အခန်း ၄၄
Vol. 5 Ch. 44
44 01
အပိုင်း (၄၄)
“အိပ်မပျော်ဘူးလား”
ချန်းရန်က ထိုကောင်မလေးကို ကြည့်သည်။ မှေးမှိန်သော အလင်းရောင်အောက်တွင် သူမက ဘောလုံးလေးကဲ့သို့ ကွေးနေကာ သူ့ကို တိတ်တဆိတ် ကြည့်သည်။
အမှောင်ညထဲက ယဉ်ပါးတဲ့ကြောင်လေးလိုပဲ။
ချစ်စရာကောင်းပြီးလူတွေကို လာပုတ်ချင်စိတ် ပေါက်စေတယ်။
“တင် ပိုင်ရှင်ကိုလည်း သက်သာဘဝစနစ်က စတင်ပြီလို့ သတိပေးပါတယ်”
“တင် ပိုင်ရှင်ကိုလည်း သက်သာဘဝ တာဝန်အသစ်တစ်ခု ဖြစ်တဲ့ : တိတ်ဆိတ်တဲ့ညမှာ အချင်းချင်းစကားပြောတာကလည်း သက်သာအေးဆေးတဲ့ ဘဝတစ်ခုပဲ ဆိုတဲ့ တာဝန်အသစ်ကို သတိပေးပါတယ်။ ကျေးဇူးပြုပြီး ရိုးရိုးသားသားဆွေးနွေး စကားပြောကြပါ”
ချန်းရန်သည် နဂိုကမူ ထိုကောင်မလေးကို လျစ်လျူရှုပြီး အိပ်ချင်ယောင်ဆောင်ရန် စဉ်းစားထားသည်။ သို့သော် စနစ်က ရုတ်တရပ် တာဝန်ကို ထုတ်ပေးလာရာ သူ့ကို သတိအပြည့် ကပ်သွားစေသည်။
“အာ ငါ တကယ် မင်းကို ဘာမှ လုပ်လို့မရဘူးပဲ”
ချန်းရန်ကလည်း သက်ပြင်းချသည်။ ထို့နောက် ထရပ်လိုက်ပြီး ထိုကောင်မလေး၏အိပ်ယာပေါ်သို့ သွားသည်။
“စိုးရိမ်နေတုန်းလား”
ချန်းရန်က အိပ်ယာပေါ်သို့ တက်ထိုင်သည်။ ထိုကောင်မလေးက တုံ့ဆိုင်းသွားပြီး အတွင်းဘက်သို့ ကျုံ့သွားသည်။
“ဘာပြောချင်တာလဲ”
ချန်းရန်က ထိုင်လိုက်ပြီးနောက် ထိုကောင်မလေးက ခေါင်းကိုပင် မော့လာကာ စကားပြောရပ်သွားသည်။ ချန်းရန်က ရွေးချယ်စရာ မရှိလေဘဲ ပြောသည်။
“ငါတို့ အာရုဏ်တက်သွားတဲ့အထိတော့ ဒီအတိုင်း ထိုင်နေလို့မရဘူးနော်”
“အာရုဏ်တက်သွားတဲ့အထိလား”
ထိုကောင်မလေးက စောင်ထဲတွင် ကွေးနေပြီး ပါးစပ်ကို ဟကာ တအံ့တဩပြောသည်။
“ငါတို့က တအားမြန်လွန်းတယ်။ ငါ အဆင်သင့် မဖြစ်သေးဘူး။ အာရုဏ်တက်ချိန်အထိတော့ မဖြစ်လောက်ဘူး”
“ငါက ဘာကို ပြင်ဆင်ဖို့ လိုအပ်လို့လဲ”
ချန်းရန်က မှင်သက်သွားသည်။
“ဒီအတိုင်း လဲပြီး စကားပြောတာကိုပဲ ပြောတာလေ၊ မင်းရဲ့ ပါးစပ်ကိုပဲ လှုပ်ပေါ့ ဘာလုပ်ရမှာလဲ”
“နင်က ငါ့ရဲ့ ပါးစပ်ကို လှုပ်စေချင်တာလား”
မုရှောင်းနွမ်က မှင်သက်သွားသည်။
ဆိုတော့ သကြားလုံးစားရသလို ပါးစပ်လှုပ်တာမျိုးလား မဖြစ်နိုင်တာ ဒါက အရမ်းများလွန်းတယ်။(စာစစ်- အတွေးကတော့ ကျွန်မအတိုင်းပဲ 😂😂)
မုရှောင်းနွမ်က နည်းနည်း ကြောက်သွားပြီး အားနည်းစွာ ပြောသည်။
“ငါ လက်ကိုပဲ သုံးလို့ရမလား”
ချန်းရန်က မှင်သက်သွားသည်။ စကားပြောတဲ့အချိန်မှာ ဘယ်အချိန်က လက်ကို သုံးလို့ရမှာလဲ ဘာတွေ ပြောနေတာလဲ
“ဘာကို လက်လဲ။ မင်းက ဘာလို့ လက်ကို သုံးချင်တာလဲ လက်ကို ဘယ်လို သုံးမှာလဲ”
ချန်းရန်က တွေးသည်။ ဒီကောင်မလေးက ဒီနေ့ အခြေအနေအတိုင်း သူ့ကို ရိုက်ပြီး ဒေါသများ ဖောက်ထုတ်ချင်နေတာများလား။
44 02
“ပါးစပ်လည်း မရဘူး။. လက်လည်း မရဘူးဆိုရင် ဘာလုပ်ရမှာလဲ။”
မုရှောင်းနွမ်က စိတ်ရှုပ်သွားသည်။ သူမသည် ထိုအကြောင်းအရာကို တစ်ခါမှ မကြားဖူးချေ။ စီနီယာအစ်ကိုချန်းမှာ ထူးခြားတဲ့ အကြိုက်များ ရှိနေတာများလား။
ခြေထောက်များလား။
“ဒါဆိုရင် ငါစမ်းကြည့်ရမလား”
ထိုကောင်မလေးက သူမ၏ ခြေထောက်ကို တိတ်တဆိတ်ထုတ်လိုက်သည်။ မှေးမှိန်သော အလင်းရောင်အောက်တွင် ဖျော့တော့သော အလင်းပင် လက်နေသည်။
“ဘာလုပ်တာလဲ”
ချန်းရန်က အံ့ဩသွားသည်။
ဒီကောင်မလေးက သတ္တိကြီးလိုက်တာ သူ့ကို ချောင်းပြီး တိုက်ခိုက်မလို့လား
“ရပ်”
ချန်းရန်က သူမကို တစ်ချက် ရိုက်လိုက်ပြီး ကူကယ်ရာမဲ့သလို ပြောသည်။
“မင်းဘာတွေ လုပ်ချင်နေတာလဲ။ ဒီအတိုင်း စကားပြောမှာ မဟုတ်ဘူးလား”
“ဒါဆိုရင် နင်ကရော ဘာလုပ်ခိုင်းတာလဲ”
မုရှောင်းနွမ်က မတရားစွပ်စွဲသလို ခံစားလိုက်ရသည်။ သိသိသာသာကိုပဲ စီနီယာအစ်ကိုချန်းက အရင်စတဲ့ဟာကို။
ဘာလို့ ရုတ်တရပ် ကြီး မလိုချင်တော့တာလဲ။
ဟွန့်။
လက်သင့်မခံနိုင်ဘူး။
“ကောင်းပြီ ကောင်းပြီ မင်း ဘာကို စိုးရိမ်နေတာလဲ ဆိုတာကိုပြောလေ မြန်မြန်မေး ပြီးရင် အိပ်ရအောင်”
ချန်းရန်က မျက်ခုံးကို ပွတ်သည်။ သူ တကယ် အိပ်ချင်နေလေပြီ။
“အရေးကြီးတာတော့ မဟုတ်ပါဘူး”
ထိုကောင်မလေးက လျှာထုတ်ပြသည်။ ကောက်ကျစ်စွာ ပြုံးသည်။
“ငါ ဒီအတိုင်း ချန်းကောကောကို အိပ်ယာပေါ်မှာ အိပ်ခိုင်းမလို့ ဆိုဖာက တအားကြပ်မှာကို ဒီမှာတော့ နှစ်ယော်ကအတူ ဝင်တိုးလို့ရတာပဲလေ”
“မင်း”
ချန်းရန်က ခေါင်းကို ဆွံအသလို ခါသည်။ သူသည်လည်း နည်းနည်းသဘောကျသွားသည်။ သို့သော် နှလုံးသားက နွေးသွားသေးသည်။ ထိုကောင်မလေးက သူ့ကိုပင် ထိုမျှအထိ ဂရုစိုက်မည်ဟု မထင်ထားမိပေ။
“ဒါပေမဲ့ ငါ့မှာ နင့်ကို ပြောစရာ အများကြီး ရှိသေးတယ်”
မုရှောင်းနွမ်က သူ့ဖက်သို့ လှည့်ပြီးချန်းရန်ကို မျက်နှာချင်းဆိုင်သည်။ သူမ၏ မျက်လုံးက တောက်ပနေသည်။
“ချန်းကောကော ချန်းကောကောဘာလို့ ဒီတစ်ကြိမ် ငါ့အတွက် ပန်းချီကားကို ခိုးပြီး ဆွဲပေးတာလဲ”
“ချန်းကောကောက….”
“ဒါက မတော်တဆ”
ချန်းရန်က ပက်လက်လှန်လှဲလိုက်ပြီး မျက်နှာကျက်ကို ကြည့်သည်။ သူ၏ အကြည့်များက နည်းနည်း မသက်မသာဖြစ်နေပြီး တိုက်ရိုက်ပင် ဖြတ်ပြောသည်။
“ဒါက ငါ့အကျင့်ပဲ ငါက အရာအားလုံးကို ပြီးအောင် လုပ်ပြီးမှ ပြတတ်တယ်”
“အိုး”
44 03
မုရှောင်းနွမ်က ထိုအဖြေကို မကျေနပ်သေးသလို ထင်ရသည်။ သို့သော် ချန်းကောကောက သူမအတွက် ပန်းချီဆွဲပေးကတည်းက သူမအတွက် ခံစားချက်ရှိကြောင်း သေချာသည်။
“တကယ်တော့ ငါ နောက်ထပ်တစ်ပုံ ဆွဲချင်တာ”
မုရှောင်းနွမ်က မေးသည်။
“ချန်းကောကောက ငါ့အတွက် နောက်ထပ် တစ်ပုံ ဆွဲပေးမှာလား။ ဒီတစ်ကြိမ်မှာတော့ ငါ ချန်းကောကောဆွဲတာ ကြည့်မှာနော်”
“ငါ ဒါကို ဆွဲပြီးပြီ။ နောက်ထပ် ဒုတိယတစ်ပုံ မဆွဲတော့ဘူး”
ချန်းရန်၏ အဓိပ္ပာယ်က အလွန်ရှင်းလင်းသည်။ သူမသည် မုရှောင်းနွမ်၏ အိပ်ပျော်နေသော အလှလေးဓာတ်ပုံကို ထိတော့မည် မဟုတ်ပေ။
“တကယ်လို့ မတူညီတဲ့ ပုံစံဆိုရင်ရော”
ထိုကောင်မလေးက ရုတ်တရပ် လှပသော မျက်လုံးများကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး လျှို့ဝှက်ဆန်းကျယ်သော အကြည့်မျိုးပြသည်။
“ဒီတစ်ကြိမ်မှာ ဒီပုံစံက ချန်းကောကော မမြင်ဖူးတဲ့ ပုံစံဖြစ်ရမယ်”
“အိုး”
ချန်းရန်က အံ့ဩသွားသည်။
ဒီကောင်မလေးက ဘာလုပ်မလို့လဲ။
“အနုပညာ ပန်းချီလေ ငါတို့ဘာသာ အနုပညာကို ဖန်တီးရမှာပေါ့”
ထိုကောင်မလေးက စိတ်ထဲတွင် ရေရွတ်နေသည်။ ထိုအပြုအမူက ရူးသွပ်သည်ဟု ထင်ရလောက်သည်။ သို့သော် သူမသည်လည်း မည်သည့်အတွက်ကြောင့် ထိုသို့ ရူးသွပ်သော အကြံမျိုးကို ရလာမှန်း မသိပေ။
ချန်းကောကော ဘယ်လောက်များ အံ့ဩသွားမလဲ။
မုရှောင်းနွမ်ကပင် မျှော်လင့်စောင့်စားနေသည်။
“အာ အခုတော့ ဒီအကြောင်းအရာတွေကို မပြောဘဲ နေရအောင်”
ထိုကောင်မလေးက အရင်စကာ အကြောင်းအရာ ပြောင်းပြီးမေးသည်။
“ငါ ချန်းကောကောနဲ့အတူရှိတာ ကြာပြီဆိုပေမယ့်လည်း ကောင်းကောင်း မသိသေးသလိုပဲ”
“မင်းက ဘာကို သိချင်လို့လဲ”
“ချန်းကောကောမှ ပထမအနမ်းရှိသေးလား”
“ပထမအနမ်းလား”
ချန်းရန်က ရုတ်တရပ် ဒီညနေခင်း ကိစ္စကို မှတ်မိသွားသည်။ ထိုကောင်မလေးက အတင့်ရဲပြီး သူ့ကိုပင် အင်အားသုံးကာ နမ်းခဲ့သေးသည်။
“အခုတော့ မရှိတော့ဘူး”
ချန်းရန်က အမှန်အတိုင်းဖြေသည်။ ထို့နောက် မုရှောင်းနွမ်ကိုလည်း အပြုံးတဝက်မျက်နှာနှင့် ကြည့်သည်။
ဒီကောင်မလေးက မမှတ်မိဘူးလား။
“အာ..မရှိတော့ဘူး မရှိတော့ဘူး”
မုရှောင်းနွမ်က မျှော်လင့်ချက် အပြည့်နှင့် ဖြစ်သည်။ သို့သော် ထို့နောက် တစ်ခဏတွင် အလွန်စိတ်ပျက်သွားရသည်။
စီနီဘာအစ်ကိုချန်းရဲ့ ပထမအနမ်းက မရှိတော့ဘူးတဲ့။
“ဒါနဲ့ စီနီယာအစ်ချန်းရဲ့ ပထမအနမ်းက မရှိတော့ဘူးလား”
မုရှောင်းနွမ်က အလွန်အမင်း စိတ်ဓာတ်ကျသွားသည်။ သူမသည် နံရံထဲပင် ခေါင်းစိုက်ချင်သွားသည်။
အင်း တိုဖူးနံရံလိုမျိုးလေ သိတယ်မလား။
ဟွန့် ဘယ်သူက စီနီယာအစ်ကိုချန်းရဲ့ ပထမအနမ်းကို ယူသွားတာလဲ။
ငါ မုရှောင်းနွမ်က လုံးဝကို လက်သင့်မခံဘူး။
“ကြည့်ရတာ မမှတ်မိဘူးထင်တယ်”
ချန်းရန်၏ မျက်လုံးက လှုပ်ခတ်သွားသည်။ ထိုကောင်မလေး၏ တုန့်ပြန်မှုအရ ဒီညအသောက်များပြီး အားလုံးကို မေ့သွားခြင်းဖြစ်လောက်သည်။
“စီနီယာအစ်ကိုချန်း သူမက ဘယ်သူလဲ”
ထိုကောင်မလေးက အလွန်ဇွဲ လုံ့လရှိသည်။ သူမ၏ ရန်လိုစိတ်အပြည့်နှင့် ထိုလူကိုပင် ရန်ဖြစ်ချင်နေပုံရသည်။
“ဟင် မင်းက ဘာလုပ်ချင်လို့လဲ”
“ဘာမှ မလုပ်ပါဘူး။ ဒီအတိုင်း စီနီယာအစ်ကိုချန်းရဲ့ ပထမအနမ်းပေးရလောက်အောင် ဘယ်လိုလူမျိုးလဲဆိုတာကို သိချင်လို့ပါ”
44 04
မုရှောင်းနွမ်က အံကို ကြိတ်ပြီး ပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ် သိချင်လို့”
နောက်ဆုံးတွင် ထိုကောင်မလေးက အတွေးပေါင်းစုံနှင့်အတူ အိပ်မောကျသွားသည်။ အိပ်မက်ထဲတွင်ပင် အကြိမ်အနည်းငယ်ခန့် နှာခေါင်းရှုံ့နေသေးသည်။
ကြည့်ရတာ ဒီပထမအနမ်းဆိုတာက သူမအတွက် ထိုးနှက်ချက်ကြီးထင်တယ်။
ချန်းရန်က မုရှောင်းနွမ်ကို ကြည့်သည်။ ထို့နောက် ပြုံးလိုက်ပြီး နှစ်ခြိုက်စွာ အိပ်လိုက်သည်။
“တင် ဂုဏ်ယူပါတယ် ပိုင်ရှင်က သက်သာတာဝန်ကို ပြီးမြောက်သွားလို့ ဆုလာဘ်ဖြစ်တဲ့ : ကမ္ဘာအဆင့် ဒီဇိုင်းနာ x1၊ Super farm ဒီဇိုင်းရေးဆွဲပုံ x1 ကို ရရှိပါတယ်”
“တင် ပိုင်ရှင်ကို သတိပေးပါတယ်။ ကမ္ဘာအဆင့် ဒီဇိုင်းနာ စွမ်းရည်ကို ထည့်သွင်းနေပါပြီ”
“တင် ပိုင်ရှင်ကို ဂုဏ်ယူပါတယ် [ကမ္ဘာအဆင့် ဒီဇိုင်းနာ ဖြစ်သွားပါပြီ]
******