အခန်း ၅၁၅
Vol. 52 Ch. 515
အခန်း(၅၁၅)
“ကောင်လေးတို့ သူ့ လောကကြီးကို မမြင်ဖူးတဲ့ပုံကို ကြည့်ကြ။ သူက နတ်ဘုရားလက်နက်ကို ပိုင်ဆိုင်ထားပေမဲ့ ငါတို့က ဖီးနစ်ရဲ့ တိုက်ရိုက်မျိုးဆက်ကွ”
“မျိုးနွယ်တိုင်းက သွေးမျိုးဆက်နဲ့ ဆက်နွယ်တဲ့ သူတော်စင်အဆင့် လက်နက်ကို ပိုင်ထားတယ်။ ဖီးနစ်သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ ဖီးနစ်မျိုးဆက်သုံးယောက် အတူတူတိုက်ခိုက်ရင် ဖီးနစ်သုံးကောင်သူတော်စင်အလင်းဆိုတဲ့ သူတော်စင်တစ်ပိုင်းအဆင့် အင်အားကို ထုတ်ပြနိုင်တယ်။ ကောင်ချောလေး ဘယ်လောက် စွမ်းအားကြီးပါစေ သူတော်စင်တစ်ပိုင်းအဆင့်ထက် ပိုပြီး စွမ်းအားကြီးမှာလား”
လဲ့ရှောင် အထင်မြင်သေးမှုအပြည့်ဖြင့် ပြောလိုက်၏။
ကျန်သည့် သူနှစ်ယောက် ဘာမှမပြောသော်လည်း သူတို့နှစ်ယောက် မျက်လုံးထဲတွင် အထင်မြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။ ဆန်းကြယ်ကောင်းကင်ဒေသ လူများထံမှ ရတနာများကို မည်သို့ ခွဲဝေရမည်နည်းကိုပင် စတင်စဉ်းစားနေတော့၏။
ဆန်းကြယ်ကောင်းကင်ဒေသမှ ကလဲ့စားအတွက်တော့ သူတို့ ဂရုမစိုက်ပေ။ အပျက်အစီးဒေသမှ သူတော်စင်တစ်ပိုင်းအဆင့်အင်အားစု ဆယ့်တစ်ခုမှ ဆိုရင်တောင် ဂရုမစိုက်ပေ။
သူတို့မိသားစုကိုးစုသည်သာ တရားဝင်ဖြစ်ပြီး ကျန်သည့်နှစ်ခုက အဆင့်မြင့်မျိုးနွယ်များကို တွယ်ကပ်ထားသည့် အဆင့်နိမ့် ဖီးနစ်မျိုးဆက်များသာ ဖြစ်သည်။ ကိစ္စများ ကြီးသွားရင်တောင် မီးဖီးနစ်တောင်ကြားသည် သူတို့မိသားစု ကိုးခုနောက်တွင်သာ ရပ်တည်ပေးလိမ့်ပေမည်။
ထိုစကားများကို ကြားတော့ ဖုန်းမိသားစုတပည့်များသည် အတော်လေး ကြည့်ရဆိုးသွား၏။ လူတိုင်းသည် ဖီးနစ်မျိုးဆက်များဖြစ်ကြီးပြီး သူတို့မိသားစုတွင် ဖီးနစ်သွေးမျိုးဆက် နိုးထထားသူများ ရှိသည်။ သို့သော် ထိုသူများက သူတို့နောက်ခံကို စဉ်ဆက်မပြတ်နှိမ့်ချနေတော့၏။ သူတို့သေရမည်ဆိုရင်တောင် ထိုကောင်များကို တစ်ချက်လောက် ထိုးသွားရပေမည်။
ယဲ့ပေရွှမ် ထိုစကားကို ကြားတော့ သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားသည်။
“ဒါဆို မင်းတို့လည်း မင်းတို့မိသားစုကို အားကိုးနေကြတာပေါ့။ ဒီလိုဆိုမှတော့ ကြီးနိုင်ငယ်ညှင်းလို့ ပြောလို့ မရတော့ဘူး”
“…”
ထိုစကားကြောင့် သူတို့မျက်နှာပေါ်တွင် သံသယဖြစ်ဟန်များ ပေါ်လာတော့သည်။ ခဏကြာသည်အထိ သူတို့ ထိုကောင်ချောလေး ထုတ်သုံးမည့် လှည့်ကွက်ကို နားမလည်ပေ။
လန်ယန် လှောင်ပြောင်လိုက်၏။
“အခုချိန်ထိတောင်မှ ခေါင်းမာနေတုန်းလား။ ရှင့်ကို ဖိနှိပ်ဖို့ ကျွန်မတို့အတွက် အသက်ရှုကြိမ်ဆက်ကြိမ်စာပဲ လိုအပ်တယ်။ အဲ့အချိန်ကြရင် ရှင့်ခန္ဓာကိုယ်က ရှင့်ပါးစပ်လိုပဲ မာလားဆိုတာ ကြည့်တာပေါ့”
ယဲ့ပေရွှမ် လုံးဝဂရုမစိုက်စွာ ပြောသည်။
“အသက်ရှုကြိမ်ဆယ်ကြိမ်စာပဲလား။ ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ။ ကျွန်တော် ခင်ဗျားတို့ကို သတ်ဖို့ အသက်ရှုကြိမ်တစ်ကြိမ်စာပဲ လိုတယ်”
သူ့စကားအဆုံး ဘက်ဖက်လက်ပေါ်တွင် အလင်းတန်းတစ်ခုပေါ်လာပြီး ဓားကျောက်စိမ်းတစ်ခု ထွက်ပေါ်လာတော့၏။
“ဟားဟားဟား”
လဲ့ရှောင် ကျယ်လောင်စွာ ရယ်မောသည်။
“ကောင်ချောလေး မင်းမှာ အတွေ့အကြုံလုံးဝ မရှိတာပဲ။ ငါတို့ ပူးပေါင်းတိုက်ကွက်က ခုခံတာရော တိုက်ခိုက်တာရော ပေါင်းထားတာကွ”
“သူတော်စင်တစ်ပိုင်းအဆင့်တိုက်ကွက်ကို ထုတ်ဖော်နိုင်တဲ့အပြင် ခန္ဓာကိုယ်ကို ကာကွယ်ပေးဖို့ သူတော်စင်အလင်းတန်းတစ်ခုလည်း ထုတ်လွှတ်ပေးနိုင်သေးတယ်။ သူတော်စင်တစ်ပိုင်းအဆင့်တွေတောင် ငါတို့ခန္ဓာကိုယ်ပေါ်က သူတော်စင်အလင်းတန်းကို မဖျက်ဆီးနိုင်ဘူး”
[T/N သူတော်စင်တစ်ပိုင်း= မဟာပဏ္ဍိတ]
မိုင်အနည်းငယ်အကွာတွင် ချင်းလွမ်မျိုးနွယ်မှ တပည့်များသည် တိုက်ပွဲကို လျှို့ဝှက်စွာ စောင့်ကြည့်နေကြ၏။
လဲ့ရှောင်၏ နားကွဲမတတ် ရယ်မောသံကြီးကို ကြားသော် ဟုန်လိ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ ယဲ့ပေရွှမ်ကို ကူညီရန် အပြင်သို့ ပြေးထွက်ချင်သွား၏။
သို့သော် သူတော်စင်တစ်ပိုင်းအဆင့် စွမ်းအား ဖီးနစ်သုံးကောင်သူတော်စင်အလင်းတန်း၏ ဂုဏ်သတင်းကို ကြားထား၏။ အင်အားစုကိုးခုမှ တပည့်များသည် လျှို့ဝှက်နယ်မြေတွင် ကြီးစိုးရန် ဖီးနစ်သုံးကောင်သူတော်စင်အလင်းတန်းကို အားကိုးကြသည်။
ယခု သူ ဘေးတွင် ရပ်၍ စိုးရိမ်နေရုံသာ တတ်နိုင်ပြီး ယဲ့ပေရွှမ် ဤဘေးဒုက္ခမှ လွတ်မြောက်စေရန် ဆုတောင်းပေးရုံသာ ရှိတော့သည်။
“အဲ့လိုလား”
ယဲ့ပေရွှမ်၏ နှုတ်ခမ်းထောင့်တွင် အထင်မြင်သေးသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
“အဲ့လိုလား။ ငါ့လက်နဲ့ မင်းတို့ ဖီးနစ်သုံးကောင်သူတော်စင်အလင်းတန်းကို ဖျက်ဆီးပြမယ်။ ဆရာ ကျွန်တော့်ကို ကူညီပါ”
ဖီးနစ်သုံးကောင်သူတော်စင်အလင်းတန်း ဖုန်းမိသားစုလူတိုင်းကို ဝါးမျိုတော့မည့်အချိန် ဓားကျောက်စိမ်းမှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာတော့၏။
ကလန်
ခေတ်ကာလများ၌ ပြိုင်ဘက်ကင်းဓားအလင်းတစ်ချက် ထွက်ပေါ်လာသည်။ ဓားအလင်းတန်းသည် ဖီးနစ်သုံးကောင်သူတော်စင်အလင်းတန်းကိုပင် မှေးမှိန်သွားစေတော့၏။
ခလွမ်း
ဓားအလင်းသည် သူတော်စင်အလင်းမှ ပုံရိပ်ပေါ်လာသော သူတော်စင်သုံးပါးကို ဖန်သားအလားနှယ် ဖြတ်တောက်သွားပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။
ဘုန်း
ကောင်းကင်ယံပေါ်တွင် အသံကျယ်ကြီး ထွက်လာတော့၏။ လူတိုင်း အပေါ်သို့ မော့ကြည့်လိုက်ရာ အနက်နှင့် အနီရောယှက်ထားသော ကောင်းကင်ကြီးသည် ထိုဓားချက်ကြောင့် အပေါက်ဖြစ်သွားသည်ကိုမြင်လိုက်ရသည်။
“ဒါ ဘယ်လိုဓားသိုင်းမျိုးလဲ”
ဟုန်လိ ကောင်းကင်ယံမှ အပေါက်ကြီးကို ကြည့်ပြီး တီးတိုးရေရွတ်သည်။
ချင်းလီပင် မတည်ငြိမ် ဖြစ်သွား၏။
“ဟုန်လိ နင့်ကံ တကယ်ကောင်းတာပဲ။ အခုထိ အသက်ရှင်နိုင်သေးတယ်”
ဟုန်လိ ခေါင်းညိတ်သည်။
“ဒါတွေအားလုံး စီနီယာယဲ့က ငါ့လိုဂျူနီယာတစ်ယော်ကနဲ့ မငြင်းခုံချင်တဲ့ သဘောထားကြီးမှုကြောင့်ပါ”
အခြားတစ်ဖက်တွင် ချင်းလွမ်မျိုးနွယ်မှ တပည့်များ ခေါင်းညိတ်ကြသည်။ သူတို့ ယဲ့ပေရွှမ် သန်မာမှန်း သိထားသော်လည်း ယခုလောက်ထိ ကြောက်မက်ဖွယ်ကောင်းမည်ဟု မထင်မှတ်ထားပေ။
‘ဒီကောင်လေး ဒီကို လေ့ကျင့်ဖို့လာတာလား။ လျှို့ဝှက်နယ်မြေကို ဖျက်ဆီးဖို့လာတာလား’
မိုင်ရာချီအတွင်း နတ်ဆိုးများသည် ထိုဓားချက်ကို မြင်သောအခါ တစ်ကောင်ပြီးတစ်ကောင် ဒူးထောက်သွားကြပြီး ထွက်ပြေးရန်ပင် မေ့လျှော့သွားကြ၏။ လျှို့ဝှက်နယ်မြေမှ နတ်ဆိုးဘုရင်များသည်လည်း ထိုဓားချက်ကြောင့် ကြောက်ရွံ့တုန်ယင်နေတော့သည်။
သူတော်စင်တစ်ပိုင်းအဆင့် နတ်ဆိုးအရှင်များပင် မြေအောက်ထဲ ပုန်းအောင်းနေကြသည်။
‘သူ ဘယ်ကရောက်လာတာလဲ။ သူတော်စင်တွေကို လျှို့ဝှက်နယ်မြေထဲ ဝင်ခွင့်မပေးဘူးလို့ ပြောထားတယ်လေ’
လျှို့ဝှက်နယ်မြေအပြင်ဘက်တွင်စောင့်ကြပ်နေသော ဖီးနစ်သူတော်စင်သည် ထိုဓားချက်၏ အရှိန်အဝါကို ခံစားလိုက်ရသည်။ မသိလိုက်စွာဖြင့် သူ ကြက်သိမ်းမွေးညင်းများ ထသွားသလို ခံစားလိုက်ရ၏။
သူ ရေရွတ်သည်။
“ဒီတစ်ကြိမ် လေ့ကျင့်ရေးအဖွဲ့ထဲ ဘယ်လိုမွန်းစတားတွေ ရောက်နေတာလဲ”
လက်အောက်ခံ နယ်မြေသခင် ဆယ့်ရှစ်ယောက်သည်လည်း ထိုးဓားချက်ကြောင့် ထိတ်လန့်သွား၏။ သူတို့ တစ်ဖက်မိသားစုမှ ဂျူနီယာများ ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ကွက်ကို ထုတ်သုံးရန် အဘယ်သို့သော ထိပ်တန်းရတနာမျိုး ယူလာကြသနည်းဟု နှစ်ကိုယ်ကြား သုံးကိုယ်ကြား တီးတိုးပြောဆိုဆွေးနွေးတော့သည်။
ဖုန်းမိသားစုမှ ဘိုးဘေးက သူ့မြေးကို ကြည့်သည်။
“ကြည့်ရတာ ယဲ့ပေရွှမ် ဒီတစ်ကြိမ် ပြဿနာ ကြီးကြီးတက်လိုက်တာပဲ”
“အဘိုး မြေး အမြင်ရ လျှို့ဝှက်နယ်မြေပြဿနာတတ်တာ သူတော်စင်တစ်ပိုင်းအဆင့်နတ်ဆိုးတွေနဲ့ ကျန်တဲ့ အင်အားစုဆယ့်ခုနှစ်ခုက တပည့်တွေ ဖြစ်လိမ့်မယ်”
“ဟမ်”
ဖုန်းမိသားစု ဘိုးဘေး မျက်နှာပေါ်တွင် သံသယများ ပေါ်လာသည်။ သူသည် သူတော်စင်အဆင့်ဖြစ်သောလည်း လျှို့ဝှက်နယ်မြေကိုပါ လှုပ်ခါစေမည့် ဓားချက် မထုတ်လွှတ်နိုင်မှန်း သိတော့ပေမည်။
ဖုန်းနျဲ့ရွှမ် ပြောသည်။
“အဘိုးပြောတာမှန်တယ်။ ယဲ့ပေရွှမ် သူ့လျှို့ဝှက်ကတ်ကို သုံးလိုက်တာဖြစ်မယ်။ ဒါပေမဲ့ သူ လူတွေကိုလား ဒါမှမဟုတ် နတ်ဆိုးတွေကို ကိုယ်တွယ်နေတာလား”
ဖုန်းနျဲ့ရွှမ် ပြောသည်။
“အဘိုး မြေးပြောတာသာ မှန်မယ်ဆိုရင် ပေရွှမ် သူ့လျှို့ဝှက်ကတ်ကို သုံးလိုက်တာ ဖြစ်မယ်။ သူရင်ဆိုင်နေရတဲ့သူက နတ်ဆိုးလား လူသားလားဆိုတာတော့ ကျွန်တော်လည်း မသိဘူး”
ဖုန်းမိသားစုဘိုးဘေး အံ့ဩမှုအပြည့်ဖြင့် ပြောသည်။ သူ နတ်ဘုရားဖီးနစ်တောင်ကြားတွင် နှစ်ထောင်ဂဏနည်းအနည်းငယ် နေထိုင်ခဲ့သော်လည်း ဆန်းကြယ်ကောင်းကင်ဒေသမှ မျိုးဆက်လေးလို့အတော်လေး ပုံမှန်မဟုတ်သည့် သူမျိုး မမြင်ဖူးချေ။
“ကောင်လေးပေ့ရွှမ်မှာ ဘယ်လိုလျှို့ဝှက်ဖဲချပ်မျိုး ရှိလို့လဲ။ ဒီလူအိုကြီးတောင် အဲ့လိုမျိုးကြုံတွေ့ရရင် ထွက်ပြေးရမှာ”
ဖုန်းနျဲ့ရွှမ် ပြောသည်။
“ဘိုးဘေး မြေး ဒီကိစ္စကို ဖြည်းဖြည်းချင်း ရှင်းပြပါ့မယ်”
တစ်ချိန်တည်းမှာ စစ်မြေပြင်အတွင်း၌
လန်ယန်၊ လဲ့ရှောင်ဖုန်းနှင့် ဖုန်းယဲ့တို့ ဓားစွမ်းအင်ကြောင့် လွင့်စင်သွားကြပြီး ဓားအလင်းတန်းသည် ဖီးနစ်သုံးကောင်သူတော်စင်အလင်းနှင့် သူတို့ကိုယ်ပေါ်မှ သူတော်စင်အလင်းတို့ကို ချက်ချင်းပင် ပျက်စီးသွားစေ၏။
သူတို့ တစ်ယောက်ပြီးတစ်ယောက် ကြိုးပြတ်သွားသော စွန်ပမာ မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့သည်။
ထိုမြင်ကွင်းကို ကြည့်ပြီးနောက် သူတို့အနောက်က တပည့်များသည် ပျော့ခွေကျသွားပြီး ခုံခံလိုစိတ် တစ်စက်ကလေးပင် မရှိတော့ချေ။ သူတို့ ယဲ့ပေရွှမ်ကို ကြောက်လန့်တကြားသာ ကြည့်နေတော့၏။
ယဲ့ပေရွှမ် နောက်တစ်ကြိမ် မတိုက်ခိုက်တော့ပေ။ သူ လူသုံးယောက်ကို ကြည့်ပြီး ဂရုမစိုက်စွာ ပြောသည်။
“မင်းတို့သုံးယောက် ခန္ဓာကိုယ်ထဲကနေ တွားသွားပြီးထွက်လာမလား။ ဒါမှမဟုတ် မင်းတို့ အကြွင်းကျန်ဝိညာဉ်တွေကို ဆွဲထုတ်ပေးရမလား”
“မလုပ်ပါနဲ့”
လန်ယန် သူမခန္ဓာကိုယ်ပေါ်မှ ပထမဆုံး ပျံသန်းထွက်လာသည်။ လက်ရှိအချိန်တွင် သူမ နတ်ဘုရားဝိညာဉ်သည် အလွန်အမင်း အားနည်းနေ၏။ ခုနက ဓားချက်သည် သူတို့အသိမြင်ထက် များစွာ ကျော်လွန်သွားခဲ့သည်။
သူတို့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော သူတော်စင်အလင်း ရှိနေရင်တောင် ဓားစွမ်းအင်သည် သူတို့ နှလုံးသွေးကြောများကို ဖြတ်တောက်သွားပြီး သူတို့နတ်ဘုရားဝိညာဉ်ပင် အတော်လေး ထိခိုက်သွား၏။ ကံကောင်းထောက်မစွာ ဓားအလင်းက သူတို့ကို တိုက်ရိုက်ပစ်မှတ်ထားခြင်းမဟုတ်၍ပေ။ မဟုတ်လျှင် သူတို့ဝိညာဉ်ကိုပင် ထိန်းသိမ်းနိုင်တော့မည် မဟုတ်ပေ။
လဲ့ရှောင်နှင့် ဖုန်းယဲ့တို့၏ ကြွင်းကျန်ဝိညာဉ်များလည်း သူတို့ခန္ဓာကိုယ်ထဲမှ ထွက်လာပြီး ညှာတာပေးရန် တောင်းပန်တော့၏။
“တာအိုရောင်းရင်း ကျွန်တော်တို့ မျက်လုံးရှိပေမဲ့ မျက်ဆံမပါလာခဲ့ဘူး။ ကျွန်တော်တို့ ဝိညာဉ်လေးတွေကို လွတ်ပေးပါနော်။ ကျွန်တော်တို့ လျှို့ဝှက်နယ်မြေကနေ ချက်ချင်းထွက်သွားပါ့မယ်။ တာအိုရောင်းရင်းနဲ့ ဘယ်တော့မှ ရန်မလုပ်တော့ပါဘူး”
ယဲ့ပေရွှမ် ပြုံးကာ ပြောသည်။
“င့ါရန်သူ မလုပ်တော့ဘူးဆိုတဲ့ အနှစ်မပါတဲ့ စကားနဲ့ ခွင့်လွှတ်ပေးရမှာလား။ နည်းနည်း စိတ်ကူးယဉ်ဆန်လွန်းနေပြီ”
သူ့စကားအဆုံး တိတ်ဆိတ်သွားပြီး မည်သူမှ စကားမပြောရဲတော့ပေ။
လန်ယန် မဝံ့မရဲ မေးသည်။
“တာအိုရောင်းရင်း ကျွန်မတို့ ဘယ်လိုမျိုးလျော်ကြေးပေးရမလဲ”