အခန်း ၁၀၀
Vol. 10 Ch. 100
အပိုင်း (၁၀၀)
“ဖန်း ဖန်း ဖန်း”
သိပ်မကြာခင် ဧည့်ခန်းအတွင်း သာယာသော အသံများ ထွက်လာသည်။ ကတ်များကို စမွှေနေလေပြီ။
“ဟန်နီ ဟန်နီ ပြောတဲ့ ပိုကာက ဒါလား”
အချိန်တစ်ခုကြာအောင် ထိန်းချုပ်နေပြီး နောက်ဆုံးတွင် မုရှောင်းနွမ်က ချန်းရန်ကို ကြည့်ကာ အချိန်တန်ကြာအောင် ဆွံ့အနေသည်။
“ဘာရှိရအုံးမှာလဲ”
ချန်းရန်က ကတ်များကို ရောနေရင်းမှာ မုရှောင်းနွမ်၏အရှေ့သို့ အခြေအနေကို ဖတ်ခနဲ ချသည်။
“ဘာလို့ ကြောင်ရပ်နေတာလဲ မြန်မြန် လာပြီး ဆွဲတော့လေ”
“အို လာပြီ”
မုရှောင်းနွမ်က အချိန်တန်ကြာအောင် မှင်သက်နေပြီး နောက်ဆုံးမှ အသိပြန်ဝင်သွားကာ လက်ကို ခပ်မြန်မြန် ဆွဲထုတ်၍ ကတ်ကို စရွေးသည်။
လက်စသတ်တော့ ယောက်ျားပြောတဲ့ ပိုကာက တကယ့်ပိုကာကိုး။
သူမက စိတ်အေးသွားပြီး တစ်ချိန်တည်းမှာပင် စိတ်ပေါ့ပါး သွားသော်လည်း တစ်ချိန်တည်းမှာပင် တစ်စုံတစ်ရာကို ဆုံးရှုံးသလို ခံစားလိုက်ရပြန်သည်။
ဒါက တွေးထားတာနဲ့လည်း မတူဘူး။
ဘာလို့ ရုတ်တရက်ကြီး တစ်မျိုး ဖြစ်သွားတာလဲ။
အား အား…
ထိုည၏ မိုးကြိုးများ လျှပ်စီးများကြောင့် ဖြစ်လောက်သည်။ သူမသည်လည်း ရုတ်တရက် ပြင်းထန်သော မုန်တိုင်းကို ခံစားနေရကာ စိတ်ကပင် ရှင်းလင်းနေပြီး ဘာကိုမှ မတွေးတောနိုင်အောင် ဖြစ်နေသည်။ ထိုသို့ဖြင့် အချိန်က ကုန်လာသည်။ တစ်ခါတစ်ရံတွင်ပင် ဘာကိုမှ ဂရုမစိုက်ဘဲ ကျော်ဖြတ်လိုက်ချင်သည်။
“အာ”
မုရှောင်းနွမ်က အသက်ပြင်းချသည်။ အရမ်းကို ထိန်းသိမ်းလွန်းနေခဲ့တာ ငါ့အမှားပဲ တကယ်လို့ သူမက သာ ယောက်ျားကို နည်းနည်း လမ်းကြောင်း ပြလိုက်မယ်ဆိုရင် တစ်ခါတည်း ပြီးသွားလောက်မှာ။
အခုတော့
မုရှောင်းနွမ်ကလည်း အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရသည်။ သူမက အလျှင်လက်ဦးမှု စယူပြန်ရင်လည်း လေထုက မရှိတော့ပေ။ ယောက်ျားဖြစ်သူကလည်း သူမကို အထင်လွဲမှားပြီး ထိုသို့သော မိန်းမမျိုးဟု အထင်လွဲသွားမည်ကို စိုးရိမ်ရသည်။
“ဘာတွေ သက်ပြင်းချနေတာလဲ”
ချန်းရန်က မျက်မှောင်ကြုတ်ပြီး ထိုကောင်မလေးကို ကြည့်သည်။
“ဘာကို စိုးရိမ်နေတာလဲ”
“အာ မစိုးရိမ်ပါဘူး”
မုရှောင်းနွမ် က အလျင်စလို ခေါင်းခါကာ ငြင်းသည်။ ထို့နောက် ရုတ်တရပ် အကြံတစ်ခု ရလာကာ ပြောလိုက်သည်။
"အို ဟုတ်သားပဲ ယောကျာ်း ငါ ရုတ်တရက် ဒီတိုင်း ကတ်ကစားနေရင် ပျင်းစရာ ကောင်းမယ်လို့ တွေးလိုက်မိလို့လေ။ ဘာလို့ ဆုကို မထည့်တာလဲ”
“ဆုလား”
ချန်းရန်က တစ်ချက် တွေးလိုက်သည်။ ထို့နောက် စိတ်ဝင်တစား ပြန်မေးသည်။
“ဘာလောင်းချင်တာလဲ၊ ပိုက်ဆံလား တစ်ခုခုလား”
ပိုက်ဆံကိုသာ ဆုအဖြစ် သုံးမည်ဆိုလျှင် ချန်းရန် ကိစ္စမရှိပေ။ ထို့နောက် သူက ထပ်ပြီး တွေးကြည့်သော် အဓိပ္ပာယ်မဲ့သလို ခံစားလိုက်ရပြန်သည်။ ယခုအခါ သူ၏ လက်ထဲတွင်လည်း သန်းရာပေါင်းများစွာသော ပိုင်ဆိုင်မှုများ ရှိနေသေးသည်။ ထို့အပြင် ပန်းချီကားရောင်းထားသော ပိုက်ဆံများလည်း သိပ်မများသော်လည်းသူ၏ လက်ချောင်း နည်းနည်းလေး လွှတ်လိုက်ရုံဖြင့်လည်း ပြဿနာ မရှိနိုင်ပေ။
100 02
“ပိုက်ဆံ အတွက်ကတော့ သိပ်ပြီး အဓိပ္ပာယ် မရှိသလိုပဲ။ ဒီဆုကိုလည်း စိတ်ဝင်စားစရာ ကောင်းမှာ မဟုတ်ဘူး”
ချန်းရန် ထိုသို့ တွေးလိုက်သည်။ ပြောရမည်ဆိုလျှင် သူသည် ပိုက်ဆံကို ဂရုမစိုက်ပါပေ။ မည်သို့ပင်ဆိုစေ မုရှောင်းနွမ်ထက် အများကြီး ချမ်းသာသည်။ ထို့ကြောင့် စိတ်ဝင်စားစရာ တစ်ခုခုဆို ပိုကောင်းလိမ့်မည်။
“တကယ်လို့ ယောကျာ်းက ပိုက်ဆံကို ဂရုမစိုက်ဘူးဆိုရင် ငါ့ဆီ ရှုံးလို့ ရတယ်နော်။ ပြဿနာ မရှိဘူး”
မုရှောင်းနွမ်က မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြပြီး လျှာကို ထုတ်ပြကာ ပြောင်ပြသည်။ သူမ၏ ဆိုးသွမ်းသော စိတ်လေးက တက်ကြွလာပြန်သည်။
“အရင်တစ်ခေါက် ပန်းချီကားကို ရောင်းလိုက်တုန်းက ဝေစု ပေးချင်ခဲ့တာလေ။ ဒါပေမဲ့ မင်းကမှ မလိုချင်ခဲ့တာ မဟုတ်ဘူးလား”
ချန်းရန် နောက်သေးသည်။ အရင်တစ်ခေါက် သူရှုခင်း ပန်းချီကားကို ရောင်းချခဲ့စဉ်က သိန်းရာကျော်ရခဲ့သည်။ သန်းဘယ်လောက် ရာကျော်ကြောင်းကိုပင် သူ မေ့သွားပြီဖြစ်သည်။
မုရှောင်းနွမ် က ခေါင်းခါလိုက်သည်။
“ဒါက ငါ့ပိုက်ဆံမှ မဟုတ်တာ၊ ယောကျာ်းက ဆွဲပြီး ရတာပဲလေ။ ယောကျာ်းရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရတာလေ ။ဘယ်လိုကြောင့် ငါ့အပိုင်လို့ သတ်မှတ်နိုင်ပါ့မလား”
“ဒါပေမဲ့ ငါ ငါ့ရဲ့ချစ်စရာ အကောင်းဆုံး ပန်းချီကားလေးကို ရထားတဲ့ ဟာကို”
မုရှောင်းနွမ်က သူမရဲ့ ပန်းချီကားအကြောင်း ပြောနေရင်း ချစ်စရာ ကောင်းသော နှုတ်ခမ်းလေးကို ဆူလိုက်ကာ နည်းနည်း ဂုဏ်ယူသွားပြန်သည်။
“အဲဒီအချိန်တုန်းက ငါ့ရဲ့ ယောကျာ်းက ဝန်မခံချင်ဘဲနဲ့ ခိုးပြီး ဝှက်ထားတာလေ။ ငါသာ ရှာမတွေ့ခဲ့ဘူးဆိုရင် သေချာပေါက် ရောင်းလိုက်တယ်လို့ ထင်မှာ”
“ဟားဟား ဘယ်လောက် ဂုဏ်ယူနေလဲ ကြည့်စမ်းပါဦး”
ချန်းရန်က ဂုဏ်ယူပြီး ထောင်လွှားနေပုံရသော ရယ်မောနေသော ကောင်မလေးကို ကြည့်ကာ နှာခေါင်းအသာ ရှုံ့လိုက်သည်။ သို့သော် သူ၏ မျက်ဝန်းထောင့်တွင်လည်း အပြုံးက ရှိနေသည်။ ထိုကောင်မလေးက တစ်ခါတစ်ရံ ထိုသို့ ဂုဏ်ယူတတ်သေးသည်။ ယခုသာ တိုက်ရိုက်ထုတ်လွှင့်နေခဲ့လျှင် ပြည်သူများကလည်း ရင်းနှီးသော စကားကို ပြောကြပေလိမ့်မည်။
“သောက်ကျိုးနည်း ဟန်ဆောင်နေပြန်ပြီ”
“ဟုတ်တယ် ငါ့မှာ အကြံရှိတယ်”
မုရှောင်းနွမ် ရဲ့ လှပကာ အရည်ရွှမ်းသော မျက်လုံးတစ်စုံက ရုတ်တရက် တောက်ပသွားပြီး စိတ်လှုပ်ရှားစွာ ပြောသည်။
“အကြံရပြီ ဘာလို့ စိတ်လှုပ်ရှားစရာ ကောင်းတာကို မလုပ်ရမှာလဲ”
“ဟင် ဘယ်လို လုပ်ချင်လို့လဲ”
ချန်းရန် ကပင် သိချင်သွားသည်။
“ဟီးဟီး မီးပြင်းဖို နားမှာက ပိုပြီးတစ်မျိုး ဖြစ်မနေဘူးလား။ ဘာလို့ ပြိုင်ပွဲ မလုပ်ရမှာလဲ။ ရှုံးတဲ့သူက အဝတ်တစ်ထည် ချွတ်ရမယ်။ ဒါမှမဟုတ် နိုင်တဲ့သူက အဝတ်တစ်ထည် ပိုဝတ်လို့ ရမယ် ဆိုတာမျိုးလေ”
မုရှောင်းနွမ်၏ အကြံပြုချက်က အံ့အားသင့်စရာ ကောင်းသည်။
“ဝိုး”
ချန်းရန်က ထိုစကားကြားပြီး အံ့ဩသွားသည်။ သူပင် ထိုကောင်မလေးက ထိုသို့ ကစားရဲမည် မထင်ထားခဲ့ပေ။
“သေချာလား”
ချန်းရန် က နားကြားမှားသည် ထင်နေသည်။
“ဟိဟိ သေချာတာပေါ့ ယောကျာ်း က လုပ်ရဲလို့လား”
မုရှောင်းနွမ်က ချန်းရန်ကို စတင်ကာ ရန်စသည်။
“အို ဘယ်လို ဖြစ်နိုင်မှာလဲ”
100 03
တစ်ခဏခန့် အံ့ဩပြီးသည်နှင့် ချန်းရန် က အသာပြုံးသည်။ ထို့နောက် ထိုကောင်မလေးကို ကြည့်ပြီး ပြောသည်။
“ငါ ပြောမယ် မင်း ကြိုက်သလို ကစားလို့ ရတယ်။ ဒါပေမဲ့ မင်း မရှုံးနိုင်မှာပဲ ကြောက်တာ”
“ငါ မုရှောင်းနွမ်က မရှုံးရဲမယ့်သူလို့ ထင်လို့လား”
ထိုကောင်မလေးက ယုံကြည်မှု အပြည့် ရှိနေလေရာ ချန်းရန်က မှင်သက်သွားရသည်။
တစ်ခုခုတော့ မှားနေသလိုပဲ။
“ကောင်းပြီလေ ငါ မင်းအဖော် ပြုပေးမယ်”
ထိုကောင်မလေးက ဂရုမစိုက်သလို ထင်ရသော်လည်း ယုံကြည်မှု ရှိနေ၍ ဖြစ်ရပေမည်။ ချန်းရန်က တစ်စုံတစ်ရာက မှားယွင်းနေသလို ခံစားနေရသည်။ သို့သော် ယောကျာ်း တစ်ယောက် အနေနှင့် ကြောက်နေ၍ မရပေ။ ရိုက်ရန်လို အပ်လာတာက သေချာပေါက် တိုက်ရိုက် ရိုက်သွင်းရပေမည်။
“ဟိဟိ ရပြီနော်။ ဒါဆိုရင် စမယ် အရင်ဦးဆုံး ပုံမှန် အိမ်ရှင်ကိုပဲ ကစားရအောင်”
မုရှောင်းနွမ် ရဲ့ မျက်လုံးက ကျဉ်းမြောင်းသွားပြီး စိတ်လှုပ်ရှားမှုကို ဖော်ပြနေသည်။ ဟိဟိ နောက်ဆုံးတော့ ယောကျာ်း ရဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ကြည့်နိုင်တော့မယ်။
ချန်းရန်ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက အစပိုင်းကတည်းက စနစ်၏စနစ်ကျကျ မြှင့်တင်မှုကို ခံထားရပြီးသား ဖြစ်သည်။ ထို့ကြောင့် စိတ်နေသဘောထားအပြင် ခန္ဓာကိုယ်မှာ အချိုးအစားက ထိတ်တန်းတစ်ခု ဖြစ်လေသည်။ လှပသော အမျိုးသမီးများကဆိုလျှင် မြင်ပြီးသည်နှင့် ခြေထောက်က ပျော့ခွေသွားကာ လမ်းမလျောက်နိုင်အောင် ဖြစ်သွားစေနိုင်သည်။ သို့မဟုတ်ပါက မုရှောင်းနွမ် ကဲ့သို့ကျောင်းအလှပန်းလေးအဆင့် ချိုမြိန်သော နတ်ဘုရားမကလည်း ဖြားယောင်းခံရလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် မုရှောင်းနွမ်ကလည်း သေချာပေါက် ကြည့်ရမည်ဟု ဆုံးဖြတ်ထားသည်။
မုရှောင်းနွမ် က အိမ်ရှင် ကစားရာတွင် ကျွမ်းကျင်ပညာရှင်အဆင့်ဖြစ်သည်။ ချန်းရန် ကမူ မသိလောက်ပေ။ အတိတ်တွင် မုရှောင်းနွမ်က မကြာခဏ ဆိုသလို တိုက်ရိုက်ထုတ်လွှင့်ရင်း အိမ်ရှင်အဖြစ် ကစားနေကြဖြစ်သည်။ သူမရဲ့ အဆင့်ကလည်း တော်တော်လေး ကောင်းသည်။
ဒီည ပန်းတိုင်က သူမရဲ့ ယောကျာ်းကို ယူသွားခိုင်းရမယ် ဟိဟိ…
“ဒီကောင်မလေးကတော့ မီးနဲ့ ကစားနေတာပဲ”
ချန်းရန်ကလည်း စိတ်ထဲတွင် ရေရွတ်သည်။
ဟား သူနဲ့အတူ အိမ်ရှင် ကစားချင်တယ်ဟုတ်လား။
ချန်းရန်ကလည်း လူသစ် မဟုတ်တော့ပါချေ။ ပြောရမည်ဆိုလျှင် သူသည်လည်း ရပ်ကွက်ထဲမှ ထိပ်တန်းအဆင့် ကစားသမားဖြစ်သည်။ သူ့ရဲ့ စွမ်းရည်က ထိပ်ဆုံးပိုင်းသို့ မရောက်သေးသော်လည်း ထိုကောင်မလေးကို အနိုင်ယူရန် လုံလောက်သည်။
“စမယ်”
ချန်းရန် နဲ့ မုရှောင်းနွမ် တို့က တရားဝင် စတင်သည်။
ချန်းရန် “ လေယာဉ်”
မုရှောင်းနွမ် “ ငါမတတ်နိုင်ဘူး”
ချန်းရန် “ A တစ်စုံ”
မုရှောင်းနွမ် “ ငါမတတ်နိုင်ဘူး”
ချန်းရန် “မဖြစ်နိုင်ပါဘူး မင်းက လေယာဉ်တောင် မတတ်နိုင်ဘူးဆိုတော့ A တစ်စုံကိုလည်း မတတ်နိုင်ဘူးဆိုရင် အဲ့ဒီလောက်ထိ မသေးသင့်ဘူး ထင်တယ်”
“ဗုံး”
မုရှောင်းနွမ် က ရင်ကို ကော့ပြီး ဂုဏ်ယူစွာ ပြောသည်။
“ဘာလို့လဲဆိုတော့ ငါ သူတို့ထက် ပိုကြီးလို့လေ”
သတိမေ့သွားတာပဲ။
ချန်းရန်က မုရှောင်းနွမ်ဟာ နောက်ဆုံး အကွက်ကို ထုတ်သုံးပြီးနောက် တစ်ခဏခန့် တိတ်ဆိတ်သွားသည်။
ထိုကောင်မလေးက တကယ် တော်သားပဲ။
ဆိုတော့ ဒီဂိမ်းက ထင်သလောက် မရိုးရှင်းတော့ဘူး။
******