အခန်း ၁၃၁
Vol. 14 Ch. 131
131 01
အပိုင်း (၁၃၁)
“ကောင်းပြီ ကောင်းပြီ ပြဿနာမရှာနဲ့တော့”
နောက်ဆုံးတွင် ချန်းရန်က ဖုန်းကို ရှေ့အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်ပြီး မုရှောင်းနွမ်၏ပန်းရောင်ပါးလေးကို သွားဆိတ်သည်။
“အခု အလုပ်က အရေးကြီးဆုံးပဲ။ ငါတို့ အရှေ့က အရာကို အရင်ဆုံး ကိုင်တွယ်ရဦးမယ်”
“အိုး”
မုရှောင်းနွမ်ကလည်း နောက်ဆုံးသက်သေကြောင့် မသက်မသာ ဖြစ်နေသေးသည်။ သို့သော် ယခုမူ ဖျက်ရန် အခွင့်အရေး မရှိတော့ပေ။
“ဟင်း သေချာပေါက် အခွင့်အရေးရှိဦးမှာ”
မုရှောင်းနွမ်က နှုတ်ခမ်းကို စူသည်။ မျက်လုံးကိုလည်း လှန်လိုက်သည်။ တစ်စုံတစ်ရာကို တွေးနေသည်။ ချန်းရန်က ဖုန်းကော အနည်းငယ် ခေါ်သည်။ အတွဲလိုက် လုပ်ဆောင်ပြီး နောက်ဆုံးတွင် တစ်စုံတစ်ယောက်က လာကာ ကားကို ယူသွားသည်။ သူနှင့် မုရှောင်းနွမ်တို့ ကားတစ်စီးကို ယူကာ မြို့တော်သို့ သွားသည်။
“အာ ကောကော ကြည့်ဦး ဒါခုနက ကား မလား”
ထိုအချိန်တွင် ချောင်ကျင်းကျင်းနှင့် ချောင်ချန်းတို့ မောင်နှမနှစ်ယောက်ကလည်း နံဘေးနားသို့ ကားကို မောင်းလာခဲ့ချိန်တွင်ပင် ထိုနေရာမှ ကားပျက်ကို မြင်လိုက်သည်။
“ဟင် ဘာဖြစ်တာလဲ”
ချောင်ကျန်းကပင် ချောင်လန်က အံ့ဩသွားပြီး အလျင်အမြန်ထွက်ကာ အပြေးသွားပြီးကြည့်သည်။ ဒါက သူ့၏ကားကို ကျော်သွားခဲ့သော ကားဖြစ်သည်။
မဟုတ်သေးပါဘူး။ အဲဒီလူရဲ့ကားမောင်းစွမ်းရည်က လုံးဝကို ပထမတန်းစားပါ။ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲ။
“ဟေ့ မိတ်ဆွေ အခု ဒါက ဘာဖြစ်သွားတာလဲ။ ကားပိုင်ရှင်က ဘယ်ရောက်သွားတာလဲ။ ကားပိုင်ရှင် အဆင်ပြေရဲ့လား”
ချောင်ကျန်းက အလျှင်စလိုမေးသည်။
“ဪ ကားပိုင်ရှင် အခုလေးတင် ထွက်သွားတာလေ။ ဒီအတိုင်း ရိုးရိုးရှင်းရှင်း တိုက်မှုဖြစ်တာပါ။ ဒီလူကတော့ အဆင်ပြေတယ်။ ငါတို့က သူ့အတွက် ကားကို ကိုင်တွယ်ပေးရမှာ”
ချန်းရန်က ထိုကားကို ပြန်ယူသွားရန် မစီစဉ်ထားပေ။ ထို့ကြောင့် ထိုကား အရောင်းအဝယ်လုပ်သူကိုသာ လျှော့ဈေးဖြင့်သာ အပ်လိုက်လေသည်။
သူ့အတွက် သူ့တွင် ဆရာသခင် အဆင့် ပြိုင်ကားမောင်းစွမ်းရည်ကို ပိုင်ဆိုင်ထားပြီးကတည်းက အစစ်အမှန် ပြိုင်ကား မရှိလျှင် အလုပ်မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ချန်းရန်ကလည်း ဒီအခွင့်အရေးကို အရယူကာ နောက်ထပ် အဆင့်အတန်းမြင့်သော ကားတစ်စီးကို ရှာရန် ဆုံးဖြတ်ထားသည်။
“ဘီးလမ်းကြောင်းနှင့် ပျက်စီးမှုအခြေအနေအရ ရုတ်တရက် ပေါ်လာတဲ့ တစ်ခုခုကို ရှောင်ဖို့ ကြိုးစားရင်းနဲ့ မရှောင်နိုင်တော့ဘဲ ဖြစ်သွားတာပဲ”
ချောင်ကျန်းက မြေပြင်ကို ထိုင်ကြည့်ပြီး မြင်ကွင်းကို လေ့လာကြည့်သည်။ ထို့နောက် ပို၍ တိကျသော အနှစ်ချုပ်ကို ရလိုက်သည်။
“ကောကော ဘာတွေ ပြောနေတာလဲ”
ချောင်ကျင်းကျင်းက စိတ်ရှုပ်ထွေးစွာ မေးသည်။ ချောင်ကျန်းက ရယ်သည်။ သွားဖြူဖြူနှစ်တန်းပေါ်လာသည်။
“ငါ့ရဲ့စောင့်ကြည့်လေ့လာမှုအရ ပိုင်ရှင်ရဲ့ တုံပြန်မှုအရ ပိုင်ရှင်ရဲ့ တုန့်ပြန်မှု တော်တော်လေး နှေးတယ်။ ဒါကတင် အစောပိုင်းက သူ အရှိန်နှုန်းကို ဘာကြောင့် တောက်လျှောက် တင်ထားခဲ့လဲဆိုတာကို ဖော်ပြနိုင်တာပဲ။ သူက အရှိန်မနှေးနိုင်တာ ဖြစ်မယ်”
131 02
“ဖြစ်နိုင်တာက သူ အဲဒီအချိန်က ငါ့ကို ကျော်သွားခဲ့နိုင်တာကလည်း ကံကောင်းမှုကြောင့် ဖြစ်ပါလိမ့်မယ်”
“ငါတို့ ထပ်တွေ့မယ်ဆိုရင်တော့ ငါ သူ့ကို သေချာပေါက် နိုင်မယ်လို့ ယုံကြည်တယ်”
ချောင်ကျန်း၏ အမူအရာက ယုံကြည်မှုရှိသွားပုံ ပေါ်သည်။ သူသည် အစောပိုင်းက ထိုကား၏ လွှမ်းမိုးမှုကြောင့် ခံနေရသည့် ဖိနှိပ်မှုမှ လွတ်မြောက်သွားသလို ခံစားခဲ့ရသည်။
“တကယ်လား” ချောင်ကျင်းကျင်း၏ မျက်ဝန်းကလည်း တောက်ပသွားသည်။
“ဒါဆိုရင် ကောကော တကယ့်ပြိုင်ပွဲမှာဆိုရင် နင် နိုင်မှာပေါ့လေ ဟုတ်လား”
“ဒါပေါ့”
ချောင်ကျန်းက ခေါင်းသာညိတ်ပြီး ယုံကြည်မှုအပြည့်နှင့် ပြောလေသည်။
“တကယ်လို့ ညီမလေးသာ မယုံဘူးဆိုရင် ငါတို့ လောင်းကြမယ်။ ငါ သူနဲ့ ထပ်ပြိုင်မှာ ဒီတစ်ကြိမ်မှာ ငါ သေချာပေါက် နိုင်လိမ့်မယ်”
ထို့နောက် ချောင်ကျန်းက ကားကို ကိုင်တွယ်နေသည့် လူ၏အနားသို့ သွားလိုက်ကာ နှုတ်ဆက်လိုက်ပြီး ပိုင်ရှင်၏ အချက်အလက်များအကြောင်းကို မေးလေသည်။
အခြားတစ်ဖက်တွင် ချန်းရန်နှင့် မုရှောင်းနွမ်တို့က မြို့ထဲသို့ သွားသည်။ အစဦးဆုံး မုရှောင်းနွမ်၏ ပြောစကားအရ မန်ထုံကို တိရစ္ဆာန်ဆေးခန်းသို့ သွားပို့သည်။ ထို့နောက် လူမဆန်သော ခွဲစိတ်မှုကို လုပ်ရန် ပြောလိုက်သည်။
ဆေးရုံမှ ဝန်ထမ်းက မန်ထုံကို ခေါ်သွားသည်။ သေချာပေါက် ပြဿနာမရှိကြောင်းလည်း ပြောသည်။ သို့သော် တန်းစီရအုံးပေမည်။ အကြောင်းမူကား နောက်ထပ် လှပသော လေလွင့်ခွေးတစ်ကောင်က ဒဏ်ရာရထားသောကြောင့် ပတ်တီးစည်းပေးနေရသောကြောင့် ဖြစ်လေသည်။
ဝုတ် ဝုတ်
မန်ထုံကလည်း အစပိုင်း ချန်းရန်ကို ခွဲရန် တွန့်ဆုတ်နေသေးသည်။ သို့သော် အရှေ့မှာ ခွေးကို မြင်ပြီးနောက် သူကပင် အရင်စကာ အပြေးသွားပြီး ဝိုင်းပတ်နေသည်။ အမြှီးကို နှံ့၍ အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသည်။
“ဒါဆိုလည်း အရင်ထားခဲ့ရအောင်။ ငါတို့ ဈေးသွားဝယ်ကြမယ်။ နောက်မှ မန်ထုံကို လာခေါ်ကြတာပေါ့”
ချန်းရန်က အကြံပေးလေသည်။
“ကောင်းပြီ”
မုရှောင်းနွမ်ကလည်း သဘောတူသည်။ သူတို့နှစ်ယောက်က အတူထွက်သွားကြသည်။ မန်ထုံကသာ ကျန်ရစ်ခဲ့သည်။ သူတို့က ဈေးသွားဝယ်ကြပြီ ဖြစ်သည်။ သူတို့သည် ပထမဦးဆုံးအကြိမ်အဖြစ် အတူဈေးဝယ်ဖူးခြင်းလည်း ဖြစ်သည်။
“တောင်ပိုင်းရဲ့ ရာသီဥတုက ပြောင်းတာ မြန်လိုက်တာ”
ဆေးရုံထဲမှ ထွက်လာပြီး သည်နှင့် မုရှောင်းနွမ်က တုန်ရင်သွားသည်။ အပူချိန်က အကျမြန်လွန်းသည်။ ယခုအခါ အပူချိန်က ဂဏန်း တစ်လုံးတည်းသာ ကျန်တော့သည်။ သူမက အေးလွန်းသဖြင့် တစ်ကိုယ်လုံးပင် တုန်နေသည်။ ခန္ဓာကိုယ်၏ အချို့နေရာများက ဆိုလျှင် အောက်ဖက်တွင် မည်သည့်အရာကိုမှ မဝတ်ထားသောကြောင့် လေကြောင့်ပင် လွင့်နေသလို ခံစားရသည်။
“ယောက်ျား လက်ကိုင်ပါဦး”
မုရှောင်းနွမ်က ချန်းရန်နှင့် ဘေးချင်း ယှဉ်လျှက် လျှောက်သည်။ သူမက ချန်းရန်၏ လက်မောင်းကို ချစ်မြတ်နိုးစွာ ကိုင်သည်။ ထို့နောက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ချန်းရန်၏ အိတ်ကပ်ထဲသို့ နှိုက်သည်။
မုရှောင်းနွမ်၏ ခန္ဓာကိုယ်က သဘာဝအရ အအေးကြောက်သည်။ အေးမိလည်း လွယ်၏။ ထိုကြောင့် အခုလို အေးနေပုံကို မြင်သောအခါ လက်နှင့် ခြေထောက်များက အေးစက်နေတတ်သည်။
“ ပိုကောင်းသွားပြီလား”
131 03
ချန်းရန်ကလည်း လက်ကို ဆန့်ထုတ်၍ သူ့အိတ်ကပ်ထဲသို့ ထည့်သည်။ မုရှောင်းနွမ်၏ လက်ကို လှမ်းကိုင်လိုက်ကာ လက်ချင်းတွဲထားလိုက်သည်။ အင်း တကယ်ကို ရေခဲတုံးလို အေးနေတာပဲ
“အများကြီး သက်သာသွားပြီ”
မုရှောင်းနွမ်၏ မျက်နှာက အပြုံးများပြည့်နေသည်။ သို့သော် သူမက စိုးရိမ်တကြီးမေးသည်။
“ကောကောက ဒီတိုင်းဆို အေးလောက်လား”
“ မဆိုးပါဘူး”
ချန်းရန်က ခေါင်းခါပြသည်။
“ငါက ပူတာ အရမ်းမြန်တယ်။ ဒါပေမဲ့ မင်းက ဘာဖြစ်တာလဲ။ ဘာလို့ အပြင်ထွက်တာကို ဒီလို စကတ်ဝတ်လာရတာလဲ။ ခြေထောက်တွေ ပေါ်နေလို့ အအေးမမိမှ ထူးဆန်းမှာ”
ဒီနေ့ အပူချိန်က ကျနေပြီ ဖြစ်သည်။ သို့သော် ထိုကောင်မလေးက အနက်ရောင် ဒူးအထိ ရှိသော စကတ်လေးကို ဝတ်လာမည် မထင်ထားပေ။ ထို့ပြင် လေထဲတွင် နှင်းဖြူရောင် ခြေထောက်လေးက တွဲလောင်းလေး ဖြစ်နေလေရာ သေချာပေါက် မျက်စိကျိန်းစေမိလိမ့်မည်။
“ငါ စတော့ကင် ဝတ်ထားတာ”
မုရှောင်းနွမ်က နှုတ်ခမ်းစူသည်။
“ထူတယ်”
“အာ မအံ့ဩတော့ပါဘူး”
ချန်းရန်က ရုတ်တရက် နားလည်လိုက်သည်။
“အဲ့ဒီလိုမှ မဟုတ်ရင်လည်း ငါက မင်းရဲ့ခြေထောက်ကို တအားဖြူတယ်လို့ ထင်တယ်။ လက်စသတ်တော့ ပုံမှန်မှ မဟုတ်တာ”
“ မဖြစ်နိုင်တာ”
မုရှောင်းနွမ်က ဒေါသထွက်သွားသည်။
“ငါ ဆွဲချွတ်ပြီး နင့်ကို ပြမယ်လေ ဖြူမဖြူ ကြည့်ပေါ့”
“အဟမ်း”
ချန်းရန်က ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ အင်း…
“မလုပ်နဲ့ မလုပ်နဲ့ လျှောက်မရှုပ်နဲ့”
“ဟင်း အတူတူပဲဟာကို ငါ့ကို မယုံဘူး”
မုရှောင်းနွမ်က ဂုဏ်ယူစွာ ပြောသည်။ သူမ အရမ်းဖြူတာပါနော်။ သို့သော် ချန်းရန်က နားနားကပ်ကာ ခပ်တိုးတိုးရယ်သည်။
“မဟုတ်ဘူး ငါ မင်းကို တကယ် မယုံတာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေရာက မသင့်တော်လို့ ညကျမှ ချွတ်ကြည့်မယ်”
“ အား နင်”
မုရှောင်းနွမ်က မယုံကြည်နိုင်သလို ပါးစပ်ဟလိုက်သည်။ သူမက နည်းနည်းလည်း ဒေါသထွက်သွားသည်။
ဘာလို့ ဒီအသံက အရမ်းကို သည်းမခံနိုင်စရာ ကောင်းနေရတာလဲ။
“မပြဘူး”
မုရှောင်းနွမ်က နှုတ်ခမ်းစူပြီး ပြောသည်။
ဘာလို့ ဖြူတာကို မယုံတာလဲ။
131 04
“ဒါဆိုရင်တော့ ငါ့ရဲ့ဖုန်းထဲက ဟာကို မမေ့နဲ့”
ချန်းရန်က သူမကို ရယ်ပြသည်။ မုရှောင်းနွမ်က နည်းနည်း ဖိအားများသွားသည်။ ကြည့်ရသည်မှာ သူမသည် နည်းလမ်းတစ်ခုရှာပြီး ဖျက်ရတော့ပေမည်။
ဟင်း တွေးတောင် မတွေးနဲ့။
သူတို့က လမ်းလျှောက်နေရင်းမှ
“ယောက်ျား ငါ နို့လက်ဖက်ရည် သောက်ချင်တယ်”
လမ်းဘေးရှိ နို့လက်ဖက်ရည်ဆိုင်မှ ဖြတ်သွားသောအခါ လူ သုံးယောက် ငါးယောက်ခန့်က တန်းစီနေကြောင်း မြင်ရသည်။ မုရှောင်းနွမ်ကလည်း ရုတ်တရက် ညွှန်ပြရင်း ပြောသည်။
“နို့လက်ဖက်ရည်က ဘာကောင်းလို့လဲ”
“အာ ယောကျ်ား ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ငါ နို့လက်ဖက်ရည် မသောက်ရသာ ကြာပြီကို ဒီတစ်ကြိမ်တည်းပါ တစ်ကြိမ်တည်းလို့”
“ဟေ့”
ချန်းရန်ကလည်း ထိုကောင်မလေး၏ ချွဲသံကို အမှန်တကယ် တောင့်မခံနိုင်ပေ။ သူသည် တစ်ခုခုကို လိုချင်သောအခါ ထိုသို့ ချွဲတတ်သည်။ ဒါပေမဲ့ ချွဲတာ ဟုတ်ပါပြီ ဘာလို့ လက်မောင်ကို ပွတ်နေတာလဲ။
ထိုနေရာတွင် ရေအိတ်ကြီးန နှစ်အိတ်ကလည်း ရှိသည်။ သူ၏လက်မောင်းကိုပင် ပတ်ထားသေးသည်။
မုန်းသား နယ်နေသလိုပဲ။
“ကောင်းပြီ ဒီမှာ စောင့်နေ”
ချန်းရန်က ရွေးချယ်စရာ မရှိဘဲ တန်းသွားစီရသည်။ မုရှောင်းနွမ်ကမူ နံဘေးရှိ ခုံလေးတွင် ထိုင်နေ၏။ သူမက တိတ်ဆိတ်ပုံ ပေါ်သည်။ သို့သော် လှပသော မျက်လုံးကမူ ချန်းရန်ကိုသာ စိုက်ကြည့်နေသည်။ အထူးသဖြင့် သူက ပိုက်ဆံပေးနေချိန်တွင် ဖြစ်သည်။
လက်စသတ်တော့ ငါ့ယောက်ျားရဲ့ ဖုန်းက ညာဘက်လက်မနဲ့ လော့ဖြည်တာကိုး။
မုရှောင်းနွမ်က ခပ်တိုးတိုး ရေရွတ်နေလေသည်။
******