← Chapters

အခန်း ၅၁၆

Vol. 52 Ch. 516

အခန်း ၅၁၆

Vol. 52 Ch. 516

အခန်း(၅၁၆)

ယဲ့ပေရွှမ် ပြုံးလိုက်သည်။

“မင်းတိုမျိုးနွယ်ဝင်တွေ လုံလောက်တဲ့ တန်ကြေးတစ်ခုပေးမယ်ဆိုရင် မင်းတိုကို လွှတ်ပေးမယ်”

ထိုစကားများကို ကြားတော့ လဲ့ရှောင်နှင့် ဖုန်းယဲ့တို၏ မျက်လုံးထဲတွင်‌ မျှော်လင့်ချက်ကလေးများ ထိုးတက်လာ၏။ သူတိုသည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ကျင့်ကြံသူများဖြစ်ပြီး ဖီးနစ်သွေးမျိုးဆက်များကို နိုးထထားသည်။

သူတိုနတ်ဘုရားစိတ်ဝိညာဉ်များ ကျန်ရှိနေသေးလျှင် ဘိုးဘေးနယ်မြေသိုသွားပြီး မီးတောက်များမှ ပြန်မွေးဖွားနိုင်ကြ၏။

“ကျွန်တော်တို ဆန္ဒရှိပါတယ်”

လူသုံးယောက် တပြိုင်နက်ပြောသည်။

“ကောင်းတယ်။ ဒါဆို မင်းတိုအသက်ကိုချမ်းသာပေးဖို မင်းတိုမျိုးနွယ်ဝင်တွေ ဘာနဲ့ လဲလှယ်ပေးမလဲဆိုတာ ကြည့်တာပေါ့”

ယဲ့ပေရွှမ် တည်ငြိမ်စွာ ပြောသည်။

သုံးယောက်သား ပြော၏။

“တာအိုရောင်းရင်းတို ကျေးဇူးပြုပြီး မျိုးနွယ်ဝင်တွေနဲ့ ဆွေးနွေးဖို အချိန်ခဏပေးပါ”

“ရတယ်။ ဘာပဲဖြစ်ဖြစ် မင်းတိုထွက်ပြေးလိုလည်း မရဘူး”

ယဲ့ပေရွှမ် သူ့လက်ထဲက ဓားကျောက်စိမ်းကို ဆော့နေရင်း မျိုးနွယ်သုံးခုမှ ကျင့်ကြံသူများကို ကြည့်လိုက်၏။

လူတိုင်း သူ့လက်ထဲက ဓားကျောက်စိမ်းကို မြင်သည့်အခါ ပျောက်ကွယ်စပြုနေသော ကြောက်ရွံမှုများသည် သူတိုနှလုံးသားထဲသို တစ်ဖန်ဝင်ရောက်လာသည်။

သူတိုသုံးဦး မျိုးနွယ်ဝင်များနှင့် တွေ့ပြီး ဆွေးနွေးကြတော့၏။

ခဏအကြာတွင် သူတိုသုံးဦး ယဲ့ပေရွှမ်ရှေ့သို ရောက်ပြီး ပြောသည်။

“ကျွန်တော်တို ဝိညာဉ်ကျောက်တုံးတစ်သန်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ ကျွန်တော်တိုအသက်ကို လဲပါမယ်”

“မလုံလောက်သေးဘူး”

ယဲ့ပေရွှမ် လေသံသည် တည်ငြိမ်နေသော်လည်း ငြင်းဆန်မရသော အငွေ့အသက်များ ပါဝင်နေ၏။

“တာအိုရောင်းရင်း ဘယ်လောက်လိုချင်လိုလဲ”

လဲ့ရှောင် စမ်းသပ်သည့်သဘော မေးသည်။

သူ ယဲ့ပေရွှမ်နှင့် လုံးဝဈေးမဆစ်ရဲတော့သည်အထိ အရိုက်ခံထားရ၏။

အကယ်၍ သူ ထိုသူကို ဒေါသထွက်မိပါက သူ့ဘဝလေး လုံးဝဆုံးရှုးသွားနိုင်သည်။ ဝတ္ထုဇာတ်လမ်းများထဲကလို ‌နောက်ခံကို ထုတ်ဖော်ပြီး သတ္တိရှိရင် ငါ့ကို သတ်လေဟူသော စကားမျိုးကိုတော့ ငတုံးများသာ လုပ်ပေလိမ့်မည်။ သူတို စာရင်းရှင်းချင်ရင်တောင် နောက်မှ ရှင်း၍ရသည်။

“မင်းတိုကိုယ်ပေါ်က ရတနာတွေကိုပေး။ ပြီးတော့ နတ်ဆိုးဘုရင်နှစ်ပါးရဲ့ ငယ်သားတွေကို သတ်တဲ့နေရာမှာ ကူညီပေး။ နတ်ဆိုးအမြူတေတွေ အကုန် ငါ့ကိုပေး”

ထိုစကားများကိုကြားတော့ လူတိုင်း လေးအေးတစ်ဆုပ် ရှူသွင်းမိသည်။ သူတို ယဲ့ပေရွှမ်ကို ပါးစပ်အကျယ်ကြီးဟထားသော ကျားကြီးတစ်ကောင်းအလား မြင်လိုက်ကြ၏။

“ကောင်းပါပြီ”

လဲ့ရှောင် ထပ်မံ မငြင်းခုံချင်တော့ပေ။ သူ ဤစမ်းသပ်မှုတွင် လုံးဝ ရှုးနိမ့်သွားပြီဖြစ်သည်။ မျိုးနွယ်တူမှ အခြားသောကောင်းကင်ရွေးချယ်ခံများကိုသာ မျှော်လင့်ထားနိုင်တော့၏။

သူ့လှည့်ပြီး မျိုးနွယ်ဝင်များကို ပြောလိုက်သည်။

“ပထမဆုံး မင်းတိုကိုယ်ပေါ်က ရတနာတွေကို ထုတ်လိုက်”

“ဟုတ်ကဲ့ပါ”

လူတိုင်း ဆန္ဒမရှိကြသော်လည်း မခုခံရဲပေ။ မည်သိုပင်ဆိုစေ ယဲ့ပေရွှမ်သည် သူတိုကို တိုက်ရိုက်လုယက်နိုင်သော်လည်း ရတနာများ ပေးအပ်ရန် အကြောင်းပြချက်ဖြင့် ထုတ်‌တောင်းလာ၏။

သူတိုခေါင်းဆောင်များ၏ အကြည့်အောက်တွင် ကျင့်ကြံသူများသည် သိုလှောင်လက်စွပ်များထဲမှ ရတနာများကို အလျှိလျှိ ထုတ်လာကြသည်။

ယဲ့ပေရွှမ် ထိုသူများ၏ သိုလှောင်လက်စွပ်ကို အထူးတလှယ်စစ်ဆေးမနေပေ။ ရတနများနှင့် ဝိညာဉ်ကျောက်တုံးတောင်ပူစာလေးကို တစ်ချက်သာကြည့်လိုက်၏။

သူ ယခုတစ်ခေါက် သိုလှောင်လက်စွပ် အတော်များများ ယူဆောင်လာခဲ့မိသည့်အတွက် ဝမ်းသာသွား၏။ မဟုတ်လျှင် ပစ္စည်းအရေအတွက်များလွန်းသဖြင့် သိမ်းဆည်းထားနိုင်မည် မဟုတ်ပေ။ လေ့ကျင့်ရေးထွက်ရင်း ရတနာများ ပိုရနိုင်သည့်အချက်ကတော့ သေချာပေါက် အမှန်တရားပင်။

သူ လက်ကိုဝှေ့ယမ်းကာ ရတနာများ၏ သုံးပုံတစ်ပုံကို သိမ်းဆည်းလိုက်ပြီး ဖုန်းမိသားစု တပည့်များကို ပြောလိုက်၏။

“ကျန်တာတွေကို မင်းတိုပဲ ခွဲယူလိုက်တော့”

“တကယ်လား”

ဖုန်းမိသားစုတပည့်များ ပျော်ရွှင်စွာ မေးသည်။ သူတိုအတွက်တော့ ဤသည်က မထင်မှတ်ထားသည့် ပျော်ရွှင်စရာပင်။ သူတိုနှလုံးသားထဲတွင် ယဲ့ပေရွှမ်ကို နှစ်သက်မှုနှုန်းသည် မျဉ်းဖြောင့်တစ်ခုအလား မြင့်တက်သွား၏။

ဖုန်းယန်ရှန်း ရှက်ရွံစွာ မေးသည်။

“ယောက်ဖ အရမ်းကောင်းလွန်နေပြီ”

ယဲ့ပေရွှမ် ပြုံးကာ ပြောသည်။

“မင်းတို ယူရမှာ မသက်မသာဖြစ်နေရင် မျိုးနွယ်သုံးခုက တပည့်တွေကို ကြီးကြပ်ပြီး နတ်ဆိုးတွေကို သတ်ဖို ငါ့ကိုကူညီ။ ပြီးတော့ နတ်ဆိုးအမြူတေတွေကို စုဆောင်းပေး။ ပြီးရင် တစ်ဝက်ကို မင်းတိုယူ။ တစ်ဝက်ကို ငါ့ကိုပေး”

“ဒီလိုကိစ္စကောင်းမျိုး ရှိသေးတာလား”

ဖုန်းယန်ရှန်း မသိစိတ်မှ အလိုလို ပြောထွက်သွားသည်။

“ဟုတ်တယ်။ ငါတိုလာပြီးမှတော့ လက်ဗလာချည်းပဲ ပြန်ထွက်သွားလို မဖြစ်ဘူးလေ”

အကယ်၍ သူအသားစားရလျှင် သူ့လူများကို ဟင်းရည်တော့ တိုက်ရပေမည်။ ဤစည်းမျဉ်းကို ယဲ့ပေရွှမ် နားလည်ပါ၏။ ထိုကြောင့် သူ သဘောမနောကောင်းစွာ ပြောလိုက်သည်။

ဖုန်းယန်ရှန်း သူ့ကို လက်မထောင်ပြ၏။

“ယောက်ဖ ငါမင်းကို အရမ်းလေးစားသွားပြီ”

ထိုသည်ကို ကြည့်ရင်း မျိုးနွယ်သုံးခုမှ ကျင့်ကြံသူများ စိတ်ထဲတွင် မလိုလာသော်လည်းအခြေအနေအက သူတိုဘက် မဟုတ်ပေ။ သူတို မလိုလားရင်တောင် စိတ်ထဲတွင် မျိုသိပ်ထားရုံသာ တတ်နိုင်၏။

မိုင်အနည်းငယ်အကွာတွင်

ဟုန်လိ ထိုမြင်ကွင်းကို ကြည့်ရင်း ရေရွတ်သည်။

“စီနီယာယဲ့ နည်းလမ်းတွေနဲ့ ခွန်အားက ရှားပါတယ်။ မသိတဲ့လူတွေဆိုရင် သူ့ကို နှစ်တစ်ထောင်မြေခွေးအိုကြီး ထင်သွားလိမ့်မယ်”

ချင်းလီ ပြောသည်။

“ခံစားချက်အပြည့် သက်ပြင်းချနေတာ ရပ်တော့။ နတ်ဆိုးတွေကို သတ်ဖို မြန်မြန်သွားရအောင်။ ငါတို ဒီလျှိဝှက်နယ်မြေမှာ မီးဖီးနစ်မျိုးနွယ်ရဲ့ အထောက်အပံ့ကို မရထားဘူးဆိုတော့ ထိပ်တန်းသုံးနေရာကို ရချင်ရင် မလွယ်ဘူး”

“ဟုတ်”

ဟုန်လိ ခေါင်းညိတ်သည်။ သူ အတားအဆီးအဖြစ်အပျက်များကို ကြုံခဲ့ရသော်လည်း တိုက်ခိုက်လိုစိတ်က ပြန်တောက်ပလာ၏။

ယဲ့ပေရွှမ် သူ့ဓားကျောက်စိမ်းက အပျက်အစီးဒေသမှ လူငယ်ကျင့်ကြံသူများကို ထိတ်လန့်မှုများ မည်မျှ ယူဆောင်လာပေးကြောင်း မသိလိုက်ပေ။

သူ တောင်ထိပ်တစ်ခုတွင် ရပ်ကာ မျိုးနွယ်သုံးခုမှ တပည့်များ တိုက်ခိုက်နေသည်ကို တိတ်ဆိတ်စွာ ကြည့်နေ၏။

ဘုရင်ရွှေမီးတောက်နှင့် ဘုရင်မီးတောက်နီတို၏ လက်အောက်ခံနတ်ဆိုးများသည် သတိလစ်မတတ်ကြောက်ရွံနေကြတော့သည်။ သူတို မျိုးနွယ်သုံးခုမှ တပည့်များနှင့် ရင်ဆိုင်ရချိန်တွင် ထွက်ပြေးရန်သာ တွေးတော့၏။

မြန်မြန်ပြေးနိုင်သည့်သူသာ အသက်ချမ်းသာရာ ရပေလိမ့်မည်။

‘နောက်ကျတဲ့ ခြေထောက်ကတော့ သစ္စာဖောက်ပေ’

ဆယ်နာရီကျော်ကြာပြီးနောက် မိုင်ထောင်ချီအချင်းဝက်အတွင်း နတ်ဆိုးများစွာ သတ်ဖြတ်ခံလိုက်ရသည်။

ယဲ့ပေရွှမ် မျိုးနွယ်သုံးခုမှ ပေးလာသော နတ်ဆိုးအမြူ‌တေများကို ကြည့်ရင်း‌ ကျေနပ်စွာ ခေါင်းညိတ်သည်။

သူ လဲ့ရှောင်နှင့် ကျန်သည့်သူနှစ်ယောက်၏ ဝိညာဉ်ကြွင်းကျန်များကို ကြည့်လိုက်၏။

“နောက်တစ်ခါဆို မင်းတို မျက်လုံးကျယ်ကျယ်ဖွင့်ထား။ ငါ့ကို ထပ်လာမစော်ကားနဲ့။ မင်းတိုမပြောနဲ့ မင်းတိုနောက်က မိသားစုတွေတောင် အကျိုးအဆက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

“ဟုတ်ကဲ့ပါ”

သုံးဦးသား ယဲ့ပေရွှမ်၏ နောက်ဆက်တွဲစကားကို ဂရုမစိုက်ပေ။ ယဲ့ပေရွှမ်တို အုပ်စု ထွက်ခွာသွားသည်ကို ကြည့်ရင်း သူတိုသုံးဦး သက်ပြင်းရှည်ကြီး ချလိုက်တော့သည်။

“ဟူး”

သုံးဦးသား အကြည့်ချင်းဖလှယ်ပြီးနောက် သက်ဆိုင်ရာ မျိုးနွယ်ထံသို ပြန်သွားကြ၏။ အရည်အချင်းရှိသော နောက်လိုက်တစ်ဦးကို အဖွဲအား ဦးဆောင်စေလျက် သူတိုယုံကြည်ရသောသူများကို ရွေးချယ်ကာ သူတိုခန္ဓာကိုယ်နှင့် ကြွင်းကျန်ဝိညာဉ်များကို သယ်ဆောင်စေလျက် အဖွဲနောက်သို လိုက်သွားကြသည်။

အခြားတစ်ဖက်တွင် ဖုန်းယန်ရှန်း ပျော်ရွှင်စွာ မေးသည်။

“ယောက်ဖ ငါတို နောက်ထပ် ဘာဆက်လုပ်ကြမလဲ”

ယဲ့ပေရွှမ် ပျော်ရွှင်စွာ ပြောသည်။

“သူတော်စင်တစ်ပိုင်းအဆင့်နတ်ဆိုးကိုသတ်ပြီး ဒီစမ်းသပ်မှုမှာ ပထမနေရာယူမယ်”

ယခင်ကသာ ထိုစကားကို ကြားပါက သူတို ယဲ့ပေရွှမ်ကို တားဆီးရန် ကြိုးစားကြပေလိမ့်မည်။

သိုသော် ဓားကျောက်စိမ်းမှ ဓားချက်ကို မြင်ပြီးနောက် လူတိုင်း ယဲ့ပေရွှမ် ထိုဓားကျောက်စိမ်းကို ဘယ်နှကြိမ်အသုံးပြုပြီး မဟာပဏ္ဍိတနတ်ဆိုးအရှင်ကို သတ်မလဲဟု သိချင်လာသည်။

ဖုန်းယန်ရှန်း ပြောသည်။

“ယောက်ဖပြောတာ ဖြစ်နိုင်တယ်။ ငါတို နတ်ဆိုးတစ်ကောင်ကို ဖမ်းပြီး လမ်းပြခိုင်းလိုက်ရမလား”

ယဲ့ပေရွှမ် မျက်လုံးများ လင်းလက်သွားပြီး ဖုန်းယန်ရှန်းကို လက်မထောင်ပြလိုက်၏။

“တတိယအစ်ကိုပြောတဲ့ အကြံကောင်းတယ်။ ဒါပေမဲ့ မိုင်ရာချီပတ်လည်မှာ ရှိတဲ့နတ်ဆိုးတွေ ကျွန်တော်တိုကြောင့် သတ်ခံလိုက်ရပြီဆိုတော့ ဖိုးကံကောင်းကို ရှာဖို အနောက်ဘက်ကို ဆက်သွားမှပဲရမယ်”

ဖုန်းယန်ရှန်း သူ့ရင်ဘက်ကို ပုတ်ကာ ပြောသည်။

“ယောက်ဖ ဒီကိစ္စကို ငါ့ဆီသာ လွှထားလိုက်”

“ကောင်းပါပြီ”

ယဲ့ပေရွှမ် ကိစ္စအားလုံးကို သူကိုယ်တိုင် စီစဉ်ရန် အစီစဉ် မရှိပေ။

‘ဒီကောင်လေးတွေကို ကိုင်တွယ်ခိုင်းထားလိုက်မယ်။ မဟုတ်ရင် သူတို မပါသလို ခံစားနေရလိမ့်မယ်’

အဖွဲသည် ရှေ့ဆက် ခရီးနှင်လာ၏။ သုံးရက်ကြားပြီးနောက် နတ်ဆိုးမျိုးနွယ်များ စုဝေးသည့် နေရာတစ်ခုကို တွေ့သွားသည်။

ဖုန်းမိသားစုဝင်များ အလျင်စလို မဝင်ကြပေ။ သူတို ယဲ့ပေရွှမ်ကို ကြည့်လိုက်ကြ၏။

All Chapters