အခန်း ၅၁၁
Vol. 52 Ch. 511
အခန်း(၅၁၁)
“သေစမ်း”
ဟုန်လိ ထိုသည်ကို တွေ့တော့ ကျိန်ဆဲလိုက်မိသည်။
ချင်းလီ၏ အမူအရာသည်လည်း ကြည့်ရဆိုးသွား၏။ သူမ အသံနိမ့်နိမ့်ဖြင့် ပြောသည်။
“ကြည့်ရတာ နတ်ဆိုးနှစ်ကောင်က ငါတို့အကုန်လုံးကို ဖမ်းချင်နေတဲ့ပုံပဲ”
“အကြီးဆုံးသခင်မလေး ကျွန်တော် ဘယ်လိုပဲဖြစ်ဖြစ် သခင်မလေး ထွက်ပြေးလို့ရအောင် ကူညီပေးမယ်”
ဟုန်လိ၏ အသံက အတော်လေး ပြတ်သားသည်။ သူတို့ မြို့စားအဆင့် နတ်ဆိုးနှစ်ကောင် ရှိနေမည်ဟု မမျှော်လင့်ထားသဖြင့် ဤသို့ ကျရှုံးရခြင်းဖြစ်၏။
တောင်ကမ်းပေါ်က ကောင်ချောလေးကိုတော့ ငါးစာအဖြစ်အသုံးချပြီး ဤနေရာတွင် ထာဝရနေစေတော့ပေမည်။
ယဲ့ပေရွှမ်သည် ကမ်းပါးပေါ်တွင် ရပ်လျက် ဟုန်မင်ကြေးမုံကို ကစားနေ၏။ ထို့နောက် ရှေ့သို့ တစ်လှမ်းတက်ကာ လေထဲတွင် ရပ်လိုက်သည်။
သူ ရှေ့နောက် ပိတ်ညှပ်ထားသော နတ်ဆိုးနှစ်ကောင်ကို ဂရုမစိုက်ဟန် ကြည့်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောသည်။
“မင်းတို့ အားကုန်ထုတ်သုံးကြ။ ဒါမှ မင်းတို့နဲ့တိုက်ရင် ကောင်းကောင်းပျော်ရမှာ။ မင်းတို့လို ပြိုင်ဘက်မျိုးက သိပ်မများဘူး”
“လူသား မင်း အရမ်းမာနကြီးတယ်”
ဘုရင်ရွှေမီးတောက် မျက်လုံးများ မှေးကျဉ်းရင်း အေးစက်စွာ ပြောသည်။
“ငါတို့ ကျင့်ကြံသူတွေအတွက် မာနက ပထမပဲ။ ငါတို့ ဒူးထောက်ပြီး ရှင်သန်ရမှာထက် သေရမှာကို ပိုလိုလားတယ်”
ယဲ့ပေရွှမ် နတ်ဆိုးဘုရင်နှစ်ပါးကို ပြောနေသည့်ပုံပေါက်သော်လည်း ထိုစကားလုံးများက မြေပြင်ပေါ်က ဟုန်လိကို ရည်ညွှန်းနေ၏။
ဟုန်လိ၏ မျက်နှာ ထိုစကားများကို ကြားပြီးနောက် ရုပ်ဆိုးသွားတော့၏။ သူ ယဲ့ပေရွှမ်ကို ငါးစာအဖြစ် အသုံးချရန် မရည်ရွယ်ထားပါက ထိုကောင်လေးကို ရိုက်သတ်ပြီးလောက်ပေသည်။
“ကောင်စုတ်လေး ဒီဘုရင် မင်းအရိုးတွေက မင်းပါးစပ်တွေလို မာလား သိချင်တယ်”
ဘုရင်ရွှေမီးတောက် ပြောနေရင်း သူ့ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးအရှိန်အဝါများက မိုင်ထောင်ချီဧရိယာပေါ်သို့ ပျံ့နှံ့သွားတော့၏။
အခြားတစ်ဖက်တွင် ဘုရင်မီးတောက်နီ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဆိုးအရှိန်အဝါများ ပျံ့နှံ့လာပြီး ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားနှစ်ခုသည် တစ်ခုတည်းအဖြစ် ပေါင်းစုံသွားသည်။
မိုင်ထောင်ချီအချင်းဝက်အတွင်း သက်ရှိအားလုံးသည် ပြင်းထန်သည့် နတ်ဆိုးအရှိန်အဝါနှစ်ခုအောက်တွင် ဖိတ်ဖိတ်တုန်နေတော့၏။
ဖုန်းမိသားစု တပည့်များပင် သူတို့မျက်နှာပေါ်၌ စိုးရိမ်သည့် အမူအရာများ ပေါ်လာသည်။
ဖုန်းယန်ရှန်း ရေရွတ်သည်။
“ချုံးယွီ ယောက်ဖ ကစားတာ ဒီတစ်ခါ ကြီးသွားပြီထင်တယ်”
ဖုန်းချုံးယွီ ပြုံးကာ ပြောသည်။
“အဆင်ပြေပါတယ်။ သူတို့နှစ်ယောက်က ပုံစံကသာ ကြောက်ဖို့ကောင်းတာ။ မြို့စားအဆင့်တွေထဲ ထိပ်တန်းအဆင့်လို့တောင် သတ်မှတ်လို့မရဘူး”
“ဟုတ်ပါပြီ”
ဖုန်းယန်ရှင်း သူတို့အစီအရင်ကို ဖျက်ဆီးပြီး ယဲ့ပေရွှမ်ကို ဒုက္ခမပေးလိုပေ။ ထို့ကြောင့် ယဲ့ပေရွှမ်၏ စွမ်းဆောင်ရည်ကို တိတ်ဆိတ်စွာသာ ကြည့်နေ၏။
ယဲ့ပေရွှမ် နတ်ဆိုးနှစ်ကောင် ဖိအားကို ခံစားပြီး ပြုံးကာ ပြောသည်။
“မင်းတို့ အရည်အချင်းက ဒီလောက်ပဲလား။ မင်းတို့က ငါမြင်ဖူးတဲ့ မြို့စားအဆင့် နတ်ဆိုးဘုရင်တွေနဲ့ယှဉ်ရင် လိုပါသေးတယ်”
ဟူး
ထိုစကားကြောင့် ချင်းလွမ်မိသားစုမှ တပည့်များ လေအေးတစ်ဆုပ် ရှုသွင်းမိသည်။
စကားပြောနိုင်သေးသည့် ကျင့်ကြံသူတစ်ဦး ပြောလိုက်၏။
“အဲ့ကောင်လေး မြန်မြန်သေချင်နေတာဖြစ်မယ်။ သူ ဘာလို့ နတ်ဆိုဘုရင်နှစ်ပါးကို စော်ကားနေသေးတာလဲ”
ဟုန်လိ ပြောသည်။
“ပါးစပ်ကိုပဲ သုံးတတ်တဲ့ကောင်ကို လျစ်လျူရှုထားလိုက်။ ခဏနေ ငါတို့ တိုက်ခိုက်ကြရင် နေရာအနှံ့ကနေ ဖောက်ထွက်ကြမယ်။ ဘယ်သူ လွတ်သွားမလဲဆိုတာတော့ ကံကြမ္မာပေါ်မူတည်တယ်”
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ ထိုစကားလုံးများက အတော်လေး ရှက်ဖို့ကောင်းသော်လည်း အမှန်တရားပေ။
“ကောင်စုတ်လေး မင်း ဒီဘုရင်ရဲ့ အတောက်ပဆုံး ပုံစံကို တွေ့ချင်နေမှတော့ မင်း ဆန္ဒကို ဖြည့်ဆည်းပေးမယ်။ နောက်မှ ဒီဘုရင်ရဲ့ စွမ်းအားကို ကြောက်ပြီး ဘောင်းဘီထဲ သေးထွက်မကျနဲ့”
ဘုရင်ရွှေမီးတောက် ပြောနေရင်း သူ့ကိုယ်ပေါ်တွင် မီးတောက်ပုံစံ နတ်ဆိုးအရိပ်တစ်ခု ပေါ်လာသည်။
လူတိုင်း နတ်ဆိုးအရိပ်၏ တည်ရှိမှုကို သေချာ မမြင်ရသော်လည်း ထိုအရိပ်မှ ဖြာထွက်နေသည့် အရှိန်အဝါသည် လူတိုင်းကို ဆံပင်မွေးများ ထောင်ထသွားစေတော့၏။
ချင်းလီ နတ်ဆိုးအရိပ်ကို ကြည့်ရင်း သူမ အမူအရာက ပို၍ လေးနက်လာသည်။
“နတ်ဆိုးဆန္ဒ ပြီးပြည့်စုံခြင်း။ ဘုရင်ရွှေမီးတောက်က တကယ်ကို အဲဒီအဆင့်ထိ ကျင့်ကြံထားတာပဲ။ အဲဒီနတ်ဆိုးဧကရာဇ်ရဲ့ အမွေအနှစ်ကို ဆက်ခံထားတာ ဖြစ်နိုင်တယ်”
သူမ အသံက မကျယ်လောင်သော်လည်း ချင်းလွမ် မျိုးနွယ်စုမှ တပည့်များ ရှင်းလင်းစွာ ကြားနိုင်ပြီး သူတို့မျက်နှာပေါ်တွင် စိတ်ပျက်မှုများ ပေါ်လာတော့၏။
“အခုမှပဲ တစ်ခုခုနဲ့ တူနေတယ်”
ယဲ့ပေရွှမ် ပြောပြီးနောက် သူ့ကိုယ်ပေါ်မှ အရှိန်အဝါများ ပေါက်ထွက်လာ၏။
“တာအိုပေါင်းစည်ခြင်းအဆင့် သူက တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲကိုး”
ယဲ့ပေရွှမ် အရှိန်အဝါကို ခံစားမိပြီးနောက် ဟုန်လိ အော်ဟစ်လိုက်မိသည်။ သူ့အမေကိုပင် ကျိန်ဆဲချင်မိသွား၏။ ထိုစဉ် သူ့ဘဝတွင် ဘယ်တော့မှ မမေ့လောက်မည့် မြင်ကွင်းကို တွေ့လိုက်ရ၏။
ယဲ့ပေရွှမ် အနောက်ဘက်က စစ်မှန်ဆန္ဒသည် ဟုန်မင်အရိပ်အဖြစ် ပြောင်းလဲသွားသည်။
“စစ်မှန်ဆန္ဒ ပြီးပြည့်စုံခြင်းအဆင့်”
ချင်းလီ၏ မျက်ဝန်းထဲတွင် မယုံနိုင်စရာ အလင်းတန်းများ တောက်ပလာသည်။
ယဲ့ပေရွှမ် တာအိုပေါင်းစည်ခြင်းအဆင့်ရောက်နေခြင်းက သူမကို မအံ့ဩစေပေ။ တာအိုပေါင်းစည်းခြင်းအဆင့်တွင် စစ်မှန်ဆန္ဒကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခြင်းကသာ အံ့ဩစေသည်။
နတ်ဘုရားဖီးနစ်တောင်ကြားမှ ပါရမီရှင်မျိုးဆက်များပင် ဤအဆင့်သို့ မရောက်နိုင်ပေ။
[T/N ဆန်းကြယ်ကောင်းကင်ဒေသမှာ မီးဖီးနစ်တောင်ကြားပါ။ အခု ဒီဒေသက တောင်ကြားကကျ နတ်ဘုရားဖီးနစ်တောင်ကြားပါ။ နာမည်တူနေလို့ ခွဲလိုက်ပါတယ်]
“ဒီထူးဆန်းတဲ့ကောင်က ဘယ်ကလာတာလဲ”
ယဲ့ပေရွှမ်၏ စစ်မှန်ဆန္ဒကို ခံစားမိပြီးနောက် ဘုရင်ရွှေမီးတောက် မသက်မသာ ခံစားလိုက်ရပြီး အေးစက်စွာ ပြောလိုက်သည်။
“ကောင်စုတ်လေး မင်းနာမည်ကို ဒီဘုရင်သိဖို့ အရည်အချင်းပြည့်မီတယ်။ မြန်မြန် မင်းနာမည်ကို ပြောစမ်း”
“မှတ်ထား ဒီနေ့ မင်းကို သတ်မဲ့သူက ယဲ့ပေရွှမ်ပဲ။ ငရဲကို ရောက်လို့ ယမမင်းက မင်းတို့ကို မေးရင် နှစ်ယောက်လုံး ကြောင်တောင်တောင်ဝိညာဉ်တွေ ဖြစ်မနေတော့အောင်လို့”
ယဲ့ပေရွှမ် ပြောနေရင်း သူ့လက်ထဲက ဟုန်မင်ကြေးမုံကို မြှောက်လိုက်၏။
“ဟမ့်”
ဘုရင်ရွှေမီးတောက် အေးစက်စွာ နှာမှုတ်လိုက်သည်။
“ကောင်စုတ်လေး စစ်မှန်ဆန္ဒပြီးပြည့်စုံခြင်းအဆင့်နဲ့ နီဗားနားရှင်သန်ခြင်းအဆင့်ကို တိုက်ခိုက်နိုင်မယ်ထင်လား။ ဒါဆိုရင် မှားသွားပြီ။ ဒီနေရာမှာ နတ်ဆိုးဆန္ဒက ထာဝရပဲ။ ကမ္ဘာဖျက်ဆီးကြယ်ကြွေခြင်း”
ဘုရင်ရွှေမီးတောက်၏ အော်သံအဆုံးတွင် မူလက နက်မှောင် နီရဲနေသော ကောင်းကင်ကြီးတွင် ကြယ်ရောင်အစက်အပြောက်များ ပေါ်လာတော့၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော နက်ရွှေရောင်ကြယ်မီးတောက်များ ကောင်းကင်မှ ဆင်းသက်လာပြီး ယဲ့ပေရွှမ် ရှေ့သို့ ကျဆင်းလာသည်။
ကြယ်မီးတောက်တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေ၏။ သူတို့ ရှေ့သို့ မကျဆင်းသေးခင် ချင်းလွမ်မျိုးနွယ်မှ တပည့်များ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့မှုများ ပေါ်လာတော့သည်။
“ပြီးပြီ။ ဒီတစ်ကြိမ်တော့ ငါတို့အားလုံး သေပြီ”
သူတို့မျက်နှာသည် မှင်သေစွာ မြေပြင်ပေါ်တွင် ရပ်နေကြပြီး ထွက်ပြေးရန်ပင် မေ့နေတော့၏။
ဟုန်လိနှင့် ချင်းလီတို့ပင် မည်သည့်နေရာသို့ ပြေးရမည်ကို မသိချေ။
ထိုအခိုက် သူတို့နှလုံးသားထဲတွင် ယဲ့ပေရွှမ်ကို ပြင်းပြင်းထန်ထန် ကျိန်ဆဲချင်စိတ်သာ ကျန်တော့သည်။ အရာအားလုံး ထိုသကောင့်သားကြောင့်ပင်။ မဟုတ်လျှင် သူတို့ နတ်ဆိုးဘုရင်၏ ယခုလို တိုက်ခိုက်ခြင်းကို ခံရမည်ဟုတ်ပေ။
“ဒါပဲလား”
ယဲ့ပေရွှမ် သူ့လက်ထဲတွင် ဟုန်မင်ကြေးမုံကို ကိုင်ထားရင် ကောင်းကင်ယံမှ ကြယ်မီးတောက်ကို ချိန်ရွယ်လိုက်၏။
“သိမ်းဆည်းလိုက်စမ်း”
ထိုသို့ ပြောလိုက်သည့်အခိုက် ဟုန်မင်ကြေးမုံသည် ကမ္ဘာဦးခရမ်းရောင်အလင်းတန်းများ တောက်ပလာပြီး ကောင်းကင်ယံမှ ကြယ်မီးတောက်များကို သိမ်းဆည်းလိုက်သည်။
ပတ်ဝန်းကျင်တွင် လုံးဝ တိတ်ဆိတ်သွားသည်။
လူတိုင်း ကောင်းကင်ယံတွင် ကြေးမုံကို ကစားနေသော ယဲ့ပေရွှမ်ကို အံ့ဩစွာ ကြည့်နေကြ၏။
ဘုရင်ရွှေမီးတောက်၏ ကမ္ဘာဖျက်ကြယ်ကြွေကို ထိုသူ အလွယ်တကူလေး ဖြေရှင်းလိုက်မည်ဟု မထင်ထားပေ။
ယခင်က ယဲ့ပေရွှမ်၏ စွမ်းအားကို မြင်ထားသော ဖုန်းမိသားစုတပည့်များပင် မျက်လုံးများ ပြူးကျယ်သွားကြ၏။
ဖုန်းယန်ရှန်း တီးတိုးရေရွတ်သည်။
“ယောက်ဖက အရမ်းစွမ်းအားကြီးလွန်းတယ်”
ဖုန်းချုံးယွီ ပြုံးလိုက်၏။
“အစ်ကိုသုံး အံ့ဩနေစရာ မလိုပါဘူး။ ယောကျ်ားအတွက်တော့ ဒီလောက်က အသာလေးပါ။ သူသာ ဝှက်ဖဲကို တန်းထုတ်လိုက်ရင် နတ်ဆိုးဘုရင်တွေ တန်းပြီးပြာကျသွားလောက်တယ်”
“ဝှက်ဖဲတွေလား”
ဖုန်းယန်ရှန်း သူ့ညီမကို သိချင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။ သူ့မျက်လုံးများတွင် သိချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
ပတ်ဝန်းကျင်တွင် ဖုန်းမိသားစု တပည့်များသည် စကားမပြောကြသော်လည်း သူတို့မျက်လုံးအကြည့်များက ဖုန်းယန်ရှန်း၏ မျက်လုံးအကြည့်များနှင့် တူညီ၏။
ဖုန်းချုံးယွီ ပြုံးလိုက်သည်။
“မမေးနဲ့။ မေးလိုက်ရင် အစ်ကို့တာအိုနှလုံးသား တစ်စစီကျိုးပဲ့သွားလိမ့်မယ်”
“…”
ဖုန်းယန်ရှန်း မှင်တက်နေသသော မျက်နှာထားဖြင့် စိတ်ထဲတွင် ရေရွတ်လိုက်သည်။
‘ညီမလေး နင်ပြောင်းလဲသွားပြီ’
ယဲ့ပေရွှမ်ကတော့ တည်ငြိမ်နေသည်မှာ သူ့အမူအရာက ငှက်ပျောသီးအခွံနွှာနေသည့်အလား။
“မင်း တိုက်ကွက်ပြီးသွားလား”