← Chapters

အခန်း ၃

Vol. 1 Ch. 3

အခန်း ၃

Vol. 1 Ch. 3

3 01

အပိုင်း (၃) ငါ့ရဲ့ ဇနီးက မချိုဘူးလား

ဝေ့ရှင်းပေါ်မှာ လက်ထပ်မှတ်ပုံတင်စာအုပ်ကို တင်လိုက်တယ်။

မုရှောင်းနွမ်၏ ဝေ့ရှင်း moment က အမှန်တကယ်ပင် ရူးသွပ်နေပြီ ဖြစ်သည်။ ချန်းရန်၏ ဖုန်းကပင် ထပ်ခါတလဲလဲ မြည်နေသည်။

“ဆိုတော့ မင်းဘာလုပ်ချင်လဲ”

ချန်းရန်နှင့် မုရှောင်းနွမ်တို့က မျက်နှာချင်းဆိုင်ထိုင်ပြီးနောက် ဖုန်းများကိုသာ ပိတ်ထားရင်း ထိုင်ကြည့်နေလိုက်ရသည်။

“ဒါက …”

မုရှောင်းနွမ်က အံကြိတ်သည်။ ရုတ်တရပ် ခေါင်းကို သတိအပြည့်နှင့် မော့လိုက်ကာ ပြောသည်။

“ချန်းကော ငါ့ကို အရင်ဦးဆုံး မကွာရှင်းသေးဖို့ ပြောလို့ရမလား”

“မင်းရဲ့ တကယ့်ယောက်ျားဖြစ်ပေးရမှာလား”

ချန်းရန်သည်လည်း ထိုစကားကို ကြားပြီး နည်းနည်း ထူးဆန်းသလို ခံစားရသည်။ သူမ၏စကားလုံးများကြောင့် ပို၍သာ အံ့ဩသွားရသည်။

“အာ မဟုတ်ဘူး မဟုတ်ဘူး။ အဲဒီလို မဟုတ်ဘူးနားလည်မှု မလွဲပါနဲ့”

မုရှောင်းနွမ်က ခပ်မြန်မြန် ရှင်းပြသည်။

“ငါဆိုလိုတာကလေ ငါနင့်ကို ငါ့ရဲ့ ယောက်ျားအဖြစ် ယာယီ နေခိုင်းလို့ မရဘူးလားလို့လား”

“ချန်းကော နင်လည်း သိတာပဲ။ ငါက အခု တိုက်ရိုက်ထုတ်လွှင့်သူအဖြစ် လုပ်ဖို့ ကြိုးစားနေတာလေ။ ဒါပေမဲ့ ငါ့ရဲ့မိသားစုက ခွင့်ပြုဘူး။ သူတို့က ငါ့ကို အတင်း ဘလိုင်းဒိတ် သွားတွေ့ခိုင်းနေပြီး လက်ထပ်ခိုင်းတော့မှ ဒါမှ ငါ့ရဲ့ ဘဝကို ဝင်မစွက်ဖက်တော့မှာတဲ့”

“အဲဒီလိုလား”

ချန်းရန်ကလည်း တွေးတောကြည့်လိုက်ပြီး နည်းနည်းပင် မျက်နှာပူလာသည်။

“ချန်းကော မစိုးရိမ်နဲ့။ ဒီကာလအတောအတွင်းမှာ ငါတို့ စာချုပ်ကို လက်မှတ်ထိုးထားလို့ရတယ်။ ငါ ချန်းကောကို လတိုင်းလိုလို ယွမ်တစ်သောင်း ပေးမယ်လေနော် ဟုတ်ပြီလား”

မုရှောင်းနွမ်က ခပ်မြန်မြန်ပြောသည်။

“ယွမ်တစ်သောင်းလား”

ချန်းရန်က မျက်ခုံးပင့်သည်။

“တစ်သောင်းခွဲဆိုရင်ရော”

မုရှောင်းနွမ်ကလည်း ချန်းရန်အတွက် နည်းလွန်းသည်ဟု ထင်နေသည်ဟု သိလိုက်သည်။ သူမက နည်းနည်း နာကျင်သွားသည်။

“ချန်းကော ငါ တောင်းပန်ပါတယ်။ ဒါက မလောက်လောက်ဘူးဆိုတာကိုလည်း ငါသိပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီး မပေးနိုင်တော့ဘူး”

မည်သို့ပင်ဆိုစေ သူမက လူသစ်ဖြစ်သည်။ သူမ၏ အုတ်မြစ်ကလည်း ထိုတိုက်ရိုက်ထုတ်လွှင့်သူ အကြီးကြီးများလောက် မကောင်းပါချေ။ တိုက်ရိုက်ထုတ်လွှင့်မှု၏ သက်ရောက်မှုကလည်း အခုတလော သိပ်မကောင်းသေးပေ။

“ငါက အဲဒါကို ဆိုလိုချင်တာ မဟုတ်ဘူး”

ချန်းရန်က လက်ကို ယမ်းပြရင်းပြောသည်။

“တကယ်တော့ စာချုပ်လည်း လက်မှတ်ထိုးဖို့ မလိုဘူး။ ငါမင်းရဲ့ ပိုက်ဆံကိုလည်း မလိုဘူး”

မုရှောင်းနွမ်က သူမ၏ချစ်စရာကောင်းသော မျက်နှာသေးသေးလေးကို မော့ပြီး စိတ်ရှုပ်ထွေးသော အမူအရာမျိုးလုပ်ပြသည်။

“ဘာကို ဆိုလိုတာလဲ ချန်းကောက ငါ့ရဲ့ ပိုက်ဆံကို အထင်သေးတာလား”

“ငါ ဒီတိုင်းသိချင်တာက မင်းက ငါ့ကို မင်းရဲ့ ယောက်ျားအဖြစ် ဘယ်လောက် ကြာကြာ သရုပ်ဆောင်စေချင်လဲဆိုတာပဲ”

3 02

“ဒါက အရေးကြီးလို့လား”

“ငါ့အတွက် အရေးကြီးတယ်”

ချန်းရန်က အလေးအနက် ထားပြီး ပြောသည်။

“ငါ့အနေနဲ့ ကောင်မလေး ရှာဖို့ ကြန့်ကြာသွားတော့မှာလေ”

မုရှောင်းနွမ် “…”

လက်စသတ်တော့ ချန်းကောက ငါ့ရဲ့ ပိုက်ဆံကို အထင်သေးတာ မဟုတ်ဘဲနဲ့ ငါ ဆိုတဲ့ လူကိုယ်တိုင်ကို အထင်သေးနေတာပဲ။

ဇနီးက မကောင်းလို့လား။ ဟင် နောက်ပြီး ရည်းစားတောင်ရှာအုံးမယ်။

“ဒါဆိုရင် သုံးလဆိုရင်ရော”

မုရှောင်းနွမ်ကလည်း ချန်းရန်၏စကားကြောင့် နည်းနည်း ဒေါသထွက်သွားသည်။ ထို့နောက် ဆူပုတ်ကာ ပြောသည်။

“သုံးလပြီးတဲ့နောက်မှာ သူတို့ ပြည်ပသွားတော့မှာဆိုတော့ အဆင်ပြေလောက်ပါတယ်”

“ကောင်းပြီလေ”

ချန်းရန်က ခေါင်းညိတ်သည်။ သုံးလကလည်း သိပ်မကြာရှည်ပါပေ။ ထို့ကြောင့် လက်ခံ၍ ရသည်။

“မင်းရဲ့ နောက်ထပ် အကြံအစည်က ဘာလဲ”

ချန်းရန်က မေးလိုက်သည်။

မုရှောင်းနွမ်က တစ်ခဏခန့် မှင်သက်သွားသည်။ ထိုမျှကိစ္စအကြီးကြီး ဖြစ်သွားပြီးနောက် သူမသည် အိမ်မပြန်ရဲတော့ပေ။

“ငါ…ငါ မသိဘူး”

မုရှောင်းနွမ်က စိတ်အခြေအနေ ထူးခြားသွားပြီးနောက် စိတ်ပျက်လက်ပျက်မေးသည်။

“ချန်းကောကရော ဘယ်လိုလုပ်မှာလဲ”

“ငါက ငါ့ရဲ့‌မွေးရပ်မြေကို ပြန်ရမယ်”

“အိုး…”

မုရှောင်းနွမ်က ခေါင်းငိုက်စိုက် ကျသွားသည်။

“အင်း ကိစ္စမရှိတော့ဘူးဆိုရင် သွားရအောင်”

ချန်းရန်က check out လုပ်ပြီးသည်နှင့် ထွက်ရန် ကြံစည်သည်။ သူက နှစ်လှမ်းသာ လှမ်းရသေးသည်။ ရုတ်တရပ် အနောက်မှ ကောင်မလေးက ခေါင်းငိုက်စိုက်ချ၍ အနီးကပ်လိုက်လာကြောင်းမြင်ရသည်။

ချန်းရန်က ရပ်တန့်သွားသည်နှင့် သူမကလည်း ရပ်သည်။

“မင်း ဘာလို့ ငါနဲ့ မလိုက်ခဲ့တာလဲ”

ချန်းရန်က ရုတ်တရပ် ပြောသည်။

“တကယ်တော့ ငါ့ရဲ့ မွေးရပ်မြေမှာဘယ်သူမှ မရှိဘူး။ မင်းလိုက်လို့ရတယ်”

“တကယ်လား ကောင်းတာပေါ့”

ထိုကောင်မလေးသည် ချက်ချင်းဆိုသလို စိတ်အခြေအနေ ကောင်းသွားပြန်သည်။ လှပပြီး ချစ်စရာကောင်းသော ပါးချိုင့်လေးနှစ်ဖက်ကလည်း နှုတ်ခမ်းထောင့် တစ်ဖက်တစ်ချပ်စီတွင် အသင့်နေရာယူလာသည်။ သူမ၏မျက်လုံးကပင် လခြမ်းကွေးကဲ့သို့ ကွေးသွားသည်။

“စီနီယာ အစ်ကိုချန်း ကျေးဇူးအများကြီးတင်ပါတယ်”

3 03

သူတို့နှစ်ယောက်က သိုသိပ်သော ပုံစံမျိုးဖြင့် ကျောင်းသို့ ပြန်သွားပြီး ခရီးဆောင်အိတ်များကို သယ်သည်။ ချန်းရန်ကလည်း သူ၏ Ferrarry ကို မောင်းလာပြီး မုရှောင်းနွမ်ကို ကားထဲသို့ တင်ခေါ်ကာ ခပ်မြန်မြန် ထွက်သွားသည်။

“ချန်းကော ချန်းကောက အရမ်းချောတာပဲ”

ကားထဲသို့ဝင်ကစ မုရှောင်းနွမ်က တက်ကြွပြီး သူမ၏ နဂိုကချစ်စရာကောင်းသော ပုံစံလေးအတိုင်း ပြန်ဖြစ်သွားသည်။ ထိုမျှချောသောချန်းရန်က ထိုမျှ အလားတူချောသော ကားကို မောင်းနေကြောင်း မြင်သောအခါ ရိုးသားစွာ ပြောသည်။

“မင်း ငါ့ကို ပြောဖို့လိုလို့လား”

ချန်းရန်က သူမကို တစ်ချက်ကြည့်ပြီး ပျင်းတိပျင်းရွဲ့ပြောသည်။

“ကျွတ်”

မုရှောင်းနွမ်က ဆိုးသွမ်းသလို ရှာထုတ်ပြပြီးနောက် သိချင်စိတ် ပြင်းပြစွာမေးသည်။

“ချန်းကော ချန်းကောရဲ့ မွေးရပ်မြေက ဘယ်မှာလဲ”

“ဝမ်ချန်း”

“ဒါဆိုရင် မွေးရပ်မြေကို ပြန်ပြီး ဘာလုပ်မှာလဲ”

“မိသားစုပိုင်ဆိုင်ကို ဆက်ခံဖို့”

“ဘုရားရေ”

ထိုအခြေအနေက သူမ၏ သိချင်စိတ်ကို ထိုးဆွလိုက်သည်မှာ ကြောင်သေးသေးလေးက လက်သည်းဖြင့် လာကုတ်နေသည်ဟုပင် ခံစားရစေသည်။

“ချန်းကော ချန်းကောရဲ့မိသားစုက အရမ်းချမ်းသာတာလား။ မိုင်းတွင်းရှိတဲ့ အမျိုးအစားလေ”

သူမ၏ နှလုံးသားထဲတွင်မူ ချန်းကောက အလွန်ထူးချွန်သည်။ ထို့နောက် သူ၏ မိသားစုက သေချာပေါက်ကို ပထမတန်းစားဖြစ်ရပေမည်။

“ဒီအတိုင်း လယ်ဧက နည်းနည်းလောက်ရှိတဲ့ ရွာဘက်က အိမ်လေးပါပဲ”

ချန်းရန်က ထိုသို့ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးသာပြောသည်။ ပြောရမည်ဆိုလျှင် ဒါဟာ စနစ်မှ ဆုဖြစ်သည်။ သူသည်လည်း သိချင်သည် ထို့ကြောင့် သွားကြည့်ရပေမည်။

“ချန်းကော ငါ့ကို မလိမ်ပါဘူးနော်”

မုရှောင်းနွမ်က သိသိသာသာကိုပင် လက်မခံလိုသေးပေ။

“လိုတယ်လို့ ထင်လို့လား”

“ဘုရားရေ”

မုရှောင်းနွမ်က ရုတ်တရပ် စိတ်လှုပ်ရှားသွားသည်။

“ဒါဆိုရင်ကောင်းတာပေါ့။ ငါ အဲဒီအချိန်ကျရင် ကျေးရွာမှာ နေထိုင်တဲ့ outdoor တိုက်ရိုက်ထုတ်လွှင့်မှု လုပ်လို့ရတာပဲ ဟုတ်တယ်မလား”

“ဘာလို့ အဲ့ဒီလိုတွေးတာလဲ”

အင်း ချန်းကောက အထိမခံနိုင်တဲ့ နေရာကို တို့လိုက်ပြီ။

မုရှောင်းနွမ်က ကိုးရိုးကားရားဖြစ်သလို ပြောသည်။

“ငါက ဒီအသိုင်းအဝိုင်းထဲကို စဝင်ကာစလေ အသစ်ချပ်ချွတ်လေးပဲရှိသေးတာ။ ဘယ်လို အကြောင်းအရာကို တိုက်ရိုက်ထုတ်လွှင့်ရမလဲဆိုတာကိုတောင် မရွေးချယ်ရသေးဘူး”

ထိုအချိန်တွင်မူ မုရှောင်းနွမ်က နည်းနည်းပူပန်သွားပြန်သည်။

“ချန်းကော ချန်းကောရဲ့ မွေးရပ်မြေမှာ ပျော်စရာတွေများရှိလား။ လယ်တောအိမ်မျိုးရှိလား။ ရေကန်ရှိလား။ နောက်ပြီး အခြား ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာမျိုးရောရှိလား”

Outdoor တိုက်ရိုက်ထုတ်လွှင့်မှုမျိုးက ကြည့်စရာ တစ်ခုခုတော့ ရှိရပေမည်။ သို့မဟုတ်ပါက သက်ရောက်မှုက အလွန်ဆိုးရွားပေလိမ့်မည်။

3 04

“ဘာမှ မရှိဘူး”

“ဘာ”

မုရှောင်းနွမ်က ကြောင်တောင်တောင် ဖြစ်သွားသည်။

“ဘာမှ မရှိဘူးလား။ ဒါဆိုရင် ဘာကို ထုတ်လွှင့်ရမှာလဲ”

“ဘာရှိလဲ”

“မင်းကို မပြောထားဘူးလား။ ဒီအတိုင်း အိမ်သေးသေးလေးနဲ့ လယ်ကွင်းနည်းနည်းလို့”

“အာ….”

မုရှောင်းနွမ်သည် ထိုစကားကို ကြားပြီး လုံးဝစိတ်ပျက်သွားသည်။ အဆင့်အတန်းမြင့်သော ဇိမ်ခံအိမ်ကြီးကို တိုက်ရိုက်ထုတ်လွှင့်ရမည် ဆိုလျှင်ပင် ကြီးမားသော အခွင့်ကောင်းဖြစ်လောက်သည်။ သို့သော် ကျေးရွာဖက်မှ တဲအိမ်အတွက်ကမူ ကြည့်ရှုသူများ၏ အာရုံကို မဆွဲဆောင်နိုင်လောက်ပေ။

“ကောင်းပြီလေ မျှော်လင့်ချက် မရှိတော့ဘူးပေါ့”

မုရှောင်းနွမ်က နည်းနည်း စိတ်ပျက်သွားသည်။ ထိုင်ခုံအနောက်ဖက်သို့ မှီသွားပြီး သီချင်းကိုသာ နားထောင်နေတော့သည်။

“အဆင့်အတန်းမြင့်အိမ်ကို တိုက်ရိုက်ထုတ်လွှင့်တယ် ဟုတ်လား”

ချန်းရန်က တိတ်တဆိတ်တွေးပြီး ပြုံးသည်။

စနစ်၏ဆုလာဘ်က အံ့ဩဖွယ်အဆင့် ကျေးရွာစံအိမ်တော်ကြီးဖြစ်သည်။ ဒီအတိုင်း အိမ်ယာမှ ခြံဝန်းကျယ်နှင့် အိမ်မျိုး မဟုတ်ပေ။ ထို့အပြင် ရဲတိုက်မျိုးနှင့်လည်း မတူညီနိုင်ပြန်ပေ။

“ဒါပေမဲ့ အံ့ဩဖွယ်အဆင့် သက်မှတ်ခံရဖို့အတွက် အဲဒီအိမ်က ဘယ်လို အနေအထားမျိုး ရှိနေလောက်မှာလဲ”

ချန်းရန်က အတော်လေးကို စိတ်လှုပ်ရှားနေသည်။ သူသည်ပင် ကားကို အရှိန်နှုန်းမြင့်ကာ မောင်းလိုက်သည်။ စနစ်က ပေးထားသော လိပ်စာအရ သူသည် ထိုနေရာသို့ ခပ်မြန်မြန် ရောက်သွားသည်။

ငါးနာရီခန့်ကြာပြီးနောက်…

မြို့၏ စည်ကားသက်ဝင်မှုများနှင့် ဝေးကွာလာပြီးနောက်ဆုံးတွင် ချန်းရန်၏ ကားက တိတ်ဆိတ်သော မြို့နယ်ထံသို့ မောင်းထွက်သွားသည်။

ထောင်ယွမ်မြို့မြေ။

စနစ်က ပေးထားသော စံအိမ်တော်ကြီးနှင့် မြေများအားလုံးကလည်း ထောင်ယွမ်မြို့နယ် လက်အောက်ခံ ထောင်ယွမ်ရွာတွင် တည်ရှိသည်။ လမ်းက ကျဉ်းပြီး ဆိုးရွားသည်။ ကားမောင်းရန်လည်း မလွယ်ကူလောက်ပေ။ ထို့ကြောင့် လမ်းဆင်းလျှောက်ရန် လိုအပ်လာသည်။

“ချန်းကော မရောက်သေးဘူးလား”

မုရှောင်းနွမ်က ပြတင်းပေါက် အပြင်ဘက်သို့ သိချင်စိတ်ပြင်းပြစွာ ကြည့်လိုက်ပြီးနောက် တိတ်ဆိတ်သော မြို့ငယ်ကို မြင်ကာ တအံ့တဩဖြစ်သွားသည်။

ဒါက တကယ်ပဲ ကျေးရွာဖက်လား။

ဘာလို့ ဘယ်သူမှ မရှိတော့ဘူးလို့ ခံစားမိနေတာလဲ။

ဆိုင်တံခါးတွေတောင် ပိတ်ထားတာ။

လူအနည်းစုတောင် မရှိဘူးဆိုရင် ဘာကို တိုက်ရိုက်ထုတ်လွှင့်ရမှာလဲ။

“ဒါက ထောင်ယွမ်မြို့လေ။ ငါတို့ရဲ့ထောင်ယွမ်ကျေးရွာကို ရောက်ဖို့ အများကြီး သွားရအုံးမယ်။ ငါတို့ အဲဒီကို လမ်းလျှောက်သွားရမှာ”

ချန်းရန်က လက်ဆွဲအိတ်များကို ဆွဲချပြီးပြောသည်။

“သွားရအောင် နောက်ကျနေပြီ ငါတို့ မြန်မြန်သွားရမယ်”

“အာ…ဒါက ထောင်ယွမ်ရွာ မဟုတ်ဘူးလား”

မုရှောင်းနွမ်သည်လည်း သူမ၏ ကျေးရွာဖက်တွင် outdoor တိုက်ရိုက်ထုတ်လွှင့်မည် ဆိုသော အကြံအစည်က သေချာပေါက်ကို ကျရှုံးတော့မည်ဟု ခံစားနေရလေသည်။

******

All Chapters