← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

45 01

အပိုင်း (၄၅) ကလေးမ နင်က ဝက်လား။

“ကမ္ဘာအဆင့် ဒီဇိုင်းနာ ဟုတ်လား”

ချန်းရန်ကပင် လဲအိပ်နေရင်း စွမ်းရည်အသစ် ရသွားကာ အံ့ဩသွားသည်။

“နောက်ပြီး super farm ဒီဇိုင်း ဟုတ်လား”

ကမ္ဘာအဆင့် ဒီဇိုင်းနာအပြင် ချန်းရန်က super farm ဒီဇိုင်းကိုလည်း ရလိုက်သည်။

ထို super farm ဆိုသည်မှာ ဉာဏ်ရည်မြင့် အနာဂတ် farm ကြီး တစ်ခုလုံး၏ အသေးစိတ် စီမံချက်ဖြစ်သည်။

Farm ကောက်ပဲသီးနှံ ကြီးထွားမှု၊ မြေမျက်နှာသွင်ပြင်အနေအထား၊ ပတ်ဝန်းကျင် စသဖြင့် အားလုံးကို သိပ္ပံ နည်းပညာကျသည့် နည်းလမ်းမျိုးဖြင့် အချိန်နှင့် တပြေးညီ စောင့်ကြည့် စစ်ဆေးနိုင်မည် ဖြစ်သည်။ ရေလိုအပ်ချက် အလင်းရှုထောင့် အပူချိန် စသဖြင့်တို့ကိုလည်း super computer ခွဲခြမ်းစိတ်ဖြာမှုဖြင့် ဖြေရှင်းပြီးသားဖြစ်သည်။ ထို့ကြောင့် အကြွင်းမဲ့ကို super computer နည်းပညာရှိသည့် farm ဖြစ်သည်။

ရှုပ်ထွေးသော ဒီဇိုင်းပုံစံများထဲတွင် သဘာဝ၏ ဝိသေသ လက္ခဏာများ ပါဝင်ပြီး သဘာဝ၏အပင်ဗေဒ ဥယျာဉ်နှင့်ပို၍ တူညီသော နတ်နယ်မြေတစ်မျိုးကို ဖန်တီးနိုင်သည်။

“ဒါပေမဲ့ ဈေးကတော့ တော်တော်လေးကြီးတယ်”

ချန်းရန်ကလည်း နည်းနည်း အံ့ဩသွားသည်။

ဒီတစ်ခုက သိပ်မကြီးချေ။ တိတိကျကျပြောရသော် super farm ၏ ပထမ တစ်ကဏ္ဍသာ ဖြစ်သည်။ သို့သော် သန်းနှစ်ရာနီးပါး ကုန်ကျပြီး အလွန်ဈေးကြီးသည်။

ရွှေနဲ့လုပ်ထားတဲ့ farm လိုပဲ။

နဂို မူလ နယ်ခံ အာဏာရှင်များကပင် မတတ်နိုင်လောက်ပေ။

“သက်သာတဲ့ ဘဝမှာ နေထိုင်မယ် ဆိုတော့ ပိုက်ဆံက ခန္ဓာကိုယ်နဲ့ ကွဲထွက်နေတဲ့ အရာတစ်ခုပဲ။ သန်းနှစ်ရာက များတယ်လို့ ထင်ရပေမယ့် ပန်းချီကားတစ်ချပ်စာပါပဲ”

ချန်းရန်က စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ပိုက်ဆံက အရေးမကြီးတော့ချေ။ ပို၍ အရေးကြီးသည်မှာ ဘဝတွင် စိတ်ဝင်စားစရာ ကိစ္စများ ရှိနေခြင်းဖြစ်သည်။ super farm က တန်လောက်သည်။

“ကြည့်ရတာ တစ်ပတ်အတွင်း ပြီးလောက်မယ် ထင်တယ် တိုင်းပြည်ကြီးရဲ့ ဗိသုကာ ပညာနဲ့ဆိုရင် အကောင်းဆုံးအသင်းကိုတော့ ငှားဖို့လိုအပ်တယ်”

ချန်းရန်က တွေးတောပြီးနောက် ထိုsuper farm ကို အမြန်ဆုံး ပြီးမြောက်အောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည်လည်း မျှော်လင့် စောင့်စားနေသည်။

“ဟင်”

ထိုအချိန်တွင် ချန်းရန်၏ နားအတွင်း ခပ်တိုးတိုး ငြီးသံကို ကြားရသည်။ အိပ်ပျော်နေသော ကောင်မလေးက အိပ်နေရင်း စကားပြောပြန်သည်။

“ဒီကောင်မလေးကတော့ အိပ်နေရင်းနဲ့တောင် စကားပြောနေတယ်”

ချန်းရန်က ပြုံးလိုက်ပြီး အိပ်ယာပေါ်မှ ထရပ်ကာ ကြည့်သည်။

ကလစ်။

မုရှောင်းနွမ်၏ ခြေထောက်ကချန်းရန်၏ ခါးပေါ်သို့‌ ရောက်လာသည်။

45 02

“ဒါ…”

ချန်းရန်က နည်းနည်း သဘောကျသွားသည်။

သူမက သူ့ကို မလွှတ်ပေးချင်ဘူးလား။

“ဖြည်းဖြည်း”

ချန်းရန်က တွေးလိုက်ပြီး သူ၏ ခြေထောက်ကို တဖြည်းဖြည်းဆွဲထုတ်သည်။

“ဟင်”

မမျှော်လင့်ထားစွာပင် သူက ခြေထောက်ကို မပြီး မတ်တပ်ရပ်တော့မည့်အချိန်တွင် မုရှောင်းနွမ်၏ ရုတ်တရပ် တစ်ဖက်လှည့်ကာ ချန်းရန်ကို ဖိသည်။

လူတစ်ကိုယ်လုံးက ရေဘဝဲတစ်ကောင်ကဲ့သို့ ချန်းရန်ကို ဖက်တွယ်ထားသည်။ သူမ၏ ခေါင်းကလည်း ချန်းရန်၏ ရင်ဘတ်ပေါ်တွင် မှီထားသည်။ သူမက အိပ်နေရင်းမှ နှုတ်ခမ်းထောင့်ကပင် နည်းနည်း ကော့တက်နေသည်မျာ နှစ်ခြိုက်စွာ အိပ်မောကျနေသော ကလေးလေးနှင့်တူသည်။

ချစ်စရာကောင်းတယ် ရင်ကိုလည်း လှုပ်ရှားစေသေးတယ်။

“ဒီကောင်မလေးကတော့”

ချန်းရန်က ပြုံးသည်။

ဒါလည်း ကောင်းတာပဲ သူ ဆန္ဒရှိရင်တောင် မသွားနိုင်တော့ဘူး။

“အိပ် အိပ် အိပ်”

ချန်းရန်က သူ၏ ရင်ခွင်ထဲတွင် ရှန်းယွီကဲ့သို့ မွှေးပျံ့နေသော ကိုယ်လေးကို ထွေးပွေ့ထားလိုက်ပြီး နှလုံးသားထဲမှ နွမ်းနယ်မှုများကပင် ပျောက်ကွယ်သွားသည်။ သူသည်လည်း ဆက်ပြီး မတောင့်ခံနိုင်တော့ပေ။ ဒီနေ့လည်း ပင်ပန်းလွန်းနေသည်။ ထို့ကြောင့် မလှုပ်ချင်တော့သည့်အလျောက် ထိုအတိုင်းသာ အိပ်လိုက်သည်။

ထိုအချိန်တွင် အင်တာနက်ပေါ်တွင် အံ့အားသင့်ဖွယ်ကောင်းသော သတင်းက ပေါက်ကွဲနေသည်။

“နောက်ထပ် မိုးထိုးတက်နေတဲ့ ပန်းချီကားက ပေါ်လာပါပြီ။ တန်ကြေးက သန်းနှစ်ရာ့ ငါးဆယ်ပါ။ နောက်ထပ် လူကြီးမင်းလန်က ပေါ်လာပါပြီ”

“ဒဏ္ဍာရီလာ ပါရမီကြီးတဲ့ ပန်းချီဆရာက နတ်နယ်မြေလို့ထင်ရတဲ့ စံအိမ်ကြီးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ အရမ်းလှတယ်”

“ဆရာသခင်ချန်းရဲ့ အကက လူတိုင်းကို မှင်သက်စေတာလေ အကဘုရင်အသစ်က ပေါ်လာပြီ”

ညတွင်းချင်းပင် ချန်းရန်နှင့် ပက်သက်သော သတင်းများက ခေါင်းစီးပိုင်းသို့ ပြေးတက်သွားသည်။ ချန်းရန်က ကျော်ကြားသော နိုင်ငံ့အိုင်ဒေါ ဖြစ်သွားသည်။

“ဆရာဟယ် ဒါကို တစ်ချက်ကြည့်ပါအုံး ပရိုဂရမ်အသင်းက နောက်ထပ် ဖိတ်ကြားမှု အသစ် ထုတ်လိုက်ပြီ ငါတို့ကို [တောင့်တမှု season 6 ]ကို ဆက်လက်ပြီး ရိုက်ကူးဖို့ ဖိတ်ထားတာ”

ထိုအချိန်တွင် ညနက်ပိုင်း သရက်သီးတီဗွီ၏ စင်အနောက်ဖက်တွင် အလုပ်သိမ်းပြီး အိမ်ပြန်တော့မည့် ဆရာဟယ် (ဟယ်လောင်ရှီး) က ရုတ်တရပ် ဟွမ်ရှောင်းချူထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည်။

“အို နောက်ဆုံးတော့ တောင့်တမှုရဲ့ Season အသစ်က ရိုက်ကူးတော့မယ်ပေါ့လေ ငါ ဒါကို နှစ်ဝက်ကျော်ကျော်လောက် စောင့်လိုက်ရတယ်”

45 03

ဆရာဟယ်၏ နဂိုက ပင်ပန်းနွမ်းနယ်မှုများက ရုတ်တရပ် တောက်ပသွားပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

“ဒီတစ်ခေါက်က ပရိုဂရမ်အသင်းက ဘယ်နေရာမှာ ရိုက်ကူးမယ်လို့ စီစဉ်ထားလဲ”

“ဒါက…ဒါကတော့ တော်တော်လေး ထူးခြားတယ်”

ဟွမ်ရှောင်းချူက နည်းနည်း ခံစားချက် ပြင်းထန်နေပုံ ရသည်။

“ပရိုဂရမ်အသင်းက ဆက်သွယ်နေတုန်းပဲဆိုတော့ ပြောကြတာကတော့ နိုင်ငံ့ ဆရာသခင် အသစ်ဖြစ်တဲ့ ဆရာသခင်ချန်းရဲ့ စံအိမ်အသစ်ကို သွားပြီး ရိုက်ကူးချင်တာတဲ့”

“အို ဒါက လျှိုဝှက်ချက်လား”

ဆရာသခင်ဟယ်က အလွန်စိတ်ရှုပ်သွားသည်။

“နိုင်ငံ့ဆရာသခင် ဟုတ်လားဘာလို့ မကြားဖူးတာလဲ”

“ချန်းရန်က ဆရာသခင်ချန်းလေ။ သူက ပန်းချီဆရာ နောက်ပြီး အကဆရာ နောက်ပြီးသူ့ရဲ့ နေထိုင်မှု ဘဝပုံစံကလည်း တော်တော်လေးကို ထူးခြားလို့ အခုတလော ကျော်ကြားလာတဲ့သူပေါ့”

“နေထိုင်မှုက ထူးခြားလို့ ဟုတ်လား။ ဘယ်အချိန်က ဒီလို နာမည်တွေက ထွက်လာတာလဲ”

ဆရာသခင်ဟယ်က ပြုံးသည်။

“အခုတလော ပရိုဂရမ်အဖွဲ့က တော်တော်လေးကို ထောင်လွှားလာတာပဲ။ သူတို့က ကြုံရာကျပန်းအိမ်တွေမှာ လိုက်ရိုက်ချင်သေးတယ်။ ဘယ်လို နေထိုင်မှု ပညာရှင်က ရှိမှာလဲ”

“ဟယ်လောင်ရှီး ငါမင်းကို သတင်းကြည့်စေချင်တယ်”

ဟွမ်ရှောင်းချူက ခံစားချက် အပြည့်နှင့် ပြောသည်။

“မင်း သတင်းကို ဖတ်ပြီးတာနဲ့ ငါတို့ အခု နေနေတဲ့ စံအိမ်တွေဆိုတာက ကလေးကစားကွင်းပဲ ရှိတယ် ဆိုတာကို သိသွားလိမ့်မယ်။ တကယ့် အစစ်အမှန် ဘဝက ဘာလဲ။ ဒါကို နေထိုင်မှု ကျွမ်းကျင်ပညာရှင် အရှင်သခင်မျိုးကမှ သိမှာ”

“အဲ့လောက်ထိ မှော်ဆန်တာလား”

ဟယ်လောင်ရှီးက အံ့ဩသွားသည်။ ဟွမ်ရှောင်းချူ၏ ပါးစပ်ထဲမှ ထွက်လာသော စကားလုံးများက လေးနက်လွန်းနေသည်။ သူကပင် မှင်သက်သွားရသည်။

ဘဝကို အစစ်အမှန်နားလည်တဲ့ ကျွမ်းကျင် ပညာရှင်မျိုးက ရှိနေလို့လား ဘာတွေးများ ထူးခြားနေလို့လဲ။

ဒီနေ့ခေတ်မျိုးမှာ ကျော်ကြားချင်ရင် ညတွင်းချင် ကျော်ကြားလို့ရတယ်။ နောက်ပြီး အံ့အားသင့်စရာ ကောင်းလွန်းလို့ အငိုက်တောင်မိသွားသေးတယ်။

ချန်းရန်နှင့် ပက်သက်သော ဒဏ္ဍာရီက ညတွင်းချင်းပင် ပေါက်ကွဲသွားခြင်း ဖြစ်သည်။

လူတိုင်းကလည်း ထိုလျှို့ဝှက်ဆန်းကျယ်သော ဆရာသခင်ချန်းကို တူးထုတ်ပြီးသောအခါ သူက လက်ထပ်ပြီးကြောင်း ဇနီးဖြစ်သူက တူညီသော ကျောင်းမှ ကျောင်းအလှလေးဖြစ်ကြောင်း သူမကလည်း အမျိုးသမီး တင်ဆက်သူ တစ်ယောက် ဖြစ်ကြောင်း ကြားသိလိုက်ရသည်။

ကျောင်းအလှလေး အမျိုးသမီး တင်ဆက်သူ….

45 04

ထိုသို့ဖြင့် သိချင်စိတ် ပြင်းပြသော ပြည်သူများက ပို၍သာ စူးစမ်းလာကြသည်။ ဆရာသခင်ချန်း၏ သတင်းက အကန့်အသတ်နှင့် ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးကလည်း သူတို့၏ အာရုံကို ဆရာသခင်ချန်း၏ ဇနီးလေးပေါ်သို့ ပုံအောလိုက်ကြ၏။ လူတိုင်းသည်လည်း ဆရာသခင်ချန်း၏ နံဘေးမှ လှပသော ရွှေအိမ်ထဲတွင် နေသော ဇနီးလေးအကြောင်းကို သိချင်ကြသည်။

ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု မရှိလေဘဲ မုရှောင်းနွမ်၏ ကျော်ကြားမှုက မိုးထိုးတက်သွားသည်။

ပရိသတ်ပမာဏကလည် ငါးသန်းမှ ဆယ်သန်းသို့ တက်သွားသည်။ ထို့နောက် သန်းနှစ်ဆယ် သန်းငါးဆယ်အထိပင် တက်သွားသည်။

ထိုအချိန်တွင် Douyin တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းကြီးတစ်ခုလုံးက ပေါက်ကွဲတော့ပေမည်။

“ဒါ…ဒါက လွန်တာပဲ”

Douyin တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းမှ စီနီယာတန်းအဆင့် စီမံခန့်ခွဲသူကလည်း တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်း၏ အခြေအနေကို မြင်ပြီးနောက် ထပ်ခါတလဲလဲ ပြင်ဆင်သည်။ ထို့နောက် ပြန်လည် ပေါက်ကွဲသည်။ ထို့နောက် ထပ်ခါတလဲလဲ ပြင်ဆင်သည်။ သူတို့အားလုံးက ငိုလိုက်ရီလိုက် ဖြစ်နေကြသည်။ Douyin ကို စတင်တည်ထောင်ပြီးချိန်ကတည်းက အလွန်အမင်း ချဲ့ကားသော အချိန်ဖြစ်လောက်သည်။

“ဘုရားရေ ဒီရှောင်းနွမ်ရဲ့ ယောက်ျားက နာမည်ကျော်နေတာလား”

“နောက်ပြီး ရှာဖွေမှုအများဆုံးစာရင်းမှာ”

ထိုအချိန်တွင် စံအိမ်မှ ဧည့်သည်ဖြစ်သော ယန်ရွှယ်ကလည်း နောက်ဆုံးပေါ် သတင်းကို တွေ့လိုက်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူမက မုရှောင်းနွမ်၏ တိုက်ရိုက်ထုတ်လွင့်မှု အခန်းထဲသို့ ဝင်ပြီး ကြောင်တောင်တောင် ဖြစ်သွားသည်။

သန်း…သန်းငါးဆယ်

“မြန်မြန်လေး မြန်မြန်‌လေး အဲဒီအမျိုးသမီးကို တိုက်ရိုက်ထုတ်လွှင့်ခိုင်းလိုက်”

“နွမ်ပေါင်ပေါင်ကို ထွက်လာခိုင်းလိုက် ငါတို့ သူမ ယောက်ျားကို မြင်ချင်တယ်”

“ဘာလုပ်တာလဲ။ ဘယ်အချိန်မို့လို့လဲ မနက်ဆယ့်နှစ်နာရီကြီးလေ။ ဘာလို့ တိုက်ရိုက်မထုတ် လွှင့်တာလဲ။ တင်ဆက်သူ ဘာလို့ ဒီလောက်တောင် အိပ်ရတာလဲ ဝက်လား”

“အဟမ်း ဒီလို အခြေအနေမျိုးမှာတော့ ငါ့အထင် ဆရာသခင် ချန်းက မြင်းစီးစွမ်းရည်ကို လေ့ကျင့်နေမယ်လို့ ထင်တယ် ဆိုတော့ မြင်းကလည်း ပင်ပန်းပြီး အိပ်နေမှာပေါ့”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက မဖွင့်ရသေးချေ။ သို့သော် ပြည်သူများကမူ အင်အားအပြည့်နှင့် တိုက်ရိုက်ထုတ်လွှင့်ခိုင်းနေကြသည်။ မုရှောင်းနွမ်က တိုက်ရိုက်ထုတ်လွှင့်မည့်အချိန်ကို စောင့်နေပြီး ဆရာသခင် ချန်းကို ကြည့်ချင်ကြသည်။

နောက်တစ်နေ့ မနက်ခင်း

မုရှောင်းနွမ်က အိပ်ယာနိုးလာသောအခါ နေ့ခင်းရောက်နေလေပြီ မနက်ဆယ့်တစ်နာရီပင် ဖြစ်နေသည်။

“အား ဟားဟား”

မုရှောင်းနွမ်က ပျင်းတိပျင်းရွဲ့အပျင်းကြော ဆန့်လိုက်သည်။ သူမ၏ ပျင်းတိပျင်းရွဲ့ ခန္ဓာကိုယ်က သွယ်လျကာ ဖြောင့်တန်းသည်။ ပြီးပြည့်စုံသောအချိုးအစားများနှင့် ဖြစ်သည်။ နေရောင်က ဝင်ရောက်လာပြီး ညအိပ်ဝတ်စုံကပင် ရှုပ်ပွနေကာ အဖြူရောင် ကျောက်စိမ်းအလား ဖမ်းစားလွန်းသည်။

45 05

“နောက်ထပ် တက်ကြွတဲ့နေ့ပါ ယေး”

ကောင်မလေးက သမ်းပြီး ဗိုက်ကို တစ်ချက် ပွတ်သည်။ဒီနေ့တော့ ပုံမှန်အတုင်းပဲ သက်တောင့်သက်သာရှိတယ်။

ဒေါက်ဒေါက်ဒေါက်

ထိုအချိန်တွင် တံခါးခေါက်သံကို ကြားရသည်။ ထို့နောက် အလျှင်လိုသော အသံကိုလည်း ကြားရသည်။ မိခင်ဖြစ်သူ လျှိုရှောင်းရှီ၏ အသံက ထွက်လာသည်။

“ကောင်မလေး နင်က ဝက်လား ဟမ် ဘာလို့ မထသေးတာလဲ နင့်ယောက်ျားက မနက်ခုနှစ်နာရီကတည်းက ထပြီး မနက်စာကို ပြင်ဆင်ပြီးတာ ကြာပြီ။ ဘယ်လိုကြောင့်များ ဒီလောက်ထိ အိပ်နေတာလဲ။ ဒါက ဘယ်လို ဇနီးလဲ” (စာစစ်_မီလည်း အဲလိုယွကျားလိုချင်တယ်လို့…)

******

All Chapters