို့ပြောပြီးနောက် ၎င်းသည် နဂါး ဓား ၏ ဘေးတွင် ကပ်လျက် ဒေါသတကြီး ပြောလိုက်သည်။

"အနံ့ဆိုးတဲ့ နဂါး မင်းလည်း သေချင်ယောင် ဆောင်မနေနဲ့ ငါ မင်းကို မေးနေတာ ငါ အကိုကြ ဖြစ်လို့ရမလား"

နဂါး ဓား ရပ်တန့်သွားပြီး အတော်လေး အကူအညီမဲ့နေသလို ခံစားနေရပုံရ၏။

သို့သော် နောက်ဆုံးတွင် ၎င်းက တုံ့ပြန်မှုတစ်ခု ပေးခဲ့သည်။

"ဂျုံ"

နတ်ဆိုး ဓား လန့်သွားပြီးနောက် အလွန် ဝမ်းသာသွားသည်။

"မင်း သဘောတူတယ်ပေါ့ ကောင်းတယ် ကောင်းတယ် ကောင်းတယ် ညီအစ်ကို နဂါး က အမြင်ရှိတာပဲ"

သို့သော် နတ်ဆိုး ဓား အချိန်ကြာကြာ မပျော်ရွှင်နိုင်မှီ နဂါး ဓား ၏ နောက်စကားများကြောင့် အနှောင့်အယှက် ဖြစ်သွားခဲ့၏။

"မင်းကို ထွက်သွားဖို့ ပြောတာ "

ထိုသို့ပြောပြီးနောက် နဂါး ဓား ကသူ့ဘာသာသူ ရေရွတ်လိုက်သည်။

"တကယ့် အရူးပဲ"

နတ်ဆိုး ဓား

“ဘာ…..”

"အနံ့ဆိုးတဲ့ နဂါး ငါ ကြားတယ်နော်"

နတ်ဆိုး ဓား သည် အလွန် ဒေါသထွက်သွားသဖြင့် အော်ဟစ်လိုက်သည်။

."မင်း အဘွားရဲ့ ဝက်ဝံ မင်း မလုပ်ချင်ရင် မလုပ်ချင်ဘူးပေါ့ ဘာလို့ ငါ့ကို စော်ကားရတာလဲ မင်းမှာ ယဉ်ကျေးမှု မရှိဘူးလား သခင် က ဘယ်လိုလုပ် မင်းတို့လို ချို့ယွင်းနေတဲ့ ဓားနှစ်လက်ကို ယူခဲ့တာလဲ"

"ငါ ပိုတွေးလေလေ ပိုဒေါသထွက်လေလေပဲ ငါ သည်းမခံနိုင်တော့ဘူး သခင် ကျွန်တော် နဂါး ဓား နဲ့ ပြိုင်ပွဲ တစ်ခု တောင်းဆိုပါတယ်"

"အို မင်းက ငါ့ကို စိန်ခေါ်ချင်တာလား"

နင်းဖန် စကားမပြောမီ နဂါး ဓား က ရှေ့သို့ တက်လာကာ ဓားသွား နှစ်ဖက်စလုံးမှ နဂါး အရှိန်အဝါ များ ထွက်ပေါ်လာပြီး မီးတောက်များ လောင်ကျွမ်းလာခဲ့၏။

နတ်ဆိုး ဓား ၏ အရှိန်အဝါ ချက်ချင်း တောင့်တင်းသွားပြီးနောက် ရယ်မောကာ ပြောလိုက်သည်။

"ညီအစ်ကို နဂါး ငါတို့ စိတ်မဆိုးကြရအောင် ငါတို့က ညီအစ်ကို ဖြစ်လာတာ နှစ်သန်းကိုးဆယ် ကျော်နေပြီ ငါက ဘယ်လို ဓားမျိုးလဲဆိုတာ မင်း မသိဘူးလား ငါက မင်းကို ဘယ်လိုလုပ် စိန်ခေါ်နိုင်မှာလဲ"

"ဟီးဟီး နောက်တာပါ နောက်တာပါ"

နဂါး ဓား လေးနက်သွားသည်နှင့်တပြိုင်နက် နတ်ဆိုး ဓား ချက်ချင်း ကြောက်ရွံ့သွားခဲ့၏။

နင်းဖန် ဘေးမှနေ၍ ကြည့်ကာ ရယ်စရာကောင်းသည်ဟု ထင်နေခဲ့သည်။

ဤဓားသုံးလက်စလုံးသည် နတ်ဘုရား လက်နက် များကြားတွင် ထိပ်တန်းအဆင့် တည်ရှိမှုများ ဖြစ်ကြပြီး နတ်ဆိုး ဓား ၏ သန့်စင်မှု လိုအပ်ချက်များမှာ အလွန် ကြမ်းတမ်းသဖြင့် စွမ်းအားအရ ထိုဓားသည် နဂါး ဓား ကို သေချာပေါက် ရှုံးလိမ့်မည် မဟုတ်ပေ။

သို့သော် ယခု နောက်ဆုတ်နေခြင်းမှာ နတ်ဆိုး ဓား သည် အခြေအနေကို အကဲဖြတ်ပြီး နဂါး ဓား နှင့် ပဋိပက္ခ စတင်ခြင်းက အဓိပ္ပာယ်မရှိကြောင်း သိသောကြောင့်ပင် ဖြစ်သည်။

သက်ရှိ ဘီလီယံသုံးဆယ် ၏ မကျေနပ်ချက်များကို ဝါး မြိုခြင်းဖြင့် ဖန်တီးထားသော ဓားတစ်လက် သည် စိတ်ခံစားမှု ဖော်ပြရာတွင် ရေခဲ ဓား နှင့် နဂါး ဓား တို့နှင့် နှိုင်းယှဉ်ပါက အမှန်တကယ် လူနှင့်တူကြောင်း ပြောရပေမည်။

ဤသည်ကို တွေးရင်း နင်းဖန် နောက်ဆုံးတွင် စတုတ္ထ တောင် သို့ ရောက်ရှိသွားခဲ့၏။

မော့ကြည့်လိုက်ရာ သူ အံ့အားသင့်သွားခဲ့သည်။

ဓားတောင် ပေါ်တွင် ဓားကိုယ်ထည် လုံးဝ မရှိဘဲ ဓားလက်ကိုင် တစ်ခုသာ လွင့်မျောနေ၏။

ဓားလက်ကိုင် တွင် ရှေးဟောင်း ပုံစံတစ်ခု ရှိပြီး သွေးကြောများကဲ့သို့ မှုန်ဝါးသော ရွှေရောင် ပုံစံများက ဓားကို ဖုံးအုပ်ထားကာ ဤကမ္ဘာမှ အရာဝတ္ထုတစ်ခု မဟုတ်သကဲ့သို့ပင်။

ထို့နောက် ကျောက်စာတိုင် ပေါ်တွင် ရေးထိုးထားသော မိတ်ဆက်မှာ ပို၍ပင် နည်းပါးလှပေသည်။

ဓားအမည်- အရိပ်မဲ့

ဇာစ်မြစ်- အတည်ပြု၍ မရပါ။ ဤကမ္ဘာ မတိုင်မီက မွေးဖွားခဲ့ခြင်း ဖြစ်နိုင်သည်။ ဓားလက်ကိုင် တစ်ခုသာ ရှိသော်လည်း ဓားသည် အမြင့်ဆုံး စွမ်းအားကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး မမြင်နိုင်သော ဓားသွားဖြင့် ရန်သူများကို သတ်ဖြတ်နိုင်သည်။

All Chapters