← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

115 01

အပိုင်း (၁၁၅)

အသံနောက်မှ လိုက်သွားသောအခါ တောင်ထိပ်၏တစ်နေရာမှ ကြီးမားသော ကျောက်တုံးကြီး အနောက်ဘက်သို့ ရောက်သွားသည်။ ထိုကျောက်တုံးကြီး အနောက်ဖက်တွင် ချောက်ကမ်းပါးက ရှိနေသော်လည်း မတူညီသော လောကကြီးတစ်ခုကို မြင်လိုက်ရလေသည်။ အကြောင်းမူကား ထူးဆန်းသော ဇလုံကြီးကဲ့သို့ မျက်နှာပြင်သွင်ပြင်ကြီး ဖြစ်နေသည်။ အလယ်တွင်လည်း သေးငယ်သော ကျောက်တုံးရေကန်လေး ရှိနေသေးသည်။ ပုံမှန်မဟုတ်သော ကျောက်တုံးများက ထိုပတ်ပတ်လည်တွင် ပုံနေသည်။ ထိုသေးငယ်သော ကျောက်တုံးရေကန်လေးထဲတွင် ဂလုဂလု ရေကျသံကို ကြားနိုင်သည်။

“ဖာ့ခ် ဒါမျိုးလည်း ရှိတာပဲလား”

“မြေမျက်နှာသွင်ပြင်က အံ့ဩဖို့ ကောင်းလိုက်တာ။ အဲဒီရှဉ့်လေးက လမ်းပြနေလို့မဟုတ်ရင် မမြင်နိုင်လောက်ဘူး”

“ဆရာသခင်ချန်း YYDS ငါသာဆိုရင် လုံးဝမြင်မှာမဟုတ်ဘူး”

မုရှောင်းနွမ်က ရောက်ရှိလာသည်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကလည်း ပေါက်ကွဲသွားတော့သည်။ ကွန်မန့်များက ပလူပျံကုန်သည်။ သူတို့၏ ကိုယ်ပိုင်မျက်လုံးဖြင့် မြင်ရသောကြောင့်သာ မဟုတ်လျှင် မည်သူကမှ အခုလို ခြားနားသော လောကတစ်ခုက တည်ရှိနေသည်ဟု ယုံကြည်နိုင်လောက်မည် မဟုတ်ပေ။ သဘာဝ၏ဖန်တီးမှုက အမှန်တကယ်ပင် မှင်သက်ဖွယ်ကောင်းသည်။

“ဘုရားရေ ဒါ ဒါက သက်ရှိရေကန်လား”

မုရှောင်းနွမ်ကပင် အရှေ့မှာ မျက်ကွင်းကို မြင်လိုက်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အရှေ့မှ ရေကန်ကို တအံ့တဩကြည့်နေ၏။ အထက်တွင် ချောက်ကမ်းပါးရှိသည်။ သို့သော် ရေက ကွဲအပ်ကြောင်းရာများမှ တောက်လျှောက် စီးကျလာကာ အောက်ဘက်တွင် ကန်ပြင် ဖြစ်လာသည်။ ကန်ထဲမှ ရေများကလည်း အလွန်ကြည်သည်။ စမ်းချောင်းကလည်း အလွန်မင်း အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသည်။ သူသောက်သော ရေသန့်ထက်ပင် ပို၍ပင် မျက်စိပဒါသ ဖြစ်သေးသည်။

ကန်ထဲက ရေများက လောကမှ အသန့်စင်ဆုံး ရေအတိုင်းကို ကြည်လင်နေခြင်းဖြစ်သည်။ မနေနိုင်ဘဲ လက်ထုတ်ထိကြည့်သောအခါ နွေးနေကြောင်း သိရသည်။ “

"တကယ်ကို သဘာဝရေပူစမ်းပဲ”

ချန်းရန်ကလည်း ခံစားကြည့် ထိုခိုက်အတန့်တွင် သူက ဘေးဘီကို ကြည့်သည်။ အခုက ဆောင်းတွင်း ကာလဖြစ်သည်။ ရာသီဥတုက အေးလာပြီဖြစ်သည်။ သို့သော် ကန်ထဲတွင် မြူနွေးငွေ့များ ရှိနေ၏။ ထို့ကြောင့် နတ်ဘုံနတ်နန်းမှ အိပ်မက်ရေကန်နှင့်ပင် တူကာ အလွန်ပင် အိပ်မက်ဆန်သည်။

“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က ဘဝရေတံခွန်ကို အောင်အောင်မြင်မြင် ရှာတွေ့သွားပါပြီ”

“ ဂုဏ်ယူပါတယ် ပိုင်ရှင်က ဘဝရေတံခွန်ကို ရှာတွေ့သွားလို့ အကျိုးမြတ်တွေ အများကြီး ရရှိမှာပါ။ ဒါက အခြားဂြိုလ်တွေက မှော်ရေအရင်းအမြစ် ဖြစ်ပါတယ်။ ဒါကို သောက်ခြင်းအားဖြင့် နွမ်းနယ်မှုကို ပြေပျောက်စေနိုင်တယ်။ ခန္ဓာကိုယ်ကို အင်အားပြည့်စေနိုင်တယ်။ အကြီးမားဆုံး အကျိုးမြတ်ကို လိုချင်တယ်ဆိုရင်တော့ တစ်နှစ်ပတ်လုံး မကြာခဏဆိုသလို ရေလာချိုးစေချင်ပါတယ်။ ဒါမှ အလားအလာတွေကို မြှင့်တင်ပေးနိုင်ပြီး လူတွေကို အင်အားကြီးမားစေလို့ အသက်အရွယ်ကြီးရင့်တာကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်”

ထိုအချိန်တွင် စနစ်ရဲ့အသံက ချန်းရန်၏စိတ်ထဲ ဟိန်းထွက်လာပြန်သည်။ သူ၏မျက်နှာက အပျော်လွန်သွား၏။ ဒါဟာ စနစ်က ထောက်ခံပေးသော ရေတံခွန်ဖြစ်သည်။

ဘဝရေတံခွန်က စနစ်က ထောက်ပံ့ပေးပြီး အခုလို မှော်သက်ရောက်မှုများ ရှိနေကတည်း ချန်းရန်ကလည်း လက်တစ်ဆုပ်စာကို ခပ်ယူလိုက်ပြီးနောက် သောက်ကြည့်လိုက်သည်။

ရေက နွေးထွေးသည် ပါးစပ်ထဲတွင် အချိုအရသာကို ရ၏။ ပုံမှန်ရေသန့်ထက် အများကြီး အစိုဓာတ် ပြင်းထန်သည်။ သူက တစ်ငုံသောက်လိုက်ရုံနှင့် သူ၏ ခြောက်သွေ့နေသော ပါးစပ်ကလည်း မိုးရွာပြီးနောက် ဆီးနှင်းများ ကျန်ရစ်သကဲ့သို့ပင် စိုလန်းသွားကာ ရေမဆာတော့သလို ခံစားလိုက်ရလေသည်။ ပိုဆိုးသည်မှာ ခြောက်သွေ့နေသော လည်ချောင်းကပင် ငုံဆးပြား စားလိုက်သကဲ့သို့ ပုံမှန်မဟုတ်လောက်အောင် လန်းဆန်းသွားလေသည်။

“အင်း”

115 02

ယခင် တောင်တက်လာခဲ့သောကြောင့် ညောင်းညာ နွမ်းနယ်မှုများအားလုံးက ယူပစ်သလို ပျောက်သွားသည်။ ထိုရေကို တစ်ငုံသောက်လိုက်ပြီးနောက်တွင်ပင် တစ်ကိုယ်လုံးက လန်းဆန်းသွားလေသည်။ သူသည် ပြန်လည်မွေးဖွားလာသလိုပင် ခံစားလိုက်ရသည်။ ယခင်ကထက် သက်တောင့်သက်သာရှိနေသည်။

“တကယ်ကို သက်ရောက်မှုရှိတာပဲ”

ချန်းရန်၏မျက်လုံးက တောက်ပသွားသည်။ သူ၏ တစ်ကိုယ်လုံးက လန်းဆန်းနေ၏။ မောပန်းနွမ်းနယ်မှုများ အားလုံး ပျောက်သွားပြီဖြစ်သည်။ အင်အားကလွဲပြီး အလွန်အမင်း လန်းဆန်းမှုကိုသာ ရသည်။

ထိုဘဝရေတံခွန်က အမှန်တကယ် မှင်သက်ဖွယ်ကောင်းသည်။ အနီရောင်နွားသိုး တစ်ဘူး(အအေးတံဆိပ်)ထက်ပင် အများကြီး သက်ရောက်မှု ပြင်းထန်သည်။ သို့ရာတွင် သူက ဒုတိယတစ်ငုံသောက်သောအခါ သက်ရောက်မှုက မသိသာတော့ပေ။

“တင်ပိုင်ရှင်ကို သတိပေးပါတယ်။ အကျိုးမြတ်တွေ ပိုပြီးရချင်ရင် ရေချိုးတာက အကောင်းဆုံးပါပဲ”

“တင် ပိုင်ရှင်ကို သတိပေးပါတယ်။ ဘဝရေတံခွန်ကို သောက်တဲ့ အကောင်းဆုံးနည်းလမ်းက ရေကို အပင်တွေကို လောင်းတာပါပဲ။ မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတွေကို ရရှိမှာပါ”

“ကျေးဇူးပြုပြီး မြန်မြန် စမ်းကြည့်ပါ”

ထိုစနစ်အသံက ချန်းရန်ကိုပင် အံ့ဩစေသေးသည်။ ထိုကဲ့သို့ ထူးဆန်းသော ရေပူစမ်းရေက အပင်ရေလောင်းရန် အသင့်တော်ဆုံးဟု ဆိုလာသည်။ သောက်သုံးသည့် အချိန်တွင်ပင် အထူးတလည် ကောင်းမွန်သော သက်ရောက်မှုကို ရရှိသေးသည်။ သို့သော် အပင်ကို ရေလောင်းမည်ဆိုပါက ကြောက်စရာကောင်းသည့် ပြောင်းလဲမှုများ ရှိလာလောက်သည်။

ချန်းရန်၏မျက်လုံးကပင် တောက်ပလာသည်။ သူပြန်သွားသည်နှင့် သေချာပေါက် ကြိုးစားကြည့်ရပေမည်။ သို့ရာတွင် ထိုရေ၏ နောက်ထပ် အသုံးဝင်ပုံက ရေချိုးခြင်းဖြစ်သည်။ သောက်ရုံနှင့်ပင် ထိုသို့ သက်ရောက်မှု ရှိလွန်းနေသည်။ ထို့နောက် ရေချိုးလိုက်ခြင်းအားဖြင့် အလားအလာများ အားလုံးကို မြှင့်တင်ပေးနိုင်လောက်သည်။

“ဟင်”

မုရှောင်းနွမ်ကလည်း ချန်းရန်၏ အကြည့်ကို သတိထားမိ၍ အမူအရာက လှုပ်ရှားသွားသည်။ သူမက ရုတ်တရပ် သိချင်လာသည်။

ဘာလို့ ယောက်ျားရဲ့ အကြည့်က နည်းနည်းမှားနေရတာလဲ။

တစ်ခုခုကို ဖုံးကွယ်ထားတာလား။

တစ်ခုခုတော့ မဟုတ်တော့ဘူး။

“ယောက်ျား ယောက်ျား ရေက အရသာရှိလား”

မုရှောင်းနွမ်က စပ်စုလာသည်။ သူမသည်လည်း ယောက်ျားဖြစ်သူက မပြောချင်မှန်း သိလိုက်ပြီး မမေးတော့ဘဲ ရေပူစမ်း၏ အရသာကိုသာ စိတ်ဝင်စားတော့သည်။

“မဆိုးပါဘူး သောက်ကြည့်လေ”

“အင်း”

မုရှောင်းနွမ်က ရေဆာနေသည်မှာ ကြာပြီဖြစ်သည်။ သူမသည်လည်း ချန်းရန်၏ စကားကို ယုံကြည်သည်။ ထိုကြောင့် ချက်ချင်းဆိုသလိုပင် သူမအိတ်ထဲက ပန်းရောင် သာမိုခွက်လေးကို ထုတ်လိုက်ကာ ရေနည်းနည်း ဖြည့်လိုက်သည်။ ချန်းရန်နှင့် မတူညီစွာပင် သူမက အိတ်ထဲတွင် ပစ္စည်းသေးသေးလေးတွေကို တောက်လျှောက် သယ်လာသေးသည်။ ယခုမူ အလျှင်းသင့်သွားလေပြီ။ ကောင်မလေးများက ရေသောက်ချိန် စားချိန်တွင်ပင် အလွန်မျိုး ကြော့ရှင်းတတ်သည်။ မုရှောင်းနွမ်၏ ထိုသို့ရေသောက်ပုံကပင် မိန်းမငယ်လေးတစ်ယောက်၏ ကြည့်ကောင်းပုံကို ဖော်ပြသေးသည်။ မည်သည့်အသံမှပင် မထွက်ဘဲ ညင်သာစွာသာ ငုံသောက်လေသည်။

“ဟင်”

သို့ရာတွင် သူမက သောက်ပြီးသည်နှင့် မုရှောင်းနွမ် အံ့ဩသွားသည်။

ဘုရားရေ ဒီရေက အရသာ အရမ်းရှိတာပဲ ချိုလိုက်တာ။

ချိုရုံတင်မဟုတ်ဘူး တစ်ငုံသောက်ပြီးသည်နှင့် နွမ်းနယ်သော ခန္ဓာကိုယ်က ပြင်ဆင်ခံရသလို ခံစားလိုက်ရသည်။ ကောင်းကောင်းအိပ်စက်လိုက်သကဲ့သို့ပင် အင်အားပြည့် ဖြစ်သွားသည်။

115 03

“ဒီစမ်းရေက တကယ်ကို လန်းဆန်းစေတယ်မလား”

မုရှောင်းနွမ်ကလည်း ဖော်ပြရခက်ခဲသည်ဟု ခံစားနေရသည်။ သူမက ချန်းရန်ကို တအံ့တဩ ကြည့်ပြီး ပြောသည်။

“ယောက်ျား ယောက်ျား ငါ့မှာ ရေအများကြီး ရှိနေသေးတယ်။ သောက်ချင်သေးလား ငါနည်းနည်းပေးမယ်လေ”

“မင်းဘာသာမင်း သောက်ပါ ငါဝပြီ”

ချန်းရန်က ပြန်ဖြေလိုက်ပြီးနောက် ရေရွတ်သည်။

“ဒါပေမယ့် ငါ့ကိုသာ တကယ်စမ်းသပ်မယ်ဆိုရင်တော့ ဒီနေ့ ရေကို ပြန်ယူသွားရလိမ့်မယ်”

“အရင်ဦးဆုံး ဒီပုံးကြီးကို ဖြည့်ရအောင်”

ချန်းရန်က ထိုဘဝစမ်းရေက မည်မျှအထိ မှော်ဆန်ကြောင်း သိနေသည်။ ထို့ကြောင့် မန်ထုံကို ချည်ထားသော ပလတ်စတစ်ပုံးကိုပင် ချွတ်လိုက်ကာ ရေအပြည့်ဖြည့်သည်။

“ဖာ့ခ် ဆရာသခင်ချန်းက ဘာလို့ ဒီပလတ်စတစ်ပုံးကို ယူလာလဲဆိုတာ ငါသိသွားပြီ”

“ဘာ ရေတွေ ဖြည့်နေတယ် ပြန်ယူသွားမလို့လား”

“ဆရာသခင်ချန်း : ငါရေတော့ မထုတ်နိုင်ဘူး သဘာဝအထမ်းသမားပဲ”

“ဖာ့ခ် ဒီရေက တကယ်အရသာ ရှိတာလား။ ရှောင်းနွမ်က မကျေနပ်သေးတဲ့ပုံပဲ ဆရာသခင်ချန်းကိုတောင်မှ နောက်ထပ်တစ်ခွက် တိုက်ဦးမလို့တဲ့”

ချန်းရန်က ထိုရေပုံးနှင့်အတူ နွေဦးစမ်းရေကို အမှန်တကယ် ဖြည့်နေကြောင်း မြင်သော်အခါ ကြည့်ရှုသူများကလည်း အံ့ဩမှင်သက်ကုန်ကြသည်။ သူတို့သည် ဆရာသခင်ချန်းက ထိုသို့ ပြုမူမည်ဟု မထင်ထားကြပေ။ သို့သော် အားလုံးက အလွန်အံ့ဩနေကြသည်။ ထိုစမ်းရေ၏အရသာက အမှန်တကယ် ခြားနားနေသောကြောင့် ဖြစ်လောက်သည်။

သို့သော် ထိုအချိန်တွင်

ကျွီ ကျွီ

အချို့သော အကြောင်းပြချက်များကြောင့် ရှဉ့်လေးက အပြေးလာသည်။ သူသည် ကုန်းပြီးနောက် ချန်းရန်၏ ထိုရေပုံးကြီးကို လှမ်းလုသည်။ သူသည်လည်း ဆင်ခြေထောက်ကို ဖက်ထားသော ယုန်ပေါက်တစ်ကောင်နှင့်ပင် တူသည်။ သူမနိုင်ပေ။ သို့သော် ရအောင် ဖက်ထားသေးသည်။ ထို့အပြင် မလွတ်ပေးတော့ဘဲ အော်ဟစ်သည်။ သိသာစွာပင် ထိုကောင်လေးက အတော်လေး အခြေအနေ ဆိုးနေသည်။ ဒီနေရာကို သူ့နယ်မြေဟု သတ်မှတ်ထားခြင်း ဖြစ်သည်။ မမျှော်လင့်ထားစွာပင် ထိုလူဆိုးကောင်ကြီးက စားစရာကို လုပြီးသည့်အပြင် ထောင်ချောက်လည်း ဆင်ကာ ဖမ်းသည်။ ယခု သူ၏အခြေချစခန်းကိုလာကာ အဖိုးတန်ဆုံးသောအရာကို လာလုနေသည်။ ဒါဟာ ခွင့်ပြု၍ မရနိုင်သော ကိစ္စဖြစ်သည်။

ထို့ကြောင့် ထိုရှဉ့်ကလည်း မည်သည့်နည်းနှင့်မှ ထိုရေကို ယူသွားခွင့် မပြုနိုင်ပေ။

******

All Chapters