ချန်းရန်ဟာ တက္ကသိုလ်က ဘွဲ့ရပြီးတာနဲ့ [သက်သာ ဘဝ စနစ်] ကို အသက်သွင်းမိလိုက်သူ ဖြစ်ပါတယ်။ အေးဆေးပေါ့ပါးတဲ့ဘဝမျိုးမှာ နေထိုင်ရုံနဲ့ ဆုလာဘ်တွေ ရရှိမဲ့ ဒီစနစ်ကြောင့် သူဟာ ကျောင်းအလှလေး မုရှောင်းနွမ်နဲ့ မထင်မှတ်ထားတဲ့ ပုံစံမျိုးနဲ့ လက်ထပ်မိသွားပြီး ဆုလာဘ်အဖြစ် ဧကတစ်ထောင်ကျယ်ဝန်းတဲ့ နတ်ဘုံနယ်မြေအဆင့် စံအိမ်တော်ကြီးကိုပါ ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ်။ သူက “ငါ မွေးရပ်မြေကိုပဲ ပြန်ပြီး မိသားစု ပိုင်ဆိုင်မှုကို အမွေဆက်ခံချင်တော့တယ်” လို့ ပြောလိုက်တဲ့အခါ သူ့ဇနီးလေး မုရှောင်းနွမ်က "နင်တို့ရွာမှာ ဘာရှိလဲ" လို့ မေးလိုက်ပါတယ်။ သူက "ဒီအတိုင်း တဲအိမ်လေး တစ်အိမ်နဲ့ လယ်ကွင်းနည်းနည်းပါပဲ" လို့ အေးအေးဆေးဆေးပဲ ပြန်ဖြေခဲ့သလို သူမကလည်း ကျေးလက်က တိုက်ရိုက်ထုတ်လွှင့်မှုတွေ လုပ်ဖို့အတွက် စိတ်လှုပ်ရှားစွာနဲ့ လိုက်သွားခဲ့ပါတယ်။ သူမအနေနဲ့ ဆင်းရဲပင်ပန်းတဲ့ တောရွာဘဝကို ဖြတ်သန်းရမယ်လို့ ပြင်ဆင်ထားခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ထင်မှတ်မထားတာတွေ ဖြစ်လာခဲ့ပါတယ်။ သူမဟာ ကျေးလက်တောရွာမှာ ဆင်းဆင်းရဲရဲ နေထိုင်ရတော့မယ်လို့ ထင်မှတ်နေတဲ့အချိန်မှာပဲ ထောင်ယွမ်ရွာကို ရောက်သွားတဲ့ မုရှောင်းနွမ်တစ်ယောက် ကြောင်တောင်တောင် ဖြစ်သွားခဲ့ရပါတယ်။ သူမ မြင်လိုက်ရတာက ချန်းရန်ပြောတဲ့ တဲအိမ်လေး မဟုတ်ဘဲ စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းတဲ့ ဘုရင်တစ်ပါးလို စံအိမ်တော်ကြီး ဖြစ်နေခဲ့တယ်။ ချန်းရန်ဟာ ဘာလို့ ဒီလောက်တောင် ချမ်းသာနေတာလဲ။ ချန်းရန်ရဲ့လျှို့ဝှက်ချက်တွေနဲ့အတူ ကျေးလက်အလှတရားကြားက ချိုမြိန်တဲ့ အချစ်ဇာတ်လမ်းကို အားရစရာ ဇာတ်ကွက်တွေနဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ တစ်ကြောင်းထဲ မိတ်ဆက် [တိုက်ရိုက်ထုတ်လွှင့်မှု + အချစ် + လယ်ယာစိုက်ပျိုး + အိမ်မှာနေတဲ့ အဖေ]

