← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

5 01

အပိုင်း (၅) ငါ မထနိုင်ဘူး။

တိတ်ဆိတ်ငြိမ်းချမ်းသော နေဝင်ချိန်အောက်တွင် ပန်းချီကားတစ်ချပ်အလားလှသည့် အဆင့်အတန်းမြင့် စံအိမ်ကြီးက နတ်ဘုံနတ်နန်းမှ အဆောက်အဦးကြီးတစ်ခုကဲ့သို့ပင် လှပကာ အသက်ရှူမှားစေသည်။

“ဒီစံအိမ်က တော်တော်လေးကောင်းသားပဲ”

ချန်းရန်ကပင် ရှားရှားပါးပါး အပြုံးကို ထုတ်ပြသည်။ သူသည် နဂိုကမူ စနစ်က အသုံးမကျလောက်ဟု ထင်ထားသည်။

ဒါပေမဲ့ တကယ်မဆိုးဘူးပဲ။

ဒီစံအိမ်ရဲ့ ပြင်ဆင်ပုံနဲ့ ဒီဇိုင်းကတင် လောကမှ အကောင်းဆုံး ဖြစ်နေပြီ။

“ဝိုး ဒီနေရာကလည်း တော်တော်လှတယ်”

မုရှောင်းနွမ်က သူမ၏ သလင်းထောက်ဖိနပ်ကို စိတ်လှုပ်ရှားစွာ ကောက်ပစ်ထုတ်လိုက်ပြီး စံအိမ်သို့ဦးတည်သော မွှေးပျံ့သည့် သစ်သားတံတားလေးကို လျှင်မြန်စွာ ကျော်ဖြတ်သည်။ သူမ၏ ပုံစံလေးက ရိုမန့်တစ်ဆန်ပြီး ချစ်စရာကောင်းသည်။ အပြစ်ကင်းစင်သော သက်တံ့ငယ်လေးနှင့်တူသည်။

“အို့…”

ရုတ်တရပ် သူမက မတော်တဆ ခြေထောက် ထပ်ခေါက်သွားပြန်သည်။ စိတ်လှုပ်ရှား အများလွန်ပြီး တန်ကြေးကြီးကြီး ပေးဆပ်လိုက်ရသည်။

“အာ…တကယ်ကို သတိမဲ့လိုက်တာ”

ချန်းရန်က သူမကို ကြည့်ပြီး ခေါင်းကို ခါသည်။ ထိုကောင်မလေးသည် အမာရွတ်ပျောက်သွားသည်နှင့် နာကျင်မှုကို မေ့သွားတတ်သည်။

“အကူအညီလိုသေးလား”

“မလိုဘူး မလိုဘူး”

မုရှောင်းနွမ်က ဒီတစ်ကြိမ်တွင် သူမဘာသာ သူမ ပြန်ထသည်။ နာကျင်မှုကြောင့် မျက်ခုံးက ကြုတ်နေသော်လည်း ရူးကြောင်ကြောင် အပြုံးက ရှိနေသေးသည်။

“ချန်းကော ဒီနေရာက အရမ်းလှတာပဲ ချန်းကော ကျေးဇူးတင်ပါတယ် သက်တော်ရာကျော်ရှည်ပါစေ ငါ အနာဂတ်မှာလေ ဒီနေရာမှာ တိုက်ရိုက်ထုတ်လွှင့်လို့ ရတယ်မလား”

“လုပ်ချင်တာလုပ်”

ချန်းရန်က ဂရုစိုက်မနေပေ။

“ယေး”

မုရှောင်းနွမ်က စိတ်မရှည်ဖြစ်သွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပြသရန်အလို့ငှာ ဖုန်းကို လျှောက်ရှာသည်။ သို့ရာတွင် ခြေထောက်မှ နာကျင်မှုက သူမကို ပင့်သက်ရှိုက်စေသည်။

“သွားရအောင်”

5 02

ချန်းရန်ကလည်း ခရီးကြောင့် နည်းနည်း ပင်ပန်းနေသည်။ ပစ္စည်းများကို ချပြီး နားချင်နေလေပြီ။

“ကြုံတဲ့ အခန်းတစ်ခုကိုသာ ရွေးလိုက်”

စံအိမ်က အတော်လေးကြီးသည် အခန်းအများကြီးလည်းရှိသည်။ အမျိုးမျိုးသော ဝန်ဆောင်မှုများ ရေလျှပ်စစ်မီး network ပရိဘောဂစသဖြင့် အားလုံးကို ရနိုင်သည်။

ချန်းရန်က အခန်းတစ်ခန်းကို ရွေးလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ရုတ်တရပ် ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားလွန်းသော ပြတင်းပေါက်ကြီးကို မြင်လိုက်ရသည်။ လိုက်ကာကို ဘေးသို့ ဆွဲဖယ်လိုက်ပြီးနောက်တွင် စံအိမ်၏ အနောက်ဖက်မှ မြင်ကွင်းက ပေါ်လာသည်။

သေးငယ်သော စမ်းချောင်းလေးကို မြင်ရသည်။ စမ်းချောင်း၏ နံဘေးတွင် မြေဩဇာ ကောင်းသော မြေကွက်ပေါင်းများစွာက ရှိနေသည်။ ဒါဟာ စနစ်က ချီးမြင့်ထားသော လယ်ဧက တစ်ထောင် ဖြစ်လောက်သည်။

ထိုထက် ဝေးသော တစ်နေရာတွင်လည်းသာ့ချင် တောင်တန်းကြီး ရှိသည်။ တောင်းတန်းက စိမ်းလန်းစိုပြေနေပြီး အလွန်အမင်းကို ကျယ်ပြောသော လှပသည့် အမြင်ကိုပေးသည်။

“တင် ပိုင်ရှင်ကို ဂုဏ်ယူပါတယ် ပိုင်ရှင်က နောက်ဆုံးတော့ အိမ်အသစ်ကို ရရှိသွားပါပြီ။ အခု တာဝန်အသစ်ကို ထုတ်ပြန်လိုက်ပါပြီ”

“[သက်သာတာဝန်]ကို ထုတ်ပြန်လိုက်ပါပြီ : ကျေးဇူးပြုပြီး အခန်းကို ပတ်ကြည့်လို့ လိုအပ်တာတွေကို ရှာဖွေပါ တွေ့ရှိတာနဲ့ စနစ်ကို အကြောင်းကြားပြီးတာနဲ့ ဒီတာဝန်က ချက်ချင်း ပြီးမြောက်သွားပါလိမ့်မယ်”

“အိုး တာဝန်က ရိုးရှင်းလိုက်တာ”

ချန်းရန်ကလည်း စနစ်၏ တာဝန်ကို နားထောင်ရင်း ဘေးဘီကို လိုက်ကြည့်သည်။ သို့ရာတွင် အခန်းထဲမှ ပစ္စည်းအများစုက ပြည့်စုံနေသည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် ဘာကမှ လွဲမနေကြောင်းသိလိုက်သည်။

“စကားမစပ် စနစ် ဆူးပန်းဆီများ မရှိဘူးလား”

“တင် ပိုင်ရှင်ကို ဖြေပါတယ် မရှိပါဘူး ယူချင်ပါသလား”

“ယူမယ်”

ချန်းရန်က စိတ်ထဲတွင် တိတ်တဆိတ် ပြောလိုက်ရုံဖြင့် သူ၏ အရှေ့ဖက် ကော်ဖီစားပွဲပေါ်တွင် ဆူးပန်းဆီပုလင်းက ပေါ်လာသည်။

“တင် ပိုင်ရှင်ကို ဂုဏ်ယူပါတယ် တာဝန်ပြီးမြောက်သွားပါပြီ”

“တင် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် တာဝန်ပြီးမြောက်တဲ့အနေနဲ့ဆုလာဘ်အဖြစ် : ကမ္ဘာအဆင့် နတ်ဆိုး ပန်းချီဆရာ x1၊ ဟိုက်ပါအဆင့် လက်ရာမြောက်လွန်းသော လက်ရာ [ပန်းချီ - ရှောင်ကျန်း] ကို ရရှိပါတယ်”

တစ်ချိန်တည်းတွင်ပင် စနစ်၏ ဆုကလည်း ရောက်လာသည်။

“တင် ကမ္ဘာအဆင့် နတ်ဆိုး ပန်းချီဆရာ စွမ်းရည်ကို loading လုပ်နေပါပြီ”

“တင် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ပိုင်ရှင် ကမ္ဘာအဆင့် နတ်ဆိုး ပန်းချီဆရာဖြစ်သွးပါပြီ”

ချန်းရန်သည်လည်း သူ၏ စိတ်ထဲတွင် လျှပ်စီးကြောင်းတစ်ခုက ဖြတ်ပြေးသွားသလို ခံစားရပြီး တစ်ခဏခန့် ငေးငိုင်ထွေပြားသွားသည်။ သူဟာ အသိပြန်ဝင်သွားချိန်တွင် သူ၏ လက်ဆစ်များကို အသာရွှေ့ကြည့်သည်။ သူ၏ အရိုး ထဲတွင် ထွင်းထုထားသော ပန်းချီပညာနှင့် ပက်သက်သည့် ဗဟုသုတနှင့် စွမ်းရည်ကို အပြည့်အဝ ရရှိလိုက်လေသည်။

5 03

“မတူတော့ဘူးလို့တောင် ခံစားရတယ်”

ချန်းရန်က လက်ဖဝါးကို မြောက်ကြည့်သည်။ သူ့ကိုသာ စုတ်တံချောင်းလာပေးမည်ဆိုလျှင် သူသည်လည်း ချက်ချင်းပင် လက်ရာမြောက်လွန်းသော ပန်းချီကားတစ်ချပ်ကို ရေးဆွဲနိုင်သည်ဟု ခံစားရသည်။

“[ပန်းချီ - ရှောင်ကျန်း] က ဘာလဲ”

ချန်းရန်၏ မျက်လုံးက အနောက်ဖက်ရှိ နံရံပေါ်သို့ ရောက်သွားသည်။ ထိုနေရာတွင် စနစ်က ဆုချထားသော ပန်းချီကို တစ်ခါတည်း ကပ်ပြီးသား တွေ့ရသည်။

ကောင်မလေးတစ်ယောက်၏ ပန်းချီဖြစ်သည်။ အဝေးမှ နေ၍ ကြည့်သော် အစစ်အမှန်လူနှင့် တူသည် ခြားနားချက်ပင် မရှိဘဲ စစ်မှန်လွန်းသည်။

“ဒီပန်းချီကားချပ်က အရင်က ကျော်ကြားခဲ့တဲ့ လူကြီးမင် လန်ရဲ့ လက်ရာထင်တယ်”

ချန်းရန်သည်လည်း တစ်ချိန်က ထိုလက်ရာကို ကောင်းကင်တမျှ မြင့်မားသော ဈေးဖြစ်သည့် သန်းနှစ်ရာခုနှစ်ဆယ်ဖြင့် ရောင်းချခဲ့ကြောင်း မှတ်မိနေသေးသည်။

ထို့ကြောင့် ဟိုက်ပါ အဆင့် အသက်ဝင်လွန်းသော အနုပညာ လက်ရာမြောက်လေသည်။

“အစစ်ထင်တယ်”

ချန်းရန်က ပန်းချီကားကို ဂရုတစိုက်ကြည့်သည်။ သူ၏ လောကအဆင့် ပန်းချီနတ်ဆိုးဆရာဆိုသော စွမ်းရည်မျိုးဖြင့် တစ်ချက် ကြည့်လိုက်ရုံဖြင့် ဒါဟာ အစစ်ဖြစ်မှန်းသိလိုက်သည်။

မည်သို့မည်ပုံဖြစ်မှန်းမသိ စနစ်ကလည်း သူ့အား ထိုပန်းချီ၏ ပိုင်ရှင်ဖြစ်သွားစေသည်။ နောက်ပြီး ယွမ်သန်း တစ်ရာ့ခုနှစ်ဆယ် တန်တဲ့ လက်ရာမျိုးနော်

ချန်းရန်အတွက် ထိုတန်းကြေးက အရေးကြီးဆုံးမ ဟုတ်ပေ။ အရေးကြီးဆုံးက စုဆောင်းနိုင်သည့် တန်ဖိုးဖြစ်သည်။

“ဒါပေမဲ့ ငါ့ရဲ့ လက်နဲ့သာဆိုရင် ငါလည်းဒီလို လက်ရာမျိုးကို လုပ်နိုင်တယ်လို့ ယုံကြည်တယ်”

ချန်းရန်သည်လည်း သူ့ကိုသာ အချိန်ပေးမည် ဆိုလျှင် သူသည်လည်း ထိုပန်းချီကားထက် မလျော့သည့်လက်ရာမျိုးကို ရေးဆွဲနိုင်သည်ဟု ခံစားရသည်။

“ဒီမှာပဲ အရင်ထားထားလိုက်မယ် နောက်ထပ် အချိန်ရတော့ နောက်တစ်ခုရတော့မှာပဲ ဒီမှာ ပြောင်းချိတ်လိုက်တော့မယ်”

ချန်းရန်သည်လည်း သူဟာ ကမ္ဘာအဆင့် ပန်းချီဆရာဖြစ်နေပြီးပြီ ဆိုကတည်းက သူ၏ ကိုယ်ပိုင်လက်ရာများဖြင့် အိမ်ကို အလှဆင်သင့်သည်ဟု ခံစားရသည်။

“နောက်ထပ် ဘာလုပ်ကြမလဲ”

ချန်းရန်၏ အကြည့်က အနီရောင် ပန်းဆီ ပုလင်းထဲသို့ ရောက်သွားသည်။ ထိုအခိုက်အတန့်တွင်…

မူရှောင်းဝမ်၏ အခန်းထဲတွင်…

“အူး တကယ်နာတာပဲ ရောင်တောင် ရောင်နေပြီ”

ယခုလေးတင် ရေချိုးပြီးကာစ မုရှောင်းနွမ်သည် ညအိပ်ဝတ်စုံကို ဝတ်ရင်း ပိုးသား အိပ်ယာကြီးပေါ်တွင် ထိုင်ကာ ယောင်းကိုင်းနေသော ခြေထောက်ကို ကိုင်ရင်း နဖူးမှ ချွေးစေးများပင် ကျလာသည်။

“အာ…ဘယ်လိုလုပ်ကြမလဲ အာ….ဒီနေ့ ချန်းကောကို ဒုက္ခအများကြီး ပေးမိပြီ ထင်တယ်”

5 04

မုရှောင်းနွမ်ကလည်း ချန်းရန်ကို သွားပြီး မနှောက်ယှက်ရက်ပေ။ သို့သော် နာကျင်မှုက သူမကို ငြီးငြူစေပြီး အိပ်မပျော်နိုင်အောင် ဖြစ်စေသည်။

ဒုန်း ဒုန်း

“ငါပါ တံခါးဖွင့်”

သိပ်မကြာခင်တွင် တံခါးခေါက်သံကို ကြားရသည်။

“ချန်းကောပဲ”

မုရှောင်းနွမ်၏ မျက်လုံးက ချက်ချင်း တောက်ပသွားပြီး ချက်ချင်းဆိုသလိုပင် ထော့နှဲ့ ထော့နှဲ့ ထသည်။

ဘမ်း

သူမကအထမြန်သွားသောကြောင့် ဖြစ်လောက်သည်။ မုရှောင်းနွမ်သည် အိပ်ယာပေါ်မှပင် ကို့ရို့ကားယားဖြစ်သလို လျောကျသွားပြီး ဒူးခေါင်းနှင့် မြေကြီးက နမ်းလိုက်သည်။

ကျွီ…

ချန်းရန်က တံခါးကိုတိုက်ရိုက်ဖွင့်ပြီးနောက် ထိုမြင်ကွင်းနှင့် တိုးသည်။

“ဟင် ဘာလုပ်နေတာလဲ”

ချန်းရန်က မှင်သက်သွားသည်။

ဘာဖြစ်တာလဲ ဒီကောင်မလေးက သူတံခါးဖွင့်လိုက်တာနဲ့သူ့ကို ဒူးထောက် ကြိုဆိုတာလဲ

“အိုး အရှင်မင်းကြီးကို ဂါဝရပြုပါတယ်”

မုရှောင်းနွမ်က ငိုချင်နေသည်။ သို့သော် မျက်ရည်က မထွက်ပေ။ သူမသည် နာလည်း နာနေသည်။ ရှက်လည်း ရှက်နေသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် တုံးအလွန်းသည့် အချက်ကို လက်မခံနိုင်သဖြင့် အပြုံးမျက်နှာနှင့် အားတင်းကာ နှုတ်ဆက်ရသည်။

“ထပါ ထပါ ယဉ်ကျေးနေစရာ မလိုပါဘူး”

ချန်းရန်က သူမကို သံသယအပြည့်နှင့် ကြည့်သည်။ မုရှောင်းနွမ်က မြေပြင်တွင် ဒူးထောက်ထားပြီး မထနိုင်တော့ပေ။

???

“ငါ … မထနိုင်ဘူး”

မုရှောင်းနွမ်သည်လည်း သူမ ဒီနေ့ ပျက်စရာ မျက်နှာ မရှိတော့သလို ခံစားရသည်။ ထို့ကြောင့် ချန်းရန်ကိုသာ သနားစဖွယ် အကြည့်လေးပေးလိုက်သည်။ အဆုံးသတ်တွင် ချန်းရန်ကသာ အိပ်ယာပေါ်သို့ သယ်ပေးရသည်။

“ကောင်းပြီ ကောင်းပြီ အချိန်ယူပြီး ဒါလေးတွေ လိမ်းလိုက်”

ချန်းရန်က သူမအား လက်ထဲမှ ဆူးနှင်းပန်းအဆီကို ပေးလိုက်သည်။

“အစကတော့ ခြေမျက်စိပဲ လိမ်းရမယ်ထင်တယ် အခုတော့ ဒူးခေါင်းပါ လိမ်းရမယ် ထင်တယ်”

“ဝိုး ပစ္စည်းကောင်းပဲ”

5 05

မုရှောင်းနွမ်က ထိုဆူးနှင်းဆီပန်း အဆီပုလင်းလေးကို အံ့အားသင့်မှု အပြည့်နှင့်ကိုင်ယူကြည့်ပြီး ချန်းရန်ကို ရှက်ရွံ့သော မျက်နှာလေးနှင့် ကြည့်သည်။

“ချန်းကော ငါ ဒါကို လိုချင်မှန်း ကောဘယ်လိုသိတာလဲ”

“မင်းလိုချင်တာ ရှိတဲ့အခါ ပြောဖို့ ရှက်မနေနဲ့”

ချန်းရန်ကပြောသည်။

“ဒီအတိုင်း ဆေးလိမ်းပြီးရင် နာတဲ့ နေရာ ကောင်းသွားလိမ့်မယ်”

“အင်းငါသိပါပြီ”

မုရှောင်းနွမ်၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုက ဖြတ်ပြေးသွားပြန်သည်။ သူမသည် မျက်နှာပူလာပြီးနောက် နည်းနည်းပြန်လှဲချလိုက်ကာ မျက်လုံးကို မှိတ်သည်။ ထိုအခိုက်အတန့်တွင် နီရဲယောင်ကိုင်းနေသော နေရာပေါ်သို့ အေးစက်သော အရည်များက ကျလာသည်။ သူမက နည်းနည်းတုန်သွားသည်။

နွေးထွေးသော လက်ဖဝါးတစ်စုံက ယောင်နေသော ခြေမျက်စိနေရာကို ဖိကိုင်လာပြီး နောက်တွင် အေးမြသောအ ထိအတွေ့နှင့်အတူ ညင်သာစွာ နှိပ်နယ်ပေးနေသည်။ သူမက မနေနိုင်ဘဲ အင်းကနဲ ငြီးလိုက်မိသည်။

“ဟာ့ အင်း”

အေးမြသော ဆူးနှင်းပန်းအဆီနှင့် လန်းဆန်းစေသော မွှေးရနံ့မျိုးက နီရဲယောင်ကိုင်းနေသော နေရာပေါ်သို့ ကျသွားသောအခါ သက်တောင့်သက်သာရှိပြီး သာယာသော ခံစားချက်ကို ပေးစွမ်းလေသည်။

မုရှောင်းနွမ်သည် အလိုလျောက်ပင် ဖိနှိပ်ထားသော ငြီးသံမျိုးကို ထုတ်ုလိုက်သည်။

မသိသော သူများဆိုလျှင်သူမသည် တချို့သော တိုင်းပြည်မှ တချို့သော လူကြီးပစ္စည်းများကို သုံးနေသည်ဟု ထင်လောက်သည်။

“ဘယ်လိုခံစားရလဲ”

ချန်းရန်ကမေးသည်။

“နည်းနည်း ပြင်းပေးလို့ရမလား”

မုရှောင်းနွမ်၏ကိုယ်ပေါ်တွင် ချွေးများစိုနေပြီ ဖြစ်သည်။ သူမက အသံကို ဖိကာ ပြောသည်။

“ငါ့ရဲ့ခန္ဓာကိုယ်ကို နာကျင်စေမှာ မကြောက်ပါနဲ့”

+++++

All Chapters