← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

4 01

အပိုင်း (၄) ဒါကို ရွာဖက်က တဲအိမ်လို့ ခေါ်တာလား

နာရီဝက်ခန့်ကြာပြီးနောက် ..

“ချန်းကော ငါတို့ ဘယ်လောက်ဝေးသေးလဲ”

မုရှောင်းနွမ်က သူမ၏ ခရီးဆောင်အိတ်ကို တရွတ်တိုက်ဆွဲလာရင်း တောင်တက်လမ်းပေါ်သို့ တက်လျှောက်ကာ ရုန်းကန်နေရခြင်းဖြစ်သည်။ သူမ၏ လက်ကိုလည်း ဒူးခေါင်းပေါ် တင်ထားရင်း အမောတကော အသက်ရှူကာ ပြောသည်။

“မဟုတ် မဟုတ်သေးပါဘူး မဟုတ်သေးပါဘူး”

သူမသည် တမင်ဟန်ဆောင်နေခြင်း မဟုတ်ပေ။ အကြောင်းမူကား သူမက ဒေါက်မြင့်ဖိနပ် စီးထားသည်။ တောင်တက်လမ်းပေါ်တွင် လမ်းလျှောက်ရသောအခါ အမှန်ပင် နှိပ်စက်နေသကဲ့သို့ ဖြစ်နေသည်။

“အရှေ့က တောင်ကုန်းသေးသေးလေးကို ကျော်ပြီးရင် ရောက်ပြီ”

ချန်းရန်က အရှေ့မှ တောင်ကို ညွှန်ပြသည်။ မုရှောင်းနွမ်က နည်းနည်း ကြောင်တောင်တောင်ဖြစ်သွားသည်။

သူမက မှင်သက်နေရင်းမှ ထောင့်မြင့်ဖိနပ်မှ ထောက်က ချော်သွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်ကျသည်။

“အူး…နာလိုက်တာ”

မုရှောင်းနွမ်က နာကျင်စွာ အော်သည်။ လေအေးများကို ရှိုက်သွင်းလိုက်ပြီးနောက်တွင် သူမ၏ မျက်လုံးထဲတွင် မြူများက ရုတ်တရပ် ဆိုင်းသွားသည်။ နာလိုက်တာ။

“ခြေထောက် ခေါက်သွားတာလား”

ချန်းရန်က ရပ်တန့်သွားပြီး မုရှောင်းနွမ်၏ ယောင်ကိုင်းနေသော ညာဖက်ခြေထောကို ကြည့်ကာ မျက်မှောင်ကို အသာကြုတ်သည်။

“အင်း”

မုရှောင်းနွမ်က ခေါင်းကို အသာညိတ်သည်။ ချန်းရန်ကို အကူအညီတောင်းသလို ကြည့်လိုက်သည်။ ထိုမျက်နှာအမူအရာက မနက်ခင်းအရွက်စိမ်းများပေါ်တွင် တွဲလဲခိုနေသော နှင်းစက်များကဲ့သို့ သန့်ရှင်းကာ လှပပြီး သနားစဖွယ်လေးဖြစ်နေသည်။

“ငါ ကြည့်လိုက်မယ်”

ချန်းရန်က ဆောင့်ကြောင့်ထိုင်ပြီးနောက် ယောင်ကိုင်းနေသော ခြေမျက်စိကို တစ်ချက် ကြည့်သည်။

“ဘာလုပ်တာလဲ”

မုရှောင်းနွမ်က ကြောက်လန့်သွားသော ယုံတစ်ကောင်ကဲ့သို့ အနောက်ဖက်သို့ သတိထားပြီး ဆုတ်သည်။

ဒီကောင်မလေးက သတိအပြည့်တော့ ရှိသားပဲ။

“မစိုးရိမ်ပါနဲ့ ငါ ဘာကိုမှ ရည်ရွယ်တာ မဟုတ်ဘူး ဒီအတိုင်း ငါမင်းကို ဘေးအိမ်က ကောင်မလေးလိုဘဲ ဆက်ဆံတာ”

ချန်းရန်က တည်ငြိမ်စွာ ပြောသည်။

“ဘေးအိမ်က ကောင်မလေး ငါ့ကို ငယ်ငယ်လေးလို့ ပြောတာလား”

မုရှောင်းနွမ်က ချန်းရန်ကို လက်သင့်မခံသလို ကြည့်ပြီးနောက် ရုတ်တရပ် ရင်ကို ကော့လိုက်သည်။

“ဒါဆိုရင် မင်းက ဘယ်လောက်ကြီးနေ့လို့လဲ”

4 02

ချန်းရန်က ခပ်အေးအေးသာ ပြောလိုက်သည်။

“66C”

ချန်းရန် “မျက်လုံးပြူးသွားသော emoji”

တော်တော်လေးကို ရုတ်တရပ် ဆန်တာပဲ။

နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် ကြည့်နေရင်းနှင့် မြင်ကွင်းက ရုတ်တရပ် ကိုးရိုးကားရား ဖြစ်သွားသည်။

ကလစ်

ချန်းရန်က လက်ကောက်ဝတ်မှ အားကို နည်းနည်း စိုက်ထုတ်လိုက်ပြီးနောက်တွင် ကလစ်ဆိုသော အသံက ထွက်လာသည်။

“အား နာလိုက်တာ”

မုရှောင်းနွမ်က တုန့်ပြန်သည်။ မျက်လုံးထဲမှ မြူများက ရုတ်တရပ် ကွဲထွက်လာသည်။ ချောမွေ့သော နဖူးတွင် ကောင်းမွန်သော ချွေးလုံးကြီးများက သီးလာသည်။

“နည်းနည်း ခေါက်ချင်သွားတဲ့ အရိုးကိုတော့ ပြန်တည့်ပြီးသွားပြီ။ ဒါပေမဲ့ ဘာလို့ ဒီလောက်ထိ နာတာလဲ”

ချန်းရန်က ခြေထောက်ကို ပြန်ချပြီးနောက် သူမ၏ ပြင်းထန်သော တုန့်ပြန်မှုကြောင့် အံ့အားသင့်နေသည်။

“တကယ်တော့ အခု အများကြီး ကောင်းသွားပါပြီ”

မုရှောင်းနွမ်က အသက်ကို ပြင်းပြင်းရှူ၍ ရှင်းပြသည်။

“ဒီအတိုင်း ကော အားသုံးလိုက်တာ တအားများသွားလို့ ငါ မတ်တပ်မရပ်နိုင်လောက်တော့ဘူး”

“အခု အဆင်ပြေတယ်မလား”

ချန်းရန်က လက်မှ ဖုန်များကို ခါရန် လက်ခုပ်တစ်ချက်တီးကာ လက်များကို ခါထုတ်လိုက်ရင် မတ်တပ်ထရပ်သည်။

“လျှောက်ကြည့်ပါအုံး လမ်းလျှောက်နိုင်သးတယ် မဟုတ်လား”

“ချန်းကော ငါ့ရဲ့ ခြေထောက်တွေ ထုံထိုင်းနေတာ”

မုရှောင်းနွမ်က လှပသော မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီးနောက် ထစ်အစွာ ပြောသည်။ ချန်းရန်က လက်ကို ကမ်းပေးပြီး ထူပေးသည်။

သူမက လမ်းလျှောက်လိုက်သည်။ သို့သော် ခြေထောက်ကမူ တော်တော်လေးကို နီရဲကာ ယောင်နေသည်။ ထို့အပြင် အယောင်ကလည်း မကျသေးသောကြောင့် ထော့နဲ့ ထော့နဲ့နှင့် လျှောက်ရလေသည်။

“ချန်းကော ငါ ဘယ်လို လုပ်ရမလဲ”

မုရှောင်းနွမ်က စိုးရိမ်စိတ် များသွားသည်။ နေက ဝင်တော့ပေမည်။ မှောင်သွားလျှင် ဒုက္ခရောက်ပေလိမ့်မည်။

“အင်း ငါမင်းကို အချိန်ရှိနေသေးတုန်း မြို့မှာ တစ်ညအိပ်ဖို့ ပြန်ခေါ်သွားပေးရင်ကော”

ချန်းရန်က သူမကို လှည့်ကြည့်သည်။ ကောင်မလေးက ခက်ခဲကြမ်းတမ်းမှုများကို မခံစားသင့်ပါပေ။ ဒီအတိုင်း သာမာန်မိန်းကလေးတစ်ယောက်သာဆိုရင် ဒီအတိုင်း အထွန့်တက်ပြီး ပြန်သွားပြီးတာ ကြာလောက်ပြီ ဟုတ်တယ်မလား။

ဒါပေမဲ့ ဒီကောင်မလေးကို အထွန့်ကို မတက်ဘူး။

“မသွားဘူး”

မမျှော်လင့်ထားစွာပင် ကောင်မလေးက အလွန်ခေါင်းမာသည်။ နွမ်းနယ်သော မျက်နှာတွင် ခိုင်မာသော အမူအရာကို မြင်နိုင်သည်။

“ရှောင်နွမ် နင်နည်းနည်းလေးပဲ ထိန်းထားစမ်းပါ ငါတို့ ရောက်တော့မှာကို”

4 03

“ဒါပေမဲ့ မင်းက လမ်းလျှောက် နိုင်လို့လား”

ချန်းရန်က ပြန်မေးသည်။ မုရှောင်းနွမ်ကလည်း လေလျော့သော ပူဖောင်းကဲ့သို့ ချက်ချင်း ကြုံ့သွားသည်။

“ဒီလိုဆိုရင် ဘယ်လိုလဲ ချန်းကော ငါ့ကို ကျောပိုးလေ”

ကောင်မလေးက ရုတ်တရပ် အတင့်ရဲစွာ ပြောသည်။

“အိပ်မက် မက်နေတာလား”

ချန်းရန်က သူမကို သယ်ပေးရန် ပျင်းလွန်းနေသည်။ နွေရာသီ ညပိုင်းက အတော်လေး ပူသည်။ ဒါဟာ သက်ရှိ ငရဲဖြစ်ပေလိမ့်မည်။

“ယောက်ျား ဘာပဲဖြစ်ဖြစ် ငါက နင့်ရဲ့ ဇနီးပဲလေ”

မုရှောင်းနွမ်က ထိုစကားကို အလျှင်စလို ထုတ်ပြောလေရာ ချန်းရန်ကို အံ့အားသင့်သွားစေသည်။

“အာ….ငါ ပြောလိုက်တာကို နင်မကြားဘူး”

မုရှောင်းနွမ်ကလည်း ချက်ချင်းဆိုသလို ကိုယ့်မျက်လုံးကိုယ် အုပ်သည်။ သူမ၏ မျက်နှာက ရှက်ရွံ့မှုကြောင့် ရဲသွားသည်။ သူမက ပြန်တွေးကြည့်ပြီးနောက် ထိုမျှ ရှက်ရွံ့စရာကောင်းသော အရာမျိုးကို ထုတ်ပြောမည်ဟုပင် မတွေးနိုင်တော့ပေ။

“တက်လာခဲ့”

မမျှော်လင့်ထားစွာပင် မုရှောင်းနွမ်ကလည်း ချန်းရန်၏အသံကို ကြားလိုက်ပြီး အသိပြန်ဝင်သွားသည်။ ထိုအသံက တစ်လောကလုံးမှ အသာယာဆုံးသော အသံဟုပင် ခံစားလိုက်ရသည်။

“ရေး”

ထိုကောင်မလေးက တော်တော်လေး တက်ကြွသည်။ ချန်းရန်၏ ကျောပေါ်သို့ ချက်ချင်း ခုန်တက်သည်။

ချန်းရန်က မုရှောင်းနွမ်ကို ကျောပေါ်တွင် ပိုးထားသည်။ အမှန်တကယ်အားဖြင့် ထိုကောင်မလေးက သိပ်မလေးပါပေ။ ခန္ဓာကိုယ်လေးက နုနယ်ပြီးသွယ်လျသည်။ ထို့ကြောင့် အလွယ်တကူ သယ်နိုင်သည်။

“ချန်းကော ပင်ပန်းနေပြီလား”

ထိုကောင်မလေးက အနားနားကပ်ကာ ခပ်တိုးတိုး ပြောသေးသည်။ နွေးထွေးသော လေက နားကို လာထိသောအခါ နုနယ်သော နှုတ်ခမ်းလေးကိုပင် တွေးကြည့်မိလိုက်သည်။

“စကားလျော့ပြော မဟုတ်ရင် ငါ အာရုံလွင့်သွားလိမ့်မယ်”

ချန်းရန်က မျက်လုံးလှန်သည်။

ဒီကောင်မလေးက သိပ်မလေးဘူးဆိုပေမည့်လည်း ဒီလိုမျိုး လေပူမှုတ်ထုတ်တာကတော့ သူ့ကို စမ်းသပ်နေတာ ဖြစ်လိမ့်မယ် ဟုတ်တယ်မလား။

ဘယ်ငယ်ရွယ်တဲ့ အမျိုးသားက ဒီလိုစမ်းသပ်မှုကို ခံနိုင်လို့လဲ။

“အိုး”

မုရှောင်းနွမ်ကလည်း ချန်းရန်အပေါ်တွင် ရေဘဝဲတစ်ကောင် ကပ်တွယ်နေသကဲ့သို့ ခြေရောလက်ပါ အကုန်ကပ်ကာ ဖက်ထားသည်။ သာမာန် အခြေအနေမျိုးတွင် တစ်စုံတစ်ယောက်ကသာ ယခုလိုမျိုး ပြုမူလိမ့်မည်ဟု သူမကို လာပြောလျှင် သူမက သေချာပေါက် တုန့်ပြန်လိမ့်မည် မဟုတ်ပေ။ သို့သော် ချန်းရန်၏ စကားလုံးများက သူမကို အလွန် နာခံစေသည်။ အရှေ့မှ တောင်ကုန်းလေးပေါ်သို့ ကုန်းတက်ပြီးသွားသည်နှင့် ချန်းရန်သည် နောက်ဆုံးတွင် ဦးတည်ရာ နေရာသို့‌ရောက်သွားသည်။

“နောက်ဆုံးတော့ ရောက်ပြီ”

ချန်းရန်က စိတ်အေးစွာ သက်ပြင်းချသည်။ မုရှောင်းနွမ်ကိုကျောပေါ်မှ ဆင်းခိုင်းသည်။ ထိုကောင်မလေးသည် တစ်လမ်းလုံး စကားမပြောလာပေ။

ဒါပေမဲ့ မုရှောင်းနွမ်က မတုံ့ပြန်နိုင်တာလား။

မဟုတ်သေးပါဘူး။ ဒီကောင်မလေးရဲ့ တက်တက်ကြွကြွ နေတတ်တဲ့ အကျင့်စရိုက်အတိုင်းဆိုရင် အနည်းဆုံးတော့ နှစ်ကြိမ်လောက်တော့ စကားပြောသင့်တာ။

4 04

“ဟင် အိပ်ပျော်နေတာလား”

ချန်းရန်က သူမကို ချလိုက်သောအခါ နွမ်းနယ်နေသော မျက်နှာလေးနှင့် တစ်လမ်းလုံး အိပ်လာကြောင်း သိလိုက်သည်။ ထိုရေဘဝဲကို အောက်ဖက်သို့ ဆွဲချပြီးမှသာ မုရှောင်းနွမ်က နိုးလာသည်။

“ဟင်”

သူမက နှာခေါင်းကို အသာရှုံ့လိုက်သေးသည်။ မုရှောင်းနွမ်သည် တစ်စုံတစ်ယောက်ကြောင့် နိုးလာပြီးနောက် နည်းနည်း မပျော်မရွှင် ဖြစ်သွားသည်။

“အင်း…ယောက်ျား ညစာစားချိန်ရောက်ပြီလား”

မုရှောင်းနွမ်က မျက်လုံးကို ပွတ်လိုက်ပြီးနောက် အလိုလျောက် ခေါ်လိုက်သည်။ နှုတ်ခမ်းထောင့်ကိုလည်း ပွတ်သည်။

သူမသည် အိပ်မက်ထဲတွင်သာ ရှိနေသေးလောက်သည်။

ဒီကောင်မလေး ဘာတွေ အိပ်မက်မက်နေတာလဲ။

“ညစာစားဖို့ကတော့ မဖြစ်နိုင်သေးဘူး။ ငါတို့ တောင်ထဲမှာ ပိတ်မိနေတာ”

ချန်းရန်က နောက်သည်။

“အာ”

မုရှောင်းနွမ်က ရုတ်တရပ် ထိတ်လန့်သွားပြီးနောက် ချက်ချင်းနိုးသွားသည်။ သူမက ဘေးဘီကို ကြည့်ပြီးနောက် ရုတ်တရပ် စီနီယာအစ်ကို ချန်းရန်က သူမကို လှည့်ဖြားလိုက်ကြောင်း သိလိုက်သည်။

“ဒါက…”

ဘေးဘီကို ကြည့်လိုက်သော အခိုက်အတန့်တွင် မုရှောင်းနွမ်က ရုတ်တရပ် ဆွံအသွားသည်။

သူမ၏ အရှေ့တွင် နေရာတစ်ခုလုံးအပြည့် အရိပ်ရသော အစိမ်းရောင် အတန်းကြီးကို မြင်ရသည်။ သပ်ရပ်စွာ ထိန်းသိမ်းထားသော ကျဉ်းမြောင်းသော လမ်းလေးက အရှေ့ဘက်သို့ ဆန့်ထွက်နေသည်။ ထိုအရှေ့တွင် ခရမ်းရောင် ဝါးတောအုပ်ပင်လယ်လေး ရှိနေသည်။

ခရမ်းရောင် ဝါးတောအုပ်လေး၏အရှေ့ဘက်တွင်လည်း ကျောက်တိုင်တစ်ခုကို မြင်ရသည်။ ထိုနေရာတွင် ထောင်ယွမ်ရွာဟု ရေးသားထားသည်။ ဝါးတောအုပ်က တစ်ဖက်တစ်ချပ်စီတွင် သပ်ရပ်စွာ ပေါက်နေခြင်းဖြစ်ပြီး အလယ်တွင်လည်း ကျောက်စရစ်ခဲလေးများ ခင်းထားသော လမ်းလေးရှိနေသည်။ ခပ်ပုပု ခရမ်းရောင်ဝါးတောအုပ်ကို ဖြတ်သန်းသွားနိုင်သော လမ်းလည်းဖြစ်သည်။

ထို့နောက် အရှေ့ဖက်တွင် ရုတ်တရပ် ခမ်းနားထည်ဝါလွန်းသော စံအိမ်ကြီးက ရုတ်တရပ် ပေါ်လာသည်။ ထိုစံအိမ်က ထည်ဝါသည်။ ထည်ဝါသည်ထက်ပင် ပိုထည်ဝါသေးသည်။ စတုရန်းမီတာ ထောင်ကျော်ကျယ်လေပြီး ပုံစံက အလွန်အမင်းကို ခမ်းနားလွန်းကာ ကျော့ရှင်း၍ အဆင့်အတန်းမြင့်လွန်းသည်။

စံအိမ်၏နေရာအများစုကို အဖိုးတန်သစ်သားဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး သဘာဝသို့ ပြန်လည်ရောက်ရှိသွားသည်မှာ တောအုပ်ထဲမှ နန်းတော်ကြီးကို တွေ့လိုက်ရသော ခံစားချက်မျိုးကိုပင် ရစေသည်။

ခမ်းနားသည်။ ထည်ဝါသည်။ ကျယ်သည်။ လေထုအခြေအနေကလည်း ကောင်းမွန်လွန်းသည်။ ထို့အပြင် သိုသိပ်စွာ တည်ရှိလေပြီး အဆင့်အတန်းလည်း မြင့်ပြန်သည်။

ထိုအခိုက်အတန့်တွင် ယခုလို နေဝင်ရီတရော အခြေအနေမျိုးတွင် ဝင်နေသော နေရောင်မှ ကျန်ရစ်သော အလင်းက ထိုအဝေးရှိ အစိမ်းရောင်ရေများနှင့် အစိမ်းရောင်တောင်တန်းအပေါ် ထင်ဟပ်သွားပြီး ခြံဝန်းကြီးတစ်ခုလုံး၏ ထောင့်တိုင်းကို ဖြာကျနေလေကာ သဘာဝနှင့် အသက်စွမ်းအားများ၏ နွေးထွေးသော အလင်းတန်းများကို ထုတ်လွှတ်ပေးထားသည်။ ထိုအခိုက်အတန့်တွင် အလင်းက မှိတ်တုတ် မှိတ်တုတ်လင်းလာသည်။ စံအိမ်မှ မီးများက သဘာဝကျကျပင် လင်းထိန်လာသည်မှာ လျှို့ဝှက်ဆန်းကျယ်ပြီး အံ့အားသင့်ဖွယ်ကောင်းလွန်းသော နတ်ဘုံသို့ ရောက်ရှိသွားသည်ဟုပင် ခံစားရစေသည်။

အာ…တော်တော်လေးကိုလှတာပဲ။

“စီနီယာအစ်ကို ချန်း စီနီယာက ဒါကို ရွာက တဲအိမ်လို့ ခေါ်တာလား”

မုရှောင်းနွမ်သည်လည်း နီရဲသော နှုတ်ခမ်းကို အသာဟလိုက်ပြီး သူမ၏ အရှေ့မှ တဲအိမ်ဟုခေါ်သော အရာကြီးကို ကြည့်ကာ ဘဝကိုပင် သံသယဝင်သွားသည်။

******

All Chapters