← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

68 01

အပိုင်း (၆၈) မုန့်သား နယ်ဖို့ လက်ထပ်သင်ပေးခြင်း … ဒီမုန့်သားက နူးညံ့ပြီး ဖြူဖွေးတယ်

“ဘယ်လို ခေါက်ဆွဲလဲဆိုတာကို ပြောလိုက်ရင်း ပျင်းစရာကောင်းသွားမှာပေါ့”

ချန်းရန်က လျှို့ဝှက်ဆန်းကျယ်သလို ပြုံးပြီး လျှို့ဝှက်ချက်အဖြစ် ထားသည်။

“ကျွတ် လျှို့ဝှက်ဆန်းကျယ်သလို လုပ်ပြန်ပြီ”

မုရှောင်းနွမ်က ထိုသို့ ပြောလိုက်သော်လည်း မျက်နှာတွင် ပျော်ရွှင်သော အပြုံးမျိုးက ပေါ်နေသည်။ တစ်စုံတစ်ယောက်က သူမကို ကျွေးမည့် ကိစ္စအတွက် ပျော်နေပုံရသည်။

ချန်းရန်က မုန့်သားကို နယ်သည်။ မုရှောင်းနွမ်က မေးကို လက်ထောက်ရင်း ထိုင်ကာ ကြည့်နေသည်။ သူမသည် နည်းနည်း ပျင်းလာပုံရသည်။ လှပသော မျက်လုံးက ချန်းရန်ကိုသာ ကြည့်နေသည်။

“ငါ့ယောက်ျားက မုန့်သားနယ်နေတဲ့အချိန်မှာ ချောလိုက်တာ”

မုရှောင်းနွမ်၏ မျက်နှာက ကျေနပ်မှုများ ပြည့်နှက်နေသည်။ ချန်းရန်ကလည်း မူလကတည်းက ချောပြီးသားဖြစ်သည်။ သို့သော် ယခုလို အလုပ်လုပ်နေသောအခါ ပို၍ချောသည်။

သေချာပေါက်ကိုပဲ အလုပ်လုပ်နေတဲ့ အမျိုးသားတွေက ချောတယ်။

“ဟင်”

သို့ရာတွင် မုန့်သားကို ဂရုတစိုက်နယ်နေသော ချန်းရန်က ရုတ်တရပ် ရပ်တန့်သွားသည်။ အကြောင်းမူကား မုရှောင်းနွမ်၏ နူးညံ့သော လက်တစ်စုံက ချန်းရန်၏ လက်ခုံပေါ်သို့ ကျလာကြောင်း မြင်လိုက်၍ ဖြစ်သည်။ ထိုလက်က နည်းနည်းအေးနေသည်။ ချန်းရန်၏ လက်ကို တိုက်ရိုက်လာကိုင်သည်။

“ဘာလုပ်တာလဲ”

ချန်းရန်က ခေါင်းကို နည်းနည်း စောင့်လိုက်သောအခါ နီးကပ်လွန်းနေသည့် နုနယ်သော မျက်နှာလေးကို လှမ်းမြင်လိုက်ရသည်။

နုနယ်သော မျက်နှာလေးနှင့် လှပသော မျက်တောင်များအရ ထိုကောင်မလေးသည် ဆိုးသွမ်းပြီး ချစ်စရာလေးဖြစ်သည်။

သူမ၏ ပါးက နည်းနည်းရဲနေသည်။ နှုတ်ခမ်းထောင့်လေးများကလည်း ကော့တက်နေသည်။ သူမသည် နူးညံ့ပြီး ညင်သာသော အပြုံးမျိုးနှင့် ပြောသည်။

“ယောက်ျား ငါလည်း မုန့်သားနယ်ချင်တယ်လေ ငါ့ကို သင်ပေးပါလား”

သူမ၏ နူးညံ့‌သော လက်ဖဝါးလေးက ချန်းရန်၏ လက်ပေါ်သို့ ညင်သာစွာ တင်ထားသည်။ ပေါ့ပေါ့ပါးပါးလေးတင်ထားခြင်း ဖြစ်သည်။ သို့သော် ချန်းရန်၏ နှလုံးသားပေါ်သို့ အလွန်လေးလံသော တူတစ်လက် ပြုတ်ကျလာသည်။

ဒီကောင်မလေးက ရန်စနေတာပဲ။

“ယောက်ျား”

ချန်းရန်က မလှုပ်ကြောင်း မြင်သောအခါ ထိုကောင်မလေးလည်း မနေနိုင်ဘဲ ထပ်ခေါ်သည်။ သူမ၏အသံက နူးညံ့ကာ ညင်သာပြီး လူအများအား တစ်ကိုယ်လုံး ထုံထိုင်းသွားစေသည်။

“ငါ့ကို ကူညီခွင့်ပြုပါ ဟုတ်ပြီလား”

ထိုကောင်မလေး၏အသံက ချိုသည်။ နုနယ်သော မျက်တောင်လေးများက တုန်သွားသည်။ သူမ၏ သန့်စင်ပြီး ဆွဲဆောင်မှုရှိသော ပုံစံက မငြင်းနိုင်အောင် ဖြစ်စေသည်။

“ကောင်းပြီ သင်ပေးမယ်”

ချန်းရန်ကပင် အံ့ဩသွားသည်။ သူက အသိပြန်ဝင်သောအခါ လက်ဖဝါးကိုပင် ဆွဲထုတ်လိုက်ပြီး ထိုကောင်မလေး၏ လက်ခုံပေါ်သို့ လှမ်းတင်ကာ တင်းတင်းကြပ်ကြပ် ကိုင်သည။

“လာ ငါလုပ်တဲ့အတိုင်းလုပ်”

ချန်းရန်က လက်ကို စလှုပ်သည်။ ထပ်ကိုင်ထားသော လက်ချောင်းများက မုန့်သားပေါ်နယ်သည်။ ထို့နောက် သူတို့သည်လည်း မုန့်သားနယ်ရခြင်းက စိတ်ဝင်စားစရာ မကောင်းသလို ခံစားရသည်။ ဒါက အရေးအကြီးဆုံး အပိုင်းမဟုတ်ပေ။ အရေးအကြီးဆုံး အပိုင်းကမူ နယ်နေသော လက်ဖြစ်သည်။

68 02

ထိုလက်သေးသေးလေးက နူးညံ့ကာ အရိုးမပါသလိုမျိုး ပျော့အိနေခြင်းဖြစ်သည်။ ယခုလိုမျိုး ကိုင်ဆောင်ထားရသောအခါ နွေးထွေးကာ နုနယ်သော ကျောက်စိမ်းတုံးလေးနှင့်တူပြီး နုနယ်ကာ ချောမွေ့ကာ အံ့ဩမှင်သက်စရာလေးဖြစ်သည်။

“အိုး ယောက်ျား ယောက်ျားရဲ့ နည်းလမ်းက ကောင်းလိုက်တာ”

မုရှောင်းနွမ်ကလည်း ချန်းရန်၏ သင်ပေးပုံကတဆင့် မုန့်သားကို နယ်နေသည်။ ထိုအခါမှသာ နို့နှစ်ဖြူရောင် မုန့်သားကြီးက သူမ၏ လက်ထဲတွင် ပုံသဏ္ဍာန်ပေါ်လာပုံကို ကြည့်ပြီး အလွန်အမင်း နူးညံ့ကာ ကိုင်တွယ်၍ ကောင်းပြီး သက်တောင့်သက်သာရှိသလို ခံစားရသည်။

“ဒါပေါ့”

ချန်းရန်ကလည်း လက်ကို လှုပ်နေရင်း ယုံကြည်မှုရှိစွာ ပြောသည်။ သူ၏ချက်ပြုတ်စွမ်းရည်ကြောင့် သူ၏လက်ထဲမှ ပွင့်လန်းလာသော မည်သည့် ခေါက်ဆွဲကမဆို နဂိုမူလ ဂျုံသားကိုပင် ပြိုင်ဘက်ကင်းသွားစေနိုင်သည်။ ဒါက သူ၏ ထူးခြားသော လက်ရာဖြစ်သည်။

ပိုဆိုးသည်မှာ သူသည် ယခုအချိန်တွင် ထိုကောင်မလေး၏ လက်ကို ကိုင်ထားသေးသည်။ ထို့ကြောင့် မုန့်သားနယ်ရသည်မှာ ပို၍ပင် သက်တောင့်သက်သာရှိလာသည်။ လက်ထဲမှ မုန့်သားလုံးကြီးကလည်း အလွန်နူးညံ့သည်။ ဒါဆို ထိုကောင်မလေးရဲ့ မုန့်သားကြီးကလည်း လုံလောက်အောင် နူးညံ့ရဲ့လား။

ချန်းရန်က အတွေးနက်သွားသည်။

“ယောက်ျား ဘာကြည့်တာလဲ”

မုရှောင်းနွမ်က ရုတ်တရပ် ချန်းရန်က စိတ်ပျံ့လွင့်နေကြောင်း သိလိုက်သည်။ သူ၏ လက်ထဲတွင်လည်း အင်အား အများကြီး မထည့်ထားပေ။ မုန့်သားကိုပင် ကောင်းကောင်း မနယ်တော့ပေ။ ထို့ကြောင့် သူမက သိလိုက်ပြီးနောက် ချန်းရန်ဟာ တောက်လောင်နေသော အကြည့်မျိုးဖြင့် တစ်နေရာကို စိုက်ကြည့်နေကြောင်း မြင်လိုက်သည်။ သူမကပင် ရှက်သွားပြီး ခပ်တိုးတိုးပြောသည်။

အိုး အရမ်းစိုးရိမ်ပြီး ရှက်တာပဲ… ငါ့ယောက်ျားက ငါ့ရဲ့ ရင်ဘတ်နေရာကို ကြည့်နေတယ်။

မုရှောင်းနွမ်၏ ခန္ဓာကိုယ်က အမှန်တကယ်ပင် ထူးချွန်သည်။ အနီးကပ်ကြည့်လိုက်ပြီး ယခုလို ချန်းရန်၏ရင်ခွင်ကို မှီနေချိန်တွင် ချန်းရန်၏ လက်မောင်းက သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေပြီး လက်ကို ထပ်ကိုင်ထားပုံက သူ၏ ပြင်းထန်သော အမျိုးသား ဟော်မုန်းကို အောက်ဖက်သို့ မြောက်ကြွလာစေသည်။ သူမဟာ တင်းတင်းကြပ်ကြပ် ဖိနှိပ်ထားသကဲ့သို့ နည်းနည်း စိတ်လွှင့်လာစေသည်။

“တအားကြီးပြီး အရမ်းနူးညံ့တယ်”

ချန်းရန်က မုရှောင်းနွမ်၏ ရင်ဘတ်ကို ကြည့်နေရင်း အလိုလျောက် တွေးလိုက်မိသည်။ သူသည် တစ်ရက်တွင် စမ်းကြည့်ရမည်ဟု တွေးနေမိသည်။

“ယောက်ျား ဘာတွေ တွေးနေတာလဲ”

မုရှောင်းနွမ်၏ မျက်နှာက ရဲတက်သွားသည်။ စကားကို သူမ၏ နားဖြင့် ဆက်ဆက် ကြားလိုက်သောအခါ ရုတ်တရပ် သူ၏ လက်များကပင် ပျော့ခွေနူးညံ့သွားပြီး မျက်နှာကပင် ရဲတက်သွားသေးပြီး ရှက်သွားသည်။ သူမသည် ချန်းရန်၏ မျက်လုံးကိုပင် မကြည့်ရဲတော့ပေ။

မုရှောင်းနွမ်က သူမ၏ ချစ်ခြင်းကို ဖုန်းကွယ်လေ့ မရှိဘဲ အတင့်ရဲစွာ ပြသလေ့ရှိသော်လည်း သူမသည် နုနယ်သော မိန်းမငယ်လေး ဖြစ်နေသေးသည်။ ထို့အပြင် အလွန်အမင်း တိတ်တိတ် ဆိတ်ဆိတ် နေတတ်သည်။ သူမ၏ ယောက်ျားက ထိုသို့ ဖြစ်နေပြီး ထိုသို့ ကြူလာသောအခါ အလွန်ရှက်သွားသည်။

“ဘာက ဒီလောက်ထိ နူးညံ့မှာလဲ”

မုရှောင်းနွမ်က နှုတ်ခမ်းကို အသာကိုက်သည်။ သူမ၏ အသံက ကြောင်ပေါက်လေးကဲ့သို့ နူးညံ့ကာ စေးကပ်ကပ်လေးဖြစ်နေသည်။ စေးကပ်ကပ်ဖြစ်လွန်းသဖြင့် မည်သည့်အမျိုးသားကိုမဆို မတောင့်ခံနိုင်အောင် ဖြစ်သွားစေသည်။

“ဒါဆိုရင် ယှဉ်ကြည့်ချင်လား”

68 03

ချန်းရန်က ရုတ်တရပ် မျက်ခုံးပင့်လိုက်ပြီးနောက်တစ်ခါ ထပ်နောက်သည်။

“အာ”

မုရှောင်းနွမ်က လှပသော မျက်လုံးကို တဖြတ်ဖြတ် ခတ်လိုက်သည်။ ရှည်လျားကာ နူးညံ့သော မျက်တောင်များ တုန်သွားသည်။

“ယှဉ်ကြည့်မယ်”

ဘုရားရေ သူမသည် အရှေ့မုန့်သားကို မြင်လိုက်သောအခါ သူမ၏ ကိုယ်ပိုင် မုန့်သားကဲ့သို့ ခံစားလိုက်ရပြီး ရုတ်တရပ် ထိုကဲ့သို့အနှိပ်ခံရမည့် အကြောင်းကို တွေးလိုက်သည်။

“အာ”

မုရှောင်းနွမ်၏ တစ်ကိုယ်လုံးက ရုတ်တရပ် တုန်ယင်သွားသည်။ သူမသည် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ ထိုအခိုက်အတန့်တွင် နှုတ်ခမ်းကိုပင် တင်းတင်း စေ့ပိတ်လိုက်ပြီး အလွန်အမင်းကို ချစ်စရာကောင်းသွားသည်။ သူမ၏ မျက်လုံးထဲတွင် ချစ်စရာကောင်းသော ပုံစံမျိုးလေးက ပေါ်လာသည်။ လက်ဖဝါးကပင် တုန်ယင်သွားပြီး ခပ်မြန်မြန် ပြန်ဆွဲထုတ်သည်။ ထို့နောက် အရှေ့ဖက်တွင် ကြက်ခြေခတ် ခတ်လိုက်ရင်း ပြောသည်။

“နင် ဘာလုပ်မလို့လဲ”

ချန်းရန်က ထိုကောင်မလေး၏ ရုတ်တရပ် လွန်ကဲလွန်းသော တုန့်ပြန်မှုကို ကြည့်ပြီး ရယ်သည်။ ထိုကောင်မလေးက အမှန်ပင် ရူးကြောင်ကြောင်နှင့် ချစ်စရာလေးဖြစ်သည်။ သူက နောက်လိုက်ရုံသာ ဖြစ်သည်။ သို့သော် ထိုမျှအထိ ရယ်စရာကောင်းသော ပုံစံမျိုးကိုပင် လုပ်လာသည်။ သို့သော် သူမက မုန့်သား နယ်ပြီးကာစ ဖြစ်၍ မုန့်သားများ အပြည့်နှင့် ဖြစ်သည်။

“ဟီးဟီး မင်းဘာကို အုပ်ထားလဲ ကြည့်ရအောင်”

ချန်းရန်က သတိပေးလိုက်သည်။

“အာ”

မုရှောင်းနွမ်ကလည်းနည်းနည်း ပဟေဠိ ဖြစ်သွားပြီး ငုံ့ကြည့်လိုက်ပြီး လက်ကို ပြန်ကြည့်လိုက်သည်။ ထိုအခါမှသာ ကြီးမားပြီး မျက်စိဖမ်းစားလွန်းသော နှင်းဖြူရောင်လက်ဖဝါးရာကြီးက နဂါးလက်သည်းရာဖြင့် ထိုးဖောက်ထားသကဲ့သို့ ထင်းထွက်နေကြောင်းမြင်လိုက်ရသည်။

“ဟင်…ဒါ…ဒါ…ဒါ နင့်အမှားပဲ”

မုရှောင်းနွမ်က အလွန်အမင်း ရှက်သွားသည်။ တစ်ယောက်ယောက်သာ မြင်သွားခဲ့ပါက ဒုက္ခရောက်ပေလိမ့်မည်။

“ဆရာသခင်ချန်း မင်းက ဒီမှာလား ငါတို့ဆီလာပြီး ငါတို့ရဲ့ လက်ရာကို မြည်းချင်သေးလား”

ထိုအချိန်တွင် ပရိုဂရမ်အသင်းမှ ဧည့်သည်များက တံခါးလာခေါက်သည်။

“အိုး မင်းတို့လည်း ချက်နေတာလား။ မင်းတို့ချက်တဲ့အရသာရှိတဲ့အစားအစာကို ကြည့်ခွင့်ရှိမလား”

“မရဘူး”

မုရှောင်းနွမ်က ရုတ်တရပ် အော်သည်။ သူမ၏ ကြောက်ရွံ့မှုက အမှန်တကယ် ဖြစ်လာသည်။ သူမက မုန့်သားကို ခပ်မြန်မြန် ခါပြီး ပုတ်ကြည့်သည်။ သို့သော် ထိုသို့ ပုတ်လေလေ ပိုထူလေလေ ဖြစ်လာသည်။

“ဟင် ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ”

ရိုက်ကူးရေးအသင်းမှ လူများကလည်း အံ့ဩသွားကြသည်။

“အသံက ကြောက်နေသလိုပဲ။ မီးဖိုခန်းထဲမှာ ဒဏ်ရာရသွားလို့လား”

အားလုံးကလည်း စိုးရိမ်ပူပန်မှုအပြည့်နှင့် အပြေးလာသည်။

“ဟန်နီ ငါ တောင်းပန်ပါတယ်”

အရေးပေါ် အခြေအနေမျိုးတွင် မုရှောင်းနွမ်က အံကိုကြိတ်ပြီး အတင့်ရဲသော အပြုအမူမျိုးကို လုပ်လိုက်သည်။

******

All Chapters