← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

1 01

အပိုင်း (၁)

“ဘာ”

“သက်သာ ဘဝစနစ်ဟုတ်လား”

“ဒါက ဘာအသုံးဝင်တာလဲ”

ချန်းရန်၏တည်ငြိမ်သော အသံက ဒီမွန်မြို့ရှိဆည်းဆာချိန် တက္ကသိုလ်၏ ကျောင်းသားအဆောင်အတွင်းမှ ထွက်လာသည်။ သာမာန်လူတစ်ယောက်က ရုတ်တရက် စနစ်တစ်ခုကို ရရှိမည်ဆိုပါက ဘဝက အချိုးအကွေ့တစ်ခုကို ကျော်ဖြတ်နိုင်သကဲ့သို့ သေအောင် ပျော်နေလောက်ပြီး ဘိုးဘေးအဆက်ဆက်ကိုပင် ကျေးဇူးတင်နေလောက်သည်။ သို့သော် ချန်းရန်က ဂရုမစိုက်ပေ။

“ဒီမွန်မြို့မှာ ငါ့ရဲ့ မျက်နှာကို ဘယ်လို သွားထားရမှာလဲ။ ငါ့မှာ အိမ်က ဆယ်လုံးရှိတယ် ဇိမ်ခံကားတွေလည်း အများကြီး ရှိသလို နှစ်စဉ်ငှားခအနေနဲ့ ဆယ်သန်းကျော် ရနေတာလေ။ ဒီသက်သာဘဝစနစ်ဆိုတာ ဘာလုပ်ဖို့ အသုံးဝင်တော့မှာလဲ”

ဆည်းဆာချိန်တက္ကသိုလ်မှ ရှားပါးသော ပါရမီရှင်တစ်ယောက်ဖြစ်သော ချန်းရန်သည်လည်း သူဟာ လှဲနေရုံနှင့် ပိုက်ဆံရှာနိုင်သည်ဟု ပြောလျှင်ပင် မှန်ကန်လေသည်။ အကြောင်းမူကား သူက ဘွဲ့မရခင်ကတည်းက ငွေကြေးအားဖြင့် လွတ်လပ်ပြီးသားဖြစ်သည်။

ငွေကြေးအားဖြင့် လွတ်လပ်တာ…

ဒါက အေးဆေးသက်သာတယ်လို့ ပြောဖို့ လုံလောက်နေပြီမလား။

သူက ဒီသက်သာဘဝစနစ်ကို လိုအပ်နေမှာလဲ။

“တင် ပိုင်ရှင်ကို သတိပေးပါတယ်။ သက်သာဘဝစနစ်ဆိုတာက ပိုင်ရှင်ကသာ သက်သာလွန်းတဲ့ ဘဝကို နေထိုင်နိုင်သမျှ မမျှော်လင့်ထားတဲ့ ဆုလာဘ်တွေကို ရမှာပါ”

“သက်သာလွန်းတဲ့ ဘဝမှာ နေထိုင်နိုင်သမျှ ဆုလာဘ်တွေကို ရမယ် ဟုတ်လား”

ချန်းရန်ကပင် စိတ်ဝင်စားသွားပြီး မေးလိုက်သည်။

“ဘယ်လို သက်သာတဲ့ ဘဝမျိုးက ဆုရနိုင်တာလဲ”

“တင် ကျေးဇူးပြုပြီး သင့်တော်တဲ့ သက်သာ တာဝန်တွေကို ပြီးမြောက်အောင် လုပ်ပေးပါ ဒီလိုဆိုရင် ရက်ရောတဲ့ ဆုလာဘ်တွေကို ရမှာပါ”

“တင် အခု အသစ်ထုတ်လွတ်လိုက်ပါပြီ [တာဝန် နံပါတ် ၁]: ကျေးဇူးပြုပြီး ကမ်းလှမ်းမှုတိုင်းကို ငြင်းပယ်ပါ။ သက်သာလွန်းတဲ့ ဘဝက 996 အလုပ်လိုမျိုး မလိုအပ်ပါဘူး။ အချိန်တွေအားလုံးကို ပိုင်ရှင်ကိုယ်တိုင်ပဲ အပြည့်အဝ ပိုင်သင့်တာပါ”

ထိုစနစ်က ပထမဦးဆုံး တာဝန်တစ်ခုကို ထုတ်ပေးလိုက်သည်။

ကမ်းလှမ်းမှုတိုင်းကို ငြင်းရမယ် ဟုတ်လား။ ဟုတ်သားပဲ အလုပ်တိုင်းကို ငြင်းထားတော့မှ သက်သာလွန်းတဲ့ ဘဝဖြစ်တော့မှာပေါ့။

သတိထားရမည်မျာ အချို့သော သူများက သူတို့ ဘွဲ့ယူပြီးအလုပ်လုပ်ရမည့် အကြောင်းကို စိုးရိမ်ပူပန်နေကြချိန်တွင် သူကိုယ်တိုင်ကမူ fortune ငါးရာနှင့် အဓိက IV လိဂ်ကျောင်းများမှ ကမ်းလှမ်းမှု ဆယ်ခုထက်မနည်းရရှိပြီးသားဖြစ်သည်။

“ချန်းကော မသွားရသေးဘူးလား။ အားလုံးက ကောကို စောင့်နေတာလေ ကောက အဓိက ဇာတ်လိုက်ဟာကို”

ထိုအခိုက်အတန့်တွင် အဆောင်၏တံခါးက တွန့်ဖွင့်ခံရပြီး ရွှေအိုရောင်ဆံပင်နှင့် ဖက်ရှင်ကျကျ ဝတ်ထားသော ကောင်လေး တစ်ယောက်က ဝင်လာသည်။

“ငါတို့အားလုံး ကောကို စောင့်နေတာ။ ဒီညက နှုတ်ဆက်ညစာ မဟုတ်ဘူးလား။ ကျယ်မေ့တွေ အများကြီးက စိတ်လှုပ်ရှားနေကြတာနော်”

“မင်းက ဘာလို့ အလျှင်လိုနေတာလဲ။ မီတာ ငါးဆယ်တောင် ဝေးတာမှ မဟုတ်တာ။ ငါခဏနေရင် အဲ့ဒီကို ငါ့ရဲ့ Ferrari ကို မောင်းပြီး လာခဲ့မယ်”

ချန်းရန်က ဂရုမစိုက်ချေ။ သူက ထရပ်ရင်း မေးသည်။

“ဒါနဲ့ မင်းက ဘာလို့ ပြန်လာတာလဲ ဖုန်းခေါ်လို့ မရလို့လား”

“ဟီးဟီး ငါ စီးကရက် ယူသွားဖို့ မေ့သွားလို့”

1 02

ထိုအတန်းဖော်ကို ကျင်းချန်းယန်ဟု ခေါ်ပြီး သူသည် ရှန်းဟိုင်ဇာတိဖြစ်သည်။ ဆေးလိပ်သောက်ရသည်ကို ကြိုက်ပြီး သူ့ကိုယ်သူ လန်းချင်ဟန်ဆောင်တတ်၏။ လက်ထဲတွင် ဆေးလိပ်မပါသမျှ အပြင်မထွက်တတ်ပေ။

“ချန်းကော မီးချစ်ရှိလား”

ကျင်းချန်းရန်သည်လည်း ဆေးလိပ်အထပ်လိုက် ရှာတွေ့လိုက်သည်။ ထို့နောက် တစ်လိပ်ကို ပါးစပ်တွင် ကိုက်ကာ မေးလိုက်သည်။

“အင်း”

ချန်းရန်က မီးခြစ်ကိုရှာပြီး မီးညှိ့ကာ တွေးတောလိုက်ပြီးနောက် စားပွဲပေါ်မှ တကွဲတပြားစီ ကျနေသော စာရွက်အချို့ကို လုံး၍ စာရွက်ကို မီးရှို့သည်။

“လာ”

ချန်းရန်က ထိုစာရွက်ကို ကျင်းချန်းရန်အနားသို့ ယူသွားပေးပြီး မီးကို ညှိပေးလိုက်သည်။

ကျင်းချန်းရန် မျက်လုံးပြူးသွားပြီး ထိုနေရာတွင် ကြောင်အကာ ရပ်နေသည်။ စီးကရက်ကပင် ပါးစပ်ထဲမှ ကြွေ၍ အောက်ဖက်သို့ ဖုတ်ကနဲ ကျသွားသည်။ အကြောင်းမူကား ချန်းရန်ယခုလေးတင် မီးရှို့လိုက်သော စာရွက်ကလည်း နှစ်စဉ် လခဆယ်သန်းကျော် ရရှိနိုင်သော ကမ်းလှမ်းချက် စာရွက်များဖြစ်နေသောကြောင့် ပါပေ။

“တင် ပိုင်ရှင်ကို ဂုဏ်ယူပါတယ်။ ပိုင်ရှင်က တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပြီး ဆုလာဘ်ဖြစ်တဲ့ : မက်မွန်ပန်းကတ် x1 ၊ ဆွဲဆောင်မှုတန်ဖိုး ၁၀၀ ရာခိုင်းနှုန်း x 1 တို့ကို ရရှိပါတယ်”

ထိုအခိုက်အတန့်တွင်ပင် ချန်းရန်၏ စိတ်အတွင်းမှ စနစ်ကပေးသည့် ဆုလာဘ်၏ အသံကို ကြားလိုက်ရသည်။

ဆွဲဆောင်မှု တန်ဖိုး ၁၀၀ ရာခိုင်းနှုန်း ဟုတ်လား။

“…”

“ဆွဲဆောင်မှု တန်ဖိုး ၁၀၀ ရာခိုင်နှုန်း က သက်ရောက်မှု စပြပါပြီ”

“ဆွဲဆောင်မှု တန်ဖိုးက ပိုင်ရှင်ရဲ့ ဆွဲဆောင်မှုကို တိုက်ရိုက်အဆင့်မြှင့်တင်ပေးမှာဖြစ်ပြီး ပိုင်ရှင်ကိုလည်း ထာဝရဆွဲဆောင်မှု ပြည့်နှက်စေမယ့် ဘောနပ်စ် တစ်မျိုးကို ရရှိစေမှာပါ”

“တင် ဂုဏ်ယူပါတယ်။ ပိုင်ရှင်က ဆွဲဆောင်မှု တန်ဖိုး တစ်ရာရာခိုင်နှုန်း အပြည့်ကို ရရှိသွားပြီဖြစ်လို့ ပိုင်ရှင်အနေနဲ့ တစ်လောကလုံးမှာ ဆွဲဆောင်မှု အပြင်းဆုံး အမျိုးသား ဖြစ်သွားပါပြီ”

စနစ်သည် သူ၏ဆွဲဆောင်မှု တန်ဖိုးကို တစ်ရာသို့ ရောက်သည်အထိ အပြည့်ဖြည့်ပေးလိုက်သည်။ ထိုအခိုက်အတန့်တွင် သူကိုယ်တိုင်ကပင် မရပ်တန့်နိုင်သောဆွဲဆောင်မှုများကို သိသိသာသာ လွှတ်ထုတ်လာသလို ခံစားလိုက်ရသည်။

“ဖာ့ခ် ချန်းကော မင်းက ဘာ…ဘာလို့ မီးရှို့လိုက်တာလဲ”

ထိုအချိန်တွင် ကျင်းချန်းယန်၏ အာရုံက ချန်းရန် အခုလေးတင် မီးရှို့လိုက်သော စာရွက်ထံတွင်သာ ရှိနေသေးပြီး ရင်နာနေပုံရသည်။

“ဒါတွေအားလုံးက ပိုက်ဆံတွေပဲ ဘာလို့ မီးရှို့လိုက်တာလဲ”

“ငါသိတယ်လေ”

ချန်းရန်၏ မျက်နှာက တည်ငြိမ်သည်။ သူသည် လက်ဖဝါးကို လှန်ပြ၍ မီးကျွမ်းသွားပြီ ဖြစ်သော စာရွက်များကို လုံးချေလိုက်ပြီး အမှိုက်တောင်းထဲသို့ လှမ်းပစ်ကာ တည်ငြိမ်စွာ ပြန်လှည့်ပြောသည်။

“ဒီအတိုင်း စာရွက် နည်းနည်းပါပဲ”

“အဲဒီ စာရွက်နည်းနည်းကတင် ငါ့ကို သေအောင် မနာလို ဖြစ်စေတာနော်”

ကျင်းချန်းယန်က ရင်နာသွားသည်။ သူသည် ရင်နာလွန်းသဖြင့် အသက်ပင် မရှူနိုင်တော့ပေ။ သို့သော် သူက ချန်းရန်ကို မော့ကြည့်လိုက်သောအခါ ရုတ်တရက် မှင်သက်သွားသည်။

1 03

“သေစမ်း ငါ…ငါ မျက်လုံးတွေ မူးသွားတာလား။ ဘယ်လိုဖြစ်ပြီးကောက ရုတ်တရက် အရမ်း အရမ်း ချောသွားတယ်လို့ ခံစားမိလိုက်တာလဲ။ ငါ ကောရဲ့အနားကိုတောင် ကပ်ချင်လာပြီ”

ကျင်းချန်းယန်က မျက်လုံးပြူးသွားပြီး အနားသို့ ကပ်လာသည်။ သူသည် ချန်းရန်ကို ကြည့်ပြီး အသက်ရှူနှုန်းက မြန်လာသည်။

“ထွက်သွားစမ်း”

ချန်းရန်က ထိုအကောင်ကို တုံ့ဆိုင်းမနေဘဲ တွန်းထုတ်လိုက်သည်။ သူသည်ပင် စိတ်ထဲတွင် နည်းနည်း အံ့ဩသွားသည်။

“အာ…တကယ် အလုပ်ဖြစ်တာပဲ”

ဒီဆွဲဆောင်မှု…

ချန်းရန်က မှန်ကို ကြည့်လိုက်ပြီးနောက် မှန်ထဲမှ ချောမောလွန်းသော မျက်နှာကိုမြင်ကာ ရုတ်တရက် သူ့ကိုယ်သူပင် မနာလို ဖြစ်ချင်သွားသည်။

ဆိုတော့ အဲ့ဒီဆွဲဆောင်မှုတန်ဖိုးကို အပြည့်ရသွားပြီဆိုတော့ အဲ့ဒီ မက်မွန်ပန်းကတ်ဆိုတာ ဘာလဲ။

“မက်မွန်ပန်းကတ်ကို ချက်ချင်း သုံးလိုက်”

ချန်းရန်ကလည်း သက်ရောက်မှုကို စမ်းသပ်ကြည့်လိုသည်။

“တင် မက်မွန်ပန်းကတ်ကို အသုံးပြုလိုက်ပါပြီ။ သုံးနာရီအတွင်း သက်ရောက်မှုကို ပြသပါလိမ့်မယ်”

ချန်းရန်က မျှော်လင့် စောင့်စားနေသည်။ ထို့နောက် သူသည် ရှောင်ကျင်းနှင့် အတူ ဘွဲ့ရပြီး နောက်ဆုံး ညစာစားပွဲကို သွားတက်ရန် ထွက်သွားလိုက်သည်။

“ချန်းကောလာပြီ။ ချန်းကောလာပြီ အားလုံးပဲ မြန်မြန် ထရပ်ကြ”

“ဟယ်လို ချန်းကော”

“ဝိုး ချန်းကောက အရမ်းချောတာပဲ ငါ ဒီနေ့ မျက်လုံး တွေတောင် မူးနေတယ်”

“ချန်းကော ချန်းကောက အချောဆုံးပဲ”

ချန်းရန်က သီးသန့်ခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ခန်းလုံးက ချက်ချင်းဆိုသလို ပေါက်ကွဲသွားပြီး တအံ့တဩအော်သံများက နေရာတိုင်းမှ ထွက်လာသည်။ ရယ်သံများ ပျော်ရွှင်သော အော်ဟစ်သံများ အကြားတွင် အားလုံးက အများကြီး သောက်မိသွားသည်။ ချန်းရန်၏အရက်သောက်နိုင်စွမ်းရည်က အဆင်ပြေသည်။ တစ်လှည့်ပြီးတစ်လှည့် သောက်ပြီးသွားလျှင်ပင် သူ၏ ခေါင်းက ကြည်လင်နေသေးသည်။

“ငါ အရင်ဦးဆုံး လေကောင်းလေသန့် သွားထွက်ရှူလိုက်အုံးမယ်”

ကော့တေးပါတီက အဆုံးသတ်တော့မည့် အချိန်တွင် ချန်းရန်က သီးသန့်ခန်းတံခါးကို တွန်းဖွင့်၍ စားသောက်ဆိုင်အပြင်ဘက် အရိပ်ရသော နေရာနားသို့ လျှောက်သွားပြီး နွေဦးည လေပြေ၏ အေးမြမှုကို ခံနေလိုက်သည်။

“ငါ့ရဲ့ သူငယ်ချင်း မိတ်ဆွေတို့ ငါတို့ ဒီနေ့ outdoor တိုက်ရိုက်ထုတ်လွှင့်မှုအတွက် သဘောတူထားတာမလား။ ငါတို့ကသာ ကြုံကြိုက်လို့ +1 တစ်ယောက်ကို ဆုံမယ်ဆိုတာနဲ့ တင်ဆက်သူက အဲ့ဒီသူကို ချက်ချင်း အတူသောက်ဖို့ ဖိတ်ခေါ်လိုက်မှာပါ”

“ဒီနေ့ ဘယ်သူကများ ကံကောင်းမလဲလို့ ကြည့်ရအောင်”

အခြားတစ်ဖက်တွင် တင်ဆက်သူ အသစ်ဖြစ်သော မုရှောင်းနွမ်သည် တင်ဆက်မှုကို ကျော်ကြားနိုင်ရန် အလို့ငှာ အထူး outdoor တိုက်ရိုက်ထုတ်လွှင့်မှုမျိုးကိုသာ လုပ်နေရလေသည်။ သိကျွမ်းဖူးသူ တစ်ယောက်နှင့် ကြုံရာကျပန်းတွေ့ဆုံခြင်းအားဖြင့် တစ်ဖက်လူကို သူနှင့် အတူသောက်ရန် ဖိတ်ခေါ်ရပေမည်။

“တင်ဆက်သူ လျို့လျို့လျို့ (666) ငါ့ကို လိပ်စာ ချက်ချင်း ပြော”

“နွမ်ပေါင်ပေါင်းက ဘယ်မှာလဲ ငါလာပြီး တားမယ်”

တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ထဲတွင် အမျိုးမျိုးသော ကွန့်မန့်များက ဖြတ်ပြေးသွားသည်။ တော်တော်လေး နည်းနေခဲ့သော်လည်း မဆိုးရွားပါပေ။

ပူပြင်းတောက်လောင်နေသော နွေရာသီတွင် မုရှောင်းနွမ်က နည်းနည်းပင် အားလျော့ချင်လာသည်။ သူမသည် ဒီနှစ် ဆည်းဆာချိန် တက္ကသိုလ်မှ ဘွဲ့ရသူဖြစ်သည်။ အခြေချရန် ကြိုးစားသော လူအများကြီးနှင့် မတူညီစွာပင် သူမကလည်း သူမ၏ အသက်မွေးဝမ်းကြောင်း အလုပ်အဖြစ် တိုက်ရိုက်ထုတ်လွှင့်မှုအ သိုင်းအဝိုင်းထဲသို့ဝင်ရန် ရွေးချယ်ခဲ့လေသည်။

1 04

သို့သော် မိသားစုက အတိုက်အခံနှင့် ငြင်းပယ်ခဲ့သေးသည်။ ထို့ကြောင့် သူမသည် တိုးတက်မှု အချို့ကို မလုပ်နိုင်ခဲ့လျှင် အိမ်သို့သာ ပြန်ပြီး ဘလိုင်းဒိတ်တစ်ခုကို ရွေးရှာရင် လက်ထပ်ရတော့ပေမည်။

“မုရှောင်းနွမ် ကြိုးစားထား ဟွန့်နင်က အခြားသူတွေထက် မနိမ့်ကျပါဘူး”

မုရှောင်းနွမ်က သူမကိုယ်သူမ အားပေးလိုက်သည်။ သူမသည်ဝန်မခံချင်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု အသိုင်းအဝိုင်းထဲတွင် နေရာတစ်နေရာသို့ရောက်အောင် လုပ်မည်ဟု စိတ်ဆုံးဖြတ်ချက် ချထားပြီးသားဖြစ်သည်။

“ဟင် သေစမ်း တင်ဆက်သူရဲ့ အနောက်မှာ တော်တော်လေးကို ချောတဲ့‌ ကောင်လေးရှိတယ်”

“သေစမ်း ကျောကိုပဲ ကြည့်တာနော် အဲဒီ ကျောကတင် ငါ့အကြိုက်ပဲ”

“အိုး…ဘုရားရေ ငါ…ငါ့ရဲ့ ရင်ခုန်နှုန်းတွေ အရမ်းမြန်နေပြီ”

ရုတ်တရက် မုရှောင်းနွမ်သည်လည်း ကွန်မန့်ထဲမှ စကားလုံးများကို သတိထားမိလိုက်သည်။

ယောက်ျားတစ်ယောက် အတွက်ကြောင့်နဲ့လား။

“ဘယ်သူလဲ ငါ့ထက်တောင် ပိုလှနေလို့လား”

မုရှောင်းနွမ်က လက်သင့်မခံလိုပေ။ မည်သို့ပင်ဆိုစေ သူမသည်လည်း ဆည်းဆာချိန်တက္ကသိုလ်မှ ကျောင်းအလှလေးဖြစ်သည်။

ဘယ်လိုဖြစ်ပြီး‌ ယောကျ်ားတစ်ယောက်က ငါ့ထက် ပိုပြီး ကျော်ကြားနေမှာလဲ။

ထို့ကြောင့် သူမက တစ်ဖက်သို့လှည့်လိုက်ပြီးနောက် သူမ၏ လှပသော မျက်လုံးက ချက်ချင်းတောင့်ခဲသွားသည်။

ကြည်လင်ကာ တည်ငြိမ်သော မျက်လုံးများ။

ပြီးပြည့်စုံကာ အချိုးအစားသင့်တင့်လွန်းသည့် ရင်ဘတ်ကြွက်သားများနှင့် နူးညံ့သော ခါးတန်း။ ထို့အပြင် ကျော့ရှင်းပြီး မြင့်မြတ်သူကဲ့သို့သော အရှိန်အဝါ စိတ်နေသဘောထားမျိုးနှင့် သူဟာ ဝင်နေသော နေအလင်းရောင်အောက်တွင်ပင် တောက်ပလွန်းသဖြင့် မုရှောင်းနွမ်၏ လှပသော မျက်နှာကိုပင် ရဲသွားစေသည်။

“နင်…နင်က ချန်းကော မဟုတ်ဘူးလား”

မုရှောင်းနွမ်က သူမ၏အရှေ့မှ ချောမောသော ကောင်လေးကို ငေးငိုင်ကာ စိုက်ကြည့်နေပြီးနောက် အံ့အားသင့်လွန်းသဖြင့် သူမ၏ လက်ထဲမှ ဆယ်လ်ဖီစတစ်ကပင် ပြုတ်ကျလုနီးပါးဖြစ်သွားလေသည်။

******

All Chapters