← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

34 01

အပိုင်း (၃၄) ငါ့သမီး ဘယ်က ယုံကြည်မှုတွေနဲ့များ လူကြီးမင်းချန်းနဲ့ ထိုက်တန်တယ်လို့ တွေးလိုက်တာလဲ။

“လူကြီးမင်းလန်”

လျှိုရှောင်းရှီက လူကြီးမင်းလန်၏ ပြောင်မြောက်သော ပန်းချီကားများကို ကြည့်ပြီးကာစ ဖြစ်သည်။ ဒါဟာ သူ၏ အနုပညာကို ကိုးကွယ်ဆည်းကပ်ခြင်းပင် ဖြစ်သည်။

“လူကြီးမင်းလန်က ဘာလုပ်နေတာလဲ”

အပြေးသွားသော လျှိုရှောင်းရှီက မနေနိုင်ဘဲ ရပ်တန့်လိုက်ရသည်။ သူမသည် အသည်းအသန် အပြေးသွား၍ လူကြီးမင်းလန်ကို ချက်ချင်း အနှောက်အယှက်ပေးလိုက်၍ မရပေ။ အကြောင်းမူကား ထိုအခိုက်အတန့်တွင် လူကြီးမင်းလန်က ပန်းချီကားချပ်ကို ရှင်းပြနေကြောင်း မြင်လိုက်ရ၍ ဖြစ်သည်။

“လူကြီးမင်း အမျိုးသမီးတို့ ဒီပန်းချီကားချပ်က အတိတ်ဆယ်စုနှစ်ပေါင်းများစွာ အတွင်းမှာမှ ရှုခင်းပန်းချီကားတွေထဲက အကောင်းဆုံးလို့ သတ်မှတ်နိုင်တယ်”

သူ၏ အရှေ့မှ ပန်းချီကားချပ်ကို ကြည့်နေရင်း လူကြီးမင်းလန်က စိတ်လှုပ်ရှားနေသည်။

“ဒီစုတ်ချက်တွေ လိုင်းကြောင်းတွေက အရမ်းကို အင်အားအပြည့်ပါပြီး သန်မာလွန်းတယ်။ နောက်ပြီး ဒီဖက်မှာ စုတ်ချက် တော်တော်လေးကို နည်းနေသေးတာနော်။ ဒါကတင် ကျယ်ပြောတဲ့ နေဝင်ချိန်ရှုခင်းကြီးကို ပြသနိုင်နေတယ်”

“ဒီနေရာ ဒီနေရာ…နောက်ပြီး ဒီနေရာတွေမှာဆိုရင် အားလုံးက စုတ်ချက်တွေ နည်းနေတဲ့အပိုင်းတွေပဲ ဒါပေမဲ့လည်း ဒီစုတ်ချက်တွေကနေတဆင့် ပန်းချီဆွဲသူရဲ့ စိတ်အခြေအနေကိုတောင် လှမ်းမြင်နိုင်တယ် ထူးချွန်တဲ့ လက်ရာတွေနဲ့ ပန်းချီဆရာအိုကြီးတွေတောင်မှ ဒီလိုမျိုး မလုပ်နိုင်ဘူး”

“ဒီလိုစုတ်ချက်တွေနဲ့ အနုပညာချိတ်ဆက်မှုက အားလုံး ပထမတန်းစားပဲ ငါ့ရဲ့ ထင်မြင်ချက်အရဒီလို ပန်းချီကားမျိုးကို တစ်ချက် ကြည့်လိုက်ရုံနဲ့တင် ဒီလိုလှပပြီး သဘာဝကျတဲ့ ရှုခင်းတွေထဲမှာ လုံးဝ နစ်မြုတ်သွားစေနိုင်အောင် ဆွဲဆောင်နိုင်တယ် အိပ်ပျော်နေရင်တောင်မှ လှပတဲ့ နယ်မြေစာလိပ်ထဲမှာ ဝင်အိပ်နေရသလို ခံစားချက်မျိုးပေါ့”

“ဒီပန်းချီကားချပ်က ငါ့ရဲ့ ပန်းချီကားချပ်တွေထက်တောင် မနိမ့်ဘူး နောက်ပြီး ဈေးနှုန်းကလည်း အလားတူဖြစ်လိမ့်မယ် ပြောရမယ်ဆိုရင် ဒီလို ထည်ဝါတဲ့ ရှုခင်းပုံ ပန်းချီကားချပ်ပေါ်မှာမှ အနုပညာဆန်တဲ့ ချိတ်ဆက်မှုတွေကို ထည့်ကြည့်လိုက်ရင် လူအများကိုတောင် အမြင်ကျယ်စေသေးတယ် ဆိုတော့ ဒီပန်းချီကားချပ်ကိုသာ လေလံတင်မယ်ဆိုရင် တန်ကြေးကလည်း ငါ နောက်ဆုံးအနေနဲ့ တင်ခဲ့တဲ့ တစ်ခုထက် မနိမ့်နိုင်ဘူး”

ထိုစကားလုံးများထွက်လာပြီးနောက် ကြည့်ရှုသူများအားလုံးက အုတ်အော်သောင်းနင်းဖြစ်သွားသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာကလည်း ထိုရှုခင်းပုံ ပန်းချီကားကို သေသေချာချာ ကြည့်ကြသည်။ အားလုံး၏ စိတ်ဝင်စားမှုက လှုံ့ဆော်ခံရသည်။

“ဘယ်လောက် လှလိုက်တဲ့ ပန်းချီကားချပ်လဲ”

အပြင်ဖက်နားတွင် ရပ်နေသော လျှိုရှောင်းရှီက လူကြီးမင်းလန်ကိုသာ အာရုံစိုက်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် ထိုရှုခင်းပုံ ပန်းချီကားချပ်ကို မြင်ကာ စိတ်လွတ်သွားသည်။

ထိုပန်းချီကားချပ်က ခမ်းနားလွန်းသည်။ နက်နဲသည့်အပြင် တိတ်ဆိတ် အေးချမ်းလွန်းသည့် အနာပညာချိတ်ဆ်ကမှုမျိုးကိုလည်း ပေါင်းစပ်ထားသေးသည်။ ထို့ကြောင့် လူအများအား ထိုပန်းချီကားချပ်အတွင်းတွင်သာ လုံးဝ နေထိုင်ချင်စိတ် ပေါက်လာစေသည်။ ထို့ကြောင့် ရိုးရှင်းစွာပင် ရစ်မူးစေသည်။

ဖော်ပြဖို့ခက်လိုက်တာ

ဒါက ဘယ်သူ့ ပန်းချီကားချပ်လဲ။

လျှိုရှောင်းရှီက အမှန်တကယ် အံ့ဩသွားသည်။ လူတိုင်းက ထိုပန်းချီကားချပ်ကို မည်သည့်အတွက်ကြောင့် လာကြည့်နေကြမှန်း နောက်ဆုံးတွင် နားလည်လိုက်ပြီး ဖြစ်သည်။ သူမကိုသာ ရွေးချယ်ခိုင်းမည်ဆိုလျှင်လည်း ထိုပန်းချီကားချပ်ကိုသာ ရွေးချယ်ဖြစ်လောက်သည်။

ပန်းချီဆွဲသော သူတစ်ယောက်၏ ဆုံးဖြတ်ချက်အရ ထိုပန်းချီကားပိုင်ရှင် သည်လည်း အမြင်ကျယ်ပြီး တည်ငြိမ်အေးချမ်းသော အံ့အားသင့်စရာကောင်းသော လူတစ်ယောက်ဖြစ်လောက်သည်။ သာမာန်လူများက သူနှင့် မယှဉ်နိုင်လောက်ပေ။

“လူကြီးမင်းလန်လား”

ယခင်ကသာဆိုလျှင် သူမကလည်း တုံ့ဆိုင်းမနေဘဲ ထိုသို့ တွေးမိလောက်သည်။ သို့သော် လူကြီးမင်းလန်၏ ဖော်ပြချက်နှင့် နက်နဲသော အနုပညာ ချိတ်ဆက်မှုများအကြောင်းကို ကြားသိပြီးနောက်ဆုံးတွင် လူကြီးမင်းလန်ကပင် အတော်လေး လိုအပ်ချက် ရှိနေသေးကြောင်းခံစားလိုက်ရသည်။

“အားလုံးပဲ ဒီနေ့ ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက်က ဒီပန်းချီကားချပ်အတွက်ကြောင့်ပါ ကျေးဇူးပြုပြီး ငါတို့ရဲ့ မျိုးဆက်သစ် ထူးချွန်တဲ့ ပန်းချီဆရာသခင် လူကြီးမင်းချန်းကို မိတ်ဆက်ပေးပါရစေ”

ထိုအချိန်တွင် လျှိုရှောင်းရှီက စိတ်ရှုပ်ထွေးနေသော အချိန်သာ ရှိသေးသည်။ လူကြီးမင်းလန်က ရုတ်တရပ် ပန်းချီဆွဲသူကို ကြေညာလိုက်သည်။ လူကြီးမင်းချန်းကလည်း နောက်ဆုံးတွင် ထွက်ပေါ်လာလေသည်။

34 02

“ဘုရားရေ ငါဒီနေရာကို မလာခင်က လူကြီးမင်းလန်ဆီကနေ တဆင့် လူကြီးမင်းချန်းက အံ့အားသင့်ဖွယ်ကောင်းတဲ့ လူဆိုတာကို ကြားထားတယ်။ သူပြောတာနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေမယ်လို့ထင်တာ တကယ်ကို ချောမောတဲ့ ကောင်လေးပဲ”

လူကြီးမင်းပန်း : “ငယ်ရွယ်တဲ့ ပါရမီရင် လူငယ်လေး ပန်းချီဆရာသမိုင်းတစ်လျှောက်မှာ အချောဆုံး တစ်ယောက်ပေါ့”

“ပြီးပြည့်စုံတယ် လုံးဝကို ပြီးပြည့်စုံတာပဲ ဒီလောက်ချောတဲ့ကောင်လေး နောက်ပြီး သူဆွဲတဲ့ လက်ရာကလည်း ပြီးပြည့်စုံတယ်”

“အခုနှစ်တွေ အတောအတွင်းမှာ ငါတို့ရဲ့ တိုင်းပြည်က ပန်းချီအသိုင်းအဝိုင်းထဲမှာ ပန်းချီပညာရှင်တွေ အများကြီး ပေါ်လာတာ ပထမဦးဆုံးတစ်ယောက်က အခုတော့ လူကြီးမင်းချန်း ဆိုတော့ နံရံ နှစ်ထပ်လို့ ပြောလို့ရပြီ”

ကြည့်နေသော လူတိုင်း အားလုံးက မှင်သက်နေကြသည်။ ချန်းရန်၏ ပေါ်ပေါက်လာခြင်းက အားလုံးကို မှင်သက် အံ့ဩစေသည်။ ရောက်နေကြသော ကြည့်ရှုသူများက မည်မျှချော မည်မျှ လှနေစေကာမူ ချန်းရန်၏ အရှေ့တွင်ပင် နိမ့်ကျမှုကို ခံစားရသည်။

“ဘယ်လောက်‌တောင် ပြီးပြည့်စုံတဲ့လူလဲ ဒါက မူလရေးဆွဲသူလား”

လျှိုရှောင်းရှီက ချန်းရန်ကို မှင်သက်စွာ ကြည့်နေသည်။ သူမ၏ မျက်လုံးကပင် ခမ်းနားသော အလင်းများကို လွှတ်ထုတ်နေသည်။ ထိုထဲတွင် မှင်သက်မှုနှင့် လေးစားမှုများကို မြင်နိုင်သည်။

“အာ”

လောင်မူသည်လည်း ဘေးဖက်မှနေ၍ သက်ပြင်းချနေသည်။ သူသည်လည်း ကူကယ်ရာမဲ့နေရသည်။

ဘယ်သူက စင်ပေါ်က လူတွေကို သူတောင် မှင်သက်အံ့ဩရလောက်အောင် တောင်ပခိုင်းလို့လဲ။ ကြည့်ရတာသူ့ရဲ့ ဇနီးက နောက်ထပ် အိုင်ဒေါရပြန်ပြီ ထင်တယ်။

“မား ဘယ်လိုထင်လဲ ငါပြောတဲ့ အတိုင်းပဲမလား။ ဒီလူကြီးမင်းချန်းက လူကြီးမင်းလန်ထက်တောင် အင်အားကြီးတယ်နော် ဟုတ်တယ်မလား”

မုရှောင်းနွမ်က ဂုဏ်ယူစွာနှင့် အနားသို့ လာကြည့်သည်။ သူမက ဂုဏ်ယူနေသည်။ စင်ပေါ်တွင် ရပ်နေသော သူက ချန်းရန်က မဟုတ်ဘဲ သူမ ကိုယ်တိုင်ဟုပင် ခံစားနေရသည်။

အာ မုရှောင်းနွမ် မုရှောင်းနွမ် နင်သာအခုလိုချင်မယ်ဆိုရင် ချန်းကောကောရဲ့ နံဘေးမှာ ရပ်လိုက်ရုံပဲ ဒါက မုရှောင်းနွမ်ရဲ့ ယောကျ်ားလို့ တစ်လောကလုံးကို ပြောလိုက်ရုံပဲ ဟီး အရမ်းချောတာပဲ၊

စီနီယာအစ်ကိုချန်းရဲ့ ရုပ်ရည်နဲ့ စိတ်နေသဘောထားက ဘယ်တော့မှ ပျင်းစရာ မကောင်းဘူး။

မုရှောင်းနွမ်သည်လည်း ကြည့်ရုံဖြင့်ပင် သေတော့မည်ဟု ခံစားနေရသည်။

“အင်း မဆိုးပါဘူး”

ပထမဦးဆုံးအကြိမ်အဖြစ် မားလျှိုရှောင်းရှီက မုရှောင်းနွမ်ကို မဆူခဲ့ချေ။ သူမက သဘောတူခဲ့သည်။

“ဆရာသခင်ချန်းကတကယ်ကို အံ့ဩဖို့ကောင်းတာပဲ ငယ်လည်းငယ်တယ် နောက်ပြီး ကြိုးစားအားထုတ်မှုတွေ အောင်မြင်မှုတွေကလည်း မှင်သက်ဖို့ကောင်းနေတယ် ဘယ်လိုကောင်မလေးကများ သူနဲ့ ထိုက်တန်မှာပါလိမ့်”

“ဟွန့်”

မုရှောင်းနွမ်က နှာခေါင်းရှုံံ့သည်။ သူက စိတ်ထဲတွင် ခိုးပျော်နေသည်။

မားမား မားပြောနေတဲ့ ကောင်မလေးက အရမ်းမဝေးဘူး ဒီနားမှာတင် ဒီနားမှာတင် မားရဲ့သမီးက ဘယ်လောက်တောင် တော်လိုက်သလဲ။

“ဘာတွေကို အံ့ဩစရာကောင်းနေတာလဲ”

သို့သော် မမျှော်လင့်ထားစွာပင် နံဘေးရှိ ပါး မုချန်းဖုန်းထဲမှ အသံထွက်လာသည်။

“ဒီအတိုင်း ပန်းချီကားပါပဲ ဘာတွေများကြီးကျယ်နေလို့လဲ”

34 03

မုချန်းဖုန်း၏အသံက ချဉ်စုတ်နေသည်။ သိသာစွာပင် သူသည်လည်း ချန်းရန်နှင့် ပက်သက်ပြီး နည်းနည်း မပျော်မရွှင်ဖြစ်နေသည်။ မည်သို့ပင်ဆိုစေ သူသည်လည်း သူ၏ဇနီးဖြစ်သူက ထိုပါရမီရှင်ကို အလွန်ချီးကျူးလွန်းနေသည်။ ထို့ကြောင့် လူအိုကြီး၏ ယောက်ျားသိက္ခာကလည်း ကျသည်ဟု ခံစားလိုက်ရသည်။

“ဘာ ဘာတွေ ပြောနေတာလဲ ဆရာသခင်ချန်းက မပြီးပြည့်စုံလို့လား”

မုရှောင်းနွမ်က နည်းနည်း မပျော်မရွှင်ဖြစ်သွားသည်။

ပါးက ဘယ်လိုကြောင့်များ သူမယောက်ျားကို ဒီလို ပြောတာလဲ ဟင်….

ထို့နောက် မုရှောင်းနွမ်သည်လည်း ချန်းရန်ကို အရင်ဦးဆုံး ခုခံရန် ဆုံးဖြတ်လိုက်သည်။

“မင်းက ဘာကို ဆိုလိုတာလဲ”

မုချန်းဖုန်း၏ မျက်နှာက မဲမှောင်သွားပြီးပြောသည်။

“ကောင်းပြီ ကောင်းပြီ မင်းရဲ့ မားကို နားဖို့ ခေါ်သွားလိုက်အုံး ငါတို့ ခရီးလမ်းအဝေးကြီး လာခဲ့ရတာ ရေတစ်ငုံတောင် မသောက်ရသေးဘူး”

“အာ”

မုရှောင်းနွမ်က နည်းနည်း ထူးဆန်းသလို ခံစားလိုက်ရသည်။

ပါးက ဘာလို့သေနတ်ကိုင်ထားတာလဲ ချစ်ရတဲ့ သမီးလေးကိုတောင် ဒေါသထွက်နေတယ်။

ဟွန့်

မပျော်တော့ဘူး။

မုရှောင်းနွမ်က စကားပြောပြီး တိုက်ရိုက်ပင် ဖော်ထုတ်တော့မည့်အချိန်တွင်..

“အို စကားမစပ် ဆရာသခင်ချန်း မင်းက ရှုခင်းပုံဆွဲတဲ့ နေရာမှာ တော်တော် တော်တယ်လို့ ကြားတာ ဒါပေမဲ့ ပန်းချီပုံတွေကော ဆွဲခဲ့သေးတယ်မလား လူပုံ ပန်းချီကော မရှိဘူးလား”

စင်မြင့်ပေါ်မှ လူပေါင်းများစွာက ချန်းရန်ကို မေးခွန်းထုတ်နေကြသည်။

“အာ…ငါနဂိုက ဒါကို ပြောဖို့ ရည်ရွှယ်ချက်တော့ မရှိဘူး”

ချန်းရန်က ပြုံးရင်းဖြေသည်။

“တကယ်တော့ လူပုံပန်းချီကားတစ်ချပ် ရှိတယ်၊ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီပန်းချီကားကလည်း ပြီးသွားပြီဆိုတော့ အားလုံးကိုတော့ ပြလို့ရပါတယ်”

ထိုသို့ပြောပြီးသည်နှင့် ချန်းရန်ကလည်း နောက်ထပ် ပန်းချီကားချပ်ကို ထုတ်လာပြီး တဖြည်းဖြည်း ဖြည်လိုက်သည်။

ရွှစ်

ထိုအချိန်တွင် လူတိုင်း၏မျက်လုံးကပန်းချီကားပေါ် ရောက်သွားပြီးနောက် ပင့်သက်ရှိုက်လိုက်ကြသည်။

အဆုံးသတ်နားတွင် ပန်းချီကားက တဖြည်းဖြည်းပွင့်သွားသည်။

“ဝိုး”

ထိုအချိန်တွင် အားလုံးက တအံ့တဩအော်ကြသည်။ ဒါဟာအမှန်ပင် လူပုံ ပန်းချီကားချပ် ဖြစ်သည်။ စုတ်ချက်များကလည်း အလွန်နုနယ်သည်။ လူကြီးမင်းလန်လောက် ဟိုက်ပါ ဖြစ်လွန်းသော အနေအထားမျိုးကြီး မဟုတ်ဘဲ လူတစ်ယောက်၏ ဝိဉာဉ်ကိုပင် သယ်ဆောင်ထားခြင်းဖြစ်သည်။

နုနယ်သည် ချစ်စရာကောင်းပြီး ရူးကြောင်ကြောင်နှင့် ချစ်စရာ ပုံစံလေးဖြစ်သည်။ သို့သော် အလွန်အမင်းလည်း လှပသေးပြန်သည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် စိတ်ကို ကုစားပေးနိုင်သည်။

“ဒါ ဘာလို့ ဒီပန်းချီကားထဲက မိန်းမက ရှောင်းနွမ်နဲ့ တူနေသလို ခံစားနေရတာလဲ”

ယန်ရွှယ်က မျက်မှောင်ကြုတ်ပြီး မုရှောင်းနွမ်ကိုကြည့်သည်။ သူမ၏ မျက်နှာတွင် အဓိပ္ပာယ်အပြည့်ပါသော အပြုံးမျိုး ပေါ်လာသည်။

“ဟင် ဟုတ်သားပဲ ငါ့သမီးနဲ့ တော်တော်တူတယ်နော်”

34 04

လျှိုရှောင်းရှီကပင် တစ်စုံတစ်ရာက မှားယွင်းနေကြောင်းသိလိုက်သည်။ သူမက မုရှောင်းနွမ်ကို စူးစမ်းသလို ကြည့်သည်။ တစ်ခဏခန့် မှင်သက်သွားသည်။

ဘာလို့ ငါ့သမီးက ငိုနေတာလဲ။

ပြောရမည်ဆိုလျှင် ထိုပန်းချီကားပွင့်သွားကတည်းက မုရှောင်းနွမ်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး နှလုံးသားက ဆောင့်ခုန်ကာ ပါးစပ်ထဲက ထွက်သွားသည်။ လူတစ်ကိုယ်လုံးက ဝီကနဲပင် မြည်သွားပြီး မှင်သက်သွားခြင်းဖြစ်သည်။

“ယောက်ျား ငါ့အတွက် ပန်းချီပုံ ဆွဲထားပေးတာလား”

သူမက အစောပိုင်း ပြောခဲ့သည့် စကားက နားထဲတွင်ပင် ဟိန်းထွက်နေလေသည်။ သူမက ထိုညတွင် ဟာသအဖြစ်သာ ပြောခဲ့ခြင်းဖြစ်သည်။ စီနီယာအစ်ကိုချန်းက တကယ်ဆွဲပေးမည်ဟု မထင်ထားမိပေ။

မည်သို့ပင်ဆိုစေ စီနီယာအစ်ကိုချန်း၏လက်ရာက လူကြီးမင်းလန်ထက် မနိမ့်ကျချေ။ သူ၏ ဘယ်လက်ရာကမဆို လုံးဝကြီးပွားချမ်းသာသွားနိုင်တာကို ဘယ်လိုကြောင့်များ ငါ့အတွက် ပုံဆွဲပေးရမှာလဲ။

သို့သော် သူက အမှန်တကယ် ဆွဲပေးခဲ့သည်။ ထိုပန်းချီ ဆွဲပြီးသည်အထိပင် သူမကို ထုတ်မပြောခဲ့သေးပေ။ ဒီအခိုက်အတန့်ကို စောင့်နေခဲ့ပြီး လူတိုင်း၏အရှေ့တွင် ထုတ်ပြခဲ့သည်။ အံ့ဩစရာ ကောင်းလိုက်တာ။

အရမ်းကို ရင်ထဲထိသွားပြီ။

ထိုအခိုက်အတန့်တွင် မုရှောင်းနွမ်၏ချန်းရန်အပေါ် ချစ်ခြင်းက ရေလှိုင်းလုံးကြီးကဲ့သို့ပင် လိမ့်တက်သွားကာ ဆည်ကျိုးထွက်တော့ပေမည်။

မျက်လုံးက တစ်ခဏခန့် ဝါးသွားပြီးသည်နှင့် မျက်ရည်များ စီးကျလာသည်။

“ယောက်ျား ငါနင့်ကို ချစ်တယ်နော်”

မုရှောင်းနွမ်၏ မျက်လုံးက မျက်ရည်များ ပြည့်နှက်သွားသည်။ သူမက ဖုံးကွယ်ရန် မကြိုးစားတော့ဘဲ စင်ပေါ်သို့ တိုက်ရိုက်ပြေးတက်ကာ ချန်းရန်ကို ဖက်သည်။

“ဝူး ဝူး”

ထိုအချိန်တွင် ကြည့်ရှုနေသူများအားလုံးက တိတ်သွားသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာက ကြောင်တောင်တောင် ဖြစ်သွားသည်။

ပန်းချီပြပွဲက ခွေးစာပြပွဲဖြစ်သွားတာလား။

အာ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။

ယောက်ျားဖြစ်သူက ဇနီးဖြစ်သူအတွက် ပန်းချီပုံဆွဲပေးသည်။ ထို့နောက် ပန်းချီပြခန်းတွင် အထူးတလည် ပြသသည်။ ဒါကတင် ကောင်းမွန်သော ပုံရိပ်ဖြစ်နေလေပြီ။

“ဆရာသခင်ချန်းက ငါ့သားမက်လား”

ထိုအချိန်တွင် ကြည့်ရှုသူများထဲမှ လျှိုရှောင်းရှီနှင့်မုချန်းဖုန်းတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး အံ့အားသင့်မှုများကို မြင်နေကြသည်။ သူတို့သည်လည်း ကူကယ်ရာ မဲ့နေကြသည်။

“ယောက်ျား ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”

မုရှောင်းနွမ်က ချန်းရန်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ငိုနေသည်။

“ရတယ် ရတယ် မင်းပြောစရာ တစ်ခုခု ရှိရင်လည်း နောက်မှ သီးသန့် ပြောရအောင်”

မည်သို့ပင်ဆိုစေ ဒီနေရာတွင် လူအများကြီး ရှိနေသည်။ သူတို့သည် တစ်ချိန်လုံး ဖက်နေ၍ မသင့်ပါပေ။ ထို့ကြောင့် ချန်းရန်ကလည်း အားလုံးအား စိတ်ထင်တိုင်း ကြည့်ရန် လွှတ်ထားပေးလိုက်ပြီး မုရှောင်းနွမ်ကို စင်ပေါ်မှ အရင် ခေါ်ထုတ်လာလိုက်သည်။

“အို ဟုတ်သားပဲ ယောက်ျား ငါနင့်ကို မိတ်ဆက်ပေးမယ်”

လူအုပ်ထဲသို့ ရောက်ပြီး မိဘများအနားသို့သွားပြီးချိန်တွင် မုရှောင်းနွမ်က ရှက်ရွံ့စွာပြောသည်။

“ဒါက ငါ့အမေ လျှီုရှောင်းရှီတဲ့”

“မား ဒါက သမီးယောက်ျားလေ ချန်းရန်တဲ့”

မိခင်ဖြစ်သူကို ပြန်ကြည့်သောအခါ မုရှောင်းနွမ်က အလွန်ဂုဏ်ယူနေသည်။

“ဘယ်လိုလဲ ကျေနပ်တယ်မလား”

ထို့နောက် သူမ၏ ဖခင်ဖြစ်သူအတွက်ကမူ ထိုကလေးမလေး၏ လွှင့်ပစ်ခြင်းကို ခံရပြီးသားဖြစ်သည်။

ဟွန့် ဘယ်သူက ချန်းကောကောကို မကျေမနပ် ဖြစ်ခိုင်းလို့လဲ။

မုရှောင်းနွမ်က မိခင်ဖြစ်သူ၏ ချီးကျူးမှုကို လိမ်ယူတော့မည့် အချိန်တွင် လျှိုရှောင်းရှီက ရုတ်တရပ် မုရှောင်းနွမ်ကိုပင် ကိုယ့်ကိုယ်ကိုယ်သံသယဝင်စေသော စကားမျိုးကို ပြောသည်။

“သမီး ဘယ်လို ယုံကြည်မှုနဲ့များ ဆရာသခင် ချန်းနဲ့ ထိုက်တန်တယ်လို့ ထင်နေရတာလဲ”

???

မုရှောင်းနွမ်က မှင်သက်သွားသည်။ သူမ၏ ဖခင်က စီနီယာအစ်ကိုချန်းကို ရန်လိုသည်မှာပုံမှန်သာ ဖြစ်သည်။ မိခင်ဖြစ်သူထက် သဝန်တိုရုံသာဖြစ်သည်။

သို့သော် ဒါက ဘာဖြစ်တာလဲ။

ဘယ်လိုဖြစ်ပြီး ငါ့အပေါ် တိုက်ခိုက်လာတာလဲ ဒီစကားက အရမ်းကို ရင်နာစရာပဲ။ ငါ့ရဲ့ ချစ်ရတဲ့အမေ။

ဆိုတော့ အချစ်တွေက ပေါ့သွားပြီပေါ့။

******

All Chapters