← Chapters

အခန်း ၅၁၂

Vol. 52 Ch. 512

အခန်း ၅၁၂

Vol. 52 Ch. 512

အခန်း(၅၁၂)

“မင်း ဘယ်လိုပညာရပ်မျိုး သုံးလိုက်တာလဲ”

ဘုရင်ရွှေမီးတောက် ယဲ့ပေရွှမ်ကို အံ့ဩနေသော မျက်နှာဖြင့် ကြည့်လိုက်၏။ ခုနက တိုက်ကွက်သည် အဆင့်တူအတွင်း ပြိုင်ဘက်အနည်းငယ်သာ ယှဉ်နိုင်မည်ဟု ပြောနိုင်သည်။

သို့သော် တာအိုပေါင်းစည်းခြင်းအဆင့် ကျင်ကြံသူတစ်ဦး တားဆီးလိုက်ခြင်းကြောင့် သူ ခဏတာ လုံးဝ လက်မခံနိုင် ဖြစ်သွား၏။

အံ့ဩသွားဆုံးသူများကတော့ ချင်းလွမ်မျိုးနွယ်မှ ကျင့်ကြံသူများပင်။ ယဲ့ပေရွှမ်၏ စွမ်းအားက သူတို့ အတွေးအမြင်ထက် များစွာ ကျော်လွန်သွားသည်။

“သူ ဘယ်လိုများ လုပ်လိုက်တာလဲ”

ချင်းလီ ရေရွတ်သည်။

“ဒီကောင်လေး ဘာလို့ ဒီလောက်သန်မာနေတာလဲ”

ဟုန်လိ ပြောနေရင်း သူ့စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားသွားသည်။

‘ခုန ဦးသုံးကြိမ်ညွှတ်လိုက်ရတာ အလကားတော့ မဖြစ်သွားဘူး”

“ပညာရပ်လား”

ယဲ့ပေရွှမ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွား၏။

“ဒါ အထွတ်အထိပ်နတ်ဘုရားစွမ်းရည်ပဲ။ တစ်နေ့မှာ နတ်ဘုရားဧကရာဇ်နည်းစနစ်ဖြစ်လာနိုင်တယ်။ ရေတွင်းအောက်ခြေက ကောင်းကင်ကို ကောင်ကင်းကြီးလို့ထင်နေတဲ့ မင်းတို့လို ကောင်တွေ မြင်ရအောင် ဒီနတ်ဘုရားစွမ်းရည်ကို ပြပေးမယ်”

သူ့အသံအဆုံး လက်ထဲက ဟုန်မင်ကြေးမုံသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ကမ္ဘာဦးခရမ်းရောင်အလင်းများ ဖြာကျလာကာ ပတ်ဝန်းကျင် မိုင်ထောင်ချီကို ဖုံးအုပ်သွား၏။

ထိတ်လန့်နေသော နတ်ဆိုးဘုရင်နှစ်ပါးသည် ထိုအခိုက် သတိဝင်လာကြသည်။ သူတို့ရှေ့က ကောင်လေးကို တစ်ယောက်တည်း ယှဉ်တိုက်နိုင်မည် မဟုတ်ပေ။

“အတူတူ တိုက်ခိုက်ကြ”

ဘုရင်ရွှေမီးတောက် ကျယ်လောင်စွာ အော်လိုက်၏။ သူ့နောက်က နတ်ဆိုးအရိပ်သည် ပို၍ အကောင်အထည်ပေါ်လာပြီး နတ်ဆိုးပုံစံအဖြစ် ပြောင်းလဲသွားတော့ပေမည်။

ဘုရင်မီးတောက်နီ ချင်းလွမ်မျိုးနွယ်မှ ကျင့်ကြံသူများကို အာရုံမစိုက်တော့ဘဲ သူမ ခင်ပွန်းဆီ ပျံသန်းသွားသည်။

ကမ္ဘာဦးခရမ်းရောင်အလင်းတို့သည် နတ်ဆိုးနှစ်ကောင်ပေါ်သို့ စုဆုံကျလာတော့၏။ ထိုအခိုက် နတ်ဆိုးနှစ်ကောင်သည် သူတို့တစ်ခါမှ မကြားဖူးသော နတ်ဆိုးဘာသာစကားကို ရွတ်ဆိုလာသည်။

အနီရောင်နှင့် ရွှေရောင် နတ်ဆိုးအလင်းတန်းများ ထွက်ပေါ်လာပြီး သူတို့ခန္ဓာကိုယ်ကို ဖုံးအုပ်သွား၏။

၎င်းကို မြင်သောအခါ ချင်းလီ ရေရွတ်သည်။

“မကောင်းတော့ဘူး။ နတ်ဆိုးနှစ်ကောင် ပေါင်းစည်းတော့မယ်။ သူတို့ကို မြန်မြန်တားကြ။ မဟုတ်ရင် သူတော်စင်တစ်ပိုင်းအဆင့်နဲ့ ယှဉ်နိုင်တဲ့ နတ်ဆိုးဘုရင်တစ်ပါး ပေါ်ထွန်းလာလိမ့်မယ်”

“ကိစ္စမရှိဘူး”

ယဲ့ပေရွှမ် သက်တောင့်သက်သာ မျက်နှာပေးဖြင့် ပြောသည်။

“ဟမ့်”

နတ်ဆိုးနှစ်ကောင် အေးစက်စွာ နှာမှုတ်ပြီး ပြောသည်။

“ငါတို့ ဇနီးမောင်နှံတွေ ပေါင်းစည်းတာကို သူတော်စင်တစ်ပိုင်းအဆင့်မဟုတ်ရင် ဝင်နှောင့်ယှက်လို့မရဘူး။ ငါတို့ ပေါင်းစည်မှု အောင်မြင်ပြီး သူတော်စင်တစ်ပိုင်းအဆင့် ဖြစ်လာတာနဲ့ မင်းတို့ သေပြီ”

“ဟုတ်လား။ ငါတော့ မယုံပေါင်”

ယဲ့ပေရွှမ် ကျယ်လောင်စွာ ပြောလိုက်သည်။

“ကမ္ဘာဦးဓား လာ”

ထို့နောက် သူ လက်ကို ဖမ်းဆုပ်ဟန် ပြုလိုက်သည်။ ကမ္ဘာဦးခရမ်းရောင်အလင်းတို့သည် ကြီးမားသည် အဖိုးထိုက်ဓားတစ်လက်အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့၏။

ထိုဓားသည် ဟုန်မင်စစ်မှန်ဆန္ဒမှ ပြောင်းလဲလာခြင်းဖြစ်ပြီး ကောင်းကင်ကို ဖျက်ဆီးကာ မြေကမ္ဘာကို ပျက်သုဉ်းသွားစေသော စွမ်းအားမျိုး ပါဝင်သည်။

“ခုတ်ပိုင်းစမ်း”

ခုတ်ပိုင်းစမ်းဆိုသည့် စကားနောက်ကွယ်တွင် ထိုဓားသည် နတ်ဆိုးနှစ်ကောင်ပေါ်သို့ ကျရောက်သွားတော့၏။

ကလန်

ထိုဓားသည် တို့ဟူးတုံးကို ဖြတ်တောက်လိုက်သည့်အလား နတ်ဆိုးများကို ဖုံးလွှမ်းထားသည့် အလင်းတန်းကို ခွဲဖြာလိုက်ပြီး ပေါင်းစပ်နေမှုကို ကြားဖြတ် ဟန့်တားလိုက်၏။

နတ်ဆိုးနှစ်ကောင် ပေါင်းစပ်မှု ကျရှုံးသွားပြီး သွေးတစ်လုပ် အန်ထုတ်ကာ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။

ဘုရင်ရွှေမီးတောက် ယဲ့ပေရွှမ်ကို မယုံကြည်နိုင်စွာ ကြည့်သည်။

“မဖြစ်နိုင်ဘူး။ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူလေးက ဘာလို့ ငါတို့ ပေါင်းစည်းနေတဲ့ နတ်ဆိုးအလင်းတန်းကို ဖျက်ဆီးနိုင်တာလဲ”

ယဲ့ပေရွှမ် အပြုံးဖြင့် ပြောသည်။

“ပတ်ဝန်းကျင်ကို ကြည့်လိုက်စမ်း”

ထိုနေရာရှိ လူတိုင်း ယဲ့ပေရွှမ် အဘယ်ကြောင့် ထိုစကားများ ပြောနေမှန်း မသိသော်လည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြ၏။

သူတို့ မူလက နတ်ဆိုးစွမ်းအင်များဖြင့် လွှမ်းခြုံထားသော ကမ္ဘာကြီးသည် ခရမ်းရောင်အဖြစ် ပြောင်းလဲသွားကြောင်း တွေ့လိုက်ရသည်။

ကောင်းကင်ယံတွင် ခရမ်းရောင်တိမ်တိုက်များ တလွင့်လွင့်တက်နေပြီး လူတိုင်းကို ကမ္ဘာကြီး၏စည်းမျဉ်းများ ပြောင်းလဲသွားကြောင်း ကြေညာနေသည့်အလားနှယ်။

“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ဒီလို နတ်ဘုရားနယ်ပယ်ကို မင်းလို တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ်ပြီး ထုတ်လွှတ်နိုင်မှာလဲ”

ဘုရင်ရွှေမီးတောက် သူ့တစ်ဘဝလုံးတွင် နတ်ဆိုးချောက်နက်မှ တစ်ခါမှ မထွက်ခွာဖူးပေ။ သူ့သွေးမျိုးဆက်ထဲမှ စွမ်းရည်များသည် သူ့ကို ပြင်ပလူများ မသိနိုင်သော အချက်အလက်များ သိရှိစေသည်။

“ဒါ ငါ့အထွတ်အထိပ်နတ်ဘုရားစွမ်းရည်ပါ။ ဟုန်မင်ကြေးမုံအကူအညီမပါဘဲ ထုတ်သုံးရုံလေး ရှိသေးတာနော်”

[T/N ဟုန်မင် ရေးလိုက် ဟုန်မန်ရေးလိုက်ဖြစ်နေတာလေး သတိထားလိုက်မိလို။့ ဟုန်မင်ပဲ ဆက်သုံးပါတော့မယ်နော်။ ကိုယ်ရေးပြီး မေ့မေ့သွားလို့ပါ။ ဟုန်မင်ဆိုတာ ကမ္ဘာဦး ဖရိုဖရဲ၊ ခရမ်းရောင်လို့ အဓိပ္ပာယ်ရပါတယ်။ ယဲ့ပေရွှမ်ကို ကိုယ်စားပြုတဲ့ စွမ်းရည်ပါ]

ယဲ့ပေရွှမ် အလျင်မလိုစွာ ပြောသည်။

“စိတ်ချ။ မင်းတို့ တစ်ခါတည်း မသေဘူး။ ကမ္ဘာဦးခရမ်းရောင်အလင်းတန်းက မင်းတို့ကို တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မယ်။ နောက်ဆုံးမှာတော့ ပြာကျပြီး အခိုးအငွေ့တွေ ပျံ့ကျဲသွားလိမ့်မယ်”

“ငါ မင်းကို သေတဲ့အထိ တိုက်ခိုက်မယ်”

ဘုရင်ရွှေမီးတောက် ဒေါသတကြီး အော်လိုက်ပြီး တိုက်ခိုက်တော့မည့်အချိန် သူ့တစ်ကိုယ်လုံးလှုပ်ရှား၍ မရတော့ကြောင်း သိသွားတော့၏။

ထိုခရမ်းရောင်အလင်းတန်းသည် သူ့ကို ချိတ်ပိတ်ထားတော့သည်။

၎င်းကို မြင်လိုက်သည့်အခါ ယဲ့ပေရွှမ် ပြုံးလိုက်သည်။

“ကြည့်ရတာ မင်း နတ်ဆိုးဧကရာဇ်ဆီကနေ ရတဲ့ အမွေအနှစ်က လုံလောက်အောင် မပြည့်စုံတဲ့ ပုံပဲ”

“မင်း”

ဘုရင်ရွှေမီးတောက် သူ့နှလုံးအိမ်အတွင်း ထိုးထွက်လာသော ဒေါသများကြောင့် စိတ်လွတ်သွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ကာ သတိလစ်သွားတော့သည်။

ဘုရင်မီးတောက်နီ ၎င်းကို မြင်သည့်အခါ လျင်မြန်စွာ သနားညှာတာမှုကို တောင်းဆိုတော့၏။

“ကောင်းကင်သားတော်ယဲ့ ကျွန်မကို အသက်ချမ်းသာပေးမယ်ဆိုရင် တစ်ဘဝလုံး ကျွန်ခံပေးပါမယ်။ ရှင်လိုချင်တဲ့ ဘယ်လိုပုံစံမျိုးကိုမဆို ဒီအစေခံ ပြောင်းလဲပေးနိုင်ပါတယ်”

သူမ ပြောနေရင်း မူလက မီးတောက်နီနတ်ဆိုးဘုရင်ပုံစံမှ ဆွဲငင်ညှို့ယူဖွယ်ကောင်းသော မိန်းမလှလေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

သူမ ယဲ့ပေရွှမ်ကို ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သော်လည်း ယဲ့ပေရွှမ် ဂရုမစိုက်သလို ဖြစ်နေသည်ကို မြင်သောအခါ သနားစရာကောင်းသည့် အသွင်သို့ ပြောင်းလဲလိုက်၏။

ယဲ့ပေရွှမ် ဂရုမစိုက်သေးသည်ကို မြင်သောအခါ သူမ ကိုယ်ပေါ်က အဝတ်အစားများကို ချွတ်လိုက်ပြီး အတွင်းဝတ်အချို့ကိုသာ ချန်ထားလိုက်ပြီး ပြီးပြည့်စုံသည့် ခန္ဓာကိုယ်အချိုးအစားကို ဖော်ပြလိုက်သည်။

ဤမြင်ကွင်းကို တွေ့သောအခါ အမျိုးသားကျင့်ကြံသူများ နှာခေါင်းသွေးလျှံကုန်ကြ၏။

သို့သော် အမျိုးသမီးကျင့်ကြံသူများကတော့ ဆဲဆိုကြသည်။

“အရှက်မရှိလိုက်တဲ့ နတ်ဆိုးသတ္တဝါ”

ဖုန်းယန်ရှန်း ဘုရင်မီးတောက်နီကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။

“နတ်ဆိုးဘုရင်က ဒီလိုနည်းလမ်းမျိုးကို သုံးနိုင်လောက်အောင် အောက်တန်းကျလွန်းတယ်။ ငါ့ခွန်အားကသာ လုံလောက်ရင် သူ့ကို သေချာပေါက် ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်မယ်”

ဖုန်းချုံးယွီ မျက်လုံးလှန်ကြည့်လိုက်၏။

“ဟမ့် အစ်ကိုလည်း နတ်ဆိုးဘုရင် ပြုစားတာ ခံရတာပဲလေ။ ကျွန်မ ခင်ပွန်းလိုမဟုတ်တာ သိသာပါတယ်နော်”

၎င်းကို ကြားသောအခါ ဖုန်းယန်ရှန်း ဘာမှမဖြစ်သလို သူ့ခေါင်းကို တစ်ဖက်လှည့်လိုက်၏။

တိုက်ပွဲမြေပြင်ပေါ်တွင် ယဲ့ပေရွှမ် ဘုရင်မီးတောက်နီကို လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်လိုက်သည်။

“အရိုးစုပန်းရောင်က ငါ့တာအိုနှလုံးသားကို ယိမ်းယိုင်အောင် လုပ်ချင်နေတာလား။ အိပ်မက်မက်နေလိုက်”

“အား”

ဘုရင်မီးတောက်နီ သနားစရာကောင်းစွာ အော်ဟစ်လိုက်သည်။ ယခင်က အလှတရာများ ပျောက်ကွယ်သွားပြီး လူတိုင်း၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံပန်းသွင်ပြင်က နောက်တစ်ကြိမ် ပြန်ပေါ်လာ၏။

ထွီ

ထိုသည်ကို မြင်သောအခါ ယခင်က ဘုရင်မီးတောက်နီ၏ အလှတရားတွင် နစ်မြောနေကြသော ယောကျ်ားသားများသည် ထိုးအန်ချတော့၏။

ယဲ့ပေရွှမ် ကောင်းကင်ယံတွင် မျက်လုံးမှိတ် တင်ပျဉ်ခွေထိုင်လိုက်၏။ သူ့ကိုယ်ပေါ်မှ အရှိန်အဝါသည် အဆက်မပြတ် မြင့်တက်လာတော့သည်။

ဟုန်မင်ကြေးမုံအတွင်းမှ အလင်းတန်းများသည် စဉ်ဆက်မပြတ် အားကောင်းလာတော့၏။

အချိန်များ ကုန်လွန်လာပြီး နတ်ဆိုးဘုရင်နှစ်ပါးပေါ်မှ နတ်ဆိုးစွမ်းအင်များ လွင့်စင် ပျောက်ကွယ်လာသည်။

“အော့”

သနားစဖွယ်အော်သံတစ်သံ ထွက်ပေါ်လာပြီး လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

“ငါ မင်းကို သေတဲ့အထိ တိုက်ခိုက်မယ်”

ဘုရင်ရွှေမီးတောက် ကြမ်းကြုတ်ဖွယ် အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်က ပြန့်ကားလာသည်။

၎င်းကို မြင်သောအခါ ချင်းလီ အော်ဟစ်၏။

“မကောင်းတော့ဘူး။ နတ်ဆိုးဘုရင်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲချင်နေပြီ”

“ဟမ့်”

၎င်းကို ကြားသောအခါ ယဲ့ပေရွှမ် အေးစက်စွာ နှာမှုတ်လိုက်၏။

“မင်းက ဦးနှောက်ပါမလာတဲ့အပြင် နားပါ ပင်းနေတယ်ထင်တယ်။ ငါ့စကားကို မေ့သွားပြီလား။ ချိတ်ပိတ်စမ်း”

ယဲ့ပေရွှမ် ပါးစပ်မှ ချိတ်ပိတ်စမ်းဟူသော စာလုံးထွက်လာသည်။

ထိုအခါ ခရမ်းရောင်ချိတ်စည်းတစ်ခု ဘုရင်ရွှေမီးတောက်ပေါ်သို့ ကျရောက်သွားပြီး ပေါက်ကွဲမလိုဖြစ်နေသော ဘုရင်ရွှေမီးတောက်သည့် လေလျှော့သွားသော ဘောလုံးနှယ် တွန့်လိမ် ရှုပ်တွသွား၏။

သူ ကမ္ဘာဦးခရမ်းရောင်းအလင်းတန်းကို ထိုသူအား အငွေ့ပျံပျောက်ကွယ်သွားသည်အထိ ဝါးမျိုခွင့် ပြုလိုက်သည်။

ဘုရင်ရွှေမီးတောက် ကျဆုံးသွားမှုနှင့်အတူ ဘုရင်မီးတောက်နီသည်လည်း ခုခံရန် စွမ်းအင်မဲ့သွားကာ ပြာကျသွားတော့သည်။

All Chapters